အခန်း (၃၀) ရှဲ့ရှောင်ယို့၊ အရေးကြီးတာ တစ်ခုခု ရှိလို့လား ယွီနျန့် လက်ဖက်ရည်ကို ဖျော်ပြီး ကုန်အောင်သောက်လိုက်ပြီးတဲ့နောက်မှ ရှဲ့ယို့ဆီက ပြန်စာတစ်လုံး ရောက်လာသည်။ [အင်း] ယွီနျန့်ဟာ ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲ ထိုင်ရင်း ခေါင်းအုံးကို မှီထားပြီး ၊ နှုတ်ခမ်းထောင့်လေးတွေ ကွေးညွှတ်ကာ ပြုံးနေမိတာကို သူကိုယ်တိုင်တောင် သတိမထားမိပါဘူး။ စာသားအချို့ကို ရိုက်ပြီး ပို့မလို့ လုပ်နေတုန်းမှာပဲ နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်ဝင်လာပြန်သည်။ [ကြည့်ကောင်းတယ်] အခုတော့ ယွီနျန့်တစ်ယောက် မအောင့်နိုင်တော့ဘဲ အကျယ်ကြီး အော်ရယ်မောမိပါတော့၏။ ဝမ်းဗိုက်သားလေးကို ခပ်ပေါ့ပေါ့လေး ပြန်စမ်းကြည့်မိပြီး ဒီရက်ပိုင်း လေ့ကျင့်ခန်း လုပ်ခဲ့ရတာတွေက အလဟဿ မဖြစ်ခဲ့ဘူးလို့ ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသွားတာပေါ့။ အရင်ပို့မလို့ လုပ်ထားသည့် စာသားတွေကို ဖျက်လိုက်ပြီး ယွီနျန့်က မေးလိုက်သည်။ [ဒီနေ့ရော ပါဆယ်ရောက်လာဦးမှာလား] ဒီတစ်ခါတော့ ပြန်စာက ချက်ချင်းရောက်လာသည်။ [အင်း၊ နှစ်ခုရှိတယ်] ယွီနျန့် ထပ်ပြီး ရယ်မိပြန်သည်။ သူ တကယ်ပဲ အဲဒါကို မျှော်လင့်နေမိတာပါ...
Hsu Chi Ko
Finding joy in simplicity.