Skip to main content

Posts

30

  အခန်း (၃၀)  ရှဲ့ရှောင်ယို့၊ အရေးကြီးတာ တစ်ခုခု ရှိလို့လား ယွီနျန့် လက်ဖက်ရည်ကို ဖျော်ပြီး ကုန်အောင်သောက်လိုက်ပြီးတဲ့နောက်မှ ရှဲ့ယို့ဆီက ပြန်စာတစ်လုံး ရောက်လာသည်။   [အင်း] ယွီနျန့်ဟာ ဆိုဖာပေါ်မှာ ပျင်းရိပျင်းတွဲ ထိုင်ရင်း ခေါင်းအုံးကို မှီထားပြီး ၊  နှုတ်ခမ်းထောင့်လေးတွေ ကွေးညွှတ်ကာ ပြုံးနေမိတာကို သူကိုယ်တိုင်တောင် သတိမထားမိပါဘူး။ စာသားအချို့ကို ရိုက်ပြီး ပို့မလို့ လုပ်နေတုန်းမှာပဲ နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်ဝင်လာပြန်သည်။   [ကြည့်ကောင်းတယ်] အခုတော့ ယွီနျန့်တစ်ယောက် မအောင့်နိုင်တော့ဘဲ အကျယ်ကြီး အော်ရယ်မောမိပါတော့၏။ ဝမ်းဗိုက်သားလေးကို ခပ်ပေါ့ပေါ့လေး ပြန်စမ်းကြည့်မိပြီး ဒီရက်ပိုင်း လေ့ကျင့်ခန်း လုပ်ခဲ့ရတာတွေက အလဟဿ မဖြစ်ခဲ့ဘူးလို့ ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသွားတာပေါ့။ အရင်ပို့မလို့ လုပ်ထားသည့် စာသားတွေကို ဖျက်လိုက်ပြီး ယွီနျန့်က မေးလိုက်သည်။   [ဒီနေ့ရော ပါဆယ်ရောက်လာဦးမှာလား] ဒီတစ်ခါတော့ ပြန်စာက ချက်ချင်းရောက်လာသည်။ [အင်း၊ နှစ်ခုရှိတယ်] ယွီနျန့် ထပ်ပြီး ရယ်မိပြန်သည်။ သူ တကယ်ပဲ အဲဒါကို မျှော်လင့်နေမိတာပါ...

29

အခန်း (၂၉) ဘာတွေ ကြည့်နေတာလဲ ရိုက်ကူးရေး ပြီးသွားချိန်မှာတော့ ဟဲချိုးပိုင်ကလည်း အောင်ပွဲခံဖို့အတွက် အတူတူ ညစာစားကြဖို့ အဆိုပြုလာသည်။ ယွီနျန့်နဲ့ တခြားသူတွေကတော့ ကိုယ်ပိုင်ကားတွေနဲ့ မသွားတော့ဘဲ အဖွဲ့လိုက် ကားတန်းကြီးနဲ့ပဲ သတ်မှတ်ထားတဲ့နေရာကို အတူတူ ထွက်လာခဲ့ကြသည်။ ရှမင်းရှီးက ယွီနျန့်ရဲ့ကားပေါ်ကို ခုန်တက်လာပြီး နောက်ခန်းမှာ ထိုင်ရင်း ဖုန်းပြောနေသည်။ "မေမေ... သိပါပြီ၊ သိပါပြီဆို။ ကျွန်တော် အများကြီး မသောက်ပါဘူး၊ ကယ်လိုရီများတာတွေ၊ အဆီများတာတွေလည်း မစားပါဘူး... ပြီးတော့ ကျွန်တော့်ကိုပေါင်းပေါင်း လို့ ခေါ်တာ ရပ်လို့မရဘူးလား။ ကျွန်တော် အသက် ၂၀ ကျော်နေပြီလေ..." ဖုန်းချလိုက်ပြီးသည့်နောက် ရှမင်းရှီးက စိုးရိမ်တကြီးနဲ့ သူ့ဆံပင်တွေကို ထိုးဖွနေမိသည်။ "အား... ငါ့အဖေက ပြောတယ်။ ဒီအပိုင်းသာ ထုတ်လွှင့်ရင် ငါဆုရတာကို ဂုဏ်ပြုဖို့ Weibo မှာ Post တင်မယ်တဲ့! ငါက တတိယပဲ ရတာလေ။ ဘာတွေ ဂုဏ်ပြုစရာ ရှိလို့လဲ အဲဒါကိုမှ သူက Weibo တင်ဦးမယ်တဲ့! ငါ့အမေကပါ ထပ်ပြီး Forward လုပ်လိုက်ရင်တော့ အဲဒီ ဦးလေးတွေ၊ အဒေါ်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကလည်း…" သူက ထိုင်ခုံကို မှီချလိုက်ရင်း ကြောင်အမ်းအမ်းနဲ့ ပြောရှာ...