Skip to main content

11




အခန်း (၁၁) ငါ့ကိုယုံကြည်ပါ၊ ငါမှန်တယ်

ယွီနျန့်သည် အမြဲတမ်း မိမိကိုယ်ကိုယ် စည်းကမ်းရှိသူတစ်ဦး ဖြစ်သည် ။ သူသည် နောက်တစ်နေ့တွင် ကုမ္ပဏီသို့ အချိန်မှန်ရောက်ရှိလာခဲ့သော်လည်း မုန့်ယွမ် နေမကောင်းဖြစ်နေကြောင်း ရှီးရိုထံမှ သိလိုက်ရသည်။ လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ဖျော်ရည်ခွက်ကို ကိုင်ထားရင်း ယွီနျန့် မျက်မှောင်ကြုတ်ကာ ပြန်စဉ်းစားမိသည်။

"အစ်ကိုမုန့် ဘာဖြစ်တာလဲ။ မနေ့ညက ရှိုးရိုက်ကူးတုန်းက သူ အဆင်ပြေနေတာ မဟုတ်လား"

ရှီးရိုက သေချာဂရုစိုက်ကာ ပြောပြသည်။

"အစ်ကိုမုန့်က မနေ့ညက ကျွန်မတို့နဲ့အတူ သီချင်းသွားမဆိုဘဲ ဒါရိုက်တာဟဲနဲ့အတူ အပြင်မှာ အသားကင်သွားစားတာလေ။ ဘာဖြစ်သွားလဲတော့ မသိဘူး။ ဒါရိုက်တာဟဲကတော့ ဒီနေ့ အကောင်းကြီးပဲ။ ဒါပေမဲ့ အစ်ကိုမုန့်ကတော့ အန်တာရော ဝမ်းလျှောတာရောအပြင် ဖျားပါဖျားနေတာ"

ယွီနျန့်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့်…

"အစ်ကိုမုန့်က အရင်တုန်းက ကျန်းမာရေးကို ဂရုစိုက်ပြီး ထိပ်ပြောင်တာကို ကာကွယ်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား။ သူက စောစောအိပ်ပြီး ညစာတွေကို ဖြတ်ချင်တယ်လို့ ပြောခဲ့တာလေ။ အစ်ကိုမုန့်ရဲ့ အိမ်မှာ သူ့ကို ပြုစုပေးမယ့်သူရော ရှိရဲ့လား" ဟု မေးလိုက်သည် ။

"ရှိမှာမဟုတ်ဘူး" ရှီးရို၏ အသံမှာ အနည်းငယ် တိုးသွားသည်။

"အစ်ကိုမုန့်က မူလက အိမ်ထောင်မပြုချင်တဲ့သူလေ။ ဒါပေမဲ့ နောက်တော့ သူက သူ့ရဲ့ အချစ်စစ်နဲ့တွေ့ပြီး ဆယ့်ငါးရက်အတွင်းမှာတင် လက်ထပ်လိုက်တာ။ အဲဒီတုန်းက လူတော်တော်များများ အံ့ဩသွားကြတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က အဆင်မပြေကြတာနဲ့ ကွာရှင်းလိုက်ကြတယ်"

"ကောင်းပြီလေ" ယွီနျန့်က လက်ထဲက ဖျော်ရည်ခွက်ကို ဘာမှမဆိုင်းမတွဘဲ ချလိုက်သည်။

"ကျွန်တော် ညနေပိုင်းမှာ ဆရာမ ကျောက်ရှီးဆီကနေ ခွင့်တောင်းပြီး အစ်ကိုမုန့်ဆီ သွားကြည့်မလို့ အစ်မရော လိုက်ခဲ့မလား"

ရှီးရိုက ခေါင်းငြိမ့်ပြသည်။

"ဒါဆို ကျွန်မ ဝယ်စရာရှိတာလေးတွေ သွားဝယ်လိုက်ဦးမယ်"

မုန့်ယွမ်သည် ရှင်းယောင်နှင့် အလွန်နီးကပ်သော နေရာတွင် နေထိုင်သည်။

ယွီနျန့်နှင့် ရှီးရိုတို့ ရောက်ရှိလာသောအခါ မုန့်ယွမ်သည် စိတ်မကြည်မလင်ဖြင့် တံခါးကို မှီရပ်နေသည် ။ သူတို့ကို မြင်သောအခါ သူက…

"စီးဖို့ ဖိနပ်ရှာစီးကြ ရေကိုလည်း ကိုယ့်ဘာသာကိုယ် ငှဲ့သောက်ကြတော့။ မင်းတို့ရဲ့ အဖေမုန့်ကတော့

နတ်ပြည်ကို ကြွတော့မယ်။ ဧည့်ခံဖို့ စိတ်မပါတော့ဘူး" ဟု ဆိုသည် ။

ယွီနျန့်က ပထမဦးစွာ ဧည့်သည်သုံး ဖိနပ်တစ်စုံကို ရှာဖွေပြီး ရှီးရိုအား ကမ်းပေးလိုက်ကာ သူကိုယ်တိုင်လည်း စီးလိုက်ပြီးနောက် မုန့်ယွမ်ကို သေချာကြည့်ကာ

"ဆေးသောက်ပြီးပြီလား" ဟု မေးလိုက်သည် ။

မုန့်ယွမ်သည် အိပ်ယာဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အားအင်ကုန်ခမ်းနေပုံရသည်။

"သောက်ပြီးပြီ၊ ဆရာဝန်လည်း လာကြည့်သွားတယ်။ တောက်... လောင်ဟဲက ဘာလို့ အဆင်ပြေနေတာလဲ......"

ထို့နောက် သူသည် ယွီနျန့် သယ်လာသည့် အရာများကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။

"ဟေး... မင်း လာချင်ရင် ဒီအတိုင်း လာရုံပေါ့။ ဘာလို့ အများကြီး ဝယ်လာတာလဲ။ မင်း ချက်မလို့လား"

ယွီနျန့်က မီးဖိုချောင်ထဲတွင် နေရာရှာလိုက်ပြီး နှုတ်ခမ်းထောင့်လေးများကို တွန့်ကာ ပြုံးလျက်လှည့်ကြည့်ကာ ပြန်ပြောသည်။

"အစ်ကိုမုန့်... အခုဘာမှလျှောက်စားလို့ မရသေးဘူး။ မဟုတ်ရင် ပိုဆိုးသွားလိမ့်မယ်။ အစ်ကို့အတွက် ဆန်ပြုတ်လေး ချက်ပေးမယ်လေ"

မုန့်ယွမ်မှာ အလွန်ဝမ်းသာသွားပြီး

"ကောင်းပြီလေ၊ အားမနာနဲ့။ အိုးတွေ ခွက်တွေကို စိတ်ကြိုက်သာ သုံး! ဟင်းနှစ်ပွဲလောက် ထပ်လုပ်လိုက်ဦး။ မင်းနဲ့ ရှီးရိုလည်း ဒီမှာပဲ အတူတူစားကြတာပေါ့!" ဟု ပြောလိုက်သည် ။

မုန့်ယွမ်၏ မီးဖိုချောင်မှာ ဆားဘူးတစ်ဘူးတောင် မရှိဘဲ အလွန်သန့်ရှင်းနေ၏။ ယွီနျန့်က သူ ကြိုတင်ပြင်ဆင်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လာလို့သာပဲ။ သူသည် ဟင်းချက်ရာတွင် အလွန်ကျွမ်းကျင်သည်။ တစ်နာရီမပြည့်မီမှာပင် ဟင်းလေးပွဲနှင့် ဟင်းရည်တစ်ပွဲမှာ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့ပြီး မုန့်ယွမ်အတွက် ပြင်ဆင်ထားသော ကြက်သားမျှင်ဆန်ပြုတ်မှာလည်း အငွေ့တထောင်းထောင်း ထွက်နေပါတော့သည် ။

မုန့်ယွမ်သည် ဆန်ပြုတ်နံ့ကို ရရှိသောအခါ အငမ်းမရ ဖြစ်သွားရှာသည်။ သူသည် ခပ်ဖွဖွမှုတ်၍ မြည်းစမ်းကြည့်လိုက်ပြီး မျက်ဝန်းများ တောက်ပသွားကာ

"ဒါ ဘယ်လို နတ်ဘုရားအဆင့် ဟင်းချက်လက်ရာမျိုးလဲ နောက်တစ်ချိန်ကျရင် အနုပညာလောကထဲမှာ အဆင်မပြေဖြစ်ခဲ့ရင်တောင် မင်းက အလုပ်အကိုင်ပြောင်းပြီး စားဖိုမှူး လုပ်လို့ရတာပဲ!" ဟု ချီးကျူးလိုက်တော့သည် ။

သူသည် ကြက်သားမျှင်ဆန်ပြုတ်ကို ဇွန်းဖြင့် မွှေလိုက်ပြီး ခေါင်းခါကာ ငြင်းဆိုလိုက်သည်။

"မဟုတ်သေးပါဘူး၊ မင်းရဲ့ အခုလက်ရှိ အရှိန်အဟုန်အရဆိုရင် အနုပညာလောကမှာ မင်း တကယ်ကို နာမည်ကြီးလာမှာပါ။ ငါပြောပြမယ်၊ မနေ့ညက ငါ ဟဲချိုးပိုင်နဲ့ အသားကင် သွားစားတာလေ..... အိုး၊ အဲဒီအကြောင်း ပြောမိတာနဲ့ ဗိုက်က ပြန်နာလာပြီ!"

မုန့်ယွမ်က ညည်းတွားလိုက်ပြီးနောက် လက်ကို ကတ်ကြေးပုံစံ လုပ်ပြကာ

"ဒုတိယအပိုင်းကို တည်းဖြတ်ပြီးသွားပြီ။ အခြေအနေသာ အဆင်ပြေရင် မင်း နောက်ထပ် Hot Search နှစ်ခုလောက်ကို ထပ်ပြီး သိမ်းပိုက်နိုင်ဦးမှာပဲ!" ။

ရှီးရိုက စပ်စုချင်စိတ်ဖြင့် "အဲဒီအပိုင်းက အဲဒီလောက်တောင် ကောင်းလို့လားဟင်" ဟု မေးလိုက်သည် ။

"ဘာလို့ မကောင်းရမှာလဲ။ ယွီနျန့် သီချင်းဆိုရင်း ငိုနေတဲ့ အနီးကပ်ပုံရိပ်ကို ကြည့်ပြီး ငါ့ရဲ့ နှလုံးသားအိုကြီးတောင် ဆက်မကြည့်ရက်တော့ဘူး! ဒါကိုသာ ထုတ်လွှင့်လိုက်ရင် လူဘယ်လောက်တောင် ငိုကြဦးမလဲ မသိဘူး"

မုန့်ယွမ်က ရယ်မောလျက် ပြောလိုက်သည်။

"ငါ ရွေးချယ်ခဲ့တဲ့သူဆိုတော့လည်း... ဘာပြဿနာမှ မရှိသရွေ့ သူ နာမည်ကြီးလာဖို့ဆိုတာ အချိန်ကိစ္စပဲလေ" ။

သူသည် တစ်ခုခုကို သတိရသွားပြီး ယွီနျန့်၏ မျက်ဝန်းများကို စိုက်ကြည့်ကာ

"မနေ့ကတင် စီးပွားရေးသမားတစ်ယောက် ရောက်လာသေးတယ်။ သူက မင်းအကြောင်း ငါနဲ့ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ ငါ သူ့ကို ငြင်းလိုက်တယ်" ။

ယွီနျန့်က လက်ထဲမှ ကြွေဇွန်းကို ချလိုက်ပြီး "အင်း... အစ်ကိုမုန့်မှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပါ"

"ဟုတ်တယ်"

မုန့်ယွမ်က ယွီနျန့် စိတ်မကောင်းဖြစ်မှာကို စိုးရိမ်သဖြင့် ရှင်းပြသည်။

"မင်းရဲ့ အနာဂတ် အလားအလာအရရော မင်းရဲ့ ပင်ကိုယ်စရိုက်အရရော အခုအချိန်မှာ ကြော်ငြာတွေ လက်ခံဖို့ မသင့်တော်သေးဘူး။ လောလောဆယ် မင်းအတွက် အဆင့်အတန်းမီတဲ့ ကုန်ပစ္စည်းနဲ့ အမှတ်တံဆိပ် မရှိသေးဘူးလေ။ အခုသာ မင်း လက်ခံလိုက်ရင် အဲဒါက မင်းရဲ့ အနာဂတ်မှာ အမည်းစက် ဖြစ်သွားနိုင်သလို မင်းရဲ့ အဆင့်အတန်းကိုပါ လျှော့ချပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်" ။

ယွီနျန့်က ခေါင်းညိတ်ပြပြီး "ဟုတ်ကဲ့၊ ကျွန်တော် သိပါတယ်" ဟု ဆို၏ ။

ယွီနျန့်က သူ၏ စေတနာကို နားလည်ပေးနိုင်သည်ကို မြင်သောအခါ မုန့်ယွမ်၏ ရင်ထဲမှ အပူထုပ်ကြီး ကျသွားရသည်။ သူသည် တစ်ခုခုကို သတိရသွားပြီး

"မင်းနဲ့ ပထမဆုံး ဆုံတုန်းက မင်း ဒီလောကထဲကို ဝင်လာတာ ပိုက်ဆံကြောင့်လို့ ပြောခဲ့တယ် မဟုတ်လား" ဟု မေးလိုက်သည် ။

"ဟုတ်တယ်ရယ်…ကျွန်တော် ပိုက်ဆံ တကယ်လိုအပ်နေတာ။ ပိုက်ဆံအများကြီး လိုပါတယ်"

ယွီနျန့်က အလွန်တည်ငြိမ်နေသည်။ ပိုက်ဆံအကြောင်း ပြောနေသော်လည်း သူသည် ရှက်ကိုးရှက်ကန်း ဖြစ်မနေဘဲ

"အရင်ကလည်း ပိုက်ဆံရဖို့ တခြားအလုပ်တွေ လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ရတဲ့ပိုက်ဆံက ကျွန်တော့်ရဲ့ ရည်မှန်းချက်နဲ့ အဝေးကြီး လိုနေသေးလို့ပါ"

"မင်းသာ နာမည်ကြီးလာရင် ပိုက်ဆံအများကြီး ရမှာပါ" မုန့်ယွမ်က ခေတ္တစဉ်းစားလိုက်ပြီး

"ဒီနေ့တော့ ငါတို့ပဲ ရှိတာဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါဦး။ မင်း ပိုက်ဆံ ဘယ်လောက်တောင် လိုအပ်နေလို့လဲ အဲဒီအပေါ် မူတည်ပြီး ငါတို့ မင်းရဲ့ အနာဂတ်လမ်းကြောင်းကို စီစဉ်ကြတာပေါ့" ။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ယွီနျန့်က လက်ချောင်း နှစ်ချောင်း ထောင်ပြလိုက်သည်။

မုန့်ယွမ်က သက်ပြင်းချနိုင်သွားပြီး "နှစ်သန်းလား အဲဒါကတော့ သိပ်မခက်ပါဘူး။ သိပ်မခက်ပါဘူး" ဟု ဆိုသည်

ယွီနျန့်က ပြုံးလျက် ခေါင်းခါပြကာ "အဲဒီထက် ပိုပါတယ်" ဟု ဆို၏ ။

မုန့်ယွမ်က အကဲခတ်သည့်အနေဖြင့် "နှစ်..... သိန်းနှစ်ဆယ်လား" ။

ယွီနျန့်က ပြုံးနေဆဲဖြစ်သည်ကို မြင်သောအခါ သူ အသက်ရှူမှားသွားပြီး

"တောက်... သန်းနှစ်ရာလား" ။

ယွီနျန့်က လက်ကို ပြန်ချလိုက်ပြီး

"ဟုတ်တယ်။ ငါးနှစ်အတွင်းမှာ အနည်းဆုံး သန်းနှစ်ရာ လိုပါတယ်" ဟု ခေါင်းညိတ်ပြလိုက်သည် ။

ယွီနျန့်က နောက်ပြောင်နေသည့်ပုံ မပေါ်သဖြင့် မုန့်ယွမ်သည် ဇွန်းကို ချလိုက်ပြီး ယွီနျန့်၏ နဖူးကို စမ်းကြည့်ကာ စိုးရိမ်တကြီး မေးလိုက်တော့သည်။

"ငါပဲ ဖျားနေတာလား၊ မင်းပဲ ဖျားနေတာလား သန်းနှစ်ရာတဲ့! တောက်... မင်း ပြောလိုက်တာက နှစ်ယွမ်တန် အကြွေစေ့အကြောင်း ပြောနေသလိုပဲလား!" ။

ယွီနျန့်၏ အမူအရာမှာ အလေးအနက်ထားဟန် လုံးဝမပေါ်ဘဲ တောက်ပစွာ ပြုံးလျက် မှအေးအေးဆေးဆေးပဲ ပြန်ပြောသည်။

"မကြိုးစားကြည့်ဘဲနဲ့ အောင်မြင်မလား။ မအောင်မြင်ဘူးလားဆိုတာ ဘယ်လိုသိနိုင်မှာလဲ"

မုန့်ယွမ်သည် သူ့စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခဏမျှ စဉ်းစားကာ မေးလိုက်သည်။

"ဒါဆို မေးပါရစေဦး။ အခု မင်းဆီမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ"

ယွီနျန့်က ရိုးသားစွာပင်

"ကျွန်တော် အစ်ကိုမုန့်ဆီကနေ လစာကြိုထုတ်ခိုင်းတုန်းက ကျွန်တော့်ဆီမှာ ၂၀ ယွမ်ပဲ ကျန်ပါတော့တယ်" ဟု ပြန်ဖြေသည်။

ရှီးရိုမှာ အံ့အားသင့်သွားပြီး "မောင်လေးက အစ်မထက်တောင် ပိုဆင်းရဲနေတာပဲ!" ဟု ရေရွတ်လိုက်၏။

မုန့်ယွမ်မှာတော့ ဘာမှပင် မပြောချင်တော့ဘဲ ဆန်ပြုတ်ကိုသာ အေးအေးဆေးဆေး ဆက်စားရန် ဆုံးဖြတ်လိုက်တော့သည်။

တကယ်ကို ရင်ခုန်စရာကောင်းလိုက်တာ!

မုန့်ယွမ် ခန့်မှန်းခဲ့သည့်အတိုင်းပင် "သဘာဝတရား၏ အသံ" ဒုတိယရာသီ၏ ဒုတိယမြောက်အပိုင်း ထုတ်လွှင့်ပြီးဆုံးချိန်တွင် ယွီနျန့်သည် #DistantStarYuNian# နှင့် #YuNianDon’tCry# ဟူသော ခေါင်းစဉ်နှစ်ခုဖြင့် Hot Search စာရင်း၏ ထိပ်ဆုံးသုံးနေရာအတွင်းသို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့သည်။

မုန့်ယွမ်သည် အဖွဲ့သားများကို အစည်းအဝေးခေါ်ယူကာ ယွီနျန့်ကိုပါ တက်ရောက်စေခဲ့သည်။ အချက်အလက်များကို လှန်လှောကြည့်ရှုနေစဉ် သူသည် မှင်သက်သွားရ၏။

"လောင်ဟဲကတော့ ငါ့ကို ညစာ အကောင်းစား ကျွေးရတော့မယ်! အကြီးအကျယ် ကျွေးရမှာ! ကြည့်စမ်း... မင်းနဲ့ ရှမင်းရှီးတို့ ဖျော်ဖြေတဲ့အချိန်မှာ ရှိုးရဲ့ ကြည့်ရှုနှုန်း Ratingsတွေက ဟော်မုန်းတွေ တက်လာသလိုမျိုး ထိုးတက်သွားတာပဲ!"

သူသည် ကွန်ပျူတာစခရင်ကို ယွီနျန့်ဘက်သို့ လှည့်ပေးလိုက်ရင်း

"ဒီက comments တွေကို ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ဦး။ အရမ်းများလွန်းလို့ မင်းရဲ့ ချောမောလှပတဲ့ မျက်နှာလေးကိုတောင် မမြင်ရတော့ဘူး!"

အားလုံးက ရယ်မောလိုက်ကြသည်။ ထိုစဉ် ရှီးရိုက မသေချာသည့်လေသံဖြင့်

"နျန့်နျန့်ကို တချို့က Negative comments တွေ ရေးနေကြတယ်ထင်တယ်" ဟု ဆိုလာ၏။

မုန့်ယွမ်က ပြုံးလိုက်ပြီးနောက် အလေးအနက် သက်ပြင်းချကာ

"ဟူး... ဒီနှစ်ရဲ့ ရေဆိုးပက်တဲ့ အကောင့်တွေက သိပ်မတော်ဘူးပဲ။ အလုပ်လုပ်ဖို့ ဒီလောက်တောင် အချိန်ယူနေရသလား" ဟု လှောင်လိုက်သည်။

ရှီးရိုသည် အစပိုင်းတွင် အတော်လေး စိုးရိမ်နေသော်လည်း မုန့်ယွမ်၏ စကားကို ကြားရသောအခါ နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်မိသည်။ သူမက ဖုန်းကို လှုပ်ယမ်းပြရင်း

"တကယ်ပဲ ရေဆိုးပက်တဲ့ အကောင့်တွေနဲ့ တူတယ်နော်။ ဘယ်သူ ဝယ်ထားတာလဲမသိဘူး။ ရှိုးရဲ့ တရားဝင်ဘလော့ဂ်နဲ့ ယွီနျန့်ရဲ့ Weibo ပေါ်မှာပဲ အဓိက တိုက်ခိုက်နေကြတာ" ဟု ပြော၏။

ယွီနျန့်က စပ်စုချင်စိတ်ဖြင့် "အဲဒီ ရေဆိုးပက်တဲ့ အကောင့်တွေက ဘာတွေရေးထားကြလို့လဲဟင်" ဟု

မေးလိုက်သည်။

ရှီးရိုက ပါးစပ်ဟလိုက်သော်လည်း ဖတ်မပြရဲဘဲ တုံ့ဆိုင်းစွာဖြင့်

"မောင်လေး ကိုယ်တိုင်ပဲ ကြည့်ကြည့်မလား" ဟု ဆိုသည်။

မုန့်ယွမ်က ယွီနျန့်၏ ဖုန်းကို သူ့ထံ ပြန်ပေးလိုက်ပြီး

"အစ်ကိုက မင်းကို သင်ပေးမယ်။ အနာဂတ်မှာ မင်းကို ချစ်တဲ့သူတွေ အများကြီးရှိသလို မင်းကို အပုပ်ချပြီး ဆဲဆိုမယ့်သူတွေလည်း ရှိလာလိမ့်မယ်။ ဒါကြောင့် အခုကတည်းက မင်းရဲ့ စိတ်ဓာတ်ကို ကြံ့ခိုင်အောင် လေ့ကျင့်ထားရမယ်" ဟု အကြံပေးလိုက်၏။

ယွီနျန့်က ဖုန်းကို ယူလိုက်ပြီး သူ၏ Weibo ထဲသို့ အရင်ဝင်လိုက်သည်။ မက်ဆေ့ချ်များ အလွန်များပြားနေသဖြင့် ဆော့ဖ်ဝဲလ်မှာ ခေတ္တမျှ ထောက်နေသည်ကို သူ အကျွမ်းတဝင် ရှိနေပြီဖြစ်သည်။

[အား... နျန့်နျန့်လေးရေ၊ မေမေက သားကို ချစ်တယ်! မငိုပါနဲ့တော့! သားငိုတာကို ကြည့်ပြီး မေမေ့ရင်ထဲမှာ ကွဲကြေကုန်ပြီ!]

[ညီမလေးဆီ လာခဲ့ပါဦး! ကျွန်မလည်း ကျွန်မအဘွားကို သတိရတယ်၊ တကယ် လွမ်းမိတာ! မင်းရဲ့ အသံက တကယ်ကို ကောင်းလွန်းတယ်!]

[ဘာတွေ လျှောက်ဆိုနေတာလဲ! ဒီအဆင့်နဲ့ ဘယ်လိုလုပ် ပထမရတာလဲ 'သဘာဝတရား၏ အသံ' ကတော့ တဖြည်းဖြည်း ပိုညံ့လာပြီ၊ ပထမရာသီကိုတောင် မမီဘူး! တော်ပြီ!]

[အား... ဘယ်လို ရုပ်ရည်မျိုးလဲ! ဘယ်လို အသံမျိုးလဲ! ဒါဟာ နတ်ဘုရားက ပေးလိုက်တဲ့ လက်ဆောင်ပဲ! ကြယ်စင်ဝေးဝေး က တကယ်ကို ကောင်းတယ်! မူရင်းသီချင်းထက်တောင် ခံစားချက် ပိုပါသေးတယ်!]

[နံပါတ်တစ်က ရှမင်းရှီး ရရမှာလေ! ဒီ ယွီနျန့်က ဘယ်သူလဲ ဒီအဆင့်နဲ့ ပထမယူရအောင် နောက်ပေါက်ကနေ ဝင်လာတာလား ထွက်သွား!]

ယွီနျန့်က မှတ်ချက်များကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ

"တစ်ယောက်ယောက်က ကျွန်တော့်ကို အပုပ်ချဖို့ ရေဆိုးပက်တဲ့အကောင့် ဝယ်ထားတာလား... အဲဒါ ဖန်းဟွ လား" ဟု မေးလိုက်ပါတော့သည်။

မုန့်ယွမ်က မျက်ခုံးပင့်လိုက်ရင်း "ဘာလို့ သူ့လက်ချက်လို့ ထင်တာလဲ" ဟု မေးလိုက်သည်။

"ရိုးရှင်းပါတယ်။ သူက ကျွန်တော့်ကို ပထမရဖို့ အရည်အချင်းမရှိဘူးလို့ ထင်နေတာ။ ကျွန်တော်နဲ့ မင်းရှီးကြားက ဆက်ဆံရေးကိုလည်း ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်။ ပြီးတော့ ကျွန်တော့်ကို နောက်ပေါက်ကနေ ပါလာတဲ့သူလို့လည်း မြင်နေတာလေ။ ဒီအချက် သုံးချက်စလုံးက ကျွန်တော့်အပေါ် သူထားတဲ့ အမြင်တွေနဲ့ အတိအကျ ကိုက်ညီနေတာပဲ"

"မင်းရဲ့ တွေးခေါ်ပုံက တော်တော်လေး ယုတ္တိရှိတာပဲ"

မုန့်ယွမ်က ယွီနျန့်၏ အမူအရာကို သေသေချာချာ အကဲခတ်ကြည့်နေသော်လည်း အပြည့်အဝ စိတ်မချနိုင်သေးဘဲ

"အင်တာနက်ပေါ်မှာ ဒီလောက်အဆိုးအဝါး ဆဲဆိုခံနေရတာကို မင်း တကယ်ပဲ စိတ်ထဲမထားဘူးလား" ဟု ထပ်မေးလိုက်၏။

"တကယ်ကို စိတ်ထဲမထားတာပါ" ယွီနျန့်က ဖုန်းကို ချလိုက်ရင်း

"ကျွန်တော့်ရဲ့ အရည်အချင်းက ဘယ်လောက်ရှိလဲ။ ဒီအစီအစဉ်ထဲကို ဘယ်လိုရောက်လာလဲ။ ပြီးတော့ ပထမရဖို့ရော ထိုက်တန်ရဲ့လားဆိုတာ ကျွန်တော် ကိုယ်တိုင် အသိဆုံးပါပဲ။ ဒါကို ကျွန်တော် ကောင်းကောင်း သိပါတယ်"

ထိုအခါမှ မုန့်ယွမ် စိတ်အေးသွားတော့သည်။ သူသည် ထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး မနေနိုင်ဘဲ မေးမိသည်မှာ

"မင်းရဲ့ စိတ်ဓာတ်ကတော့၊ တောက်... မင်းမိဘတွေက မင်းကို ဘယ်လိုများ သင်ပေးထားတာလဲ"

ယွီနျန့်သည် ဤကဲ့သို့ ချီးကျူးစကားမျိုး ကြားရသည်ကို အလွန်နှစ်သက်သဖြင့် မျက်ဝန်းလေးများ ဝိုင်းသွားအောင် ပြုံးလိုက်ပြီး

"ကျွန်တော့်မိဘတွေ မဟုတ်ပါဘူး၊ ကျွန်တော်က အဘိုးအဘွားတွေနဲ့ ကြီးပြင်းလာတာဆိုတော့ သူတို့ပဲ သင်ပေးခဲ့တာပါ။ ကျွန်တော့်အဘွားက ပိုက်ဆံရှာတဲ့နေရာမှာ အရမ်းတော်ပြီး ကျွန်တော့်အဘိုးကတော့ ပိုက်ဆံသုံးတဲ့အပိုင်းကို တာဝန်ယူရတာလေ။ သူတို့နှစ်ယောက်က တကယ်ကို ချစ်ဖို့ကောင်းကြတာ"

"......"

ရှီးရိုက ထိုအချိန်တွင် ကြားဖြတ်ပြောလာ၏။

"ယွီနျန့်... မင်း Hot Search စာရင်းထဲ ထပ်ပါလာပြန်ပြီ။"

စကားဝိုင်းကို ရပ်လိုက်ပြီးနောက် မုန့်ယွမ်က Hot Search စာရင်းကို တစ်ချက်ဝေ့ကြည့်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။

"ယွီနျန့်ရဲ့ နောက်ကွယ်က မသန့်ရှင်းတဲ့ ဇာတ်လမ်းတွေ Hot Search နံပါတ် ၇ တဲ့လား ဒီလိုမျိုး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကတော့လေ... အိုး ငါ့ရဲ့ ပြိုင်ဘက်ကြီးရေ…ငါတို့ကို အရှိန်တက်အောင် ကူညီပေးလို့ ကျေးဇူးပါပဲ။ ဒါက တကယ်ကို ကောင်းတာပဲ!"

***

၅၁ ထပ်မြောက်တွင်

ရှဲ့ယို့ထံမှ ထွက်ပေါ်လာသော အအေးဓာတ်မှာ ပတ်ဝန်းကျင် တစ်မီတာအကွာအဝေးအထိ သိသိသာသာ အေးစက်နေသည်ကို မြင်ရသဖြင့် ချွိရှောက်ရန်မှာ အဝေးမှနေ၍ သတိကြီးစွာဖြင့် လှမ်းမေးလိုက်သည်။

"ဒါရိုက်တာဘုတ်အဖွဲ့က အဘိုးကြီးတွေ မင်းကို ထပ်နှောင့်ယှက်ပြန်ပြီလား ကိစ္စမရှိပါဘူး၊ ရှဲ့အမှုဆောင်ချုပ်က သူတို့ကို အပြတ်ရှင်းလိုက်ရုံပဲလေ!"

သူပြောနေစဉ်အတွင်းမှာပင် ချွိရှောက်ရန်မှာ စိတ်ထဲမှ တိတ်တဆိတ် မျက်ရည်ကျနေမိသည်။ အရင်က အနိုင်ကျင့်ရလွယ်သော ရှဲ့ရှောက်ယို့လေးကို သူ တကယ်လွမ်းမိပါသည်။

ရှဲ့ယို့၏ မျက်နှာမှာ အေးစက်နေပြီး အကြည့်များကလည်း စူးရှနေ၏။

"တစ်ယောက်ယောက်က သူ့ကို ဆဲနေကြတယ်"

"သူ ဘယ်သူလဲ ယွီနျန့်လား"

ချွိရှောက်ရန် သဘောပေါက်သွားသည်။ သူက သတင်းမှန်သမျှ သိနေသည့် စီးပွားရေးသမားတစ်ဦး ဖြစ်သော်လည်း ကြီးမားလှသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအတွင်း သိစရာတွေကတော့ အများသားပင်။

"တစ်ယောက်ယောက်က ယွီနျန့်ကို တိုက်ခိုက်နေတာလား"

"အင်း"

"မင်းကလည်း ငါ့ကို လန့်သေအောင် လုပ်တာပဲ။ တစ်ယောက်ယောက်ကို အပြတ်ရှင်းဖို့ လုပ်နေပြန်ပြီလို့ ငါထင်နေတာ"

ချွိရှောက်ရန်သည် သူ့ရင်ဘတ်ကို ပုတ်ရင်း သူတို့နှစ်ဦး၏ အနှစ် ၂၀ ကြာ ငယ်သူငယ်ချင်း သံယောဇဉ်ကို ယွီနျန့်က ကျော်တက်တော့မည့် ဘေးအန္တရာယ်ကို လျစ်လျူရှုကာ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

"ငါ ရှင်းပြမယ်။ အနုပညာလောကဆိုတာ အမြဲတမ်း ဒီလိုပါပဲ။ လူတွေက အမုန်းခံရမှာကို မကြောက်ဘူး၊ ဘယ်သူမှ စိတ်မဝင်စားတော့မှာနဲ့ ပြောစရာ ခေါင်းစဉ် မရှိတော့မှာကိုပဲ ကြောက်ကြတာ! အပုပ်ချခံရတယ်ဆိုရင် ပြောစရာ ခေါင်းစဉ်တစ်ခု ရှိလာပြီး အနုပညာရှင်ရဲ့ ရေပန်းစားမှုက တက်လာမှာပဲ။ အဲဒီလို နာမည်ကြီးလာရင် ပိုက်ဆံတွေ ပိုရှာနိုင်မှာပေါ့"

ချွိရှောက်ရန်က သူ၏ အတိတ်က အတွေ့အကြုံများကို စိတ်အားထက်သန်စွာ ပြောပြလာသည်။

"ဥပမာတစ်ခု ပေးမယ်။ အရင်က ငါ ပြဿနာတစ်ခုတက်ပြီး အမျိုးသမီးစတားတစ်ယောက်က ငါ့နောက်ကို တကောက်ကောက် လိုက်နေတာ မှတ်မိလား။ အကျိုးဆက်အနေနဲ့ လူတွေက နေ့တိုင်း ငါ့နာမည်ကို သုံးပြီး သတင်းတွေ လုပ်ကြတာပေါ့။ ဇာတ်လမ်းသွားအရဆိုရင်တော့ အခုအချိန်မှာ ငါက အဲဒီမင်းသမီးကို ချစ်နေရပြီ။ မကြာခင် လက်ထပ်ပြီး အိမ်ပြန်ကာ ကလေးတွေ မွေးရတော့မှာလေ!"

ရှဲ့ယို့ စဉ်းစားနေသည်ကို မြင်သောအခါ ချွိရှောက်ရန်က ဆက်လက်၍ ကြိုးစားအားထုတ်ပြန်သည်။

"နောက်ပြီးတော့…အရင်က ရုပ်ရှင်တစ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသမီးတစ်ယောက် ရှိသေးတယ်။ သူက ပလတ်စတစ်ဆာဂျရီ လုပ်ထားတယ်ဆိုပြီး ဝေဖန်ခံရတာလေ။ Hot search ပေါ်မှာလည်း ရက်တော်တော်ကြာ ရှိနေခဲ့တာ! အဲဒီနောက်မှာမှ လူတွေက သူ မလုပ်ထားဘူးဆိုတဲ့ သက်သေတွေကို ထုတ်ပြလိုက်ကြရော။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောလာဟလတွေက အမှားဖြစ်သွားပြီး Hot search ပေါ်မှာ နောက်ထပ် ရက်တော်တော်ကြာ ထပ်ရှိနေပြန်တာပဲ! ပရိသတ်တွေကလည်း သူတို့ရဲ့ နတ်ဘုရားမလေး အပုပ်ချခံရတယ်ဆိုပြီး သနားသွားကြတာပေါ့။ ဒါနဲ့ပဲ နတ်ဘုရားမလေးကို အားပေးဖို့ ရုပ်ရှင်လက်မှတ်တွေ ဝယ်ကြရာကနေ Box Office တွေ ပေါက်ကွဲကုန်တာပဲလေ"

သူက နိဂုံးချုပ်လိုက်သည်မှာ

"ဒါကြောင့် ဆဲဆိုခံရတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ပြောစရာ ခေါင်းစဉ်မရှိတော့တာကမှ ပိုဆိုးတာ၊ အဲဒါက နာမည်မကြီးတာကို ဆိုလိုတာပဲ!"

ရှဲ့ယို့ : "တကယ်လား"

ချွိရှောက်ရန်က ခေါင်းညိတ်ပြရင်း

"ငါသာ လျှောက်ပြောနေတာဆိုရင် အိမ်ပြန်ရောက်တဲ့အခါ ငါ့အစ်ကို့ဆီမှာ အရိုက်ခံပါ့မယ်!" ဟု ဆို၏။

ရှဲ့ယို့က အားလုံးကို မယုံကြည်သော်လည်း သူ၏ မျက်နှာမှာ အတော်လေး ပြေလျော့သွားခဲ့သည်။

ရှဲ့ယို့က အရင်ကလောက် ရက်စက်မည့်ပုံ မပေါ်တော့သည်ကို မြင်ရသဖြင့် ချွိရှောက်ရန်က လက်ဖျောက်တစ်ချက် တီးလိုက်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်ပါတော့သည်။

"ငါ့ကိုယုံပါ၊ ငါပြောတာ မှန်တယ်!"






Comments

  1. မသိခင်တောင် တုန်နေအောင် အချစ်ခံနေရတာဟေးးးသိများသိလို့ကတော့ ဘယ်နားထားရမှန်းမသိအောင်ကို ချစ်ပြမယ့်ပုံပဲ။အသဲယားနေပါပြီ

    ReplyDelete
  2. ကောကော ချစ်တတ်မှုကြီးကို အားကျနေမိပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...