Skip to main content

Posts

65

အခန်း (၆၅) မင်း နောက်တစ်ခေါက်လောက် ထပ်မြည်းစမ်းကြည့်ချင်လား လက်နှိပ်ဓာတ်မီးလေးက ကြမ်းပြင်ပေါ်ရှိ မြက်ခင်းထဲသို့ ပြုတ်ကျသွားပြီး အဝေးတစ်နေရာဆီသို့ အလင်းတန်းတစ်ခု ဖြာထွက်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ညဘက်တောင်ပေါ်က မြူနှင်းများ ဝေဆာနေဆဲပင်။ ယွီနျန့်သည် ရှဲ့ယို့၏ ခန္ဓာကိုယ်ပေါ်က အေးစက်စက် အထိအတွေ့နှင့်အတူ မိမိရင်ဘတ်ထဲမှ တဒိန်းဒိန်းနှင့် အရှိန်အဟုန်ပြင်းစွာ ခုန်မောနေသော နှလုံးခုန်သံကို အတိုင်းသား ခံစားလိုက်ရသည်။ သူ လက်လှမ်းကာ ရှဲ့ယို့၏ အပေါ်အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ထိုအခိုက်အတန့်ကျမှသာ သူ၏ရင်ထဲတွင် ဟာလာဟင်းလင်းကြီး ဆွဲချိတ်ခံထားရသော ကျောက်ဆောင်ကြီးမှာ နောက်ဆုံးတော့ ဝုန်းခနဲ ပြုတ်ကျသွားရတော့သည်။ သူ တကယ် ရောက်လာခဲ့ပြီ။ ယွီနျန့် သူ၏ခံစားချက်များကို မည်သည့်စကားလုံးနှင့် ဖော်ပြရမှန်းပင် မသိတော့ပေ။ ငလျင်လှုပ်ခတ်နေစဉ်တုန်းက သူသည် လုံးဝတည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ကို သေချာအကဲခတ်နိုင်ခဲ့သည်ကို သူကိုယ်တိုင်ပင် ပြန်သတိပြုမိသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ ရှဲ့ယို့၏ရင်ခွင်ကို မှီထားရင်း၊ မျက်ဝန်းများမှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ငိုချင်စိတ်များ တားမရဆီးမရ ပေါက်ကွဲထွက်လာခဲ့ရသည...

64

အခန်း (၆၄) မင်းကို ငါ ရှာတွေ့ခဲ့ပြီ ငလျင်လှုပ်ခတ်ချိန်တွင် ယွီနျန့်သည် ဒေသခံလမ်းပြတစ်ဦး၏ ဦးဆောင်မှုဖြင့် ရေအရင်းအမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေခဲ့သည်။ လမ်းပြအမျိုးသား၏အမည်မှာ ရန်ရှူး ဖြစ်ပြီး တောင်လမ်းများကို ကျွမ်းကျင်သော ဒေသခံတစ်ဦး ဖြစ်သည်။ ရန်ရှူးက လမ်းလျှောက်ရင်း သိပ်ပြီးမကျွမ်းကျင်လှသော မန်ဒရင်းဖြင့် ရှင်းပြပေးသည်။ "ဒီနေရာပါပဲ။ ဒီဘက်တောင်တန်းတွေထဲမှာ ရေခဲမြစ်ရဲ့ အကြွင်းအကျန်တွေရှိတော့ တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းနေတာ။ ဒီနယ်မြေပတ်ပတ်လည်က လူသူမရှိတဲ့ ဇုန်တွေလေ။ ဒီကို သုတေသနလာလုပ်ကြတဲ့ ပညာရှင်တွေပြောတာတော့... ဒါက တောင်မြင့်က နှင်းအရည်ပျော်ရည်တွေ၊ မိုးရေတွေနဲ့ မြေအောက်စမ်းချောင်းတွေက သဘာဝအတိုင်း သစ်ပင်တွေ၊ မြေဆီလွှာတွေနဲ့ ဂရန်းနိုက်ကျောက်တုံးတွေကို ဖြတ်သန်းပြီး သန့်စင်သွားတာတဲ့။ ဆွဲငင်အားနဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့် ကျောက်ဆောင်အက်ကွဲကြောင်းတွေထဲကနေ စီးထွက်လာတာပေါ့။ ရေထဲမှာ သဘာဝ သတ္တုဓာတ်တွေ အများကြီး ပါတယ်လေ။ ကျွန်တော် ငယ်ငယ်တုန်းကဆို ရွာထဲမှာ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ရွာလူကြီးက သန်မာတဲ့ လူငယ်တွေကို တောင်ပေါ်လွှတ်ပြီး ဒီကရေကို ပုံးနဲ့ သွားခပ်ခိုင...

63

အခန်း (၆၃) မင်း မြင်တွေ့လိုက်ရတဲ့ အရာအပေါ် စိတ်ကျေနပ်ရဲ့လား ယွီနျန့်တစ်ယောက် ကားပေါ် ပြန်တက်ထိုင်သည့်တိုင်အောင် သူ၏မျက်နှာထက်မှ အပြုံးများမှာ ပျောက်ကွယ်မသွားသေးပေ။ မုန့်ယွမ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "မင်း ဘာလို့ ဒီလောက်တောင် ပျော်ပျော်ကြီး ပြုံးနေရတာလဲ ချီကျဲရဲ့ လုပ်ကြံမှုကို ခံလိုက်ရတာတောင် နည်းနည်းမှ စိတ်မဆိုးဘူးလား။ နျန့်နျန့်... မင်းဆီမှာ ဘာသတင်းကောင်း ရှိနေလို့လဲ" ယွီနျန့်သည် လက်သီးလေးကို ခပ်ဖွဖွဆုပ်ကာ ပြုံးနေသော ပါးစပ်ကလေးကို အသာအယာ ဖုံးကွယ်ထားလိုက်သည်။ သို့သော်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ သူ၏အပြုံးများက ပိုမိုကျယ်ပြန့်လာသည်။ "ကျွန်တော် သဘောကျရတဲ့သူက... တစ်ခုခုနဲ့ တအားတူတယ်ဆိုတာ ရှာဖွေတွေ့ရှိသွားလို့ပါ..." ဟု ဆိုကာ စကားကို ဖြတ်လိုက်ပြီး ခေါင်းကိုတစ်ဖက်သို့ လွှဲလျက် တဟားဟား ပြန်လည်ရယ်မောမိပြန်သည်။ မုန့်ယွမ်က သူ၏မျက်လုံးများကို လက်ဖြင့်အုပ်လိုက်ရင်း "ငါတော့ အဲဒီအပြုံးကြီးကို ဆက်မကြည့်ရဲတော့ဘူး။ ကဲပါ... ပြောစမ်းပါဦး၊ အဲဒါက ဘာနဲ့ တူလို့လဲ" "ကျောက်စရစ်သကြားခဲလိုမျိုးလေ။ အပြင်ပန်းမှာတော့ အေးစက်ပြီး မာကျောနေပုံရပေမဲ့၊ ပါးစပ်ထဲ ထည့်လိုက်...