အခန်း (၆၅) မင်း နောက်တစ်ခေါက်လောက် ထပ်မြည်းစမ်းကြည့်ချင်လား လက်နှိပ်ဓာတ်မီးလေးက ကြမ်းပြင်ပေါ်ရှိ မြက်ခင်းထဲသို့ ပြုတ်ကျသွားပြီး အဝေးတစ်နေရာဆီသို့ အလင်းတန်းတစ်ခု ဖြာထွက်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ညဘက်တောင်ပေါ်က မြူနှင်းများ ဝေဆာနေဆဲပင်။ ယွီနျန့်သည် ရှဲ့ယို့၏ ခန္ဓာကိုယ်ပေါ်က အေးစက်စက် အထိအတွေ့နှင့်အတူ မိမိရင်ဘတ်ထဲမှ တဒိန်းဒိန်းနှင့် အရှိန်အဟုန်ပြင်းစွာ ခုန်မောနေသော နှလုံးခုန်သံကို အတိုင်းသား ခံစားလိုက်ရသည်။ သူ လက်လှမ်းကာ ရှဲ့ယို့၏ အပေါ်အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ထိုအခိုက်အတန့်ကျမှသာ သူ၏ရင်ထဲတွင် ဟာလာဟင်းလင်းကြီး ဆွဲချိတ်ခံထားရသော ကျောက်ဆောင်ကြီးမှာ နောက်ဆုံးတော့ ဝုန်းခနဲ ပြုတ်ကျသွားရတော့သည်။ သူ တကယ် ရောက်လာခဲ့ပြီ။ ယွီနျန့် သူ၏ခံစားချက်များကို မည်သည့်စကားလုံးနှင့် ဖော်ပြရမှန်းပင် မသိတော့ပေ။ ငလျင်လှုပ်ခတ်နေစဉ်တုန်းက သူသည် လုံးဝတည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ကို သေချာအကဲခတ်နိုင်ခဲ့သည်ကို သူကိုယ်တိုင်ပင် ပြန်သတိပြုမိသည်။ ဒါပေမဲ့ အခုအချိန်မှာတော့ ရှဲ့ယို့၏ရင်ခွင်ကို မှီထားရင်း၊ မျက်ဝန်းများမှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ငိုချင်စိတ်များ တားမရဆီးမရ ပေါက်ကွဲထွက်လာခဲ့ရသည...
Hsu Chi Ko
Finding joy in simplicity.