Skip to main content

21





အခန်း (၂၁) ချော့နေသလိုမျိုး...

တစ်ချိန်တည်းမှာပဲ ၅၁ ထပ်မြောက်မှာတော့ ချွိရှောက်ရန်တစ်ယောက် ကိုကာကိုလာ သောက်နေရင်း သီးသွားတာကြောင့် တဟွတ်ဟွတ်နဲ့ အပြင်းအထန် ချောင်းဆိုးနေတော့သည်။ အနည်းငယ် သက်သာသွားတာနဲ့ သူ ရှဲ့ယို့ဆီကို ဖုန်းတန်းခေါ် လိုက်၏။

"ဟယ်လို"

"မင်း... မင်း မကောင်းဘူး။ မဟုတ်ဘူး၊ ငါ မကောင်းတော့တာ!"

ချွိရှောက်ရန်က အသက်ကို လုရှူရင်း ချောင်းတွေလည်း ဆက်တိုက်ဆိုးနေဆဲ။ သူက အသံကွဲကြီးနဲ့ အသည်းအသန် ပြောရှာသည်။

"ရှဲ့ရှောင်ယို့... ငါ့ကို အမှန်အတိုင်းပြောစမ်း။ မင်းရဲ့အကောင့် အဟက်ခံလိုက်ရတာမလား။ဟုတ်တယ်မလား။"

ရှဲ့ယို့ရဲ့ အသံကတော့ တည်ငြိမ်နေဆဲ …

"မဟုတ်ပါဘူး။"

ချွိရှောက်ရန်က သူ့ရင်ဘတ်ကို သူ ပြန်ထုရင်း စိတ်တိုရမလို ရယ်ရမလို ဖြစ်နေပြီ။

"ဒါဆို မင်း Weibo ပေါ်မှာ တင်လိုက်တဲ့ Post က ဘာလဲဟ။ မင်းရဲ့ နျန့်နျန့်ကို မင်းက သေလောက်အောင် ဂရုစိုက်နေတာ မဟုတ်ဘူးလား ငါ့မျက်စိတွေပဲ မှားနေတာလား မဟုတ်သေးပါဘူး... တိန့်ကျောက်ရှန်းတောင် မင်းရဲ့ ပရိယာယ်တွေကြားမှာ အူကြောင်ကြောင် ဖြစ်နေရတာလေ။ အခုကိစ္စမှာရော ဘယ်လို အကွက်တွေ ရှိနေလို့လဲ မဟုတ်ရင်... မင်းက ဘာလို့ Weibo ပေါ်တက်ပြီး ပေါ်တင်ကြီး Anti နေရတာလဲ..."

တောက်!

ချွိရှောက်ရန်ရဲ့ ဉာဏ်က ပြောနေရင်းမှ ရုတ်တရက် ပွင့်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ဦးနှောက်က အရှိန်အဟုန်နဲ့ အလုပ်လုပ်သွားပြီး ခြောက်ကပ်ကပ် အသံနဲ့ မေးလိုက်၏။

"မင်း... အရင်က ငါ့ကို ပြောဖူးတဲ့သူလေ။ မင်း သိလာတာ သုံးနှစ်ရှိပြီဆိုတဲ့သူ မရင်းနှီးသေးပေမဲ့ ပိုနီးစပ်ချင်ပါတယ်ဆိုတဲ့သူ... အဲဒါ ယွီနျန့် လား"

ရှဲ့ယို့ဘက်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးမှ တိုးညင်းတဲ့ အသံနဲ့ "အင်း" ဟု ဝန်ခံလာသည်။

ချွိရှောက်ရန်က သူ့နဖူးသူ ရိုက်လိုက်ရင်း မျက်လုံးတွေ ပြူးကျယ်သွားတော့သည်။ သူ ဘယ်လောက်တောင် အံ့ဩသွားသလဲဆိုရင် ရှဲ့ယို့တစ်ယောက် ရှက်သွေးဖြာပြီး မျက်နှာနီမြန်းနေမယ့် ပုံရိပ်ကိုတောင် မျက်စိထဲ မြင်ယောင်နေမိပြီ။ခေါင်းကို အမြန်ခါယမ်းပြီး အဲဒီလို ပျော့ညံ့သည့် ရှဲ့ယို့ရဲ့ ပုံရိပ်ကို ဖျောက်ဖျက်ကာ…

"နေဦး... အရင်ဆုံး ဒါပြောဦး။ မင်း ငါ့ဆီ ဘာလို့ လာတာလဲ"

"သူ့ကို တွေ့ချင်လို့။"

"......"

"တောက်! ငါကတော့ မင်း ငါ့ကို ရုတ်တရက်ကြီး သတိရပြီး လာကြည့်တယ်မှတ်လို့ စိတ်လှုပ်ရှားနေတာ!"

"မဟုတ်ဘူး။"

ချွိရှောက်ရန်တစ်ယောက် သူ့နှလုံးသားက အပြင်းအထန် တိုက်ခိုက်ခံလိုက်ရသလို ခံစားလိုက်ရပေမဲ့ စိတ်ကို ပြန်ပြင်ဆင်လိုက်ပြီး

"ဒါဆို မင်းရဲ့ Weibo Post က ရည်ရွယ်ချက်ကို ပြောပြလို့ရမလား"

သူ့လေသံက နည်းနည်းတော့ သတိထားနေရသလို စပ်စုချင်စိတ်လည်းအပြည့်။ အဖြေကို ကြားလိုက်ရလျှင်လည်း လန့်သွားမှာကိုလည်း ကြောက်နေပုံပဲ။

"ငါ သူနဲ့အတူတူ Hot Search ပေါ်မှာ ရှိနေချင်လို့။"

"အာ... အေးပါ၊ ငါ မြင်ပါတယ်။"

ချွိရှောက်ရန်က စိတ်ထဲကနေ 'ငါ မျက်စိမကန်းပါဘူး၊ မင်းတို့ နှစ်ယောက် နာမည် ဘေးချင်းယှဉ်ပြီး Hot Search တက်နေတာကို ငါ မြင်တာပေါ့' လို့ တွေးနေတုန်း...

"ဒါဆို... နေဦး!"

ချွိရှောက်ရန်က ရှဲ့ယို့နဲ့ အတူကြီးပြင်းလာသည့် သံယောဇဉ်အရ အလိုလိုသိစိတ်နဲ့ ခေါင်းထဲက အချစ်ဦး၊ အချစ်ဟောင်း ဇာတ်လမ်းရှုပ်ထွေးမှုတွေကို အမြန်ဖယ်ထုတ်လိုက်ပြီး ပြန်မေးလိုက်သည်။

"ဒါဆို... မင်းက တိန့်ကျောက်ရှန်းနဲ့ ဟိုမြေခွေးအိုကြီးတွေကို အပြတ်မရှင်းရသေးခင်မှာ ယွီနျန့်အနားကို ပေါ်ပေါ်တင်တင် သွားလို့မရသေးဘူး မဟုတ်လား။ အဲဒီတော့... သူက လူချစ်လူခင်များပြီး သူငယ်ချင်းတွေ အများကြီးရှိနေတာဆိုတော့ မင်းကို လုံးဝမေ့သွားမှာ စိုးရိမ်လို့... မင်းက ထူးထူးခြားခြား နည်းလမ်းနဲ့ သူ့စိတ်ထဲမှာ မင်းရှိနေတယ်ဆိုတာကို သိအောင် လုပ်လိုက်တာပေါ့... ဟုတ်လား"

ရှဲ့ယို့ နှုတ်ဆိတ်လျက်… ဒါဟာ ဝန်ခံလိုက်တာနဲ့ အတူတူပါပဲ။

ချွိရှောက်ရန်မှာ သူခန့်မှန်းသည်မှာ မှန်ကန်သွားပြီဖြစ်ကြောင်း သိရှိလိုက်လေသည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောသည်။

"ဒါဆို မင်းက တကယ်ကို လည်လွန်းတာပဲ။ တိန့်ကျောက်ရှန်းတို့တစ်သိုက်က မင်း ယွီနျန့်ကို တကယ်ပဲ မုန်းနေတာလားဆိုတာ သေချာဝေခွဲနိုင်မှာမဟုတ်တော့သလို ယွီနျန့်က ဘယ်သူလဲဆိုတာကို အာရုံစိုက်ဖို့လည်း အချိန်နဲ့ အင်အား ရှိတော့မှာမဟုတ်ဘူး။ မင်းက အခုချိန်မှာ အလုပ်ကို အာရုံမစိုက်ဘဲ မှောင်ခိုလက်ဝှေ့သမားတွေ မွေးလိုက်၊ မြေအောက်လက်ဝှေ့ပွဲတွေ ကြည့်လိုက်၊ လောင်းကစားလုပ်လိုက်နဲ့ အိုင်ဒေါလ်တွေနောက် လိုက်နေတယ်ဆိုတော့ သူတို့တွေ သေချာပေါက် စိတ်အေးသွားကြလိမ့်မယ်။ ဒီသတင်းကို ကြားတော့ သူတို့တွေ ပျော်နေကြသလား"

"အင်း"

မြင့်တက်လာသော ခေါင်းစဉ်များကို ကြည့်ရင်း ထစ်ထစ်ငေါ့ငေါ့ဖြင့် ထပ်မံမေးမြန်းလိုက်သည်။

"ဒါဆို... မင်းက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီး ဒီလောက်အထိ ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့တာက ယွီနျန့်အတွက် နာမည်ကြီးလာအောင် အရှိန်အဟုန်တစ်ခု ဖန်တီးပေးလိုက်ရုံသက်သက်ပဲလား"

ရှဲ့ယို့က "အင်း" ဟုသာ ပြန်လည်ဖြေကြားသည်။

"သူက အရမ်းတော်တာ။ သူ့ကို သတိပြုမိသွားတာနဲ့တင် အားလုံးက သူ့ကို သေချာပေါက် ကြိုက်သွားကြလိမ့်မယ်"

ရှဲ့ယို့သည် မကြာသေးမီက သင်ယူထားသော အသုံးအနှုန်းများကို အသုံးပြု၍

"ငါ သူ့ရဲ့ ပရိသတ်ဖြစ်လာမယ်။ သူ့သီချင်းတွေကို နားထောင်ရတာ ကြိုက်တယ်။ သူ့အယ်လ်ဘမ်တွေကို ဝယ်မယ်။ ပြီးတော့ သူ့ဖျော်ဖြေပွဲတွေကိုလည်း သွားကြည့်မယ်" ဟု ဆက်တိုက်အားတက်သရော ပြောတော့၏။

ချွိရှောက်ရန်မှာ အေးစက်စက်ဖြင့်သာ “ဪ" ဟု တုံ့ပြန်နိုင်တော့သည်။

သူသည် မျက်နှာကျက်ကို တည့်တည့်စိုက်ကြည့်ရင်း သေသေချာချာ ပြန်လည်စဉ်းစားကြည့်သည်။

"ဒါပေမဲ့... ကြည့်ရတာ ဒါက တကယ်ပဲ ပြဿနာမရှိသလိုပဲ။ ရန်သူကို အာရုံပြောင်းစေတယ်။ ယွီနျန့်ကို ကာကွယ်ပေးတယ်။ ယွီနျန့် နာမည်ကြီးလာအောင် ကူညီပေးတယ်။ ပြီးတော့ ယွီနျန့်က မင်းကို မှတ်မိသွားအောင်လည်း လုပ်နိုင်ခဲ့တယ်။ တစ်ချက်ခုတ် လေးချက်ပြတ်ပဲ!"

"မှန်တယ်"

"မှန်တယ် ဟုတ်လား"

ချွိရှောက်ရန်မှာ နဖူးကို လက်ဖြင့်အုပ်လျက် အလွန်ပင် မောပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသည်။ သူ၏ အတွေးအခေါ်နှင့် ယုတ္တိဗေဒများမှာ အန္တရာယ်ရှိနေပြီး ရှဲ့ယို့၏ ဆွဲဆောင်ရာနောက်သို့ လိုက်ပါသွားတော့မည်ကိုပင် စိုးရိမ်မိလာသည်။

"...ဒါဆို မင်းရဲ့ နာမည်အရင်းနဲ့ သူ့ကို ဝေဖန်တိုက်ခိုက်နေတာကို ယွီနျန့် မြင်သွားတဲ့အခါ သူ စိတ်မကောင်းဖြစ်လိမ့်မယ်ဆိုတာကိုရော ထည့်မစဉ်းစားဘူးလား"

ရှဲ့ယို့သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အလေးအနက် ဆိုလာသည်။

"ငါ အစွမ်းကုန် ကြိုးစားသွားမှာပါ။"

ချွိရှောက်ရန်မှာ ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ တကယ်၍သာ သူသည် ယွီနျန့်ဖြစ်ခဲ့ပါက ရှဲ့ယို့ကို စိတ်မနှံ့သူတစ်ဦးဟုပင် သတ်မှတ်မိလိမ့်မည်။

ဖုန်းချပြီးနောက် သူသည် ရှဲ့ယို့၏ မရေရာလှသော အနာဂတ်အတွက် တကယ်ပင် စိုးရိမ်မိသွားသည်။ ထို့ကြောင့် ရှဲ့ယို့၏ Weibo အောက်ရှိ မှတ်ချက်များကို စိတ်ပျက်လက်ပျက်ဖြင့် လှန်လှောကြည့်ရှုနေစဉ် ရှဲ့ယို့သည် အကောင့်တုတစ်ခုကို အသုံးပြု၍ မှတ်ချက်များ ပြန်လည်ရေးသားနေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိသွားရသည်။

ဒါက ဘာတွေလဲဟ...

[အား... ငါ့ယောကျ်ား Weibo တင်လိုက်ပြီ! မီးရှူးမီးပန်းတွေဖောက်ပြီး အောင်ပွဲခံကြရအောင်!! ဒီတစ်ခါတော့ ဂျာမန်စီးပွားရေးစာတမ်းတွေလည်း မဟုတ်ဘူး၊ နားမလည်နိုင်တဲ့ ဇယားကွက်တွေလည်း မဟုတ်ဘူး! ငါ့ယောကျ်ားရဲ့ Weibo ကို ငါ နားလည်နိုင်ပြီ! ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်!]

အသုံးပြုသူ ၇၃၄၁၅၀၉ : [မင်းယောကျ်ား မဟုတ်ဘူး။]

[ဘုရားရေ... ငါ ယွီနျန့်ကို အားပေးနေတာလေ! သူ့အသံကို အရမ်းကြိုက်တာ! ငါနဲ့ ငါ့ယောကျ်ားကြားမှာ ပြောစရာ ခေါင်းစဉ်တစ်ခု တူသွားပြီပေါ့! ဒါပေမဲ့ ယွီနျန့်က အသံပြင်စက် သုံးတာမဟုတ်ပါဘူး။ သူအရင်က တင်ထားတဲ့ ပီယာနိူတီးရင်း သီချင်းဆိုတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်ပါဦး။ သူက တကယ်ကို အသံကောင်းတာပါ!]

အသုံးပြုသူ ၇၃၄၁၅၀၉ : [မှန်တယ်။]

[ယွီနျန့်ဆိုတာ ဘယ်သူလဲ။ အရင်က Hot Search ပေါ် တက်ခဲ့တဲ့ အဆိုတော်လား။ ဥက္ကဋ္ဌရှဲ့... ဘာလို့ သူ့ကို ဝေဖန်နေတာလဲ။ ဥက္ကဋ္ဌရှဲ့ရဲ့ ဓာတ်ပုံတစ်ပုံနဲ့ လောင်းကြေးထပ်ရဲတယ်။ ဒီနောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိရမယ်!]

အသုံးပြုသူ ၇၃၄၁၅၀၉ : [မှန်တယ်။]

[ငါ့ရဲ့ နောက်ဆုံးဆန္ဒကတော့ ဥက္ကဋ္ဌရှဲ့ကို မဂ္ဂဇင်းတစ်ခုမှာ အင်တာဗျူးတာ မြင်ချင်တာပဲ! ဓာတ်ပုံတွေလည်း တောင်းဆိုပါတယ်! လောကကြီးရဲ့ အလှတရားကို ရှာဖွေချင်လို့ပါ!]

အသုံးပြုသူ ၇၃၄၁၅၀၉ : [သူမအားဘူး။]

[ဥက္ကဋ္ဌရှဲ့ ဘယ်သူ့ကို ဝေဖန်နေတာလဲဆိုတာ သိချင်လို့ ခေါင်းစဉ်ကို ဖွင့်ကြည့်လိုက်တာ... ဘယ်လိုမျိုး နတ်သားလေးလဲဟေ့! သုံးစက္ကန့်အတွင်းမှာတင် သူ့ပရိသတ် ဖြစ်သွားပြီ! ဆောရီးပါ ဥက္ကဋ္ဌရှဲ့... ရှင့်ကို ငါ့ရဲ့ နှလုံးသား ဘယ်ဘက်အခန်းမှာ ထားပြီး၊ ညာဘက်အခန်းကိုတော့ ယွီနျန့်အတွက် ပေးလိုက်ပြီ!] 

အသုံးပြုသူ ၇၃၄၁၅၀၉ : [နှလုံးသား အခန်းနှစ်ဖက်လုံးမှာ သူ့ကိုပဲ ထားလို့ရပါတယ်။]
***

အထပ် ၃၀၊ လေ့ကျင့်ရေးခန်းမ။ 

မုန့်ယွမ်သည် ဖုန်းကိုကိုင်ကာ နားမလည်နိုင်သလို ရေရွတ်နေသည်။

"မဟုတ်သေးပါဘူး... ဘာလို့ မင်းဆီမှာ ပရိသတ်တွေ အခုလို ချက်ချင်းကြီး တိုးလာရတာလဲ"

ယွီနျန့်သည်လည်း သောက်လက်စ ရေသန့်ဘူးကို ကိုင်ရင်း ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။

"ကျွန်တော်လည်း မသိဘူးဗျ။"

မုန့်ယွမ်က တွေးတွေးဆဆဖြင့်

"လူကြီးမင်း ရှဲ့ကိုလေ မင်း သူ့ကို အရင်က ပြစ်မှားမိတာမျိုး ရှိခဲ့လား" ဟု မေးလာသည်။

ယွီနျန့်က သေသေချာချာ ပြန်စဉ်းစားကြည့်ပြီး ခေါင်းခါပြလိုက်သည်။

"မရှိဘူးရယ်။"

သူတို့ အကြိမ်အနည်းငယ် ဆုံဖူးသော်လည်း ပြောဆိုဆက်ဆံမှုမှာ အလွန်ရင်းနှီးပြီး အထင်မှားစရာ အကြောင်းမရှိပေ။ ထိုအစား သူတို့သည် အပြန်အလှန် လိပ်စာကတ်များ ဖလှယ်ခဲ့ကြသလို မင်္ဂလာနံနက်ခင်းပါဟုပင် စာတိုပို့ဖူးကြသေးသည်။

ထို့အပြင် ယခင်က ပရိသတ်အတုများ၏ ပြဿနာကိုလည်း ရှဲ့ယို့က ကူညီဖြေရှင်းပေးခဲ့သည်မှာ သိသာထင်ရှားလှသည်။ သို့ဆိုလျှင် ချွိရှောက်ရန်က ရှဲ့ယို့ကို ဘာကြောင့် အခုလို လုပ်ခိုင်းရသနည်း။

မုန့်ယွမ်က ဝေခွဲမရဖြစ်နေသည်။

"ဥက္ကဋ္ဌရှဲ့နဲ့ ဥက္ကဋ္ဌချွိတို့က ငယ်ပါသေးတယ်။ မင်းက ချွိရဲ့ လက်အောက်က အနုပညာရှင်တစ်ယောက်ဖြစ်နေတာကြောင့် မင်းကို တိုက်ခိုက်စရာ အကြောင်းမရှိဘူး။ ပြီးတော့ ဒီအချက်ကလည်း မမှန်ဘူးလေ။ မင်းက အသံပြင်စက် သုံးထားတာမှ မဟုတ်တာ။ သူတို့သာ မင်းအရင်က တင်ထားတဲ့ ဗီဒီယိုကို ကြည့်လိုက်မယ်ဆိုရင်..."

ထိုအချိန်တွင် လေ့ကျင့်ရေးခန်းမ တံခါးခေါက်သံ ကြားလိုက်ရပြီး ရှီးရိုက ခေါင်းလေးပြူကာ လှမ်းပြောသည်။

"ယွီနျန့်... မင်းဆီ ပါဆယ်ရောက်နေတယ်လေ။"

ယွီနျန့်က အံ့အားသင့်စွာဖြင့် "ကျွန်တော် ဘာမှ မမှာထားပါဘူး" ဟု ပြန်ပြောလိုက်ပါတော့သည်။

ရှီးရိုသည် အထဲသို့ လှမ်းဝင်လာပြီး လမ်းဖယ်ပေးရင်း တံခါးဘက်သို့ လက်ညှိုးထိုးပြကာ

"ဒါပေမဲ့ သူတို့က မုန့်တွေ လက်ခံရရှိကြောင်း မောင်လေးကို ကိုယ်တိုင် လက်မှတ်ထိုးခိုင်းနေလို့" ဟု ဆိုလာသည်။

"မုန့်တွေလား"

ယွီနျန့်သည် သေသေချာချာ ကြည့်လိုက်သောအခါ စုစုပေါင်း လူငါးဦးရှိနေပြီး တစ်ယောက်ချင်းစီ၏ လက်ထဲတွင် သစ်သားမုန့်ဗူးတစ်ဗူးစီ ကိုင်ထားကြသည်ကို တွေ့လိုက်ရသည်။ ထိုမုန့်ဗူးများကို မြင်သည်နှင့် ချင်းဟဲလမ်းရှိ မုန့်ဆိုင်မှဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိသွား၏။

သူ၏ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားရပြီးနောက် တစ်ဖက်သို့ လှည့်ကာ

"ဟုတ်ကဲ့ ကျွန်တော့်ဆရာကို ဝယ်ခိုင်းလိုက်တာပါ။ အစက သတိမထားမိလိုက်လို့။ အခုလို လာပို့ပေးတာ တကယ်ကို ပင်ပန်းသွားပါပြီ" ဟု ပြောလိုက်သည်။

ထိုလူများ ထွက်သွားကြသောအခါ ယွီနျန့်သည် စီရီထားသော မုန့်ဗူးများကို ကြည့်ရင်း ငေးငိုင်နေမိသည်။ မုန့်ယွမ်က အခြေအနေကို ရိပ်မိသွားပြီး "မင်းဝယ်တာ မဟုတ်ဘူးမလား၊ ဘယ်သူပေးတာလဲ" ဟု မေးလာသည်။

ယွီနျန့်သည် ဗူးတစ်ဗူးကို ဖွင့်ကြည့်လိုက်ပြီး အထဲရှိ ချိုမြိန်သော မုန့်များကို ကြည့်ကာ ပြုံးလျက် "ရှဲ့ယို့ပါ" ဟု ပြန်ဖြေလိုက်သည်။

သူသည် ဤဆိုင်မှ မုန့်များကို အလွန်ကြိုက်နှစ်သက်ကြောင်း သိထားသဖြင့် သူ့အတွက် သီးသန့်ဝယ်ပေးနိုင်သူမှာ ရှဲ့ယို့တစ်ယောက်သာ ရှိပေမည်။

"ဥက္ကဋ္ဌရှဲ့လား" မုန့်ယွမ်က မုန့်ဗူးကို အမြန်ဖိထားလိုက်ပြီး

"ဒါ... ဒါက အဆိပ်တွေဘာတွေ ပါမနေဘူးမလား" ဟု စိုးရိမ်တကြီး မေးလာသည်။

ယွီနျန့်က ရယ်မောလိုက်ပြီး "မဟုတ်တာဗျာ" ဟု ဆိုကာ လက်ရာမြောက်လှသည့် မုန့်တစ်ခုကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ချိုမြိန်သော အရသာမှာ ပါးစပ်ထဲတွင် ပြည့်နှက်သွားပြီး

"ကြည့်ပါဦး၊ ကျွန်တော် အခုထိ ဘာမှမဖြစ်ဘူး မဟုတ်လား" ဟု ဆိုလိုက်သည်။

မုန့်ယွမ်ကတော့ စိတ်မအေးနိုင်သေးဘဲ "အာနိသင်နှေးတဲ့ အဆိပ်မျိုး ဖြစ်နေနိုင်တာပဲ!" ဟု ပြောနေဆဲပင်။

ယွီနျန့်က ဗူးအဖုံးကို ပြန်ပိတ်လိုက်ပြီး ခေါင်းခါပြကာ "သူ့မှာ တစ်ခုခုတော့ အကြောင်းပြချက် ရှိမှာပါ" ဟု ခပ်အေးအေး ပြန်ပြောသည်။

ရှီးရိုက "ခုနက Weibo Post ကို မောင်လေး မြင်ပြီးပြီလား" ဟု မေးလာသည်။

"မြင်ပြီးပြီ။ အခုလိုပြောရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းရာ ကျမလားမသိပေမဲ့ သူက ကျွန်တော့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိမှာမဟုတ်ပါဘူး"

ယွီနျန့်သည် သူ့ရှေ့ရှိ မုန့်ငါးဗူးကို ကြည့်ရင်း သူ့စိတ်ထဲတွင် ပေါ်လာသော စကားတစ်ခွန်းကိုတော့ ထုတ်မပြောဖြစ်ခဲ့ပေ။

အစက Weibo ပေါ်မှာ ဆဲပြီး အခုကျတော့ ချက်ချင်းကြီး မုန့်တွေ လာပို့ပေးတယ်ဆိုတာ... ကျွန်တော့်ကို ချော့နေသလိုမျိုးလား….

ရှီးရိုမှာ စိုးရိမ်နေဆဲဖြစ်ပြီး မျက်မှောင်ကြုတ်ကာ

"ဒါပေမဲ့ ဒီလိုမျိုးဆိုရင် နျန့်နျန့်ရဲ့ လမ်းခရီးက ချောမွေ့ပါ့မလား" ဟု ဆိုသည်။

မုန့်ယွမ်က သူမဆိုလိုသည်ကို နားလည်သွားပြီး

"ရှင်းယောင်က ချွိမိသားစုရဲ့ ကျောထောက်နောက်ခံ ရှိသလို ဥက္ကဋ္ဌချွိကလည်း ဒီမှာရှိနေတာပဲ။ ပြီးတော့ Weibo ပေါ်က အပြောလောက်က သူ့ကို သိပ်ပြီး မထိခိုက်နိုင်တာမို့ သိပ်စိတ်မပူပါနဲ့" ဟု ဆိုကာ ယွီနျန့်ဘက်သို့ လှည့်၍

"နျန့်နျန့်... ဒီကိစ္စတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေနဲ့နော်။ နောက်အပိုင်းအတွက်သာ သေချာပြင်ဆင်ပါ။ ကကွက်လေ့ကျင့်တာ ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။

ယွီနျန့်က ခေါင်းညိတ်ပြပြီး

"အစ်ကိုမုန့် စိတ်ချပါ။ ဆရာအန်းနဲ့ ဆရာဟော့တို့က သေချာကြည့်ပေးထားပါတယ်၊ လှုပ်ရှားမှုတွေလည်း အကုန်လုံး စီစဉ်ပြီးပါပြီ။ ထပ်ပြီး လေ့ကျင့်မယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။

ယွီနျန့်သည် ရှင်းယောင်မှ အိမ်သို့ ပြန်ရောက်သောအခါ မုန့်များကို သိမ်းရုံရှိသေးစဉ် ဖုန်းမြည်လာသည်။ စခရင်ပေါ်တွင် ပေါ်လာသော အမည်ကို မြင်လိုက်ရသောအခါ သူ၏အသက်ရှူသံများ မြန်လာပြီး "ဟယ်လို၊ ဦးလေးရုံ" ဟု နှုတ်ဆက်လိုက်သည်။

တစ်ဖက်မှ ရုံယွဲ့က စိတ်လှုပ်ရှားစွာဖြင့်

"နျန့်နျန့်... မင်းရှာခိုင်းထားတဲ့ ယူညောင်မင်ကျောက်စိမ်း ဝိုင်အိုးကို ငါ ရှာတွေ့ပြီဟေ့။ ပြင်သစ် စုဆောင်းသူတစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေတာပါ။ မကြာခင်က သူ့မိသားစုမှာ အခက်အခဲတစ်ခု ဖြစ်သွားလို့ စုဆောင်းထားတာတွေထဲက တစ်ချို့ကို ငွေသားရဖို့ ပြန်ရောင်းရမယ်တဲ့။ အခုလေးတင် သတင်းထွက်လာတာ" ဟု ပြောလာသည်။

ယွီနျန့်၏ နှလုံးခုန်သံမှာ ပို၍ မြန်လာပြီး "လေလံတင်မှာလားဟင်" ဟု မေးလိုက်သည်။

"ဟုတ်တယ်။ လေလံတင်မယ်ဆိုတာ အတည်ပြုပြီးပြီ"

"ဒါဆိုရင်တော့ တော်သေးတာပေါ့! လေလံတင်မယ်ဆိုရင် အခွင့်အရေး ရှိနေသေးတာပဲ"

ယွီနျန့်က သက်ပြင်းချလိုက်ပြီးနောက် ပြန်ပြုံးကာ "ဒါဆို ဦးလေးရုံကိုပဲ ထပ်ပြီး အကူအညီ တောင်းရတော့မယ်။ ကျွန်တော့်မှာ ပိုက်ဆံအလုံအလောက် ရှိပါတယ်။ ခဏနေရင် လွှဲပေးလိုက်ပါ့မယ်" ဟု ဆိုသည်။

"အားနာစရာ စကားတွေ ပြောမနေပါနဲ့" ဟု ဆိုကာ ရုံယွဲ့က ထပ်မံ အကြံပြုလာသည်မှာ

"မင်းက ငယ်သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့။ မင်းရဲ့ အဘိုးနဲ့ အဘွားသာ သိရင် စိတ်မကောင်း ဖြစ်ကြမှာ"

ယွီနျန့်က တစ်ဖက်လူ၏ စေတနာကို နားလည်သဖြင့် နွေးထွေးစွာပင်

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ ပိုက်ဆံ အလုံအလောက် ရှိပါတယ်" ဟု ပြန်ပြောလိုက်သည်။

စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချသွားသည်။ ယွီနျန့်သည် ခြေတံရှည်များကို ကွေးကာ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး ဆိုဖာကို မှီရင်း မသိစိတ်မှ ပြုံးလိုက်မိသည်။

တစ်ခုခုကို သတိရသွားပြီး သူ၏ဖုန်းကို ပြန်ဖွင့်ကာ ဘဏ်အကောင့်ထဲရှိ လက်ကျန်ငွေကို စစ်ဆေးလိုက်သည်။ ရှင်းယောင်မှရသော ငွေများနှင့် 'သဘာဝတရား၏ အသံ'ရှိုးမှရသော ငွေများကို သူ လုံးဝမသုံးဘဲ စုထားသဖြင့် သုညများစွာ ပါဝင်နေသည့် ဂဏန်းများကို ကြည့်ကာ သူ အလွန်ပျော်နေမိသည်။

သို့သော်လည်း ရုံယွဲ့ထံသို့ ငွေများ လွှဲပေးပြီးနောက်တွင်တော့ ယွီနျန့်သည် လက်ကျန်ငွေကို သုံးကြိမ်ဆက်တိုက် ပြန်ရေတွက်ကြည့်ကာ သက်ပြင်းချလိုက်ရသည်။ လက်ထဲတွင် ယွမ်ငါးရာသာ ကျန်တော့သည်မဟုတ်လား။

သူသည် ရှဲ့ယို့ ပို့ပေးထားသော မုန့်ငါးဗူးကို ပြန်ကြည့်လိုက်ပြီးနောက် စိတ်ပြန်ပျော်သွားသည်။

လာမည့် ရက်အနည်းငယ်အတွက် မနက်စာကတော့ အဆင်ပြေသွားပြီလေ။

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...