Skip to main content

13





အပိုင်း (၁၃)

“ဧည့်ကြိုနဲ့ ဟင်းချက်တာကို သန့်ရှင်းရေးအဒေါ်ကြီးက လုပ်တယ်၊ စားပွဲထိုးနဲ့ လုံခြုံရေးကိုတော့ လူမိုက်တွေကို အပြင်က ငှားထားတယ် ။ ဒီလို တည်းခိုခန်းမျိုးမှာ တကယ်ပဲ စီးပွားရေးခံယူချက်ဆိုတာ ရှိလို့လား”

ရှန်ယွီ တိုးတိုးလေး ရေရွတ်တော့ ချန်ကျန့်က သူ့ကို လှည့်ကြည့်လိုက်သည်။ သူ ပြောတာက မမှားပေမဲ့လည်း…

“ဘယ်သူက ကိုယ့်စီးပွားရေးအကြောင်းကိုယ် အဲ့ဒီလို ပြောလို့လဲ”

“ဒီနှစ်ရက်အတွင်းမှာတော့ ဒါက ငါ့စီးပွားရေး မဟုတ်ဘူးလေ”

ချန်ကျန့်မှာ မတတ်သာတော့ဘဲ တစ်ခုခု ထပ်ပြောရန် ပြင်စဉ်မှာပင် ချန်အာဟူက ကြားဖြတ်နှုတ်ဆက်လိုက်သည်။ ဟင်းတွေ မရောက်သေးသော်လည်း ထိုလူစုမှာ အရက်များကို ငှဲ့ပြီးနေပြီ ဖြစ်သည်။ ချန်အာဟူက ဖန်ခွက်ကို မြှောက်ကာ ထရပ်လိုက်သည်။

“ဘော့စ်ရှန်”

“အင်း” ရှန်ယွီက သူ၏ လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပြန်ထူးလိုက်သည်။

“ဒါက အရက်လေ” ဟု ချန်အာဟူက သတိပေးလိုက်သည်။

“ငါ အရက်မသောက်ဘူး”

ချန်အာဟူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ သူက ဝက်ခြံလုံခြုံရေးအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ သာမန်လူပဲ ဖြစ်ဖြစ်၊ ဒီလိုမျိုး တိုက်ရိုက်အငြင်းခံရလျှင် မည်သူမဆို မျက်နှာပျက်ရမည်မှာ အမှန်ပင်။ ချန်ကျန့်ပင် ခေတ္တမျှ ထိတ်လန့်သွားမိသည်။

“ငါ ဆေးသောက်နေရလို့ပါ ။ ငါ့ခြေထောက်ဒဏ်ရာအတွက် ပိုးသတ်ဆေးတွေ သောက်နေရတယ်”

“အော်” ချန်အာဟူ၏ အမူအရာမှာ မြန်လွန်းသဖြင့် လိုက်မမီနိုင်အောင်ပင် ချက်ချင်း ပြန်ပြောင်းသွားသည်။ သူက ခေတ္တမျှ တန့်သွားပြီးမှ

“ဒါဆိုရင်တော့ မသောက်သင့်ဘူးပေါ့။ လက်ဖက်ရည်ပဲ သောက်ပါ၊ လက်ဖက်ရည်ပဲ သောက်” ဟု ဆိုလေသည်။

ရှန်ယွီက သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည် ။

“အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ အတူတူ တိုးတက်ကြဖို့အတွက်”

ချန်အာဟူက ခေါင်းကို နောက်လှန်ကာ အရက်ကို မော့ချလိုက်သည်။

“အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်ဖို့။ အတူတူ တိုးတက်ဖို့”

ခေတ္တမျှ အနေရခက်သွားပြီးနောက်တွင် ဘော့စ်ကျန်းက ငါးဟင်းအိုးကို သယ်လာပေးသဖြင့် အငွေ့အသက်မှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာတော့သည်။

“နောင်ကျရင်…ခုနကလိုမျိုး ကိစ္စတွေကို အစီအစဉ်လေး နည်းနည်းပြောင်းပြီး ပြောကြည့်ပါလား။ မဟုတ်ရင် ရန်ဖြစ်ဖို့က တအားလွယ်တယ်”

” ချန်ကျန့်က ရှန်ယွီအနားသို့ တိုးကပ်ကာ တိုးတိုးလေး ဆိုသည်။

“အော်” ရှန်ယွီက လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

ချန်ကျန့် ခေတ္တရပ်သွားသည် “မင်း အဲ့ဒါကို တမင်လုပ်တာလား”

“နည်းနည်းလောက် အသံကျယ်ကျယ် ပြောပါဦး…သူတို့တွေ မကြားမှာ စိုးလို့ပါ”

ချန်ကျန့်သည် သူ၏ စောစောက အသံပမာဏကို ခေါင်းထဲ၌ ပြန်တွေးကြည့်လိုက်သည်

“ကျွန်တော်က...”

“ချန်ကျန့်” ချန်အာဟူက ရုတ်တရက် အော်ခေါ်လိုက်သည်။

“ဗျာ” ချန်ကျန့် လန့်သွားသည်။

“အခုဆို ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီ”

ချန်အာဟူက ဖန်ခွက်ကို မြှောက်လိုက်သည်။

“အရင်က ရန်ငြိုးတွေကို ခေတ္တ ဘေးဖယ်ထားကြရအောင်”

ကျွန်တော် အလုပ်ထွက်တဲ့အခါကျမှ အဲ့ဒါတွေကို ပြန်ကောက်ယူမလို့လား ချန်ကျန့်က သူ၏ခွက်ကို မြှောက်ကာ ချန်အာဟူ၏ခွက်နှင့် တိုက်လိုက်ရင်း စကားဖြတ်ပြောလိုက်သည်။

“အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်”

“အဆင်ပြေဖို့” ချန်အာဟူက ဖန်ခွက်ထဲရှိ အရက်ကို ထပ်မံ မော့ချလိုက်ပြန်သည်။

ဒါက ချန်ကျန့်အတွက် ချန်အာဟူတို့ အဖွဲ့နှင့် ပထမဆုံးအကြိမ် အတူတူ ထမင်းစားဖူးခြင်း ဖြစ်သည်။ ရှန်ယွီမှာ ယခင်က ဒီလိုမျိုး ထမင်းစားပွဲတွေ ကြုံဖူးသလားတော့ မသိ၊ သူကတော့ ဆူညံလွန်းသဖြင့် ခေါင်း ကိုက်နေပြီ။ ထိုလူစုမှာ အားရပါးရ စကားပြောကြပြီး ပါးစပ်က နားသည်ကို မရှိ။ အားလုံးက တစ်ချိန်တည်းမှာပင် စကားပြောနေကြသလို၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့နှင့် အလုပ်ရှုပ်နေကြသည်။ ပါးစပ်ကြွက်သားတွေက တော်တော်သန်မာပုံရသော်လည်း အစားစားခြင်းကိုတော့ လုံးဝ မထိခိုက်ချေ။ ရှန်ယွီ မှာထားသော ငါးဟင်းနှင့် မလောက်သဖြင့် ကြက်သားဟင်းတစ်အိုး ထပ်တိုးလိုက်ကြသည်။ ရှန်ယွီမှာ စကားပြောခဲလှပြီး အစားလည်း သိပ်မစားဘဲ ကုလားထိုင်ပေါ်တွင် မှီကာ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုဖြင့်သာ ကြည့်နေလေသည်။

ရှန်ယွီ အရင်က မကြိုက်ခဲ့သော လိမ္မော်ရည်ပုလင်းကို ချန်ကျန့် သတိရမိသည်။ ဟင်းအိုး ပူပူနွေးနွေးရှိတုန်း ကြက်သားအချို့ စားရန် သူ သတိပေးတော့မည့်အချိန်မှာပင် သူ၏ဘယ်ဘက်တွင် ငြိမ်သက်စွာ ထိုင်နေသော ကျောက်ဖန်းဖန်းက လက်ဖက်ရည်ခွက်ကို ကိုင်ကာ ရှန်ယွီဘက်သို့ လှမ်းချိန်လိုက်သည်။

“သဘောကောင်းတဲ့ ဘော့စ်ကြီး”

“ဟေး ဟေး” ရှန်ယွီက ရုတ်တရက် ကိုယ်ကို မတ်လိုက်ပြီး သူ၏ လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်

“ကျောက်ကျဲ... ကျွန်တော်ကပဲ အရင် နှုတ်ဆက်ပါရစေ”

“ကျွန်မကပဲ နှုတ်ဆက်ပါရစေ။ ကျွန်မလည်း အရက်မသောက်တတ်လို့ လက်ဖက်ရည်ပဲ သုံးပါရစေ။ စိတ်ထဲ မထားပါနဲ့ ။ ကျွန်မကပဲ နှုတ်ဆက်ပါတယ် ဘော့စ်”

ရှန်ယွီက သူ၏ခွက်ကို ကိုင်ကာ အောက်ခြေမှ ပင့်မလျက် ကျောက်ဖန်းဖန်း၏ခွက်နှင့် တိုက်လိုက်သည်။

“ဟုတ်ကဲ့ ။ ကျောက်ကျဲလည်း ဒီရက်ပိုင်းတွေမှာ တကယ်ပဲ ပင်ပန်းသွားပြီနော်”

“မပင်ပန်းပါဘူး၊ ရတဲ့ပိုက်ဆံနဲ့ ထိုက်တန်အောင် လုပ်ရမှာပေါ့ ။ အဲ့ဒီ... အခု လူတွေ ထပ်ငှားနေပြီဆိုတော့ ရေရှည်အတွက်ပေါ့၊ ကျွန်မကလည်း ဒီမှာ အရင်ကတည်းက အလုပ်လုပ်ခဲ့တာဆိုတော့၊ ချန်ကျန့်လည်း သိပါတယ်၊ ကျွန်မ လုပ်လာတာ ကြာပြီဆိုတာ...”

ကျောက်ဖန်းဖန်း စကားစလာလျှင် ဖြတ်ပြောရန် ခက်ခဲလှသည်။ ကံကောင်းထောက်မစွာဖြင့် ရှန်ယွီမှာ အတွေ့အကြုံရှိနေပြီ ဖြစ်သည်။ သူမ ဆက်ပြောသည်ကို မစောင့်တော့ဘဲ သူက အဓိကအချက်ကို တိုက်ရိုက် ပြန်ပြောလိုက်သည်။

“ပြဿနာ မရှိပါဘူး၊ ဆက်ပြီး အလုပ်လုပ်လို့ ရပါတယ်”

ထိုစကားတစ်ခွန်းနှင့်ပင် ကျောက်ဖန်းဖန်းမှာ စိတ်အေးသွားတော့သည်။ သူမသည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ခေါင်းငုံ့၍ အစား ဆက်စားနေတော့သည်။ ဒီရက်ပိုင်း အလုပ်လုပ်ရသည်မှာ သူမ တကယ်ပင် ပင်ပန်းနေဟန်ရှိသည်။ ရှန်ယွီသည်လည်း သူ၏ခွက်ထဲမှ လက်ဖက်ရည်ကို မသောက်ချေ။

ချန်ကျန့်သည် ထိုင်နေရာမှ ထကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။ သူ့ကို သန့်ရှင်းရေး ကြိုက်လွန်းသူဟု ဆိုရမည်ဆိုလျှင်လည်း သူသည် တည်းခိုခန်းအတွင်း ဖုန်တွေ တက်နေသည့် နေရာပဲဖြစ်ဖြစ်၊ သန့်ရှင်းနေသည့် နေရာပဲဖြစ်ဖြစ် ဘယ်မှာမဆို ထိုင်နိုင်သည်။ ဂိုဒေါင်ထဲက ဖုန်တွေတက်နေတဲ့ အအေးတွေကိုလည်း ဘာမှမစဉ်းစားဘဲ သောက်နိုင်သည်။ သို့သော် သူက သန့်ရှင်းရေး မကြိုက်သူဟု ဆိုရမည်ဆိုလျှင်လည်း ယခု ထမင်းစားပွဲ တစ်လျှောက်လုံးတွင် သူ ဘာမှ သောက်ခြင်း၊ စားခြင်း မရှိသလောက်ပင်။

“ကျန်းအိုကြီး... ကိုလာ ရှိလား” ချန်ကျန့်က ကောင်တာတွင် မေးလိုက်သည်။

“ရှိတယ်” ဘော့စ်ကျန်းက ရေခဲသေတ္တာကို ညွှန်ပြသည် ။ “ကိုယ့်ဘာသာကိုယ်ပဲ ယူလိုက်ပါ”

ချန်ကျန့် ကိုလာတစ်‌ဗူး ယူလိုက်သည်။ ဘော့စ်ကျန်းက ကောင်တာပေါ် မှီလိုက်ရင်း

“ဟေး ချန်ကျန့်... အာဟူတို့ လူစုက အခု အဲ့ဒီ သရဲအိမ်မှာ အလုပ်လုပ်နေကြတာလား” ဟု စပ်စုလာသည်။

“အားလုံးတော့ မဟုတ်ဘူး၊ အလှည့်ကျ လုပ်ကြတာ”

“အလှည့်ကျ…ဘယ်နေရာက သူတို့ကို အလှည့်ကျ ခိုင်းနိုင်မှာလဲ။ ဒီ ဘော့စ်အသစ်ကတော့...”

ဘော့စ်ကျန်းက မဲ့ကာရွဲ့ကာဖြင့် “သူ့မှာ တစ်ခုခုတော့ ရှိမှာပဲ။ သူ အရင်က ဘာလုပ်ခဲ့တာလဲ”

လူတွေကို ဆဲဆိုတဲ့ နေရာမှာ ကျွမ်းကျင်တဲ့လူ ဖြစ်မှာပေါ့…

“မသေချာဘူး”

ချန်ကျန့် မရေမရာပြောရင်း ခွက်တစ်ခု ယူလိုက်သည်။ အခန်းထဲသို့ ပြန်ရောက်သည့်အခါ ချန်ကျန့်သည် ရှန်ယွီဘေးတွင် ပြန်ထိုင်ပြီး ကိုလာနှင့် ခွက်ကို ရှန်ယွီရှေ့တွင် ချပေးလိုက်သည်။

“ဘော့စ် ဒါ သောက်မလား”

ရှန်ယွီက သူ့ကို အံ့သြသလို ကြည့်လိုက်သည် ။

“မင်းကတော့ တကယ့်ကို ထူးချွန်တဲ့ လက်ထောက်ပဲ”

ချန်ကျန့် သက်ပြင်းချကာ ဘာမှ မပြောတော့ချေ။

“ကျေးဇူးပဲ”

“ရပါတယ်”

“အဲ့ဒီ စကားနှစ်ခွန်းကိုကော ရှေ့နောက်ပြောင်းပြောဖို့ လိုသေးလား” ရှန်ယွီက မေးလာသည်။

“မလိုပါဘူး၊ အဲ့ဒီ စကားနှစ်ခွန်းကတော့ ဘယ်သူက အရင်ပြောပြော၊ ဘယ်သူက နောက်မှပြောပြော ရလဒ်ကတော့ ကောင်းမှာ မဟုတ်ဘူး” ချန်ကျန့်က ဆိုလိုက်သည်။

ရှန်ယွီက ရယ်မောလိုက်ပြီး ကိုလာကို ဖွင့်ကာ ခွက်ထဲ ထည့်လိုက်သည်။

“ဒီထမင်းစားပွဲက ငါ့လည်ပင်းကို တော်တော် ခြောက်စေတာပဲ”

“ကျွန်တော် ဘော့စ် ကို အရင် ပြန်လိုက်ပို့ပေးရမလား”

ချန်ကျန့်က မေးလိုက်သည်။ အဲ့ဒါဆိုရင် သူလည်း စောစော ပြန်လို့ရမှာပေါ့၊ ဆူညံသံတွေကြောင့် သူလည်း ခေါင်းပေါက်တော့မတတ် ဖြစ်နေပြီ ။

“မလိုဘူး။ရတယ်။တစ်ခါတစ်လေ ဒီလိုမျိုး စားရတာလည်း တော်တော် ပျော်စရာကောင်းသားပဲ”

“...ပျော်စရာကောင်းတယ်”

ချန်ကျန့်က ရှေ့က လူတွေကို မကြည့်ဘဲ မနေနိုင်တော့ချေ ။

“ဘာက ပျော်စရာကောင်းလို့လဲ”

“ဦးနှောက်မရှိတဲ့လူတွေကို ရင်ဆိုင်ရတဲ့ အသာစီးရမှုပေါ့လေ”

ရှန်ယွီသည် ချန်အာဟူက အချိန်နှောင်းပြီဖြစ်ကြောင်းနှင့် မနက်ဖြန် အလုပ်ရှိကြောင်း ပြောသည်အထိ စောင့်နေပြီးမှ ထလာခဲ့သည်။ အပြင်သို့ ထွက်လာသည့်အခါ ချန်ကျန့်က အပေါ်သို့ မော့ကြည့်လိုက်သည်။ ဆံပင်တိုနှင့် မိန်းကလေး ပြောသကဲ့သို့ပင် ယနေ့ညတွင် လမင်းမှာ တကယ့်ကို လှပနေပြီး၊ ကြီးမားဝိုင်းစက်ကာ ငြိမ်သက်နေသော တောင်တန်းတောအုပ်ကြီးအပေါ်တွင် မီးအိမ်ဖြူကြီး ဆွဲချိတ်ထားသလိုပင်။

“နတ်ပြည်လိုပဲ”

ရှန်ယွီသည် ချန်ကျန့်နှင့် ဘေးချင်းကပ်ရပ်ရင်း ရေရွတ်လိုက်သည်။

“ဟုတ်တယ်”

“ချန်ကျန့်… ငါတို့ မြစ်ကမ်းဘေးကို ခဏလောက် သွားရအောင်။ ခုနက ဆူညံသံတွေကြောင့် ငါ့နားစည်တွေတောင် လျော့ရဲကုန်ပြီ၊ အနားယူဖို့ လိုတယ်”

“ကောင်းပြီလေ” ချန်ကျန့်က ဘေးတွဲဆိုင်ကယ်ပေါ် တက်လိုက်သည်။ ရှန်ယွီ အနောက်တွင် ထိုင်ပြီးနောက် အရင်က ကြိုးစကို ထုတ်လိုက်သည်။

“ဖြည်းဖြည်းပဲ မောင်းပါ” ရှန်ယွီက သူ၏ခြေထောက်ကို အထဲသို့ အနည်းငယ် ဆွဲသွင်းလိုက်သည်

“အဲ့ဒီဟာကြီးကို ဖယ်လိုက်တော့”

ချန်ကျန့် ရယ်မောလိုက်ပြီး ကြိုးစကို ဆိုင်ကယ်ရှေ့တွင် ချိတ်ထားလိုက်သည်။ မြစ်ကမ်းဘေးမှာ ရှည်လျားလှပြီး လူအနည်းငယ်သာ ရှိသည်။ အချို့မှာ ခရီးသည်များဖြစ်ပြီးသူတို့တည်းခိုခန်းက ဧည့်သည်တွေလည်း အဲ့ဒီမှာ ရှိနေလောက်သည်။ အချို့မှာ ဒေသခံ ချစ်သူရည်စားများ ဖြစ်ကြသည်။ ချန်ကျန့်သည် ဆိုင်ကယ်ကို မြစ်ကမ်းဘေးတွင် ရပ်လိုက်သည်။ ရှန်ယွီသည် ချိုင်းထောက်ကို အားပြုကာ ကမ်းဘေးသို့ လျှောက်သွားပြီး ငြိမ်သက်စွာ ရပ်ကာ လရောင်အောက်တွင် လင်းလက်နေသော တောအုပ်ကြီးကို လှမ်းကြည့်နေလေသည်။ ချန်ကျန့်က အစပိုင်းတွင် လမ်းလျှောက်ဦးမလားဟု မေးရန် ပြင်သော်လည်း၊ ရှန်ယွီ စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သဖြင့် ဘာမှ မပြောတော့ဘဲ နောက်က ကျောက်တုံးတံတိုင်းပေါ်တွင် ထိုင်နေလိုက်သည်။

ဆယ်မိနစ်ခန့်ကြာသည်အထိ ရှန်ယွီမှာ ဘာကို ကြည့်နေမှန်း၊ ဘာကို တွေးနေမှန်း မသိဘဲ ငြိမ်သက်စွာ ရပ်နေလေသည်။ သူသည် ညအမှောင်ထုနှင့် လုံးဝ တစ်သားတည်း ဖြစ်နေသဖြင့် ချန်ကျန့်မှာ သူသည် ညလေနှင့်အတူ ပျောက်ကွယ်သွားတော့မလားဟုပင် ခံစားနေရသည်။ ချန်ကျန့်လည်း တစ်ခါတစ်ရံ မြစ်ဘေးတွင် စိတ်ကူးယဉ်တတ်သလို၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိစ္စများစွာကို တွေးတောတတ်သည်။ သို့သော် သူသည် တစ်နေရာတည်းတွင် လုံးဝ ငြိမ်သက်စွာ မနေနိုင်ဘဲ ဖိနပ်ကို ပွတ်ခြင်း သို့မဟုတ် မြက်ပင်များကို ဆွဲခြင်းမျိုး အမြဲ လုပ်တတ်သည်။ ရှန်ယွီကတော့ မိနစ်နှစ်ဆယ်ခန့် ငြိမ်သက်စွာ ရပ်နေလေသည်။ ချန်ကျန့်မှာ ပတ်ဝန်းကျင် ရှုခင်းအားလုံးကို သူ၏ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီးသွားပြီ ဖြစ်သဖြင့် လုပ်စရာ လုံးဝ မရှိတော့ချေ။ သူသည် ရှန်ယွီကို ဖုန်းမှန်သားပြင်ထဲမှတစ်ဆင့် ကြည့်ကာ နောက်ထပ် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပြန်သည်။

“ဘော့စ်ရှန်”

ချန်ကျန့် လှမ်းခေါ်သော်လည်း ရှန်ယွီက ပြန်မထူးချေ။

“ရှန်ယွီ”

ချန်ကျန့် မတ်တတ်ရပ်ကာ ထပ်ခေါ်လိုက်သည်။ သူ နောက်တစ်ကြိမ် ထပ်ခေါ်တော့မည့်အချိန်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်သွားရာ သူက ငုံ့ပြီး နှာချေလိုက်မိသည်။

“ဟေး,,,သွားကြရအောင်။ မင်း အအေးမိနေဦးမယ်”

“ရပါတယ်…ဘော့စ် ဆက်ပြီး…”

“နေမကောင်းလို့ ခွင့်ယူရင် ပိုက်ဆံဖြတ်မှာနော်”

ချန်ကျန့်စကားမဆုံးခင် ရှန်ယွီက ဖြတ်ပြောသည်။

“ဘော့စ် ကျွန်တော့်ကို လစာပေးပြီးသားပဲလေ”

“တတိယလရဲ့ လစာထဲက ဖြတ်မှာပေါ့ ။ မင်းက ဆက်ပြီး အလုပ်မလုပ်တော့ဘူးလား”

တည်းခိုခန်းသို့ ပြန်ရောက်သည့်အခါ ဝင်းထဲတွင် ဗင်ကားအသေးလေး တစ်စီး ရပ်ထားသည်ကို တွေ့ရသည်။ တန်ရွှေ မောင်းလာခြင်း ဖြစ်ပေသည်။ ချန်ကျန့်သည် ကားရှေ့ဘီးပေါ်တွင် တင်ထားသော ကားသော့ကို တွေ့သဖြင့် ယူကာ အိတ်ကပ်ထဲ ထည့်လိုက်ပြီးမှ စိတ်အေးသွားတော့သည်။ မနက်ဖြန် အလုပ်များကတော့ သေချာသွားပြီ။ အဝတ်များလျှော်ရန် ပို့ခြင်းနှင့် ရှန်ယွီနှင့်အတူ ကားသွားကြည့်ခြင်းတို့ ဖြစ်သည်။

ယနေ့ အရက်သောက်ထားသော လုံခြုံရေးဝန်ထမ်းများမှာ အိမ်ပြန်၍ အနားယူကုန်ကြပြီ ဖြစ်သော်လည်း ဆန်းပင်းကတော့ ဝင်းထဲတွင် ထိုင်နေဆဲ ဖြစ်သည်။ သူသည် ခဏနေလျှင် မွေ့ရာကို သယ်သွားရန် စောင့်နေခြင်းဖြစ်ကြောင်း ချန်ကျန့် သိသည်။ ရှန်ယွီက ဆန်းပင်း ဘာလို့ရှိနေတာလဲဟု မမေးဘဲ အိမ်ထဲသို့ တန်းဝင်သွားလေသည်။ ချန်ကျန့်လည်း ဒီလောက်ကြီးတဲ့ မွေ့ရာကြီးကို ဆိုင်ကယ်ပေါ်တင်ပြီး ဘယ်လိုသယ်မလဲဆိုတာကို မမေးတော့ချေ။ မေးခွန်းတွေ အများကြီး မေးနေလျှင် အနေရခက်ရုံသာ ရှိမည်။

ရှန်ယွီသည် အလုပ်ချိန်ပြီးနောက် ဆန်းပင်း ရှိနေခြင်းကို ဂရုမစိုက်ဟု ချန်ကျန့် ထင်ခဲ့သော်လည်း၊ ရှန်ယွီ၏ ခြေထောက်ကို ပိုးသတ်ပေးနေချိန်တွင် ရှန်ယွီက မေးလာသည်။

“ဆန်းပင်း ဘာလို့ အခုထိ ပြန်မသွားသေးတာလဲ။ သူ ဒီည တစ်ယောက်ယောက်နဲ့ ဂျူတီ လဲထားလို့လား”

“မဟုတ်ပါဘူး” ချန်ကျန့်က ဂွမ်းတံကို ကိုင်ထားသည်။ ရှန်ယွီ၏ ဒဏ်ရာမှာ အနည်းငယ် နီနေသဖြင့် ယနေ့ လှုပ်ရှားမှု များသွားပုံရသည်။

“သူက... တတိယထပ်က လွှင့်ပစ်မယ့် မွေ့ရာကို ခဏနေရင် သယ်သွားမလို့လေ”

ရှန်ယွီ ဘာမှ မပြောချေ။ ချန်ကျန့်က သူ့ကို လှမ်းကြည့်လိုက်သည်။ သာမန်အားဖြင့်ဆိုလျှင် ဒါက ပြဿနာ မဟုတ်သော်လည်း၊ ရှန်ယွီ၏ တိတ်ဆိတ်မှုက သူ့ကို ရုတ်တရက် စိတ်မအေးဖြစ်စေသည်။

“မင်း အဲ့ဒီမွေ့ရာကို လိုချင်သေးလို့လား”

“မလိုပါဘူး၊ လွှင့်ပစ်မယ့်ဟာပဲလေ ။ ဒါပေမဲ့ အဲ့ဒါကို လွှင့်မပစ်ရသေးဘူး၊ အခန်းထဲမှာပဲ ရှိနေသေးတယ်၊ ဟုတ်တယ်မလား”

“ဟုတ်တယ်” ချန်ကျန့် ခေါင်းညိတ်သည်။

“နောင်ကျရင် ဒီလိုမျိုး ကိစ္စတွေကို မလုပ်နဲ့တော့”

ချန်ကျန့် လန့်သွားသည်။ ရှန်ယွီ၏ မျက်နှာမှာ ပုံမှန်နှင့်မတူဘဲ တည်ကြည်နေလေသည်။

“အခန်းထဲက ပစ္စည်းတွေကို အဲ့ဒီပစ္စည်းက အသုံးမလိုတော့တာပဲ ဖြစ်ဖြစ်၊ လွှင့်ပစ်မှာပဲ ဖြစ်ဖြစ် တိုက်ရိုက်ယူခွင့် မရှိဘူး” ဟု ရှန်ယွီက ဆိုသည်။

“ဒါပေမဲ့...” ချန်ကျန့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

“တကယ်လို့ ပစ္စည်းတွေကို အပြင်ထုတ်ပြီး လွှင့်ပစ်လိုက်ပြီဆိုရင်တော့ သူ ယူလို့ရတယ်။ဒါက လုပ်ထုံးလုပ်နည်းအရပဲ ဖြစ်ဖြစ်၊ အဲ့ဒီအတိုင်းပဲ လုပ်ရမယ်”

“ဘာများ ကွာခြားလို့လဲ” ချန်ကျန့်က မေးသည်။

“ကွာခြားတာပေါ့။ ဒါတွေက တိတိကျကျ လိုက်နာရမယ့် စည်းကမ်းတွေပဲ။ အရင်က သေချာ မပြောရသေးလို့ ဒီတစ်ခါတော့ ငါ ဘာမှမပြောတော့ဘူး၊ ဒါပေမဲ့ နောင်ကျရင်တော့ ဒါမျိုး ထပ်မဖြစ်စေနဲ့”

ချန်ကျန့်၏ ပိုးသတ်နေသော လက်မှာ ရပ်သွားသည်။ အမှန်အတိုင်း ပြောရလျှင် ဒီရက်ပိုင်း ရှန်ယွီနှင့် အတူနေလာပြီးနောက် ရှန်ယွီမှာ ပေါ့ပေါ့ပါးပါး နေတတ်သူ၊ ဘာကိုမှ ဂရုမစိုက်သလို နေတတ်သူ၊ နောက်ပြောင်လို့ရသူ၊ စကားပြန်ပြောလို့ရသူ၊ ဘော့စ်ရာထူးကနေတောင် “ထုတ်ပယ်” လို့ရသူတစ်ယောက်အဖြစ် သူ ကျင့်သားရနေခဲ့သည်။ သို့သော် အခု ရုတ်တရက် ရှန်ယွီက ဒီလိုပြောလိုက်သည့်အခါ ချန်ကျန့်မှာ ဖိအားတစ်ခုနှင့် အနေရခက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ ခဏတာမျှ သူ ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်သွားရသည်။

“ဝန်ထမ်းတိုင်းက စည်းကမ်းကို တိတိကျကျ လိုက်နာရမယ်၊ ဘယ်သူ့ကိုမှ အခွင့်ထူးပေးလို့ မရဘူး” ရှန်ယွီ၏ လေသံမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။

“ဒါပေမဲ့ သူတို့က သာမန်ဝန်ထမ်းတွေနဲ့တော့ မတူဘူးဆိုတာ မင်း သိထားဖို့ လိုတယ်”

“ဟုတ်ကဲ့”

ချန်ကျန့်ရိုရိုသေသေပဲ တုံ့ပြန်မိသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေက လူမိုက်တွေပဲလေ၊ ဆန်းပင်းဆိုရင်တောင်မှ ချန်အာဟူနောက်လိုက်ပြီး ဆိုင်တွေကို နှောင့်ယှက်ခဲ့ဖူးသလို မှန်တွေကိုလည်း လိုက်ခွဲခဲ့ဖူးတာပဲ။ ရှန်ယွီ ဆိုလိုသည်ကို သူ နားလည်ပါသည်။ လုပ်ထုံးလုပ်နည်းအရပဲ ဖြစ်ဖြစ်၊ ဒီနေရာမှာ သူတို့ လျှောက်သွားနေကျ လမ်းတွေပေါ်ကလို မဟုတ်ဘဲ စည်းကမ်းဆိုတာ ရှိတယ်ဆိုတာကို သူတို့ သိစေချင်ခြင်း ဖြစ်သည်။

“ချန်းယွီ ရဲ့ အရင်က ဝန်ထမ်းလက်စွဲစာအုပ်ကို ငါ ကြည့်ပြီးပြီ၊ အကြီးအကျယ် ပြဿနာတော့ မရှိပါဘူး ။ မနက်ဖြန်ကျရင် အဲ့ဒီဟာကို စာရွက်စာတမ်းဖိုင်ထဲ သိမ်းထားပေးပါ။ ငါ အဲ့ဒါကို ပြန်ပြင်ပြီး ပရင့်ထုတ်မယ်”

“မနက်ဖြန် ကျွန်တော်တို့ မြို့ဟောင်းကို သွားရမှာလေ ။ ညနေစာ စားချိန်အထိ ပြန်ရောက်မှာ မဟုတ်ဘူး”

“ဒါဆို ကျောက်...”

ရှန်ယွီက စကားစပြီးမှ ပြန်ရပ်လိုက်သည်။

“ဟုတ်တယ်၊ ကျောက်ကျဲက ကွန်ပျူတာ မသုံးတတ်ဘူး”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ ဧည့်ကြိုဝန်ထမ်း တစ်ယောက်လောက် ထပ်ငှားဖို့ လိုမလား”

ရှန်ယွီက သူ့ကို ကြည့်ကာမေးလာ၏။

“ကျွန်တော့်ကို လာမေးနေတာလား”

ရှန်ယွီ သက်ပြင်းချလိုက်သည် ။

“ဒီမှာ လူငှားဖို့က တအားခက်တာပဲ။ နောက်ထပ် ချန်အာဟူတွေပဲ ထပ်ရောက်လာမလား မသိဘူး”

“ဒီနေ့ ဧည့်သည်တွေ ပြောတာကတော့”

ချန်ကျန့်က ခေါင်းငုံ့ကာ ပိုးဆက်သတ်နေရင်း ဆိုသည် ။

“သူတို့က ကျန့်ရှီးကို အကျဉ်းသားဟောင်းတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတဲ့ ပရဟိတ တည်းခိုခန်းလို့ ထင်နေကြတာ”

“အဲ့ဒါကို သူတို့က မိုက်တယ်လို့ ပြောတာလား” ရှန်ယွီ ပြုံးလိုက်သည်။

“ဟုတ်တယ်” ချန်ကျန့် ခေါင်းညိတ်သည် “ကျွန်တော် စဉ်းစားကြည့်တော့လည်း တော်တော်လေးတော့ တူသားပဲ”

“မင်း ဘယ်လို ပြန်ဖြေလိုက်လဲ” ရှန်ယွီက မေးသည်။

“အင်း…အကူအညီပေးရုံပါဆိုပြီး စကားနှစ်ခွပုံစံပေါ့ ”

ချန်ကျန့် ဖြေပြီးမှ စိတ်မအေး ပြန်ဖြစ်သွားသည် ရှန်ယွီ၏ ခုနက အမူအရာက သူ့ကို အနည်းငယ် စိုးရိမ်စေသည်။

“ဘယ်လိုမျိုး သင့်တော်အောင် ပြန်ဖြေရမလဲဆိုတာ ကျွန်တော် မသိခဲ့ဘူး”

“တအား သင့်တော်တာပေါ့”

ရှန်ယွီက ကုတင်ပေါ် မှီထိုင်ရင်း ရယ်မောလိုက်သည်။ ခဏအကြာတွင် သူက ထပ်ပြောသည်

“ဒီလူစုကတော့ ထောင်ထဲအထိ သွားစရာ မလိုပါဘူး၊ အလွန်ဆုံး အချုပ်ခန်းထဲမှာ ရက်အနည်းငယ်လောက်ပဲ နေရမှာပါ”

ရှန်ယွီ၏ စကားထဲတွင် တခြားအဓိပ္ပာယ် ပါနေသလို ချန်ကျန့် ခံစားရသော်လည်း မမေးရဲတော့ချေ။ ရှန်ယွီ၏ ခုနက တည်ကြည်သောအရှိန်အဝါက မပြယ်သေးသောကြောင့် ဖြစ်သည်။

***

ချန်အာဟူသည် မြို့ဟောင်းသို့ ကားမောင်းရန် မနက်စောစော ရောက်လာခဲ့သည်။

“ငါပဲ မောင်းမယ်။ ဒီကားက အော်တိုကားဆိုတော့ ကလပ်နင်းစရာ မလိုဘူး” ဟုဆိုကာ ရှန်ယွီက ကားမောင်းသူနေရာမှနေ၍ ဆိုသည်။

“မဟုတ်ဘူး ဘော့စ်ရှန်၊ ဒါက ဘာသဘောလဲ”

ချန်အာဟူက အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။ တစ်ခေါက်ချင်းစီ ပိုက်ဆံပေးမယ်လို့ သဘောတူထားပြီးမှ အခု သူ့ကို မမောင်းခိုင်းတော့ဘူးလေ။

“မနေ့က မင်း ဘယ်လောက်တောင် သောက်ထားလဲ။ အခု မင်းကို ခြင်တစ်ကောင်က ကိုက်လိုက်လို့၊ အဲ့ဒီခြင်က ယာဉ်ထိန်းရဲဆီသွားပြီး မှုတ်လိုက်ရင်တောင် အရက်မူးပြီး မောင်းနှင်မှု မြောက်နေပြီ”

“မြို့ဟောင်းကို သွားတဲ့လမ်းမှာ ယာဉ်ထိန်းရဲ မရှိပါဘူး”

ချန်အာဟူ အထွန့်တက်သည်။

“ဒါက ယာဉ်ထိန်းရဲ ရှိမရှိဆိုတဲ့ ကိစ္စကို ပြောနေတာ မဟုတ်ဘူး ။ ဒါက ငါ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက်ပါ ဘော့စ်ချန်”

“ကျွန်တော် အခု သတိကောင်းနေပါပြီ၊ ဘယ်လိုလုပ်ပြီး မင်းရဲ့ ဘေးကင်းမှုကို အာမမခံနိုင်ရမှာလဲ”

ချန်အာဟူမှာ မျက်နှာပျက်နေပြီး “ဝက်ခြံဘော့စ်” စရိုက်က ထွက်လာတော့မည့်ဟန် ရှိသည်။

“အာဟူ” ချန်ကျန့်က သူ၏ရှေ့တွင် ဝင်ရပ်လိုက်သည်။

“စည်းကမ်းမရှိရင် ဘာမှ ပြီးမြောက်မှာ မဟုတ်ဘူး။ အဲ့ဒီစကားက ဘယ်နေရာမှာမဆို မှန်တယ်”

ရှန်ယွီက ထိုင်ခုံပေါ် မှီထိုင်ရင်း ရှေ့ကို စိုက်ကြည့်ကာ တည်ငြိမ်အေးစက်သော လေသံဖြင့် ဆိုသည်။

“ဘော့စ်ချန်... မင်းလည်း လောကအနှံ့ ကျင်လည်ခဲ့တာပဲ၊ ဘယ်နေရာမှာမဆို စည်းကမ်းဆိုတာ ရှိတာပဲ မဟုတ်လား။ မင်းအောက်မှာ ညီအစ်ကိုတွေ ဒီလောက်များတာ၊ စည်းကမ်းမရှိဘဲနဲ့ အလုပ်တွေကို ဘယ်လိုလုပ်ပြီး အထမြောက်အောင် လုပ်မလဲ”

စည်းကမ်းတွေ ရှိရင်တောင် သူတို့ ဘာမှ အထမမြောက်ခဲ့ပါဘူး။ မဟုတ်ရင် ဆက်ကြေးကောက်လို့ မရလို့ လုံခြုံရေးဝန်ထမ်း လာလုပ်နေပါ့မလား သို့သော် ရှန်ယွီ၏ စကားများက ချန်အာဟူကို မြှောက်ပေးသလိုလို၊ ဖိအားပေးသလိုလို ဖြစ်နေသဖြင့် ချန်အာဟူမှာ စိတ်အေးသွားပုံရသည်။

“ဘော့စ်ရှန်ကတော့ တကယ်ကို သေချာတာပဲ”

“ဒီနေ့ ညနေပိုင်းမှာ ကားအသစ် သွားယူဖြစ်နိုင်တယ် ။ အဲ့ဒီကားက မောင်းရတာ ဒီထက် ပိုလွယ်လိမ့်မယ်”

“တကယ်လား”

ချန်အာဟူ၏ မျက်လုံးများ လင်းလက်သွားသည်။

“အင်း” ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။ ချန်အာဟူက အလွယ်တကူပင် သဘောတူလိုက်သည် ။

“ကောင်းပြီလေ ။ ရေရှည် ပူးပေါင်းဆောင်ရွက်ဖို့က ပိုအရေးကြီးတာပေါ့”

“ဟုတ်တယ်”

“ဒါဆို မင်းတို့ နှစ်ယောက်ပဲ သွားကြတော့…ငါ ဒီည ညဂျူတီလာဆင်းမယ်”

မြို့ပြင်သို့ မောင်းထွက်လာပြီးနောက် ချန်ကျန့်က ရှန်ယွီကို ကြည့်လိုက်သည်။

“မင်းခြေထောက်က ဒါကို တောင့်ခံနိုင်ပါ့မလား”

“မခံနိုင်ဘူး။ မင်း လိုင်စင်မရှိဘဲ လာမောင်းလေ”

“ကျွန်တော် ဆိုလိုတာက ခဏမောင်းပြီး ခဏနားလို့ ရတယ်လို့ ပြောတာပါ”

“လိုင်စင် သွားဖြေလိုက်တော့”

“ကျွန်တော့်အတွက် မလိုလောက်ပါဘူး”

ချန်ကျန့်က ပြန်ပြောလိုက်သည်။ သူက ပိုက်ဆံလည်း မရှိသလို အချိန်လည်း မရှိချေ။

“တည်းခိုခန်းက ပိုက်ဆံပေးမယ်။ အလုပ်မဝင်ခင် သင်တန်းဆင်းတာလို့ပဲ သဘောထားလိုက်”

“ဘာအလုပ်လဲ။ ယာဉ်မောင်းလား”

“တည်းခိုခန်း မန်နေဂျာ”

ချန်ကျန့် လန့်သွားပြီး ကိုယ်ကို မတ်လိုက်သည် ။

“ဘာ”

“ဘာဖြစ်လို့လဲ” ရှန်ယွီက မေးသည်။

“ကျွန်တော် မလုပ်တတ်ဘူး ဘော့စ်။ လုပ်စရာတွေက အများကြီးပဲ။ ကျွန်တော်က အရင်က အထွေထွေ အလုပ်သမားပဲ လုပ်ခဲ့တာ၊ ကျွန်တော်က...”

“ပိုက်ဆံ”

“ဟင်” ချန်ကျန့် အံ့သြသွားသည်။

“မန်နေဂျာက ပိုက်ဆံ ပိုရတယ်လေ၊ အခု ရနေတဲ့ ပမာဏလောက်ပဲပေါ့”

ရှန်ယွီက ဆိုသည်။

ဒါဆိုရင်တော့ လုပ်မယ်။ မဟုတ်ဘူး၊ မလုပ်နိုင်ဘူး၊ အဲ့ဒါက တအား ရှုပ်ထွေးလွန်းတယ်။ ဒါပေမဲ့ ပိုက်ဆံက... ချန်ကျန့် သုံးစက္ကန့်လောက် ငြိမ်ပြီး စဉ်းစားလိုက်သည်

“တခြား ရာထူးတွေကော ရှိသေးလား”

“အဖွဲ့ခေါင်းဆောင်” ဟု ရှန်ယွီက ဆိုသည်။

“အဲ့ဒါဆိုရင်တော့ လုပ်နိုင်တယ်” ချန်ကျန့်က ချက်ချင်းပင် ဆိုသည် “အဲ့ဒါက...”

“မန်နေဂျာနဲ့ အလုပ်ချင်း တူတူပဲ၊ ဒါပေမဲ့ လစာကတော့ သုံးပုံတစ်ပုံ လျော့မယ်”

ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်ပြီး ခဏအကြာတွင် မေးလာသည်။

“တကယ်လို့ မန်နေဂျာ ရှိတယ်ဆိုရင် အဖွဲ့ခေါင်းဆောင် ရာထူးကော ရှိသေးလို့လား”

“တော်တော် ဥာဏ်ကောင်းတာပဲ ။ မရှိဘူး၊ မန်နေဂျာ ရှိရင် အဖွဲ့ခေါင်းဆောင် မရှိဘူး။ အဖွဲ့ခေါင်းဆောင် ရှိရင် မန်နေဂျာ မရှိဘူး။ မင်း ကြိုက်တာ ရွေး”

ရှန်ယွီက ရယ်မောရင်းမှ သူ့ကို ဖိအားပေးလာသည်။

“မန်နေဂျာပဲ လုပ်မယ်”

ချန်ကျန့် သက်ပြင်းချလိုက်သည်။ ဒါပေါ့၊ ပိုက်ဆံကိုပဲ ရွေးရမှာပေါ့။

“ရပါတယ်၊ စိတ်မပူနဲ့၊ မင်း နားမလည်တာ ရှိရင် ငါ ရှိနေတာပဲ”

“ဒါဆို ဘော့စ် ကိုယ်တိုင် ဘာလို့ မလုပ်တာလဲ ။ ဘာလို့ မန်နေဂျာ တစ်ယောက်ကိုမှ အတင်း ခန့်ချင်နေရတာလဲ”
“ငါကိုယ်တိုင် လုပ်ရင် ငါ မှားတဲ့အခါ ငါ့ကိုယ်ငါ ပြန်ဆဲရမှာလား ။ အမှားလုပ်တဲ့အခါ ဆဲခံရဖို့အတွက် တစ်ယောက်ယောက်တော့ ရှိရမယ်လေ။”

Comments

  1. အဓိကက အဆဲခံရမယ့်လူ လိုနေလို့ပါ။🤣

    ReplyDelete
  2. သူ ဆဲ စရာလူရှာနေတာ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...