Skip to main content

1








ညင်းသဲ့လေသွေး

ခေါ်ဆောင်ယူရာ

အရပ်၌…

မြတ်နိုးခြင်းများ

ဦးဆွေးဆံမြည့်

***


အပိုင်း (၁)

အာ...သူ သေဆုံးသွားခဲ့ပြီပဲ...

မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။

ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။
နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။

သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင်
ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။

ဘုရားရေ...ခမ်းလျန် ။

ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။

မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုးကြည့်တယ်။ ဒုက္ခပဲ ။ ထိမရဘူး။ သူ့လက်တွေဟာ လေထဲမှာပဲ ဖောက်ထွင်းသွားတယ်။

"ခမ်းလျန်ရေ..."

သူအကျယ်ကြီးအော်တော့ တောင်ပေါ်မှာ လျှပ်စီးတစ်ခု ဝင်းခနဲဖြစ်သွားတယ်။ လျှပ်စီး
ရောင်နဲ့ အတူ ခမ်းလျန် မျက်နှာကို မြင်လိုက်ရတယ်။

သူ နောက်တစ်ကြိမ်ဘုရားတမိတယ်။

ခမ်းလျန်...သူ့ ခမ်းလျန်ကွယ်လွန်နေခဲ့ပြီ။သူ့ဝိဉာဉ်တစ်ခုလုံးပူပြင်းလောင်မြိုက်သွားရတယ်။
ဘယ်...ဘယ်လိုဖြစ်လို့လဲ ခမ်းလျန်ရယ်...

ဒါဆို ဝိဉာဉ်လေးကရော... ခမ်းလျန် ငတုံးလေးကဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ ကြောက်နေမလား။ ကြောက်လွန်းလို့ တစ်နေရာရာမှာ ငိုနေမလား။

အေးခဲနေတဲ့ ခမ်းလျန်ကိုယ်လေးအတွက် သူတစ်ခုခုလုပ်ပေးချင်ပေမဲ့ ဝိဉာဉ်လေးက ပိုအရေးကြီးတယ်။ ရှာရအုံးမယ်။ ဖြစ်စဉ်အစအဆုံးကို ‌ရှင်းပြပေးပြီး နှစ်သိမ့်ပေးရမယ်။ ဘဝကူးကောင်းဖို့ အတွက် သူတတ်နိုင်သမျှ ဘယ်သူတွေနဲ့ ညှိနှိုင်းရပါစေ။ ရ‌အောင်ပြောပြီး အပါခေါ်ရမယ်။

"ခမ်းလျန်ရေ...ခမ်းလျန်...ဒါလင်ရေ...."

သူခေါ်ချင်ခဲ့ပေမဲ့ ဘယ်တုန်းကမှ နှုတ်မရဲခဲ့တဲ့နာမ ကိုပါ ‌ထုတ်ခေါ်မိတယ်။သူ့ခမ်းလျန်လေး
ဝမ်းသာအားရ နဲ့ ပြေးလာအောင်လေ။

တောင်ကုန်းတစ်ခုလုံး သူလွင့်မျောပစ်လိုက်တယ်။ မြူတွေ ဆီနှင်းတွေကြား ကြောက်စရာ
ကောင်းလောက်အောင် ဝန်းကျင်တစ်ခုလုံးဖွေးဖွေးဖြူနေပေမဲ့ ပါးလျလျ ဝိဉာဉ်လေးကို
ရှာမတွေ့ခဲ့ဘူး။

ကွဲစရာနှလုံးသားမရှိတော့တဲ့သူဟာပူလောင်ရပါတယ်။သူအော်ငိုရင်းမှခမ်းလျန်နာမည်ကိုတကြော်ကြော်ခေါ်ရင်း သူ ပြေးနေမိတယ်။

သူအိမ်လေးကိုလည်း ပြန်ရောက်တယ်။ ပန်းခင်းတစ်ခုလုံးက သူတို့ပျောက်သွားတာကို မသိဘူး။ တိတ်ဆိတ်နေတုန်းပဲ။ သူတို့ အိပ်ခန်းလေးမှာများ ပြန်အိပ်နေမလား လို့ ဝင်ကြည့်တယ်။မရှိဘူး။ ဘုရားကျောင်း ။ ပန်းခင်း ။ ဘိုတဲ။ငယ်ငယ်က သူ့ကို အတင်းဆင်းခိုင်းခဲ့တဲ့ စမ်းချောင်းလေး။ တောအုပ် နဲ့ ပန်းရောင်းတဲ့ဈေး။
နေရောင်ခြည်က အရှေ့အရပ်ကနေ တဖြည်းဖြည်း ဖြန့်ကျက်လာပေမဲ့ ခမ်းလျန်ကို သူမတွေ့သေးဘူး။ သူ ပူလောင် မွန်းကျပ်ပြီး ပင်ပန်းချိနဲ့နေပြီ။ သူ မဆုံးပါးခင်က သူ့ ခန္ဓာကိုယ်ကနေရာအနှံ့ နာကျင်နေခဲ့ပြီး အသက်ရှူရတာတောင် ပင်ပန်းနေခဲ့တာလေ။

အခု...ဘူတာရုံလေးကို သွားတဲ့လမ်း မြေနီနီမှာသူ ထိုင်ချလိုက်ရတယ်။ ဒီနားလေးမှာ ခမ်းလျန်က သူ့ကို ပွေ့ပိုက်ခဲ့တာ။ ဝန်းကျင်ကို သတိမထားမိတုန်း ထော်လာဂျီတစ်စီးက သူ့ကို ဖြတ်တိုက် ကျိတ်ချသွားတယ်။ နာလိုက်တာ။ ဝိဉာဥ်တစ်ခုလုံး စုတ်ပြဲသွားသလိုပဲ။ သူ့မှာခန္ဓာ မရှိတာတောင် သူနာကျင်မှုကို ခံစားရတယ်။ ဘူတာရုံလေးမှာများ ခမ်းလျန်ရှိနေမလား။

အားတင်းပြီး သူသွားကြည့်မိတယ်။။ ဘူတာရုံရောက်တော့ အစောဆုံးရထားက ဆိုက်ရောက်ပြီး ခဲ့ပြီ။ ခမ်းလျန် မရှိပါ။

ခမ်းလျန် သူ့ကို ထားခဲ့ပြန်ပါပြီ။ ဘာမှ မပြောဘဲ သူ့ဆီကနေ ထွက်သွားပြန်ပါပြီ။ သူ ပလက်
ဖောင်းဘေးမှာ ထိုင်ရင်း...လူတွေသူ့ကို တွန်းတိုက်မသွားအောင် ကိုယ်ကို ကျုံ့နိုင်သမျှ ကျုံ့
ထားရင်း ငိုမိတယ်။

"အရမ်းဆိုးတာပဲ ခမ်းလျန်...ငါ့ကို ဘယ်တော့မဆို မပြောမဆိုဘဲ ထွက်သွားတော့မှာပဲလား။
မင်း ထွက်မသွားရအောင် ငါ ဘာတွေ လုပ်ပေးရမှာလဲ။"

ဘယ်မှာ သွားရှာရပါ့။ သူ ဒီနယ်မြို့လေးကလွဲဘယ်မှာမှ မရောက်ဖူးတာ။ ဒုက္ခပါပဲ။

အရင်ဆုံး သူတို့ ဆုံးပါးကြောင်း သိလောက်ရောပေါ့... တောင်ကုန်းလေးဆီ သူ ဖြည်းဖြည်းချင်းပြန်လာရပြန်တယ်။

မရှိတော့ဘူး။ သူတို့ကို သယ်သွားကြပြီ။ လူတွေစုစု စုစု နဲ့တော့ အတင်းပြောနေကြတယ်။

အေအိုင်ဒီအက်စ် ဆိုတာလည်း ပါတယ်။ခမ်းလျန် က မကောင်းတဲ့ကောင် ဆိုတာလည်း
ပါလာလို့ လူအုပ်ကြားထဲ အားနဲ့ ဖြတ်ပြေးမိတယ်။ ဖြစ်နိုင်ရင် ရှိတဲ့ ခဲနဲ့တောင် ကောက်ထု
ချင်တာ။ ရာရာစစ... သူတို့နဲ့ ဘာဆိုင်လို့လဲ။

ညီမလေးရော...ဟုတ်သား ဂန္ဓမာငြိမ်းတစ်ယောက်တည်းနဲ့ ဈာပနကို စီစဉ်ရမှာပေါ့။ အာ
ဈာပန ဆိုမှ...သူတို့ကတော့ သူတို့ အမျိုးတွေအားလုံး မြှပ်တဲ့သင်္ချိုင်းမှာပဲ ဂူသွင်းမှာပေါ့။
ခမ်းလျန် အတွက်ရော။ ခမ်းလျန် ကို ဒီအတိုင်း
ပြီးပြီးရော...

သူ အားနဲ့ ဘုရားကျောင်းဘေးက သင်္ချိုင်းကို ပြေးရပြန်တယ်။ ဂန္ဓမာငြိမ်း နဲ့ ဖာသာ တွေ မာသာ တွေကို တွေ့တယ်။ ဂန္ဓမာငြိမ်းက ငိုထားတာ မျက်လုံးတွေ မို့အစ်လို့...

"တောင်းပန်ပါတယ် ညီမလေး...အစ်ကိုက...သူ့ကိုပဲ ကြည့်ခဲ့မိလို့...ဘယ်လိုလုပ်မလဲ။ တစ်
သက်လုံး ခမ်းလျန် ကိုကြည့်ပြီး ကြီးပြင်းလာတာလေ။ အဲ့အကျင့်ကို ဖျောက်ရခက်ခဲ့လို့...
တောင်းပန်ပါတယ်။"

***

တော်‌သေးတာပေါ့ ဈာပနကို ဖာသာဝင်ပြောပေးတာနဲ့ သူနဲ့ ဘေးချင်းကပ်နေရာမှာ ခမ်းလျန်ကိုနေရာပေးတယ်။ သူအစအဆုံး ရပ်ကြည့်နေတယ်။ မြေကြီးတူးတာ။ အုတ်စီတာအစပေါ့။

နောက်ဆုံးအနေနဲ့ ဘုရားကျောင်းထဲ ဆုတောင်းပွဲ လုပ်ပေးကြတယ်။ ခမ်းလျန်ထိုင်နေကျ နောက်ဆုံးခုံလေးမှာ သူငြိမ်ငြိမ် လေးပဲထိုင်နေလိုက်တယ်။ သွားလေသူအတွက် ချီးကျူးစကားတွေကိုသူ့အတွက်ပြောပေးချင်သူသိပ်များတယ်။သူဘယ်လိုစာတော်ခဲ့ကြောင်းနဲ့ English စကားကို ဌာနီတစ်ယာက်လို ပြောနိုင်ကြောင်း ၊ သင်္ချာနဲ့ သိပ္ပံပညာရပ်ကို သူစိတ်ဝင်စားကြောင်း သူ့ အထက်တန်းဆရာမကငိုရင်းပြောနေတယ်။စစ္စတာကြီးကလည်း သူကငယ်ငယ်တည်းက ဓမ္မတေးတွေ အကုန်လုံးကိုကောင်းကောင်းတီးတတ်ကြောင်းတွေနဲ့ အလွန်လိမ္မာရေးခြားရှိကြောင်းတွေ...စုံလို့ပါပဲ။

သူက အဲ့လောက်တောင် ကောင်းခဲ့တာ ဟုတ်ရဲ့လား။ သူက သူ့ကိုယ်သူတော့ ခပ်ဆိုးဆိုး ကောင်လေးလို့ အမြဲထင်ခဲ့တာပဲ။ အဖေကြီးကို ရှိတယ်လို့တောင် မထင်ခဲ့ဘူး။ ဆွေခန်းမျိုးခန်းဖြတ်ထားတယ်။ ခမ်းလျန်ကိုလည်း အနာတရတွေဖြစ်အောင် လုပ်တယ်။ ငိုအောင်လုပ်တယ်။တုန်လှုပ်အောင် အေးစက်ပြတယ်။ ညီမလေးကိုလည်း သူက စိတ်ရင်းနဲ့ ချစ်မပြခဲ့ဘူး။ ကလေးလးတစ်ယောက်ရရမဲ့ နွေးထွေးမှုတွေ သူမပေးခဲ့ဘူး။ သူ့ကို ခင်ချင်တဲ့ အတန်းဖော်တွေကိုလည်း ရင်းနှီးခွင့်မပေးခဲ့ဘူး။ အမြဲ နှုတ်ဆိတ်ပြီး နံရံကြီးကို စကားပြောနေသလိုခံစားရအောင်နေခဲ့တယ်။အဆိုးဆုံးကသူကလူတွေကိုရိုက်ချင်နေတာပဲ။ အထူးသဖြင့် ခမ်းလျန်ကိုမကောင်းပြောတဲ့ သူတွေ။ နှိမ်တဲ့သူတွေကိုပေါ့...



###





Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...