Skip to main content

2





အပိုင်း (၂)

ဈာပန အခမ်းအနားက ထုံးစံတစ်ယောက်တည်းအတွက်တောင် ကြာတတ်ပြီး ယခု နှစ်ယောက်စာဆိုတော့ နေ့တစ်ပိုင်းလောက် ကုန်သွားပြီ။

ဘယ်မှာလဲ ခမ်းလျန်။ ငါတို့ကို သူတို့ ထာဝရမြှပ်နှံလိုက်ကြတော့မယ်တဲ့။

မြန်မြန်ပြန်လာပါအုံး ခမ်းလျန်ရယ်... ငါ မိုးမလင်းခင်တည်းက မင်းကို လိုက်ရှာနေတာ။ ငါ...ငါ အရမ်းပင်ပန်းနေပြီ ။ ငါနေကောင်းတာလည်းမဟုတ်တာကို။

မင်းနဲ့ပဲ နေချင်တဲ့ ငါ့ကို မင်းထားသွားပြန်ပြီ။ဆုတောင်းနေသံတွေ နားမထောင်ချင်တော့လို့
သူတစ်ယောက်တည်း ဘုရားကျောင်း အပြင်ဘက်ကို ထွက်လာလိုက်တယ်။ အရပ်တခွင်လုံးမိုးသားတွေ မှိုင်းညှို့ညှို့...

ဘယ်ဆီမှာလဲ ခမ်းလျန်ရေ...

ငါ့ကို ချန်ပြီးများ ကောင်းကင်ဘုံတက်သွားလေသလား။

ဒါမှမဟုတ်...

သူဆက်မတွေးရဲတော့ဘူး။ ဘေးပတ်ဝန်းကျင်မှာလည်း သူလို ဝိဉာဉ်တွေ နေရာအနှံ့။ စစ်ပွဲတွေ မပြတ်ဖြစ်ခဲ့တဲ့နေရာဆိုတော့ ဝိဉာဉ်တွေထိကြေမွပျက်စီးနေကြတာများ...

ငါကြောက်တယ် ခမ်းလျန်။ လူ့ဘဝတုန်းကတောင် ငါ ဒီနယ်မှာ ကျန်ခဲ့တာ ဘယ်လောက်
ခက်ခဲလဲ မင်းသိရက်သားနဲ့...

ငါတို့ အတူတူရှိမယ်ဆို...မိုးလင်းတည်းကနေညမိုးချုပ်တဲ့ထိ ငါမျက်စိအောက်မှာပဲ မင်းနေ
မယ်ဆို...ဒါဘာလဲ။
ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြန်ပါပြီ….

တစ်ယောက်တည်း ငိုကြွေးနေမိတယ်။ လူ့ဘဝတုန်း မျိုသပ်ခဲ့ရသမျှ ဘယ်သူမှ မမြင်နိုင်မှန်းသိမှ သူအားကုန်ငိုနေမိတော့တာ။

ငါကြောက်တယ် ခမ်းလျန်...လာခေါ်ပါ။ ငါဒီမှာတစ်ယောက်တည်း မနေချင်ဘူး။

ငါ့ကို ကျောင်းလာကြိုခဲ့သလို လာခေါ်ပေးပါ။

လူတွေ ဘယ်လောက်ပဲ များများ ၊ ကျောင်းဆင်းချိန် စက်ဘီးလေးနဲ့ စောင့်နေတတ်တဲ့ ခမ်းလျန်ကိုမြင်တာနဲ့ဘယ်လိုနေနေသူအိမ်တော့ပြန်ရောက်မှာပဲဆိုတဲ့စိတ်နဲ့လုံခြုံသွားခဲ့တာ။

အဲ့စိတ်လုံခြုံ‌မှုလေးမျိုးကို သူ့အဖေအရင်းတောင်မပေးနိုင်ခဲ့ပေမဲ့ ခမ်းလျန်က ပေးနိုင်ခဲ့တာ။

ဒါလင်ရေ... ငါ ကြောက်တယ်။ မင်းဘယ်မှာလဲ။

နေလေးပွင့်လာတဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဘုရားကျောင်း တံခါးက ပွင့်လာခဲ့တယ်။ခေါင်းတလျားနှစ်လုံးကိုယောကျာ်းလေးယောက်စီထမ်းရင်းထွက်လာခဲ့ကြတယ်။

အနက်ရောင်ဂါဝန်လေး ဝတ်ထားတဲ့ ဂန္ဓမာငြိမ်းက သူ့ခေါင်းတလျားနောက်က ငိုကြွေးရင်း
ဖြည်းဖြည်းချင်းလိုက်လာတယ်။

လူတန်းကြီးက ဘုရားကျောင်းကနေသင်္ချိုင်းဆီစီတန်းလျှောက်သွားနေကြပြီ။ပန်းခင်းထဲက
အလုပ်သမားတွေ အကုန် လိုက်ပို့ကြပြီး သူနဲ့သိတဲ့ စိုက်ခင်းရှင် တချို့လည်း ပါကြတယ်။
မြို့လေးအတွက် နားမလည်နိုင်စရာ သူတို့ရဲ့ဆက်ဆံရေးကြောင့် တောင်ပေါ်မှာ သေဆုံး
သွားကြမှုအတွက် အားလုံးက တီးတိုးရေရွတ်ကာ စူးစမ်းကြတယ်။

"ဟို ဘိုကပြားလေး နေမကောင်းတာတော့ ဟုတ်ပါရဲ့ ။ ဟို လူဆိုးကောင်လေးက အကောင်းကြီးလေ။ ဘယ်လိုဖြစ်လို့လဲဟယ်"

"သူတို့နှစ်ယောက်က ငယ်ငယ်တည်းက တတွဲတွဲရယ်။"

"တတွဲတွဲ မဟုတ်ပါဘူးဟယ်။ သခင်နဲ့ကျွန်လိုဆက်ဆံရေးပါ။"

"အေး အဲ့ဒါကြောင့် ဟိုလူဆိုးကောင်လေးကလိုက်သေသွားတာလားပဲ။ စိတ်ညစ်စရာကြီး
ဟယ်"

သခင်နဲ့ ကျွန် မဟုတ်ပါဘူး။ သူက ကျွန်တော့ချစ်သူပါ။ တစ်ဦးတည်းသော သူငယ်ချင်းဆို
လည်း မမှားပါဘူး။

ပြီးတော့...ပြီးတော့ကျွန်တော်တို့ နှစ်ယောက်က တိတ်တိတ်လေးအိမ်ထောင်ပြုထားကြတဲ့ ခင်ပွန်းတွေပါ။ သူကကျွန်တော့် ကျွန် မဟုတ်ပါဘူး။ ကျွန်တော့် အမျိုးသား ကျွန်တော့် ဒါလင်ပါ။

မကြာခင် သူ့ဝိဉာဥ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားတော့မလို ခံစားနေရတယ်။ သူဟာ ဘယ်အရပ်ဒေသကိုမှ မသွားနိုင်ရင် သူဟာ ကျိုးပဲ့ စုတ်ပြတ်နေတဲ့ ဝိဉာဥ်တစ်ကောင်ဘဝနဲ့ အကြာကြီး နေသွားရတော့မှာလား။ ခမ်းလျန်လည်း မရှိဘဲနဲ့လေ…

ကြောက်လွန်းလို့ သွေးပျက်မတတ်ပါဘဲ။ သူတို့ အုတ်ဂူတွေလည်း အဆင်သင့်ဖြစ်နေပြီ။

ဂန္ဓမာငြိမ်းက ဂန္ဓမာပန်းတွေကို ခေါင်းတလျားပေါ် တင်အပြီးမှာ သူ့ခေါင်းတလျားကို ဆွဲဖက်ထားတယ်။

“ဧဒင်ရေ…မထားခဲ့ပါနဲ့။ သမီးတစ်ယောက်တည်း ကြောက်တယ် မထားခဲ့ပါနဲ့”

ဆိုပြီးအော်ငိုတော့တာပဲ။ ခမ်းလျန်ကို‌တော့ မတခဲ့ဘူး။ ပန်းလည်း မပေးခဲ့ဘူး။ အရမ်းဉာဏ်ကောင်းတဲ့ ကလေးမက သူသေဆုံးရတာ ခမ်းလျန်နှိပ်စက်လို့ ၊ ခမ်းလျန် ကြောင့်လို့ပဲ ထင်နေပုံပါပဲ။
နောက်ဆုံး ခမ်းလျန် အုတ်ဂူကို ပိတ်ခါနီးမှ…

“ခမ်းလျန်ရေ…ဧဒင်ရေ” ဆိုပြီး တမ်းတမ်းတတရေရွတ်နေတယ်။ မြင်ကွင်းက အရမ်း ဝမ်းနည်းနာကျင်စရာ ကောင်းပြီး သူ့ ညီမလေးကို ထားခဲ့မိတဲ့အတွက် နောင်တတွေလည်း ရပေမဲ့ သူဘယ်က စမှားတာလဲလည်း အဖြေထုတ်မရဘူး။

သူ….ခမ်းလျန်ကို ချစ်မိတာ ဘယ်‌တုန်းကမှ မှားတယ်လို့ မထင်ခဲ့ဖူးဘူးလေ။

ကားတစ်စီး ၊ သူတို့နယ်မှာ မြင်ရခဲတဲ့ ကားအသစ်တစ်စီး ထိုးဆိုက်ရပ်သွားပြီး လှပကျော့ရှင်းတဲ့ အမျိုးသမီး တစ်ယောက်ဆင်းလာတယ်။

သူ…မေမေ လို့တောင် ခေါ်လုမတတ်ဘဲ။ ဘာကြောင့်မှန်းမသိ ။ ထိုအမျိုးသမီးနောက်ကို လိုက်သွားချင် နေမိတယ်။ တစ်ခုခုက သူနဲ့လိုက်လာခဲ့လို့ ခေါ်နေသလိုပေ့ါ။

အမျိုးသမီးက “ဧဒင်ငြိမ်းတဲ့လား။ နာမည်လေးက လှလိုက်တာ” ဆိုပြီး သူ့နာမည်ကို ရေရွတ်လိုက်တဲ့ အဲ့အခိုက်အတန့်မှာ သူသေချာသွားခဲ့ပြီ။ သူ ကားပေါ် တက်လိုက်ခဲ့တယ်။ ကားမောင်းနေတဲ့ ဦးလေး မျက်နှာက အမေ့ထက်စာရင် အေးချမ်းတယ်။ သူ့ အဖေပေ့ါ…

***





Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...