Skip to main content

3



အပိုင်း (၃)


သူ အိမ်မှောင်မှောင်မည်းမည်းကြီး တစ်ခုရှေ့မှာ ရပ်နေရတယ်။ သူအိမ်ထဲ ဝင်လို့မရဘူး။ ခြံဝမှာ အရပ် 7ပေ ကျော်လောက်မြင့်တဲ့ လူ့ဘီလူးကြီးလို လူကြီးတစ်ယောက်က ပိတ်ရပ်နေတယ်။

အဲ့အခိုက်အတန့်မှာပဲ ဟော်နန်းတွေက အဆင်အယင်နဲ့ မင်းသားတစ်ပါးက အိမ်ကြီးထဲ အရင်ဝင်သွားတယ်။

“ရောက်လာရင် ဝင်လာခဲ့”

အိမ်ထဲက နတ်ဆရာမကြီးက သူ့ကိုလှမ်းခေါ်တယ်။ သူ မဝင်သေးဘဲ တွန့်ဆုတ်လျက်က ဘေးဘီကို ဝေ့ဝဲကြည့်

လိုက်တယ်။

“ခမ်းလျန်ရေ…” လို့ တမ်းတမ်းတတခေါ်နေမိတုန်းပဲ။ ခမ်းလျန်က ပေါ်မလာပါဘူး။ သူ့တစ်ကိုယ်လုံး အားအင် ကုန်ခမ်းပြီး ချိနဲ့နေပြီ။

“သူ့နောက်လိုက်ချင်ရင် အခုဝင်ခဲ့စမ်း”

ကြိမ်လုံးကို ကြမ်းပြင်နဲ့ ဖြန်းခနဲနေအောင် လွှဲရိုက်ချကာ အော်ခေါ်တဲ့ အသံကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ နတ်ဆရာမကြီးက သူ့အသံကို ကြားနေရတာလား။ တကယ်ပဲ ခမ်းလျန်နောက်ကို လိုက်လို့ရမှာလား။

သူ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ အိမ်ကြီးထဲကို ဝင်လာလိုက်တယ်။ လင်မယားနှစ်ယောက်က နတ်ဆရာမကြီး ရှေ့မှာ ရို့ကျိုးစွာ ထိုင်နေကြပြီး မင်းသားက မတ်တပ်မတ်မတ်ရပ်လျက်… သူကတော့ မင်းသားဘေးမှာပဲ အလိုလို ဒူးထောက်ပုံကျတယ်။

သူ့ ဝိဉာဥ်က မတ်မတ်ရပ်ဖို့ အားမရှိတော့သလို ယှဥ်မရပ်နိုင်အောင်လည်း တစ်ခုခုက ဖိနှိပ်ထားသလိုပါပဲ။ သူမော့ကြည့်တော့ ချောမောတည်ကြည်လွန်းတဲ့ မင်းသားက သူ့ကို ငုံ့မိုးကြည့်လာတယ်။

“အရှင့်သားဆီ ခစားရမယ်။ အဲ့ဒါဆို မင်းတွေ့ချင်တဲ့ သူနဲ့ တွေ့နိုင်မယ်။ သူတို့နဲ့အတူတူ လိုက်သွားရမဲ့ အရပ်မှာ အဲ့တစ်ယောက် ရှိနေလိမ့်မယ်။ သူက ဒီမှာမရှိတော့ဘူး။”

“လိုက်…လိုက်မယ်။ လိုက်ပါ့မယ်။”

“လိုက်ရင် အခုလို တပင်တိုင်စံနေပုံနဲ့ မရဘူးဆိုတာ မင်းသိတယ်မလား။ အရှင်သားက ငါတို့နယ်က အစောင့်အရှောက်တွေရဲ့ အချစ်တော်ပဲ။ မင်း သူနဲ့ နေရတာ ကံကောင်းတယ်။ သူ့ကို စောင့်‌ရှောက်ရမယ်။”

“ဟုတ်…သိ…သိပါတယ်။”

သူနဖူးနဲ့ ကြမ်းပြင်ကို အခါခါတိုက်ပြီး ကတိတွေ ပေးနေမိတာ အဆက်မပြတ်။

“လိုက်ပ့ါမယ် သူနဲ့ တွေ့ရမှာ သေချာရင် အရှင့်သားကိုလည်း ကျွန်တော် ခစားပါ့မယ်”

“ကောင်းပြီ။ မင်းမလိုက်လည်း အပြင်မှာ လိုက်သွားချင်လို့ စောင့်နေသူတွေ တွေ့လား”

“ဟုတ် ၊ တွေ့ပါတယ်”

သူ အပြင်ဘက်ကို လည်ပြန်ချောင်းကြည့်မိတယ်။ မျှော်လင့်ကြီးစွာ စောင့်စားနေသော ဝိဉာဥ်ပေါင်း များစွာ….

“တစ်ခုပဲ… သူနဲ့ ဘယ်အချိန်တွေ့ရမှာလဲ ။ သူနဲ့ တွေ့ရင်တော့ ကျွန်တော် သူနဲ့ပဲ နေချင်တယ်။ အရှင့်သားကို တစ်သက်လုံးတော့ ကျွန်တော် မစောင့်ရှောက်နိုင်ဘူး။”

“ဟား ဟား ဟား”

နတ်ဆရာမကြီးရဲ့ ဟားတိုက်သံကြောင့် မေမေက လန့်သွားပြီး…ဆရာမကြီးကို

“ဘာ…ဘာတဲ့လဲ ဟင်” လို့ စိုးရိမ်တကြီးလှမ်းပေးတယ်။

“အခုအတူတူလိုက်ပေးမဲ့ ကလေးက ဒီနယ်က ရတနာလေးလိုပဲ။ မာနကြီးတယ်။ အမျိုးဂုဏ်လည်း ကြီးတယ်။ အခု သူက သူ့အမျိုးသား ကြောင့် ညည်းတို့နဲ့ လိုက်လာမှာ။ သူက အရှင့်သားကို တစ်သက်လုံး မစောင့်ရှောက်ပါရစေနဲ့တဲ့ ။ သူ့လူနဲ့ ပြန်တွေ့ရင်တော့… သူ့လူနဲ့ပဲ နေချင်တယ်တဲ့။ ညည်းလက်ခံနိုင်လား။ သူကတော့ အရှင့်သားနဲ့ အတူတူနေလို့ အဆင်ပြေဆုံးပဲ။ ဗီဇကောင်းတယ်ပေ့ါအေ”

“ဟုတ်…ဟုတ် ရပါတယ်။ အချိန်တန် အရွယ်ရောက်ကြရင်တော့ ကိုယ်စီ အိမ်ထောင်ပြုကြမှာပဲမလား”

“အေး ညည်းလက်ခံရင်တော့ ရတယ်။ အရှင့်သားကို သာ အချိန်တစ်ခုထိ သေချာ ခစားခိုင်းပေ့ါအေ…အရှင့်သားကလည်း လက်ခံတယ်မလား။”

သူ အရှင့်သားကို ထပ်ခါ မော့ကြည့်ပြီး အကြည့်တွေကတစ်ဆင့် ခခယယတောင်းပန်မိတယ်။ သူ့ကို ခေါ်သွားပါ။ သူအကောင်းဆုံး စောင့်ရှောက်ပေးပါ့မယ်။ ဘယ်လိုပဲ ထားထား ၊ ထားတဲ့နေရာ သူနေပါ့မယ် ဆိုတာမျိုး တတွတ်တွတ်ပြောနေမိတယ်။

အရှင့်သားက နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြတယ်။

“ကိုယ်တော့် ညီလေးလုပ်ပေ့ါ…အချိန်တန်ရင်တော့ မင်းလည်း မင်းဘဝနဲ့ နေပါ။ ကိုယ်တော် ခွင့်ပြုပါတယ်။”

နတ်ဆရာမကြီးက မေမေ့ကို လိုအပ်တာတွေ မှာကြားတယ်။ ဖေဖေကတော့ သိပ်အယုံအကြည်မရှိသလိုပါပဲ။

“အရှင့်သားက အစ်ကိုကြီးဖြစ်လာလိမ့်မယ်။ အငယ်လေးကို သေချာစောင့်ရှောက်ခိုင်းပါ။ မဟုတ်ရင် ဘိုးဘေးတွေ စိတ်ဆိုးပြီး ပြန်လာခေါ်ကြလိမ့်မယ်။ နားလည်လား”

“ဟုတ် ၊ ဟုတ်ကဲ့ပါ။”

“ဝိဉာည်ချည်ပွဲကတော့ လာမဲ့ လပြည့်နေ့မှ လုပ်မယ်။ အဲ့ဒါပြီးရင်တော့ ညည်းတို့ သားရတနာတွေ ထွန်းကားလာမှာပါ။ မင်းသားလေးတွေလို ချောမောပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့ သားတွေပေ့ါ။ ညည်းတို့လည်း လိမ္မာပါ။ ညည်းတို့ မိဘတွေက ငါ့ ကျေးဇူးရှင်လို့ ပြောရင် မမှားဘူး။ ဒါကြောင့် ဒီလို ကိစ္စထိ ငါလုပ်ပေးလိုက်တာ။ ကြားလား”

“ဟုတ် ။ သမီး သေချာလေး စောင့်ရှောက်ပါ့မယ်”

“ကောင်းပြီ။ ပြန်ကြတော့…ဟိုကောင်လေးကတော့ လက်တလော ဒီမှာပဲ နေပါ။ အပြင်မှာ အန္တရာယ်များတယ်။”

“ကျေးဇူးပါ ခင်ဗျာ”
ခမ်းလျန်ရေ… ငါတော့ တစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ လုပ်ရတော့မယ် ထင်ရဲ့…မင်းကြောင့်လေ ဒါလင်…ဒီတစ်ခါတော့ မင်းသွားသွား ငါလိုက်တော့မှာ…ငါ ထပ်ပြီး ထွက်ပြေး ရဲ ထွက်ပြေးကြည့်စမ်း!
###

NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...