Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko
ဇာတ်လမ်း မိတ်ဆက်
Slice of Life, First Love, Romance, & Second Family
ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊ စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ။
အသက်ငယ်ပေမဲ့ ရင့်ကျက်တဲ့ DiDi Chen Jian ရဲ့ တည်ကြည်အေးဆေး တဲ့ အပြုအမူ အပြောအဆိုလေးတွေကတော့ ရွှေရင်အေးစရာပေ့ါ။ သူလည်း နောက်ပိုင်း ရည်းစားအားကိုးနဲ့ တအားစွာလာပါတယ်။
နှစ်ယောက်က 6နှစ်ကွာပေမဲ့ First Experience နဲ့ First Love ဖြစ်တာကြောင့် ကားတောင်ချက်ချင်းမမောင်းပါဘူး။ အငယ်လေးက ဆယ်ကျ်ောသက်ဘဝတည်းက အကြွေးဆပ်ဖို့ ရုန်းကန်ခဲ့ရတော့ ရည်းစားလည်း မထားဖြစ်ခဲ့ဘူး။ သခင်လေးရှန်ကကျတော့လည်း ကလေးနဲ့မတွေ့ခင် ဖိအားတွေနဲ့ စိတ်ဓာတ်ကျတာ ဆေးပါသောက်ရတဲ့အထိ ဖြစ်ခဲ့တော့ သူလည်း အချစ်ရေးအတွေ့အကြုံ လုံးဝသုည။ ဒါပေမဲ့ အထင်မသေးနဲ့ ။ အဲ့လို လူနှစ်ယောက်နဲ့ ကားစက်နှိုးရုံ tension က တကယ်ပြင်းထန်ပြီး မီဆို စဖတ်တုန်းက သေတော့မှာပဲ ဆိုပြီး အော် ရတဲ့အထိ ။ နှစ်ယောက်လုံးက အချစ်ဦးဆိုတော့ ရူးနေကြတာ။ အငယ်လေးက ပိုဆိုးသလားထင်ရပေမဲ့ ရှန်ယွီကလည်း တအားချစ်တတ်ပြီး အလိုလိုက်တာ ကမ်းကုန်။
ကဲကဲ ကိုယ့်ဘာသာကိုယ်သာ ဖတ်ကြည့်တော့...
အရိုးရှင်းဆုံးက အဆန်းကြယ်ဆုံးပါပဲ...
တူတူစောင်စကိုက်ပါပြီ 😁
ReplyDelete