Skip to main content

15




အခန်း (၁၅) မုန့်လေးတွေအတွက် ကျေးဇူးတင်ပါတယ်

မုန့်ယွမ်နှင့် ယွီနျန့်တို့သည်လည်း "သဘာဝတရား၏ အသံ" ၏ ဤအပိုင်းကို အတူတူ ကြည့်ရှုနေကြသည်။

"တောက်... မင်း ပုလွေမှုတ်တတ်တယ်လို့ ပြောတုန်းက ငါနဲ့ လောင်ဟဲတောင် တော်တော်လေး အံ့ဩသွားတာ။ တစ်လောကလုံးက အနုပညာရှင်တွေထဲမှာတောင် မင်းလို အရည်အချင်းမျိုးရှိတဲ့သူ ရှာရခက်တယ်။ ငါ တကယ် သိချင်မိတယ်။ မင်း တခြား ဘာတူရိယာတွေများ ထပ်တီးတတ်သေးလဲ"

ယွီနျန့်က လက်ချောင်းလေးတွေနဲ့ တစ်ခုချင်း ရေတွက်ပြလိုက်သည်။

"ကျွန်တော် ကုချင် (Guqin) ရယ်၊ ဝါးပုလွေရယ်၊ ပီယာနိုရယ်လည်း တီးတတ်ပါသေးတယ်။"

မုန့်ယွမ်က သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ ဘယ်လို ရတနာမျိုးကို တူးဖော်မိပါလိမ့်..."

ထိုစဉ် ထုတ်လွှင့်နေသည့် အစီအစဉ်ထဲတွင် ဖန်းဟွသည် သီချင်းဆိုပြီးနောက် စင်ပေါ်မှ ဆင်းသွားခဲ့ပြီဖြစ်သည်။ မုန့်ယွမ်၏ အာရုံက ထိုဘက်သို့ ရောက်သွားကာ သက်ပြင်းချရင်း ဆိုလာသည်။

"ဖန်းဟွရဲ့ စိတ်ဓာတ်က တကယ်ကို မကောင်းဘူးပဲ။ အရင်ကတော့ သူက တော်တော်လေး ခက်ထန်ပြီး မာန်မာနတွေ ပြည့်နေတာ။ မင်းနဲ့တွေ့တိုင်း မေးကို အမြဲပင့်ထားတတ်တာလေ။ ဒါပေမဲ့ တစ်ခုခုဖြစ်လာတော့ ရိုက်ကူးရေးလုပ်နေတုန်း သူ လုံးဝကို ပြာယာခတ်နေတာပဲ။ ပီယာနိုတီးတာလည်း အမှားတွေအများကြီးပဲ။ အသံမြင့်ပိုင်းတွေလည်း စာသားတွေမေ့ပြီး အသံတွေကွဲကုန်တာ။ ဒီတစ်ခါ သူ ပြိုင်ပွဲကနေ မထွက်ရရင် ဘယ်သူ ထွက်ရတော့မှာလဲ"

ယွီနျန့်ကတော့ သူ့ကို နာမည်ဖျက်ဖို့ ကြံစည်ခဲ့သူအပေါ် ဘယ်လိုမှ သနားစိတ်ရှိမှာ မဟုတ်ပါဘူး။ သူက ဖန်သားပြင်ပေါ်မှာ အရှက်ရနေတဲ့ ဖန်းဟွကို ကြည့်ပြီး

"ကျွန်တော် ငယ်ငယ်တုန်းက အဘိုးက ခဏခဏ ဆုံးမဖူးတယ်။ တခြားလူတွေကို မသိစေချင်ရင် ကိုယ်တိုင်က အဲဒီအလုပ်ကို မလုပ်မိဖို့ပဲတဲ့။ တကယ်လို့ မကောင်းတာတစ်ခုခု လုပ်မိခဲ့ရင် တစ်နေ့နေ့မှာ လူသိသွားဖို့အတွက် အမြဲတမ်း ပြင်ဆင်ထားရမယ်လေ"

"လူမသိစေချင်ရင် မလုပ်နဲ့တဲ့လား... မင်းအဘိုးက တကယ်ကို ကောင်းကောင်း ဆုံးမခဲ့တာပဲ"

"ဟုတ်တယ်"

ယွီနျန့်က အတိတ်ကို ပြန်ပြောင်းသတိရရင်း

"အဘိုး အသက်ရှိစဉ်တုန်းက အပတ်တိုင်း ကျွန်တော့်ကို ခေါင်းစဉ်တစ်ခုပေးပြီး စာစီစာကုံး ရေးခိုင်းတတ်တယ်။ ကျွန်တော် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်တုန်းက 'ကျွန်တော့်အဘွား' ဆိုတဲ့ ခေါင်းစဉ်နဲ့ အဘိုးက အဘိဓာန်လှန်ပြီး ရေးခိုင်းခဲ့တာ။ ပြီးမှ သူက ပြန်စစ်ပေးတာပေါ့။ နောက်ပိုင်းကျတော့ ခေါင်းစဉ်တွေက ပိုခက်လာတယ်။ 'နှစ်ကာလတွေက ရှည်လျားပေမဲ့ အလုပ်များသူတွေက မိမိကိုယ်ကိုယ် တွန်းအားပေးကြတယ်။ ကောင်းကင်နဲ့ မြေကြီးက ကျယ်ပြောပေမဲ့ လူယုတ်မာတွေရဲ့ စိတ်ကတော့ ကျဉ်းမြောင်းတယ်။ လေ၊ ပန်း၊ နှင်းနဲ့ လကတော့ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေပေမဲ့ ပြဿနာရှာတတ်သူတွေကတော့ ပိုလျှံနေတာပဲ' ဆိုတာမျိုးတွေပေါ့"

မုန့်ယွမ်က မှင်သက်သွားပြီး "ခြောက်နှစ်၊ ခုနစ်နှစ်သားအရွယ်မှာတင် ခဲတံတစ်ချောင်းနဲ့ ဒီလို စာစီစာကုံးလေးတွေ စရေးနေပြီပေါ့"

"ခဲတံနဲ့ မဟုတ်ဘူးဗျ၊ စုတ်တံနဲ့ ရေးရတာ။ ကျွန်တော် ငယ်ငယ်တုန်းက တူတောင် ဘယ်လိုကိုင်ရမလဲ မသိသေးခင် စုတ်တံကို အရင်ကိုင်တတ်ခဲ့တာ။ အဲဒီအချိန်တုန်းက ကျွန်တော့်လက်လေးတွေက သေးသေးလေးဆိုတော့ အဘိုးက ကျွန်တော်သုံးဖို့အတွက် စုတ်တံအသေးလေး လုပ်ပေးထားတယ်။ ဒါပေမဲ့ ကလေးဆိုတော့ ဘာမှနားမလည်ဘဲ အဲဒီစုတ်တံနဲ့ မှင်တွေနဲ့ ကျွန်တော့်မျက်နှာပေါ်မှာ လျှောက်ဆွဲနေကျပေါ့။ အဲဒီကိစ္စကို အဘိုးက နောက်ပိုင်းအထိ ပြန်ပြန်ပြောပြီး လှောင်နေတာ"

ယွီနျန့်ဟာ သူ့မိသားစုနဲ့ တကယ့်ကို ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာကို မုန့်ယွမ် မြင်နိုင်၏။ အရင်က သူပြောဖူးသလို မိဘတွေမရှိတော့ဘဲ အဘိုးအဘွားတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတယ်ဆိုတဲ့နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေမှာ အသေအချာပါပဲ။

သူက ထပ်ပြီး အတင်းမမေးတော့ဘဲ အလုပ်အကြောင်းပဲ ပြောင်းပြောလိုက်သည်။

"နောက်တစ်ပတ် အပိုင်းကျရင် ရှိုးအဖွဲ့က ဧည့်သည်အဆိုတော်တွေဖိတ်ချင်နေကြတယ်။ မင်းမှာ ရင်းနှီးတဲ့သူမရှိရင်တော့ အစီအစဉ်အဖွဲ့ကပဲ စီစဉ်ပေးလိမ့်မယ်။ လောင်ဟဲက ငါ့ကို မေးခိုင်းလိုက်တယ်။ မင်းမှာ အကြိုက်ဆုံး အဆိုတော် ဒါမှမဟုတ် ဖိတ်ချင်တဲ့သူရှိလားတဲ့။ သူတို့ ကြိုးစားပြီး ဖိတ်ပေးမယ်လို့ ပြောတယ်"

အရင် အပိုင်းနှစ်ခုမှာ ယွီနျန့် သီဆိုခဲ့တဲ့ ယွီချင်း ရဲ့ သီချင်းတွေကို မုန့်ယွမ် သတိရသွားပြီး

"တကယ်လို့ မင်းက ယွီချင်းကို ဖိတ်ချင်တယ်ဆိုရင်တော့ အစီအစဉ်အဖွဲ့က ကြိုးစားကြည့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ယွီချင်းက အရမ်းနာမည်ကြီးလွန်းတော့…ပြီးတော့… အခုလည်း ဂိုဘီသဲကန္တာရထဲမှာ ရုပ်ရှင်ရိုက်နေတယ်ဆိုတော့ သူလာဖို့ကတော့ နည်းနည်းတော့ ခက်လိမ့်မယ် ထင်တယ်"

ယွီနျန့်က ဒီနေ့မွန်းလွဲပိုင်းက လက်ခံရရှိခဲ့တဲ့ ဖုန်းခေါ်ဆိုမှုကို သတိရသွားပြီး

"ယွီချင်းက သဘောတူလိုက်ပါပြီ၊ သူ အချိန်မီ ပြန်လာပါလိမ့်မယ်"

"ဘာ"

မုန့်ယွမ်တစ်ယောက် အံ့ဩလွန်းလို့ မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။

"နေဦး၊ ဖြည်းဖြည်းချင်း ပြန်ပြောပါဦး! သဘောတူပြီးပြီ ဟုတ်လား မင်းက ယွီချင်းနဲ့ သိလို့လား"

ယွီနျန့်က ခေါင်းညိတ်ပြပြီး

"ဟုတ်ကဲ့၊ ကျွန်တော်တို့ သိလာတာ တော်တော်ကြာပါပြီ"

မုန့်ယွမ်က စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားပြီးမှ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။

"လောင်ဟဲကတော့ ငါ့ကို အသားကင် ၁၀ ပွဲလောက် ကျွေးရတော့မယ်! ယွီချင်းတဲ့ဟေ့! အဲဒါ ယွီချင်းလေ! သူသာ အစီအစဉ်ကို တကယ်လာရင် ကြည့်ရှုနှုန်း Ratings တွေ ပေါက်ကွဲကုန်တော့မှာ မဟုတ်လား"

***

ရိုက်ကူးရေးနေ့

မနက်စောစောမှာပဲ ယွီနျန့်ရဲ့ တံခါးကို "ဒုန်း... ဒုန်း..." ဆိုပြီး လာခေါက်သံ ကြားလိုက်ရသည်။ ယွီနျန့်က ရေလောင်းခရားကို ချပြီး တံခါးဖွင့်ပေးလိုက်၏။

ယွီချင်းက အိမ်ထဲဝင်လာပြီး သူ့ရဲ့ နေကာမျက်မှန်ကို ချွတ်လိုက်တဲ့အခါ တကယ်ကို လှပကျော့ရှင်းပြီး ထင်ပေါ်ကျော်ကြားတဲ့ မျက်နှာလေး ပေါ်လာသည်။

"စားစရာ တစ်ခုခု ရှိလား လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဒီကို တန်းလာခဲ့တာ။ တကယ်ကို ဗိုက်ဆာလို့ သေတော့မယ်"

"အိမ်မှာ ခေါက်ဆွဲပဲ ရှိတယ်။ အစ်မအတွက် တစ်ပွဲ ပြုတ်ပေးမယ်လေ"

ယွီနျန့်က မီးဖိုချောင်ဘက် လျှောက်သွားရင်းနဲ့ပဲ မှာကြားလိုက်သည်။

"တံခါးပိတ်ဖို့ မမေ့နဲ့ဦး၊ အိမ်စီးဖိနပ်ကတော့ ဘီရိုထဲမှာ ရှိတယ်"

ယွီချင်းက ရှစ်စင်တီမီတာမြင့်သည့် ဒေါက်ဖိနပ်တွေကို ဘေးပစ်ချလိုက်ပြီး အိမ်စီးဖိနပ်လေးစီးကာ ယွီနျန့်နောက်ကို လိုက်သွားသည်။

"ခေါက်ဆွဲထဲမှာ ကြက်ဥကြော်လေး တစ်လုံး ထည့်ပေးလို့ ရမလား ရုပ်ရှင်ရိုက်နေတုန်းက ဒီအစ်မကြီးမှာ တကယ်ကို ဗိုက်ဆာခဲ့ရတာ!"

"ရပါတယ်။ ဒါပေမဲ့ တစ်လုံးပဲ ကြော်ပေးမယ်နော်။ မဟုတ်ရင် အစ်မ စားပြီး ဝလာလိမ့်မယ်။"

ယွီချင်းက လမ်းလျှောက်ရင်း ယွီနျန့် အခုနေထိုင်တဲ့ နေရာကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မနှစ်သက်သလို ဆိုလာသည်။

"ဘာလို့ မင်းရဲ့ အခန်းက ဒီလောက်တောင် ကျဉ်းနေရတာလဲ"

ယွီနျန့်က မီးဖိုဖွင့်ပြီး ခေါက်ဆွဲထုတ်ယူရင်း

"ကျွန်တော် တစ်ယောက်တည်းနေတာလေ။ ဒီလောက်ဆို လောက်ပါပြီ။ အကျယ်ကြီးဆိုရင် ဟာလာဟင်းလင်း ဖြစ်နေမှာပေါ့။"

"အေးလေ မင်းပျော်ပျော်ရွှင်ရွှင် နေနိုင်ရင် ပြီးတာပါပဲ။"

ယွီချင်းက မီးဖိုခုံကို မှီရပ်ပြီး ယွီနျန့် ခေါက်ဆွဲပြုတ်တာကို ကြည့်ရင်း စကားစမြည် ပြောနေသည်။

"အရင်က မေးဖို့ အချိန်မရလိုက်ဘူး။ အစ်မ အပြင်မှာ ရုပ်ရှင်သွားရိုက်နေတာ နှစ်လလောက်ပဲ ရှိသေးတာ၊ မင်းက ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး ရှင်းယောင်နဲ့ စာချုပ်ချုပ်ပြီး ပွဲထွက်လာတာလဲ။ ပြီးတော့ ဟို ဖန်း ဆိုတဲ့ တစ်ယောက်ကရော ဘာဖြစ်တာလဲ။ ဒီလောက်တောင် ခုန်ပေါက်ပြီး ပြဿနာရှာနေတာ။ အဲဒီအချိန်ကသာ အစ်မ ဒီမှာရှိရင် သူ့ကို ပါးရိုက်သတ်လိုက်မှာ! ဒါပေမဲ့ မင်းတို့အဖွဲ့က တော်လို့သာပေါ့၊ သူ အကြံမအောင်သွားတာ။"

ယွီနျန့်က သာမန် အဖြူရောင် ချည်သားတီရှပ်လေးကို ဝတ်ထားပြီး လန်းဆန်းတက်ကြွသည့် လူငယ်တစ်ယောက်ရဲ့ ခံစားချက်ကို ပေးစွမ်းနေလျက်။ သူက ယွီချင်းကို ကိစ္စတွေရဲ့ ဖြစ်ရပ်မှန်ကို အသေးစိတ်ပြင်မပေးတော့ဘဲ

"အစ်မ သိတဲ့အတိုင်းပဲ… ကျွန်တော် ပိုက်ဆံ အများကြီး ရှာဖို့ လိုတယ်လေ။ ကျွန်တော့်ရဲ့ စီနီယာအစ်ကို တစ်ယောက်က ရှင်းယောင်မှာ အလုပ်သင် လုပ်နေတာနဲ့ အခွင့်သင့်လို့ စာချုပ်ချုပ်ဖြစ်သွားတာပါ။"

ယွီနျန့်မှာ သူ့ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်ဆိုတာ ယွီချင်း သိနေတာကြောင့် အများကြီး ထပ်မပြောတော့ပါဘူး။

"ရှင်းယောင်က မဆိုးပါဘူး။ ချွိရှောက်ရန်က အားကိုးမရဘူး ဆိုပေမဲ့ ချွိမိသားစုလို သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာဆိုတော့ ပြဿနာ မရှိပါဘူး။ မုန့်ယွမ်ကလည်း တော်ပါတယ်။ မင်း လူရွေးတာ တော်တော် မျက်စိစူးရှတာပဲ။"

သူမက ယွီနျန့်ရဲ့ ဘေးတိုက်ပုံရိပ်ကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်မိသည်။

"အမှန်အတိုင်း ပြောရရင် မင်းက အခုမှ ၂၁ နှစ်ပဲ ရှိသေးတာ အရမ်းငယ်သေးတယ်။ မင်းကိုယ်မင်း ဒီလောက်အထိ ဖိအားပေးပြီး အတင်းအကျပ် လုပ်နေစရာ မလိုပါဘူး။"

ယွီနျန့်က ခေါက်ဆွဲထည့်ဖို့ ပန်းကန်လုံးတစ်လုံးကို ထုတ်လိုက်ရင်း မျက်ဝန်းလေးတွေ ဝိုင်းသွားအောင် ပြုံးပြပြီး

"ကျွန်တော် ကိုယ်တိုင် အတင်းလုပ်နေတာ မဟုတ်ပါဘူး။ လူ့ဘဝမှာ လုပ်ကိုလုပ်ရမယ့် အရာတွေ ဆိုတာ ရှိစမြဲပဲ မဟုတ်လား။ ကျွန်တော် လုပ်ရမယ့်အရာက နည်းနည်းလေး ပိုခက်ခဲနေရုံပါ။ ဒါ့အပြင် ကျွန်တော် သီချင်းဆိုရတာကိုလည်း တကယ်ကို မြတ်နိုးပါတယ်။"

"ဒီလောက်များတဲ့ ပိုက်ဆံတွေကို ရှာရမှာကို... ဘယ်မှာ နည်းနည်းလေး ခက်တာလဲ"

ယွီချင်းက ယွီနျန့်ကို အများကြီး ပြောမနေတော့ဘဲ သူ့မျက်နှာကို လက်နဲ့အသာအယာ ကိုင်ပြီး စိုက်ကြည့်ကာ

"မင်းကို ကြည့်ရတာနဲ့တင် ငါ ဒေါသထွက်လာပြီ!"

ဒါပေမဲ့ စတူဒီယိုကို ရောက်သွားတဲ့အခါမှာတော့ ယွီချင်းဟာ အရင်က ပျင်းရိပြီး စိတ်တိုတတ်သည့် ပုံစံကို ဖျောက်ဖျက်လိုက်ပြီး ယွီနျန့်ကို ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ထောက်ခံအားပေးခဲ့သည်။

"နျန့်နျန့်ကို ဂရုစိုက်ပေးတဲ့အတွက် ဒါရိုက်တာဟဲကို ကျေးဇူးတင်ပါတယ်။ နျန့်နျန့်က ကျွန်မရဲ့ မောင်လေးတစ်ယောက်လိုပါပဲ။ သူက ငယ်လည်း ငယ်သေးတော့ တစ်ခုခု မှားယွင်းတာရှိရင် ဒါရိုက်တာဟဲအနေနဲ့ သည်းခံခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ရှင်။"

ယွီချင်း ဒီလောက်အထိ နူးနူးညံ့ညံ့ စကားပြောတာကို ယွီနျန့် ပထမဆုံးအကြိမ် မြင်ဖူးတာမို့ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရ၏။ မိတ်ကပ်ပြင်ခန်းထဲရောက်လို့ ဘေးမှာ လူသူကင်းသွားတဲ့အခါမှ ယွီချင်းက မျက်စောင်းထိုးပြီး

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ ငါက စားပွဲကို ထုပြီးတော့ 'ဒီကောင်လေးက ငါ့လူပဲ' လို့ အော်ပြောရမှာလား အဲဒါဆိုရင်တော့ ပွဲက ပျက်ကုန်မှာပေါ့!"

အဲဒီအကြောင်းပြောရင်းနဲ့ ယွီချင်းက မေးလာသည်။

"မုန့်ယွမ်က မင်းရဲ့ အများပြည်သူရှေ့ ပုံရိပ်ကို ဘယ်လိုမျိုး သတ်မှတ်ပေးထားလဲ"

"အစ်ကိုမုန့်ကတော့ မြင့်မြတ်တဲ့မင်းသားလေး ပုံစံမျိုး သတ်မှတ်ပေးထားတယ်။ အဲဒီလိုပုံစံက နောင်ကျရင် ကြော်ငြာလက်ခံတဲ့အခါ ပိုပြီးအဆင်ပြေချောမွေ့လိမ့်မယ်လို့ သူကပြောတယ်"

ယွီချင်းက နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်ပြန်ပြီး

"မင်းက မြင့်မြတ်တဲ့မင်းသားလေးအဖြစ် ဟန်ဆောင်နေရဦးမှာလား။ ဒါပေမဲ့လည်း ဟုတ်ပါတယ်လေ၊ မင်းကိုယ်မင်း ပြန်ကြည့်ဦး။ ဘယ်မင်းသားလေးကများ အပြင်စာတောင် မမှာစားနိုင်လောက်အောင် ဆင်းရဲနေလို့လဲ!"

ယွီနျန့်က သူမကို မဖွင့်ရသေးတဲ့ ရေသန့်ဗူးတစ်ဗူး ကမ်းပေးလိုက်ရင်း

"သတိထားဦးနော်။ မျက်စောင်း ခဏခဏထိုးလွန်းရင် မျက်တွန့်လာလိမ့်မယ်"

သူတို့နှစ်ယောက်ဟာ ကကွက်ပါတဲ့ တေးဂီတ (Dance music) တစ်ပုဒ်ကို အတူတူ ဖျော်ဖြေကြမှာပါ။ ယွီချင်းက ဆံပင်အနက်ရောင်၊ နှုတ်ခမ်းနီအနီရောင်နဲ့ အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်ရှိသူပါ။ သူမက အနက်ရောင် သားရေဂျာကင်နဲ့ သားရေဘောင်းဘီ၊ ရှစ်စင်တီမီတာမြင့်တဲ့ ဒေါက်ဖိနပ်တွေကို ဝတ်ဆင်ထားပြီး

မီးမောင်းထိုးပြလိုက်တာနဲ့ သူမရဲ့ အရှိန်အဝါ (Aura) က တဖြည်းဖြည်း မြင့်တက်လာသည်။ ယွီနျန့်ကတော့ ပွပွယောင်းယောင်း အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်လုံးအောက်က မျက်ရည်မှဲ့လေးပေါ်လွင်အောင် ခြယ်သထားသည့် မျက်ဝန်းတွေက တကယ်ကို ဆွဲဆောင်မှုကအထင်းသား။

ဒီအချိန်မှာပဲ ရှဲ့ယို့ ရောက်ရှိလာခဲ့သည်။

ရှဲ့ယို့ ရောက်လာတာကို မြင်တော့ ဟဲချိုးပိုင်က အပြေးအလွှား သွားရောက်ကြိုဆို၏။ သူ့ရင်ထဲမှာတော့ သံသယအချို့ ရှိနေခဲ့သည်။ ရှဲ့ယို့က ရင်းနှီးမြှုပ်နှံမှုလုပ်မယ်၊ တစ်ယောက်ယောက် လာကြည့်လိမ့်မယ်လို့ ပြောခဲ့ပေမဲ့ ဇာတ်တိုက်လေ့ကျင့်နေတဲ့နေရာကို တိုက်ရိုက်လာလိမ့်မယ်လို့ မထင်ထားခဲ့သလို၊ လာတဲ့သူက ရှဲ့ယို့ကိုယ်တိုင် ဖြစ်နေလိမ့်မယ်လို့လည်း လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။

ရှဲ့ယို့သည် ဇာတ်စင်ဧရိယာထဲသို့ ဝင်လာသည်နှင့် သူ၏မျက်လုံးများက ယွီနျန့်ထံသို့သာ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။ ယွီနျန့်သည် သူစိမ်းအမျိုးသမီးငယ်တစ်ဦးနှင့်အတူ ကခုန်နေသည်ကို မြင်လိုက်ရသောအခါ သူက ခပ်အေးအေးပင် မေးလိုက်သည်။

"အကတိုက်နေတာလား"

ဟဲချိုးပိုင်က အလျင်အမြန်ပင်

"ဟုတ်ကဲ့၊ ယွီနျန့်နဲ့ ယွီချင်းတို့ ဇာတ်တိုက်နေတာပါ။ ယွီချင်းက ရုပ်ရှင်ရိုက်ကွင်းကနေ အချိန်လုပြီး ပြန်လာပေးတဲ့ ဧည့်သည်အဆိုတော်ပါ" ဟု ရှင်းပြလိုက်သည်။

စကားအဆုံးတွင် သူ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်မှာ... ပတ်ဝန်းကျင်က ဘာကြောင့် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရတာလဲ။

ရှဲ့ယို့၏ အကြည့်များက စင်ပေါ်သို့ မလွဲမသွေ ကျရောက်နေစဉ် နောက်ကလိုက်ပါလာသော လက်ထောက် ချင်းကျန့်က အခြေအနေကိုကြည့်ကာ အချိန်ကိုက်ပင် ပြောလိုက်သည်။

"ဒါရိုက်တာဟဲ၊ ခင်ဗျား တကယ်ကို အလုပ်များနေတာပဲ"

စင်ပေါ်တွင် မီးရောင်များက တောက်ပနေသော်လည်း ယွီနျန့်မှာမူ ရှဲ့ယို့ ရောက်ရှိနေသည်ကို သတိမထားမိပေ။ သူသည် ယွီချင်းနှင့် အလွန်နီးကပ်စွာ ရှိနေရသဖြင့် အသားမကျသလို ဖြစ်နေသည်။

ယွီချင်းက မျက်စောင်းထပ်ထိုးချင်သွားသော်လည်း အရေပြားတွန့်တတ်သည်ဟူသော ယွီနျန့်၏စကားကို သတိရသွားသဖြင့် အောင့်အည်းထားလိုက်ပြီး အသံတိုးတိုးဖြင့်

"ဒီအစ်မကြီးက မင်းငယ်ငယ်တုန်းက အနှီးတောင် လဲပေးခဲ့တာပါဟ၊ မင်းလက်ကလေး ကိုင်ထားရတာ ဘာဖြစ်နေလို့လဲ"

ယွီနျန့်က အမှန်ပြင်ပေးလိုက်သည်။

"အစ်မက ကျွန်တော့်ထက် ငါးနှစ်ပဲ ကြီးတာလေ။ ကျွန်တော့်အနှီးကို လဲပေးခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"

"အဲဒါတော့ ဟုတ်သားပဲ... ဒါဆိုရင်လည်း မင်းအဘွား မင်းအနှီးလဲပေးနေတာကို ငါမြင်ဖူးတာပေါ့!" ယွီချင်းက အလေးအနက်ထားပြီး မှာကြားသည်။

"ရိုက်ကူးရေးလုပ်တဲ့အခါ အေးအေးဆေးဆေးပဲလုပ်။ မနက်ဖြန် အစ်မ အင်တာဗျူးတစ်ခုရှိတယ်။ အဲဒီမှာ မင်းနာမည်ကို ထည့်ပြောပေးမယ်။ မုန့်ယွမ်ကိုလည်း သတင်းအရှိန်မသေအောင် လုပ်ခိုင်းထားလိုက်။"

ယွီနျန့်က စင်ပေါ်က ဆင်းလာရင်း "ကျေးဇူးပါ အစ်မ။"

ဇာတ်တိုက်လေ့ကျင့်မှုအပြီးမှာတော့ ယွီချင်းက ဖုန်းဆက်ဖို့ အပြင်ထွက်သွားပြီး ယွီနျန့်ကတော့ သီချင်းစာသားတွေ ကျက်မှတ်ဖို့ မိတ်ကပ်ပြင်ခန်းကို ပြန်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးတဲ့နောက်မှာတော့ သူ့ရှေ့က ပုံရိပ်တစ်ခုကြောင့် သူ မသေချာသလို ရေရွတ်လိုက်မိသည်။

"လူကြီးမင်းရှဲ့"

ရှဲ့ယို့ လှည့်ကြည့်လာတာကို မြင်တော့ သူက အံ့ဩဝမ်းသာစွာ ပြုံးပြလိုက်သည်။

"နောက်ကျောကိုပဲ မြင်ရတာဆိုတော့ မသေချာလို့ပါ။ တကယ်ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး။"

သူက ငါ့ရဲ့ နောက်ကျောကို ကြည့်ရုံနဲ့တင် မှတ်မိနေတာပဲ...

ရှဲ့ယို့ရဲ့ စိတ်အခြေအနေက ရုတ်တရက်ဆိုသလို ပြန်လည်ကောင်းမွန်သွားခဲ့သည်။

သူက ယွီနျန့်အနားကို တိုးသွားပြီး…

"စောစောက မင်းသီချင်းဆိုတာ တကယ်ကောင်းတယ်။" ဟု ချီးကျူးဖို့ကိုလည်း မမေ့။

"ကျေးဇူးတင်ပါတယ်"

ယွီနျန့်က ရှက်ပြုံးလေးနဲ့ ပြန်ပြောသည်။

"သီချင်းစာသားတွေကို အကုန်မရသေးလို့ ကနေတုန်း စာသားပြတဲ့စက်ကို ခိုးခိုးကြည့်နေရတာ။ တော်သေးတာပေါ့ ဒါရိုက်တာဟဲ မရိပ်မိလို့၊ မဟုတ်ရင်တော့ အဆူခံရမှာ အသေအချာပဲ။"

ရှဲ့ယို့က သူ့လက်ထဲက လက်ဆောင်ဗူးလေးကို ကမ်းပေးလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်က မင်းပေးတဲ့ သကြားလုံးအတွက် အပြန်အလှန်လက်ဆောင်ပါ။"

ယွီနျန့်က လက်နှစ်ဖက်နဲ့ လှမ်းယူလိုက်ပြီး သစ်သားလက်ဆောင်ဗူးပေါ်မှာ ရိုက်နှိပ်ထားသည့် တံဆိပ်ကို မြင်လိုက်ရတဲ့အခါ သူ့မျက်ဝန်းတွေထဲမှာ ကြယ်လေးတွေ ပြည့်သွားသလိုမျိုး တောက်ပလာခဲ့သည်။ သူက အံ့ဩတကြီးနဲ့ ရေရွတ်သည်။

"ချင်းဟဲလမ်းက အဲဒီမုန့်ဆိုင်လား ကျွန်တော် ငယ်ငယ်လေးကတည်းက သူတို့ဆိုင်က မုန့်တွေကို အရမ်းကြိုက်တာ!"

ရှဲ့ယို့ရဲ့ မျက်နှာအမူအရာကတော့ ထူးထူးခြားခြား ပြောင်းလဲမသွားပေမဲ့ စိုးရိမ်နေခဲ့သည့် သူ့စိတ်ကတော့ အခုမှပဲ အေးချမ်းသွားတော့သည်။

"မင်း ကြိုက်တယ်ဆိုရင် ပြီးတာပါပဲ။"

သူက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပေမဲ့ နောက်ဆုံးမှာတော့ ဘောပင်နဲ့ စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့တဲ့ စကားလုံးတွေကို အဆင်ပြေချောမွေ့စွာ ပြောလိုက်ပါတယ်။

"ငါ့မေမေက မင်းကို အရမ်းသဘောကျလို့ပါ။ လက်မှတ်တစ်ချက်လောက် ထိုးပေးလို့ ရမလား"

"ရတာပေါ့။ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ!"

ယွီနျန့်က ဘောပင်နဲ့ စာရွက်ကို ယူပြီး သူ့နာမည်ကို အလေးအနက်ထားကာ ရေးထိုးပေးလိုက်သည်။ ယွီနျန့်က ရှဲ့ယို့ကို စာရွက်ပြန်ကမ်းပေးလိုက်တဲ့အချိန်မှာ သူတို့ရဲ့ လက်ချောင်းထိပ်လေးတွေ အချင်းချင်း ထိမိသွားကြသေး၏။

ရှဲ့ယို့က အသက်ကို ခပ်ဖွဖွရှူသွင်းလိုက်ပြီး ဘောပင်နဲ့ စာရွက်ကို သိမ်းဆည်းကာ ယွီနျန့်ကို ကြည့်ပြီး

"ဒါဆို ငါ အရင်သွားလိုက်ဦးမယ်။"

ယွီနျန့်က ခေါင်းညိတ်ပြရင်း

"ဟုတ်ကဲ့၊ မုန့်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လမ်းမှာ ဂရုစိုက်သွားပါဦးနော်။နောက်မှ ပြန်ဆုံကြတာပေါ့။"

"နောက်မှ ပြန်ဆုံကြမယ်။"

_________________________________________________________

 TN // တအား အိကျိပိကျိ ဖြစ်နေကြတာ မဟုတ်ဘူးလားလို့။ အသဲယား တာ 

Comments

  1. ရင်ထဲ ကုလားဘုရားလှည့်သလိုဖြစ်နေမှာ ရှက်တက်တက်ကုန်ကတော့။အိုင်ဒေါတယောက်ကို ချစ်ရတဲ့ ခံစားချက်ကို သိနေတော့ ကိုယ်ပါ ရင်တွေခုန်

    ReplyDelete
  2. အယ် စကားလုံးပျောက်ရှပြီး ပြုံးပြုံးကြီးဖတ်နေမိပြီ အသဲယားလွန်းလို့ ဘယ်လိုလုပ်ရ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...