Skip to main content

18






အခန်း (၁၈) ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ

ယွီချင်းကအနက်ရောင်ဒေါက်ဖိနပ်သံ တတောက်တောက်နဲ့ ရှေ့ကို လျှောက်လာခဲ့ပြီး ယွီနျန့်နဲ့ စကားပြောနေတဲ့သူတွေကို မြင်လိုက်ရတဲ့အခါ ခဏလောက် အံ့ဩသွားပြီးတော့မှ ယဉ်ကျေးပျူငှာတဲ့ အပြုံးနဲ့ ချက်ချင်း နှုတ်ဆက်လိုက်၏။

"တကယ့်ကို တိုက်ဆိုင်တာပဲနော်"

ချွိရှောက်ရန် ရင်တွေ တဒိန်းဒိန်း ခုန်သွားပြီး ရှဲ့ယို့ရဲ့ မျက်နှာအမူအရာကို မကြည့်မိအောင် မနည်းထိန်းထားလိုက်ရသည်။ သူက အသက်ကို ခပ်ပြင်းပြင်းရှူရင်း အခြေအနေကို စမ်းတဝါးဝါးနဲ့ မေးလိုက်၏။

"စီနီယာတို့ အတူတူ ညစာလာစားကြတာလား"

သူ့စိတ်ထဲမှာတော့ တခြားလူတွေလည်း ပါပါစေ၊ သူငယ်ချင်းတွေနဲ့ စုစားတာ ဖြစ်ပါစေ၊ ဒါမှမဟုတ် အစီအစဉ်အဖွဲ့ရဲ့ ဂုဏ်ပြုပွဲ ဖြစ်ပါစေလို့ တတွတ်တွတ် ဆုတောင်းနေမိတာပါ။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေက သူ့ကို လျစ်လျူရှုလိုက်ပုံရပြီး ယွီချင်း ပြန်ဖြေလိုက်သည့် စကားသံကို ကြားလိုက်ရသည်။

"ဟုတ်တယ်လေ၊ နျန့်နျန့်က ပထမရသွားတော့ ကျွန်မတို့ ဒီကို လာစားကြတာ။ ဒီလောက်အထိ တိုက်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး။"

ယွီချင်းက ယွီနျန့်အနားမှာ ကပ်ရပ်နေပြီး လေသံရော အမူအရာပါ တကယ့်ကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဟန်ပန်။

ချွိရှောက်ရန်ကတော့ ရှဲ့ယို့ဆီကနေ ပျံ့လွင့်လာသည့် အေးစက်စက် လေထုကြီးကြောင့် တုန်တက်သွားတော့မတတ် ခံစားနေရပြီလေ။ နှစ်စက္ကန့်လောက် အသည်းအသန် စဉ်းစားပြီးတဲ့နောက်မှာတော့ ချွိရှောက်ရန်က ဖိတ်ခေါ်စကား ဆိုလိုက်သည်။

"တခြားလူတွေလည်း မပါဘူးဆိုတော့ ကျွန်တော်တို့ တစ်စားပွဲတည်း အတူတူ ထိုင်စားကြမလား စီနီယာ တို့နှစ်ယောက်၊ ကျွန်တော်တို့နှစ်ယောက်... အတူတူစားရင် ပိုပြီးတော့တောင် စည်ကားတာပေါ့!"

ယွီချင်းကတော့ ချွိရှောက်ရန်ဟာ ယွီနျန့်ကို တိုက်ရိုက်စီမံခန့်ခွဲသူ မဟုတ်ပေမဲ့ ယွီနျန့်ရဲ့ အထက်လူကြီး ဖြစ်နေတာကို ထည့်တွက်လိုက်သည်။ ရှဲ့ယို့ဆိုရင်တော့ ပြောမနေနဲ့တော့။ သူ့နဲ့ ထမင်းတစ်နပ် အတူစားခွင့်ရဖို့ လူတွေ ဘယ်လောက်တောင် တန်းစီနေကြရသလဲ။ ဒီနေ့လည်း အရေးကြီးတဲ့ကိစ္စ ဘာမှမရှိတာကြောင့် သူတို့နဲ့အတူ ထမင်းစားရင်း စကားစမြည်ပြောတာက ယွီနျန့်အတွက်လည်း မဆိုးဘူးလို့ သူမ တွေးလိုက်မိတာပါ။

ဒါပေမဲ့ သူမက တိုက်ရိုက် ဆုံးဖြတ်ချက်မချဘဲ ယွီနျန့်ကို အကဲခတ်သလို လှည့်ကြည့်ပြီး သဘောထားကို တောင်းခံတော့…

ယွီနျန့်က ယွီချင်း ကြည့်လာတာကို မြင်တဲ့အခါ ပြုံးပြီး ပြန်ဖြေပေးလာသည်။

"ရတာပေါ့ဗျာ၊ အတူတူစားကြတာပေါ့။ ဒါဆိုရင်တော့ လူကြီးမင်းတို့ကို အားနာရတော့မှာပဲ။"

ချွိရှောက်ရန်ကတော့ သူတစ်ခုခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ခံစားလိုက်ရပြီး စိတ်အခြေအနေက ချက်ချင်း ပြန်ကောင်းသွားသည်။

"အားနာစရာ မလိုပါဘူး။ လူများများနဲ့ဆိုတော့ ပိုတောင် ပျော်စရာကောင်းသေးတယ်!"

လေးယောက်သား အတော်လေး ကျယ်ဝန်းသည့် သီးသန့်ခန်းထဲကို ဝင်လာခဲ့ကြသည်။ ရှဲ့ယို့တို့ကလည်း ခုလေးတင်မှ ရောက်ပြီး မှာထားတာဆိုတော့ ဟင်းတွေကတော့ မချရသေးပါဘူး။

ထိုင်ပြီးတာနဲ့ ယွီချင်းက လက်ဖက်ရည်အိုးကို မကာ ခွက်ထဲကို ခပ်နွေးနွေး လက်ဖက်ရည် ငှဲ့လိုက်သည်။ သူမက ထုံးစံအတိုင်း ယွီနျန့်ကို အရင်ဆုံး ကမ်းပေးလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သေး၏။

"သတိထားနော်၊ ပူတယ်"

သူမရဲ့ မျက်စိရှေ့မှာ ထိုင်နေသည့် ချွိရှောက်ရန်ကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း သွားတွေတောင် ကျိန်းတက်လာသလိုလိုပါပဲ။

သူက ဒီအနုပညာလောကထဲမှာ ကျင်လည်နေတာဆိုတော့ ယွီချင်းအကြောင်းကို သိတာပေါ့။ သူမရဲ့ နောက်ခံက သိပ်မရှင်းလင်းပေမဲ့ ဒေါသကြီးပြီး ပြတ်သားသည့် ကိုယ်ရည်ကိုယ်သွေးရှိတာတော့ အားလုံးအသိပါ။ အရင်က သူမမှာ ရည်းစားတစ်ယောက် ရှိခဲ့ဖူးပေမဲ့ တစ်ဖက်လူ ဖောက်ပြန်တာကို သိလိုက်ရတဲ့အခါ ယွီချင်းက သူ့ခြေထောက်တွေကို ကိုယ်တိုင် ရိုက်ချိုးပစ်ခဲ့တယ်လို့တောင် သတင်းတွေ ထွက်ခဲ့ဖူးတာလေ။

ဒီလောက်အထိ ထက်မြက်လှပသည့် အမျိုးသမီးတစ်ယောက်က အခုတော့ ယွီနျန့်ကို နူးနူးညံ့ညံ့နဲ့ လက်ဖက်ရည် ငှဲ့ပေးနေရုံတင်မကဘဲ အပူမလောင်အောင်ပါ ဂရုတစိုက် မှာကြားနေတယ်ဆိုတော့...။

ဒါဟာ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ပြဿနာရှိနေပြီ ဆိုတာ သိသာလွန်းနေတာလေ။

ချွိရှောက်ရန်ကတော့ သူခုနက လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ရုတ်တရက် နောင်တရနေပါပြီ။ သူ့သူငယ်ချင်းအရင်းခေါက်ခေါက်၏ ရင်ဘတ်ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးနှက်နေမိသလို သူ ခံစားနေရပြီလေ။

ဒါပေမဲ့ ဒီအတိုင်းကြီး တိတ်ဆိတ်နေလို့လည်း မဖြစ်တာကြောင့် ချွိရှောက်ရန်က စကားဝိုင်းလေး အသက်ဝင်လာအောင် အတင်းအကျပ် အကြောင်းအရာ ရှာရတော့၏။

"ခုနတင်ပဲ စီနီယာတို့နှစ်ယောက်ရဲ့ တွဲဖက်ဖျော်ဖြေမှုကို ကြည့်ပြီးသွားတာ။ တကယ်ကို တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်လွန်းတယ်ဗျာ။ မျက်စိရှိတဲ့သူတိုင်း ဘယ်သူက ပထမနဲ့ ထိုက်တန်သလဲဆိုတာ သိမှာပါ"

ယွီချင်းက ချီးကျူးခံရတာကို သဘောကျပြီး အလွန်ပျော်သွားပုံရသည်။ သူမက ဆံပင်တွေကို သပ်တင်လိုက်ရင်း တောက်ပစွာ ပြုံးပြပြီး

"ဟုတ်ပါရဲ့… ကနေတုန်းကလည်း ကျွန်မ တကယ်ကို ပျော်ခဲ့တာလေ။ လူကြီးမင်းချွိကလည်း ဒီရှိုးကို ကြည့်တာလား"

"အပိုင်းတိုင်းနီးပါးကို ကြည့်ဖြစ်ပါတယ်ဗျ"

သူက ရှဲ့ယို့ကို တစ်ချက် လှမ်းကြည့်လိုက်တော့ ရှဲ့ယို့ရဲ့ မျက်နှာက တောင့်တင်းနေတာကို တွေ့လိုက်ရသည်။

"ယွီနျန့်ရဲ့ ဖျော်ဖြေမှုတိုင်းက တကယ်ကို ကောင်းလွန်းပါတယ်။ မုန့်ယွမ်ကတော့ ဒီတစ်ခါ တကယ့်ရတနာတစ်ပါးကို ရှာတွေ့ထားတာပဲ"

ချွိရှောက်ရန်က သိချင်ယောင်ဆောင်ပြီး ထပ်မေးလိုက်ပြန်သည်။

"စီနီယာတို့နှစ်ယောက်က အပြင်မှာလည်း သူငယ်ချင်းတွေ ဖြစ်နေတာလား"

ယွီချင်းက ပြုံးလျက်

"ဟုတ်တယ်လေ။ ကျွန်မတို့က ငယ်ငယ်ကတည်းက သိလာခဲ့ကြတာ။"

ချွိရှောက်ရန်မှာ ရှဲ့ယို့ကို မကြည့်မိအောင် မနည်းအောင့်ထားရသော်လည်း မနေနိုင်ဘဲ ခိုးကြည့်လိုက်မိသည်။

သွားပြီ င့ါကောင်ရေ… ငယ်သူငယ်ချင်း တွေတဲ့ဟေ့!

ထိုအချိန်တွင် မှာထားသော ဟင်းလျာများ ရောက်ရှိလာသည်။ ရှဲ့ယို့၏ အကြည့်မှာ ကြာပန်းကိတ် ပန်းကန်ပေါ်တွင် ခေတ္တရပ်တန့်သွားပြီးနောက် ထိုပန်းကန်ကို ယွီနျန့်ရှေ့သို့ တိတ်တဆိတ် တိုးပေးလိုက်သည်။ ယွီနျန့်၏ တူမှာ လေထဲတွင် ခဏရပ်တန့်သွားပြီးနောက် မျက်ဝန်းလေးများ ကွေးညွတ်သွားသည်အထိ ရှဲ့ယို့ကို ပြုံးပြလိုက်သည်။

ဤကြာပန်းကိတ်မှာ ဦးလေးရှန် အရင်က အမြဲလုပ်ပေးလေ့ရှိသော မုန့်ဖြစ်ပြီး သူလည်း အလွန်ကြိုက်နှစ်သက်ရသည်လေ။ သို့သော် ရှဲ့ယို့က ဤအချက်ကို ဘယ်လိုသိနေတာလဲ ပြီးခဲ့သည့် လေ့ကျင့်တုန်းက ပေးခဲ့သော မုန့်များသည်လည်း သူအကြိုက်ဆုံးမုန့်များ ဖြစ်နေခဲ့သည်။

တိုက်ဆိုင်မှုသက်သက်ပဲ ဖြစ်မှာပါလေ... ဟု ယွီနျန့် တွေးမိသွားသည်။

ယွီချင်းနှင့် ချွိရှောက်ရန်တို့မှာ ပွဲလမ်းသဘင်အမျိုးမျိုးတွင် ဆုံဖူးကြသူများဖြစ်ပြီး နှစ်ဦးစလုံးမှာ စကားပြောပါးနပ်သူများဖြစ်ရာ စကားဝိုင်းမှာ တော်တော်လေး စည်ကားနေသည်။ ယွီနျန့်မှာမူ စားနေစဉ်အတွင်း စကားသိပ်မပြောသော်လည်း သင့်တော်သည့်အချိန်တွင် ဝင်ရောက်ပြောဆိုတတ်သည်။ ရှဲ့ယို့တစ်ယောက်သာလျှင် တစ်ပွဲလုံး တိတ်ဆိတ်စွာ စားသောက်နေပြီး စကားတစ်ခွန်းမှပင် ခက်ခဲစွာ မဟပေ။

နာရီဝက်ခန့် ထပ်ကြာပြီးနောက် ယွီနျန့်မှာထားသော ဟင်းလျာများလည်း စားပွဲပေါ်သို့ ရောက်ရှိလာသည်။

ယွီနျန့်က အပြာနှင့်အဖြူရောင် ပန်းကန်လုံးလေးကို ယူကာ ယွီချင်းအတွက် စွပ်ပြုတ်တစ်ပန်းကန် ခပ်ပေးလိုက်ရင်း

"အစ်မ လမ်းမှာတုန်းက ဒီစွပ်ပြုတ်အကြောင်းပဲ တဖွဖွ ပြောလာတာ မဟုတ်လား"

ယွီချင်းက ပန်းကန်လုံးလေးကို လက်နှစ်ဖက်ဖြင့် လှမ်းယူကာ ကျေနပ်အားရစွာ တစ်ငုံသောက်လိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်! ဒါပဲ... ဒီအရသာပဲ! မသောက်ရတာ တော်တော်တောင် ကြာသွားပြီ "

ချွိရှောက်ရန်ကတော့ အခြေအနေကို ကြည့်ပြီး ခန့်မှန်းနေမိသည်။

တကယ်လို့သာ အခုအချိန်မှာ ရှဲ့ယို့ရဲ့ ခန္ဓာကိုယ်ပေါ်ကို pH တိုင်းတဲ့ စက္ကူလေးတစ်ပြား ကပ်လိုက်မယ်ဆိုရင် အရောင်က အနီရင့်ရောင်တောင် ဖြစ်သွားမလားပဲ။ 

တကယ်ကို သဝန်တိုလွန်းလို့ ချဉ်စူးနေပြီ!

ထိုစဉ် စားပွဲပေါ်တင်ထားသော ယွီနျန့်၏ ဖုန်းမြည်လာပြီး စခရင်ပေါ်တွင် "ရှမင်းရှီး" ဟူသော အမည်လေး ပေါ်လာသည်။

သူက အားနာဟန်ဖြင့်

"ကျွန်တော် အပြင်ထွက်ပြီး ဖုန်းခဏပြောလိုက်ဦးမယ်နော်။"

ယွီနျန့်က တံခါးဖွင့်ကာ အပြင်ထွက်သွားပြီးနောက် အပြင်ဘက်မှ တိုးတိုးညင်းညင်း စကားသံအချို့ အခန်းထဲသို့ လွင့်ပျံ့ဝင်ရောက်လာသည်။

"အင်း... ငါ မြင်ပါတယ်။ တကယ်လား... ဟုတ်၊ ဟုတ်ပြီ... ကျေးဇူးပါ မင်းရှီး..."

ရှဲ့ယို့သည် ပါးစပ်ထဲရှိ အစားအစာများမှာ အရသာမရှိတော့သလို ခံစားလိုက်ရသဖြင့် တူကို ချလိုက်မိသည်။

ယွီချင်းနှင့် မြိန်ရေယှက်ရေ စကားပြောနေသော ချွိရှောက်ရန်မှာ ရှဲ့ယို့ တူ ချလိုက်သည်ကို မြင်သောအခါ အံ့ဩသွားပြီး

"အရသာက မင်းနဲ့ အဆင်မပြေလို့လား"

ရှဲ့ယို့က ခေါင်းခါပြလိုက်သည်။

ချွိရှောက်ရန်သည် ယွီနျန့်ဖုန်းစခရင်ပေါ်တွင် မြင်လိုက်ရသော အမည်ကို ပြန်သတိရသွားပြီး ရှဲ့ယို့တစ်ယောက် စိတ်အခြေအနေ မကောင်းဖြစ်နေပြီဟု တွေးမိကာ ရှဲ့ယို့၏ ပုခုံးကို လှမ်းပုတ်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည် ။

အို... သနားစရာကောင်းတဲ့ ငါ့သူငယ်ချင်းလေးရယ်!

စားသောက်ပြီးနောက် နှစ်ဖက်စလုံး နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။ မထွက်ခွာမီ ချွိရှောက်ရန်က ပါးနပ်စွာဖြင့် ယွီချင်းနှင့် ယွီနျန့်ကို သူ့၏ လိပ်စာကတ်များ ပေးခဲ့ပြီးနောက် ရှဲ့ယို့၏ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲကာ ရှဲ့ယို့ကိုပါ လိပ်စာကတ် ထုတ်ပေးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယွီနျန့် ထွက်ခွာသွားသော လမ်းကြောင်းကို ရှဲ့ယို့ ငေးကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ ချွိရှောက်ရန်က လေချွန်လိုက်ပြီး

"ရှဲ့ရှောင်ယို့... သတိပြန်ကပ်စမ်းပါဦး။ သူ့အရိပ်တောင် မမြင်ရတော့ဘူးလေ။"

မကြာမီပင် ဒရိုင်ဘာက ကားမောင်းလာခဲ့ပြီး သူတို့နှစ်ဦး နောက်ခန်းတွင် ထိုင်လိုက်ကြသည်။ ချွိရှောက်ရန်က ရှဲ့ယို့၏ မျက်နှာအမူအရာကို အကဲခတ်ရင်း

"မင်း... အဆင်ပြေရဲ့လား"

"ပြေပါတယ်။"

အဲဒါကမှ ထူးဆန်းနေတာ!

ချွိရှောက်ရန်က ခေါင်းကို ကုတ်ရင်း စဉ်းစားခန်းဖွင့်နေသည်။

"နေပါဦး... မင်းအထင်တော့ ယွီချင်းနဲ့ ယွီနျန့်တို့က တွဲနေကြတာလား။ ဒါမှမဟုတ် အခြေအနေအရ ကြည့်ရင် ယွီချင်းက ယွီနျန့်ကို လိုက်နေတာများလား"

ရှဲ့ယို့က စကားမပြန်နိုင်ခင်မှာတင် ချွိရှောက်ရန်က သူ့ဘာသာသူ ပြန်ငြင်းလိုက်ပြန်ပါသည်။

"မဟုတ်လောက်ပါဘူး။ ငါအရင်က ကြားဖူးတာတော့ ယွီချင်းမှာ ချစ်သူရှိတယ်တဲ့။ အဲဒီလူက သီချင်းရေးဆရာ 'စီနင်' လေ။ မင်းတော့ သိမှာမဟုတ်ဘူး... ယွီနျန့် ပထမဆုံး စင်ပေါ်တက်တုန်းကဆိုခဲ့တဲ့ ကြယ်စင်ဝေးဝေး ဆိုတဲ့ သီချင်းကလည်း ဒီစီနင်ဆိုတဲ့လူ ရေးပေးထားတာ။ ဟေး... ငါပြောပြမယ်။ ယွီနျန့် ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ဆိုသွားတဲ့ သီချင်းတွေအကုန်လုံးက ယွီချင်းရဲ့ သီချင်းတွေချည်းပဲ။"

ဘေးနားကနေ အေးစက်စက် အရှိန်အဝါကြီး ထွက်ပေါ်လာတာကို ခံစားလိုက်ရတာကြောင့် ချွိရှောက်ရန်က သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး အရင်က သူကြားဖူးတာတွေကိုပဲ ဆက်ပြောပြနေတော့သည်။

"ယွီချင်းရဲ့ နောက်ဆုံးထွက်ထားတဲ့ နာမည်ကြီး အယ်လ်ဘမ် သုံးခုလုံးကို ဒီစီနင်ကပဲ ရေးပေးထားတာ။ ဒါပေမဲ့ စီနင်က ဘယ်တော့မှ လူလုံးမပြဘူး။ ယွီချင်းတစ်ယောက်တည်းအတွက်ပဲ သီချင်းတွေ ရေးပေးတာလေ။ ကောလာဟလတွေအရတော့ စီနင်နဲ့ ယွီချင်းက ချစ်သူတွေမို့လို့ တခြားငွေကြေး၊ ဂုဏ်ဒြပ်တွေနောက် မလိုက်ဘဲ သူမအတွက်ပဲ စိတ်ရောကိုယ်ပါ ပုံအောရေးပေးနေတာလို့ ပြောကြတာပဲ။"

ချွိရှောက်ရန်က တတွတ်တွတ်နဲ့ ပြောချင်ရာတွေ ပြောပြီးတာနဲ့ ဖုန်းထုတ်ပြီး ဂိမ်းဆော့နေလိုက်၏။ သူ့ကိစ္စသူ့တာဝန်ပြီးပြီလို့လည်း ယူဆလိုက်ပုံနဲ့ပေ့ါ။ ဂိမ်းဆော့လို့ ငါးမိနစ်လောက်အကြာမှာတော့ အကြာကြီး တိတ်ဆိတ်နေတဲ့ ရှဲ့ယို့ဆီကနေ "ငါ သူ့ကို သိတယ်" ဆိုတဲ့ စကားသံ ထွက်လာသည်။

ချွိရှောက်ရန်က ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ဂိမ်းဆော့တာကို ရပ်လိုက်ပြီး သူ့မျက်လုံးတွေက တောက်ပသွားလျက်

"အဲဒီတော့... ဘာဖြစ်လဲ"

"ငါ သူ့ကို သိတာ တော်တော်ကြာပြီ။"

"တော်တော်ကြာပြီဆိုတာ ဘယ်လောက်တောင် ကြာတာလဲ"

"သုံးနှစ်ရှိပြီ။"

သုံးနှစ် ချွိရှောက်ရန်က သေချာတွက်ချက်ကြည့်လိုက်သည်။ သုံးနှစ်ဆိုသည်မှာ ရှဲ့ယို့တစ်ယောက် ဥက္ကဋ္ဌနေရာကို စတင်ဆက်ခံခဲ့သည့် အချိန်နှင့် မရှေးမနှောင်းပင် ဖြစ်သည်။ ထိုစဉ်က ရှဲ့ယို့၏ ပတ်ပန်းကျင်တွင် ရန်သူဟောင်းများ ဝိုင်းရံနေခဲ့ပြီး မြေခွေးအိုကြီးများစုကလည်း သူ့ကို အလစ်အငိုက်ချောင်းကာ ဝါးမြိုရန် ကြံစည်နေခဲ့ကြသည်။

ထိုအချိန်က အခြေအနေများမှာ အလွန်ပင် တင်းမာခက်ခဲလွန်းလှသဖြင့် ရှဲ့ယို့မှာ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့သည့်အပြင်၊ မိမိ၏ အားနည်းချက်ကို တစ်ဖက်လူ သိသွားမည်စိုးသောကြောင့် နေမကောင်းဖြစ်လျှင်ပင် ဆရာဝန်နှင့် ပြသရန်ပင် မဝံ့ရဲခဲ့သည်ကို ချွိရှောက်ရန် ပြန်သတိရသွားသည်။

ထိုစဉ်က ရှဲ့ယို့ ဖြတ်သန်းခဲ့ရသည့် ဒုက္ခဆင်းရဲများကို တွေးမိလိုက်သောအခါ ချွိရှောက်ရန်၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများ မှေးမှိန်သွားပြီး

"အဲဒီတော့... ဘာဆက်ဖြစ်လဲ"

ရှဲ့ယို့သည် ကျောကို မတ်မတ်ဆန့်ကာ ထိုင်နေဆဲဖြစ်ပြီး တစ်စုံတစ်ခုက သူ့ကို စိတ်လျှော့ရန် တားဆီးထားသကဲ့သို့ ရှိနေသည်။ သို့သော်လည်း ကားပြတင်းပေါက်မှတစ်ဆင့် ရံဖန်ရံခါ ဖြတ်သန်းဝင်ရောက်လာသော လမ်းမီးရောင်များက သူ၏ မျက်ဝန်းအစုံရှိ နူးညံ့မှုများကို ထင်ဟပ်နေစေခဲ့သည်။

"ငါ သူ့နားကို တတ်နိုင်သမျှ အနီးကပ်ဆုံး ရောက်ချင်တယ်။"

ဤစကားတစ်ခွန်းက ချွိရှောက်ရန်ကို အကြောင်းပြချက်မရှိဘဲ စိတ်မကောင်းဖြစ်သွားစေသည်။

"မင်းက ဘာလို့ ဒီလောက်တောင် သနားစရာကောင်းနေရတာလဲ။ ငါ မင်းကို အကြံဉာဏ်လေး ဘာလေး ပေးရမလား"

ရှဲ့ယို့က ခေါင်းညိတ်ပြသည်။

"အင်း၊ ငါ သူ့ကို အခုထိ သိပ်မရင်းနှီးသေးဘူး။"

ချွိရှောက်ရန်ကတော့ မှင်သက်သွားပြီး

"မင်း သူ့ကို သိလာတာ သုံးနှစ်တောင် ရှိပြီကို အခုထိ မရင်းနှီးသေးဘူး ဟုတ်လား ရှဲ့ရှောင်ယို့... မင်းကတော့ တကယ့်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ!"

“အင်း။ မရင်းနှီးဘူး။"

ချွိရှောက်ရန်ကတော့ ထိုင်ခုံနောက်မှီကို မှီချလိုက်ရင်း စိတ်ပူသွားမိသည်။ ဒါပေမဲ့ ပြီးခဲ့သော နှစ်နှစ်အတွင်းမှာ ရှဲ့ယို့၏ အရှိန်အဝါက ပိုပိုပြီး ကြောက်စရာကောင်းလာတာ၊ စကားပြောလည်း နည်းလာတာတွေကို ပြန်တွေးမိတော့... သူ့ရဲ့ အတွင်းရေးမှူးတွေတောင် ရှဲ့ယိုကို ကျားတစ်ကောင်လို ကြောက်နေကြတာပဲလေ။ ဒါကြောင့် သုံးနှစ်သိတာတောင် မရင်းနှီးဘူးဆိုတာက ရှဲ့ယို့အတွက်တော့ ပုံမှန်ပဲလို့ သူ ရုတ်တရက် တွေးလိုက်မိပြန်သည်။

"သူက မင်းကို ကြောက်နေတာလား မင်းကို စကားပြောရော ပြောရဲရဲ့လား"

ရှဲ့ယို့က ယွီနျန့် သူ့အပေါ် ထားတဲ့ သဘောထားကို ပြန်သတိရသွားပြီး ခေါင်းခါပြလိုက်သည်။

"သူ မကြောက်ပါဘူး။ သူကပဲ ငါ့ကို အမြဲအရင် စကားစပြောတာ။"

“သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက မဆိုးဘူးပဲ”

ချွိရှောက်ရန်က ပြန်ပြီး စိတ်အားထက်သန်လာပြန်သည်။

“ဒါဆိုရင် ဘာလို့ အခုထိ မရင်းနှီးသေးတာလဲ ။ အဆက်အသွယ် အရမ်းနည်းလို့လား”

“အရမ်းနည်းတယ်။”

ချွိရှောက်ရန်က ခေါင်းကိုကုတ်ရင်း

“ဒါဆို မင်း... အရင်ဆုံး ဆုံတွေ့နိုင်မယ့် အခွင့်အရေးတွေ ဖန်တီးကြည့်ပါလား။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ဆုံအောင်လုပ်တာမျိုးတို့ ဘာတို့လေ။ ပြီးရင် စကားပြောဖို့ အကြောင်းအရာမျိုးစုံ ရှာကြည့်ပေါ့။ အော်... ဒါနဲ့၊ သူက ငြီးငွေ့လွယ်တဲ့သူလား”

“ငါ သူ့ကို အကြိမ်အနည်းငယ်တော့ တွေ့ဖူးတယ်။”

ရှဲ့ယို့က ဆက်ပြောပြသည်။

“သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူက တော်တော်လေးလည်း လူချစ်လူခင်များတော့ များသောအားဖြင့် သူက ငြီးငွေ့လွယ်တတ်တဲ့သူလည်း မဟုတ်ပါဘူး။”

ချွိရှောက်ရန်က သူ့ပေါင်သူ ပုတ်လိုက်ပြီး

“ပြဿနာက ဘာလဲဆိုတာ ငါသိပြီ!”

သူက စကားတွေကို တရစပ် ပြောချင်ရာတွေ ပြောတော့တာပဲ။

“တစ်ဖက်လူမှာ သူငယ်ချင်းတွေ အများကြီးရှိနေတာ၊ မင်းကျတော့ ပါးစပ်က စကားသုံးခွန်းတောင် ပြည့်အောင် မပြောနိုင်ဘူး။ သူနဲ့ ဆုံပြီးသွားရင်တောင် သူက မင်းကို မှတ်မိချင်မှ မှတ်မိတော့မှာ။ အဲဒါကြောင့် ရှဲ့ရှောင်ယို့... မင်းက မင်းရဲ့ တည်ရှိမှုကို ပိုပြီး သိသာအောင် ပြရမယ်။ သူ မင်းကို သတိထားမိအောင် လုပ်၊ ပြီးရင် မတော်တဆ ဆုံတာမျိုးတွေ များများလုပ်၊ စကားများများပြော၊ အဲဒီလိုနဲ့ တဖြည်းဖြည်း ရင်းနှီးသွားအောင် လုပ်ရမှာ!”

***

အခြားတစ်ဖက်မှာတော့ ယွီချင်းက မီးမညှိရသေးတဲ့ အမျိုးသမီးသုံး စီးကရက်အရှည်လေးတစ်လိပ်ကို ပါးစပ်မှာ ခဲထားရင်း ကားကို လမ်းမကြီးပေါ် မောင်းနှင်နေသည်။ သူမက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး

“သန်းခေါင်တောင် ကျော်နေပြီပဲ။ ငါ မနက်ဖြန် မနက်စောစော လေဆိပ်သွားရမှာ။ မင်းကို ရွေးချယ်ခွင့် ပေးမယ်... ငါ့အိမ်မှာ တစ်ညလိုက်အိပ်ပြီး ဧည့်သည်ခန်းမှာ အိပ်မလား ဒါမှမဟုတ် မင်းအိမ်ကို လိုက်ခဲ့ပြီး ငါက ကုတင်ပေါ်မှာအိပ်၊ မင်းက ဆိုဖာပေါ်မှာ အိပ်မလား”

ယွီနျန့်လည်း အနည်းငယ် ငိုက်စပြုနေပြီဖြစ်ရာ

"အစ်မဆီပဲ သွားကြစို့လေ။ အစ်မလည်း ခရီးဆောင်အိတ်တွေ ဘာတွေ ပြင်ရဦးမှာ မဟုတ်လား။"

ယွီချင်းက စတီယာရင်ကို လှည့်လိုက်ရင်း ယွီနျန့်ကို ခေါင်းလေးစောင်းကာ ပြုံးပြလိုက်သည်။

"မဆိုးပါဘူး။ ကြီးလာတော့မှပဲ အစ်မကို ဘယ်လိုပူပန်ပေးရမလဲဆိုတာ သိလာတော့တယ်။"

ယွီချင်း၏ အိမ်တွင် ယွီနျန့်အတွက် အရင်က ဝတ်လေ့ရှိသည့် အဝတ်အစားဟောင်းများ ရှိနေဆဲပင်။ သူ ရေချိုးပြီးနောက် ဆံပင်ကို သုတ်နေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူသည် ခါးကိုကိုင်းကာ အဝတ်အစားအိတ်ထဲမှ လိပ်စာကတ် နှစ်ကတ်ကို ထုတ်ယူလိုက်သည်။

အလှဆင်ထားသည့် တစ်ကတ်မှာ ချွိရှောက်ရန်၏ ကတ်ဖြစ်ပြီး၊ နောက်ထပ် အနက်ရောင်နောက်ခံပေါ်တွင် ငွေရောင်စာသားများဖြင့် ရိုက်နှိပ်ထားသည့် ကတ်မှာမူ ရှဲ့ယို့၏ ကိုယ်ပိုင်လိပ်စာကတ် ဖြစ်ပုံရသည်။ ထိုကတ်ပေါ်တွင် ရှဲ့ယို့၏ အမည်နှင့် ဖုန်းနံပါတ်သာ ပါရှိသည်။

ယွီနျန့်သည် ဖုန်းထဲမှ မက်ဆေ့ချ် ကို ဖွင့်လိုက်ပြီး…

[မင်္ဂလာပါ၊ ကျွန်တော် ယွီနျန့်ပါ။ ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ။] ဟု အရင်ပို့လိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် နောက်ထပ် စာတစ်ကြောင်းကိုပါ ထပ်ဖြည့်လိုက်သည်။

[ဒီနေ့ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ ဝမ်းအန်း။]

_____________________________________________________________________

TN //  ပြောမယ်။ ကျွန်မတို့အိမ်ဘက်ကပဲ အရင်စလှုပ်ရှားရတယ်။ အဲ့ဒါလည်း ဟိုဘက်က သခင်လေးက သူ့ဘာသာသူ လူနဲ့မှ မလိုက်အောင် စိတ်အားရယ် ငယ်ငယ်ဖြစ်နေတာတော့ မတတ်နိုင်ဘူးကွယ်တို့...

NEXT



Comments

  1. နော်...စ စကားပြောပေးတော့ အံ့ဩသွားတာ။ချစ်လိုက်တာ။slow burn လေးပဲဖြစ်မယ်ထင်

    ReplyDelete
  2. ရေခဲမင်းသား အစကို စောင့်နေရင် နောက်သုံးနှစ်ကြာသွားနိုင်တယ်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...