Skip to main content

20






အခန်း (၂၀) ဘယ်လိုလုပ် ဒီလောက်တောင် အသံကောင်းနေရတာလဲ


ယွီနျန့် သီချင်းဆိုသင်တန်းပြီးသည်နှင့် မုန့်ယွမ်၏ ရုံးခန်းဆီကို အရင်သွားလိုက်သည်။ တံခါးဝရောက်သည်နှင့် သူ့လက်ထဲကို လိမ္မော်သီးတစ်လုံး အတင်းထိုးထည့်ပေးလာ၏။ သူလည်း ထိုင်ပြီး အေးအေးဆေးဆေး စားရင်း မုန့်ယွမ်ကို မေးလိုက်သည်။

"အစ်ကိုမုန့်... အစီအစဉ်အဖွဲ့ရဲ့ အစီအစဉ်တွေ အတည်ပြုပြီးပြီလား"

"အင်း၊ အတည်ပြုပြီးပြီ။ ငါ အရင်က ပြောခဲ့သလိုပဲ... သူတို့က အရည်အချင်းရှိတဲ့ သီချင်းရေးဆရာ အကျော်အမော်တွေကို ဖိတ်ထားတာ။ မင်းတို့တစ်ယောက်ချင်းစီအတွက် သီချင်းတစ်ပုဒ်စီ ရေးပေးပြီး စင်ပေါ်မှာ တိုက်ရိုက်သီဆိုခိုင်းမလို့လေ။"

မုန့်ယွမ်က သူ့ဖုန်းကို ဝှေ့ယမ်းပြရင်း

"ခုနတင်ပဲ လောင်ဟဲက ငါ့ကို လာပြောသေးတယ်... သူက အစက ယွီချင်းရဲ့ သီချင်းရေးဆရာ စီနင် ကို ပိုက်ဆံအပုံလိုက်ပေးပြီး ဖိတ်ချင်တာတဲ့။ ဒါပေမဲ့ စုံစမ်းကြည့်တော့ ဘယ်သူ့မှာမှ သူ့ရဲ့ အဆက်အသွယ်မရှိသလို ဘာသတင်းအချက်အလက်မှလည်း ရှာမရဘူး ဖြစ်နေတယ်။ သူ ယွီချင်းကိုလည်း ထပ်ဆက်သွယ်ကြည့်သေးတယ်။ ဒါပေမဲ့ ယွီချင်းက တိုက်ရိုက်ငြင်းလိုက်တာကြောင့် လက်လျှော့လိုက်ရပြီတဲ့။"

ယွီနျန့် လိမ္မော်သီးနွှာနေသည့် လက်တွေ ခဏလေး တန့်သွားပေမဲ့ ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

မုန့်ယွမ်က ယွီနျန့်ရဲ့ ပုံမှန်မဟုတ်တဲ့ အမူအရာကို သတိမထားမိဘဲ ဆက်ပြောနေလျက်

"ငါ မင်းရဲ့ အသံလေ့ကျင့်ရေးဆရာမကို မေးကြည့်တော့... မင်းက တိုးတက်မှု အများကြီးရှိလာပြီလို့ ပြောတယ်။ တကယ်လို့ အစမ်းလေ့ကျင့်မှု မလုပ်ရဘဲ စင်ပေါ်မှာ သီချင်းစာသားကို ချက်ချင်းကြည့်ဆိုရမယ် ဆိုရင်တောင် မင်းအတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးတဲ့။"

တကယ် အစမ်းလေ့ကျင့်ရမယ့် အချိန်ရောက်တော့ ဟဲချိုးပိုင်ကလည်း ဒီအတိုင်းပဲ ပြောလာပါသည်။

"သီချင်းကို စင်ပေါ်မှာ ချက်ချင်းရေး၊ ချက်ချင်းဆိုရမယ့် အကြံဉာဏ်ကို ငါပဲ ထုတ်ခဲ့တာ။ ငါတို့ လိုချင်တာက တကယ့် လက်တန်းစွမ်းရည်ကိုပဲ။ စိတ်မလှုပ်ရှားနဲ့နော်။ မင်း ဆိုချင်သလိုသာ ဆိုလိုက်။ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။"

ယွီနျန့်က မှန်ရှေ့မှာ ထိုင်ပြီး မိတ်ကပ်လိမ်းနေရင်း ဟဲချိုးပိုင် ပြောတာကို ကြားတော့ ခေါင်းလေးအသာညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ ဒါရိုက်တာဟဲ၊ ကျွန်တော် အမှားအယွင်း မရှိအောင် အကောင်းဆုံး ကြိုးစားပါ့မယ်။"

ဟဲချိုးပိုင် ထွက်သွားတော့ ဘေးမှာ ထိုင်နေသည့် ရှမင်းရှီးက စိုးရိမ်တကြီး သက်ပြင်းချလိုက်သည်။

"နျန့်နျန့်ရာ... ဒီတစ်ချီ ငါတော့ သွားပြီလို့ ခံစားနေရတယ်။ တကယ်လို့ ငါ အသံလွဲသွားရင် ဒါမှမဟုတ် အသံပြတ်သွားရင် ဘယ်လိုလုပ်မလဲ ။ ငါ့အဖေကတော့ ငါ့ကို လှောင်တော့မှာပဲ!"

"သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့။ သီချင်းရေးဆရာတွေကလည်း ဆိုရခက်လွန်းတဲ့ သီချင်းမျိုး ရေးမှာမဟုတ်ပါဘူး။"

ရှမင်းရှီးကတော့ 

"အဲဒီလိုပဲ မျှော်လင့်ရတာပဲ။ ဘာမတော်တဆမှုမှ မဖြစ်ပါစေနဲ့လို့ပဲ..." စသည်ဖြင့် တတွတ်တွတ်နဲ့ ရေရွတ်ဆဲ။

ရိုက်ကူးရေး စတင်လိုက်တာနဲ့ ယွီနျန့်အပါအဝင် လူငါးယောက်ဟာ စင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းလာကြသည်။ပရိသတ်တွေဆီက အော်ဟစ်အားပေးသံတွေ ဆူညံသွားပြီး ယွီနျန့်အမည်ရေးထိုးထားသည့် banner တွေကိုလည်း မြင်နေရသည်။ ထိုစဉ်မှာပဲ တင်ဆက်သူက အသံကိုမြှင့်ပြီး ကြေညာလိုက်၏။

"ကဲ... အခုဆိုရင်တော့ နာမည်ကျော် တေးရေးဆရာ မစ္စတာကျန်းပေါ်ကို ဖိတ်ခေါ်ပါတယ်။ နာမည်ကြီး တေးဂီတပညာရှင် မောက်ချိုး။ ပြီးတော့ နာမည်ကျော်..."

ကင်မရာက သူတို့ရှိသည့်ဘက်ကို မလှည့်သေးတာကို မြင်တော့ ရှမင်းရှီးက ယွီနျန့်ကို တိုးတိုးလေး ကပ်ပြောလိုက်သေး၏။

"ဒီနာမည်စာရင်းတွေကို ကြည့်ဦး။ ဟူး... အစီအစဉ်အဖွဲ့ကတော့ ပိုက်ဆံအတော် သုံးထားတာပဲ။ ရောက်လာတဲ့သူတွေ အကုန်လုံးက ထိပ်တန်းလူတွေချည်းပဲ!"

မုန့်ယွမ်ကလည်း ဒီလူတွေအကြောင်း ရှင်းပြထားပြီးသားမို့ ယွီနျန့်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်။ သူတို့ရဲ့ အနုပညာကြေးက တော်တော်လေး ဈေးကြီးတယ်လို့ ကြားဖူးတယ်။"

ရှမင်းရှီးက သတင်းအတင်းအဖျင်းတွေကို ဆက်ပြီး တိုးတိုးလေး ပြောနေပြန်သည်။

"အရင်က Weibo ပေါ်မှာ စီနင်လည်း လာမယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့သေးတယ်။ လူပြောတအားများလို့ ငါတောင် ဖရဲသီးတကယ် မှဲ့ပြီထင်နေတာ။"

အဲဒီအချိန်မှာပဲ ကင်မရာက သူတို့ဘက်ကို လှည့်လာတာကြောင့် ရှမင်းရှီးက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး သူ၏ ပုံသေအပြုံးလေးကို အမြန် ပြင်ဆင်လိုက်သည်။

ဒီအခန်းမှာတော့ ဖိတ်ကြားထားသော တေးရေးဆရာတွေက အဆိုတော်တစ်ယောက်ချင်းစီအတွက် သီချင်းစာသားတွေကို စင်ပေါ်မှာတင် တိုက်ရိုက်ရေးသားပေးရမည်။ အစီအစဉ်အစမှာတော့ တေးရေးဆရာတွေက သူတို့နဲ့ တွဲဖက်လုပ်ကိုင်မယ့် အဆိုတော်ကို အရင်ဆုံး ရွေးချယ်ကြရသည်။

မြောင်ချိုး က ရှမင်းရှီးရှေ့က မီးစိမ်းကို ပထမဆုံးနှိပ်လိုက်ပြီး သူမ၏ ဆံပင်နွဲ့နွဲ့တွေကို သပ်တင်ရင်း ပြုံးလိုက်သည်။

"ကျွန်မကတော့ အချိန်အကြာကြီး စဉ်းစားမနေချင်တော့ဘူး။ ရှမင်းရှီးအတွက် သီချင်းရေးပေးဖို့ပဲ ရွေးချယ်လိုက်ပါ့မယ်။"

တင်ဆက်သူက အကြောင်းရင်းကို ဝင်မေးမြန်းသည်။

"အစ်မမြောင်အနေနဲ့ ဘာကြောင့် ရွေးချယ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးလို့ ရမလားခင်ဗျာ"

မြောင်ချိုးက ပွင့်ပွင့်လင်းလင်းပဲ။

"သူ့အဖေက ကျွန်မဆီကို လေးကြိမ်တောင် ဖုန်းဆက်ထားတာလေ။ သူ့သားကိုပဲ သေချာပေါက် ရွေးပေးဖို့ အတင်းပြောနေတာ။ မဟုတ်ရင် ရှမင်းရှီးတစ်ယောက် ဘယ်သူမှ လာမခေါ်တဲ့ မိဘမဲ့ကလေးလေးလို စင်ပေါ်မှာ တစ်ယောက်တည်း ကျန်နေခဲ့မှာ စိုးလို့တဲ့!"

ပရိသတ်တွေအားလုံး တဝါးဝါး ရယ်မောကုန်ကြပြီး ရှမင်းရှီး ကတော့ အံ့ဩလွန်းလို့ မျက်လုံးတွေ ပြူးကျယ်နေရှာသည်။

တေးရေးဆရာ ရှောင်တန်ကလည်း သူ့ရဲ့ ဦးထုပ်အနက်ရောင်အနားသတ်ကို ပင့်တင်လိုက်ပြီး မီးစိမ်းကို နှိပ်လိုက်သည်။

"ကျွန်တော် လည်း အတူတူပဲ။ ပုံစံလည်း အတူတူပဲဗျာ။ ရှယွမ် (ရှမင်းရှီးအဖေ) က ကျွန်တော့်ဆီကိုလည်း ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တယ်။ ပြောတဲ့စကားတွေကလည်း အတူတူပဲ။ ပြီးတော့ လက်ဆောင်တွေပေးမယ်လို့လည်း ကတိပေးခဲ့သေးတယ်။"

"အဲဒီ ပေးမယ့် လက်ဆောင်တွေက ဘာလဲဆိုတာကိုရော ထုတ်ပြောလို့ ရမလားခင်ဗျာ"

"ကျွန်တော့်ကို အသားကင် သုံးနပ် ကျွေးမယ်တဲ့ဗျ။"

အစီအစဥ်တင်ဆက်သူ ၏ အမေးကို တေးရေးဆရာက အားပါးတရပြန်ဖြေပေးသည်။

"အို... ကျွန်မကိုလည်း အတူတူပဲ!"

ရှမင်းရှီးခမျာ နောက်ကို နှစ်လှမ်းလောက် ဆုတ်သွားပြီး ကင်မရာကို လုံးဝမျက်နှာမပြရဲတော့ဘဲ ကျောခိုင်းလိုက်ပါတော့သည်။ ပရိသတ်တွေကလည်း တစ်ခဲနက် ထပ်ပြီး ရယ်မောလိုက်ကြပြန်တာပေါ့။

လေထုက ပိုပြီး ပျော်စရာကောင်းလာတဲ့အခါ တေးရေးဆရာတွေက ဇာတ်ညွှန်းအတိုင်း စဉ်းစားပြီး ရွေးချယ်မှုတွေ စလုပ်ကြသည်။ ကျန်းပေါ် ကတော့ စည်းမျဉ်းတွေကို ကြေညာပြီးတာနဲ့ မီးစိမ်းကို ချက်ချင်း နှိပ်လိုက်သည်။

"ကျွန်တော်ကတော့ ယွီနျန့်အတွက် သီချင်းတစ်ပုဒ် ရေးပေးချင်ပါတယ်။"

အမည်အဖော်ခံရတဲ့ ယွီနျန့်က ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး မိုက်ခရိုဖုန်းကို ကိုင်ကာ ယဉ်ကျေးပျူငှာသည့် အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကျန်း"

မကြာခင်မှာပဲ ဘေးက ကျန်းချန်ကလည်း မီးစိမ်းကို နှိပ်လိုက်ပြန်၏။

"ကျွန်တော် ဆရာကျန်းပေါ်နဲ့ သီချင်းတစ်ပုဒ် အတူတူ ဖန်တီးချင်နေတာ ၁၀ နှစ်တောင် ရှိပါပြီ။ အဲဒါကြောင့် ယွီနျန့်... မင်းအတွက် ကျွန်တော်လည်း သီချင်းတစ်ပုဒ် ရေးပေးမယ်လေ!"

ယွီနျန့်က နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

ကင်မရာက ကျန်းပေါ်ဆီကို ဦးတည်သွားတဲ့အခါ ကျန်းပေါ်က တိုက်ရိုက်ပဲ ပြောချပြန်၏။

"လုပ်ထုံးလုပ်နည်းအရဆိုရင် အခု တင်ဆက်သူက ကျွန်တော့်ကို ဘာလို့ ယွီနျန့်ကို ရွေးရတာလဲလို့ မေးရတော့မယ်။ အဲဒါကြောင့် ကျွန်တော်ကပဲ ကြိုပြီး ဖြေလိုက်ပါ့မယ်။"

သူက အင်္ကျီကော်လာမှာ တပ်ထားတဲ့ မိုက်ကို ကိုင်ရင်း

"ကျွန်တော် ယွီနျန့်ရဲ့ သီချင်းကို ပထမဆုံး စနားထောင်တုန်းက ကျွန်တော့်သူငယ်ချင်းက 'ကျန်းပေါ်... ဒီလူ့ရဲ့ အသံကို နားထောင်ကြည့်စမ်းပါ၊ မင်း နောင်တရမှာ မဟုတ်ဘူး' ဆိုပြီး လာညွှန်းလို့ပါ။ အဲဒါနဲ့ ကျွန်တော် ဖွင့်ကြည့်လိုက်တဲ့အခါ အစပိုင်း သီချင်းတီးလုံးက ကြယ်စင်ဝေးဝေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ 'ဘာလို့ ဒီသီချင်းလဲ ဒါက ဆိုရတာ အရမ်းခက်တာပဲ!' လို့ တွေးမိခဲ့တယ်။"

သူက တမင်တကာ စကားကို ဖြတ်လိုက်ပြီး ခဏကြာမှ စကားထပ်ဆက်သည်။

"ရလဒ်ကတော့... ကျွန်တော် အဲဒီသီချင်းကို မပိတ်နိုင်တော့ဘဲ တစ်ညလုံး ကျော့ပြီးကို ဖွင့်နားထောင်နေမိတာပါပဲ။"

"အဲဒီအချိန်ကတည်းက ကျွန်တော် တွေးခဲ့တယ်... အခွင့်အရေးသာ ရခဲ့ရင် ဒီအသံပိုင်ရှင်အတွက် သီချင်းတစ်ပုဒ် သေချာပေါက် ရေးပေးမယ်လို့။"

ယွီနျန့်က စကားပြန်မပြောဘဲ ကျန်းပေါ်ကို လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂါဝရပြုလိုက်သည်။ ကျန်းချန်ရဲ့ ရွေးချယ်မှု အကြောင်းအရင်းကတော့ တစ်ခွန်းတည်းပါပဲ

"ကျွန်တော် ဆရာကျန်းရဲ့ အမြင်ကို ယုံကြည်လို့ပါ!"

ရွေးချယ်မှုအပိုင်းက မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားပြီး ယွီနျန့်တို့တစ်ဖွဲ့ နားနေခန်းထဲကို ဝင်လာခဲ့ကြသည်။ ရှမင်းရှီးကတော့ ယွီနျန့်အပေါ်ကို ပျော့ခွေပြီး မှီချလိုက်ကာ စိတ်ပျက်လက်ပျက်နဲ့ ညည်းညူနေတော့တာပဲ

"ငါ့အဖေက ဘာလို့ ဒီလိုလုပ်တာလဲ! အဓိကအချက်က... သူ့ရဲ့ အဖိုးတန်သားလေးက အသားကင် သုံးနပ်စာပဲ တန်တာလား သုံးနပ်တည်းလား ငါ အမေ့ကို သွားတိုင်ဦးမယ်!"

ယွီနျန့်က ပြုံးရင်း

"တော်စမ်းပါ မင်းရှီး…အသားကင် သုံးနပ်ဆိုတာလည်း မဆိုးပါဘူး။"

ရှမင်းရှီးက ယွီနျန့်ကို စိုက်ကြည့်ရင်း

"နျန့်နျန့်... မင်းက ငါ့အဖေဘက်က ပါတာလား! ငါတို့ သူငယ်ချင်းအဖြစ် ပြီးဆုံးသွားပြီ!"

ထိုစဉ် လူတစ်ယောက်က ယွီနျန့်ကို အင်တာဗျူးရန် ရောက်လာပြီး မေးမြန်းလိုက်သည်။

"ဆရာ ကျန်းပေါ်နဲ့ ဆရာ ကျန်းချန်တို့က မင်းအတွက် သီချင်းတစ်ပုဒ် အတူတူ ရေးပေးမှာဆိုတော့ ဖိအားတွေ အများကြီး ရှိနေမလား"

ယွီနျန့်က ခေါင်းညိတ်ပြကာ

"ဖိအားကတော့ တော်တော်လေး များပါတယ်ခင်ဗျ။ ဒီသီချင်းကို အကောင်းဆုံး ပုံဖော်နိုင်ပါ့မလားဆိုတာ စိုးရိမ်မိပေမဲ့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ!"

ရှမင်းရှီးကိုလည်း အလားတူ မေးခွန်းမျိုး မေးမြန်းသည့်အခါ သူက ကင်မရာကိုကြည့်ကာ မျက်နှာရှုံ့ပြလိုက်သည်။

"ကျွန်တော် အကောင်းဆုံး ဆိုသွားမှာပါ။ အဖေ့ရဲ့ အသားကင် သုံးနပ်စာကို အလဟဿ အဖြစ်မခံနိုင်ဘူးလေ။"

နာရီဝက်ခန့်အကြာတွင် အပြီးသတ်ထားသော သီချင်းစာသားများကို ယွီနျန့်နှင့် တခြားသူများ၏ လက်ထဲသို့ လာရောက်ပေးအပ်ကြသည်။

ရှမင်းရှီးက သူ့သီချင်းကို တစ်ချက်ကြည့်လိုက်ပြီး

"ဟင်း... ငါ့အဖေက ငါ့ရဲ့ သီချင်းဆိုစွမ်းရည် ညံ့တာကို ပြောပြထားတာ ဖြစ်ရမယ်။ ဒီသီချင်းက သိပ်မခက်ဘူးပဲ။ ငါ အေးအေးဆေးဆေး ဆိုနိုင်မှာပါ။"

မင်းရှီးက စပ်စုချင်စိတ်ဖြင့် ယွီနျန့်၏ သီချင်းစာသားကို လှမ်းကြည့်လိုက်ရာ အသံကိုပင် မထိန်းနိုင်တော့ဘဲ အော်မိတော့သည်။

"ဟား... Highpitches တွေကြီးပဲလား! မင်း တကယ်ပဲ ဆိုနိုင်မှာလား"

ယွီနျန့်ကလည်း သီချင်းစာသားကို သေချာကြည့်နေပြီး တေးသွားအတိုင်း နှစ်ခါလောက် ညည်းဆိုကြည့်လိုက်သည်။

"သီချင်းရဲ့ အမြင့်ဆုံးအပိုင်း ကတော့ တကယ်ခက်တာပဲ။"

ဒါပေမဲ့ ယွီနျန့် မျက်ဝန်းတွေက အရောင်တောက်ပလာပြီး

"ဒါပေမဲ့ ဒီသီချင်းက တကယ်ကို နားထောင်လို့ကောင်းပြီး သေသေချာချာ ရေးထားတာပဲ"

ယွီနျန့်ဟာ နောက်ဆုံးမှ ဆိုရမယ့် အလှည့်ကို မဲနှိုက်ရရှိခဲ့တာကို တကယ်ပဲ ဝမ်းသာမိသည်။ ဒါမှသာ သီချင်းစာသားနဲ့ တေးသွားကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ဖို့ အချိန်ရမှာ မဟုတ်လား။ သူ့ အားနည်းချက်တွေကို ကောင်းကောင်းသိသည်လေ။ သီချင်းစာသားကို အမှားအယွင်းမရှိအောင် အကြိမ်ပေါင်းများစွာ ဖတ်ပြီး မှတ်သားထားသလို တီးလုံးသံစဥ် ပိုင်းကိုလည်း ပိုပြီး အာရုံစိုက်ထားခဲ့သည်။

တကယ်လို့သာ သူ ဒီရှိုးကို စစချင်း ရောက်ကာစအချိန်ဆိုရင် ဒီသီချင်းကို လုံးဝဆိုရဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ သူ နေ့တိုင်း အသံလေ့ကျင့်ခန်းတွေ လုပ်နေသလို၊ စင်ပေါ်မှာ ဆိုရတာလည်း ယဉ်ပါးနေပြီဖြစ်လို့... အခုဆိုရင်တော့ သူ စမ်းကြည့်လို့ရပါပြီ။

ဒီတစ်ခါမှာတော့ တေးရေးဆရာတွေရဲ့ မှတ်ချက်ပေးမှုတွေကြောင့် စောင့်ဆိုင်းရသည့် အချိန်က အရင်ထက် ပိုကြာနေခဲ့သည်။ ယွီနျန့် အလှည့်ရောက်တဲ့အခါမှာတော့ တစ်နာရီကျော်တောင် ကြာသွားခဲ့ပြီလေ။

သူက နားကြပ်ကို တပ်ဆင်လိုက်ပြီး စင်မြင့်ရဲ့ အလယ်ဗဟိုမှာ မတ်တပ်ရပ်နေရ၏။

မီးတွေ အားလုံး မှိတ်ထားတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိ ကျလျက် မီးရောင်တွေ မလာခင်မှာပဲ တိုးညင်းသည့် တီးတိုးသံလေးတွေ ထွက်ပေါ်လာပြီးနောက်... ယွီနျန့်ရဲ့ နက်ရှိုင်းသည့် အသံလေးက ပျံ့လွင့်လာပါတော့သည်။

"နောက်ကျုနေတဲ့ ဝိုင်တစ်ခွက်ကို ခပ်ယူပြီး မြစ်တွေ၊ ရေကန်တွေထဲ ဖြန်းပက်လိုက်တယ်... အချိန်တွေက ရေလိုပဲ စီးဆင်းနေတာလား..."

သီချင်းစာသားတွေကို အကျွမ်းတဝင် စီးမျောလာသည်နှင့်အမျှ ယွီနျန့်၏ နက်နဲပြီး အေးချမ်းလှသည့် အသံပါဝါက ပရိသတ်အားလုံး နားစည်ကို ဖမ်းစားထားလိုက်သလိုပါပဲ။ တစ်ကွင်းလုံး တိတ်ဆိတ်ငြိမ်သက်လျက်…အားလုံး သီချင်းထဲ မျောပါနေကြသယောင်…

“ကိုယ် အကြာကြီး စောင့်နေခဲ့တယ်။ အတိတ်ကို ပြန်ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ပေါ့၊ ဒီလောကကြီးက အဓိပ္ပာယ်မဲ့လွန်းလှတယ်။ ကိုယ့်ရဲ့ နှလုံးသားတံခါး သော့ခလောက်တွေတောင် သံချေးတက်ကုန်ပြီ...”

နောက်ဆုံးစာသားရဲ့ အသံလေး ငြိမ်သက်သွားတာနဲ့ တယောသံလေး တစ်ချက် ဝင်လာသည်။ ဆယ်စက္ကန့်အကြာမှာတော့ ဂီတသံဟာ လုံးဝ ရပ်တန့်သွားခဲ့ပါပြီ။ အဲဒီတော့မှ ပရိသတ်တွေဟာ အသိပြန်ဝင်လာကြသလိုမျိုး လက်ခုပ်သံတွေက ဒီရေလှိုင်းလို တဝုန်းဝုန်းနဲ့ စင်မြင့်တစ်ခုလုံးကို ဝန်းရံသွားတော့၏။

ယွီနျန့်က သက်ပြင်းလေးတစ်ချက် အသာချလိုက်ပြီး ပြုံးလျက် ဦးညွှတ်လိုက်သည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်။ "

မီးရောင်တွေ ပြန်လင်းလာတဲ့အခါ တင်ဆက်သူက စင်ပေါ်ကို ခပ်သွက်သွက် တက်လာပြီး ထုံးစံအတိုင်း တေးရေးဆရာတွေကို အင်တာဗျူးပါသည်။

"ဆရာနှစ်ယောက်ကို မေးပါရစေ။ ယွီနျန့်က ဆရာတို့ ဖော်ပြချင်တဲ့ အဓိပ္ပာယ်ကို ပီပီပြင်ပြင် ပုံဖော်နိုင်ခဲ့ရဲ့လားခင်ဗျာ"

ကျန်းချန်က ကျန်းပေါ်ကို တစ်ချက်ကြည့်ပြီး အရင်ဆုံး ပြောလိုက်သည်။

"ကျွန်တော် တကယ်ကို အံ့ဩသွားရပါတယ်။"

သူက လေးလေးနက်နက်ပဲ မှတ်ချက်ဆက်ပေးသည်။

"ကျွန်တော် ဆရာကျန်းပေါ်နဲ့ သီချင်းအတူရေးတုန်းက 'ဆရာ... ကျွန်တော်တို့ ဘယ်လိုသီချင်းမျိုး ရေးကြမလဲ' လို့ မေးခဲ့တယ်။ ဆရာကျန်းက ဘာမှ ညှိနှိုင်းမနေဘဲ “သံစဥ် အမြင့်ဆုံး သီချင်းတစ်ပုဒ်ပဲ ရေးကြစို့' လို့ တိုက်ရိုက်ပြောခဲ့တာ။ အဲဒါကြောင့်လည်း ဒီသီချင်း ထွက်လာခဲ့တာပေါ့။"

သူက နှာခေါင်းကို ခပ်ဖွဖွပွတ်ရင်း

"ကျွန်တော် ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ ယွီနျန့်…မင်း တကယ်ကို ကောင်းကောင်း ဆိုနိုင်ခဲ့တာပဲ။ တကယ်လို့ နောင်တစ်ချိန်မှာ အယ်လ်ဘမ်တစ်ခု ထုတ်ချင်တယ်ဆိုရင် မင်းအတွက် ကျွန်တော် အခမဲ့ သီချင်းရေးပေးဖို့ အသင့်ပါပဲ!"

ယွီနျန့်က ကျေးဇူးတင်စကားဆိုရင်း ထပ်မံ ဦးညွှတ်လိုက်သည်။

ကျန်းပေါ်ကတော့ လက်ထဲက ဖောင်တိန်ကို လှည့်ကစားရင်း ဘာမှမပြောခင်မှာတင် ကြိုပြီး ကြွားလိုက်သေးသည်။

"ကျွန်တော့်ရဲ့ အမြင်က တကယ်ကို ထက်မြက်လွန်းတယ်ဆိုတာကို နောက်တစ်ခါ ထပ်တွေ့လိုက်ရတာပဲ။"

သူ့စကားထဲက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသည့် လေသံကြောင့် ပရိသတ်တွေထဲက ရယ်သံများထွက်လာသည်။

"ယွီနျန့်က ဆရာကျန်းချန်နဲ့ ကျွန်တော် ရေးပေးထားတဲ့ ဒီသီချင်းကို အရင်ကနဲ့မတူတဲ့ ဆိုဟန်နဲ့ ဖော်ပြသွားတာ။ ဒီတစ်ခါမှာ သူက သူ့ရဲ့အသံကို ကြည်လင်နေစေပြီး နည်းနည်း တိမ်ဝင်နေသလိုမျိုး ထိန်းချုပ်ထားနိုင်ခဲ့တယ်။ အဲ့ဒါကိုက နားထောင်သူတွေကို ဝေဝေဝါးဝါးနဲ့ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့တာ။ အစပိုင်းမှာ အသံထွက်တာက အရမ်းကို ပေါ့ပါးလွန်းတယ်။ အသံအိုးအနေအထားက နိမ့်နေပြီး တမင်တကာ ဖွင့်မထားဘူး။ အချို့စာသားတွေဆိုရင် လည်ချောင်းထဲကနေ တမင် ညှစ်ထုတ်လိုက်သလိုမျိုး ခံစားရတယ်။ အမြင့်ပိုင်းရောက်တဲ့အခါမှာလည်း အကြာကြီး ထိန်းထားနိုင်သလို၊ အသံကူးပြောင်းမှုတွေကလည်း တကယ့်ကို အံ့ဩစရာပဲ။ အရမ်းလှပလွန်းပါတယ်!"

ကျန်းပေါ်က သူ့ရဲ့ ရေးသားတဲ့ဘုတ်ပြားပေါ်မှာ စာလုံးလေးလုံးကို အမြန်ရေးလိုက်ပြီး စင်ဘက်ကို လှည့်ပြလိုက်သည်။ အဲဒီအပေါ်မှာ ထင်ထင်ရှားရှား ရေးထားတာကတော့

နတ်သက်ကြွေတဲ့ အသံ တဲ့။

“ဒါက ကျွန်တော် ပြောချင်တဲ့ စကားပါပဲ။”

ကျန်းပေါ် ရေးသားခဲ့တဲ့ “နတ်သက်ကြွေတဲ့ အသံ” ဆိုသည့် စာသားနဲ့ ဘုတ်ပြားလေးကို ဓာတ်ပုံရိုက်ပြီး အစီအစဉ် ထုတ်လွှင့်တဲ့နေ့မှာပဲ Weibo ပေါ် တင်ခဲ့ပါသည်။ စာသားလေးကတော့

“ဒီခရီးကတော့ တကယ်ကို အရာထင်ခဲ့ပါပြီ။”

တစ်ချိန်တည်းမှာပဲ #ယွီနျန့်_နတ်သက်ကြွေတဲ့အသံဗလံ# ဆိုသည့် Hashtag က အချိန်တိုအတွင်းမှာပဲ Hot Search စာရင်းထဲ ရောက်သွားခဲ့ပြီ။

[တစ်ထိုင်တည်းနဲ့ သုံးခေါက်တောင် နားထောင်မိတယ်! အရမ်းကောင်းတာပဲ!! ရင်ထဲကို တကယ်ထိတယ်။ ငါ့အမေတောင် ငါ့အခန်းရှေ့က ဖြတ်သွားရင်း မနေနိုင်လို့ လာနားထောင်ပြီး ဘယ်သူဆိုတာလဲလို့ မေးသွားသေးတယ်!]

[နံပါတ် (၁)၊ နံပါတ် (၁) ပဲ! နောက်ထပ် နံပါတ် (၁) ထပ်ရပြန်ပြီ! အား... နျန့်နျန့်က ဆရာကျန်းပေါ်နဲ့ ဆရာကျန်းချန်တို့ ရေးပေးတဲ့ သီချင်းကို တကယ်ဆိုခဲ့တာပဲ! ဒါ ဘယ်လိုမျိုး နတ်ဘုရားcollaboration ကြီးလဲ! နောက်ထပ်ထွက်မယ့် အယ်လ်ဘမ်ကိုတောင် မျှော်လင့်နေပြီ!]

[တကယ့်ကို နတ်သက်ကြွေတဲ့ အသံပါပဲ! အရင်ကတော့ ငါ့နျန့်နျန့်ရဲ့ ရုပ်လေးကိုပဲ ချစ်တာ! အခုမှ ငါ အရင်က တော်တော်လေး အပေါ်ယံဆန်ခဲ့တယ်ဆိုတာ သိသွားတော့တယ်!]

[အား... ဒီညီလေးကို ငါတော့ စွဲလမ်းသွားပြီ! သူက ဘယ်သူလဲ! အဲဒီအသံက အရမ်းကောင်းတာပဲ!]

[နျန့်နျန့်ရဲ့ အကြည့်တွေက အစကနေ အဆုံးထိ စာသားပြစက်ကနေ မခွာဘူးဆိုတာ ငါတစ်ယောက်တည်းပဲ သတိထားမိတာလား ဟားဟားဟား ရယ်ရတယ်! အရမ်းချစ်ဖို့ကောင်းတယ်! သူ့ကို နှစ်ပေါင်း ၁ သောင်းတိုင်အောင် ချစ်နေမှာ!]

***


မုန့်ယွမ်က လေ့ကျင့်ရေးခန်းမထဲမှာ Weibo ပွတ်နေရင်း ယွီနျန့် ကလို့ပြီးသည်နှင့် ပုဝါတစ်ခု လှမ်းပေးလိုက်သည်။

“ချွေးသုတ်လိုက်ဦး။ အအေးမိမယ်။”

သူက သူ့ဖုန်းကို ပြန်ဝှေ့ယမ်းပြရင်း မျက်တောင်တွေကို မှေးစင်းလျက် ကျေနပ်အပြုံးတစ်ခုနှင့်

“အခုတော့ ငါ စိတ်အေးသွားပြီ။ အစီအစဉ် ထုတ်လွှင့်တိုင်း မင်းက Hot Search တက်နေတော့ ငါတောင် ကျင့်သားရနေပြီ။ ပိုက်ဆံပေးပြီး ဝယ်စရာတောင် မလိုဘူး။ တကယ့်ကို တွက်ခြေကိုက်တာပဲ!”

ယွီနျန့်က ပြုံးရင်း ချွေးသုတ်လိုက်ပြီးနောက် ရေဖန်ခွက်ကို ကိုင်ကာ ရေတစ်ငုံသောက်လိုက်သည်။

အဲဒီအချိန်မှာပဲ မုန့်ယွမ်အသံက ရုတ်တရက် ထူးဆန်းသွား၏။

“နျန့်နျန့်... မင်း တစ်ချက်လောက် ကြည့်ချင်လား”

ယွီနျန့်ရဲ့ နှုတ်ခမ်းတွေမှာ ရေစိုနေလျက်က မုန့်ယွမ်စကားကြားတော့ ခေါင်းလေးစောင်းပြီး မေးလိုက်သည်။

“ဘာကို ကြည့်ရမှာလဲ”

အဲဒီနောက် သူ့အကြည့်တွေက ဖုန်းစခရင်ပေါ် ကျရောက်သွားသောအခါ… အပေါ်ဆုံးမှာတော့ Weibo Post အသစ်တစ်ခု ရှိနေခဲ့သည်။

ရှဲ့ယို့၏ Post ပင် ။

ရှဲ့ယို့

#ယွီနျန့်_နတ်သက်ကြွေတဲ့အသံဗလံ# ဒါ သေချာပေါက် အသံပြင်ထားတာပဲ ဖြစ်ရမယ်။ လူတစ်ယောက်က ဒီလောက်တောင် အသံကောင်းအောင် ဆိုနိုင်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

မိနစ်နှစ်ဆယ်အကြာမှာတော့ #ရှဲ့ယို့ယွီနျန့်# နဲ့ #ယွီနျန့်ကဘယ်သူလဲ# ဆိုသည့် ခေါင်းစဉ်နှစ်ခုဟာ Hot Search စာရင်းမှာ ပူးတွဲပြီး ထိပ်ဆုံးကို တက်လှမ်းသွားပါတော့သည်။

___________________________________________________________________

TN // သူ၏ Anti Era ကြီး စပြီလေ ဒန်တန့်တန့်

NEXT

Comments

  1. အရင်အပိုင်းမှာ ချစ်လွန်းလို့​ဝေး​ဝေး​ရှောင်​ပေးရ​တော့မယ့်​ကောင်​လေးဆိုပြီး သူ့အတွက်ဝမ်းနည်း​ပေး​နေတာ​လေဟယ်...အကယ်ဒမီများရှင်က​တော့ဖြင့် weibo​ပေါ်မှာ ဖိုက်တာလိုပိုစ့်​ကောက်တင်​နေပြီ။သူ anti fanပါပေါ့။ရှဲ့ယို့ရဲ့ next moveကို တလွဲခန့်မှန်းမိခဲ့ရသူ😞

    ReplyDelete
    Replies
    1. ဟုတ်ပ တကယ့်ကို အကယ်ဒမီများရှင်ပဲ

      Delete
  2. စီနင်က ယွီနျန့်မလားဟင်။ကွန်ဖီးဒန့်အပြည့်နဲ့ ရမ်းတီးမှန်းတီး ခန့်မှန်းလိုက်ပါပြီ

    ReplyDelete
  3. Anti fanက လူတိုင်းကို Antiလုပ်ပြီး Top fanလုပ်မယ့် Fanပါ။🤣

    ReplyDelete
  4. ‌အဖိုးကြီးတွေ လှည့်ကွက်လား တကယ်ပဲ သူလား ????

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...