Skip to main content

3









အခန်း (၃) ဒါဟာ... အဲဒီအသံပဲ

အိမ်မှာ တစ်ရက်လောက် အနားယူပြီးနောက် ယွီနျန့်ဟာ မိမိကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ ဟင်းကောင်းကောင်းချက်စားပြီး မနက် ၆ နာရီတိတိမှာ 'ရှင်းယောင်' အဆောက်အအုံကို ရောက်ရှိလာခဲ့သည်။

မုန့်ယွမ်က လက်ထဲမှာ ပရင့်ထုတ်ထားသည့် အချိန်ဇယားတစ်ခုကို ကိုင်ထားရင်း လမ်းလျှောက်နေရင်းကနေ…

"အတန်းတွေက နေ့တိုင်း မနက် ၈ နာရီမှာ စမယ်။ ညနေ ၆ နာရီမှာ ပြီးမယ်။ နေ့လယ်ဘက်မှာတော့ နားချိန် နှစ်နာရီ ရလိမ့်မယ်။ မနက်ပိုင်းမှာ အကသင်တန်းရှိပြီး မွန်းလွဲပိုင်းမှာတော့ အသံပိုင်းဆိုင်ရာသင်တန်း (Vocal Class) ရှိမယ်။ ညနေပိုင်းမှာတော့ မင်းစိတ်ကြိုက်ပဲ။ ဒီဇယားအတိုင်း မင်း လိုက်နိုင်ပါ့မလား"

ယွီနျန့်ကတော့ အချိန်ဇယားကို အလွတ်ရနေပါပြီ။ သူက ချက်ချင်းပဲ

"ရပါတယ်၊ ကျွန်တော် လုပ်နိုင်ပါတယ်ခင်ဗျာ" ဟု ပြန်ဖြေလိုက်သည်။

မုန့်ယွမ်က အချိန်ဇယားကိုကြည့်ပြီး သက်ပြင်းချကာ

"မင်း မလုပ်နိုင်ရင်တောင် လုပ်ကိုရမှာပဲ။ ငါတို့မှာ အချိန် သိပ်မရှိဘူး။ နောက် ၅ ရက်နေရင် 'သဘာဝတရား၏ အသံ' (Sound of Nature) အစီအစဉ်က ဟဲချိုးပိုင် မင်းကို လာတွေ့လိမ့်မယ်။ ငါနဲ့သူနဲ့က အဆက်အသွယ်ရှိတယ်ဆိုပေမဲ့ မင်း ရွေးချယ်ခံရမလား။ မရဘူးလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

ယွီနျန့်က အခြေအနေရဲ့ အရေးကြီးပုံကို နားလည်တာကို တွေ့တော့ မုန့်ယွမ်က စကားအများကြီး ထပ်မပြောတော့ဘဲ စာရွက်ကို လက်ညှိုးထိုးပြရင်း

"အထပ် ၃၀ ကနေ ၃၅ အထိက လေ့ကျင့်ရေးအခန်းတွေချည်းပဲ။ အခန်းနံပါတ် ၃၀၇ နဲ့ ၃၃၇ က ငါ့နာမည်နဲ့ ယူထားတာ။ ဒီရက်ပိုင်းတွေမှာ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့။ ဆရာတွေသင်တဲ့နောက်ပဲ လိုက်ပြီး သေချာသင်ယူပါ"

ယွီနျန့်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်သည်။ မုန့်ယွမ်က "ဟိုဟိုဒီဒီ လျှောက်မသွားနဲ့" လို့ အထူးတလည်မှာနေရသည့် အကြောင်းရင်းက ရှိလိမ့်မည်။ ဒါပေမဲ့ မုန့်ယွမ်က အသေးစိတ်မပြောသလို သူကလည်း ထပ်ပြီး မမေးတော့ဘူး။ လောလောဆယ်မှာ အရေးကြီးဆုံးက အတန်းတွေကို အကောင်းဆုံး တက်ရောက်ဖို့ပဲ။

သူတို့ စကားပြောနေရင်းနဲ့ အထပ် ၃၃ ကို ရောက်လာခဲ့သည်။ မုန့်ယွမ်က လက်ထဲက အချိန်ဇယားကို မြှောက်ပြရင်း

"ဆရာတွေ အထဲမှာ ရှိနေပြီ။ ငါ အစည်းအဝေး တက်စရာရှိလို့ သွားတော့မယ်။ နေ့လယ်ကျမှ တွေ့ကြတာပေါ့!" ဟုဆိုလျက် ထွက်သွားတော့သည်။

ယွီနျန့် အကလေ့ကျင့်ရေးခန်းထဲကို လှမ်းဝင်လိုက်တဲ့အချိန်မှာပဲ အထဲက စကားပြောသံတွေက Pause ခလုတ် အနှိပ်ခံလိုက်ရသလိုမျိုး ချက်ချင်း တိတ်ဆိတ်သွားလျက်…သူ့နာမည်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသလိုရှိတာကြောင့် တစ်စုံတစ်ယောက်က သူ့အကြောင်း ပြောနေတာ ဖြစ်ပါလိမ့်မည်။

ဒါပေမဲ့ ဘာမှမကြားလိုက်သလိုဘဲ ယွီနျန့်က ရပ်ပြီး အရိုအသေပေးလိုက်သည်။

"မင်္ဂလာပါ ဆရာတို့... ကျွန်တော် ယွီနျန့်ပါခင်ဗျာ။ ရှေ့လျှောက် ရက်အနည်းငယ်မှာ ဆရာတို့နဲ့အတူ အစွမ်းကုန် ကြိုးစားသွားပါ့မယ်"

ယွီနျန့်ရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတဲ့အခါ အန်းချန် ကလည်း လိုက်ရယ်မိသွားပြီး

"အစ်ကိုမုန့်က ဘာလို့ ငါတို့ကို အထူးတလည် မှာနေရတာလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ ဒီရုပ်ရည်နဲ့တင် သူ တကယ့်ရတနာတစ်ပါးကို ရှာတွေ့ထားတာပဲ"

အန်းချန်က အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သေသေသပ်သပ် ထိန်းသိမ်းထားသူတစ်ဦးပါ။ သူက လက်ကိုမြှောက်ပြရင်း

"မင်္ဂလာပါ... ငါက အန်းချန်ပါ။ အတူတူ လက်တွဲလုပ်ဆောင်ရတာ ဝမ်းသာပါတယ်!"

ယွီနျန့်က လက်လှမ်းလိုက်ပြီး အန်းချန်ရဲ့လက်ကို ဆွဲကိုင်ကာ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ ဆရာအန်း။"

အန်းချန်ရဲ့ဘေးမှာ ရပ်နေတဲ့ ဟော့ရှင်းကတော့ သိပ်ပြီး စိတ်ဝင်တစားရှိပုံမရပါဘူး။ သူ့ရဲ့မျက်ခုံးကြားမှာ အရေးအကြောင်းအနည်းငယ် ထင်နေပြီး ကြည့်ရတာ တည်ကြည်လွန်းသလို ချဉ်းကပ်ရခက်မယ့်ပုံစံမျိုး။

"ဟော့ရှင်း။"

ယွီနျန့်ကတော့ အပြုံးမပျက်ဘဲ နှုတ်ဆက်လိုက်ဆဲ။

"မင်္ဂလာပါ ဆရာဟော့။"

အန်းချန်က သူ့လက်မောင်းကို ပိုက်လိုက်ရင်း ယွီနျန့်ကို မျက်စိတစ်ချက်မှိတ်ပြလိုက်သည်။

"မင်းရဲ့ ဆရာဟော့က အကျင့်က ဒီလိုပဲ။ တကယ်လို့ မင်းသာ လေ့ကျင့်နေတုန်း ပျင်းနေတာတို့၊ အလုပ်ခိုတာတို့ လုပ်ရင်တော့ သူ မင်းကို သတ်လိမ့်မယ်။"

ယွီနျန့်ကလည်း လက်ကိုပိုက်ပြီး မျက်တောင်လေးခတ်ကာ ပြန်နောက်လိုက်၏။

"တကယ်လို့ ကျွန်တော်သာ လေ့ကျင့်နေရင်း အလုပ်ခိုခဲ့ရင် ဆရာဟော့က ကျွန်တော့်ကို တကယ်ပဲ သတ်သင့်ပါတယ်ခင်ဗျာ။"

အန်းချန်က ရယ်မောလိုက်ပြီး ယွီနျန့်ရဲ့ ပုခုံးကို ပုတ်ပေးလိုက်သည်။

"ဒီကလေးက မဆိုးဘူးပဲ... ကဲ သွားကြစို့!"

ဒါပေမဲ့ မနက်ပိုင်းမှာတော့ ယွီနျန့်တစ်ယောက် အဆူခံရမယ့် အခွင့်အရေးကို မရခဲ့ပါဘူး။ မနက် ၁၁ နာရီခွဲမှာ အခြေအနေလာကြည့်တဲ့ မုန့်ယွမ် ရောက်လာတဲ့အခါမှာတော့ ဟော့ရှင်းဟာ အနက်ရောင် ရေနွေးအိုးလေးကို ကိုင်ထားရင်း အဝေးကနေ အန်းချန်ရဲ့ လှုပ်ရှားမှုတွေနောက်ကို လိုက်လုပ်နေတဲ့ ယွီနျန့်ကို ကြည့်ပြီး အတိုချုံး မှတ်ချက်ပေး၏။

"အရမ်းအခြေအနေကောင်းတယ်။"

မုန့်ယွမ်က မျက်ခုံးပင့်လိုက်ပြီး ဂုဏ်ယူစွာနဲ့

"ငါရွေးထားတဲ့လူပဲ... ကောင်းမှာပေါ့!" လို့ ပြောလိုက်ပေမဲ့ အံ့ဩသွားမိတာက

"ဒါပေမဲ့ ချီးကျူးရခက်လှတဲ့ ဆရာဟော့ဆီကနေ ဒီလိုအကဲဖြတ်ချက်မျိုး ရဖို့ဆိုတာ... ယွီနျန့် ဘာတွေများ လုပ်ပြလိုက်လို့လဲ"

ဟော့ရှင်းက မုန့်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး

"ပင်ပန်းဆင်းရဲခံနိုင်တယ်။ညည်းညူတာမျိုးမရှိဘူး။အလုပ်အပေါ် အလေးအနက်ထားတယ်။ ဉာဏ်ကောင်းတယ်။ ဆရာတွေကို ရိုသေတယ်။ ဇွဲလုံ့လရှိတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အခြေအနေကလည်း အကောင်းကြီးပဲ။"

မုန့်ယွမ်က "တောက်" တစ်ချက် ခေါက်လိုက်ပြီး နောက်ပြောင်လိုက်သည်။

"ယွီနျန့်က မင်းကို ဘယ်လောက်တောင် လာဘ်ထိုးထားလို့ ဒီလောက်အထိ ချီးကျူးနေရတာလဲ"

ဟော့ရှင်းကတော့ ရေကိုပဲ အာရုံစိုက်သောက်နေပြီး ပြန်မဖြေတာကို တွေ့တော့ မုန့်ယွမ်က လေသံကို ပြန်ပြင်ပြီး အတည်ပေါက် မေးလိုက်သည်။

"ငါးရက်ပဲ အချိန်ရှိတာနော်... မင်းအထင် ယွီနျန့် လုပ်နိုင်ပါ့မလား"

ဒီမေးခွန်းအပေါ် ဟော့ရှင်းရဲ့ အမြင်ကို သူ တကယ် သိချင်နေတာပါ။

"သူ့ကို မတွေ့ခင်တုန်းကတော့ မင်း အိမ်မက်ယောင်နေတာလို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ သူ့ကို မြင်ပြီးတဲ့နောက်မှာတော့..." ဟော့ရှင်းက စကားကို အပြတ်မပြောဘဲ "စမ်းကြည့်လို့တော့ ရတာပေါ့" လို့ ဆို၏။

"မင်းဆီက ဒီစကားကြားရတော့မှ ငါ စိတ်အေးရတော့တယ်"

မုန့်ယွမ်က ယွီနျန့် ကြမ်းပြင်ပေါ် လဲကျသွားလိုက်၊ ပြန်ထလိုက်၊ မတ်တတ်ရပ်ပြီး ကကွက်တွေကို ဆက်လေ့ကျင့်နေလိုက် လုပ်နေတာကို ကြည့်ပြီး သွားကြားထဲကနေ

"ဟူး... ကြားရတဲ့ အသံတင် တော်တော်နာမှာပဲ" လို့ ညည်းတွားမိသည်။

ဟော့ရှင်းက နှာခေါင်းတစ်ချက်ရှုံ့ပြီး အေးစက်စက်ပဲ

"အကသင်တာပဲ၊ ဘယ်မှာ နာစရာရှိလို့လဲ"

မွန်းလွဲပိုင်းမှာတော့ ဂီတသံ ရပ်သွားသည်။ အန်းချန်က လှည့်ကြည့်ပြီး အဖြူရောင်သုတ်ပုဝါတစ်ထည်ကို ယွီနျန့်ဆီ လှမ်းပစ်ပေးလိုက်ကာ မျက်ခုံးပင့်ရင်း

"မင်း တော်တော်ကြိုးစားတာပဲ၊ သင်တာလည်း မြန်တယ်" လို့ ချီးကျူးပေးသေးသည်။

ယွီနျန့်က သုတ်ပုဝါကို နှစ်ခေါက်ခေါက်ပြီး သူ့မျက်နှာနဲ့ လည်ပင်းက ချွေးတွေကို သုတ်နေလျက်… အသားအရေက အရမ်းဖြူတာကြောင့် အပူရှိန်နှင့် ပေါင်းစပ်တော့ ကျန်းမာသည့် ပန်းရောင်လေး သန်းနေ၏။ သူ့ရဲ့ နက်မှောင်တဲ့ ဆံပင်တွေကလည်း ချွေးတွေနဲ့ စိုရွှဲနေပြီး နဖူးမှာ ကပ်နေပြီး သူက အမောမပြေသေးသလို သုတ်ပုဝါကို ကိုင်ထားတဲ့ လက်မောင်းတွေကလည်း မထိန်းနိုင်ဘဲ တုန်ရီနေရှာသည်။

ဟော့ရှင်းက လျှောက်လာပြီး တိုက်ရိုက်ပဲ ဝေဖန်ပါ၏။

"ခုနက နောက်ဆုံးလှုပ်ရှားမှုက မတည်ငြိမ်ဘူး၊ ပြီးတော့ ခြေထောက်ကိုလည်း လုံလောက်အောင် မမြှောက်နိုင်ဘူး"

အန်းချန်က ယွီနျန့်ဘက်ကနေ ကူပြောပေးသည်။

"လေ့ကျင့်ခန်းက အရမ်းပြင်းထန်တာလေ။ သူက အခုမှ စသင်တာဆိုတော့ အဆုံးသတ်မှာ ခြေထောက်တွေ အားမရှိတော့တာ မဆန်းပါဘူး။ ဒီလောက်အထိ မြှောက်နိုင်တာတောင် မဆိုးဘူး မဟုတ်လား"

ဟော့ရှင်းကတော့ တင်းကျပ်သည့် စရိုက်ရှိသူပီပီ မျက်မှောင်ကြုတ်ပြီး ပြောသည်။

"လှုပ်ရှားမှုတွေက စံချိန်စံညွှန်းမီရမယ်။ မဟုတ်ရင် လေ့ကျင့်တာ အလကားပဲ။ သူ့မှာ အချိန်အများကြီး မရှိဘူး၊ စက္ကန့်တိုင်းကို အသုံးချရမယ်"

ယွီနျန့်က အချိန်ကိုက်ပဲ အပြုံးလေးနဲ့ ကြားဖြတ်ဝင်ပြောရှာသည်။

"ကျေးဇူးတင်ပါတယ် ဆရာဟော့၊ အဲဒီအချိန်မှာ ကျွန်တော် တကယ်ပဲ ခြေထောက်မချနိုင်တော့လို့ပါ။ နောက်တစ်ခါကျရင် စံချိန်မီအောင် သေချာပေါက် လုပ်ပါ့မယ်"

ဟော့ရှင်းက သူ့ကို နှစ်စက္ကန့်ထက်မနည်း စိုက်ကြည့်ပြီးမှ "အင်း" လို့ တစ်ခွန်းတည်း တုံ့ပြန်သည်။ အန်းချန်ကတော့ ယွီနျန့်ဘက်ကို လှည့်ပြီး ဟော့ရှင်းကို မသိမသာ လက်ညှိုးထိုးပြရင်း မျက်လုံးလှန်ပြလိုက်တာကြောင့် ယွီနျန့်မှာ နှုတ်ခမ်းကိုစေ့ပြီး ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။

နေ့လယ်စာကို မုန့်ယွမ်နဲ့ အတူစားပြီးတဲ့နောက် ယွီနျန့်ဟာ ကကွက်လေ့ကျင့်ခန်းထဲ ပြန်လာပြီး နာကျင်ကိုက်ခဲနေသည့် လက်ခြေတွေကို အနားပေးဖို့ ဖျာတစ်ချပ်ရှာကာ လှဲအိပ်နေလိုက်သည်။ ဒါပေမဲ့ နှစ်မိနစ်လောက်ပဲ လှဲရသေးသည်။ သူ ပြန်ထလိုက်ပြီး ဟော့ရှင်း ပြောသွားတဲ့ လှုပ်ရှားမှုကို ပြန်လေ့ကျင့်၏။ စံချိန်မီသွားပြီလို့ ကိုယ့်ကိုယ်ကိုယ် အတည်ပြုနိုင်တော့မှ သက်ပြင်းချနိုင်သည်။

ဒီတစ်ခါ လှဲအိပ်လိုက်တဲ့အခါမှာတော့ ယွီနျန့် တကယ်ကို မလှုပ်ချင်တော့ပါဘူး။ လက်တွေခြေတွေကလည်း သူ့ဟာမဟုတ်သလို ခံစားနေရသည်။ ဘယ်အချိန်မှာ အိပ်ပျော်သွားမှန်းမသိဘဲ နှိုးစက်သံကြားမှ နိုးလာတော့ ၁ နာရီ ၄၀ တောင် ရှိနေပါပြီ။ သူ ထိုင်လိုက်ပြီး ကိုယ်လက်တွေကို ဆန့်ကာ ဓာတ်လှေကားနဲ့ အောက်ထပ်ကို ဆင်းခဲ့၏။

အသံပိုင်းဆိုင်ရာ သင်တန်းခန်းကို ရောက်တဲ့အခါ ဆရာမ မရောက်သေးပါဘူး။ ယွီနျန့်က ခဏစဉ်းစားပြီး ကိုယ်တိုင်ပဲ အသံသွေးသည့် လေ့ကျင့်ခန်းတွေကို စလုပ်နေလိုက်သည်။ အပြီးမှာတော့ တံခါးဝမှာ လူတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတာကြောင့် အမြန်ပဲ မတ်တတ်ရပ်လိုက်ပြီး

"မင်္ဂလာပါ ဆရာမ ကျောက်... ကျွန်တော် ယွီနျန့်ပါ"

ဆရာမ ကျောက်ရှီးက အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး အနက်ရောင် ဂါဝန်ရှည်ကြီးကို ဝတ်ထားလျက်။ သူမက အရှိန်အဝါအားကောင်းပေမဲ့ လေသံအေးအေးလေးနဲ့ ပြောလာသည်။

"ထိုင်ပါ... မင်းရဲ့ အချိန်ဇယားကို ငါကြည့်ပြီးပြီ။ မနက်ပိုင်းမှာ ကကွက်လေ့ကျင့်ခဲ့တာလား"

ယွီနျန့် ခေါင်းငြိမ့်ပြတာကို မြင်တော့ သူမက ပြုံးပြီး

"ကကွက်လေ့ကျင့်တာက တကယ်ပင်ပန်းတာပဲ။ ခုနက မင်း အသံသွေးနေတာလား"

"ဟုတ်ကဲ့... ဒါပေမဲ့ ကျွန်တော်လုပ်တာ မှန်ရဲ့လားတော့ မသေချာဘူးခင်ဗျာ။"

"ရပါတယ်"

ကျောက်ရှီးက သူမလက်ထဲက စာအုပ်တွေကို ချလိုက်ရင်း

"ဂီတသင်္ကေတ (Score) တွေကိုရော ဖတ်တတ်ရဲ့လား" ဟု မေးလာသည်။

"ဟုတ်ကဲ့၊ ဖတ်တတ်ပါတယ်"

"ကောင်းပြီလေ"

ကျောက်ရှီးက စာအုပ်ကိုဖွင့်ပြီး ယွီနျန့်ဆီ ကမ်းပေးလိုက်သည်။

"ဒီသီချင်းကို ငါနားထောင်ဖို့ တစ်ပိုဒ်လောက် ဆိုပြပါဦး"

ယွီနျန့်က ဂီတသင်္ကေတတွေကို ဖတ်လိုက်ပြီး စည်းချက်ကို မှန်မှန်လေး လိုက်ခေါက်ရင်း တိတိကျကျပဲ သီချင်းဆိုပြလိုက်သည်။ ကျောက်ရှီးက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး စက္ကန့်အနည်းငယ်လောက် စဉ်းစားကာ

"မင်း အရင်က အသံပိုင်းဆိုင်ရာ အခြေခံတွေကို သင်ယူခဲ့ဖူးတာလား"

ယွီနျန့်ကလည်း ဖုံးကွယ်မထားဘဲ

"ကျွန်တော့်အဘွားက သီချင်းအရမ်းကောင်းကောင်း ဆိုတတ်တာပါ။ ငယ်ငယ်တုန်းက အဘွားနောက်ကနေ လိုက်ဆိုရင်း အဘွားက နည်းနည်းပါးပါး သင်ပေးခဲ့တာပါ"

ကျောက်ရှီးက သေသေချာချာ စစ်ဆေးအကဲဖြတ်ပေးသည်။

"မင်းရဲ့ အသံထုတ်ပုံအနေအထားက အရှေ့ဘက်ကို တော်တော်လေး ရောက်နေတယ်။ အသံက လည်ချောင်းထဲကနေ ထွက်လာပြီးတော့ အာခေါင်မာကို သွားရိုက်တယ်။ အသက်ရှူတဲ့အခါမှာတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ပေါင်းစပ် အသက်ရှူနည်းကို သုံးထားတာပဲ။ ဒီလို အသံထုတ်နည်းက မဆိုးပါဘူး၊ ဒါပေမဲ့ ဒီထက်ပိုကောင်းအောင် လုပ်လို့ရပါသေးတယ်။ ဒါ့အပြင် မင်းရဲ့ အသံအနိမ့်အမြင့် ၊ အသံအရည်အသွေးနဲ့ အသံအကွာအဝေးတွေက အားလုံး အရမ်းကောင်းတယ်။ 'နတ်ဘုရားတွေ အချစ်ဆုံးအမျိုးအစား' လို့တောင် ပြောလို့ရတယ်"

သူမက စာရွက်ဖြူတစ်ရွက်ကို ထုတ်လိုက်ပြီး

"ကဲ... အတန်းစရအောင်"

နောက်ထပ် ငါးရက်တာအတွင်းမှာတော့ ယွီနျန့်ဟာ ဒီလေ့ကျင့်ရေးအခန်း နှစ်ခန်းကြားမှာပဲ အချိန်ကုန်ဆုံးခဲ့ရသည်။ ညစာစားပြီးတိုင်းမှာလည်း သူက ကကွက်လေ့ကျင့်ရေးခန်းထဲမှာ နောက်ထပ် နှစ်နာရီလောက် ထပ်ပြီး လေ့ကျင့်လေ့ရှိသည်။

ဟော့ရှင်းက ယွီနျန့်ဟာ ကကွက်တွေ ထပ်ခါတလဲလဲ လေ့ကျင့်ဖို့ တမင်တကာ ကျန်နေခဲ့မှန်း သိသွားတဲ့အခါ ဆူပါလေရော….

"မင်း ဘာလို့ ဒီလောက်အထိ အတင်းအကျပ် ကြိုးစားနေရတာလဲ"

ယွီနျန့်ကတော့ ပြန်မငြင်းဘဲ ရယ်ပဲရယ်နေတာကို တွေ့တော့ ဟော့ရှင်းလည်း ဘာမှထပ်မပြောတော့ပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း နေ့တိုင်း အချိန်ပိုတွေ အခမဲ့ဆင်းပေးပြီး ယွီနျန့်ကို လမ်းညွှန်ပြသပေးဖို့ ကျန်နေခဲ့သည်။

၁၁ ရက်နေ့ မနက်မှာတော့ ယွီနျန့်ဟာ မုန့်ယွမ်ရဲ့ ရုံးခန်းကို ရောက်တာနဲ့ နွားနို့တစ်ခွက် အတိုက်ခံရပြီး ဓာတ်လှေကားထဲကို အလောတကြီး အဆွဲခံလိုက်ရပါတော့သည်။ မုန့်ယွမ်က ယွီနျန့်ထက်တောင် ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေပုံရလျက်

"မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား"

ယွီနျန့်က နွားနို့ကို တစ်ငုံသောက်လိုက်တဲ့အခါ နှုတ်ခမ်းမှာ နွားနို့အမြှုပ်လေးတွေ ပေသွားတာကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပေမဲ့ မုန့်ယွမ်ရဲ့ စကားကို ကြားတော့ ခေါင်းညိတ်ပြလိုက်ရင်း

"ယုံကြည်မှု ရှိပါတယ်ခင်ဗျာ" လို့ ယဥ်ယဥ်ကျေးကျေးပဲ ပြန်ဖြေလိုက်သည်။

မုန့်ယွမ်က လက်နှစ်ဖက်ကို ယှက်ပြီး ခေါင်းပေါ်မြှောက်ကာ ဆုတောင်းစကားတွေရွတ်ဆိုတော့၏။

"မြတ်စွာဘုရား... နတ်မင်းကြီးများ... အားလုံးကို တိုင်တည်ပါတယ်ဗျာ!"

အဲဒီနောက် သူ ဘာတွေ ဆက်ရွတ်နေလဲဆိုတာ ယွီနျန့် သေချာမကြားရပေမဲ့ နွားနို့သောက်ရင်းနဲ့ သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့ အပြုံးရိပ်တွေ ပြည့်နှက်နေသည်။ အသံသွင်းစတူဒီယိုကို ရောက်တဲ့အခါမှာတော့ မုန့်ယွမ်ဟာ ထိပ်တန်းအေးဂျင့်တစ်ယောက်မှာ ရှိသင့်သည့် တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်နိုင်သည်။

"ခဏနေရင် အထဲကိုအရင်ဝင်ပြီး အသံသွေးထားလိုက်ဦး။ ဟဲချိုးပိုင်က နောက်မိနစ် ၂၀ နေရင် ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ မင်း အစွမ်းကုန် ကြိုးစားပြရမယ်နော်၊ ငါ မင်းကို ယုံကြည်တယ်!"

ယွီနျန့်က မုန့်ယွမ်ကို ကြည့်ပြီး

"ဟုတ်ကဲ့... ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်!"




တစ်ဖက်မှာတော့ 'ရှင်းယောင်' အဆောက်အအုံ၏ အဝင်ဝမှာ ချွိရှောက်ရန်က ကားရှေ့ခန်းမှာ ထိုင်နေရင်း သုံးကြိမ်ဆက်တိုက် သမ်းဝေလိုက်သည်။ ပြီးတော့မှ ပြုံးပြုံးလေးနဲ့

"ငါ့ကို ရုံးအထိ လိုက်ပို့ပေးလို့ ကျေးဇူးပဲဟေ့!"

မနေ့ညက သူ ရှဲ့ယို့တို့အိမ်မှာ ထမင်းသွားစားရင်း ဝိုင်သောက်ခဲ့တာကြောင့် အဲဒီမှာပဲ အိပ်လိုက်တာပါ။ မနက်ကျတော့ ရှဲ့ယို့ရဲ့ အေးစက်စက် မျက်နှာပေးကို ဂရုမစိုက်ဘဲ သူ့ကားပေါ်ကို အတင်းတက်စီးပြီး လိုက်လာခဲ့တာ။ ရှဲ့ယို့မျက်နှာကတော့ ဆီးနှင်းတွေ ဖုံးလွှမ်းထားသလို အေးစက်နေပြီး

"မင်း အခုချက်ချင်း ဆင်းသွားလို့ရပြီ" ဟု နှင်လွှတ်တော့၏။

"ငါ့ကို ရုံးအထိ ပို့ပေးတာ ကျေးဇူးတင်ပါတယ်ဆိုမှပဲ"

ချွိရှောက်ရန်ကတော့ လုံးဝမမှုဘဲ စကားတွေ ဆက်ပြောနေတုန်းပါပဲ

"ဒါနဲ့ နေပါဦး... မနေ့တုန်းက မင်း ငါ့ဆီလာတုန်းက လူသစ်တွေ ထပ်ခေါ်နေလားလို့ မေးခဲ့တယ်မလား အဲဒါကို ငါ စဉ်းစားကြည့်ပြီး တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်တယ်။ မေးကြည့်လိုက်တော့မှ တကယ်ပဲ လူသစ်တစ်ယောက် ရှိနေတာပဲ"

ရှဲ့ယို့ရဲ့ လက်ချောင်းလေးတွေက သူ့ဒူးပေါ်မှာ အနည်းငယ် လှုပ်ရှားသွားပါ၏။

"အဲဒီလူကို မုန့်ယွမ်က စာချုပ်ချုပ်ထားတာတဲ့။ သူ့နာမည်က ယွီနျန့် တဲ့၊ အသက်က ၂၁ နှစ်ပဲ ရှိသေးတယ်"

"ယွီနျန့်တဲ့လား"

"အေး... 'ယွီ' က ကြွယ်ဝချမ်းသာခြင်း၊ 'နျန့်' ကတော့ နှစ်ကာလ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ငါ သူ့ရဲ့ဓာတ်ပုံတွေကို ကြည့်ပြီးပြီ။ သူ့အသံကလည်း တကယ်ကောင်းတယ်လို့ ကြားတယ်။ မုန့်ယွမ်က သူ့ကို 'သဘာဝတရား၏ အသံ' Season 2 မှာ ထည့်ဖို့ စီစဉ်နေတာ။ ဒီနေ့ပဲ အစီအစဉ်အဖွဲ့က လူတစ်ယောက် သူ့ကို လာစစ်ဆေးလိမ့်မယ်။"

ဒီလိုပြောပြီးနောက်မှာတော့ ချွိရှောက်ရန်က အားတက်သရောနဲ့ ဖိတ်ခေါ်လိုက်သည်။

"ဥက္ကဋ္ဌရှဲ့... မင်းရော လိုက်ကြည့်ချင်လား"

ချွိရှောက်ရန်ဟာ ရှဲ့ယို့တစ်ယောက် နေ့တိုင်း အလုပ်တွေနဲ့တင် မွန်းကြပ်နေမှာကို အမြဲစိုးရိမ်တတ်သူပါ။ ဒါကြောင့် ပျော်စရာ ဒါမှမဟုတ် စားကောင်းသောက်ဖွယ်ရှိတဲ့နေရာဆိုရင် ရှဲ့ယို့ကို အမြဲခေါ်လေ့၏။ ဒါပေမဲ့ ဖိတ်ခေါ်မှု ဆယ်ကြိမ်မှာ ဆယ်ကြိမ်လုံးနီးပါးကတော့ ငြင်းပယ်ခံရတာချည်းပါပဲ။

"ကောင်းပြီလေ။"

"ဟားဟား... ငါသိသားပဲ၊ မင်းမှာ တက်ရမယ့် အစည်းအဝေးတွေ အပုံလိုက်ကြီး ရှိနေ…"

ချွိရှောက်ရန်ရဲ့ စကားတွေ ရုတ်တရက် ရပ်တန့်သွားပြီး "ဟင်... မင်း ခုနက ဘာပြောလိုက်တာလဲ"

ရှဲ့ယို့က သူ့ကို ပြန်ပြောဖို့တောင် စိတ်မရှည်တော့ဘဲ ကားတံခါးကို ဖွင့်ပြီး အပြင်ကိုတောင် ထွက်နှင့်ပြီးပြီ။ ချွိရှောက်ရန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေတုန်းပဲဆိုတာကို မြင်တော့ သူက မျက်မှောင်ကြုတ်ရင်း စိတ်မရှည်သလို မေးလိုက်သေးသည်။

"မင်း သွားမှာလား၊ မသွားဘူးလား"

"တောက်... သွားမှာပေါ့ကွ! ရှဲ့ယို့... မင်းကတော့ ငါသိတဲ့ ရှဲ့ယို့ ဟုတ်မှဟုတ်ရဲ့လား!"

သူတို့နှစ်ယောက် အသံသွင်းစတူဒီယိုထဲကို ဝင်လိုက်တဲ့အခါ အထဲမှာ လူအနည်းငယ် ရောက်နှင့်နေတာကို တွေ့ရသည်။ မုန့်ယွမ်က ချွိရှောက်ရန်ကို ပထမဆုံး မြင်လိုက်ရတာကြောင့် ရင်ထိတ်သွားပေမဲ့။ သူက အပြုံးလေးနဲ့ ရှေ့ကို နှစ်လှမ်းလောက် တိုးလာပြီး

"ဥက္ကဋ္ဌချွိ... ဘာလို့ ဒီကို ရောက်နေတာလဲခင်ဗျာ" လို့ မေးရ၏။။

ချွိရှောက်ရန်က "တိုးတိုး" ဆိုတဲ့ အမူအရာလုပ်ပြရင်း လေသံတိုးတိုး၊ အပြုံးလေးနဲ့ ပြောလိုက်သည်။

"မလန့်သွားပါနဲ့ဦး။ ငါတို့က ဒီတိုင်း ပျော်စရာလေး လာကြည့်တာပါ။ မင်းတို့ အလုပ်သာ ဆက်လုပ်ကြ၊ ငါတို့ကို ဂရုစိုက်မနေနဲ့။"

မုန့်ယွမ်ရဲ့ အကြည့်တွေက ဘေးကို ရောက်သွားတဲ့အခါ ရှဲ့ယို့ရဲ့ ရင်သပ်ရှုမောဖွယ် မျက်နှာကို မြင်လိုက်ရတာကြောင့်

"မင်္ဂလာပါ ဥက္ကဋ္ဌရှဲ့... အရှင်လည်း ရောက်နေတာလား"

နှုတ်ဆက်ပြီးတာနဲ့ သူက ငြိမ်သက်စွာပဲ ရပ်နေလိုက်သည်။

ရှဲ့ယို့ဟာ ချွိရှောက်ရန်ရဲ့ နောက်ကွယ်မှာ ရပ်နေရင်း မှန်တစ်ချပ်ခြားကာ မိုက်ကရိုဖုန်းရှေ့မှာ ရပ်နေတဲ့ ယွီနျန့်ကို ဘာအမူအရာမှမပြဘဲ စိုက်ကြည့်နေလျက်…ရှပ်အကွက်စိတ်အင်္ကျီဝတ်ထားတဲ့ အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်က အထဲကို အချက်ပြလိုက်တဲ့အခါ ယွီနျန့်ကလည်း ပြန်ပြီး အချက်ပြလိုက်သည်။ သုံးစက္ကန့်အကြာမှာတော့ စက်ထဲကနေ အလွန်ကိုမှ ကြည်လင်ပြတ်သားလှသည့် အသံတစ်သံ ထွက်ပေါ်လာတော့၏။

လူတိုင်း အသက်ရှူဖို့တောင် မေ့သွားကြလျက်… ချွိရှောက်ရန်က အံ့ဩလွန်းလို့ မျက်ခုံးပင့်မိသွားပြီး ရှဲ့ယို့ရဲ့ အမြင်ကို လှည့်မေးဖို့ ပြင်လိုက်စဉ်မှာပဲ... သူ့သူငယ်ချင်း ရှဲ့ယို့တစ်ယောက် ငေးမောမိနေတာကို တွေ့လိုက်ရသည်။

ရှဲ့ယို့ရဲ့ ခန္ဓာကိုယ်က မသိမသာလေး အလျှော့ပေးလိုက်သလိုမျိုး နံရံကိုမှီပြီး အလိုအလျောက် အနားယူတဲ့အနေအထားတောင် ဖြစ်သွားသေး၏။ သူ့ရဲ့မျက်လုံးတွေကတော့ မှန်ခန်းထဲမှာရှိသည့် ယွီနျန့်ဆီကနေ ဘယ်ကိုမှ ခွာမသွားဘူး။ မျက်တောင်လေးတွေ မှိတ်ထားပြီး သီချင်းဆိုတာကိုပဲ အာရုံစိုက်နေတဲ့ ယွီနျန့်ကို ကြည့်ရင်း ရှဲ့ယို့ရဲ့ ရင်ခုန်သံတွေက ပိုပြီး မြန်လာခဲ့သည်။

'ဟုတ်တယ်... ဒါ အဲဒီအသံပဲ၊ လုံးဝ မမှားနိုင်တော့ဘူး။'

ဓာတ်လှေကားထဲမှာ ဒီအသံကို ပထမဆုံးကြားရတုန်းက သူ သိပ်ပြီး မသေချာခဲ့ဘူး။ အခု ယွီနျန့် သီချင်းဆိုနေတာကို ကြားလိုက်ရတော့မှ ဒါဟာ သူရှာနေတဲ့ အသံဆိုတာကို အပိုင်အတိအကျ သိသွားရပါတော့သည်။

ရင်ကို နွေးထွေးသွားစေသည့် ထိုအသံကြောင့် အချိန်တွေဟာ ဘယ်လို့ ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ယွီနျန့်က နောက်ဆုံးစာသားကို ဆိုပြီး ရပ်လိုက်တဲ့အခါမှာတော့ အရှေ့ဆုံးမှာ ရပ်နေသည့် ဟဲချိုးပိုင်က အားရပါးရ လက်ခုပ်တီးပြီး ချီးကျူးလိုက်ပါတော့၏။

မှန်အကာအရံရှိနေတာကြောင့် ယွီနျန့်ဟာ အပြင်ဘက်က အသံတွေကို မကြားရဘူး။ ဒါပေမဲ့ မုန့်ယွမ်က သူ့ကို လက်မထောင်ပြနေတာနဲ့ ဟဲချိုးပိုင် လက်ခုပ်တီးနေတာကိုတော့ မြင်နေရသည်။ သူက နားကြပ်ကို ချွတ်လိုက်ပြီး သက်ပြင်းတစ်ချက်ကို အသာအယာမှုတ်ထုတ်ရင်း ပြုံးလိုက်မိ၏။

သူ့ရဲ့ မျက်လုံးအစွန်ကနေ တံခါးနားမှာရှိတဲ့ ကျောပြင်တစ်ခုကို လှမ်းမြင်လိုက်ရတဲ့အခါ ယွီနျန့်ရဲ့ လှုပ်ရှားမှုတွေ ခေတ္တတန့်သွားရတော့၏။

"ခုနက တံခါးနားက ကျောပြင်ကြီးက ကြည့်ရတာ တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲလား"

ဒါပေမဲ့ အဲဒါကို အကြာကြီး စဉ်းစားဖို့ အချိန်မရလိုက်ပါဘူး။ သူ မှန်ခန်းထဲက ထွက်လာတာနဲ့ မုန့်ယွမ်က ဆီးကြိုနှုတ်ဆက်ပြီး

"လာဦး... ငါ မင်းကို ဥက္ကဋ္ဌချွိနဲ့ မိတ်ဆက်ပေး"

မုန့်ယွမ် လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ချွိရှောက်ရန်နဲ့ ရှဲ့ယို့တို့ နှစ်ယောက်လုံး မရှိတော့ဘူး။

ယွီနျန့်က အခြေအနေကို ရိပ်မိသွားပြီး အသံတိုးတိုးနဲ့ သတိပေးလိုက်သည်။

"ကျွန်တော် နားကြပ်ချွတ်လိုက်တဲ့အချိန်မှာ တံခါးလှုပ်သွားတာ မြင်လိုက်ရတယ် အစ်ကိုမုန့်"

မုန့်ယွမ်ကလည်း

"သူတို့တွေ တကယ်ပဲ အပျော်လာကြည့်တာပဲ"

ပြီးတော့မှ အပြုံးမျက်နှာနဲ့

"ဒါကတော့ ငါ မင်းကို ခဏခဏ ပြောပြဖူးတဲ့ ဟဲချိုးပိုင် ပဲ" ဟု မိတ်ဆက်ပေးသည်။

ယွီနျန့်က ယဉ်ကျေးစွာနဲ့ ကိုယ်ကို အနည်းငယ်ကိုင်းညွတ်လိုက်ပြီး ပြုံးလျက် နှုတ်ဆက်စကားဆိုသည်။

"မင်္ဂလာပါ ဆရာဟဲ။"

ဟဲချိုးပိုင်နဲ့ မုန့်ယွမ်တို့ဟာ နှစ်ရှည်လများ ခင်မင်လာကြတဲ့ သူငယ်ချင်းဟောင်းတွေ။ ယွီနျန့်ရဲ့ အသွင်အပြင်ကလည်း ကြည့်ကောင်းပြီး အေးချမ်းတာကြောင့် သူက သဘောတကျနဲ့ ချီးကျူးစကားဆိုလိုက်သည်။

"ဒီကောင်လေး သီချင်းဆိုတာ တကယ်ကောင်းတာပဲ။ မုန့်ယွမ် ငါ့ကိုပြတဲ့ မင်းရဲ့ ကကွက်ဗီဒီယိုကိုလည်း ငါကြည့်ပြီးပြီ။ အဲဒါလည်း တကယ်ကို အားရစရာပဲ။ ငါတို့ အတူတူ လက်တွဲလုပ်ဆောင်ရဖို့ မျှော်လင့်ပါတယ်!"

ယွီနျန့်က သူ့ရင်ဘတ်ကို လက်နဲ့အသာပုတ်ရင်း ပြုံးလိုက်သည်။

"ဆရာ့ဆီက ချီးကျူးစကား ကြားရတော့မှပဲ ကျွန်တော့်ရဲ့ ရင်ခုန်သံတွေ ပုံမှန်ပြန်ဖြစ်သွားတော့တယ်ခင်ဗျာ။"

ဟဲချိုးပိုင်ကတော့ ယွီနျန့် စကားကို အားရပါးရ ရယ်မောပါတော့၏။

အခြေအနေအားလုံးကတော့ အတည်ဖြစ်သွားပါပြီ။ ညနေပိုင်းမှာ အစီအစဉ်အဖွဲ့ဘက်က လူတွေလာပြီး စာချုပ်ကိစ္စ ဆွေးနွေးကြလိမ့်မည်။ ဟဲချိုးပိုင်ကလည်း အချိန်အများကြီး မပေးနိုင်တာကြောင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ထွက်ခွာသွားခဲ့၏။

အသံသွင်းခန်းထဲမှာ သူတို့နှစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ မုန့်ယွမ်က ယွီနျန့်ဆီကို ပျားရည်ရေနွေးတစ်ခွက် ကမ်းပေးရင်း စိတ်အေးလက်အေး ပြောလိုက်သည်။

"မင်း တကယ်တော်တာပဲ။ ဟဲချိုးပိုင်က လူရွေး အရမ်းစေ့စပ်တာနော်။ မင်းက သူ့မျက်စိထဲ တစ်ခါတည်းနဲ့ တန်းဝင်သွားတာ... မဆိုးဘူး၊ တကယ်မဆိုးဘူး။"

ယွီနျန့်က ရေကို တစ်ငုံချင်း သောက်လိုက်ပြီး သူ့နဖူးမှာ ချွေးစလေးတွေ အနည်းငယ် ထွက်နေတာကို သုတ်လိုက်ရင်း

"လေ့ကျင့်တုန်းကတော့ ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဆိုးဆုံးအတွက်တောင် ကြိုတင်ပြင်ဆင်ထားတာပါ"

သူက ဖန်ခွက်ကို ပြန်ချလိုက်ပြီး ခဏလောက် ဝေခွဲမရဖြစ်နေဟန်နဲ့ ရှက်ကိုးရှက်ကန်း မေးလိုက်သည်။

"အစ်ကိုမုန့်... ကျွန်တော် လစာကို ကြိုထုတ်လို့ ရမလားဟင်"

မုန့်ယွမ်က အခြေအနေကို ရိပ်မိသွားပြီး

"မင်း ပိုက်ဆံပြတ်နေတာလား အေးလေ... စာချုပ်ထဲက ငွေတွေက ဘဏ္ဍာရေးဌာနကို စာရင်းမရောက်သေးဘူးပဲ။ ခဏနေရင် ငါ သူတို့နဲ့ စကားပြောပေးမယ်။ လစာကတော့ ငါးထောင်၊ ခြောက်ထောင်ဝန်းကျင်ပဲရှိတာဆိုတော့ ကြိုထုတ်လို့ တော့ရပါတယ်"

"ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ် အစ်ကိုမုန့်"

ယွီနျန့်တစ်ယောက် ထိုအခါမှ သက်ပြင်းချနိုင်ပါတော့သည်။ သူ့အိတ်ထဲမှာ အကြွေ ယွမ်၂၀ ပဲ ကျန်တော့တယ်လို့ ပြောရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။

အချိန်က သိပ်မနောက်ကျသေးတာကြောင့် မနက်ခင်းအတန်းက ရှိနေဆဲ။ ယွီနျန့်ဟာ အထပ် ၃၃ ကို ဓာတ်လှေကားနဲ့ တစ်ယောက်တည်း တက်လာခဲ့ပြီး လမ်းလျှောက်ရင်း မနေ့က သင်ခဲ့တဲ့ ကကွက်တွေကို ပြန်တွေးနေမိသည်။ လမ်းထောင့်တစ်ခုအရောက်မှာတော့ လူနှစ်ယောက်က သူ့ကို တားဆီးလိုက်ပါတော့တယ်။



________________________________________________________________________
NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...