Skip to main content

82








အပိုင်း (၈၂)

လုယွင်သည် ထိုဘက်တွင် ဟုန်ယဲ့မြို့ ပတ်ဝန်းကျင်ကို ပေါင်းစည်းလျက် ခရီးသွားဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည့်အကြောင်း ဆက်လက်ပြောကြားနေသည်။ ချန်ကျန့်သည် စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနေရသော်လည်း နောက်တစ်ကြောင်း နားထဲဝင်လာသည်နှင့် ရှေ့တစ်ကြောင်းကို မေ့မေ့သွားကာ သူ၏ဘောပင်မှာလည်း အမီမလိုက်နိုင်တော့ပေ။

ရှန်ယွီသည် သူ၏အနောက်တည့်တည့်ရှိ ကုလားထိုင်တွင် ထိုင်နေသည်။ ထိုလူသည် မလာနိုင်ဟု ပြောခဲ့သည့်အပြင် အစည်းအဝေးအတွက် လိုအပ်သည်များကိုပင် ကူညီပြင်ဆင်ပေးခဲ့ပြီးမှ အခုတော့ သူ့အနောက်တည့်တည့်မှာ ရောက်နေလေပြီ။

ချန်ကျန့် သူ့ဘက်သို့ တစ်ခေါက် ထပ်လှည့်ကြည့်လိုက်သည်။ ရှန်ယွီက မေးကို အသာအယာပင့်ကာ လုယွင်၏ မိန့်ခွန်းကို ဂရုစိုက်နားထောင်ရန် အချက်ပြလိုက်သည်။ ချန်ကျန့်မှာ မတတ်သာဘဲ ပြန်လှည့်ထိုင်လိုက်ရသည်။ သူသည် နားထောင်ရင်း မှတ်စုစာအုပ်ထဲတွင် အဓိပ္ပာယ်မရှိသည်များကို ခဏမျှ လျှောက်ရေးနေပြီးနောက် ဘောပင်ကို ပြန်ချကာ ရှန်ယွီဆီ စာပို့လိုက်သည်။

[ချန်လေး] : ဘယ်လိုလုပ် ရောက်လာတာလဲ။

သူ့အနောက်မှ ရှန်ယွီ၏ဖုန်းမှာ အသံထွက်မလာသော်လည်း ရှန်ယွီ အိတ်ကပ်ထဲမှ ဖုန်းထုတ်လိုက်သည့် လှုပ်ရှားသံကိုတော့ ချန်ကျန့် ကြားနေရသည်။ ချန်ကျန့် သတိဝင်လာပြီး သူ၏ဖုန်းကိုပါ အမြန် အသံပိတ်လိုက်သည်။

[Fa Dan Ke Chen] : အမြန်ရထားနဲ့လေ။ ဆင်းတာနဲ့ ဒီကို တန်းလာတာ။

[ချန်လေး] : ကားမောင်းလာတယ် ထင်နေတာ။

[Fa Dan Ke Chen] : ကားမောင်းရင် ၄ နာရီကျော် ကြာတယ်လေ။ အမြန်ရထားက ၂ နာရီခွဲပဲ။

[ချန်လေး] : မင်း ဒီမနက် ၆ နာရီကျော်ကတည်းက ထနေတာကိုး။

[Fa Dan Ke Chen] : ၆ နာရီခွဲ နိုးတယ်၊ ၇ နာရီ ထွက်တယ်၊ ၈ နာရီ ရထားစီးတယ်၊ ၁၀ နာရီခွဲ ရောက်တယ်၊ ပြီးတော့ ဒီကို လာတာ။

ချန်ကျန့် အချိန်ဇယားကို သေသေချာချာ တွက်ချက်မကြည့်ရသေးခင်မှာပင် ရှန်ယွီဆီမှ နောက်ထပ် စာတစ်စောင် ဝင်လာသည်။

[Fa Dan Ke Chen] : သေသေချာချာ နားထောင်စမ်းပါ၊ ဖုန်းပဲ ထိုင်ကစားမနေနဲ့။

ချန်ကျန့် ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး ဖုန်းကို စားပွဲပေါ် ပြန်တင်လိုက်သည်။ သူ ဘောပင်ကို ပြန်လှမ်းယူရန် ပြင်လိုက်သည့်အခါမှ သူ၏မှတ်စုစာအုပ်နှင့် ဘောပင်မှာ ဘယ်အချိန်ကတည်းက ဆွန်နာနာဆီ ရောက်သွားမှန်း မသိဘဲ ဆွန်နာနာမှာ မှတ်စုစာအုပ်ထဲတွင် တရစပ် လိုက်ရေးနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လက်ရေးမှာ သူ၏ ဖတ်မရသော လက်ရေးများနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။

“နာနာ...ကျွန်တော် ရေးနိုင်ပါတယ်”

“စာဆက်ပို့နေလေ” ဆွန်နာနာက လက်ကိုမနားဘဲ အလွန်တိုးသော အသံဖြင့် ပြောသည် ။

“ဒီလူကတော့ တကယ်ကို စိတ်တွေကို လာနှောင့်ယှက်နေတာပဲ”

“ပို့လို့ ပြီးပါပြီ” ချန်ကျန့်က ဆိုလိုက်သည်။

ဆွန်နာနာသည် ရေးလက်စ စာကြောင်းကို အဆုံးသတ်ပြီးနောက် မှတ်စုစာအုပ်နှင့် ဘောပင်ကို ချန်ကျန့်ရှေ့သို့ ပြန်တင်ပေးလိုက်သည်။ ချန်ကျန့်လည်း အလျင်အမြန်ပင် ပြန်ယူကာ မှတ်စုများ ဆက်လက်ရေးနေတော့သည်။

သူ ရှက်လွန်းသဖြင့် ထိုအကြောင်းကို ထပ်မစဉ်းစားချင်သော်လည်း၊ ဆွန်နာနာ၏ စကားထဲတွင် အဓိပ္ပာယ်တစ်ခုခု ပါနေမှန်းကိုတော့ အရူးမှလွဲ၍ လူတိုင်း သိနိုင်ပါသည်လေ။

ချန်ကျန့်၏ စိတ်အခြေအနေမှာ အခုတော့ တော်တော်လေး ရှုပ်ထွေးနေပြီ ဖြစ်သည်။ စိတ်လှုပ်ရှားသလိုလိုနှင့် ရှက်သလိုလို၊ ပျော်သလိုလိုနှင့် နေရခက်သလိုလို၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ရေးနေမိသလိုနှင့် အားနာသလိုလို....။

ကံကောင်းထောက်မစွာဖြင့် အစည်းအဝေးမှာ လုယွင် အစက ကတိပေးခဲ့သလိုပင် အပိုစကားတွေ မပါဘဲ လိုရင်းကိုသာ ပြောသွားခြင်း ဖြစ်သည်။ ပြီးတော့ တက်ရောက်လာသူ အများစုမှာ အစည်းအဝေး ခဏခဏ တက်နေကျ အရာရှိကြီးများ မဟုတ်ကြသည်ကို ထည့်တွက်ပေးထားပုံရပြီး ဘယ်သူ့ကိုမှ စကားပြောရန် ဖိတ်ခေါ်ခြင်း မပြုခဲ့ပါဘူး။

“ပူးပေါင်းဆောင်ရွက်ပေးကြတဲ့အတွက် အားလုံးကို ထပ်ပြီး ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကျွန်တော်တို့ဟာ ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ပေါင်းစည်းခရီးသွားဒေသတစ်ခု ဖြစ်လာရပါမယ်”

လုယွင်က တက်ရောက်လာသူများကို ဝေ့ကြည့်ရင်းဆက်ပြောသည်။

“ခရီးသွားလုပ်ငန်း ကမ်းလှမ်းမှုတွေကို ပိုပြီး စုံလင်အောင် လုပ်ဆောင်သွားပါမယ်။ ကျွန်တော်တို့ရဲ့ သဘာဝအရင်းအမြစ်တွေကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ ခရီးသည်တွေကို ကြည့်ရှုရုံတင် မဟုတ်ဘဲ၊ ကိုယ်တိုင် ခံစားနိုင်ဖို့၊ ပါဝင်နိုင်ဖို့နဲ့ ဒီမှာ တည်းခိုသွားနိုင်ဖို့အထိ လုပ်ဆောင်သွားမှာပါ....”

အစည်းအဝေးခန်းအတွင်း လက်ခုပ်သံများ ဟိန်းထွက်သွားတော့သည်။ ချန်ကျန့်လည်း ဘောပင်ကို ချကာ တခြားလူများနှင့်အတူ လက်ခုပ်တီးလိုက်သည်။ သူသည် စကားတစ်လုံးမှ ပြောစရာမလိုဘဲ အစည်းအဝေးကို အောင်မြင်စွာ ပြီးဆုံးစေခဲ့သည့်အပြင် ရှန်ယွီပါ ရောက်လာခဲ့သဖြင့် အရာအားလုံးမှာ သူ့အတွက် အလွန် စိတ်လက်ပေါ့ပါးပြီး ပျော်စရာ ကောင်းနေလေတော့သည်။

***

လုယွင်ကတော့ ကျောင်းတုန်းက အချိန်ဆွဲတတ်တဲ့ ဆရာတွေထက် အများကြီး ပိုကောင်းပါသည်၊ အစည်းအဝေးမှာ နေ့လယ်စာ အချိန်အတိအကျတွင် ပြီးဆုံးသွားခဲ့သည်။

“ထမင်းစားဆောင်မှာပဲ စားကြမလား၊ ဒါမှမဟုတ် အပြင်ထွက်စားမလား”

ချန်ကျန့် သူ၏ ဖုန်းထဲက အသံဖမ်းထားသည်ကို သိမ်းဆည်းလိုက်ပြီး၊ ဘောပင်နှင့် မှတ်စုစာအုပ်ကို အိတ်ထဲသို့ ကပျာကယာ ထိုးထည့်ကာ မတ်တတ်ရပ်လျက် ရှန်ယွီကို လှည့်ကြည့်လိုက်သည်။

“ထမင်းစားဆောင်မှာပဲ စားကြတာပေါ့” ရှန်ယွီက ပြုံးလျက် ဆိုသည်။

“ရှင် ရောက်လာနိုင်မှန်း သိရင် ကျွန်မ လိုက်မလာပါဘူး”

ဆွန်နာနာက ထရပ်ရင်း အဝတ်အစားများကို ပြန်ပြင်ကာ ဆိုလိုက်သည်။

“ပိတ်ရက်တစ်ဝက် ရတယ်လို့ပဲ သဘောထားလိုက်ပါ”

ရှန်ယွီက ထရပ်ရင်း ဦးလေးဒင်နှင့် စကားပြောကာ အပြင်သို့ ထွက်လာခဲ့ကြသည်။

“ဟိုလူစုကို ကြည့်ဦး”

ဆွန်နာနာက လုယွင်ရှိရာဘက်သို့ မေးထိုးပြသည်။ ချန်ကျန့် လှည့်ကြည့်လိုက်ရာ လုယွင်အား တက်ရောက်လာသူ အချို့က ဝိုင်းထားပြီး တစ်ခုခု ပြောနေကြသည်ကို တွေ့ရသည်။

“ငါတို့လည်း....” ချန်ကျန့် စကားစပြီး ရပ်သွားသည်။ အစည်းအဝေး ပြီးပြီးချင်းမှာ လူကြီးကို ဘာတွေ သွားပြောရမလဲ သူ မသိသော်လည်း၊ တခြားလူတွေ ဝိုင်းနေကြတော့ သူတို့လည်း သွားသင့်သလားလို့ စဉ်းစားမိခြင်း ဖြစ်သည်။

တစ်ခုခုတော့ လျှောက်ပြောလိုက်မှာပေါ့။ ဒါရိုက်တာလု... ဒီနေ့ ခွေးနဲ့လမ်းလျှောက်ပြီးပြီလား လို့ပေါ့။

“မလိုပါဘူး” ရှန်ယွီက ဦးလေးဒင်နှင့် စကားပြောပြီးနောက် လှည့်လာကာ ဆိုသည်။

“လူတစ်ယောက် ထမင်းစားဖို့ ပြင်နေချိန်မှာ သွားနှောင့်ယှက်တာက အကြီးမားဆုံး အပြစ်ပဲလေ။ အခုချိန်မှာ သူတို့ပြောတာတွေကို သူ နားထဲ ဝင်မှာ မဟုတ်သလို၊ တကယ် အလုပ်ကိစ္စ ရှိတဲ့လူကလည်း ဒီအချိန်မျိုးကို ရွေးမှာ မဟုတ်ဘူး”

“သူတို့က မျက်နှာပြချင်ရုံတင်ပါ၊ ငါတို့ကတော့ အဲ့ဒါတွေ မလိုပါဘူး”

ဆွန်နာနာက မျက်စောင်းထိုးရင်း ဆိုသည်။

“တာယွင်ရဲ့ ဒီမျက်နှာ နှစ်ခုကတော့ ဘယ်သူမှ မေ့နိုင်မှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”

ချန်ကျန့် ပြုံးလိုက်မိသည်။

“အဲ့ဒါတော့ အမှန်ပဲ” ဟု ရှန်ယွီက ဆိုသည်။

တကယ်ကြီး ဝန်ခံလိုက်တာလား။ အရှက်မရှိလိုက်တာ!

ထမင်းစားဆောင်ရှိ စားပွဲအချို့မှာ အစည်းအဝေး တက်ရောက်လာသူများအတွက် သီးသန့် ဖယ်ထားပေးခြင်း ဖြစ်သည်။ ဟုန်ယဲ့မြို့ က လူတစ်စုမှာ ထမင်းယူကာ အတူတူ ထိုင်စားရင်း စကားပြောနေကြသည်။

“တာယွင်ရဲ့ ပိုင်ရှင်က တော်တော်လေး တော်တယ်လို့ အရင်က ကြားဖူးပါတယ်။ တွေ့ဖို့ အခွင့်အရေး မရခဲ့ဘူးလေ။ ဒီနေ့မှပဲ မင်းက တော်တော် ငယ်သေးတာကို သိတော့တယ်”

“အမှန်တော့ ကျွန်တော်တို့ ပန်းရှန်း မှာ ထမင်းသွားစားဖူးပါတယ်”

ရှန်ယွီက ပြုံးလျက် အမျိုးသမီးကြီးကို ယဥ်ယဥ်ကျေးကျေးတုံ့ပြန်လိုက်၏။

“တကယ်လား ။ဘယ်တုန်းကလဲဟင်”

“အောက်တိုဘာ အားလပ်ရက်ဝန်းကျင်တုန်းကလေ။ သူငယ်ချင်းတစ်ယောက်နဲ့ သွားခဲ့တာပါ”

ရှန်ယွီက ဆိုသည်။

“နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ လာရင် ငါ့ကို အကြောင်းကြားနော်”

“ဟုတ်ကဲ့၊ သေချာပေါက်ပေါ့”

အမျိုးသမီး၏ ဖိတ်ကြားချက်ကို ရှန်ယွီ က ကတိပေးလိုက်သည်။

“အခုတလော ဟင်းအသစ်တွေ စမ်းချက်နေတာ ရှိတယ်၊ အားရင် လာမြည်းပြီး ဝေဖန်ပေးကြပါဦး။ နောက်ကျရင် ငါတို့တွေ ပိုပြီး ပူးပေါင်းဆောင်ရွက်လို့ ရတာပေါ့”

“သွားမြည်းရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ ဝေဖန်တတ်မှာ မဟုတ်ဘူးနော်။ ကျွန်တော်က လူရိုးဆိုတော့ ဘာစားစား ကောင်းနေတာပဲလေ....”

ဦးလေးယန်ကပါ စကားဝိုင်းထဲသဘာဝကျကျ ဝင်ပါလာသည်။

“ရပါတယ်၊ ရွာဟင်းတွေပဲဟာကို”

ဤလူများမှာ လုယွင် လေ့လာရေး ခရီးစဉ်အတွင်း သွားရောက်ခဲ့သော ဆိုင်ပိုင်ရှင်များ ဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ သူတို့မှာ သေသေချာချာ ရွေးချယ်ခံထားရသူများ ဖြစ်ပုံရသည် ။

ဦးလေးယန် ရော အမျိုးသမီးရွှီ ပါ တကယ့်ကို ရိုးသားကြပြီး၊ ဟယ်လျန်တို့ အုပ်စုလိုမျိုး အပိုစကားတွေ များနေသူတွေ မဟုတ်။

ရှန်ယွီမှာမူ စကားသိပ်မပြောပါဘူး ။ ဘာပဲဖြစ်ဖြစ် ထမင်းစားနေစဉ် စကားမပြောရဘူး မဟုတ်ပါလော။ ဦးယန်သည်လည်း စကားနည်းသူ ဖြစ်သော်လည်း ဆွန်နာနာကတော့အမျိုးသမီးရွှီ ၊ ဦးလေးဒင်တို့နှင့် ပျော်ပျော်ပါးပါး စကားပြောနေလေသည်။ ချန်ကျန့်ကတော့ ရံဖန်ရံခါ ဝင်ပြောပေးသည်။ သူ တကယ်ကို ထပ်စားလို့ မရတော့ပါဘူး၊ ခုနက ပေါက်စီ နှစ်လုံးမှာ အခုထိ ဗိုက်ထဲမှာ တစ်ဆို့နေတုန်း ဖြစ်သည်။ ရှန်ယွီကတော့ သူ့ပန်းကန်ထဲကဟာတွေ ကုန်သွားသဖြင့် နောက်တစ်ခါ ထပ်သွားယူနေလေသည်။

“မနက်စာ မစားခဲ့ဘူးလား” ချန်ကျန့်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

“အင်း”

“Business class မှာ ထမင်းမကျွေးဘူးလား” ချန်ကျန့်က ဆိုသည်။

ရှန်ယွီ ရယ်မောလိုက်သည် ။

“ငါ ကြိုမဝယ်ထားမိလို့ ရိုးရိုးတန်းပဲ ရတာလေ”

ချန်ကျန့် ခေတ္တမျှ တန့်သွားသည် ။

“ဒါဆိုရင်တော့ ပင်ပန်းသွားမှာပေါ့”

“မပင်ပန်းပါဘူး။ ငါက သက်သောင့်သက်သာ နေရတာ ကြိုက်တယ်ဆိုပေမဲ့…နှစ်နာရီခွဲလောက် ရိုးရိုးတန်း စီးရုံနဲ့တော့ ငါ မပင်ပန်းပါဘူး”

ချန်ကျန့် ပြုံးလိုက်မိသည်။

ထမင်းစားပြီးသည့် အခါတွင်မူ ယနေ့အတွက် အစည်းအဝေး အစီအစဉ်များ အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကားပါကင်တွင် အားလုံး နှုတ်ဆက်ကြလေသည်။ ဦးလေးဒင်မှာမူ ဦးလေးယန်၏ ကားဖြင့် မြို့ထဲသို့ ပြန်လိုက်သွားခဲ့သည်။ တခြားလူများ အကုန် ထွက်သွားမှသာ တာယွင်က သုံးယောက်မှာ ကားထဲသို့ ဝင်ထိုင်လိုက်ကြသည်။

“ဘော့စ်ရှန်... နောက်ထပ် ဘယ်သွားဖို့ ရှိသေးလဲဟင်” ဆွန်နာနာက မေးသည်။

“အိမ်ကို ပြန်ဦးမှာ မဟုတ်လား” ချန်ကျန့်ကလည်း ဝင်မေးသည်။

ရှန်ယွီ့မှာ အိတ်လည်း မပါပါဘူး၊ ဖုန်းတစ်လုံးတည်းသာ ပါခြင်း ဖြစ်သည်။ စီအီးအိုလျူ ဆီက လိမ်ယူထားတဲ့ မာစီးဒီး ကြီးကိုလည်း သူ မောင်းမလာခဲ့ပါဘူး....။

“အင်း” ရှန်ယွီ နောက်ထိုင်ခုံတွင် မှီထိုင်လိုက်သည်။

“ညနေ ၃ နာရီခွဲ ရထားနဲ့ ပြန်ရမှာလေ။ ဒီညတော့ အဒေါ်ကြီး၊ အဒေါ်လေးတို့နဲ့ ထမင်းစားဖို့ ရှိသေးတယ်”

“မင်းကတော့ တကယ်ကို....”

ချန်ကျန့် စကားစပြီးမှ ရပ်သွားသည်။ ဆွန်နာနာ ရှိနေသဖြင့် သူ ဘယ်လို ပြောရမှန်း မသိဖြစ်သွားရခြင်း ဖြစ်သည်။

“ဒီနေ့ ဘာမှ လုပ်စရာ မရှိတာနဲ့ လာကြည့်လိုက်တာပါ” ရှန်ယွီက ချန်ကျန့် ပြောချင်သည်ကို သဘောပေါက်သဖြင့် ဝင်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် တာယွင် အနေနဲ့ ဒီလိုအဆင့်မျိုး အစည်းအဝေး တက်ရတာ ဒါ ပထမဆုံးပဲလေ”

“ဒါဆို ရှင်တို့ နှစ်ယောက် ကားပေါ်က ဆင်းလိုက်ကြတော့” ဟု ဆွန်နာနာက ဆိုလိုက်သည်။

“ဗျာ” ရှန်ယွီ သူမကို လှည့်ကြည့်သည်။

“ငါ ဟိုဘက်က ဈေးလမ်းကို သွားပြီး တခြားလူတွေအတွက် ပစ္စည်းတွေ ဝယ်ပေးရဦးမှာလေ။ ငါ ကားလိုတယ်”

“ဒါဆို ကျွန်တော်တို့ကကော” ရှန်ယွီက မေးသည်။

“ရှင်တို့ နှစ်ယောက်ဘာသာ လျှောက်သွားကြလေ”

ဆွန်နာနာ ထိုင်ခုံခါးပတ် စပတ်နေပြီ ဖြစ်သည်။

“လမ်းလျှောက်သွားကြပေါ့”

“ဒါဆို ငါတို့က....” ရှန်ယွီ ချန်ကျန့်ကို လှည့်ကြည့်လိုက်သည်။

“ဆင်းကြတော့လေ” ဆွန်နာနာက ရှန်ယွီ၏ စကားကို အဆုံးသတ်ပေးလိုက်သည်။

“ဆင်းပြီ၊ ဆင်းပြီ၊ ဆင်းပြီ....”

ရှန်ယွီ ကားတံခါးဖွင့်ကာ ဆင်းလိုက်တော့သည်။

ချန်ကျန့်လည်း သူ့နောက်မှ လိုက်ဆင်းခဲ့သည်။ ထို့နောက်တွင်မူ ဆွန်နာနာမှာ ကားကို မောင်းထွက်သွားလေတော့သည်။ ကားပါကင်မှ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဌာန၏ အရှေ့တံခါးအထိပင် သူမက တင်မသွားပေးပါဘူး။ သူတို့ နှစ်ယောက်သား ကားပါကင်ထဲမှ လမ်းလျှောက် ထွက်လာခဲ့ကြရသည်။

“နာနာကတော့....” ချန်ကျန့် အပြင်ကို လျှောက်လာရင်း ရှန်ယွီကို လှမ်းကြည့်လိုက်သည်။

“အင်း”

“အင်း က ဘာကို ပြောတာလဲ”

“နာနာ တစ်ခုခုကို ရိပ်မိနေပြီလို့ မင်း ခံစားရတာ မဟုတ်လား။ ဟုတ်တယ်၊ သူ သိနေလောက်ပြီ”

ချန်ကျန့် ဂျာကင်ဇစ်ကို အပေါ်အထိ ဆွဲပိတ်လိုက်သည်၊ မျက်နှာတစ်ခုလုံးလည်း နီမြန်းလာခဲ့ပြီ ဖြစ်သည် ။

“တကယ်ကြီးလား”

“သူရော ဖန်ဖန်ရော သိကြပါတယ်”

ချန်ကျန့် ဘာမှ ပြန်မပြောပါဘူး။ ခဏကြာမှ သက်ပြင်းချလိုက်သည်။

“အဲ့ဒီလောက်တောင် သိသာနေလို့လား”

“သိသာတာပေါ့” ရှန်ယွီက ပြုံးလျက် ဆိုသည်။

“သူတို့တွေကော ဘယ်လို ထင်ကြမလဲဟင်....” ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။

“သူတို့ ဘယ်လို ထင်သလဲဆိုတာ မင်း မသိဘူးလား” ရှန်ယွီက ပြန်မေးသည်။

ချန်ကျန့် ပြန်စဉ်းစားကြည့်လိုက်သည်။ အရာအားလုံးက ပုံမှန်ပါပဲ။ သူ ပြုံးလိုက်မိသည်။

ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး၊ ရံဖန်ရံခါ ဖြတ်သွားသော လူအနည်းငယ်သာ ရှိလေသည်။ အစိုးရရုံး ဝင်းအတွင်းက တိတ်ဆိတ်ငြိမ်သက်မှုမှာ တခြားနေရာများနှင့် မတူပါဘူး၊ အနည်းငယ် ပိုပြီး တည်ကြည်လှသည်။

ချန်ကျန့်သည် ရှန်ယွီနှင့်အတူ တိတ်ဆိတ်စွာ ခေါင်းငုံ့လျှောက်လာခဲ့ရာ၊ အရှေ့တံခါးသို့ ရောက်သောအခါမှသာ လမ်းပေါ်က ကားသံများ၊ လူသံများကို ပြန်ကြားလိုက်ရတော့သည်။ မြို့ပြ၏ ဆူညံသံများ သူ၏ နားထဲသို့ တိုးဝင်လာသည့် အခိုက်အတန့်တွင် သူသည် ရှန်ယွီ့ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“ဘာလဲ” ရှန်ယွီက ပြန်ကြည့်သည်။

“တကယ်ပါပဲ....” ချန်ကျန့်၏ မျက်နှာပေါ်တွင် အပြုံးများကို မထိန်းနိုင်တော့ပါဘူး။

“မင်း တကယ်ကြီး ရောက်လာတာပဲနော်!”

“ငါ ရောက်နေတာကို အခုမှ သိတာလား။ ထမင်းတောင် ကုန်သွားပြီလေ မန်နေဂျာချန် ရဲ့”

ချန်ကျန့် ပြုံးလျက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လမ်း၏ တစ်ဖက်စောင်းတွင် လူသိပ်မရှုပ်သော လမ်းကလေး တစ်ခုကို တွေ့လိုက်ရသဖြင့် သူ ညွှန်ပြလိုက်သည် ။

“ဟိုဘက်ကို သွားရအောင်”

“ကောင်းပြီ” ရှန်ယွီက သဘောတူသည်။

ချန်ကျန့် ပြန်လည် တိတ်ဆိတ်သွားပြန်သည်၊ လမ်းကို အမြန် ဖြတ်ကူးကာ ထိုလမ်းကလေးထဲသို့ ဝင်ခဲ့ကြသည်။ ၎င်းမှာ တစ်လမ်းမောင်း လမ်းကလေးဖြစ်ပြီး ကားသိပ်မရှိသလို၊ ဆိုင်အနည်းငယ်သာ ရှိလေသည်။ ချန်ကျန့် ခြေလှမ်းရပ်လိုက်ပြီး၊ ရှန်ယွီ့ဘက်သို့ လှည့်ကာ သူ့ကို လှမ်းဖက်ထားလိုက်တော့သည်။

“ဟေး....” ရှန်ယွီက သူ့ကို ပြန်ဖက်လိုက်သည် ။

“လန့်သွားတာပဲ”

“ကျွန်တော်ကမှ မင်းကြောင့် တကယ် လန့်သွားတာပါနော်”

ချန်ကျန့် လက်မောင်းများကို ပို၍ တင်းကျပ်လိုက်သည်။ လမ်းပေါ်တွင် လူမရှိသော်လည်း ၎င်းမှာ အများပြည်သူပိုင် နေရာဖြစ်သဖြင့်၊ သူ၏ မျက်နှာကို ရှန်ယွီ၏ လည်ပင်းကြားသို့ ဝှက်ထားရန်တော့ သူ ရှက်နေမိသည်။ ထို့ကြောင့် သူငယ်ချင်းဟောင်းများ ပြန်ဆုံသလိုမျိုးသာ ဖက်ထားရန် သူ အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။

“လန့်သွားတယ် ဟုတ်လား” ရှန်ယွီက သူ၏ နားနားတွင် ခပ်တိုးတိုး ရယ်မောလိုက်သည်။

“အံ့ကော မအံ့သြဘူးလား”

“အံ့သြတာပေါ့၊ တအား အံ့သြတာ”

ချန်ကျန့် ရှန်ယွီ၏ ပုခုံးပေါ်က အင်္ကျီစများကို တုန်ယင်နေသော လက်များဖြင့် တင်းတင်းဆုပ်ကိုင်ကာ ထပ်မံ ဖက်ထားလိုက်ပြန်သည် ။

“ကျွန်တော် လုံးဝ မထင်ထားဘူး။ မင်းကတော့ တကယ်ကို.... အရူးပဲ”

ရှန်ယွီ ဘာမှ ပြန်မပြောဘဲ သူ၏ ကျောကို အသာအယာ ပုတ်ပေးနေမိသည်။ အဝေးမှ လူတစ်ယောက် လာနေသည်ကို ချန်ကျန့် မြင်သော်လည်း သူ မလှုပ်ရှားပါဘူး၊ မျက်လုံးကိုသာ မှိတ်ထားလိုက်သည်။

အကြာကြီး ခွဲခွာခဲ့ရသူများ ပြန်ဆုံသည့်အခါ အချိန်အနည်းငယ် ပိုပြီး ဖက်ထားတာက သဘာဝကျပါတယ်လေ။ ထိုလမ်းသွားလမ်းလာ၏ ခြေသံများ သူတို့ဘေးမှ ဖြတ်ကျော်ကာ ဝေးကွာသွားမှသာ သူ မျက်လုံးဖွင့်လိုက်ပြီး ရှန်ယွီ့ကို လွှတ်ပေးလိုက်တော့သည်။ ရှန်ယွီ၏ အင်္ကျီပုခုံးမှာတော့ သူ၏ ဆုပ်ကိုင်မှုကြောင့် ကြေမွကုန်ပြီ။

“တောင်းပန်ပါတယ်” ချန်ကျန့်က လက်ဖြင့် ပြန်သပ်ပေးပြီး ကြိုးစားသော်လည်း မရပါဘူး ။

“ဒီအင်္ကျီက တော်တော် ကြေလွယ်တာပဲ”

“ဘယ်လို အင်္ကျီမျိုးကမှ မင်း အဲ့ဒီလောက်ကြီး ဆွဲတာကို ခံနိုင်မှာ မဟုတ်ဘူး။ အပေါက်မဖြစ်သွားတာပဲ ကံကောင်းလှပြီ”

ချန်ကျန့် ပြုံးလျက် လက်ကို အိတ်ကပ်ထဲ ထည့်ကာ သူနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ရှန်ယွီသည် ၃ နာရီခွဲ ရထားစီးရမည်ဖြစ်ရာ ၂ နာရီ ၄၀ ထက် နောက်မကျဘဲ ထွက်ခွာရမည် မဟုတ်ပါလော။ အခု ၁ နာရီ ၁၀ မိနစ် ရှိနေပြီဖြစ်သဖြင့် သူတို့ အတူရှိချိန် တစ်နာရီခန့် ကျန်ပါသေးသည်။

“အေးလားဟင်။ လမ်းပဲ လျှောက်မလား၊ ဒါမှမဟုတ် ထိုင်စရာ တစ်နေရာ ရှာမလား”

“မင်း သဘောပါပဲ”

“လမ်းပဲ လျှောက်ချင်တယ်၊ နေပူထဲမှာ လျှောက်ရတာ ကြိုက်လို့” ဟု ချန်ကျန့်က ဆိုသည်။

“ဟိုဘက်မှာ ပန်းခြံတစ်ခု ရှိတယ်လေ။ ငါ တက္ကစီနဲ့ လာတုန်းက တွေ့ခဲ့တာ။ အဲ့ဒီ သွားရအောင်”

“ဟုတ်ကဲ့”

ကော်ဖီဆိုင် တစ်ဆိုင်ရှေ့မှ ဖြတ်သွားသည့် အခါတွင်မူ ရှန်ယွီ အထဲဝင်ကာ မိုခါနှစ်ခွက် ဝယ်လာခဲ့သည်။

“တာယွင် အပြင်ဘက်က ကော်ဖီကို မြည်းကြည့်ဦး” ရှန်ယွီက ခွက်ကို ကမ်းပေးလိုက်သည်။

“ကြည့်ရတာ....” ချန်ကျန့် တစ်ငုံ သောက်လိုက်ပြီး တိုးတိုးလေး ဆိုသည်။

“တာယွင်ကဟာထက် ပိုကောင်းသလားလို့”

ရှန်ယွီ ရယ်မောလိုက်သည်။

“ဒါက ကျွမ်းကျင်သူ ဖျော်ထားတာလေ၊ ကော်ဖီစေ့လည်း ကောင်းသလို၊ စက်ကလည်း အများကြီး ပိုဈေးကြီးတယ်လေ”

ချန်ကျန့် နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်သည်။ ခဏအကြာတွင် သူ ထပ်မေးပြန်သည်။

“ကျွန်တော့်ကို လွမ်းလား”

“မလွမ်းရင် ဒီအဝေးကြီးကို ဒီလောက် ဒုက္ခခံပြီး လာပါ့မလား ။ လွမ်းတာပေါ့”

“မင်း ခုနကကျတော့ တာယွင် အနေနဲ့ ဒီလို အစည်းအဝေးမျိုး ပထမဆုံး တက်ရတာမို့လို့ လာတာလို့ ပြောတယ်လေ” ချန်ကျန့်က ပြန်ရွဲ့လိုက်သည်။

“အဲ့ဒါက အပြင်ပန်း အကြောင်းပြချက်လေ။ နာနာ့ ရှေ့မှာ ငါ မင်းကို လွမ်းလို့ လာတာလို့ ပြောရမှာလား”

ချန်ကျန့်မှာ ရယ်မောလိုက်မိတော့သည်။

ပန်းခြံထဲတွင် လမ်းလျှောက်နေသော လူများစွာ ရှိလေသည်။ ယနေ့ နေရောင်ခြည်မှာ အလွန်ပင် ကောင်းမွန်လှသဖြင့်၊ အနီးအနားမှ အလုပ်သမား အများစုမှာ နေ့လယ်စာ စားပြီးနောက် ခုံတန်းများပေါ်တွင် နေပူစာလှုံရင်း အနားယူနေကြသည်။

ချန်ကျန့်အနေဖြင့် ဤကဲ့သို့သော အတွေ့အကြုံမျိုး တစ်ခါမှ မရှိဖူးပါဘူး။ ပန်းခြံငယ်လေးထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း၊ ပတ်ဝန်းကျင်မှ စကားပြောသံများနှင့် ရယ်သံများကို နားထောင်ကာ၊ နေရောင်အောက်က လူများကို ငေးကြည့်ရသည်မှာ တကယ်ကို အေးချမ်းလှသည်။ ဤရာသီတွင် ပန်းခြံထဲ၌ သစ်ပင်ပန်းမန် သိပ်မရှိသဖြင့် မြင်ကွင်းမှာ အနည်းငယ် ခြောက်သွေ့နေသော်လည်း၊ ရှန်ယွီနှင့် လက်မောင်းချင်း ထိမိတိုင်း သူ၏ အမြင်အာရုံတစ်ခုလုံးမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်နေလေသည်။

“မင်း ဒီနေ့ ဒီကို လာတာ မိဘတွေ သိလားဟင်” ချန်ကျန့်က မေးသည်။

“သိတယ်လေ။ မနေ့ကတည်းက မား ကို ပြောထားတာ၊ ဒီနေ့ အစည်းအဝေး ရှိလို့ သွားမယ်လို့လေ”

“ဒါဆို မားကရော....ကျွန်တော်က ဘာမှ မလုပ်တတ်ဘူးလို့ သူ ထင်သွားမလား”

“မင်းက အသက် ၂၀ ပဲ ရှိသေးတာလေ။ ပုံမှန်ဆိုရင် မင်းက လျူဝူလိုမျိုး တက္ကသိုလ်တက်ပြီး လူအ လူနုံလေး တစ်ယောက် ဖြစ်နေရမှာလေ။ ဘယ်လောက်အထိ တတ်မြောက်နေရဦးမှာလဲ”

“မင်းကမှ လူအလူနုံ” ချန်ကျန့်က ပြန်ပြောလိုက်သည်။

“မင်းရဲ့ အရည်အချင်းက မင်းရွယ်တူတွေထက် အများကြီး သာပါတယ်။ ငါ့မားမားက ဝါရင့် စီးပွားရေးသမား တစ်ယောက်ပဲလေ။ သူ ဒါကို မြင်နိုင်ပါတယ်”

ချန်ကျန့် ပြုံးရုံသာ ပြုံးနေမိသည်။

“သူတို့တွေ နှစ်သစ်ကူးကျရင် ငါတို့ မြို့လေးကို လာဖြစ်မယ် ထင်တယ်၊ နှစ်သစ်ကူး ဒုတိယရက် နောက်ပိုင်းလောက်ပေါ့”

ချန်ကျန့်၏ မျက်နှာပေါ်က အပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ အတော်ကြာမှ သူ အသံထွက်လာသည် ။

“ဗျာ”

“ကျွန်တော် နှစ်သစ်ကူး အိမ်မှာ မရှိဘူးလေ။ အဲ့ဒါကြောင့်....”

“ဒါဆို မင်းက အိမ်မှာပဲ နှစ်သစ်ကူးသင့်တာပေါ့!”

ရှန်ယွီက “တောက်” တစ်ချက် ခေါက်ကာ သူ့ကို လှမ်းကြည့်သည်။ ချန်ကျန့်လည်း ပြန်ကြည့်နေမိသည်။

“မင်းပဲ ပြောတာလေ” ရှန်ယွီက ဆိုသည်။

“ကျွန်တော် မပြောပါဘူး” ချန်ကျန့် သတိဝင်လာပြီး မျက်နှာသေနှင့် ချက်ချင်း ငြင်းလိုက်သည် ။

“ကျွန်တော် ဘာမှ မပြောဘူး”

ရှန်ယွီ သူ့ကို ကြည့်ပြီးမှ ခေါင်းလွှဲကာ ရယ်မောနေတော့သည်။

“သူတို့ တကယ်ကြီး လာမှာလား” ချန်ကျန့် သူ့နောက်မှ လိုက်ရင်း မေးသည်။

“ကျွန်တော့်ကို နောက်နေတာလား”

“မဟုတ်ပါဘူး။ ဒီလို ကိစ္စမျိုးနဲ့ နောက်ရင်တော့ မင်း သေသွားလောက်မှာ ငါ သိတာပေါ့။ အတည်တော့ မဖြစ်သေးဘူး၊ ဒါပေမဲ့ ပြောထားပြီးသားဆိုတော့ လာဖြစ်ဖို့ များပါတယ်။ မင်းအနေနဲ့....”

“ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်က.... ကြိုပြီး စိတ်မပြင်ဆင်ထားမိလို့ပါ”

ရှန်ယွီ သူ့ကို လှည့်ကြည့်သည်။

“အခုတော့ ပြင်ဆင်ပြီးပါပြီ”

“ငါ့မိဘတွေအပြင်၊ လျူဝူ့ မိသားစုလည်း လာမယ် ထင်တယ်”

“ခဏလေး၊ ကျွန်တော့်ကို နောက်တစ်ခါ ထပ်ပြီး ပြင်ဆင်ခွင့် ပေးပါဦး”

ချန်ကျန့်က ဆိုလိုက်ရလေတော့သည်။

ပန်းခြံခုံတန်းပေါ်တွင် ကော်ဖီတစ်ခွက်လုံး ကုန်အောင် သောက်ပြီးသည့် အခါမှသာ ချန်ကျန့် သက်ပြင်းချလိုက်သည်။

“ကျွန်တော်ကတော့ တကယ်ကို စိတ်လှုပ်ရှားလွယ်တာပဲ”

“မင်းက ကလေးပဲ ရှိသေးတာကိုး၊ သဘာဝကျပါတယ်”

“ဒါပေမဲ့ လျူဝူ့ မိသားစုပါ လိုက်လာရင်တော့” ချန်ကျန့် ကော်ဖီခွက်ကို ညှစ်ရင်း ဆိုသည် ။

“ကျွန်တော့်အတွက် ဖိအား နည်းနည်း လျော့သွားနိုင်တယ် ထင်တယ်”

“အစကတော့ လျူဝူ့ကို မလာနဲ့လို့ ပြောမလို့ပဲ” ရှန်ယွီက ဆိုသည်။

“မင်း တားလို့ မရပါဘူး။ သူက မင်းရှေ့မှာတော့ မလာဘူးလို့ ပြောပြီး၊ ဟိုရောက်မှ Surprise ဆိုပြီး ပေါ်လာမှာ သေချာတယ်”

ရှန်ယွီ သဘောတကျ ရယ်လိုက်သည်။

“အကြိုည နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော့်အဖေ တည်းခိုခန်းမှာ ရှိနေမှာလေ ။ ကျွန်တော်တို့နဲ့အတူ ပွဲလုပ်ဖို့နဲ့၊ ထမင်းဟင်း ကူချက်ပေးဖို့ သူ့ကို ပြောထားတယ်”

“အင်း”

သို့သော် နှစ်စက္ကန့်ခန့် ကြာမှ ခုံပေါ် မှီထိုင်နေသော ရှန်ယွီမှာ ကိုယ်ကို မတ်လိုက်သည်။

“နေပါဦး၊ မင်းအဖေက ထမင်းဟင်း ကူချက်ပေးမယ် ဟုတ်လား”

“ကျောက်ကျဲက နှစ်သစ်ကူးမှာ မရှိဘူးလေ၊ သုံးရက်နေ့မှ ပြန်လာမှာ။ ချက်မယ့်လူ မရှိဘူးလေ။ မြို့ထဲက ဆိုင်တွေကလည်း နှစ်ဆန်းနှစ်ရက်နေ့မှ ပြန်ဖွင့်မှာလေ”

“ဒါက.... မသင့်တော်ဘူး ထင်တယ်နော်” ဟု ရှန်ယွီက ဆိုသည်။

“ကျွန်တော်တို့က သူ့ကို လစာပေးမှာပဲဟာ၊ သင့်တော်ပါတယ်။ ကျွန်တော့်ကို ယုံလိုက်ပါ”

“...သေချာလို့လား”

“မင်း ဒါမျိုးတွေ မကိုင်တွယ်ဖူးဘူး မဟုတ်လား”

ချန်ကျန့် ဂုဏ်ယူနေသော မျက်နှာဖြင့် သူ့ကို ကြည့်လိုက်သည်။

“အင်း... မလုပ်ဖူးဘူး” ရှန်ယွီလည်း ဝန်ခံပါသည်။

“လောကကြီးအကြောင်း သိပ်မသိသေးတာပဲ”

“ဟုတ်ပါပြီဗျာ”

ချန်ကျန့် ရယ်မောလိုက်ပြီး ခုံပေါ် မှီချကာ၊ ခေါင်းမော့၍ မျက်လုံးမှိတ်လျက် နေပူစာ လှုံနေမိသည်။ ခဏအကြာတွင်မှ

“ဒါပေမဲ့.... ကျွန်တော့် ကိစ္စတွေကိုတော့ အဖေ့ကို အခုလောလောဆယ် မပြောပြသေးဘူးနော်....”

“အင်း၊ ရပါတယ်၊ ပြောပြော မပြောပြော ကိစ္စမရှိပါဘူး”

“ဒါပေမဲ့ မင်းမိဘတွေက သိနေပြီလေ” ချန်ကျန့် ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်သည်။

“ကျွန်တော့်အဖေကကျတော့ မသိဘူးဆိုတော့၊ မင်းကော....”

“မင်း တစ်သက်လုံး မပြောပြရင်တောင် ငါ့အတွက် ကိစ္စမရှိပါဘူး။ ငါ လိုချင်တာက မင်းရဲ့ သဘောထားပဲလေ။ တခြားလူတွေ သိမသိ၊ လက်ခံမခံ ဆိုတာကို ငါ ဂရုမစိုက်ပါဘူး”
_________________________________________________________________________
TN // မုန်လာထုပ်လေး ဝက်မဲတူးသွားတယ် ဆိုပြီး နှမျောမနေနဲ့ ။ မုန်လာထုပ်ကိုက တော်တော်ဖြစ်။

Comments

  1. မုန်လာထုပ် : : မတူးခင်ကထွက်နှင့်ပြီ 🤣

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...