Skip to main content

94





အပိုင်း (၉၄)

ရှန်ယွီ၏ မေးခွန်းမှာ အဓိပ္ပာယ် အထအနကောက်စရာတွေချည်းပဲ။

ပုံမှန် အခြေအနေမျိုးတွင်ဆိုလျှင် ချန်ကျန့်အနေဖြင့် ဤမျှလောက်အထိ ခံစားမိမည်မဟုတ်သော်လည်း ယခုမူ အခြေအနေက ကွဲပြားနေလေသည်။ ညသန်းခေါင်ယံအချိန်၊ သူ ရှန်ယွီ၏အခန်းသို့ ပထမဆုံးအကြိမ် ရေလာချိုးခြင်း ဖြစ်သလို၊ ရှန်ယွီကိုယ်တိုင်လည်း ရေချိုးပြီးကာစ၊ ဆံပင်နှင့် ခန္ဓာကိုယ်မှာပင် မခြောက်သေးဘဲ ရှိနေသည် မဟုတ်ပါလော။

ဤအချက်များအားလုံး ပေါင်းစပ်လိုက်သည့်အခါ အရာအားလုံးမှာ ပုံမှန်မဟုတ်တော့သယောင်ယောင်။ ချန်ကျန့်မှာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရကာ၊ သူ၏လက်ထဲက သွားတိုက်တံကို ဝှေ့ယမ်းပြလိုက်ရင်း - "ကျွန်တော် သွားတိုက်ရဦးမယ်လေ" ဟု ဆိုလိုက်သည်။

"ဪ"

ရှန်ယွီသည် အိပ်ခန်းတံခါးဝတွင် မှီရပ်ကာ၊ သူ့ကို ပြုံးစစဖြင့် ကြည့်နေလေသည်။ ချန်ကျန့်မှာ မလှုပ်မယှက် ရပ်နေမိသည်။

"သွားလေ၊ ဘာသုံးသုံးအခမဲ့ပါနော်"

ချန်ကျန့် ပြုံးလိုက်ပြီး ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်သည်။ ရှန်ယွီဘေးမှ ဖြတ်သွားစဉ် သူသည် ကိုယ်ကို အနည်းငယ်ကိုင်းကာ ရှန်ယွီ၏ပါးကို ခပ်မြန်မြန် တစ်ချက် နမ်းလိုက်သည်။ ရှန်ယွီ၏မျက်နှာမှာ စိုစွတ်နေဆဲဖြစ်ကာ၊ သူ၏ ရင်းနှီးလှသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။ ချန်ကျန့်သည် ရှန်ယွီလည်ပင်းကိုပါ နမ်းချင်သော်လည်း အောင့်ထားလိုက်ရသည်။

"ထားလိုက်ပါတော့"

ချန်ကျန့် အံကြိတ်၍ ပြတ်သားစွာ လှည့်ထွက်ခဲ့ပြီး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

"ကျွန်တော့်ကိုယ်မှာ ဖုန်တွေ အများကြီး ပေနေတာလေ"

ရှန်ယွီမှာ ရယ်မောလိုက်တော့သည်။

ရေချိုးခန်းအတွင်း၌ ပူနွေးသော ရေငွေ့များ ပြည့်နှက်နေဆဲဖြစ်ကာ၊ အားနည်းလှသော ပင်လယ်ရနံ့လေးက သူ့ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့လေပြီ။ ၎င်းမှာ ရှန်ယွီ၏ ဂုတ်ပိုးကြားသို့ ခေါင်းထိုးနှစ်လိုက်ရသလိုမျိုးပင်။

"အဝတ်အစားတွေကို အပြင်မှာပဲ ထားခဲ့လိုက်လေ" ရှန်ယွီက လှမ်းပြောသည်။

"ဟုတ်"

ချန်ကျန့် အပြင်သို့ ပြန်ထွက်လာပြီး သူ၏အဝတ်အစားများကို တံခါးဘေးက စင်ပေါ်တွင် တင်ထားလိုက်သည်။

အရင်ပိုင်ရှင်ဖြစ်သူ ချန်ယွီသည် ရေချိုးခြင်းကို သိပ်ပြီး ဂရုမစိုက်ပုံရလေသည်။ ရုံးခန်းနှင့် အိပ်ခန်းမှာ အလွန်ပင် လှပခန့်ညားစွာ ပြင်ဆင်ထားသော်လည်း၊ ရေချိုးခန်းထဲတွင်မူ စင်လေးတစ်ခုပင် မရှိပါချေ၊ ဧည့်ခန်းများထက်ပင် ပို၍ အခြေအနေ ဆိုးနေလေသည်။

ဒါမှမဟုတ် အရင်က ရှိခဲ့ပေမဲ့ တည်းခိုခန်းကြီး ပစ်ထားခံရတဲ့ အချိန်မှာ သူခိုး အခိုးခံလိုက်ရတာလား။ တော်စမ်းပါ၊ ယွမ် ရှစ်ထောင်တန် ကုလားထိုင်ကြီးတောင် ရှိနေသေးတာပဲ။ ဘယ်သူက ရေချိုးခန်းစင်ကို လာခိုးမှာလဲ။ ကုလားထိုင်က တအားလေးနေလို့လား။

ချန်ကျန့် ရေချိုးခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး၊ တံခါးပိတ်လိုက်သည်နှင့် သူ၏ ရှုပ်ထွေးလှသော အတွေးများထဲမှ ရှန်ယွီ၏ ရနံ့များရှိရာသို့ တစ်ဖန် ပြန်လည် နစ်မြုပ်သွားခဲ့ပြန်သည်။ ရေပူကို ဖွင့်ကာ ခေါင်းပေါ်သို့ ခေတ္တမျှ လောင်းချလိုက်ပြီး၊ ဘေးနားရှိ ပုလင်းများကို ကြည့်လိုက်သည်။ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်၊ မျက်နှာသစ်ဆေး ၎င်းတို့ကို တစ်ခုမကျန် အကုန် အသုံးပြုလိုက်တော့၏။

ရေချိုးရသည်မှာ ကြာသည်တော့ မဟုတ်။ ဘာပဲဖြစ်ဖြစ် စိမ်းသက်နေသော နေရာတစ်ခု။ ရှန်ယွီ၏ ရေချိုးခန်းဖြစ်နေသော်လည်း သူသည် အနည်းငယ် စိတ်မအေး ဖြစ်နေမိသည်။ သေချာတာပေါ့၊ ရှန်ယွီ၏ ရေချိုးခန်းဖြစ်နေသောကြောင့်သာ သူသည် ပို၍ စိတ်မအေး ဖြစ်နေရခြင်း။

အဝတ်အစားများကို ယူရန် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည့်အခါ၊ စင်ပေါ်တွင် လက်သုတ်ပဝါတစ်ခု ရောက်နေလေသည်။ ရှန်ယွီ သူ့အတွက် လာချပေးထားခြင်း ဖြစ်ပေလိမ့်မည်။ သူသည် အသေးလေးတစ်ခုကို ယူကာ ခေါင်းပေါ် တင်လိုက်သည်။ ၎င်း၏အောက်တွင်မူ ရေချိုးပဝါ (Bath towel) တစ်ခု ရှိနေသည်။ ပုဝါကို မလိုက်သည့်အခါမှ စင်ပေါ်တွင် တင်ထားခဲ့သော သူ၏ အဝတ်အစားများ ပျောက်ကွယ်နေသည်ကို တွေ့လိုက်ရလေသည်။

သူ ခေတ္တမျှ ကြောင်အသွားရပြီးမှ၊ လက်ထဲက ရေချိုးပဝါကို ကြည့်လိုက်သည်၊ အဝတ်အစားများမှာ ဤထဲတွင် ပတ်ထား၍ မရနိုင်မှန်း သူ သေချာနေသည်လေ။

"ရှန်ယွီ" သူ လှမ်းခေါ်လိုက်သည်။

"ဟင်" ရှန်ယွီ၏အသံမှာ ဘေးက အိပ်ခန်းထဲမှ ထွက်ပေါ်လာသည်။

"ကျွန်တော့် အဝတ်အစားတွေ ဘယ်ရောက်သွားတာလဲ"

"မသိဘူးလေ"

"မသိဘူး ဟုတ်လား။ မင်းပဲ ယူသွားတာကို၊ မသိဘူးလို့ ပြောရသလား"

"ခုနက မှိုလေး ရောက်လာတယ်လေ။မှိုလေး ကိုက်ယူသွားတာ ဖြစ်မှာပေါ့"

"မနေ့ကမှ ဖန်ဖန် ပြောပြတာ၊ မှိုလေးက အတုံးလိုက်ကြီးမို့လို့ လှေကားတောင် မတက်ရဲဘူးတဲ့လေ!"

ရှန်ယွီ့ဘက်မှ ဘာအသံမှ ထွက်မလာပါဘူး။

"ရှန်ယွီ"

ချန်ကျန့် နောက်တစ်ခါ ထပ်ခေါ်ပြန်သည်။ ရှန်ယွီမှာမူ ပြန်မထူးပါချေ။ သူ သက်ပြင်းချလိုက်မိပြီး၊ မတတ်သာဘဲ ရေချိုးပဝါကို ခါးမှာ ပတ်ကာ၊ ခေါင်းတွင်လည်း လက်သုတ်ပဝါလေး တင်လျက် ရေချိုးခန်းထဲမှ ထွက်လာခဲ့တော့သည်။ အိပ်ခန်းတံခါးမှာ အနည်းငယ် ဟနေလေသည်။ သူ တွန်းဖွင့်ကာ ဝင်လိုက်သည့်အခါ ရှန်ယွီမှာ ပြတင်းပေါက်ကို မှီရပ်ရင်း အောက်ထပ်သို့ ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှန်ယွီမှာ အရင်အတိုင်းပင် အင်္ကျီမဝတ်ဘဲ၊ အားကစား ဘောင်းဘီပွပွ တစ်ထည်ကိုသာ ဝတ်ထားလေသည်။ သူ၏ဆံပင်များမှာ ရေတတောက်တော်ကျမနေတော့သော်လည်း စိုစွတ်နေဆဲပင်။ အခန်းအတွင်း၌ ကုတင်ဘေးက မီးအိမ်လေး တစ်လုံးသာ လင်းနေလေသည်။ အဝါရောင် မှိန်မှိန် အလင်းရောင်မှာ ရှန်ယွီ၏ ဗလာကျင်းနေသော ကျောပြင်ပေါ်သို့ ကျရောက်နေပြီး၊ လှပလှသော ခန္ဓာကိုယ် အချိုးအစားနှင့် ကျောဘက်မှ ဘေးဘက်သို့ သွယ်တန်းနေသော ဒဏ်ရာရွတ်လေးကို ထင်ရှားစေလေသည်။

ရှန်ယွီသည် သူဝင်လာသံကို ကြားသဖြင့် နောက်သို့ လှည့်ကြည့်သည်။ ပြတင်းပေါက်ကို မှီရပ်လျက်ပင် လက်ထဲတွင် ဖုန်းကို ကိုင်ထားလေသည်။ ရှန်ယွီသည် သူ့ကို ဖုန်းဖြင့် ချိန်လိုက်သည်ကို မြင်ရသောအခါ ချန်ကျန့် ကြောင်သွားရသည် ။

"ဟင်"

ရှန်ယွီ၏ ဖုန်းမှ ဓာတ်ပုံရိုက်သံ အကြိမ်အနည်းငယ် ထွက်ပေါ်လာသည် ။

"ခိုးရိုက်နေတာလေ"

"မင်းရဲ့ ခိုးရိုက်ချက်တွေက တော်တော်လေး ရဲတင်းတာပဲနော်"

"နောက်ကျရင် ငါ ဒါကို Social Media မှာ တင်လိုက်မယ်။ 'တာ့ယွင်ရဲ့ ချောမောတဲ့ မန်နေဂျာလေး အဝတ်မပါရင် ဘယ်လိုပုံလဲ' ဆိုပြီးတော့လေ။ Comment တွေ ဘယ်လောက်တောင် များမလဲ ကြည့်ရတာပေါ့"

ချန်ကျန့် အံ့သြသွားရသည်။

"အဲ့ဒီကိစ္စကို အခုထိ သဝန်တိုနေတုန်းပဲလား ။ ဗိုက်ဆာနေရင် ကျွန်တော် တစ်ခုခု သွားယူပေးမယ်လေ"

"ဘာဖြစ်လို့လဲ" ရှန်ယွီ သူ၏ဖုန်းကို ဘေးက ဆိုဖာပေါ် ပစ်တင်လိုက်ပြီး သူ့ကို လှမ်းကြည့်သည် ။

"ငါ့ရဲ့ ကောင်းမြတ်တဲ့နေ့ ရောက်တဲ့အခါ၊ ငါ့ရဲ့ ဂူဗိမာန်မှာတောင်မှ...."

"နှစ်သစ်ကူးကြီးမှာ နမိတ်မရှိတာတွေ လျှောက်မပြောစမ်းပါနဲ့!"

ချန်ကျန့် ရှန်ယွီ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ရှန်ယွီ ပြုံးလျက် ဘာမှ ထပ်မပြောတော့ပါဘူး၊ ပြတင်းပေါက် ဘောင်ကို မှီရပ်ရင်း သူ့ကိုသာ စိုက်ကြည့်နေမိသည်။ ချန်ကျန့် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက်၊ ရှန်ယွီ့ထံ လျှောက်သွားကာ သိုင်းဖက်လိုက်ပြီး၊ မျက်လုံးမှိတ်လျက် မျက်နှာကို လည်ပင်းကြားသို့ ဝှက်ထားလိုက်တော့သည်။

သူတို့အသားချင်း ထိမိလိုက်သည့် အခိုက်အတန့်တွင်၊ ချန်ကျန့်သည် မီတာ တစ်ရာ အပြေးပြိုင်ပွဲ ပြီးဆုံးသွားသည့် လူတစ်ဦးကဲ့သို့ သူ၏ အသက်ရှူသံများကို အတိုင်းသား ကြားနေရသည်။ ၎င်းမှာ အဝတ်အစားများပေါ်မှ ဖက်ရသည်နှင့် လုံးဝ မတူပါဘူး။ အသားအရေ နူးညံ့မှုနှင့် တောင့်တင်းမှု၊ နီးကပ်စွာ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ရင်ဖိုဖွယ်ရာ တုန်ယင်မှုမှာ ထိတွေ့သည့် နေရာမှတစ်ဆင့် ချန်ကျန့် တစ်ကိုယ်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့လေပြီ။

ရှန်ယွီ ခေါင်းငုံ့လိုက်ရာ၊ နှုတ်ခမ်းများနှင့် အသက်ရှူသံများမှာ ချန်ကျန့်၏ ပုခုံးပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားခဲ့သည်။ ရှန်ယွီ လက်ဖဝါးမှာ ချန်ကျန့်၏ ပုခုံးမှတစ်ဆင့် ခါးဆီသို့ အသာအယာ ပွတ်သပ်ဆင်းလာခဲ့ပြီးနောက်၊ ခါးတွင် ပတ်ထားသော ရေချိုးပဝါကို ဆုပ်ကိုင်လိုက်တော့သည်။

ဤအရာမှာ ဘောင်းဘီ ခါးပတ်နှင့် မတူပါဘူး။ ခါးပတ်ကို ဆွဲလျှင် ဘောင်းဘီက ပါလာဦးမည် ဖြစ်သော်လည်း၊ ရေချိုးပဝါကို ဆွဲလိုက်လျှင်တော့ လုံးဝ ဗလာကျင်းသွားမှာ မဟုတ်ပါလော။ ချန်ကျန့် မသိစိတ်ဖြင့် ရှန်ယွီ၏ လက်ကို လှမ်းဖမ်းလိုက်မိသည်။

"ဟင်"

ရှန်ယွီ၏ အသံမှာ သူ၏ နာနာတွင်ပင် ရှိနေလေသည်။

"ဘာလုပ်တာလဲ"

ချန်ကျန့် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ခေါင်းလျှော်ရင်၊ ခေါင်းထဲကိုပါ လျှော်ပစ်လိုက်တာလား"

ရှန်ယွီ၏ လက်က အပေါ်သို့ တက်လာပြီး၊ လက်ချောင်းထိပ်လေးများဖြင့် ခါးမှတစ်ဆင့် ကျောရိုးတစ်လျှောက် ဂုတ်ပိုးအထိ ပွတ်သပ်လာခဲ့ကာ၊ နောက်ဆုံးတွင် ချန်ကျန့် ခေါင်းပေါ်က လက်သုတ်ပဝါကို ဖိကာ ပွတ်ပေးနေလေသည်။

ချန်ကျန့် နှစ်စက္ကန့်ခန့် ကြာမှ ရှန်ယွီ ဆိုလိုသည်ကို သဘောပေါက်ကာ ရယ်မောလိုက်တော့သည်။

"မင်းက ဆံပင်လေး နည်းနည်း ရှည်လာတော့လည်း ကြည့်လို့ကောင်းသားပဲ"

ရှန်ယွီသည် လက်နှစ်ဖက်လုံးကို သုံးကာ ချန်ကျန့်၏ ခေါင်းကို အသာအယာ ပွတ်ပေးနေသည်၊ လက်သုတ်ပဝါဖြင့် ဆံပင်ဖျားက ရေစက်လေးများကို ခြောက်အောင် သုတ်ပေးနေခြင်း ဖြစ်သည်။ ထိုသို့ ဖိပေးမှုမှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှပေသည်။ ချန်ကျန့် ရှန်ယွီ၏ ခါးကို ဖက်ထားရင်း ခေါင်းငုံ့ကာ မျက်လုံးမှိတ်ထားမိသည်။

အကြိမ်အနည်းငယ် ပွတ်ပေးပြီးနောက်တွင် ရှန်ယွီ၏ လက်များမှာ ချန်ကျန့်၏ ပုခုံးပေါ်သို့ ဆင်းလာခဲ့သည်။ ချန်ကျန့် မျက်လုံး မဖွင့်ရသေးမီမှာပင်၊ ရှန်ယွီက သူ၏ ပုခုံးကို နောက်သို့ တွန်းလိုက်တော့သည်။ ချန်ကျန့်မှာ နောက်သို့ နှစ်လှမ်းခန့် ယိုင်သွားပြီး သူ၏ အနောက်က ကုတင်ပေါ်သို့ လဲကျသွားခဲ့လေပြီ။

နောက်တစ်စက္ကန့်မှာပဲ သူ မျက်လုံးဖွင့်လိုက်သည့် အခါ၊ ရှန်ယွီမှာ သူ၏ အပေါ်သို့ ခွထိုင်လိုက်ပြီးသား ဖြစ်ကာ၊ ခါးက ရေချိုးပဝါကို ဆွဲဖြုတ်ရန် လက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းမှာ ပြုတ်မထွက်ပါဘူး။

"တောက်!" ရှန်ယွီ မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်။

"ဒါက ဘယ်လို နည်းလမ်းလဲ။ ဘာလို့ ဒီလောက် တင်းတင်း ချည်ထားတာလဲ"

"မင်းက ဖိထားတာကိုး။ မင်းကော ခေါင်းထဲကိုပါ လျှော်ပစ်လိုက်တာလား"

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ သူ၏ လက်ချောင်းလေးဖြင့် ချန်ကျန့်၏ နဖူးကို တို့လိုက်ပြီး၊ မျက်လုံးကို ကွယ်နေသော ဆံပင်တစ်စုကို အသာအယာ ဖယ်ပေးလိုက်သည်။ ထို့နောက် ရေချိုးပဝါကို နောက်တစ်ကြိမ် ထပ်မံ ဆွဲဖြုတ်လိုက်ပြန်သည်။

ရေချိုးပဝါ ကွာကျသွားသည့် အခိုက်အတန့်မှာပင် သူသည် ငုံ့ကာ နမ်းရှိုက်လိုက်တော့သည်။ ချန်ကျန့် ရှန်ယွီ့ကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားလိုက်မိပြီး၊ သူ၏ လက်များကို ရှန်ယွီ၏ ခန္ဓာကိုယ်နှင့် ပွတ်သပ်နေမိသည်။ သူ၏ လက်များမှာလည်း အောက်သို့ ဆင်းသွားခဲ့ပြီး ရှန်ယွီ၏ ဘောင်းဘီ ခါးပတ်ကို ဆွဲဖြုတ်လိုက်တော့သည်။ ရှန်ယွီသည်လည်း တုံ့ဆိုင်းမနေပါဘူး၊ ကုတင်ပေါ်တွင် ကိုယ်ကို အားပြုကာ အနည်းငယ် လှုပ်ရှားလိုက်ပြီး ဘောင်းဘီကို ကန်ထုတ်လိုက်တော့သည်။

"အကုန် ချွတ်ပစ်တာလား" ချန်ကျန့်က မေးသည်။

"တရားမျှတအောင်လို့လေ"

"ဟား ဟား အဲ့ဒါက...ဒီလို ကိစ္စမျိုးမှာကော တရားမျှတဖို့ လိုလို့လား"

"နောက်ကျရင် မင်းက မမျှတဘူးလို့ ထင်မှာစိုးလို့ အခုကတည်းက အတတ်နိုင်ဆုံး တရားမျှတအောင် လုပ်နေတာလေ"

ရှန်ယွီက သူ့ကို ငုံ့ကြည့်ရင်း ဆိုလိုက်သည်။

မှိန်ပျပျ အလင်းရောင်မှာ သူ၏ မျက်နှာ တစ်ခြမ်းကို လင်းထိန်စေလေသည်။ ရှန်ယွီသည် တကယ်ကို ကြည့်ကောင်းလွန်း၏။ ဤမြို့ငယ်လေးတွင် အချောဆုံး ဘော့စ် ဆိုတာ ငြင်းလို့မရ။

ထိုအတွေးမှာ သူ၏ ခေါင်းထဲတွင် ဖြတ်ပြေးသွားပြီးသည့် အခါမှသာ ချန်ကျန့် သတိပြန်ဝင်လာခဲ့သည်။

"နောက်ကျရင် ဘာက မမျှတမှာလဲဟင်"

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး။ ချန်ကျန့်သည် မှိန်မှိန်လေးသာ လင်းသော အဝါရောင် အလင်းအောက်တွင် ရှန်ယွီ၏ မျက်နှာပေးကို သေသေချာချာ မမြင်ရသော်လည်း၊ အချို့သော အရာများမှာ မြင်စရာ မလိုဘဲ၊ ရှင်းပြစရာ မလိုဘဲ ခံစားသိရှိနိုင်သည်လေ။ ယနေ့တွင် တစ်စုံတစ်ခုမှာ အနည်းငယ် ကွဲပြားနေလေပြီ။

ချန်ကျန့် ကုတင်ခေါင်းရင်းဘက်ကို လှမ်းကြည့်လိုက်မိသည်။ ရှန်ယွီက လက်လှမ်းကာ ချန်ကျန့်၏ မျက်နှာကို ချက်ချင်း ပြန်လှည့်စေသော်လည်း၊ သူ မြင်လိုက်ရသည်ဖြစ်ရာ အသက်ရှူသံများမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်ကုန်လေတော့သည်။

"မင်း..."

ချန်ကျန့် လက်မြှောက်ကာ ရှန်ယွီ၏ မေးကို ဆွဲလိုက်ပြီး၊ သူ၏ လက်ချောင်းလေးများဖြင့် လည်ပင်းမှတစ်ဆင့် ရင်ဘတ်၊ ထို့နောက် ဝမ်းဗိုက် အောက်ပိုင်းအထိ ပွတ်သပ်ဆင်းလာခဲ့သော်လည်း၊ ဘာပြောရမည်ကိုတော့ စဉ်းစားမရ ဖြစ်နေဆဲပင်။

သူ စိတ်လှုပ်ရှားနေသောကြောင့်လော၊ သို့မဟုတ် သွေးများအားလုံးက သူ၏ ဦးခေါင်းဆီသို့ ရုတ်တရက် တိုးဝင်လာသောကြောင့်လော၊ သို့မဟုတ် အလင်းရောင် မလုံလောက်သောကြောင့်လော မသိပါဘူး။ သူ၏ အမြင်အာရုံများမှာ ဝေဝါးလာခဲ့ပြီး၊ နှလုံးခုန်သံနှင့်အတူ စည်းချက်ညီညီ ခုန်လှုပ်နေလေသည်။

"အင်း..."

ရှန်ယွီ ငုံ့လိုက်ရာ၊ သူ၏ နှာခေါင်းထိပ်လေးမှာ ချန်ကျန့်၏ နားရွက်ကို ထိမိသွားခဲ့သည်၊ သူ၏ အသံမှာ ပူနွေးနေလေသည် ။

"ငါပါပဲ"

ထိုနမ်းရှိုက်မှုမှာ လေးနက်ပြီး သေသေချာချာ ရှိလှပါသည်၊ တကယ့် စွန့်စားခန်း အသစ်တစ်ခုကို စတင်တော့မည့် အကြိုနိဒါန်း တစ်ခုလိုပင်။ အသက်ရှူသံများနှင့် နှလုံးခုန်သံများကြား၊ အသားချင်း ပွတ်သပ်မှုများကြားတွင် အရာရာကို သေသေချာချာ လေ့လာနေသလိုမျိုးပေါ့။

သူသည် အသက်ရှူရ ကျပ်လောက်အောင် ပြင်းထန်လှသော စိတ်လှုပ်ရှားမှုများကြားတွင် နစ်မြုပ်နေသလို ခံစားရပြီး၊ ဘယ်အရာက နီးကပ်နေသလဲ၊ ဘယ်အရာက ထိတွေ့နေသလဲဆိုတာကိုပင် မခွဲခြားနိုင်တော့။ သူ၏ အသက်ရှူသံများမှာ ထိန်းမရသော တိုးတိုးလေး ရေရွတ်သံများနှင့် ရောနှောနေပြီး၊ သူ၏ အသံမှာလည်း ရှန်ယွီ၏ ခန္ဓာကိုယ်နှင့် ရောယှက်ကာ၊ မကြားတကြားဖြင့် သူ၏ အာရုံကြောများပေါ်တွင် ခပ်ဖွဖွလေး ကခုန်နေတော့သည်။

သို့သော်လည်း တစ်ဖက်တွင်မူ သတိတရား အနည်းငယ် ကျန်ရှိနေသေးကာ၊ ဤကုတင်ပေါ်က သေးငယ်လှသော အသေးစိတ် အချက်အလက်များ အားလုံးကို ရှင်းလင်းစွာ လက်ခံရရှိနေလေသည်၊ လက်ချောင်းများက အိပ်ရာခင်းကို တင်းတင်းဆုပ်ကိုင်ထားသဖြင့် ထွက်ပေါ်လာသော ခပ်တိုးတိုး ပွတ်တိုက်သံလေးများ အပါအဝင်ပေါ့။ ဝေဝါးနေမှုများကြားတွင် အရာရာကို အတိုင်းသား ခံစားသိရှိနေရလေသည်....။

အမောတကော အသက်ရှူသံများကို ရပ်တန့်ရန် ခက်ခဲနေပုံရလေသည်။ ချန်ကျန့်သည် မိမိ၏ အသက်ရှူသံကို ကြားနေရသလို၊ ရှန်ယွီ၏ အသက်ရှူသံကိုလည်း ကြားနေရသည်။ တစ်ခါတစ်ရံတွင် ထိုအသံများမှာ စည်းချက် ညီနေကြသလို၊ တစ်ခါတစ်ရံတွင်မူ တစ်ခုပြီးတစ်ခု နိမ့်တုံမြင့်တုံ ဖြစ်နေကြလေသည်။

အဲကွန်းမှ ထွက်ပေါ်လာသော နွေးထွေးသည့် လေထုမှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး၊ ချွေးများဖြင့် စိုစွတ်နေသော သူ၏ အသားအရေပေါ်တွင်တော့ နွေးထွေးမှုကြားက အေးမြမှုလေး တစ်ခုကို ခံစားနေရသည်။

"ချန်ကျန့်"

ရှန်ယွီ၏ အသံမှာ သူ၏ နားရွက်နောက်နားတွင်ပင် ရှိနေလေသည်၊ အလွန်ပင် တိုးညှင်းပြီး အနည်းငယ် တုန်ယင်နေလေသည်။

"ဟင်"

ချန်ကျန့်၏ မျက်နှာမှာ ခေါင်းအုံးကြားတွင် တစ်ဝက်ခန့် နစ်မြုပ်နေလေသည်။ သူ မျက်လုံးမှိတ်လျက်ပင် ထူးလိုက်သည်။

"သွားဆေးကြောလိုက်ရအောင်လား" ရှန်ယွီက မေးသည်။

"မင်း အရင်သွားလေ" ချန်ကျန့် မျက်လုံးမှိတ်ထားလျက်ပင် ပြောလိုက်သည်။

"ကျွန်တော် ခဏလောက် အနားယူရဦးမယ်"

ရှန်ယွီ ဘာမှ ပြန်မပြောပါဘူး၊ မလှုပ်ရှားပါဘူး။ ခဏအကြာတွင်မူ သူ၏ အသက်ရှူသံများမှာ နားရွက်နောက်မှနေ၍ ဦးခေါင်းထက်ဆီသို့ ပြောင်းရွှေ့သွားခဲ့သည်။

"ဘာကြည့်နေတာလဲဟင်" ချန်ကျန့်က မေးလိုက်သည်။

"ဒီတိုင်း ကြည့်နေတာပါ"

ချန်ကျန့် ပြုံးလိုက်မိပြီး၊ မျက်လုံးဖွင့်ကာ ခေါင်းလှည့်ကြည့်လိုက်သည်။ ရှန်ယွီမှာ လက်နှစ်ဖက်ကို ထောက်ကာ သူ့ကို ငုံ့ကြည့်နေလေသည်။

"ဘယ်လို ခံစားရလဲဟင်" ရှန်ယွီက မေးသည်။

"မင်းကတော့လေ။ ဒီလို အချိန်မျိုးမှာ ဒါမျိုးကို မေးသင့်လို့လားဗျာ"

"ငါလည်း ဘယ်သိမှာလဲ။ ငါလည်း ဒါ ပထမဆုံး မေးဖူးတာပဲလေ"

“ဟား!"

ချန်ကျန့် ရယ်မောလိုက်မိပြီး၊ ခေါင်းပြန်လှည့်ကာ ခေါင်းအုံးကြားတွင် မျက်နှာပြန်ဝှက်ထားလိုက်တော့သည်။

သူတို့ နှစ်ဦး ကုတင်ပေါ်တွင် ခေတ္တမျှ ငြိမ်သက်စွာ လှဲနေပြီးမှ ရှန်ယွီ ထရပ်ကာ ရေချိုးခန်းသို့ သွားခဲ့သည်။ သူ ရေချိုးပြီး အိပ်ခန်းထဲ ပြန်ဝင်လာသည့် အချိန်အထိ ချန်ကျန့်မှာ မလှုပ်မယှက် ရှိနေဆဲပင်။

"အိပ်ပျော်သွားပြီလား" ရှန်ယွီ၏ လက်ချောင်းလေးဖြင့် သူ၏ နားရွက်ကို အသာအယာ တို့လိုက်သည်။

"ဟင့်အင်း"

"ဆေးကြောချင်လား။မလှုပ်ချင်ရင်လည်း ဒီတိုင်းပဲ အိပ်လိုက်တော့လေ"

"ကျွန်တော် ဒီည တာဝန်ကျလေ" ဟု ချန်ကျန့်က ဆိုလိုက်သည်။

"ဒီညက ကုန်တော့မှာပဲဟာ"

ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ပြုံးနေမိသည်။

"ဘယ်နေရာ နေလို့အဆင်မပြေ ဖြစ်နေသေးလဲ" ရှန်ယွီက တိုးတိုးလေး မေးသည်။

"ဟင့်အင်း။ စိတ်ထဲမှာတော့ နည်းနည်း ထိတ်လန့်သွားသလိုပဲ"

"အဲ့ဒီလောက်တောင်လား"

"မင်းကတော့ အေးဆေးပဲမလား"

ချန်ကျန့် ရှန်ယွီကို လှည့်ကြည့်လိုက်သည်။

"ဘယ်လိုလုပ် အေးဆေး နေနိုင်မှာလဲ ။ ဒါပေမဲ့ အနည်းဆုံးတော့ ဟန်ဆောင်ရမှာပေါ့၊ မဟုတ်ဘူးလား။ နှစ်ယောက်လုံး ကြောင်အပြီး ထိုင်နေလို့မှ မရတာ"

"ဟား ဟား မင်းက ဟန်ဆောင်နိုင်သေးတာလား"

"အင်း"

ရှန်ယွီ ထိုင်လိုက်ပြီး၊ ကုတင်ဘောင်ကို အားပြုကာ ချန်ကျန့်၏ နှာခေါင်းထိပ်လေးကို တစ်ချက် နမ်းလိုက်သည်။

"ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်။ မင်းရော နောက်တစ်ခါ ထပ်ချိုးဦးမလား"

"အင်း၊ ချိုးမယ်လေ"

ရေချိုးခန်းအတွင်းမှာတော့ တစ်ညလုံး ရေငွေ့တွေ ပြည့်နှက်နေခဲ့သဖြင့်၊ အခုထိ မပြယ်သေးပါဘူး။ ဒီတစ်ခါ အထဲဝင်သည့် အခါတွင်မူ သေသေချာချာ မမြင်ရတော့ပါဘူး၊ မှန်ကြီးမှာလည်း မြူများဖြင့် ဖုံးအုပ်နေလေပြီ။ ချန်ကျန့် မသိစိတ်ဖြင့် မှန်ကို အသာအယာ သုတ်လိုက်သည်။

"ဘာလုပ်တာလဲဟင်။ဘာတွေ ကြည့်ချင်နေတာလဲ။ နောက်ကျရင် ဗီဒီယိုပါ ရိုက်ထားလိုက်ရမလား"

"အဲ့ဒါလည်း ကောင်းတာပဲ"

ချန်ကျန့် ရှန်ယွီကို ရေပန်းအောက်သို့ ဆွဲခေါ်သွားပြီး၊ အတူတူ ဖက်ထားလျက် ရေချိုးနေမိသည်။ သူ ခေါင်းကို ရှန်ယွီ၏ ပုခုံးပေါ် မှီထားရင်း မှန်ထဲက သူတို့ နှစ်ယောက်ပုံကို ငေးကြည့်နေမိသည်။

"တကယ်လား။တော်တော်လေး ပွင့်လင်းနေတာပဲ"

ရှန်ယွီက ဆိုကာ ချန်ကျန့်၏ ကျောကို အသာအယာ ပွတ်သပ်ပေးနေမိသည်။

"မင်းပဲ ပြောတာလေ။ ဘာလဲ... အခုမှ ကြောက်သွားတာလား"

"အိုကေလေ၊ ဒါဆိုလည်း နောက်ကျရင် ဗီဒီယို ရိုက်ကြတာပေါ့"

"နောက်တစ်ခါကျရင် ကျွန်တော့်အလှည့်နော်"

"အင်း"

တစ်ညတည်းနှင့် သုံးကြိမ်တိုင်တိုင် ရေချိုးပြီးနောက်တွင်မူ၊ ရှန်ယွီ အိပ်ခန်းထဲက မှန်ရှေ့တွင် ရပ်ကာ သူ၏ ခါးက ဒဏ်ရာရွတ်ကို ကြည့်နေမိသည်။

"ဒီဒဏ်ရာရွတ်ကတော့ ရေချိုးလွန်းလို့ ပြန့်သွားပြီ ထင်တယ်"

"ပြန့်သွားပြီ ဟုတ်လား။ ဒါဆို အရင်က မင်း ရေ သိပ်မချိုးခဲ့လို့ နေမှာပေါ့"

ရှန်ယွီက ‘တောက်’ တစ်ချက် ခေါက်ကာ ချန်ကျန့်၏ ပါးကို လှမ်းဆွဲလိုက်သည်။

"မင်းရဲ့ နှုတ်သီးကတော့ ဒီနေ့ တကယ်ကို အလုပ်ဖြစ်နေတာပဲနော်"

ချန်ကျန့် ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ အရာအားလုံး ပြင်ဆင်ပြီးသည့် အခါတွင်မူ၊ သူ ရှန်ယွီ၏ ဗီရိုထဲမှ သူ ယူလာခဲ့သော အဝတ်အစားများကို ရှာဖွေကာ လဲဝတ်လိုက်တော့သည်။

"တကယ်ကြီး ဂျူတီသွားဝင်မလို့လား"

ရှန်ယွီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်သော်လည်း သူ့ ဖုန်းကို ရှာမတွေ့ပါဘူး။ ချန်ကျန့်၏ ဖုန်းကို ယူကြည့်လိုက်ရာ ငါးနာရီပင် ထိုးတော့မည်။

“ဝင်ရမှာပေါ့ ။ မင်းမသိဘူးလား၊ တစ်ခါတစ်လေ ခရီးသည်တွေက မနက် လေးနာရီ ငါးနာရီလောက် ဖုန်းဆက်တတ်တာလေ။ အထူးသဖြင့် ကိုယ်ပိုင်ကားနဲ့ လာတဲ့လူတွေပေါ့။ သူတို့က တစ်ညလုံး မောင်းလာကြပြီး မနက် ခြောက်နာရီ ခုနစ်နာရီလောက် ရောက်ကြတာ၊ အဲ့ဒါနဲ့ပဲ လေးနာရီလောက်မှာ မနက်စာ ရှိလားလို့ လှမ်းမေးကြတာလေ"

ရှန်ယွီ မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်မိသည်။

"ငါလည်း လိုက်ခဲ့မယ်"

"ဟင်" ချန်ကျန့် လှည့်ကြည့်သည်။

"ဘယ်လိုမှလည်း အိပ်လို့ မရတော့တာ။ မင်းတို့တွေ ညဘက် တာဝန် ဘယ်လို ဆင်းသလဲဆိုတာ ငါ မမြင်ဖူးသေးဘူးလေ"

"မင်း မြင်ချင်ရင်တော့ တစ်ညလုံး ဆင်းတဲ့ အချိန်ကို ရွေးရမှာပေါ့။ အခုလို တစ်ဝက်တစ်ပျက်မှာ ဘာမြင်ရမှာလဲ"

"တစ်ဝက်တစ်ပျက် မို့လို့ပဲ ငါ လိုက်မှာပေါ့။ ငါက တစ်ညလုံး နေနိုင်လောက်အောင် အရူးမှ မဟုတ်တာ...."

ရှန်ယွီ ထရပ်ကာ ဂျာကင်အင်္ကျီကို ဝတ်လိုက်သည်။

"တကယ့်ကို ရိုးသားတဲ့ ဘော့စ်ကြီးပါပဲ"

"သွားကြစို့" ရှန်ယွီ သူ့ကို အနောက်မှ သိုင်းဖက်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။

"အရင်ဆုံး မီးဖိုချောင် သွားပြီး တစ်ခုခု ရှာစားရအောင်"

"အရင်ဆုံး တစ်ပတ်လောက် ကင်းပတ်ရအောင်လေ"

"ဘယ်လို ပတ်တာလဲဟင်"

"စတုတ္ထထပ်ကနေ ပထမထပ်အထိ၊ ပြီးရင် ပန်းခြံ၊ ပြီးတော့မှ ဧည့်ကြိုကောင်တာမှာ သွားထိုင်တာလေ"

"တောက်! အဲ့ဒီလောက်တောင် ရှုပ်တာလား ။ဘယ်နှစ်ခါလောက် ပတ်ရတာလဲ"

"တစ်ခါပဲလေ။ ပုံမှန်ဆိုရင် ဆန်းပင်းတို့က တစ်ယောက်တစ်လှည့် ကင်းပတ်ကြတာပါ။ ကျွန်တော်ကတော့ သူတို့တွေ ခိုးနားနေသလား၊ တစ်ခုခု ရှိမလား ဆိုတာ သိရအောင် အရင်ဆုံး တစ်ပတ် ပတ်ကြည့်လေ့ရှိတာ"

ရှန်ယွီ သူ၏ ဂုတ်ပိုးနားတွင် သက်ပြင်းတစ်ချက် ချလိုက်သည် ။

"အို... မန်နေဂျာကြီးရယ်...."

ရုံးခန်းထဲမှ ထွက်လာသည့် အခါတွင်လည်း ရှန်ယွီက မလွှတ်သေးဘဲ ဖက်ထားလျက်။ စတုတ္ထထပ်တွင် ဧည့်သည် သိပ်မရှိပါဘူး၊ သူတို့၏ အိပ်ဆောင်သာ ရှိလေသည်။ ထိုအထဲတွင်တော့ သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ သေနေသော ဝက်များကဲ့သို့ အိပ်ပျော်နေကြလေပြီ။

တတိယထပ်သို့ ရောက်သည့် အခါမှသာ ရှန်ယွီက သူ့ကို လွှတ်ပေးလိုက်တော့သည်။ သူနှင့်အတူ စင်္ကြံလမ်းများကို လှည့်ပတ်ကြည့်ရှုပြီး၊ ဒုတိယထပ်နှင့် ပထမထပ်သို့ ဆင်းလာခဲ့ကြသည်။ ပန်းခြံထဲသို့ လှမ်းဝင်လိုက်သည့် အခါတွင်မူ ရှန်ယွီက သူ့ကို နောက်တစ်ကြိမ် ထပ်မံ ဖက်လိုက်ပြန်သည်။

"အေးလိုက်တာ"

ရှန်ယွီ ချန်ကျန့် နာနာတွင် တိုးတိုးလေး ဆိုသည်။

"အင်း" ချန်ကျန့် သူ၏ ဂျာကင်ကို တင်းတင်း စေ့လိုက်သည် ။

"ကျွန်တော်တော့ အဆင်ပြေပါတယ်။ မင်း ခုနက အားအင်တွေ တအား သုံးလိုက်လို့ ဖြစ်မှာပေါ့...."

သူ ထိုသို့ ပြောလိုက်စဉ်မှာပင်၊ ခွေးအိမ်ဘေးက ခုံတန်းပေါ်တွင် ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

"ဘယ်သူလဲ"

ထိုလူသည်လည်း သူတို့ကို သတိထားမိသွားပြီး ခေါင်းလှည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

လောင်ဝူ ဖြစ်နေသည်၊ သူ၏ ပါးစပ်တွင်တော့ ဆေးလိပ်တစ်လိပ် တန်းလန်းနှင့်ပေါ့။

"ပန်းခြံထဲမှာ ဆေးလိပ် ထပ်သောက်နေပြန်ပြီလား" ချန်ကျန့် သူ့ကို လက်ညှိုးထိုးပြလိုက်သည်။

ရှန်ယွီသည်လည်း ချန်ကျန့်၏ လက်မောင်းကို လွှတ်ပေးလိုက်တော့သည်။

"အခု ဘယ်သူမှ မရှိဘူးလေဗျာ" လောင်ဝူက ဆိုသည်။

"မီးရှူးမီးပန်းတွေ ရှိတယ်လေ၊ မဟုတ်ဘူးလား"

ချန်ကျန့် လျှောက်သွားကာ လောင်ဝူ့လက်ထဲက ဆေးလိပ်ကို လှမ်းယူလိုက်သည်။

"မီးရှူးမီးပန်းတွေက ဟိုဘက်မှာလေ။ ကျွန်တော်က ဒီဘက်ကို တမင် လာသောက်တာပါ။ အဆောက်အအုံ တစ်ခုလုံး ခြားနေတာပဲဟာကို မန်နေဂျာရယ်"

"ညသန်းခေါင်ကြီး မအိပ်ဘဲ ဘာလို့ ဒီမှာ ထိုင်နေတာလဲ"

ချန်ကျန့် ကိုယ်ကို ကိုင်းကာ လောင်ဝူ၏ မျက်နှာကို ကြည့်လိုက်ရာ၊ မျက်ရည်စလေးများ ရှိနေသည်ကို သတိထားမိလိုက်သည် ။

"တစ်ခုခု ဖြစ်လို့လား"

"ဘာမှ မဟုတ်ပါဘူး၊ အသည်းကွဲသွားတာလေးပါ"

လောင်ဝူက သူတို့ နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

"မင်းတို့ နှစ်ယောက်ကော ဘာလုပ်နေကြတာလဲ"

"ဂျူတီဆင်းနေတာလေ"

"ကျွန်တော် ဒီမှာ တစ်ညလုံး ထိုင်နေတာနော် ။ နှစ်ယောက်က ဘယ်နားသွား ဆင်းနေတာလဲ"

ဘော့စ်ရဲ့ အိပ်ခန်းထဲမှာပေါ့။ ဘော့စ်ရဲ့ ရေချိုးခန်းထဲမှာပေါ့။ လောင်ဝူ... မင်းကတော့ တကယ်ကို သေသင့်တဲ့လူပဲ။

______________________________________________________________________________

TN // ဒီတစ်ခါမှ တကယ်ကားမောင်းလိုက်တာပါနော် ။ ရွာက မုန်လာထုပ်လေးကို မြို့ပေါ်က ဝက်စားသောက်လိုက်ပြီ ။ TT

Comments

  1. ကားပေါ့ အင်းလိုင်စင်ရမှကားတကယ်မောင်းတာနော် 😆

    ReplyDelete
  2. လောင်ဝူ မေးခွန်းသတ်ပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...