စတိုးအစ် ကျေးကျွန်
ကျွန်တော် အနှစ်သက်ဆုံး ဒဿနပညာရှင်ကတော့ အပစ်တတပ်စ် (Epictetus) ပါပဲ။ မားကပ်စ် အော်ရီလီ
ယပ်စ်လိုပဲ သူဟာ ရှေးဟောင်းရောမခေတ်မှာ နေထိုင်ခဲ့တဲ့ စတိုးအစ် (Stoic) ပညာရှင်တစ်ယောက်ပါ။ ဒါပေမဲ့ မားကပ်စ်နဲ့ မတူတာကတော့ သူဟာ ဧကရာဇ်မင်းကြီး တစ်ယောက် မဟုတ်ခဲ့တာပါပဲ။ တကယ်တမ်းပြောရရင် သူဟာ ဧကရာဇ်တစ်ယောက်နဲ့ အဝေးဆုံးမှာရှိတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခဲ့သူပါ။
သူ့ဘဝက တကယ့်ကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခန့်က ကျေးကျွန်ဘဝနဲ့ မွေးဖွားလာခဲ့သူဖြစ်ပြီး သူ့ရဲ့အမည် "Epictetus" ဆိုတာကတောင် "ဝယ်ယူရရှိထားသောအရာ" လို့ အဓိပ္ပာယ်ရပါတယ်။ သူဟာ လူငယ်ဘဝတစ်ခုလုံးကို ကျွန်အဖြစ် ဖြတ်သန်းခဲ့ရပေမဲ့ စတိုးအစ် ဒဿနတွေကို လေ့လာခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မသန်စွမ်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့သခင်က သူ့ခြေထောက်ကို ရိုက်ချိုးခဲ့လို့ ဖြစ်နိုင်သလို၊ သူဟာ ဘဝရဲ့ အချိန်အတော်များများကို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ပဲ ဖြတ်သန်းခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အကြောင်းရင်း သေချာမသိရဘဲ သူဟာ ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ပြီး ဒဿနပညာတွေကို စတင်သင်ကြားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတောင် သူဟာ ပစ္စည်းဥစ္စာ အနည်းငယ်နဲ့ပဲ အင်မတန် ရိုးရှင်းစွာ နေထိုင်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ သူဟာ အသက်ကြီးပိုင်းမှာ သူငယ်ချင်းတစ်ယောက်ရဲ့ ကလေးကို မွေးစားခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့အတူ အဲ့ဒီကလေးကို ပြုစုပျိုးထောင်ခဲ့တယ်လို့ သိရပါတယ်။
အပစ်တတပ်စ်ဟာ တချို့နေရာတွေမှာ အင်မတန် ခေတ်မီတဲ့ ဒဿနပညာရှင် တစ်ယောက်ပါ။ သူ့ရဲ့ အမြင်ကို "သင့်ထံမှာ ဘာတွေဖြစ်ပျက်သလဲဆိုတာက အရေးမကြီးပါဘူး၊ အဲ့ဒီအပေါ်မှာ သင်ဘယ်လို တုံ့ပြန်မလဲဆိုတာကသာ အရေးကြီးတာပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ အကောင်းဆုံး အနှစ်ချုပ်နိုင်ပါတယ်။ ဒီဒဿနဟာ စစ်သုံ့ပန်းတွေကနေ စိတ်ဓာတ်ကျနေသူတွေအထိ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေသူတွေကို အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။ "သိမြင်မှုဆိုင်ရာ အပြုအမူကုထုံး" (CBT) ကို စတင်ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တဲ့ စိတ်ပညာရှင် Albert Ellis ကလည်း အပစ်တတပ်စ်ရဲ့ "လူသားတွေဟာ အဖြစ်အပျက်တွေကြောင့် စိတ်မချမ်းသာဖြစ်ရတာ မဟုတ်ဘူး၊ အဲ့ဒီအဖြစ်အပျက်တွေအပေါ် သူတို့ထားရှိတဲ့ 'အမြင်' တွေကြောင့်သာ ဖြစ်တာပါ" ဆိုတဲ့ စကားကို သူရဲ့ ကုထုံးဆိုင်ရာ ချဉ်းကပ်မှုတွေမှာ အဓိက လွှမ်းမိုးခဲ့ကြောင်း ကိုးကားခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ပြင်ပအရာတွေ (ဝင်ငွေ၊ လူမှုဆက်ဆံရေး၊ မိသားစု၊ ကားကောင်းကောင်း၊ ထီပေါက်ခြင်း ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှာ လူသိများခြင်း) နဲ့ ချည်နှောင်ထားမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို စွန့်လွှတ်လိုက်ပြီး ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ပြင်ပအင်အားစုတွေဆီမှာ ပုံအပ်လိုက်တာနဲ့ အတူတူပါပဲ။

"ကိုယ့်ရဲ့ ထိန်းချုပ်မှုပြင်ပက အရာတွေကို တန်ဖိုးထားလေလေ၊ ကျွန်တော်တို့မှာ ထိန်းချုပ်နိုင်စွမ်း နည်းပါးလေလေပဲဆိုတာကို မှတ်ထားပါ" လို့ သူက သတိပေးပါတယ်။
အပစ်တတပ်စ်ဆီကရတဲ့ စိတ်သက်သာရာရမှုဟာ အနက်ရှိုင်းဆုံးသော သက်သာရာရမှုပါပဲ။ အဲ့ဒါဟာ

"ငါ့ဆီကို ကောင်းတာတွေပဲ လာတော့မှာပါ" လို့ ယုံကြည်ခိုင်းတာ မဟုတ်ပါဘူး။ အဲ့ဒီအစား... နာကျင်မှု၊ ဝမ်းနည်းမှု ဒါမှမဟုတ် ပိတ်လှောင်ခံရမှုတွေ ကြုံနေရရင်တောင်မှ အဲ့ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ရွေးချယ်နိုင်တဲ့ စွမ်းအား က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိနေတယ်ဆိုတာကို သိရှိလိုက်ခြင်းပဲ ဖြစ်ပါတယ်။
"သေခြင်းတရားကနေ ကျွန်တော် ထွက်ပြေးလို့မရပါဘူး၊ ဒါပေမဲ့ အဲ့ဒီအပေါ်မှာရှိတဲ့ ကြောက်ရွံ့မှုကနေတော့ ကျွန်တော် ထွက်ပြေးလို့ရပါတယ်" လို့ သူက ဆိုပါတယ်။
အတိုချုပ်ပြောရရင်... အပစ်တတပ်စ်ဟာ ထိန်းချုပ်လို့မရတဲ့ ဒီကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ကို ထိန်းချုပ်နိုင်စွမ်းတစ်ခု ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ "ထိန်းချုပ်လို့မရတာကို လက်ခံနိုင်တဲ့ ထိန်းချုပ်မှု" နဲ့ "ကိုယ့်ရဲ့ တုံ့ပြန်မှုကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ ထိန်းချုပ်မှု" ပဲ ဖြစ်ပါတယ်။

TN // အဲ့ အတွေးအခေါ်တွေကို မီလည်း အရမ်းကြိုက်တယ်။ အမြဲပြောနေကျလိုပဲ။ ဒုက္ခကနေရာတိုင်းမှာ လူတိုင်းမှာ တစ်ခုမဟုတ် တစ်ခုရှိနေမှာ။ အဲ့ ဒုက္ခအပေါ် ရှုမြင် တဲ့ အမြင်ပေါ် လိုက်ပြီး ခံစားရတဲ့ အတိုင်းအဆ ကွာတာ ။
NEXT
Comments
Post a Comment