နိဂုံး
အရာရာဟာ အမှန်တကယ် အဆုံးသတ်သွားတာမျိုး မရှိပါဘူး။ ပြောင်းလဲသွားတာပဲ ရှိပါတယ်။
ပြောင်းလဲခြင်းဆိုတာ ထာဝရပါ။ ပြောင်းလဲနေတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် မိတ်ဆွေလည်း ထာဝရ ဖြစ်တည်နေတာပါပဲ။ သင်ဟာ အခု ဒီနေရာမှာ ရှိနေပါတယ်။ အမြဲရွေ့လျားနေတဲ့ ဒီအခိုက်အတန့်လေးထဲမှာပေါ့။ ဒီနေရာမှာ ရှိနေခြင်းအားဖြင့် သင်ဟာ ထာဝရရှင်သန်နေတာလည်း ဖြစ်ပါတယ်။
မီးတောက်ဟာ ပြာဖြစ်သွားတယ် ။ အဲ့ဒီပြာကနေ မြေကြီးဖြစ်သွားပြန်တယ်။ ဝမ်းနည်းမှုဟာ ပျော်ရွှင်မှု ဖြစ်လာတယ်။ တစ်ခါတလေ ငိုကြွေးနေရင်းနဲ့တင် ဖြစ်လာတတ်တာပါ။ ငှက်ကလေးတွေဟာ သူတို့ရဲ့ အတောင်ပံတွေကို လဲလှယ်ကြတယ် ။ ပြီးတော့ ဆောင်းရာသီအတွက် အမွှေးအသစ်တွေ ပြန်ပေါက်လာကြတယ်။
ချစ်ခြင်းတရားဟာ ပူဆွေးမှု ဖြစ်လာတယ်။ ပူဆွေးမှုကနေ အမှတ်တရတွေ ဖြစ်လာတယ်။ ဒဏ်ရာတွေဟာ အမာရွတ်တွေ ဖြစ်လာတယ်။
လုပ်ဆောင်ခြင်း (Doing) ဟာ ဖြစ်တည်ခြင်း (Being) ဖြစ်လာတယ်။ နာကျင်မှုဟာ ခွန်အားဖြစ်လာတယ်။ မွန်းတည့်ချိန်ဟာ ညဉ့်ဦးယံ ဖြစ်လာတယ်။
မိုးစက်တွေဟာ အငွေ့ပျံသွားတယ်။ ပြီးတော့ မိုးအဖြစ် ပြန်ရွာချတယ်။ မျှော်လင့်ချက်ဟာ စိတ်ပျက်အားငယ်မှု ဖြစ်သွားတယ်၊ ပြီးရင် မျှော်လင့်ချက်အဖြစ် ပြန်ရှင်သန်လာပြန်တယ်။
သစ်တော်သီးတစ်လုံးဟာ မှည့်လာတယ်။ ကြွေကျတယ်။ အရသာခံ စားသုံးခံရရင်းနဲ့ ပုံစံပြောင်းလဲသွားတယ်။
ပိုးဖတ်ကလေးတစ်ကောင်ဟာ ပိုးအိမ်ထဲမှာ ပျောက်ကွယ်သွားတယ်။ အရာရာဟာ မှောင်မိုက်သွားပြီးတဲ့နောက်မှာတော့ . . .
NEXT
Comments
Post a Comment