Skip to main content

ဖြစ်တည်ခြင်းဆိုသည်မှာ လက်လွှတ်လိုက်ခြင်းဖြစ်သည်









ဖြစ်တည်ခြင်းဆိုသည်မှာ လက်လွှတ်လိုက်ခြင်းဖြစ်သည်


မိမိကိုယ်ကိုယ် ခွင့်လွှတ်ခြင်းက ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေပါတယ်။ သင်ဟာ သင့်ကိုယ်သင် လူဆိုးတစ်ယောက်လို့ ယုံကြည်နေရုံနဲ့ လူကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။




တစ်နေရာရာမှာ 

အနုပညာ၊ ပုံပြင်တွေ ဒါမှမဟုတ် ဂီတထဲမှာ မျှော်လင့်ချက်ကို ရှာတွေ့ရတာဟာ သိပ်လှပတဲ့ အရာတစ်ခုပဲနော်။ အဲ့ဒါဟာ တစ်ခါတလေမှာ မမျှော်လင့်ဘဲ ရောက်လာတတ်တဲ့ အခိုက်အတန့်မျိုးပေါ့။ ဥပမာ - The Shawshank Redemption ရုပ်ရှင်ထဲက အကျဉ်းသား အန်ဒီရဲ့ အခန်းနံရံမှာ ကပ်ထားတဲ့ မင်းသမီး Raquel Welch ရဲ့ ပိုစတာကို ဆွဲခွာလိုက်တဲ့ အခိုက်အတန့်မျိုး ၊ ဒါမှမဟုတ် The Sound of Music ထဲမှာ ဇနီးဆုံးပါးသွားလို့ စိတ်ထိခိုက်နေတဲ့ ကပ္ပတိန် Von Trapp က အခန်းတစ်ခန်းအတွင်းမှာတင် သီချင်းဆိုနေတဲ့ ဖခင်တစ်ဦးအဖြစ် ပြောင်းလဲသွားတဲ့ အခိုက်အတန့်မျိုးတွေလိုပေါ့။

မျှော်လင့်ချက်ဆိုတာ သိပ်ပြီး သိမ်မွေ့တတ်ပါတယ်။ ဒါပေမဲ့ သင်ခံစားလိုက်ရတဲ့အခါ အဲ့ဒါကို သင်သိမှာပါ။ ဥပမာ - “Somewhere Over the Rainbow” သီချင်းထဲမှာ “Somewhere” ဆိုတဲ့ စကားလုံးကို ဆိုလိုက်တဲ့အခါ အသံက Octave အပြည့် အားစိုက်စရာမလိုဘဲ မြင့်တက်သွားသလိုမျိုးပေါ့။ ဂီတသင်္ကေတ ကီးအားလုံးကို သန့်သန့်ရှင်းရှင်း ကျော်ဖြတ်သွားတာဟာ ဂီတနဲ့ဖန်တီးထားတဲ့ သက်တန့် တစ်ခုလိုပါပဲ။ မျှော်လင့်ချက်ဆိုတာ အမြဲတမ်း အထက်ကို ပျံတက်ခြင်းနဲ့ လှမ်းကိုင်ခြင်းတွေ ပါဝင်နေတယ်။ Emily Dickinson ပြောသလိုပေါ့ 

"မျှော်လင့်ချက်ဆိုတာ အတောင်ပံလေးတွေ ပါတဲ့အရာ" ပေါ့။

ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ထားဖို့ ခက်တယ်လို့ လူတွေက ထင်တတ်ကြပေမဲ့ ကျွန်တော်ကတော့ ပြောင်းပြန်လို့ပဲ တွေးမိပါတယ်။ အနည်းဆုံးတော့ မျှော်လင့်ချက်ဆိုတာ စိတ်ပျက်အားငယ်နေချိန်မှာ ကျွန်တော်တို့ အတွယ်ကပ်ချင်ဆုံး အရာတစ်ခုပဲလေ။ ကမ္ဘာပေါ်မှာ အခါးသက်ဆုံးဖြစ်သလို အားအရှိဆုံးလည်းဖြစ်တဲ့ "Somewhere Over the Rainbow" သီချင်း (၂၀ ရာစုရဲ့ အကောင်းဆုံးသီချင်းလို့ သတ်မှတ်ခံထားရတဲ့ သီချင်း) ကို ၁၉၃၉ ခုနှစ်ဆိုတဲ့ လူသားမျိုးနွယ်သမိုင်းမှာ အမှောင်မိုက်ဆုံး နှစ်တစ်နှစ်မှာ ရေးခဲ့ကြတာဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီအချိန်က ဟစ်တလာက စစ်ကို စတင်နေပြီး ဂျူးလူမျိုးတွေကို မုန်းတီးမှုတွေ မြင့်တက်နေချိန်မှာ ဂျူးဂီတပညာရှင် နှစ်ဦးဖြစ်တဲ့ Harold Arlen နဲ့ Yip Harburg တို့က ဒီလိုအင်အားရှိတဲ့ သီချင်းကို ရေးသားခဲ့ကြတာပါ။ အဲ့အချိန်က သူတို့ကိုယ်တိုင်လည်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ရသူတွေလေ...

မျှော်လင့်ချက်ကို ခံစားရဖို့အတွက် သင်ဟာ အခြေအနေကောင်းတစ်ခုမှာ ရှိနေဖို့ မလိုပါဘူး။ အရာရာဟာ ပြောင်းလဲသွားလိမ့်မယ်ဆိုတာကို နားလည်ထားဖို့ပဲ လိုတာပါ။ မျှော်လင့်ချက်ဆိုတာ လူတိုင်းအတွက် ရှိတယ်။ မျှော်လင့်ချက်ရှိဖို့အတွက် လက်ရှိပစ္စုပ္ပန်ရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ငြင်းပယ်နေစရာ မလိုပါဘူး။ အနာဂတ်ဆိုတာ မရေရာဘူးဆိုတာရယ် ဘဝမှာ အမှောင်ထုရှိသလို အလင်းရောင်လည်း ရှိတယ်ဆိုတာရယ်ကို သိထားဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ခြေထောက်တွေက အခုရှိနေတဲ့ မြေပြင်ပေါ်မှာ ခိုင်ခိုင်မတ်မတ် ရှိနေနိုင်သလို ကျွန်တော်တို့ရဲ့ စိတ်ကတော့ သက်တန့်ရဲ့ ဟိုဘက်အခြမ်းက မြင့်မားတဲ့ အသံလှိုင်း တွေကို ကြားယောင်နေလို့ ရပါတယ်။ ကျွန်တော်တို့ဟာ တစ်ဝက်က ပစ္စုပ္ပန်မှာ ရှိနေပြီး ကျန်တဲ့တစ်ဝက်က အနာဂတ်မှာ ရှိနေနိုင်ပါတယ်။ တစ်ဝက်က ရိုးရှင်းတဲ့ ကန်းဆက်ပြည်နယ်မှာဖြစ်ပြီး၊ ကျန်တဲ့တစ်ဝက်ကတော့ အံ့ဖွယ် အော့ဇ်ပြည်မှာပေါ့။

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...