Skip to main content

တခြားသူတွေဆိုတာ တခြားသူတွေပါပဲ





တခြားသူတွေဆိုတာ တခြားသူတွေပါပဲ

သိသာထင်ရှားတဲ့ အမှန်တရားတစ်ခုကို ထပ်ပြောပါရစေ။ ဘာလို့လဲဆိုတော့ အဲ့ဒီအမှန်တရားဟာ သိသာလွန်းနေလို့ ကျွန်တော်တို့က လျစ်လျူရှုမိပြီး မေ့လျော့သွားတတ်ကြလို့ပါ။ သင်ဟာ တခြားသူတွေ မဟုတ်ပါဘူး။ သင်ဟာ သင်ပါပဲ။

တခြားသူတွေအပေါ်မှာ မိတ်ဆွေအနေနဲ့ ဘာထိန်းချုပ်နိုင်စွမ်းမှ မရှိပါဘူး။ သူတို့က လောကကြီးအပေါ် ဘယ်လိုမြင်မလဲ၊ နိုင်ငံရေးအပေါ် ဘယ်လိုတွေးမလဲ၊ ဒါမှမဟုတ် သင့်အပေါ် ဘယ်လိုထင်မလဲဆိုတာတွေကို သင် အပြည့်အဝ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သူတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေ၊ နာကျင်မှုတွေအပေါ်မှာလည်း သင့်မှာ ထိန်းချုပ်ပိုင်ခွင့် မရှိပါဘူး။ အဲ့ဒီနာကျင်မှုက မိတ်ဆွေအပေါ် ကျူးလွန်ခဲ့တာမျိုး ဖြစ်နေရင်တောင်မှပေါ့။

မှန်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်ဆီက တစ်ယောက် သင်ယူနိုင်ကြပါတယ်။ တစ်ခါတလေမှာလည်း တခြားသူတွေက သင့်ဆီက သင်ယူနိုင်ကြပါတယ်။ အဲ့ဒါဟာ သိပ်ကောင်းတဲ့အရာပါ။ တကယ်တမ်းမှာတော့ ကျွန်တော်တို့ ဝန်ခံချင်တာထက် ပိုပြီး အဲ့ဒီလိုဖြစ်ဖို့ ခဲယဉ်းလှပေမဲ့ပေါ့။ အာယီရှတ် အာကန်ဘီ (Ayishat Akanbi) ပြောခဲ့သလိုပဲ... 
"တကယ်လို့ သင်က... တစ်ဖက်လူက သူတို့ရဲ့အမှားကို ဝန်ခံမှသာ ငါ့ရဲ့ စိတ်ဒဏ်ရာတွေ သက်သာပျောက်ကင်းမယ်လို့ ဆုံးဖြတ်ထားမယ်ဆိုရင်... သင်ဟာ သင်္ချိုင်းထဲရောက်တဲ့အထိ အဲ့ဒီအရာကို စောင့်နေရပါလိမ့်မယ်။"

သင့်ရဲ့အတွင်းစိတ်ထဲမှာ မုန်းတီးမှုတွေကို သိမ်းဆည်းထားခြင်းအားဖြင့်... သင်ဟာ သင့်ကိုယ်သင်ကလွဲလို့ တခြားဘယ်သူ့ကိုမှ အပြစ်ပေးနေတာ မဟုတ်ပါဘူး။ တခြားသူတွေဆိုတာ တခြားသူတွေပါပဲ။ သင်ဟာ သင်ပါပဲ။

TN // တောင်းပန်ခြင်း မခံရဘဲ ကျူးလွန်ခံခဲ့ရတာတွေက လူတိုင်းနီးပါး ကြုံဖူးမယ်လို့ ထင်မယ်။ တနုံ့နုံ့နဲ့ ဘာလို့ ငါ့ကို ဒီလို လုပ်နိုင်ကြတာလဲ ပေ့ါ။ သူတို့ဆီမှ တောင်းပန်မှုကို ရမှ စိတ်သက်သာမယ်ဆိုတာမျိုးထက် ကိုယ်က အရင်ခွင့်လွှတ်နိုင်အောင် ကြိုးစားကြည့်ပါ။ တစ်ခါတလေ ခွင့်လွှတ်ဖို့က အရမ်းခက်နေနိုင်သလို တစ်ခါတလေကျတော့လည်း စကားလေး တစ်ခွန်းတည်းနဲ့ သူမတောင်းပန်ဘဲနဲ့တောင် ခွင့်လွှတ်သွားနိုင်တယ်။ ဥပမာ ။ ပါချုပ်ဆရာတော် ဘုရားကြီးနဲ့ "လူ‌တိုင်းက သူ့ကံနဲ့ သူလာတာ။ " ဆိုတာမျိုး ။ ကံတွေက ပြုတိုင်း မျိုးစေ့တွေ အဖြစ်သူ့ သန္တန်မှာ ကျန်နေခဲ့မှာ ။ တစ်ချိန်ချိန် အကြောင်းတိုက်ဆိုင်ရင် ‌ကောင်းတဲ့ ကံက ‌ကောင်းတဲ့အကျိုး ဖြစ်လာပြီး ၊ မကောင်းတဲ့ ကံက မကောင်းတာတွေ ဖြစ်လာမှာပဲ၊ ဒါကြောင့် ဝဋ်လည်ပါစေလို့လည်း အထူးတလည် ဆု‌တောင်းနေစရာမလိုဘူး။ ကံတွေက အလုပ်လုပ်သွားလိမ့်မယ်တဲ့။ ကိုယ်မြင်ရတာနဲ့ မမြင်ရတာပဲ ရှိတာ။
မီ့အတွက်ကတော့ "လူတွေက သူတို့ ဉာဏ်ရှိသလောက်ပဲဆက်ဆံတတ်တာ" ဆိုတဲ့ စကားပဲ။ အဲ့စကားနဲ့ တော််တော်များများကို သင်ပုန်းချေနိုင်တယ်။ 


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...