Skip to main content

အသက်ရှူခြင်းအကြောင်း အနည်းငယ်



အသက်ရှူခြင်းအကြောင်း အနည်းငယ်

အသက်ရှူရတာဟာ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်  ပြောချင်ပါတယ်။

ကျွန်တော် သိပါတယ်... သိပါတယ်။

ဒီလိုပြောလိုက်တာက ကျွန်တော့်ကို အဲ့ဒီလိုလူစားမျိုး ဖြစ်သွားစေတယ်။ လောကမှာရှိတဲ့ ပြဿနာအားလုံးဟာ ငါးအထိရေတွက်ပြီး လေကို အပြင်ထုတ်ဖို့ မေ့နေလို့ ဖြစ်ရတာပါလို့ လိုက်ပြောနေတဲ့သူမျိုးပေါ့။ စိတ်ဒဏ်ရာတွေကို ရေချိုးလိုက်ရုံနဲ့၊ ဒါမှမဟုတ် အမွှေးနံ့သာတိုင်လေး ထွန်းလိုက်ရုံနဲ့ ကုစားလို့ရတယ်လို့ ပြောမယ့်သူမျိုးနဲ့ တစ်ထွာလောက်ပဲ ကွာတော့သလိုပါပဲ။ ဒါပေမဲ့... နှစ်တွေကြာလာတဲ့အခါမှာတော့ ကျွန်တော့်ရဲ့ စိတ်ဖိစီးမှုအဆင့် ဘယ်လောက်ရှိနေသလဲဆိုတာကို သိဖို့အတွက် အသက်ရှူတာ ဘယ်လိုရှိနေလဲ ဆိုတာကို စစ်ဆေးတာထက် ပိုမြန်တဲ့ နည်းလမ်းမရှိဘူးဆိုတာ ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်။

အသက်ရှူခြင်းဟာ စိတ်အခြေအနေကို တိုင်းတာတဲ့ ပုံသေပါဝင်ပြီးသား ကိရိယာ (Mood barometer) တစ်ခုပါပဲ။

ကျွန်တော် စိုးရိမ်ထိတ်လန့်မှုတွေ (Panic attacks) အပြင်းအထန် ဖြစ်တဲ့အချိန်တုန်းက အသက်ရှူရတာ အရမ်းခက်ခဲခဲ့ပါတယ်။ အဆုတ်ရဲ့ အပေါ်ပိုင်းနားလေးမှာတင် လေကို အမြန်နှုန်းနဲ့ တိုတိုလေးပဲ ရှူနေမိခဲ့တာပါ။ လေဝဝရှူဖို့ အချိန်တောင် မရသလိုမျိုးပေါ့။ ကျွန်တော် စိတ်ဖိစီးနေတဲ့အခါ ကုတင်ပေါ်မှာ လှဲနေရင်း ဗိုက်ပေါ်ကို လက်တင်ပြီး အသက်ပြင်းပြင်း ရှူကြည့်လိုက်ပါတယ်။ အဲ့ဒီအခါ အသက်ရှူတာ ဆုံးခါနီးမှာ ကျွန်တော့်ရဲ့ ဗိုက်က ကြောက်နေတဲ့ တိရစ္ဆာန်လေးတစ်ကောင်လို တုန်ယင်နေတတ်တယ်။ အဲ့ဒီအခါမှာ ကျွန်တော် သိလိုက်ပါပြီ။ အခုကတော့ အနားယူဖို့ အချိန်ရောက်ပြီဆိုတာပေါ့။

ဝိရောဓိဖြစ်စရာတော့ ကောင်းပါတယ်။ "အနားယူဖို့ ကြိုးစားအားထုတ်ရတယ်" ဆိုတာကလေ။ ဒါပေမဲ့ အဲ့ဒါက တစ်ခါတလေမှာ တကယ် အလုပ်ဖြစ်ပါတယ်။ ကျွန်တော့်အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ "အသက်ကို ဖြည်းဖြည်းချင်း ရှူခြင်း" ပါပဲ။ အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်တဲ့အခါ... ကျွန်တော့်စိတ်ထဲမှာ YouTube က ရန်ဖြစ်နေတဲ့ အသံတွေလိုမျိုး အဆက်မပြတ် မြည်ဟိန်းနေတဲ့ အနှောင့်အယှက်ပေးတဲ့ အသံတွေဟာ ချက်ချင်း တိတ်ဆိတ်သွားတတ်ပါတယ်။ အီးမေးလ် ပြန်ဖို့ မေ့သွားတာတွေ၊ Zoom meeting မှာ အမှားလုပ်မိတာတွေကလည်း ချက်ချင်းဆိုသလို "ဘာမှမဖြစ်တော့ပါဘူး" ဆိုတဲ့ အခြေအနေကို ရောက်သွားတယ်။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုတစ်ခုလုံး ငြိမ်သက်သွားတာကို ခံစားရပါတယ်။

သတိရှိရှိနဲ့ အသက်ရှူတာဟာ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုး (Self-esteem) ကို ပြန်လည်မြှင့်တင်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ် "ခဏလောက်တော့ အနားပေးလိုက်ပါဦး" လို့ ပြောလိုက်တဲ့ နည်းလမ်းပေါ့။ အရာရာကို ရှိနေတဲ့အတိုင်း လက်ခံလိုက်တဲ့ နည်းလမ်းပါပဲ။ အဲ့ဒီအတွက် သင့်မှာ အဆုတ်တစ်စုံရှိနေရင်ပဲ လုံလောက်ပါပြီ။

သင်ဟာ လှဲနေရင်းဖြစ်ဖြစ်၊ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တတ်ရပ်နေရင်းဖြစ်ဖြစ် ဒါကို လုပ်လို့ရပါတယ်။ လှဲနေတယ်ဆိုရင် လက်နှစ်ဖက်ကို ဘေးမှာချ၊ လက်ဝါးကို အပေါ်လှန်ထားပြီး ခြေထောက်ကို နည်းနည်းလေး ကားထားပါ။ ထိုင်နေတယ်ဆိုရင် လက်ကို ထိုင်ခုံလက်တံပေါ် တင်ထားပြီး ခြေထောက်ကို တင်ပါးအကျယ်လောက် ကားထားပါ။ ပြီးရင် ဗိုက်ထဲအထိ ရောက်အောင် အသက်ကို ညင်ညင်သာသာနဲ့ ပြင်းပြင်းရှူပါ။ ဟုတ်ပါတယ်... ကျွန်တော် စိတ်ထဲကနေ ငါးအထိ ရေတွက်ပါတယ်။ အဲ့ဒီလို ရေတွက်နေတဲ့အပေါ်မှာ အာရုံစိုက်လိုက်ခြင်းက ပိုပြီး စိတ်ကို ငြိမ်သက်စေလို့ပါ။

ဒါကို အနည်းဆုံး တစ်မိနစ်လောက် လုပ်ပေးပါ။ တကယ်လို့ သင့်မှာ ၅ မိနစ်လောက် အချိန်ရှိရင် ၅ မိနစ်လောက် လုပ်ကြည့်ပါ။ အစမှာတော့ ပျင်းစရာကောင်းနေလိမ့်မယ်။ ဘာလို့လဲဆိုတော့ အလုပ်အရမ်းရှုပ်ချင်နေတဲ့ ဦးနှောက်က "နှေးကွေးသွားတာ" ကို လုံးဝ မကြိုက်လို့ပါပဲ။ ဒါပေမဲ့ ဒါဟာ တကယ်ကို တန်ဖိုးရှိပါတယ်။

သင် ဒီနေရာမှာ ရှိနေတယ်။ သင် တည်ရှိနေတယ်။ သင်ဟာ ဒီအခိုက်အတန့်ထဲမှာ ရှိနေတယ်။

အသက်ရှူတာဟာ ရှင်သန်နေတာပါပဲ။ အသက်ရှူနေတာကို သတိပြုမိတာဟာ ရှင်သန်နေတာကို သတိပြုမိတာဖြစ်ပြီး၊ သင့်ရဲ့ ရိုးရှင်းဆုံးသော အမှန်တရားကို သတိပြုမိတာပါပဲ။ "အလုပ်တွေ လုပ်နေရတဲ့ လောက" ကနေ ခဏတာ ထွက်ခွာပြီး "တည်ရှိနေရုံသက်သက်ဖြစ်တဲ့ လောက" ထဲမှာ ခဏတာ ခိုလှုံလိုက်တာပါပဲ။

TN // အဲ့လို  Anxiety တွေ တက်လာပြီဆိုရင် 5-sense grouding လေး လုပ်ကြည့်လို့ရ။ အားလုံးကို ခဏရပ်ပြီး ပတ်ဝန်းကျင်မှာ ဘာတွေရှိလဲ လိုက်ကြည့် ။ နာမည်တပ် ။ ပြီးတော့ ဘာတွေကြားနေရလဲ လိုက်နားထောင်။ ဘာအနံ့တွေ ရလဲ ။ ကိုယ်ကရော ဘာအထိအတွေ့ တွေ ခံစားရလဲ။ ခံတွင်းထဲမှာရော ဘာအရသာတွေ ရနေလဲ 
အဲ့လိုလေး ကိုယ့်ခန္ဓာကိုယ်ကို အာရုံပြန်စိုက်လို့ရတယ်။ အဲ့ဒါဆို live in momentကို ပြန်ရောက်လာတယ်။ 
အောက်ကပုံလေးလို လုပ်ကြည့်နော် ။ တကယ်သက်သာတယ်။ ကိုယ်တွေ့ 



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...