သတိပြုရန်၊ အဘယ်ကြောင့်ဆိုသော်...
မိတ်ဆွေရဲ့ တန်ဖိုးအတွက် ဘယ်တော့မှ အကြောင်းပြချက် ပေးနေဖို့ မလိုပါဘူး။ အလုပ်ကြိုးစားလို့၊ ငွေအများကြီး ရှာနိုင်လို့၊ အမြင့်ကြီး ခုန်နိုင်လို့၊ Six-pack ရှိလို့၊ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့လို့၊ စိတ်သဘောကောင်းလို့၊ ဆဲလ်ဖီရိုက်ရင် လှလို့၊ တီဗီအစီအစဉ် တင်ဆက်သူ ဖြစ်နေလို့ ဒါမှမဟုတ် ပီယာနိုရှေ့မှာ ထိုင်ပြီး "Für Elise" သီချင်းကို အလွတ်တီးနိုင်လို့ တန်ဖိုးရှိနေတာ မဟုတ်ပါဘူး။
မိတ်ဆွေရဲ့ တန်ဖိုးမှာ "ဘာဖြစ်လို့လဲဆိုတော့..." ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး။ အဆွဟာ မှန်ကန်တဲ့ ပမာဏအတိုင်း ရှိနေသူပါ။ အဆွေ ဟာ ပြည့်လျှံနေတဲ့ ခွက်တစ်ခွက်ပါပဲ။ ဖြစ်တည်မှုအတိုင်း တန်ဖိုးရှိနေတာဖြစ်ပြီး အဲ့ဒါဟာ အမြဲတမ်း လုံလောက်နေပါပြီ။
Comments
Post a Comment