Skip to main content

တိုက်ဆိုင်မှုတွေထဲက ရှင်သန်ခြင်း





တိုက်ဆိုင်မှုတွေထဲက ရှင်သန်ခြင်း

ကျွန်တော့်ရဲ့ ဖြစ်တည်မှုဟာ ဘယ်လောက်တောင် ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေအပေါ်မှာ မူတည်နေသလဲဆိုတာကို သက်သေရှာချင်တဲ့အခါ... ကျွန်တော့်အထက်က မျိုးဆက်တွေအကြောင်းကို ပြန်တွေးမိပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက Central Saint Martins မှာ အနုပညာဘာသာရပ် သင်ကြားခဲ့တဲ့ ကျွန်တော့်ရဲ့ ဖခင်ဘက်က အဖွားအကြောင်းကို တွေးမိတယ်။ သူမရဲ့ သင်တန်းအစိတ်အပိုင်းတစ်ခုအနေနဲ့ ဗီယင်နာ (Vienna) မြို့က အနုပညာကောလိပ်တစ်ခုမှာ တစ်နှစ်ကြာ သွားရောက်ပညာသင်ခဲ့ရတယ်။ အဲ့ဒီမှာရှိနေတုန်း ၁၉၃၈ ခုနှစ်မှာ ဟစ်တလာက သြစတြီးယားနိုင်ငံကို နာဇီဂျာမနီထဲ သိမ်းသွင်းလိုက်တာကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ ကျွန်တော့်အဖွားက ဂျူးလူမျိုးတစ်ယောက်ပါ။

သိမ်းပိုက်ပြီးပြီးချင်းမှာပဲ ဂျူးလူမျိုးတွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။ လမ်းပေါ်မှာ လူမြင်ကွင်းမှာ အရှက်ခွဲခံရတာ ။ နံရံပေါ်က စာတွေကို အတင်းအကျပ် ဆေးကြောခိုင်းတာမျိုးတွေပေါ့။ ကျွန်တော့်အဖွားကတော့ လွတ်အောင် ပြေးနိုင်ခဲ့ပါတယ်။ သူမဟာ ပြင်သစ်နိုင်ငံကိုသွားမယ့် နောက်ဆုံးရထားကို အမီစီးနိုင်ခဲ့တာပါ။ မိသားစုရဲ့ ပြောစကားအရဆိုရင်တော့... ဘူတာရုံက နာဇီစောင့်ကြပ်သူကို ဖလက်စကားပြော  ခဲ့လို့သာ သူမကို ရထားပေါ် တက်ခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ ဆယ်ကျော်သက်အရွယ်လေးပဲ ရှိပါသေးတယ်။ အဲ့ဒီနောက် နာဇီတွေရဲ့ ကြောက်မက်ဖွယ်ရာတွေနဲ့ နီးကပ်ခဲ့ရတဲ့ အတွေ့အကြုံကြောင့်ပဲ... စစ်ပွဲဖြစ်လာတဲ့အခါမှာ သူမဟာ စေတနာ့ဝန်ထမ်း သူနာပြုတစ်ယောက် ဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် လန်ဒန်ဗုံးကြဲခံရမှုအတွင်းမှာ မီးလောင်ဒဏ်ရာတွေ ရခဲ့တဲ့ ကျွန်တော့်အဖိုးနဲ့ ချစ်ကြိုက်ခဲ့ကြတာပါ။

• • •

သူတို့မှာ သားသမီးသုံးယောက် ထွန်းကားခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ယောက်ကတော့ ကျွန်တော့်ရဲ့ အဖေပေါ့။ သူက ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အောက်စဖို့ဒ်တက္ကသိုလ်ကနေ ထွက်ပြီး ရှက်ဖီးလ် (Sheffield) မြို့မှာ ဗိသုကာပညာ သွားသင်ခဲ့တယ်။ အဲ့ဒီမှာပဲ ကျွန်တော့်အမေနဲ့ ဆုံတွေ့ခဲ့တာပါ။ ကျွန်တော့်အမေကလည်း ဘရစ္စတို (Bristol) က ပြဇာတ်သင်တန်းကျောင်းကနေ ထွက်ပြီး တောင်ပိုင်း ယော့ခ်ရှိုင်းယား (South Yorkshire) မှာ ဆရာဖြစ်သင်တန်း တက်နေသူပါ။ ကျွန်တော့်အမေဟာ ဘာကြောင့်မှန်း ခုထိနားမလည်နိုင်တဲ့ အကြောင်းပြချက်တွေနဲ့ မွေးကင်းစကလေးဘဝတုန်းက စွန့်ပစ်ခံခဲ့ရသူဖြစ်ပြီး... ဒက်ဗွန် (Devon) က မွေးစားမိဘတွေရဲ့ ခြံထဲမှာ ကြီးပြင်းခဲ့ရတာပါ။ အဲ့ဒီနေရာဟာ ကျွန်တော့်အဖေ ကြီးပြင်းခဲ့တဲ့ ဆပ်ဆက်စ် (Sussex) နဲ့ မိုင်ပေါင်းရာချီ ဝေးကွာပါတယ်။ ၁၉၆၉ ခုနှစ်ရဲ့ တစ်ရက်မှာ ရှက်ဖီးလ်မြို့က Queen’s Head ဆိုတဲ့ အရက်ဆိုင်ထဲကို သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း ဝင်မလာခင်အထိ သူတို့ရဲ့ ဘဝတစ်လျှောက်တစ်ခါမှ ဆုံစည်းခဲ့ဖူးခြင်း မရှိခဲ့ပါဘူး။

• • •


ဒါဟာ ထူးခြားလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ဒါမှမဟုတ် ပြောရရင်... လူတိုင်းလူတိုင်းရဲ့ အစပြုပုံဇာတ်လမ်းတွေလိုပဲ အညီအမျှ ထူးခြားနေတာမျိုးပါ။ ကျွန်တော်တို့အားလုံးဟာ 'တိုက်ဆိုင်မှု' တွေထဲကနေ ဆင်းသက်လာကြတာပါ။ ကျွန်တော်တို့ဟာ 'မရေရာမှု' တွေထဲကနေ ဖြစ်တည်လာကြတာပါ။ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ထင်ရတဲ့ အခြေအနေတွေထဲကနေ ကျွန်တော်တို့ဟာ ရှိလာခဲ့ကြတာပါ။ ဒါပေမဲ့... အခုတော့ ကျွန်တော်တို့ ရှိနေကြပြီလေ။

ဒါကြောင့်... အရာရာဟာ သင့်အတွက် မရေရာတော့ဘူး၊ အခွင့်အရေး မရှိတော့ဘူးလို့ ခံစားရတဲ့အခါ... တစ်ခုကို သတိရဖို့ အရေးကြီးပါတယ်။ အဲ့ဒါကတော့... မိတ်ဆွေလုံးဝမရှိသေးတဲ့ အချိန်တုန်းကထက်စာရင်တော့ အခုအခြေအနေက ဘယ်လောက်မှ မခက်ခဲတော့ဘူးဆိုတာပါပဲ။ အဲ့ဒီမဖြစ်နိုင်ခြေတွေကြားထဲကနေ အခုဆိုရင် မိတ်ဆွေရှိနေပြီ ။ 

ကျွန်တော်တို့ဟာ ရှိနေပြီ... ရှင်သန်နေကြပြီ မဟုတ်ပါသလား။


NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...