Skip to main content

ခွင့်လွှတ်ခြင်း





ခွင့်လွှတ်ခြင်း 

တခြားသူတွေကို ခွင့်လွှတ်ပေးခြင်းဆိုတာ... အချိန်တန်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ခွင့်လွှတ်နိုင်ဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါပဲ။

________________________________________________________________________________


အေးအေးဆေးဆေး နေတတ်ခြင်းအပေါ် မှတ်စုတို 

အေးအေးဆေးဆေး နေတတ်ခြင်း (Introversion) ဆိုတာ... လူအများနဲ့ ရောရောနှောနှော နေတတ်အောင် (Extroversion) လုပ်ပြီး ပြုပြင်ယူရမယ့် အရာတစ်ခု မဟုတ်ပါဘူး။ အဲ့ဒါကို ပြုပြင်စရာမလိုတဲ့ အရာတစ်ခုအဖြစ် မြင်ရုံနဲ့တင် သင်ဟာ ပြုပြင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အေးအေးဆေးဆေး နေတတ်တဲ့ သဘာဝကို သူ့အတိုင်းပဲ ရှိနေခွင့် ပေးလိုက်ပါ။ အပြင်လောကကို ခြေလှမ်းလှမ်းသလိုပဲ... ကိုယ့်ရဲ့ အတွင်းစိတ်ထဲကို ပြန်လည်လှည့်ကြည့်တဲ့ ခရီးစဉ်တွေကိုလည်း ခွင့်ပြုပေးလိုက်ပါ။

___________________________________________________________________________

အနားယူခြင်းသည်လည်း လုပ်ဆောင်ခြင်းတစ်မျိုးပင်

မိတ်ဆွေ အနေနဲ့  အမြဲတမ်း အလုပ်ရှုပ်နေဖို့ မလိုပါဘူး။ သင် တည်ရှိနေရခြင်းရဲ့ အကြောင်းပြချက်ကို အလုပ် ဘယ်လောက်ပြီးမြောက်သလဲ  ဆိုတဲ့ အချက်နဲ့ သက်သေပြနေဖို့ မလိုအပ်ပါဘူး။ အနားယူခြင်းဆိုတာ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပေါ့။ ကျွန်တော်တို့ဟာ လူသားဆိုတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့အလျောက် အနားယူဖို့က မရှိမဖြစ် လိုအပ်ပါတယ်။

ခွေးတစ်ကောင် နေပူထဲမှာ လှဲနေတဲ့အခါ... သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားမနေဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ခွေးတွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေကို သူတို့ကိုယ်တိုင် ပိုပြီး သိကြလို့ပါ။ ကျွန်တော် အသက်ကြီးလာလေလေ... အနားယူခြင်းဟာ တကယ်တမ်းမှာ ဘဝရဲ့ အဓိကအချက်ဖြစ်မယ်လို့ ပိုတွေးမိလာလေလေပါပဲ။

အိမ်ထဲမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်ရင်း... နာရီလက်တံ သွားနေတဲ့အသံ၊ ဖြတ်သွားတဲ့ တိမ်တိုက်လေးတွေ၊ ဝေးလံတဲ့နေရာက ကားသံတွေနဲ့ ငှက်ကလေးတွေ သီချင်းဆိုသံတွေကို ဒီအတိုင်းလေး နားထောင်နေရတာဟာ သူ့ဘာသာသူ ပြည့်စုံတဲ့ ရည်မှန်းချက်တစ်ခု ဖြစ်နိုင်ပါတယ်။ အဲ့ဒါဟာ ကျွန်တော်တို့ အကျိုးရှိတယ် လို့ အတင်းသတ်မှတ်ခံထားရတဲ့ အလုပ်တွေထက်တောင် ပိုပြီး အဓိပ္ပာယ်ရှိနေနိုင်ပါတယ်။

တေးဂီတတစ်ခု သာယာဖို့အတွက် နုတ်စ် (Notes) တွေကြားမှာ ရပ်နားတဲ့နေရာ (Pauses) တွေ လိုအပ်သလိုပဲ စာကြောင်းတစ်ကြောင်း အဓိပ္ပာယ်ရှိဖို့အတွက် ပုဒ်ဖြတ်ပုဒ်ရပ် (Punctuation) တွေ လိုအပ်သလိုပဲ... ကျွန်တော်တို့ဟာ အနားယူခြင်း၊ ပြန်လည်သုံးသပ်ခြင်းနဲ့ ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေခြင်းတွေကို ဘဝရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေအဖြစ် မြင်သင့်ပါတယ်။ ဒါမှသာ ဘဝတစ်ခုလုံးဟာ အဓိပ္ပာယ်ရှိရှိနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

________________________________________________________________________

နက်နဲမှု 

Mona Lisa ပန်းချီကားကနေ Middlemarch ဝတ္ထုအထိ... အချိန်ရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိပြီး ကျန်ရစ်ခဲ့တဲ့ အနုပညာလက်ရာတွေကို စဉ်းစားကြည့်ပါ။ အဲ့ဒီလက်ရာတွေထဲမှာ အမြဲတမ်း အဖြေရှာလို့မရတဲ့ အချက် တစ်ခုခု ပါဝင်နေတတ်ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာတဲ့အထိ ဝေဖန်ရေးဆရာတွေက ဘယ်တော့မှ အဖြေမှန်မထွက်နိုင်တဲ့ အငြင်းပွားမှုတွေကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြရတဲ့ အချက်မျိုးပေါ့။

ဖြစ်နိုင်တာကတော့... ရှင်သန်ခြင်းရဲ့ အနုပညာဟာလည်း အဲ့ဒီလိုပါပဲ။ ဘဝရဲ့ ရည်ရွယ်ချက်ဆိုတာက အဲ့ဒီ နက်နဲမှု တွေရဲ့ အပြင်ဘက်မှာ ရှိနေတာမဟုတ်ဘဲ အဲ့ဒီ နက်နဲမှုကိုယ်တိုင်ကပဲ ရည်ရွယ်ချက် ဖြစ်နေတာမျိုးပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝရဲ့ အကြောင်းစုံကို သိနေဖို့ ဖန်တီးထားတာ မဟုတ်ပါဘူး။ အဲ့ဒီလို မသိဘဲနေရတာဟာလည်း လုံးဝကို အဆင်ပြေပါတယ်။

NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...