ဘဝရဲ့ အနိမ့်ဆုံးအောက်ခြေကို ရောက်နေချိန်မှာ ဖတ်ရှုရန်
မိတ်ဆွေ
သင် ဖြတ်သန်းခဲ့ရသမျှ အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးပါပြီ။ အခု ကြုံတွေ့နေရတာကိုလည်း အဆွေ ဆက်ပြီး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် လူသား လေးအတွက် အရှုံးမပေးဘဲ ဆက်ပြီး တောင့်ခံထားပေးပါ။ မိတ်ဆွေကလေ ဆိုးဝါးတဲ့ နေ့ရက်တစ်ရက်၊ ရက်သတ္တပတ်တစ်ခု၊ လတစ်လ၊ နှစ်တစ်နှစ် ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုထက်မက ပိုပြီး တန်ဖိုးရှိပါတယ်။ မိတ်ဆွေက အမျိုးမျိုးသော ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နှက်နေတဲ့ အနာဂတ် ကို ပိုင်ဆိုင်ထားသူပါ။ မိတ်ဆွေက အနာဂတ်ရဲ့ အချိန်ကာလတစ်ခုမှာ ရောက်ရှိနေမယ့် လူသစ် တစ်ယောက်ဖြစ်ပြီး၊ အဲ့ဒီလူသစ်က အခုလက်ရှိ လမ်းပျောက်နေတဲ့
လူအဟောင်းလေးကို လက်မလျှော့ဘဲ ကြိုးစားရှင်သန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ဆိုနေပါလိမ့်မယ်။
ဒါကြောင့် ဆက်ပြီး ရှင်သန်နေထိုင်ပေးပါ။
ကျောက်ဆောင်
ဘဝရဲ့ အနိမ့်ဆုံးအောက်ခြေကို ရောက်သွားခြင်းရဲ့ အကောင်းဆုံးအချက်ကတော့ ကျောက်ဆောင် ဆိုတဲ့ အစိတ်အပိုင်းပါပဲ။ အဲ့ဒီမှာ သင့်ရဲ့ ခိုင်မာတောင့်တင်းတဲ့ အပိုင်းအစလေးကို သင် ရှာဖွေတွေ့ရှိပါလိမ့်မယ်။ ဘယ်လိုမှ ထပ်ပြီး ရိုက်ခွဲဖျက်ဆီးလို့မရတော့တဲ့ မိတ်ဆွေရဲ့ အစိတ်အပိုင်းလေးပေါ့။ အဲ့ဒီအရာကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ စိတ်ဝိညာဉ် လို့လည်း ခေါ်ချင်ခေါ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အနိမ့်ဆုံးအခြေအနေကို ရောက်တဲ့အခါမှာမှ ကျွန်တော်တို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ခိုင်မာတဲ့ မြေပြင်ကို ရှာတွေ့ကြတာပါ။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ဖန် ပြန်လည် တည်ဆောက်နိုင်ပြီ ဖြစ်ပါတယ်။
Comments
Post a Comment