Skip to main content

အရေးအကြီးဆုံးသော ကြွယ်ဝမှု





အရေးအကြီးဆုံးသော ကြွယ်ဝမှု

၁၉၈၁ ခုနှစ်မှာ အမေရိကန် ဒဿနဗေဒဘွဲ့ရ Steven Callahan ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ၇၆ ရက်တိုင်တိုင် မျောပါနေခဲ့ရပါတယ်။ သူကိုယ်တိုင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ထားတဲ့ Napoleon Solo ဆိုတဲ့ ရွက်လှေလေးနဲ့ ကွန်ဝေါ (Cornwall) ကနေ အန်တီဂွါ (Antigua) ကို သွားနေတဲ့ ခရီးစဉ် ၇ ရက်မြောက်နေ့မှာ ဖြစ်ခဲ့တာပါ။

ညတစ်ည မုန်တိုင်းကျနေတုန်းမှာ သူတို့လှေကို ဝေလငါးတစ်ကောင်က ဝင်တိုက်ခဲ့ပါတယ်။ လှေထဲကို ရေတွေ အရှိန်အဟုန်နဲ့ ဝင်လာပြီး နစ်မြုပ်တော့မယ့် အခြေအနေမှာ Callahan ဟာ လေထိုးအသက်ကယ်ဖောင်ပေါ်ကို လွတ်အောင် ခုန်တက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ရေအောက်ကို အသက်အောင့်ပြီး အကြိမ်အနည်းငယ် ပြန်ငုပ်ကာ အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတချို့ကို ရအောင် ယူခဲ့ပါသေးတယ်။ အဲ့ဒီထဲမှာ စားစရာအနည်းငယ်၊ ရေကြောင်းပြမြေပုံများ၊ မီးကျည်များ၊ လှံသေနတ်တစ်လက်နဲ့  Sleeping bagတို့ ပါဝင်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ လှေကြီးနဲ့ လုံးဝကွာဝေးပြီး သမုဒ္ဒရာထဲမှာ တစ်ယောက်တည်း မျောပါသွားပါတော့တယ်။ သူဟာ ကနေရီကျွန်းစု (Canary Islands) ရဲ့ အနောက်ဘက် မိုင် ၈၀၀ အကွာမှာ ရှိနေပေမဲ့ ရေစီးကြောင်းကတော့ ဆန့်ကျင်ဘက်ကို ဦးတည်နေပါတယ်။ သူ့မှာပါလာတဲ့ အစားအသောက်နဲ့ ရေဟာ ရက်အနည်းငယ်စာပဲ ခံမှာပါ။

သူဟာ လှံသေနတ်နဲ့ ငါးဖမ်းခဲ့ပြီး နေရောင်ခြည်သုံး ရေသန့်စင်စက် လို့ ခေါ်တဲ့ ပင်လယ်ရေငန်ကို အငွေ့ပျံစေပြီး သောက်ရေအဖြစ် ပြောင်းလဲပေးတဲ့ ကိရိယာလေးတစ်ခုနဲ့ ရေကို ဖန်တီးခဲ့ရပါတယ်။ အဲ့ဒီစက်ကို စနစ်တကျ အလုပ်လုပ်အောင် လုပ်ဖို့ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရတဲ့ အခိုက်အတန့်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဥပမာ - ၁၄ ရက်မြောက်နေ့မှာ သင်္ဘောတစ်စင်းကို မြင်လိုက်ရလို့ မီးကျည် လွှတ်ခဲ့ပါတယ်။ သူကတော့ သင်္ဘောက မြင်သွားပြီလို့ ထင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဘယ်သူမှ မတွေ့သွားခဲ့ပါဘူး။ တခြားသင်္ဘောတွေကိုလည်း မြင်ခဲ့ရသေးပေမဲ့ ဘယ်သူမှ သူ့ကို မမြင်ခဲ့ကြပါဘူး။ မကြာခင်မှာပဲ သူဟာ သင်္ဘောတွေ သွားလာတဲ့ လမ်းကြောင်းရဲ့ တောင်ဘက်ပိုင်း၊ ပိုမိုပူပြင်းတဲ့ ရာသီဥတုရှိရာဘက်ကို မျောပါသွားပါတော့တယ်။

သူ ခံစားခဲ့ရတဲ့ ဝေဒနာတွေကတော့ ကြီးမားလွန်းပါတယ်။ ဆာလောင်မှု၊ ရေငတ်မှု၊ ပြင်းထန်တဲ့ အပူရှိန်နဲ့ အရေပြားပေါ်က ပင်လယ်ရေငန်ကြောင့် ဖြစ်လာတဲ့ အနာတွေပေါ့။ သူ့ရဲ့ ကိုယ်တိုင်ရေး မှတ်တမ်းတွေအရ စိတ်ပိုင်းဆိုင်ရာမှာလည်း အရမ်းကို ခက်ခဲခဲ့ပါတယ်။ ငါးမန်းတွေရဲ့ အန္တရာယ်တင်မကဘဲ သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေကပါ သူ့ကို နှိပ်စက်နေခဲ့တာပါ။

"ကျွန်တော့်မှာ စဉ်းစားဖို့ အချိန်တွေ အများကြီး ရှိခဲ့တယ်။ ပြီးတော့ ကျွန်တော် ဘဝမှာ လုပ်ခဲ့မိတဲ့ အမှားတိုင်းအတွက် နောင်တရနေခဲ့တယ်" လို့ သူက ၂၀၁၂ ခုနှစ်မှာ Guardian သတင်းစာကို ပြောပြခဲ့ပါတယ်။ "ကျွန်တော်က အိမ်ထောင်ကွဲထားတဲ့သူ၊ လူမှုဆက်ဆံရေးတွေမှာရော၊ စီးပွားရေးမှာရော၊ အခု ရွက်လှေစီးတဲ့ နေရာမှာပါ အကုန်ကျရှုံးနေတဲ့သူလို့ ခံစားနေရတယ်။ ကျွန်တော် ဒီအခြေအနေကနေ အရမ်းကို လွတ်မြောက်ချင်ခဲ့တယ်။
 ဒါမှ ကျွန်တော့်ရဲ့ ဘဝကို နောက်တစ်ကြိမ် ပြန်ပြီး အကောင်းဆုံး တည်ဆောက်နိုင်မှာမို့လို့ပါ"

ရက်ပေါင်းငါးဆယ် ရောက်လာတဲ့အခါမှာတော့ အခြေအနေတွေဟာ လုံးဝကို မျှော်လင့်ချက်မဲ့နေပါပြီ။ သူဟာ ပျက်စီးနေတဲ့ အသက်ကယ်ဖောင်ကို ရေစုပ်စက်နဲ့ မနစ်မြုပ်အောင် ထိန်းထားဖို့ တစ်ပတ်ကျော်ကြာ ကြိုးစားခဲ့ရပြီး ဘာအင်အားမှ မရှိတော့ပါဘူး။ သူ စိတ်ဓာတ်တွေ ပြိုလဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ဖောင်ကို ယာယီပြန်ပြင်နိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့ဖို့အတွက် သူ့ကိုယ်သူ ပြန်လည်စုစည်းခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ရေသန့်စင်တဲ့ ကိရိယာလေး ပျက်သွားပြန်တယ်။ သူ့မှာ သောက်ရေ သုံးဗူးပဲ ကျန်တော့တာမို့လို့ သေရတော့မယ်ဆိုတာကို သူ သိပ္ပံနည်းကျ နားလည်လိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ရော စိတ်ပါ ရပ်တန့်သွားတော့မလို ခံစားခဲ့ရတယ်။ သူ့ရဲ့ ကိုယ်အလေးချိန် သုံးပုံတစ်ပုံလောက် ကျသွားခဲ့ပါပြီ။ သူ ပေးဆပ်ဖို့ ဘာမှ မကျန်တော့ပါဘူး။ သူလွှတ်ခဲ့တဲ့ မီးကျည်တွေနဲ့ အချက်ပြမှုတွေကိုလည်း ဘယ်ကယ်ဆယ်ရေးအဖွဲ့ကမှ တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

"ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့ဖူးသမျှ လူတွေအားလုံး ကျွန်တော့်ဘေးနားမှာ ရှိနေသလိုမျိုး ကျွန်တော် ခံစားခဲ့ရတယ်"

တစ်ချိန်မှာတော့ သူဟာ ဖမ်းမိထားတဲ့ ငါးတွေရဲ့ ကလီစာတွေကို ပင်လယ်ထဲ ပြန်ပစ်လိုက်ပါတယ်။ အဲ့ဒီအနံ့ကြောင့် ပင်လယ်ငှက်တွေဟာ သူ့ရဲ့ အထက်မှာ ဝဲပျံလာကြပါတယ်။ အဲ့ဒီ ပင်လယ်ငှက်တွေ ဝဲနေတာကို မြင်လိုက်ရတဲ့ Guadeloupe ကျွန်းစုက တံငါသည်တွေဟာ သတိထားမိသွားကြပါတယ်။ သူတို့ဟာ Callahan ကို ဖောင်ပေါ်မှာ မျောနေတာ ၇၆ ရက်မြောက်နေ့မှာ ရှာတွေ့ခဲ့ပြီး ကမ်းခြေကို ခေါ်သွားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ဆေးရုံမှာ ပြန်လည်ကျန်းမာလာခဲ့ပါတယ်။

ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံကြီးက သူ့အသက်ကို နှုတ်ယူလုနီးပါး ဖြစ်ခဲ့ပေမဲ့ Callahan ကတော့ ဒါကို ဖြတ်သန်းခဲ့ရတာကို နောင်တမရပါဘူး။ နောက်ပြီး ရွက်လှေစီးတဲ့ အလုပ်ကိုလည်း သူ ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။

သူ့ရဲ့ Adrift: Seventy-six Days Lost at Sea ဆိုတဲ့ စာအုပ်ထဲမှာ သူက သူ့ဘဝအတွက် ဘယ်တော့မှ နောင်တမရတော့တဲ့အကြောင်းနဲ့ ကျေးဇူးတင်တတ်ဖို့ ဘယ်လိုသင်ယူခဲ့ရသလဲဆိုတာကို ရေးသားထားပါတယ်။ "ကျွန်တော့်ရဲ့ ဒီဒုက္ခဆိုးကြီးက ကျွန်တော့်ကို ထူးဆန်းတဲ့ ကြွယ်ဝမှုတစ်ခု ပေးခဲ့တာပါ။ အရေးကြီးဆုံး ကြွယ်ဝမှုမျိုးပေါ့။ အဲ့ဒါကတော့... နာကျင်မှု၊ စိတ်ပျက်အားငယ်မှု၊ ဆာလောင်မှု၊ ရေငတ်မှု ဒါမှမဟုတ် အထီးကျန်မှုတွေ မရှိဘဲ ဖြတ်သန်းရတဲ့ အခိုက်အတန့်တိုင်းကို ကျွန်တော် တန်ဖိုးထားတတ်သွားတာပါပဲ။"

လက်မလျှော့ဘဲ ဆုပ်ကိုင်ထားတဲ့ မျှော်လင့်ချက်လေးတစ်ခုထက် ဘာမှ ပိုပြီး မသန်မာပါဘူး။ 

လက်မလျှော့ဘဲ ဆုပ်ကိုင်ထားတဲ့ မျှော်လင့်ချက်လေးတစ်ခုထက် ဘာမှ ပိုပြီး မသန်မာပါဘူး။ 

လက်မလျှော့ဘဲ ဆုပ်ကိုင်ထားတဲ့ မျှော်လင့်ချက်လေးတစ်ခုထက် ဘာမှ ပိုပြီး မသန်မာပါဘူး။ 


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...