Skip to main content

မြေပဲယိုသုတ် ပေါင်မုန့်မီးကင်

 

မြေပဲယိုသုတ် ပေါင်မုန့်မီးကင်

လိုအပ်သော ပစ္စည်းများ -

  • ပေါင်မုန့် နှစ်ချပ်

  • မြေပဲယို တစ်ဗူး

ပြုလုပ်ပုံ အဆင့်ဆင့် - 

၁။ ပေါင်မုန့်ချပ်တွေကို ပေါင်မုန့်ကင်စက်ထဲ ထည့်ပါ။ 

၂။ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက် စောင့်ပါ။ ကင်ပြီးသား ပေါင်မုန့်တွေကို စက်ထဲကထုတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ။ 

၃။ ဓားတစ်ချောင်းနဲ့ မြေပဲယိုကို ပေါင်မုန့်ကင်ရဲ့ တစ်ဖက်မျက်နှာပြင်ပေါ်မှာ အဝအပြဲ သုတ်လိမ်းပါ။ ဓားကို အမြဲတမ်း လားရာတစ်ခုတည်းအတိုင်းပဲ ရွေ့လျားပြီး သုတ်ပေးပါ။ ဘာကြောင့်လဲတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရတာ ပိုပြီး ခံစားချက်ကောင်းလို့ပါ။ 

၄။ အလောတကြီး မလုပ်ပါနဲ့။ ဓားကို ပုံမှန်အရှိန်နဲ့ တိုင်ချီ  ကစားနေသလိုမျိုး ဖြည်းဖြည်းမှန်မှန် ရွေ့လျားရင်း ကျေးဇူးတင်တတ်တဲ့ စိတ်အခြေအနေကို ဖန်တီးပါ။ ဒီအခိုက်အတန့်လေးဟာ ဘာသာရေး ဝတ်ပြုမှုတစ်ခုလိုမျိုး စိတ်ပါလက်ပါ ရှိနေသင့်ပါတယ်။ 

၅။ ပေါင်မုန့်ကင်ပန်းကန်ကို ယူပြီး သင်အကြိုက်ဆုံး ထိုင်ခုံမှာ သွားထိုင်ပါ။ စိတ်ကို ငြိမ်အောင်ထားပါ။ အာရုံခံစားနိုင်စွမ်း ရှိနေရတာဟာ ဘယ်လောက်တောင် အံ့သြဖို့ကောင်းသလဲဆိုတာကို အပြည့်အဝ သတိပြုပါ။ လူသားတစ်ယောက်အဖြစ် ရှင်သန်နေရုံတင်မကဘဲ... မြေပဲယိုသုတ် ပေါင်မုန့်ကင်ကို စားတော့မယ့် လူသားတစ်ယောက်အဖြစ် ရှိနေရတာကို သတိပြုပါ။

၆။ ပထမဆုံး တစ်လုပ်ကို စားလိုက်တဲ့အခါ မျက်စိကို မှိတ်ထားပါ။ ဒီလို အရသာရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ ရှင်သန်မှု အခိုက်အတန့်လေးကို တန်ဖိုးထားခံစားရင်း... သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ချိတ်ကနေ ပြုတ်ကျသွားတဲ့ ပူဖောင်းတွေလိုမျိုး အဝေးကို လွင့်ပါးသွားခွင့်ပေးလိုက်ပါ။ 

၇။ တကယ်လို့ သင်က မြေပဲယိုကို တကယ်ပဲ မကြိုက်ဘူးဆိုရင်လည်း... အခုလို "ကျေးဇူးတင်ခြင်း" နဲ့ "အာရုံစိုက်ခြင်း" ဆိုတဲ့ ဝတ်ပြုမှုဟာ လိမ္မော်ယိုနဲ့ လုပ်ရင်လည်း အလုပ်ဖြစ်တယ်ဆိုတာ သက်သေပြပြီးသားပါ။

NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...