ကျေးဇူးတင်လွှာ
ကျွန်တော့်ရဲ့ အေးဂျင့်ဖြစ်သူ Clare Conville နဲ့ C+W အဖွဲ့သားအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်ရဲ့ အယ်ဒီတာ Francis Bickmore နဲ့ Canongate က အဖွဲ့သားတွေဖြစ်ကြတဲ့ Jamie Byng, Jenny Fry, Lucy Zhou, Alice Shortland, Vicki Watson, Vicki Rutherford, Leila Cruickshank, Megan Reid, Caroline Gorham, Rebecca Bonallie, Jessica Neale, Caroline Clarke, Bethany Ferguson, Rafi Romaya, Jo Lord, Katalina Watt, Steph Scott နဲ့ Drew Hunt တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်ကို ပံ့ပိုးပေးခဲ့ကြတဲ့ စာအုပ်အရောင်းဆိုင်ရှင်များ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့်ရဲ့ အွန်လိုင်းပေါ်က အတွေးအမြင်တွေကို မှတ်ချက်ပေး အားပေးခဲ့ကြတဲ့ ဆိုရှယ်မီဒီယာပေါ်က လူသားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က စာပေအမျိုးအစား (Genre) တစ်ခုနဲ့တစ်ခုကြား အကူးအပြောင်းတွေ လုပ်နေတဲ့ကြားကပဲ ကျွန်တော့်ရဲ့ စာရေးသားမှုတွေကို လက်မလွှတ်ဘဲ အမြဲအားပေးခဲ့ကြတဲ့ စာဖတ်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်နဲ့အတူ နေထိုင်ကြတဲ့ အဖိုးတန်လှတဲ့သူတွေဖြစ်ကြတဲ့ Andrea Semple, Pearl Haig, Lucas Haig နဲ့ ကျွန်တော်တို့ရဲ့ ခွေးမလေး Betsy တို့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
Comments
Post a Comment