ရေအောက်
ကျွန်တော်တို့ဟာ ရောက်ရှိနေသင့်တဲ့ နေရာမှာ ရောက်နေကြတာပါ။ ကျွန်တော်တို့ဟာ အတိတ်မှာ တစ်ခါမှ မရှင်သန်ခဲ့ဖူးပါဘူး။ အတိတ်ဆိုတာ မရှိသလို၊ အနာဂတ်ဆိုတာလည်း မရှိပါဘူး။ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်နေတဲ့ "ပစ္စုပ္ပန်" တွေပဲ ရှိတယ်။ "ပစ္စုပ္ပန်မှာ ဘယ်လိုနေထိုင်မလဲ" ဆိုတာကို သင်ပေးနေတဲ့ တရားထိုင်နည်းတွေ၊ အွန်လိုင်းသင်ခန်းစာတွေ အများကြီး ရှိနေပေမဲ့... တကယ်တော့ ကျွန်တော်တို့ဟာ အားထုတ်စရာမလိုဘဲ အဲ့ဒီထဲမှာ ရှိနေပြီးသားပါ။ အက်မလီ ဒစ်ကင်ဆန် (Emily Dickinson) ပြောခဲ့သလိုပဲ
"ထာဝရဆိုတာ အခု (Nows) တွေနဲ့ စုစည်းထားတာပါ"။
ဒါကြောင့် "ပစ္စုပ္ပန်မှာ ရှိနေဖို့" ဆိုတာ ကျွန်တော်တို့ လုပ်ယူနေစရာ မလိုတဲ့ အရာပါ။ အနာဂတ်ကို စိတ်ကူးယဉ်နေချိန် ဒါမှမဟုတ် အတိတ်ကို လွမ်းဆွတ်နေချိန်မှာတောင် ကျွန်တော်တို့ဟာ အဲ့ဒီနေရာတွေမှာ ရှိမနေပါဘူး။ ပစ္စုပ္ပန်ရဲ့ ကိရိယာတွေ ၊ ခံစားချက်တွေနဲ့ပဲ အမှတ်ရနေတာ။ အိပ်မက်မက်နေတာ ဖြစ်လို့ ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာပဲ ရှိနေတာပါ။ အမြဲတမ်း "ဒီနေ့" ပဲ ဖြစ်နေတာပါ။ မနေ့ကနဲ့ မနက်ဖြန်ဆိုတာလည်း "ဒီနေ့" တွေပါပဲ။
ဒါပေမဲ့ "ပစ္စုပ္ပန်မှာ နေထိုင်ပါ" လို့ ပြောကြတဲ့အခါ ကျွန်တော်တို့ တခြားအဓိပ္ပာယ်ကို ဆိုလိုတာပါ။ စိုးရိမ်ပူပန်မှုတွေကင်းပြီး ပစ္စုပ္ပန်ကို တကယ်တမ်း ဘယ်လို "ပျော်အောင်နေမလဲ" ဆိုတာကို ပြောတာပါ။ တခြားတိရစ္ဆာန်လေးတွေလိုပဲ... ရှေ့မှာ ဘာလာမလဲဆိုတာကို မစိုးရိမ်ဘဲ၊ လက်မနာမချင်း Instagram ကို ပွတ်မနေဘဲ တကယ့်ကို ရှင်သန်ဖို့ပေါ့။ ဟင်နရီ ဒေးဗစ် သိုးရိုး (Henry David Thoreau) ပြောသလို
"လှိုင်းတံပိုးတိုင်းပေါ်ကို ကိုယ့်ကိုယ်ကိုယ် ပစ်တင်လိုက်ပါ"၊ "အခိုက်အတန့်တိုင်းမှာ ထာဝရကို ရှာဖွေပါ" ဆိုတာမျိုးပေါ့။
ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင်... အဲ့ဒါက နည်းနည်းတော့ ပင်ပန်းစရာကောင်းပြီး လက်တွေ့မကျသလိုပါပဲ။ ဘဝမှာ တချို့အခိုက်အတန့်တွေက သာမန်ကာလျှံကာပဲ ဖြစ်နေမှာပါ။ အခိုက်အတန့်တိုင်းကို နက်နက်ရှိုင်းရှိုင်း ရှင်သန်ရမယ်ဆိုတဲ့ ဖိအားက... ကျွန်တော်တို့အတွက် "ကျရှုံးရမယ့် အလုပ်တစ်ခု" ထပ်တိုးလာသလို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ရယ်စရာကောင်းတာက... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် စိတ်ဓာတ်ကျနေတဲ့ အချိန်တုန်းက အခိုက်အတန့်တိုင်းမှာ "ထာဝရ" ကို အရှိဆုံးပါပဲ။ အဲ့ဒီတုန်းက ကျွန်တော်ဟာ အခိုက်အတန့်တိုင်းကို နာကျင်စွာနဲ့ သတိပြုမိနေခဲ့တယ်။ တစ်စက္ကန့်ချင်းစီက ထာဝရလိုပဲ။ တစ်ရက်ဟာ တစ်သက်စာလောက် ကြာတယ်။ ကျွန်တော် ခုန်တက်ခဲ့တဲ့ အချိန်လှိုင်းတွေက ကျွန်တော့်ကို နှစ်မြှုပ်ပစ်နေခဲ့တယ်။ ကျွန်တော် ရေအောက်ရောက်နေပြီး အသက်ရှူလို့ မရခဲ့ဘူး။
အဲ့ဒီအချိန်တုန်းက ဒီအခိုက်အတန့်ထဲမှာ မရှိနေဖို့ ဘာမဆို ကျွန်တော် လုပ်ခဲ့မှာပါ။ ဒီအခိုက်အတန့်ကို သတိမပြုမိဖို့ (Mindfulness မဟုတ်ဘဲ Mindlessness) ကိုပဲ ကျွန်တော် လိုချင်ခဲ့တာ။ ပိုကောင်းတဲ့ အနာဂတ်ဆီကို အမြန်သွားချင်ခဲ့သလို၊ အတိတ်ဆီကိုလည်း ပြန်ပြေးချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ "ပစ္စုပ္ပန်မှာ ရှိနေဖို့" ဆိုတဲ့ ရည်ရွယ်ချက်က မလုံလောက်ပါဘူး။ အဲ့ဒီပစ္စုပ္ပန်မှာ ရှိနေခြင်းက ကျွန်တော့်ကို သတ်ပစ်မှာ မဟုတ်ဘူးဆိုတာကိုပဲ ကျွန်တော် သေချာချင်တာပါ။
ပစ္စုပ္ပန်ကို ပျော်အောင် မနေနိုင်ရတဲ့ အဓိက အတားအဆီးတစ်ခုကတော့ ကျွန်တော်တို့ဟာ "အရာရာကို အပြီးသတ်ချင်သူတွေ" (Completists) ဖြစ်နေလို့ပါ။ မပြီးသေးတဲ့ အလုပ်တွေ ရှိနေရင် ကျွန်တော်တို့ ငြိမ်ငြိမ်မနေနိုင်ကြဘူး။ ပြန်မဖြေရသေးတဲ့ အီးမေးလ်တွေ၊ မပေးရသေးတဲ့ ဘေလ်တွေ၊ မအောင်မြင်သေးတဲ့ ပန်းတိုင်တွေ။ လုပ်စရာတွေ ဒီလောက်များနေတာကို ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး ရှိနေရုံသက်သက်ပဲ ရှင်သန်နိုင်မှာလဲ။
အောင်မြင်ဖို့ အခက်ခဲဆုံး အိပ်မက်ကတော့... "မရှင်သန်လိုက်ရတဲ့ အိပ်မက်တွေက ကိုယ့်ကို နှိပ်စက်နေတာကနေ လွတ်မြောက်ဖို့" ပါပဲ။ မပြည့်စုံခြင်းဆိုတာ လူသားတွေရဲ့ သဘာဝပဲလို့ လက်ခံနိုင်ဖို့ပါ။ ကိုယ့်ရဲ့ မပြည့်စုံမှုတွေကြားမှာတင် ပြည့်စုံနေဖို့ပါ။ အမှတ်တရတွေနဲ့ ရည်မှန်းချက်တွေဆိုတဲ့ သံခြေကျင်းတွေကနေ လွတ်မြောက်ဖို့၊ တခြားသူတွေနဲ့ နှိုင်းယှဉ်တာတွေကနေ လွတ်မြောက်ဖို့၊ နောက်ပြီး ဘာရည်ရွယ်ချက်မှ မရှိဘဲ အခိုက်အတန့်နဲ့ ရိုးရိုးရှင်းရှင်း ရင်ဆိုင်ဖို့... အချိန်လိုပဲ လွတ်လပ်စွာ တည်ရှိနေဖို့ပါပဲ။
Comments
Post a Comment