Skip to main content

မျှော်လင့်ချက် ဒြပ်စင်များ




မျှော်လင့်ချက် ဒြပ်စင်များ

မြေ၊ ရေ၊ လေ၊ မီး။ အရာရာဟာ ချိတ်ဆက်နေတယ်။ စကြဝဠာထဲက အရာအားလုံးဟာ တခြားသော အရာအားလုံးနဲ့ သက်ဆိုင်ပတ်သက်နေပြီး။ ရူပဗေဒပညာရှင် ရစ်ချက် ဖိုင်းမန်း (Richard Feynman) က 

"A ကို B နဲ့ လုပ်ထားတာ ဒါမှမဟုတ် B ကို A နဲ့ လုပ်ထားတာလို့ သင်ပြောလို့မရပါဘူး၊ ဒြပ်ထု (Mass) အားလုံးဟာ အပြန်အလှန် သက်ရောက်မှု (Interaction) တွေသာ ဖြစ်တယ်" လို့ ပြောခဲ့ဖူးတယ်။ 

ရုပ်ဝတ္ထုတွေအတွက် မှန်ကန်တဲ့ ဒီအချက်ဟာ ကျွန်တော်တို့ရဲ့ စိတ်ပညာနဲ့ ခံစားချက်တွေအတွက်လည်း မှန်ကန်နိုင်ပါတယ်။

နာကျင်မှုဟာ အချိန် ကနေတစ်ဆင့် ပျော်ရွှင်မှုနဲ့ ချိတ်ဆက်နေတယ်။ ပျော်ရွှင်စရာ ပစ္စုပ္ပန်ဟာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး အမှတ်တရ ဖြစ်လာတဲ့အခါမှာတော့ ဝမ်းနည်းပူဆွေးမှုဆိုတဲ့ နာကျင်မှုနဲ့ ချိတ်ဆက်သွားပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုပဲ... နက်ရှိုင်းတဲ့ စိတ်ပျက်အားငယ်မှုတွေရဲ့ အတွင်းပိုင်းမှာလည်း ပိုကောင်းတဲ့ အချိန်တွေရှိခဲ့ဖူးတယ်ဆိုတဲ့ အသိ ၊ ဒါမှမဟုတ် ပိုကောင်းတဲ့ အချိန်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အသိက မိတ်ဆွေကို  အခက်အခဲတွေကြားကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

တစ်ခါတလေမှာ အဲ့ဒီ စိတ်ပျက်အားငယ်မှုတွေ ကြားထဲကနေတဆင့်တောင် ပျော်ရွှင်မှုကို ကျွန်တော်တို့ ရရှိနိုင်ပါသေးတယ်။ ဒါကို ကျွန်တော် ဘယ်လိုပြောရမလဲဆိုတာ သေချာဂရုစိုက်ရပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို အပြည့်အဝ နားလည်ရဲ့လားဆိုတာ မသေချာလို့ပဲ။ ဒါပေမဲ့ စိတ်ဓာတ်ကျနေတဲ့ အချိန်တွေရဲ့ အတွင်းပိုင်းမှာ ကျွန်တော် သိရှိခံစားခဲ့ရတဲ့ ပျော်ရွှင်မှုမျိုး ရှိခဲ့ဖူးတယ်။ ဒါဟာ စိတ်ဓာတ်ကျဝေဒနာကို လျှော့တွက်တာ မဟုတ်ဘူးရယ်။ အဲ့ဒီဝေဒနာဟာ ပြင်းထန်လွန်းတယ်။ အသက်အန္တရာယ်ရှိတယ်။ အဲ့ဒါကြီးကို အဆုံးသတ်ချင်ခဲ့ပေမဲ့ ဘယ်လို ဘယ်တော့ အဆုံးသတ်မလဲဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။

ဒါပေမဲ့... ဒါပေမဲ့လည်း... အဲ့ဒီလို ဖြစ်နေတဲ့အတွက်ကြောင့်ပဲတော့ မဟုတ်ဘူး။ အဲ့ဒီလို ဖြစ်နေလို့ကို ကျွန်တော်ဟာ အလှတရား ဒါမှမဟုတ် သက်သာရာရမှု အခိုက်အတန့်လေးတစ်ခုကို ကြုံတွေ့ရတဲ့အခါ အဲ့ဒီအရာဟာ အင်မတန် အစွမ်းထက်လာတာ။ ညဘက် ကောင်းကင်ယံကြီးဟာ အလှတရားတွေနဲ့ သီချင်းဆိုနေသလို ခံစားရတယ်။ အနမ်းတစ်ခု ဒါမှမဟုတ် ပွေ့ဖက်မှုတစ်ခုဟာ အဓိပ္ပာယ်တွေ အဆပေါင်းများစွာ တိုးလာတယ်။ အဲ့ဒါဟာ ကျွန်တော့်စိတ်ရဲ့ အပြင်ဘက်က ရှင်သန်မှုတွေက ကျွန်တော့်အတွင်းထဲမှာရှိတဲ့ ဖျက်ဆီးလိုတဲ့ အင်အားစုတွေကို သိရှိသွားပြီး အံ့သြဖွယ်ရာတွေနဲ့ ပြန်လည်တိုက်ဖျက်ပေးနေသလိုပါပဲ။

လူ့ခန္ဓာကိုယ်ထဲမှာ ကာဗွန်၊ အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် အမြောက်အမြားရှိနေတဲ့ကြားက ကြေးနီ၊ ဇင့် နဲ့ ရွှေ စတဲ့ ဒြပ်စင်အစအနလေးတွေ ပါဝင်နေတာကို စဉ်းစားကြည့်ပါ။ အဲ့ဒီလိုပါပဲ... ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဝါးတဲ့ အတွေ့အကြုံတိုင်းကိုသာ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် အကြောက်တရားနဲ့ အားငယ်မှုတွေ အများကြီး ရှိနေတဲ့ကြားမှာ တခြားအရာလေးတွေရဲ့ အစအနလေးတွေကိုလည်း တွေ့ရပါလိမ့်မယ်။ အဲ့ဒါတွေကတော့ ကြည်နူးမှု၊ မျှော်လင့်ချက်၊ အချစ်နဲ့ ပျော်ရွှင်မှုတွေပါပဲ။ မှောင်မိုက်နေတဲ့ အချိန်မှာတောင် အသေးငယ်ဆုံးသော အလင်းစက်လေးတွေဟာ တောက်ပနိုင်တယ်။ ကျွန်တော်တို့ရဲ့ အာရုံကို ဖမ်းစားနိုင်တယ်။ နောက်ပြီး ကျွန်တော်တို့ကို အိမ်ပြန်လမ်းဖြစ်တဲ့ စိတ်အေးချမ်းရာဆီကိုတောင် လမ်းပြခေါ်ဆောင်သွားနိုင်ပါတယ်။


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...