Skip to main content

စာအုပ်အကြောင်းမိတ်ဆက်





စာအုပ်အကြောင်းမိတ်ဆက်

ဒီစာအုပ်ဟာ ဘဝတစ်ခုလိုပဲ ရှုပ်ထွေးချင်တိုင်း ရှုပ်ထွေးနေပါလိမ့်မယ်။

အခန်းတိုလေးတွေ အများကြီးပါသလို အခန်းရှည်အချို့လည်း ပါပါတယ်။ စာရင်းဇယားတွေ၊ မှတ်သားဖွယ် အဆိုအမိန့်တွေ၊ ကိုးကားချက်တွေ၊ ဖြစ်ရပ်မှန် လေ့လာချက်တွေအပြင် ဟင်းချက်နည်းတချို့တောင် ပါဝင်ပါသေးတယ်။ ဒီစာအုပ်ကို ကိုယ်တွေ့အတွေ့အကြုံတွေက လွှမ်းမိုးထားပေမဲ့ ကွမ်တမ်ရူပဗေဒကနေ ဒဿနိကဗေဒအထိ ကျွန်တော်နှစ်သက်တဲ့ ရုပ်ရှင်တွေကနေ ရှေးဟောင်းဘာသာတရားတွေနဲ့ Instagram အထိ အရာရာတိုင်းဆီကနေ ရရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို ထည့်ရေးထားတာပါ။

သင်နှစ်သက်သလို ဖတ်ရှုနိုင်ပါတယ်။ အစကနေ အဆုံးထိ ဖတ်မလား၊ အဆုံးကနေ အစကို ပြန်ဖတ်မလား။ 
ဒါမှမဟုတ် ကြုံသလို လှန်လှောကြည့်မလား... ဘယ်လိုဖတ်ဖတ် အဆင်ပြေတယ်နော်။

စာမျက်နှာတွေကို ခေါက်ချင်လည်း ခေါက်ထားနိုင်တယ်။ ဆုတ်ပစ်ချင်လည်း ဆုတ်ပစ်နိုင်တယ်။ သူငယ်ချင်းကို ငှားပေးချင်လည်း ရတယ် ။ စာမျက်နှာတွေ ဖြဲထားမိရင်တော့ မငှားတာ ကောင်းမယ်ပေါ့လေ။ အိပ်ရာဘေးမှာပဲ ထားထား၊ အိမ်သာထဲမှာပဲ ထားထား၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေ အပြင်ကိုပဲ လွှင့်ပစ်လိုက်ချင်လား... ဘာပြဿနာမှ မရှိပါဘူး။

ဒါပေမဲ့ ဒီထဲမှာ မရည်ရွယ်ဘဲ ပါလာတဲ့ အဓိကအကြောင်းအရာ တစ်ခုတော့ ရှိတယ်။ အဲ့ဒါကတော့ "ချိတ်ဆက်မှု"  ပါပဲ။ ကျွန်တော်တို့အားလုံးဟာ အရာရာတိုင်း ဖြစ်နိုင်ကြသလို၊ အရာရာတိုင်းနဲ့လည်း ချိတ်ဆက်နေကြပါတယ်။ လူသားအချင်းချင်း၊ အခိုက်အတန့်တစ်ခုနဲ့ တစ်ခု၊ နာကျင်မှုကနေ ပျော်ရွှင်မှုဆီ၊ မျှော်လင့်ချက်မဲ့ခြင်းကနေ မျှော်လင့်ချက်ရှိခြင်းဆီသို့...

ခက်ခဲတဲ့အချိန်တွေမှာ ကျွန်တော်တို့ဟာ စိတ်ရင်းပါတဲ့ နှစ်သိမ့်မှုမျိုးကို လိုအပ်ကြပါတယ်။ ခိုင်မာတဲ့ အထောက်အပံ့တစ်ခုလို ကုပ်တွယ်ကပ်ထားဖို့ ကျောက်ဆောင်ကြီးတစ်ခုလိုမျိုးပေါ့။

တကယ်တော့ အဲ့ဒီလို နှစ်သိမ့်မှုမျိုးဟာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာ ရှိပြီးသားပါ။ ဒါပေမဲ့ အဲ့ဒါကို ပြန်မြင်နိုင်ဖို့အတွက် တစ်ခါတလေမှာ အကူအညီ အနည်းငယ်တော့ လိုအပ်တတ်ပါတယ်။

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...