လက်ခံခြင်း
"ကိုယ့်ကိုယ်ကိုယ်ဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေတာတွေ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာအောင် အတင်းအကျပ် ပြုပြင်နေတာတွေကို ရပ်တန့်လိုက်ပြီး... ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်းပဲ ခွင့်ပြု လိုက်ရမယ့် လှပတဲ့ အခိုက်အတန့်တစ်ခု ရောက်လာပါလိမ့်မယ်။"
TN // လက်ခံလိုက်ဖို့ဆိုတာ ပြောတော့တာ လွယ်တာပါ။ တကယ်တော့ အဲ့အဆင့်ရောက်ဖို့ အရမ်းခက်ခဲတယ်။
အဆင့် 5 ဆင့် ဖြတ်ကျ်ောရတယ်။ ဒေါသတွေထွက်မယ်။ အတိတ်ကိုပဲ ပြန်တွေးပြီး နောင်တရတဲ့အခါတွေလည်း ရှိမယ်။ ငါသာ စိတ်ဓာတ်တွေလည်း ကျလာနိုင်တယ်။ အဲ့လို အဆင့်တွေထဲ တဝဲလည်လည် အားတင်းဖြတ်ကျော် ပြီးမှ အပေါ်ကပြောသလို ပါချုပ်ဆရာတော်ကြီးပြောသလို ဖြစ်ချိန်တန်လို့ ကံတရားပါပဲ လို့ လက်ခံလိုက်မှသာ Healing stage ကို သွားလို့ရတာမျိုး....
__________________________________________________________________________
အခြေခံကျသော လက်ရှိအခိုက်အတန့်
ဗုဒ္ဓဘာသာမှာ "မေတ္တာ" (Mettā သို့မဟုတ် maitrī) ဆိုတဲ့ အယူအဆရှိပါတယ်။ အဲ့ဒါဟာ စေတနာကောင်းထားခြင်း ဒါမှမဟုတ် "မေတ္တာကရုဏာပွားများခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။ မေတ္တာဆိုတာ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်း လက်ခံခြင်းပါပဲ။ သင့်ကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ အဲ့ဒီအစား သင့်ကိုယ်သင်ရော၊ အရာရာတိုင်းကိုပါ "အမြဲပြောင်းလဲနေတဲ့ သဘောတရား" အဖြစ်ပဲ လက်ခံလိုက်တာပါ။
Pema Chödrön က When Things Fall Apart စာအုပ်မှာ ရှင်းပြထားသလိုပဲ... ဒီအယူအဆက ဘာကြောင့် ထူးခြားသလဲဆိုတော့ "ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေခြင်း" ဆိုတာမျိုး မရှိလို့ပါပဲ။ အဲ့ဒါဟာ "ထိန်းချုပ်ချင်စိတ်ကို အကုန်လုံး စွန့်လွှတ်လိုက်ပြီး ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေ၊ အတွေးအခေါ်တွေကို ပြိုပျက်ခွင့်ပေးလိုက်တာပါ။ ဖြစ်ပျက်သမျှ အရာအားလုံးဟာ အစလည်းမဟုတ်သလို အဆုံးလည်းမဟုတ်ဘူးဆိုတာကို သတိပြုမိလာခြင်းကနေ စတင်တာပါပဲ။"
အဲ့ဒီလို သိမြင်သွားတဲ့အခါ... မိတ်ဆွေ ခံစားနေရတဲ့ ဘယ်ခံစားချက်မျိုးမဆိုဟာ လူသားတွေရဲ့ သဘာဝဘောင်အတွင်းမှာပဲ ရှိနေပြီး လူသားသမိုင်းတစ်လျှောက် လူတွေ ခံစားခဲ့ဖူးတဲ့ အရာတွေပဲဆိုတာ သင် မြင်လာပါလိမ့်မယ်။
"အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်ခံစားမှုတွေနဲ့ မှတ်ဉာဏ်တွေဟာ လာလိုက် သွားလိုက်ပါပဲ။ ဒါပေမဲ့ 'အခြေခံကျတဲ့ လက်ရှိအခိုက်အတန့်' (Basic nowness) ကတော့ အမြဲတမ်း ရှိနေမှာပါ။"
မေတ္တာဆိုတဲ့ အယူအဆဟာ ကိုယ့်ကိုယ်ကိုယ် သနားကြင်နာရုံထက် ပိုပါတယ်။ မေတ္တာဘာဝနာ ပွားများတဲ့အခါမှာ ကရုဏာစိတ်ကို ပထမဆုံး ကိုယ့်ကိုယ်ကိုယ်ဆီ၊ ပြီးရင် မိသားစုနဲ့ သူငယ်ချင်းတွေဆီ၊ အဲ့ဒီနောက်မှာတော့ သက်ရှိအားလုံးဆီကို ဖြန့်ကျက်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ပေးတဲ့သူတွေ ဒါမှမဟုတ် ဒေါသထွက်အောင် လုပ်တဲ့သူတွေဆီကိုတောင်မှပေါ့။ ဒါကို များသောအားဖြင့် မန္တန် (Mantra) ရွတ်ဆိုသလိုမျိုး ကိုယ့်ကိုယ်ကိုယ်ကနေ စတင်ပြီး ဘဝရှင်သန်မှု အားလုံးဆီကို ဦးတည်က ရေကန်ထဲက ရေလှိုင်းလေးတွေလို တစ်ဆင့်ထက်တစ်ဆင့် ပိုမိုကျယ်ပြန့်တဲ့ စက်ဝိုင်းပုံစံနဲ့ ပျံ့နှံ့သွားစေတာပါ။
"ကျွန်ုပ် ဘေးကင်းပါစေ၊ ပျော်ရွှင်စွာ ရှင်သန်နိုင်ပါစေ... သူမ ဘေးကင်းပါစေ၊ ပျော်ရွှင်စွာ ရှင်သန်နိုင်ပါစေ... သူတို့ ဘေးကင်းပါစေ၊ ပျော်ရွှင်စွာ ရှင်သန်နိုင်ပါစေ... သက်ရှိအားလုံး ဘေးကင်းကြပါစေ၊ ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါစေ။"
ဒါဟာ သိပ်လှပါတယ်။ အရာရာတိုင်းအပေါ် ကရုဏာထားခြင်းက ဘဝရဲ့ တညီတညွတ်တည်းဖြစ်မှုကို ချိတ်ဆက်ပေးတယ်ဆိုတဲ့ အတွေးပါ။ ကျွန်တော်တို့ဟာ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံစားမိပေမဲ့... တစ်ဖက်မှာလည်း ဘဝနဲ့ သဘာဝတရားကြီးရဲ့ ပျော်ရွှင်မှုကိုပါ ခံစားရပါတယ်။ ကရုဏာစိတ်ကနေတစ်ဆင့် ကျွန်တော်တို့ဟာ အရာရာတိုင်းရဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ တင်စားပြောရရင် မီး၊ မြေ၊ လေ၊ ရေတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ဟာ မူလကတည်းက ဖြစ်တည်နေခဲ့တဲ့ အရာ... "ရှင်သန်ခြင်း" (Life itself) ဆိုတာကြီး ဖြစ်လာပါတော့တယ်။
Comments
Post a Comment