Skip to main content

FINAL EPISODE





FINAL EPISODE




ချန်ကျန့်သည် သူ၏ကုလားထိုင်ဘေးတွင် ထိုင်နေသော မှိုလေး ကို ပွတ်သပ်ပေးရင်း၊ ကွန်ပျူတာပေါ်ရှိ အခန်းကြိုတင်စာရင်းသွင်းမှု အခြေအနေများကို ကြည့်ကာ ဧည့်ကြိုစားပွဲတွင် ထိုင်နေသည်။

အခန်းများ၏ ထက်ဝက်ကျော်မှာ ကြိုတင်စာရင်းသွင်းပြီးသား ဖြစ်နေပြီဖြစ်သည်။ အမှန်တကယ်တော့ ဤအချက်အလက်များကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ ကြည့်နေရန် မလိုသော်လည်း၊ သူသည် အားလပ်သည့်အချိန်တိုင်း ဤသို့ကြည့်ရသည်ကို နှစ်သက်ဆဲပင်။ ၎င်းက သူ့ကို ကျေနပ်မှုနှင့် လုံခြုံမှုအပြည့် ပေးစွမ်းနိုင်သည်။

ပိုက်ဆံရှာနိုင်ခြင်းက ပေးသည့် လုံခြုံမှုမျိုးပေါ့။

ယနေ့သည် ချန်ကျန့်အတွက် အလုပ်ပိတ်ရက် ဖြစ်သော်လည်း အားလပ်ရက်များတွင်လည်း တည်းခိုခန်းမှာပင် အမြဲရှိနေတတ်ပြီး လိုအပ်သည့်နေရာတိုင်းတွင် ဝင်ရောက်ကူညီပေးတတ်သည့် "ဝက်အူရစ်" တစ်ခုကဲ့သို့ ဖြစ်နေသည်။ ယခုတစ်ကြိမ်တွင်မူ သူသည် မနက်စာစားနေသော ဟူဖန် ၏ကိုယ်စား ခဏဝင်ထိုင်ပေးနေခြင်း ဖြစ်သည်။

ဒါပေမဲ့ ဟူဖန်ကတော့ ပုံမှန်ထက် ပိုမြန်မြန်စားလိုက်ပြီး ပါးစပ်ထဲမှာ မုန့်စလေးတစ်ခု ငုံထားလျက် ပြန်ရောက်လာသည်။

"ကျွန်မပဲ ဆက်လုပ်လိုက်တော့မယ် ။ ခဏနေရင် အဖွဲ့ငယ်လေးတစ်ခု အခန်းလာယူဖို့ ရှိတယ်။ ခုနစ်ခန်းတောင်။ ရှစ်နာရီဝန်းကျင်လောက် ရောက်မယ်လို့ သူတို့ ဖုန်းဆက်ထားပြီးပြီ။"

"ငါကရော မလုပ်ပေးနိုင်ဘူးလား"

ချန်ကျန့်က မတ်တပ်ထရပ်ရင်း သူမကို နေရာဖယ်ပေးလိုက်သည်။

"ရှင် ကျွန်မလောက် မမြန်ဘူးလေ"

ဟူဖန်က ပန်ကိတ်မုန့် နောက်ဆုံးတစ်လုတ်ကို မြိုချပြီး လက်ကိုသုတ်ရင်း ပြောလိုက်သည်။

"ဒါနဲ့ ဒီနေ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ လျိုဝူက ကျွန်မတို့ရဲ့ ပထမဆုံး Pilot Teaser ကို တည်းဖြတ်ပေးထားတယ်။ သူ ပို့ပေးတာနဲ့ Group Chat ထဲကို ပို့လိုက်မယ်။ ရှင် ကြည့်ကြည့်ဦး။"

"Pilot Teaser " ချန်ကျန့် အံ့သြသွားသည်။

"ငါးမိနစ်စာပဲရှိတဲ့ Web Series လေးကို Pilot Teaser ဆိုတာကြီး ရှိလို့လား။ ဒါက နမူနာဗီဒီယို လို့ ပြောတာတောင် နည်းနည်း လွန်နေပြီ မဟုတ်ဘူးလား"

"ထင်တာတော့ Trailer ပဲ ဖြစ်မှာပါ။ ကျန်တဲ့ ရိုက်ကွင်းအစအနတွေကိုလည်း တည်းဖြတ်နေတုန်းပဲ၊ မကြာခင် ထွက်လာတော့မှာ။ လျိုဝူက Pilot လို့ ခေါ်ပြီး ကြွားချင်နေတာပါ။ အခုခေတ်က အဲဒီလိုပဲ မဟုတ်လား မနေ့ကဆို တစ်ယောက်ယောက်က ဖုန်းဆက်ပြီး တို့တည်းခိုခန်းရဲ့ မန်နေဂျာ က ဘယ်သူလဲလို့တောင် လာမေးသေးတယ်။ ကျွန်မတောင် ချက်ချင်း နားမလည်လိုက်ဘူး"

"မင်းက ဧည့်ကြိုဌာန မန်နေဂျာလေ"

"ဒါဆို ချန်အာဟူက မီးဘေးအန္တရာယ် ကာကွယ်ရေး မန်နေဂျာပေါ့" ဟူဖန်က ဆက်ပြောသည်။

"ဆန်းပင်းက လုံခြုံရေး မန်နေဂျာ၊ လောင်ဝူက သန့်ရှင်းရေး မန်နေဂျာ၊ ပြီးတော့ လောင်စစ်က..."

"လက်ရုံးတော်ကြီး ပေါ့" ဟု ချန်ကျန့်က ဖြည့်စွက်လိုက်သည်။

"အဟားဟားဟား!"

ဟူဖန် တဟားဟား ရယ်မောတော့သည်။ ထိုစဉ်မှာပင် လက်ရုံးတော်ကြီး လောင်စစ်သည် နွားနို့ဗူးတစ်ဗူးကို ကိုင်ကာ ဖြတ်လျှောက်သွားရင်း သူမကို လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ ဘာလို့ အဲဒီလောက်ကြီး ရယ်နေရတာလဲ"

"နင့်ကို လက်ရုံးတော်ကြီးလို့ ပြောနေတာ"

"ဘယ်သူကဘော့စ်ရှန်ကို ယှဉ်နိုင်မှာမို့လို့လဲ" လောင်စစ်က မေးသည်။

"သူကတော့ ဆရာကြီး လို့ ခေါ်တဲ့ လူမျိုးလေ။ နင့်ရာထူးနဲ့ သူနဲ့က မတူဘူး။"

လောင်စစ်က တောက်တစ်ချက်ခေါက်ကာ နွားနို့ကို သောက်ရင်း ထွက်သွားလေသည်။

ချန်ကျန့်သည် မူလက ဟူဖန်ကို ကူညီရန် ဧည့်ကြိုစားပွဲတွင် ဆက်နေချင်ခဲ့သည်။ အခန်းခုနစ်ခန်းဆိုသည်မှာ လူဆယ်ယောက်ကျော် ရှိမည်မဟုတ်လား။ သို့သော် ဆန်းပင်းက မနက်စာစားပြီးသည်နှင့် ဧည့်ကြိုစားပွဲဘေးတွင် လာရပ်နေပြန်သည်။

ချန်ကျန့်လည်း ထွက်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။

သို့သော် ရှစ်နာရီဝန်းကျင်တွင် သူသည် ရင်ပြင်ထဲရှိ ဘုတ်ပြားလေးတွေကို ရှင်းလင်းနေစဉ်မှာပင် လူတစ်စု ရင်ပြင်ထဲသို့ လျှောက်ဝင်လာကြသည်။ အဖွဲ့ငယ်လေး ရောက်လာပြီ။ သူ အံ့သြသွားရသည်။

တက္ကသိုလ်ကျောင်းသားတစ်စုပဲ။ ဒါပေမဲ့ သူတို့က လျိုဝူနဲ့ သူ့သူငယ်ချင်းတွေလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်သည့် ပုံစံမျိုးတော့ မဟုတ်ကြဘူး။ သူတို့မှာ ပုံမှန်ခရီးဆောင် ကျောပိုးအိတ်တွေအပြင် တစ်ယောက်ချင်းစီမှာ သေတ္တာတစ်လုံးစီလည်း ပါလာကြတယ်...။

"သူတို့ ဘာလုပ်ကြမလို့လဲ"

ချန်ကျန့်က မနေနိုင်ဘဲ မေးလိုက်မိသည်။

သန့်ရှင်းရေး မန်နေဂျာလောင်ဝူက ကြမ်းပြင်လှည်းရင်း ပြောပြသည်။

"ဒီအုပ်စုက ပန်းချီဆွဲဖို့၊ ပုံကြမ်း လာဆွဲကြတာလေ။ အဲဒီသေတ္တာတွေထဲမှာ သူတို့ရဲ့ ပုံဆွဲကိရိယာတွေ ပါတာပေါ့။"

ချန်ကျန့်က လောင်ဝူကို တစ်ချက်ကြည့်လိုက်သည်။

"မင်းက အတော်နှံ့စပ်တာပဲလား"

"တင်းတင်း ပြောပြဖူးတာလေ။ သူက ပန်းချီဆွဲရတာ အရမ်းဝါသနာပါတာ၊ ဒါပေမဲ့ သူ့ရဲ့ အခြေအနေတွေက ခွင့်မပြုခဲ့ဘူး..."

လောင်ဝူက ဧည့်ခန်းထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည့် ကျောင်းသားတွေကို လှမ်းကြည့်ရင်း

"သူ အခု ဘယ်လိုနေမလဲတောင် မသိဘူး။"

"သူက မင်းကို ဘလော့ထားတာလား"

"မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ သူ့ကို စကားလှမ်းပြောရင် သူ သိပ်ပြန်မပြောဘူး။"

"သူ့ရဲ့ Moments ကိုရော ကြည့်လို့မရအောင် ပိတ်ထားတာလား" ချန်ကျန့်က ထပ်မေးပြန်သည်။

လောင်ဝူက သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ခေတ္တအကြာမှ သူက "မပိတ်ပါဘူး" ဟု ပြန်ဖြေသည်။

"အဲဒါဆိုရင် ဘာဖြစ်လို့လဲ" ချန်ကျန့်ကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။

"သူ အလုပ်စဝင်နေပြီ ။ အထည်ဆိုင် သေးသေးလေးတစ်ခုမှာလေ။"

"အဲဒါ ကောင်းတာပေါ့။ သူ အခု အခြေအနေကောင်းနေတာပဲ"

"မင်း မသိပါဘူး"

လောင်ဝူက မျက်ဝန်းတွေ ဝေဝါးလျက်နှင့် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"ငါပြောတဲ့ ဘယ်လိုနေမလဲဆိုတာက ဒီလိုမျိုး အလုပ်အကိုင်အခြေအနေကို ပြောတာမဟုတ်ဘူး၊ သူက..."

"စားဝတ်နေရေး အဆင်ပြေလာရင် အရာရာက တဖြည်းဖြည်း ကောင်းမွန်လာမှာပါ။ ဘယ်လို အခြေအနေ မျိုးပဲဖြစ်ဖြစ် ကောင်းလာမှာပါ။"

"ဖြစ်နိုင်တာပဲ"

လောင်ဝူက လေသံတိုးတိုးဖြင့် ရေရွတ်သည်။

"နောက်တစ်ခါ ဗီဒီယိုရိုက်ရင် ဖန်ဖန်ကို ပြောပြီး မင့်ရဲ့ဇာတ်ကောင်နေရာကို ပြောင်းခိုင်းလိုက်ဦး"

ချန်ကျန့်က အိမ်ထဲသို့ လျှောက်ဝင်ရင်း ပြောလိုက်သည်။

"မင်းက ဇာတ်ထဲကနေ ပြန်ထွက်လို့မရဘဲ ဖြစ်နေသလိုပဲ။"

ချန်ကျန့် အထဲသို့ အဝင်တွင် အပြင်သို့ ထွက်လာသော ဧည့်သည်တစ်ဦးနှင့် တိုက်မိမလို ဖြစ်သွားသည်။

"တောင်းပန်ပါတယ်ခင်ဗျာ"

ချန်ကျန့်က အမြန်ဘေးသို့ ဖယ်ပေးရင်း တောင်းပန်လိုက်သည်။

"ရပါတယ်ဗျာ။ ကျွန်တော်လည်း ခင်ဗျားကို တစ်ခုလောက် မေးမလို့ပဲ။ခင်ဗျားက တောင်ပေါ်လမ်းကြောင်းတွေကို တော်တော်နှံ့စပ်တယ် မဟုတ်လား"

ချန်ကျန့် ထိုဧည့်သည်ကို ကြည့်လိုက်ရာ အဖွဲ့ခေါင်းဆောင်ဟော့နဲ့အတူ ပါလာတဲ့ ကိုးချန်ဆိုသူ ဖြစ်နေသည်။

ချန်ကျန့် သူ့ကို ပိုပြီး မှတ်မိနေရခြင်းမှာ သူ၏ အသုံးအဆောင် ကိရိယာများကြောင့် ဖြစ်သည်။ လောကအကြောင်း နှံ့စပ်လှသော ဆွန်းနာနာ၏ အဆိုအရ ထိုသူ၏ ကိရိယာတန်ဆာပလာများမှာ အခြားသူများထက် အဆပေါင်းများစွာ ပို၍ ဈေးကြီးသည်ဟု ဆိုသည်။

သို့သော် ယခုအခါ သူသည် တန်ဖိုးကြီး ကိရိယာအပြည့်အစုံဖြင့် ချန်ကျန့်ရှေ့တွင် ရပ်နေသော်လည်း အဖွဲ့ခေါင်းဆောင်ဟော့နှင့် အခြားသူများမှာ ထွက်ခွာသွားသည်မှာ နှစ်နာရီနီးပါး ရှိနေပြီဖြစ်သည်။

"လောင်ကိုး…အဖွဲ့ခေါင်းဆောင်ဟော့တို့နဲ့ အတူတူမလိုက်ဘူးလား"

"ကျွန်တော် အိပ်ရာနိုးနောက်ကျသွားလို့" ကိုးချန်က သမ်းဝေရင်း ပြောသည်။

"ပြီးတော့ ပစ္စည်းထုပ်ပိုးတာနဲ့တင် နာရီဝက်လောက် ကြာသွားတယ်လေ... ဒီနေ့က နောက်ဆုံးလမ်းကြောင်းမလား။ အဲဒါ ဘယ်လမ်းလဲဆိုတာ ခင်ဗျားသိလား"

ငါသိရင်တောင် မင်းကို မပြောပြ ရဲဘူး ။ ပစ္စည်းထုပ်တာနဲ့တင် နာရီဝက်ကြာနေတဲ့သူဆိုတော့...

"အဲဒီလမ်းက..." ချန်ကျန့် ဝေခွဲမရဖြစ်ဟန်ဖြင့်

"ကျွန်တော် အကြမ်းဖျင်းတော့ သိပါတယ်..."

"ရပါတယ်၊ ပြောသာပြောပါ။ ဟော့ရန်တို့က လမ်းမှာ အမှတ်အသားတွေ ထားခဲ့မှာပါ။ ကျွန်တော် သူတို့နောက်ကနေ လိုက်သွားရုံပဲလေ။"

"နားလည်ပါပြီ" ချန်ကျန့် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး

"ဆန်းပင်း!"

"ဟေး!"

"လောလောဆယ် Check-in ကိစ္စတွေကို အာဟူကို ကူခိုင်းလိုက်ဦး။ ဒီမှာလောင်ကိုးကို အဖွဲ့ခေါင်းဆောင်ဟော့တို့ ဒီနေ့သွားတဲ့ လမ်းကြောင်းဆီ လိုက်ပို့ပေးလိုက်ပါ။ အဘိုးကြီးချန်တို့ တောအုပ်ကို ကျော်သွားတဲ့ လမ်းလေ။"

"အိုကေ"

ဆန်းပင်းက ခေါင်းညိတ်သည်။

"ဆန်းပင်းက ခင်ဗျားကို သူ့ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါလိမ့်မယ်"

"အဲဒါက အရမ်း ဒုက္ခများသွားမလား"

ကိုးချန်က ဆန်းပင်းကို ကြည့်ကာ မေးသည်။

"ဒုက္ခမများပါဘူး အစ်ကိုရာ"

ဆန်းပင်းက သော့ကို ထုတ်ရင်း ပြောလိုက်သည်။

"ဆယ်မိနစ်လောက်ပဲ ကြာမှာပါ။ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတော့ အချိန်လည်း ပိုသက်သာတာပေါ့။"

ကိုးချန်က ဆန်းပင်း၏ ဆိုင်ကယ်ကို ကြည့်ကာ အားနာသလို ရှိနေသော်လည်း တဲ့တိုးပင် မေးလိုက်သည်။

"ဒီဆိုင်ကယ်ကို ဆေးမထားတာ ဘယ်လောက်တောင် ကြာပြီလဲ"

"တောင်ပေါ်မှာ နှစ်ခါလောက် ဖင်ထိုင်လျက် လဲကြည့်လိုက်ပါလား ဒီထက်တောင် ပိုပေဦးမှာ" ဆန်းပင်းက ဆိုင်ကယ်ပေါ်တက်ခွရင်း ဆိုသည်။

"ကဲ... သွားကြစို့ အစ်ကို။"

ကိုးချန်က သက်ပြင်းတစ်ချက်ချကာ ဆိုင်ကယ်ပေါ် တက်လိုက်သည်။

ဆိုင်ကယ်က ခြံဝင်းတံခါးအပြင်သို့ ထွက်သွားစဉ် တစ်ချက်ဆောင့်လိုက်မိရာ ကိုးချန်၏ အိတ်ထဲမှ ဓာတ်မီးတစ်လက် ပြုတ်ကျကျန်ရစ်ခဲ့သည်။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ နာရီဝက်အချိန်ယူတာတောင် အိတ်ကို သေသေချာချာ မထုပ်ပိုးနိုင်ခဲ့ဘူးဆိုတာ သိသာလှသည်။

ချန်ကျန့်က လှမ်းအော်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ကိုးချန်က လှမ်းအော်လိုက်သည်။

"မယူတော့ဘူး! ငါ့မှာ အပိုတစ်လက် ပါသေးတယ်!"

ဆိုင်ကယ် ထွက်သွားပြီးနောက်မှာတော့ ချန်ကျန့်က စိတ်မချသဖြင့် ဟော့ရန် ဆီ ဖုန်းဆက်ပြီး ကိုးချန် တောင်ပေါ်တက်လာပြီဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။

"ကျွန်တော် သူ့အတွက် အမှတ်အသားတွေ ထားခဲ့ပါတယ်။ သူ့ကို အဲဒီနောက်ကပဲ လိုက်လာခိုင်းလိုက်ပါ။"

"ဟုတ်ကဲ့။ သူ နောက်ဆယ်မိနစ်လောက်နေရင် အဲဒီကို ရောက်ပါလိမ့်မယ်။ အချိန်ကို ခန့်မှန်းပြီး စောင့်ပေးပါဦးနော်။"

ဟော့ရန်က တဟားဟား ရယ်မောကာ

"ကျေးဇူးပါပဲဗျာ။"

"ရပါတယ်ခင်ဗျာ"

"မန်နေဂျာချန်... အလုပ်ရှုပ်နေသလား"

ရှန်ယွီ၏ အသံက သူ့ခေါင်းအနောက်ဘက်မှ ထွက်ပေါ်လာသည်။

"ဟေး" ချန်ကျန့်မှာ လန့်သွားပြီး လှည့်ကြည့်လိုက်ရာ ကော်ဖီတစ်ခွက်ကို ကိုင်ထားသော ရှန်ယွီကို တွေ့လိုက်ရသည်။

"ဘာကိစ္စရှိလို့လဲဘော့စ်ရှန်"

"မင်းတို့အိမ်ကို သွားရအောင်"

ရှန်ယွီက ကင်မရာတစ်လုံးကို ကိုင်ကာ ပြောသည်။

"ဓာတ်ပုံအချို့ သွားရိုက်ချင်လို့လေ။ နောက်ရက်အနည်းငယ်နေရင် အိမ်ကို ပြန်ပြင်ဖို့ လူတွေနဲ့ ဆက်သွယ်ရတော့မှာဆိုတော့ အမှတ်တရ သိမ်းထားချင်လို့ပါ။"

မင်းတို့အိမ်။ ငါ့အိမ်။ ချန်ကျန့်ရဲ့ အိမ်။

မိမိ၏အိမ်ကို မင်းတို့အိမ် ဟု အထူးတလည် ရည်ညွှန်းပြောဆိုသံကို ချန်ကျန့် မကြားရသည်မှာ ကြာပြီဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာအတွင်း မင်းတို့အိမ် သို့မဟုတ် ငါ့အိမ် ဟု ပြောဆိုကြသည့်အခါ ၎င်းသည် ချန်ကျန့်နှင့် သူ၏ဖခင်တို့ ယခုလက်ရှိ နေထိုင်ရာကိုသာ အခြေခံအားဖြင့် ရည်ညွှန်းလေ့ရှိသည်။

ရှန်ယွီက မင်းတို့အိမ် ဟု ပြောလိုက်သောအခါ ချန်ကျန့်သည် နေပူလှန်းထား၍ နွေးထွေးနေသော စောင်ခြုံထဲတွင် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အင်း"

တကယ်တော့ တည်းခိုခန်းမှ သူ့အိမ် နှင့်က နီးသည်။ သို့သော် အချိန်အတော်ကြာအောင် သူသည် မိခင်ဖြစ်သူ၏ အုတ်ဂူဆီသို့ သွားသည်မှအပ ဤအိမ်ဟောင်းဆီသို့ လုံးဝခြေဦးမလှည့်ခဲ့ပေ။ ရှန်ယွီကို ဆိုင်ကယ်အနောက်မှာ တင်၍ ရွာဘက်သို့ မောင်းလာစဉ် မျက်နှာကို လာတိုးသော လေပြေမှာ နွေးထွေးနေသည်။

လမ်းတွင် ရွာသားအချို့နှင့် ဆုံရာ ချန်ကျန့်ကို မြင်သည်နှင့် အားလုံးက မေးခွန်းတစ်ခုတည်းကိုသာ မေးကြသည်။

"အိမ်ပြန်တာလား"

"မင်းတို့ အိမ်ဟောင်းကို သွားကြည့်မလို့လား"

"ချန်ကျန့် အိမ်ပြန်လာတာလား"

အင်း။ ဟုတ်ပါတယ်။

ချန်ကျန့်က ပြုံးလျက် ခေါင်းညိတ်ပြသည်။

အိမ်ဟောင်းမှာ အရင်အတိုင်းပင် ရှိနေဆဲဖြစ်ကာ အနည်းငယ် ပို၍ပင် ဟောင်းနွမ်းနေပေလိမ့်မည်။ သို့သော် နွေဦးရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် ပျက်စီးနေသော အုတ်မြစ်နှင့် နံရံများပေါ်တွင် အစိမ်းရောင် အညှောက်သစ်လေးများ ဖုံးလွှမ်းနေကာ ဆောင်းရာသီက မြင်ကွင်းနှင့် မတူဘဲ ထူးခြားနေသည်။

ရှန်ယွီသည် အိမ်မကြီး၏ အဝင်ဝတွင် သူနှင့်အတူ ရပ်ကာ အချိန်အတော်ကြာ ငေးကြည့်နေမိသည်။

"အထဲကို ဝင်သွားလေ"

ရှန်ယွီက ကင်မရာကို မြှောက်ရင်း ပြောလိုက်သည်။

"ငါ ဓာတ်ပုံရိုက်ထားပေးမယ်။"

"ကင်မရာက ဘယ်ကရတာလဲ"

ချန်ကျန့်က ခေါင်းလှည့်ကြည့်ရင်း အထဲသို့ လျှောက်သွားကာ မေးလိုက်သည်။ ရှန်ယွီကshutterကို နှိပ်လိုက်ရင်း

"ကုမ္ပဏီက ဝယ်ထားတာလေ။ အလုပ်အတွက် လိုအပ်တာနဲ့ ဝယ်လိုက်တာ။"

ချန်ကျန့် ပြုံးလိုက်ပြီး တံခါးမှတစ်ဆင့် ဝင်သွားသည်။

တံခါးဘောင်မှာ တစ်ဝက်ခန့် ပြိုကျနေသဖြင့် တံခါးကို ပိတ်၍မရတော့ပေ။ တံခါးများနှင့် ပြတင်းပေါက်များအားလုံး မရှိတော့သဖြင့် အိမ်ထဲတွင် အလင်းရောင် အလွန်ကောင်းနေသည်။ ချန်ကျန့်သည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ မှီရပ်ရင်း အပြင်ဘက်ကို ငေးကြည့်နေမိသည်။

ရှန်ယွီက ကင်မရာ ခလုတ်ကို နောက်တစ်ကြိမ် ထပ်နှိပ်လိုက်ပြန်သည်။

"ကြည့်ရတာ သရဲကားထဲကလိုမျိုး ဖြစ်မနေဘူးလား" ချန်ကျန့် မေးလိုက်သည်။

တောအုပ်ဘေးက ဟောင်းနွမ်းပျက်စီးနေသည့် အိမ်အိုကြီးထဲမှာ လူတစ်ယောက်က ပြတင်းပေါက်မှာ ရပ်နေတာလေ။

"တခြားလူဆိုရင်တော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်"

ရှန်ယွီက ကင်မရာမှန်ပြောင်းထဲမှ သူ့ကို ကြည့်ရင်း ဆိုသည်။

"ဒါပေမဲ့ ရုပ်ချောတဲ့ လူတစ်ယောက်က အဲဒီမှာ အဲဒီလို ရပ်နေတာကျတော့ အနုပညာဆန်တဲ့ ရုပ်ရှင်ကားတစ်ကားလိုပဲ။"

ချန်ကျန့်မှာ တဟားဟား ရယ်မောမိတော့သည်။

ဓာတ်ပုံရိုက်ခြင်းက ရှန်ယွီ၏ အလုပ်ပင်။ ချန်ကျန့်မှာ အိမ်ထဲသို့ ခေတ္တပတ်ကြည့်ပြီးနောက် အပြင်သို့ ပြန်ထွက်လာကာ၊ တစ်ဝက်ခန့် ပြိုပျက်နေသော ခြံစည်းရိုးတံတိုင်းပေါ်တွင် ထိုင်ရင်း ရှန်ယွီတစ်ယောက် အိမ်ကို ပတ်၍ ဓာတ်ပုံရိုက်နေသည်ကို ငေးကြည့်နေမိသည်။

ရှန်ယွီသည် အရှေ့၊ အနောက်၊ ဘယ်၊ ညာ တစ်ပတ်လုံးကို ဓာတ်ပုံရိုက်ရုံသာမက အထဲသို့ဝင်၍လည်း ရိုက်သည်။ ထို့နောက် ဒုတိယထပ်သို့ တက်သွားကာ ပတ်ဝန်းကျင် ရှုခင်းများကိုလည်း ဓာတ်ပုံအချို့ ရိုက်လိုက်သေးသည်။

"မင်းတို့အိမ်က မြင်ရတဲ့ ရှုခင်းက မဆိုးဘူးပဲ"

ရှန်ယွီက ဒုတိယထပ် ဝရန်တာတွင် ရပ်လျက် သူ့ကို ငုံ့ကြည့်ကာ ပြောသည်။

"တောအုပ်ဘေးက စားသောက်ဆိုင်လေးဆိုရင် တော်တော်မိုက်မှာ။ ပထမထပ်မှာ စီးပွားရေးလုပ်၊ ဒုတိယထပ်မှာ နေပေါ့။"

"အဲဒါကို တကယ်သာ လုပ်နိုင်မယ်ဆိုရင်…ကျွန်တော့်အဖေလည်း ပြန်လာလို့ ရပြီပေါ့။"

"လုပ်ချင်ရင် လုပ်လိုက်လေ။ အဲလောက်ကြီးလည်း ကုန်ကျမှာ မဟုတ်ပါဘူး။ ရှန်းနန်အထိ သွားတဲ့လမ်းကိုတောင် ငါတို့ လုပ်နိုင်ခဲ့တာပဲ။ ဒီမှာ ဘာလို့ မလုပ်နိုင်ရမှာလဲ။ ငါတို့ ရွာထဲမှာ တခြား ထူးခြားတဲ့ အိမ်တွေလည်း ရှာလို့ရသေးတယ်လေ။ ရေဘေးမှာရှိတဲ့အိမ်၊ တောင်ခြေကအိမ်၊ တောအုပ်နားကအိမ် ဆိုပြီး အမျိုးမျိုးပေါ့။ ပြီးတော့ ကုန်ကျစရိတ် မျှဝေခံနိုင်အောင် ဖက်စပ်လုပ်မယ့်သူလည်း ရှာလို့ရတာပဲ။"

"ဘယ်သူလဲ။ ဟယ်လျန် တို့အဖွဲ့လား"

"အင်း"

ရှန်ယွီက လှေကားမှ ဆင်းလာရင်း ပြန်ဖြေသည်။

"သူတို့က ရွာထဲမှာ သင့်တော်တဲ့ နေရာတွေကို ရှာနေကြတာ ကြာပြီ။"

"သူတို့ကတော့ ညှိနှိုင်းလို့ ရမှာမဟုတ်ဘူး"

ချန်ကျန့်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ဒီရွာက လူတွေက အဲဒီလောက်ကြီး သဘောထား မပွင့်လင်းကြသေးဘူး။ သူတို့က ဒါရိုက်တာလု တို့လို လူကြီးပိုင်းတွေနဲ့ ကုမ္ပဏီကြီးတွေကိုပဲ သိကြတာ။ အပြင်ကလာတဲ့ အမျိုးအမည်မသိတဲ့ဘော့စ်တွေအတွက် ညှိနှိုင်းရတာ မလွယ်ဘူး။"

"အဲဒါကြောင့် သူတို့နဲ့ ပူးပေါင်းတဲ့အခါ ငါတို့ဘက်က အခြေအနေအချို့ကို တောင်းဆိုလို့ ရတာပေါ့"

"ဘာအခြေအနေတွေလဲ"

ချန်ကျန့်က ချက်ချင်းပင် သတိထားသွားမိသည်။ ရှန်ယွီသည် အရေးကြီးသည့် ကိစ္စကြီးများကိုတော့ လျှောက်မလုပ်တတ်သော်လည်း၊ လယ်တောစားသောက်ဆိုင်လေး အချို့ကိစ္စမှာ သူ့အတွက် အရေးကြီးသလား မကြီးသလားဆိုသည်မှာ ပြောရခက်လှသည်။

"စိတ်မပူပါနဲ့။ ငါက အခုတော့ စည်းစနစ်ကျတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်နေပါပြီ။ ငါက နည်းနည်းတော့ ရက်စက်တတ်တယ် ဆိုပေမဲ့…အဓိပ္ပာယ်မရှိတာမျိုးတော့ မလုပ်ပါဘူး။"

"အဲဒီလိုပဲ ဖြစ်ပါစေဗျာ"

ထိုစဉ် သူ၏ဖုန်းမှာ တုန်ခါလာသည်။ Group Message တစ်စောင် ဝင်လာခြင်းဖြစ်သည်။

ဟူဖန်က ဂရုထဲသို့ ဗီဒီယိုတစ်ခု ပို့လိုက်ခြင်းပင်။

"ဟော... သူ ပို့လိုက်ပြီ။ ကြည့်မလား"

"ဘာလဲ"

ရှန်ယွီက အနားသို့ လျှောက်လာသည်။

"လျိုဝူ တည်းဖြတ်ထားတဲ့... pilot episodeလေ"

"သူ ဘယ်မှာ ပို့လိုက်တာလဲ"

"Group ထဲမှာလေ"

"ဘယ် Group လဲ"

ရှန်ယွီက သူ့ဘေးရှိ တစ်ဝက်တပျက် ပြိုနေသော တံတိုင်းကို မှီရပ်ရင်း မေးလိုက်သည်။

"တာ့ယွင် Group ထဲမှာ"

ချန်ကျန့်က ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဤ Group ထဲတွင်ဘော့စ်ရှန်မှအပ တာ့ယွင်၏ ဝန်ထမ်းအားလုံး ရှိနေကြသည်။

"ငါ အဲဒီ Group ထဲမှာ မရှိဘူးလေ"

"ဒါက တာ့ယွင် Group လေ"

ချန်ကျန့်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း

"မင်းက ရှီကျန့် ကုမ္ပဏီက မဟုတ်ဘူးလား"

"အေးပါလေ" ရှန်ယွီ ခေါင်းညိတ်သည်။

"ဒါဆိုလည်း မန်နေဂျာဆွန်း ကိုပါ ကန်ထုတ်လိုက်တော့လေ။"

"မန်နေဂျာဆွန်းက... တစ်ခါတလေ တာ့ယွင်ရဲ့ကိစ္စတွေကို တာဝန်ယူပေးရသေးတယ်လေ"

"ငါကလည်း တာ့ယွင်ရဲ့ဘော့စ်ပဲလေကွာ!"

ရှန်ယွီအော်တော့သည်။

"ရုံးခန်းတောင် ကျွန်တော့်ကို ပေးထားပြီးပြီပဲ"

ချန်ကျန့်ကလည်း ပြန်ချေပသည်။

"ဟောဗျာ"

ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။ ချန်ကျန့်မှာ တဟားဟား ရယ်မောမိတော့သည်။

"ဒါဆို မင်းကို Group ထဲ ထည့်ပေးရမလား"

"ထားလိုက်ပါတော့"

ရှန်ယွီက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ခင်ဗျားတို့က ငါ့ကို Group ထဲထည့်ပြီးရင် ငါမပါတဲ့ နောက်ထပ် Group တစ်ခု ထပ်ဖွဲ့ကြဦးမှာ... ဗီဒီယိုပဲ ကြည့်ရအောင်။"

ချန်ကျန့် ဗီဒီယိုကို ဖွင့်လိုက်သည်။

ဗီဒီယို၏ အဖွင့် မှာ တော်တော်လေး လန်း၏။ ဖန်သားပြင်အမည်းရောင်ပေါ်တွင် အနက်ရောင်ကုတ်အင်္ကျီ၊ အနက်ရောင်ဦးထုပ်နှင့် နှာခေါင်းစည်းတို့ဖြင့် လျှို့ဝှက်ချက်များ ပြည့်နှက်နေသော ရှန်ယွီကို မထင်မရှား မြင်ရသည်။

လျိုဝူသည် သူ၏ဝမ်းကွဲအစ်ကိုအပေါ် ထားရှိသော သံယောဇဉ်ဖြင့် ရှန်ယွီ၏ ပေါ်နေသော တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်သည့် မျက်လုံးများကို Photoshop ဖြင့် ပြင်ဆင်ပေးထားရာ ရှန်ယွီ၏ မျက်လုံးများမှာ အလွန်ပင် လှပနေတော့သည်။

အဖွင့်ခန်းမှာ မှိုလေး သည် တောင်ပေါ်လမ်းကလေးအတိုင်း ပြေးလာပြီးနောက် ထိုင်ချလိုက်သည်။ ထို့နောက် ဖန်သားပြင်မှာ စက်ဝိုင်းပုံစံ ကျဉ်းဝင်သွားပြီး မှိုလေး၏ ခေါင်းလေးသာ ကျန်တော့သည်။ ထိုစက်ဝိုင်းလေးထဲတွင်မှိုလေးက သမ်းဝေလိုက်သည်။

ပုံရိပ်က ရပ်တန့်သွားသည်။

ထိုစက်ဝိုင်းအောက်တွင် အက္ခရာလေးလုံး ပေါ်လာသည် HYDY။

"ဟောင်ယား တာယား (Hao Ya Da Ya) လား ။ ဒါက ဘာကြီးလဲ"

"မင်းကလည်း ချစ်ဖို့ကောင်းလိုက်တာ။ ဒါက ဟုန်ယဲ့ တာ့ယွင် (Hongye Da Yin) ကို ပြောတာလေ"

ချန်ကျန့် ရယ်ရလွန်း၍ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး ရှန်ယွီကို တစ်ချက်ကြည့်လိုက်သည်။

"ဒါက လျိုဝူက အခုချက်ချင်း စဉ်းစားပြီး ထည့်ထားတာပါ။ နောက်မှ ပြန်ပြောင်းလို့ ရပါတယ်။"

"ကောင်းတော့ကောင်းပါတယ်"

ရှန်ယွီက ခေါင်းညိတ်သည်။

အဖွင့်အပိုင်းပြီးနောက် ဖန်သားပြင်မှာ မှောင်သွားသည်။ ထို့နောက် လျှပ်စီးတစ်ချက် လက်သွားပြီး မိုးခြိမ်းသံနှင့်အတူ ဝတ်ရုံဖြူခြုံထားသော... ကုတင်ခင်းအဖြူကြီး ပတ်ထားသော လူရိပ်တစ်ခုသည် အဝေးမှ အနားသို့ ပြေးလာသည်။ ဆန်းပင်း၏ မျက်နှာသည် သူကိုင်ထားသော ဓာတ်မီး၏ အလင်းရောင်အောက်တွင် အမှောင်ထဲမှ ဗုန်းခနဲ ပေါ်လာလေတော့သည်။

ဆန်းပင်းရဲ့ ဘေးနားမှာ ဒေါင်လိုက်စာတန်းလေးတစ်ခု ပေါ်လာပြီး သူ့ရဲ့ ရာထူးနဲ့ နာမည်ကို ဖော်ပြနေလျက်…

လျှို့ဝှက်အေးဂျင့် - ချန်ဆန်းပင်း။

"ဒီနေရာပဲ"

ချန်ဆန်းပင်းက ကင်မရာကို စူးစိုက်ကြည့်ရင်း ခိုင်မာသည့် လေသံနဲ့ ပြောလိုက်၏။

"သတင်းအချက်အလက်က တိကျတယ်။"

သူ ခေါင်းလှည့်လိုက်သည့်အချိန်မှာ ကင်မရာက အပေါ်ကို ပင့်တင်ပြလိုက်ရာ တာ့ယွင် ဆိုင်းဘုတ်ကြီးက လေထဲတွင် လင်းထိန်လာသည်။ ဆိုင်းဘုတ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် နောက်ခံတေးဂီတနဲ့ အသံတစ်ခုကလည်း တပြိုင်တည်း ထွက်ပေါ်လာ၏။

"တာ့ယွင်ကနေ ကြိုဆိုပါတယ်!"

"ဧည့်သည် ဘယ်နှယောက်ပါလဲ တည်းခိုမှာလား၊ စားရုံပဲလား"

ထို့နောက် ဆန်းပင်းက လက်ဝှေ့ယမ်းပြပြီး ကုတင်ခင်းကြီးကို မကာ ခြေလှမ်းလေးလေးတွေနဲ့ ရင်ပြင်ထဲကို လှမ်းဝင်လာတော့သည်။

မိုးခြိမ်းသံကြီး တစ်ချက် ပေါ်လာပြီးနောက် ချန်ဆန်းပင်းက "အား!" ဟု အော်လိုက်ပြီး

မြေပြင်ပေါ်ကို ဗုန်းခနဲ လဲကျသွားပါတော့၏။

"သူက ပေါ်လာပြီးတာနဲ့ မိုးကြိုးပစ်ခံလိုက်ရတာလား"

"ကျွန်တော်လည်း မသိတော့ဘူး"

ချန်ကျန့်မှာ အတည်ကြီးမေးနေသော ရှန်ယွီကို ပြန်ဖြေရင်း ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

ထို့နောက် လူသုံးယောက် ပေါ်လာပါပြီ။ တစ်ယောက်က ခေါင်းမှာ အိပ်ရာခင်း ပတ်ထားလျက်၊ တစ်ယောက်က ခါးမှာ ပတ်ထားပြီး၊ နောက်တစ်ယောက်ကတော့ ခေါင်းအုံးစွပ်ကို လက်မောင်းမှာ ချည်ထားလျက်…

ဇာတ်ကောင်မိတ်ဆက် စာတန်းထိုးတွေကလည်း တပြိုင်တည်း ပေါ်လာတော့သည်။

အစောင့်အရှောက်ချုပ် - ချန်ဟူ ။

လက်ဝဲအစောင့်အရှောက် - လျိုအာစစ် ။

လက်ယာအစောင့်အရှောက် - ချန်ရှောင်ဝူ ။

"ဟင်း!"

ခေါင်းမှာ အိပ်ရာခင်းပတ်ထားသည့်ချန်ဟူက နှာခေါင်းရှုံ့လိုက်ရင်း

"သူက တကယ်ပဲ လျှို့ဝှက်အေးဂျင့်ပဲ!"

"ဒါကို ဘယ်လိုသိတာလဲ"

"သူ့ကို အပြင်ဆွဲထုတ်ပြီး မြေမြှုပ်ပစ်လိုက်စမ်း"

ချန်ဟူက အမိန့်ပေးတော့သည် ။

"အသက်ထွက်အောင် အရင်လုပ်ဖို့ မလိုဘူးလား"

ရှန်ယွီက ကြည့်နေရင်း ဝင်မေးပြန်သည်။

ခါးမှာ ကုတင်ခင်းပတ်ထားသည့် ချန်ရှောင်ဝူနဲ့ လက်မောင်းမှာ ခေါင်းအုံးစွပ်ချည်ထားသော လျိုအာစစ်တို့က ခုန်အုပ်လိုက်ပြီး ချန်ဆန်းပင်းကို ရင်ပြင်အပြင်ဘက်ကို ဆွဲထုတ်သွားကြတော့သည်။ ဆန်းပင်းက အဆွဲခံရစဉ်မှာ ခြေထောက်နှစ်ဖက်က နှစ်ချက်လောက် ယမ်းခါသွားသေး၏။ ဒါက ရုန်းကန်နေသည့် သရုပ်ဆောင်ချက်လား ဒါမှမဟုတ် ချန်အာဟူတို့ ဆွဲရလွယ်အောင် ကူညီပေးနေရင်း ပါသွားတဲ့ အလွဲ လားဆိုတာတော့ မသဲကွဲဘူး။

"အရှင်လတ်လတ် မြေမြှုပ်တာလား"

ရှန်ယွီ ထပ်မေးပြန်သည်။ ချန်ကျန့်မှာတော့ ရယ်လွန်းလို့ တစ်ကိုယ်လုံး တုန်နေပါပြီ။

ပုံရိပ်ပြောင်းလဲသွားပြီး ကင်မရာက တည်းခိုခန်းထဲကို ရောက်သွားပြန်သည်။ နောက်ခံအသံတွေက ပိုကျယ်လာပြီး အလင်းရောင်ကလည်း ပိုလင်းလာလေတော့၏။

"ဟယ်လို ဧည့်သည်၊ ဒါက ရှင်မှာထားတဲ့ ပဲနို့ပါ။"

ဟူဖန်က ဗန်းလေးတစ်ခုကို ကိုင်ပြီး ထွက်လာပါသည်။ ဗန်းပေါ်မှာတော့ ကော်ဖီတစ်ခွက် တင်ထားတာလျက်…စာတန်းထိုးက လင်းလာပြန်၏။

အရက်စပ်ဆရာ (Bartender) - ဟူမြန့်ပေါင်း။

ဟူမြန့်ပေါင်းက ကော်ဖီဆိုင်ထဲကို လျှောက်ဝင်သွားပြီး ဧည့်သည်တစ်ယောက်ရဲ့ ရှေ့မှာ ကော်ဖီကို ချပေးလိုက်၏။ အဲဒီဧည့်သည်က လူကြီးတစ်ယောက်ဖြစ်ပြီး သူက "ပဲနို့" ကို ယူကာ အနံ့ခံကြည့်လိုက်ပြီး သူ့ပေါင်သူ ရိုက်ကာ "ကောင်းလိုက်တဲ့ ဖျော်ရည်!" လို့ အော်တာလည်းပါသေး။

ဖန်သားပြင်ရဲ့ အောက်ခြေမှာ စာတန်းလေးတစ်ခု ပေါ်လာသည်။

မှတ်ချက် - ဤဇာတ်လမ်းတွင် ပါဝင်သော ဧည့်သည်အားလုံးထံမှ ခွင့်ပြုချက် ရယူထားပြီး ဖြစ်ပါသည်။

"တော်တော်လေး စေ့စပ်တာပဲ"

ချန်ကျန့် မချီးကျူးဘဲ မနေနိုင်။

"ဧည့်သည်ကိုတောင် ပူးပေါင်းပါဝင်အောင် လုပ်နိုင်တာပဲ။ သန့်ရှင်းရေးလုပ်တဲ့ အခန်းတွေကိုပါ တစ်ခါတည်း ရိုက်ခိုင်းလိုက်ရင် ပိုကောင်းမှာ။"

ဟိုမေး ဒီမေး မဟုတ်တော့ဘဲ ရှန်ယွီ၏ ပထမဆုံး မှတ်ချက်ကိုရလာခဲ့ပြီ။

"ဒါကတော့ အရမ်းရက်စက်ရာ ကျသွားပြီဘော့စ်ရာ"

ဟူမြန့်ပေါင်းရဲ့ ဝတ်စုံကတော့ ကုတင်ခင်းပတ်ထားသည့် လူနှစ်ယောက်ထက်စာရင် အများကြီး အဆင့်မြင့်သည်။ သူမ ခေါင်းမှာ ပုဝါတစ်ထည်ကို ခြုံထားပြီး အဲဒါကို ပန်းပွင့်ပုံစံ ချည်ထားတာက သတို့သမီးရဲ့ ခေါင်းပေါင်းနဲ့တောင် တူနေပါသေး၏။

ထို့နောက် ကင်မရာက ဟူမြန့်ပေါင်းရဲ့ နောက်ကိုလိုက်ပြီး မီးဖိုချောင်အပြင်ဘက်ကို ရောက်သွားတော့၏။

"ဒီနေ့ ဟင်းတွေက တကယ့်ကို အရသာရှိတာပဲ"

သူမက လေသံတိုးတိုးလေးနဲ့ ပြောလိုက်သေး။

"စကားတွေ ထပ်နေရင် မရဘူးနော်"

လူတစ်ယောက်က မီးဖိုချောင်ထဲကနေ ထွက်လာသည်။ သူမခေါင်းမှာ ပိုးပဝါတစ်ထည်ကို စည်းထားပြီး လက်နှစ်ဖက်မှာတော့ မီးဖိုချောင်သုံး ဓားမကြီး နှစ်လက်ကို ကိုင်ထားလျက်။

"နင်က သုံးယောက်မြောက်ပဲ။ ငါ စိတ်ထဲမှာ မှတ်ထားတယ်နော်။"

အဖြူရောင် စာတန်းထိုးလေးက သွေးရောင်လို အနီရောင်အဖြစ် ပြောင်းလဲသွားပါတယ်။

စားဖိုမှူး - ကျောက်ဖန်းဖန်း။

"သူတစ်ယောက်ပဲ နာမည်အရင်းနဲ့ ပါတာလား"

ရှန်ယွီမေးပြန်သည်။

"ငါတို့ကို သူတို့တွေ ရှာတွေ့သွားကြပြီ"

ဟူမြန့်ပေါင်းက ဗန်းကို စားပွဲပေါ်တင်ရင်း ပြောလိုက်သည်။

"ထွက်ပြေးလို့ မလွတ်တော့ဘူး"

ကျောက်ဖန်းဖန်းက လေသံကို နှိမ့်ကာ ပြောရင်း ငရုတ်သီးစိမ်းတစ်တောင့်ကို ဗန်းပေါ် တင်လိုက်သည်။

"ဒီနေ့ဆိုတာ တစ်နေ့မဟုတ် တစ်နေ့ ရောက်လာမှာပဲ။ ငါ့ရဲ့ အိမ်မက်ကို အကောင်အထည် မဖော်နိုင်တော့ဖို့ ကံပါလာပုံရတယ်..."

"ဒီငရုတ်သီးစိမ်းက ဘာ အဓိပ္ပာယ်လဲ"

ရှန်ယွီ ဆက်တိုက် မေးသည်။

"လျိုဝူရဲ့ အိမ်လွမ်းစိတ်ကို ဖော်ပြတာနေမှာပေါ့"

ချန်ကျန့်က ခပ်နောက်နောက် ပြောလိုက်သည်။

"သူက အစပ်တောင် မစားတာ၊ ဘယ်သူ့အိမ်ကို လွမ်းနေတာလဲ"

ရှန်ယွီ က ဒရမ်မာကို နားမလည်နေသလို တကယ်ကို အတည်ကြီးတွေးနေတော့၏။

"မဟုတ်ဘူး!"

ဟူဖန်မြန့်ပေါင်းက ငရုတ်သီးစိမ်းကို လက်သီးဖြင့် ဗုန်းခနဲ ထုချလိုက်သည်။ နောက်တစ်စက္ကန့်မှာတော့ ငရုတ်သီးစိမ်းလေး ကြေမွသွားတဲ့ ပုံရိပ်ကို ပြလာသည်။

"ဒါက ဟူမြန့်ပေါင်းရဲ့ နက်ရှိုင်းတဲ့ အတွင်းအားကို ဖော်ပြတာပါ"

ရှန်ယွီမမေးပေဘဲ သူသိတာကို ချန်ကျန့်က ရှင်းပြလိုက်သည်။ ရှန်ယွီ ငြိမ်လျက်သား ဗီဒီယိုကိုသာ စိုက်ကြည့်နေသည်။

"ငါတို့ နင့်ရဲ့ အိမ်မက်ကို သေချာပေါက် အကောင်အထည်ဖော်ပေးမှာပါ"

ဟူမြန့်ပေါင်းက ဆိုသည်။

"ဘယ်သူလဲ!"

ကျောက်ဖန်းဖန်းက ဓားကိုမြှောက်ပြီး အိမ်ရှေ့အဝင်ဝဆီသို့ လှမ်းကြည့်လိုက်သည်။ ကင်မရာက ဝှူးခနဲ မြင်ကွင်း ဖြတ်ကူးသွားသည်။ ချန်ကျန့်သည် ရင်ပြင်အဝင်ဝမှ လျှောက်ဝင်လာပြီး ကင်မရာကို အေးစက်စက် တစ်ချက်ကြည့်ကာ ဖန်သားပြင်အပြင်ဘက်သို့ ထွက်သွားသည်။

စာတန်းထိုးက အဖြူရောင် ပြန်ဖြစ်သွားသည်။

ဆိုင်ရှင် - ချန်တျန့်တျန့် (တျန့်တျန့်)။

"ဘာလို့ ငါ့နာမည်နောက်မှာ ကွင်းစကွင်းပိတ် ပါနေတာလဲ"

ချန်ကျန့်က မေးသည်။

"လန်းအောင်လို့နေမှာပေါ့ " ရှန်ယွီက ဆိုသည်။

"ဒါကို ဘယ်တုန်းက ရိုက်ထားတာလဲ"

"မသိဘူးလေ။ ဖန်ဖန်ပြောတာတော့ ဒီအခန်းကို နေ့ရောညပါ အနည်းဆုံး ခုနစ်ခါ ရှစ်ခါလောက် ရိုက်ထားရတာတဲ့။ ဘယ်အကြိမ်ကို သုံးထားသလဲတော့ မသိဘူး..."

နှစ်ယောက်သား ခေါင်းချင်းဆိုင် ဆက်ကြည့်လိုက်သည်။

"သူ သိသွားပြီလား"

ကျောက်ဖန်းဖန်းက မေးသည်။

"စိတ်မပူပါနဲ့ ။ သူ ဒီမှာ ရှိနေသရွေ့ အားလုံး ဘေးကင်းပါတယ်။"

"ဟိုး..."

ရှန်ယွီက အံ့သြသလို အသံပြုသည်။ ကင်မရာက ညမှ နေ့သို့ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ အဝေးမှ အနီးသို့ ရိုက်ကူးထားသော မြင်ကွင်းတွင် တာ့ယွင် အဝင် လမ်းကလေး ပေါ်လာသည်။

ချန်ဆန်းပင်းသည် ကုတင်ခင်းကြီး ခြုံလျက် သတိမေ့နေရာမှ နိုးလာပြီး ခြံစည်းရိုးတံတိုင်းကို မှီလျက် လဲလျောင်းနေသည်။

"သူက မြေမြှုပ်ခံလိုက်ရတာ မဟုတ်ဘူးလား"

ချန်ကျန့်က မေးသည်။

"အသက်ထွက်အောင် အသေသတ်မထားရင် ပြန်ရှင်လာတာပေါ့"

ရှန်ယွီက သူ့ထင်မြင်ချက်ကို ဝင်ပြောသည်။

"ငါ့ကို... ဒီလောက်နဲ့... အလွယ်တကူ... သတ်လို့... မရဘူး"

ချန်ဆန်းပင်းက လက်တစ်ဖက်ကို တံတိုင်းမှာထောက်၊ နောက်လက်တစ်ဖက်က ရင်ဘတ်ကိုဖိရင်း ထရပ်ဖို့ ကြိုးစားနေသည်။ သူက ယိုင်တိယိုင်တိုင် ဖြစ်နေသေးသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကုတင်ခင်းကြီး လွင့်ပျံသွားပြီး ရင်ပြင်ထဲသို့ တစ်ဖန် ပြန်လည်ခြေချလိုက်သည်။

ထိုစဉ် လူရိပ်အမည်းတစ်ခု ပေါ်လာသည်။ အနက်ရောင်ကုတ်အင်္ကျီ၊ အနက်ရောင်နှာခေါင်းစည်းနှင့် အနက်ရောင်ဦးထုပ်ကို ဆောင်းထားသဖြင့် ရုပ်ရည်ကို လုံးဝမမြင်ရပေ။

အရင်လူတွေနဲ့ မတူတာကတော့ ဒီလူပေါ်လာတဲ့အခါမှာ ရာထူးစာတန်းထိုးတွေ ပေါ်မလာပါဘူး။

အကယ်၍ ပေါ်လာမယ်ဆိုရင်လည်း

လျှို့ဝှက်ဆန်းကျယ်လူသား - ရှန်ပန်းပန်း။ ရှန်ဟေးဟေး။ရှန်ဟေးယီ ။

ဆိုပြီး ဖြစ်နေမှာပါဟု ချန်ကျန့် စိတ်ထဲမှ တွေးလိုက်မိသည်။

ဝတ်စုံနက်နှင့် လူသားသည် ဘာစကားမှမပြောဘဲ လက်ထဲက ဘေ့စ်ဘောတုတ်ကို ကင်မရာဆီသို့ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။တုတ်က ကင်မရာဆီသို့ လည်ပတ်သွားပြီး ဗုန်းခနဲ အသံနှင့်အတူ တစ်ခုခုကို ထိမှန်သွားပုံရကာ ဝတ်စုံနက်လူသား၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

ထို့နောက် ဖန်သားပြင်က မှောင်သွားပြီး ချန်ဆန်းပင်း၏ နာကျင်စွာ အော်ဟစ်သံကိုသာ ကြားလိုက်ရသည်။

"အား!"

"သူ ထပ်သေသွားပြန်ပြီလား"

ရှန်ယွီက မေးသည်။

လျိုဝူရဲ့ ဇာတ်ညွှန်းထဲမှာ တစ်ဦးချင်း ရန်ငြိုးတွေ ပါနေပုံရတယ်…

ထို့နောက် အမှောင်ထဲမှ စာလုံးကြီး နှစ်လုံး ပေါ်လာသည်။

တာ့ယွင်ကျန်းဟူ (Da Yin Jiang Hu) - ဆက်လက်စောင့်မျှော်ပေးပါ။





TN // English Tran မှာတော့ ဒီနေရာမှာ The End လို့ပြောထားပါတယ်။ ဇာတ်လမ်းက Extraတွေလည်း ထွက်နိုင်တာမို့…ဒီလိုလည်း ဇာတ်သိမ်းလည်း အဆင်ပြေတာပေ့ါ။ နှစ်ဖက်မိဘတွေလည်း သိပြီးပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း သိကြတယ်။ အခု ကလေးရဲ့ အိမ်လေးလည်း ပြန်ရပြီး ရှေ့လျှောက်တိုးတက်မဲ့ အနေအထားတွေချည်းပဲဆိုတော့ ဒါ သူတို့ရဲ့ ချစ်စရာဘဝလေးပေါ့လေနော်…

Comments

  1. Thanks for translation

    ReplyDelete
  2. စိတ်အေးချမ်းရတဲ့ ဝတ္ထုလေးပဲ။မြေခွေးအိုကြီး နေရာမရွေး မုံလာထုပ်တူးတာတော့ မေ ့ထားပေးလိုက်ပါ့မယ်။🤭

    ReplyDelete
  3. တစ်ခန်းမှမကျော်ဘဲ တစ်ရက်မပျက်ဖတ်ဖြစ်တဲ့ဇာတ်လမ်းလေး အဆုံးသတ်ခဲ့ပါပြီ။ငြိမ့်ငြိမ့်လေးနဲ့ကြည်နူးစရာ လက်တွေ့ဆန်တဲ့ ဇာတ်လမ်းလေးကို ယူလာပေးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်။တကယ်ကိုစိတ်အေးချမ်းရာ ဟုန်ယဲ့တာ့ယွင်ပါပဲ အားလုံးကိုနှုတ်ဆက်ပါတယ်။ ❤️❤️❤️

    ReplyDelete
  4. အေးအေးငြိမ့်ငြိမ့်နဲ့ ဖတ်လို့တကယ်ကောင်းတဲ့ စာအုပ်လေးပါ။ တာ့လွင် မိသားစုကို လွမ်းနေတော့မှာပါပဲ။

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...