Skip to main content

12




အပိုင်း (၁၂)

နေသစ်လား။ သူတို့အထပ်ကို ဘာလာလုပ်တာလဲ။ အတန်းတစ်ချိန်ပြီးလို့ ကောရစ်တာမှာ လေထွက်ရှူနေချိန် သူတို့ အထပ်ကို တက်လာတဲ့ နေသစ်ကို တွေ့လိုက်ရတယ်။ ဘာလာရှာတာလဲ ။ ဘာလိုချင်လို့လဲ။ ဝင်ကြည့်လေ။
သူကြားဖူးနေကျ စကားစုထဲ သူ့ခေါင်းထဲ ဖြတ်ပြေးသွားပြန်တယ်။ ဒါတွေကတော့ မဟုတ်သေးပါဘူး။ ဘာလာလုပ်တာလဲ သိချင်တာလေ။

“ငါတို့ အထပ်ကို ဘာလာလုပ်တာလဲ။”

နေသစ်က သူမေးတာကို မဖြေဘဲ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်လာပြန်တယ်။ ဘာလို့လာကြည့်တာလဲ။ ငါ ဘယ်နေရာမှာမှ ဘိုမလေး နဲ့ တူမနေဘူး။ ကိုကိုနဲ့တော့ တော်တော်လေး တူပေမဲ့…မင်း ဘာကိုကြည့်နေတာလဲ။ ရွာကားတွေထဲက နှာဗူးတစ်ကောင် ရေခပ်ဆင်းလာတဲ့ ကောင်မလေးတွေကို ကြည့်သလိုပဲ။ အာ အဲ့မှာ အဲ့နှာဗူးကို သူ့အဖော်တွေ ပြောတဲ့ စကားရှိတယ်။

“ကြည့်လှချည်လား”

နောက်က ပါနေကျ အာစရိကို ဖြုတ်ပြီးပြောကြည့်တော့ နေသစ် ပါးစပ်က စက်သေနတ် ပစ်သလို ချက်ချင်း ထွက်လာတယ်။

“သေလေ” တဲ့။

ဘာကို သေရမှာလဲ။ သေတာ ဘယ်လောက် ကြောက်စရာကောင်းပြီး နာကျင်ရလဲ မင်းမသိဘူးလား။

“မေးတာဖြေလေ…ဘာလို့ ငါတို့အထက်ကို ဘာတက်လုပ်တာလဲ”

“အိမ်သာတက်ချင်လို့”

“ဟမ်”

ကျောင်းအိမ်သာတွေ ညစ်ပတ်တာ သိပေမဲ့ နေသစ်က ထုံးစံအတိုင်း စကားတွေ အများကြီးကို တရစပ်ပြောတော့တာပဲ။

“ငါတို့ အထပ်မှာ ရေပြတ်နေလို့…ဆွဲချလို့ မရဘူးကွာ…အဲ့ဒါနဲ့ တချို့အခန်းတွေမှာလည်း ဆွဲချလို့မရကြလို့ ဒီအတိုင်းထားခဲ့ကြ…”

“ဝေ့ါ”

နေသစ်သောက်ပြီးသား အအေးကို သောက်ဖို့ မရွံပေမဲ့ ဒါတွေတော့ သူရွံတယ်။ ညစ်တီးညစ်ပတ်တွေ…

သူနေသစ်ကို ပြန်ကြည့်လိုက်တယ်။

“ငါ့အစ်ကိုကို လာတွေ့တာ မဟုတ်ဘူးလား”

“ညနေပဲတွေ့ရမဲ့ ကိစ္စကို ငါက သီးသန့်လာတွေ့စရာလား”

“ဒါဆို အခု‌ရော ပြီးပြီလား”

“ဘာလဲ”

“အိမ်သာတက်မလို့ဆို ပြီးပြီလား ပြီးရင် ဒိုးတော့”

မတက်ရသေးခင် လှေကားဘေးက အိမ်သာက သန့်တယ်။ အပေါ့သွားမယ်ဆို ဝင်ဝင်ချင်း ကမုတ်ခွက်မှာ မသွားနဲ့။ အဲ့ဒါ သူသုံးအရမ်းများတယ်။ အလယ်က တစ်ခုကိုသုံး။ အိမ်သာကတော့ ဝင်ဝင်ချင်း ဒုတိယမြောက် တစ်လုံးက အဆင်ပြေတယ်။ ရေပိုက်လည်း ကောင်းတယ်။ ရေလည်း ဆွဲချလို့ရတယ်။

ဒါတွေ ခေါင်းထဲ ရှိပေမဲ့ နေသစ်ကို သာ ကြည့်နေမိတယ်။ နေသစ်က တဟားဟားအော်ရယ်နေတာ ထူးဆန်း

လိုက်တာ။ ဘာတွေ ဒီလောက်ပျော်စရာကောင်းနေလို့လဲ။

“-င်မခံရချင်ရင် ပြန်လိုက်တော့။ မင်းကို ဒီအထပ်မှာ မမြင်ချင်ဘူး။”

နေသစ် ထပ်ရယ်ပြန်တယ်။ ဘာကို ရယ်စရာကောင်းနေတာလဲ။ အဲ့ကိစ္စကို ပေ့ါသေးသေးထင်နေတာလား။

“-င်မခံ။ ဘယ်သူကလဲ ။ ငါလား ဒါမှမဟုတ်”

နေသစ် လက်ညှိုးက သူ့ဆီ ရောက်လာတယ်။ တစ်ကိုယ်လုံး ပူတက်လာပြီး ကျောရိုးတောက်လျောက် ကျဥ်တက်လာတဲ့အထိ။ ဒါကို နေသစ်က သူရှက်သွားတာလို့ ထင်နေပုံပဲ။ သူ့ကို လှောင်သွားသေးတာ။ ဘယ်သူက ရှက်ကြောက်နေမှာလဲ။ မင်းကို ငါက ဘာရှက်စရာရှိရမှာလဲ။ ငါတို့က အကြိမ်ကြိမ်…

သူ့အတွေးတွေ တိခနဲ ရပ်ပြီး ခန္ဓာကိုယ်ပါ နေရာမှာ တန့်နေခဲ့တယ်။

ရုတ်တရက်ပေါ်လာတဲ့ အတွေးက သူ ဘာကို ရည်ညွှန်းမိလိုက်တာလဲ။ ဆက်မတွေးနဲ့တော့… နောက်တစ်ချိန် စတွေ့မယ် ။ အတန်းထဲဝင်တော့… စာကြည့်လိုက်တော…

***






Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...