အပိုင်း (၁၂)
နေသစ်လား။ သူတို့အထပ်ကို ဘာလာလုပ်တာလဲ။ အတန်းတစ်ချိန်ပြီးလို့ ကောရစ်တာမှာ လေထွက်ရှူနေချိန် သူတို့ အထပ်ကို တက်လာတဲ့ နေသစ်ကို တွေ့လိုက်ရတယ်။ ဘာလာရှာတာလဲ ။ ဘာလိုချင်လို့လဲ။ ဝင်ကြည့်လေ။
သူကြားဖူးနေကျ စကားစုထဲ သူ့ခေါင်းထဲ ဖြတ်ပြေးသွားပြန်တယ်။ ဒါတွေကတော့ မဟုတ်သေးပါဘူး။ ဘာလာလုပ်တာလဲ သိချင်တာလေ။
“ငါတို့ အထပ်ကို ဘာလာလုပ်တာလဲ။”
နေသစ်က သူမေးတာကို မဖြေဘဲ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်လာပြန်တယ်။ ဘာလို့လာကြည့်တာလဲ။ ငါ ဘယ်နေရာမှာမှ ဘိုမလေး နဲ့ တူမနေဘူး။ ကိုကိုနဲ့တော့ တော်တော်လေး တူပေမဲ့…မင်း ဘာကိုကြည့်နေတာလဲ။ ရွာကားတွေထဲက နှာဗူးတစ်ကောင် ရေခပ်ဆင်းလာတဲ့ ကောင်မလေးတွေကို ကြည့်သလိုပဲ။ အာ အဲ့မှာ အဲ့နှာဗူးကို သူ့အဖော်တွေ ပြောတဲ့ စကားရှိတယ်။
“ကြည့်လှချည်လား”
နောက်က ပါနေကျ အာစရိကို ဖြုတ်ပြီးပြောကြည့်တော့ နေသစ် ပါးစပ်က စက်သေနတ် ပစ်သလို ချက်ချင်း ထွက်လာတယ်။
“သေလေ” တဲ့။
ဘာကို သေရမှာလဲ။ သေတာ ဘယ်လောက် ကြောက်စရာကောင်းပြီး နာကျင်ရလဲ မင်းမသိဘူးလား။
“မေးတာဖြေလေ…ဘာလို့ ငါတို့အထက်ကို ဘာတက်လုပ်တာလဲ”
“အိမ်သာတက်ချင်လို့”
“ဟမ်”
ကျောင်းအိမ်သာတွေ ညစ်ပတ်တာ သိပေမဲ့ နေသစ်က ထုံးစံအတိုင်း စကားတွေ အများကြီးကို တရစပ်ပြောတော့တာပဲ။
“ငါတို့ အထပ်မှာ ရေပြတ်နေလို့…ဆွဲချလို့ မရဘူးကွာ…အဲ့ဒါနဲ့ တချို့အခန်းတွေမှာလည်း ဆွဲချလို့မရကြလို့ ဒီအတိုင်းထားခဲ့ကြ…”
“ဝေ့ါ”
နေသစ်သောက်ပြီးသား အအေးကို သောက်ဖို့ မရွံပေမဲ့ ဒါတွေတော့ သူရွံတယ်။ ညစ်တီးညစ်ပတ်တွေ…
သူနေသစ်ကို ပြန်ကြည့်လိုက်တယ်။
“ငါ့အစ်ကိုကို လာတွေ့တာ မဟုတ်ဘူးလား”
“ညနေပဲတွေ့ရမဲ့ ကိစ္စကို ငါက သီးသန့်လာတွေ့စရာလား”
“ဒါဆို အခုရော ပြီးပြီလား”
“ဘာလဲ”
“အိမ်သာတက်မလို့ဆို ပြီးပြီလား ပြီးရင် ဒိုးတော့”
မတက်ရသေးခင် လှေကားဘေးက အိမ်သာက သန့်တယ်။ အပေါ့သွားမယ်ဆို ဝင်ဝင်ချင်း ကမုတ်ခွက်မှာ မသွားနဲ့။ အဲ့ဒါ သူသုံးအရမ်းများတယ်။ အလယ်က တစ်ခုကိုသုံး။ အိမ်သာကတော့ ဝင်ဝင်ချင်း ဒုတိယမြောက် တစ်လုံးက အဆင်ပြေတယ်။ ရေပိုက်လည်း ကောင်းတယ်။ ရေလည်း ဆွဲချလို့ရတယ်။
ဒါတွေ ခေါင်းထဲ ရှိပေမဲ့ နေသစ်ကို သာ ကြည့်နေမိတယ်။ နေသစ်က တဟားဟားအော်ရယ်နေတာ ထူးဆန်း
လိုက်တာ။ ဘာတွေ ဒီလောက်ပျော်စရာကောင်းနေလို့လဲ။
“-င်မခံရချင်ရင် ပြန်လိုက်တော့။ မင်းကို ဒီအထပ်မှာ မမြင်ချင်ဘူး။”
နေသစ် ထပ်ရယ်ပြန်တယ်။ ဘာကို ရယ်စရာကောင်းနေတာလဲ။ အဲ့ကိစ္စကို ပေ့ါသေးသေးထင်နေတာလား။
“-င်မခံ။ ဘယ်သူကလဲ ။ ငါလား ဒါမှမဟုတ်”
နေသစ် လက်ညှိုးက သူ့ဆီ ရောက်လာတယ်။ တစ်ကိုယ်လုံး ပူတက်လာပြီး ကျောရိုးတောက်လျောက် ကျဥ်တက်လာတဲ့အထိ။ ဒါကို နေသစ်က သူရှက်သွားတာလို့ ထင်နေပုံပဲ။ သူ့ကို လှောင်သွားသေးတာ။ ဘယ်သူက ရှက်ကြောက်နေမှာလဲ။ မင်းကို ငါက ဘာရှက်စရာရှိရမှာလဲ။ ငါတို့က အကြိမ်ကြိမ်…
သူ့အတွေးတွေ တိခနဲ ရပ်ပြီး ခန္ဓာကိုယ်ပါ နေရာမှာ တန့်နေခဲ့တယ်။
ရုတ်တရက်ပေါ်လာတဲ့ အတွေးက သူ ဘာကို ရည်ညွှန်းမိလိုက်တာလဲ။ ဆက်မတွေးနဲ့တော့… နောက်တစ်ချိန် စတွေ့မယ် ။ အတန်းထဲဝင်တော့… စာကြည့်လိုက်တော…
***
Comments
Post a Comment