Skip to main content

14







အပိုင်း (၁၄)


အဲ့နေ့က ညနေ မေမေ ဆိုင်က ပြန်လာတည်းက ကိုကို့နဲ့ အချေအတင်ပဲ။

“သားကြီး နဲ့ အဲ့ကောင်‌လေးက ဘာလဲ”

“ဘာမှမဟုတ်ဘူး ။ ဒီအတိုင်း လိုက်စကြတာလေ။ ဒီခေတ်က ဒီလိုပဲ မေမေရဲ့။”

“သေချာလား ဘာမှမဟုတ်တာ။ သူက သားကို လိုက်ကပ်နေတာလား”

“မဟုတ်ပါဘူး။ မိုးရိပ်နဲ့လည်း သိကြပါတယ်။ ခင်ခင်မင်မင်ပါပဲ”

“တကယ်လား သားငယ်”

“ဟုတ်”


ကိုကို‌ရော မေမေရော စာဖတ်နေရင်းက ပြန်ဖြေတဲ့ သူ့ကို တစ်ချက်လှည့်ကြည့်ပြီး မေမေက ထုံးစံအတိုင်း ကိုကို့ကို မှာတမ်းခြွေနေတယ်။ အခြေအနေဆိုးလာရင် တီးဝိုင်းကနေပါ ထွက်ပစ်ဖို့… စာကိုပဲ အာရုံစိုက်ဖို့ ပြောနေတယ်။ သူ့ကိုတော့ ဘာမှမမှာ။ မေမေလည်း တအား စကားများလို့ သူ ကြားတစ်ချက် မကြားတစ်ချက်ပဲ။

တော်တော်လေး ကြာမှ

“သားငယ်ရော…ကိုကို့ လို တွေ့နေပြီလား။ စာပဲ လုပ်နေလို့ ဘယ်သူကမှ လက်‌ဆောင်တွေ လာမပေးတော့ဘူးမလား”

“တွေ့နေပြီ”

ကိုကို‌ရော မေမေရော ကြောင်အ သွားပြီး သူ့ကိုလှမ်းကြည့်တယ်။ ကိုကို ဆိုလည်း သူဘာတွေလွတ်သွားလဲ ဆိုတဲ့ အကြည့်နဲ့ သူ့ကို ကြည့်လာတယ်။ ဘာတွေ အံ့သြနေကြတာလဲ။ တွေ့နေလည်း သူက ဘိုရုပ်ကလေးလည်း မဟုတ်သလို ၊ ကိုကို လည်း ဟုတ်မနေဘူးလေ။

“ဘယ်သူလဲ”

“မသိဘူး”

မေမေရော ကိုကို ရော နားမလည်ကြ။ ဘယ်တုန်းကမှလည်း သူတို့ နားလည်ကြတာ မဟုတ်ဘူးလေ။ ထူးထူးဆန်းဆန်း မမေးစဖူးတွေ လာမေးနေကြပြီး သူက ဘယ်ကစပြီး အရှည်ကြီး ရှင်းပြရမလဲ။ ကိုးတန်းတည်းက မေးရင်…အဲ့ ကျူရှင်ကနေ မထုတ်ခဲ့ရင် သူ ပြောစရာရှိမှာပေ့ါ။

“သူ ဘာတွေပြောနေတာလဲ သားကြီးသိလား။ ဘယ်သူလဲ။ ထွန်းကိုကို တော့ မဟုတ်ဘူးမလား”

“မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က မိန်းမ ၊ ယောကျာ်း ဖြစ်နေရင်တောင် ကြိုက်မှာမဟုတ်ဘူး”

“ဒီနှစ် သူ့ကျော်တက်သွားတဲ့ Roll one ကောင်မလေးလား”

“အဲ့တစ်ယောက်မှာ ရည်းစားရှိတယ်။”

ကိုကို ဖြေပေးသမျှကို မေမေနားထောင်ရင်း သူ့ကို လှမ်းကြည့်တယ် ။ ခန့်မှန်းမိသလောက်တော့ ကုန်ပြီလေ။

“သားငယ် ဘယ်သူလဲ”

သူ စာပဲဆက်ဖတ်နေလိုက်တော့ ကိုကိုရော မေမေရော ပြောစရာမရှိတော့သလို နှုတ်ဆိတ်သွားကြတယ်။


***

လာမထိုင်နဲ့ ငါ့နားလာမထိုင်နဲ့ လို့ ဆုတောင်းနေရင်းက သူ့ကို ချိုချိုသာသာ ပြုံးပြပြီး ပွဲကြည့်စင်နားရောက်လာတယ်။ အပေါ်တစ်ဆင့်မှာ ထိုင်မယ် ထင်ပေမဲ့ သူ့ အောက်တစ်ထစ်မှာ ဆင်းထိုင်ပြီး မော့ကြည့်နှုတ်ဆက်လာတယ်။ ဒီအနေအထားကို သူသဘောကျတယ်။ သူတို့ အရင်တုန်းကလည်း ဒီလို နေဖူးသလို မျိုး ခံစားရစေတယ်။

“ပူလိုက်တာနော်”

ဘေးမှာ ချထားတဲ့ ရေဗူးကို ကမ်းပေးလိုက်တယ်။ သူ့ခေါင်းထဲ ဒီလို အခြေအနေမျိုး များစွာ ဖြတ်သန်း‌ဖူးသလို ပုံရိပ်တွေ ဖြတ်ပြေးသွားတယ်။ အမြဲတမ်းမောနေရင်တောင် သူ့ကို ပြုံးပြတတ်တဲ့ အမျိုးသားတစ်ယောက်ပုံရိပ်။ နွမ်းလျလျ နဲ့ အမြဲလိုလို အဝတ်အစား ဟောင်းတွေ ဝတ်ထားတတ်ပေမဲ့ အခုလက်ရှိ သူ့ကို လည်ပြန်မော့ငေး နေသူကတော့ ခေါင်းအစ ခြေအဆုံး အကောင်းဆုံးတွေချည်း ဆင်ယင်လျက်… တော်တော်လေး ကြာတဲ့အထိ သူဘာများပြောလာမလဲ လို့ မော့ငေးနေရင်းက ဖုန်းထုတ်ဖို့ပြင်တယ်။

ငါနဲ့ရှိနေရင် ငါနဲ့ပဲ ပြောလေ။

“မင်းတို့ အလှူသွားလုပ်တဲ့နေ့က မိုးရိပ်ငါ့ကို လာတွေ့တယ်”

ဖုန်းက အာရုံက သူ့ဆီရောက်လာတယ်။

“သူတို့ ဆက်ဆံရေး အဆင်မပြေဘူးလို့လည်း ပြောတယ်”

ဆက်မပြောချင်တော့ဘူး ။ နေသစ် စိတ်ညစ်လိမ့်မယ်။ သူနဲ့ ကိုကို က အလှူပြီးတည်းက တွေ့ဖြစ်တော့တာ မဟုတ်ဘူး။ နေသစ်က ကိုကို့ ကို ကြိုက်မှကြိုက်ပါတော့မလားတောင် မသေချာဘူး။ အေးလေ ကိုကိုက ဘိုကပြား ရုပ်ကလေးမှ မရှိတာ။ ကိုကိုရော သူရောက ဒီအတိုင်း အာရှသား ရုပ်တွေပဲ။

“နောက်ပြီး ဘာဖြစ်လဲ”

နေသစ် စကားထောက်ပေးလာတယ်။

“ငိုတယ်။ လိုင်းပေါ်က မင်းနဲ့ ကိုကို့ ပုံတွေ မေမေတွေ့သွားပြီး ကိုကို့ ကို တီးဝိုင်းက ထွက်ခိုင်းနေတယ်”

“ဘာ”

“ကိုကိုက မထွက်ချင်ဘူး။ မင်း ကိုကိုနဲ့ မတွေ့အောင် နေသင့်တယ်”

ကိုကို့ကို မကြိုက်တော့ရင်ပေ့ါ… ဒီအတိုင်း သူငယ်ချင်းတွေ နဲ့ တီးဝိုင်းက သူတွေ စနောက်လို့ မင်း စိတ်ဝင်စားတာ မလား။ ဟုတ်တယ်မလား။

နေသစ်က မတွေ့အောင် နေဖို့ဆို တီးဝိုင်းက ထွက်မှပဲ ရမယ်ပြောလာတော့ ထွက်ပေ့ါ။ မင်း မှာ တီးဝိုင်းအပြင် သူငယ်ချင်းတစ်အုပ်လည်း ရှိသလို အခု ဘောလုံးကန်တာလည်း ရှိတာပဲ။ ပြီးတော့ မင်း ကျောင်းပိတ်ရက်တွေဆိုလည်း ဟိုဟို ဒီဒီသွားမှာပဲ မလား။ အိမ်မှာလည်း အစ်မ တွေ အများကြီးနဲ့…

နေသစ်နဲ့ တစ်ခွန်းမေး ၊ တစ်ခွန်းဖြေ လုပ်ရတာ ပင်ပန်းတယ်။ အာရုံပျက်တယ်။ သူ နေသစ်ကိုပဲ ကြည့်နေလို့ ရရင် ကောင်းမယ်။ နေသစ်က ဘာလို့ အရမ်း စကားများတာလဲ။

ပြောနေရင်းလည်း သူ့ကို မကြည်သလိုတွေ ကြည့်တယ်။ ပြီးတော့ ရွှဲ့သလိုလိုနဲ့ နှုတ်ခမ်းထောင့်ပင့်တက်ပြီး ပြုံးပြတယ်။ မင်းကများ ငါ့ကို ရာရာစစ…

သူစိတ်ထဲ ဒေါသနဲ့ နေလို့မကောင်းဖြစ်ပြီး တစ်ကိုယ်လုံးလည်း ပူတက်လာတယ်။ အရင်လို ကျောရိုးတစ်လျောက်တောင် တောင့်တင်းမသွားတော့ဘူး။ နေသစ် မျက်နှာကို တစ်ချက်လောက်တောင် ရိုက်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ နေသစ်က

“အမှန်တော့ ဒီပြဿနာက မင်းနဲ့ အနေသာကြီးပါ ခန့်ညီရာ…မင်း အဲ့လောက် ပြဿနာပြေလည်ချင်ရင် မင်း ကြားဝင် တာဝန်ယူပေးလိုက်ပေ့ါ…မဟုတ်ဘူးလား။ မင်းတို့က အမွှာပဲဟာ ကြိုက်မဲ့လူက ဘယ်သူ့ဖြစ်ဖြစ် ကြိုက်မှာပဲ…”

ဟင်! တကယ်လား။ ကိုကို့ မို့လို့ ကြိုက်တာ မဟုတ်ဘူးလား။ ဒီရုပ်ဒီရည် ဒီခန္ဓာကိုယ်ကို သဘောကျတာလား ။ နေသစ် ပြောပြောပြီးချင်း ထိုင်နေရာမှ ထထွက်သွားတယ်။

အာ…ဒီလိုလား။ ဒါဆို ငါတို့ အတူတူ နေလို့ရတယ်ပေ့ါ။ ဒါတကယ်လား။ မသိဘူး နေသစ်ကိုယ်တိုင် ပြောသွားတာပဲ။

ကောင်းပြီလေ… ငါတို့ စတွဲကြတာပေ့ါ… ဘယ်သူမှ မသိတဲ့ ဆက်ဆံရေးကနေ အားလုံးသိတဲ့ ဆက်ဆံရေး ကို ပြောင်းလိုက်လည်း ပြဿနာမရှိဘူးမလား။

နေသစ် ကျောပြင်ပြန့်ပြန့်ကို ကြည့်ရင်း သူ့ကျောရိုးတလျောက်က ခံစားချက်ကို ပြန်ခံစားလိုက်ရတယ်။

***

အကြင်နာ လက်အကမ်း

မလွတ်တမ်း

ငါဟာ မြဲမြဲ

ချည်နှောင်ထား…

ထွက်ခွာပြေးသူ

ပြစ်ဒဏ်သင့်စေသား


***









Comments

  1. ခန့်ညီ​ရေ....🥰🥰🥰

    ReplyDelete
  2. ဆရာသမားလေူအတွေးကအဲ့လိုပေါက်သွားတာ🤭😁

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...