Skip to main content

16




အပိုင်း (၁၆)


သူနိုးတဲ့အချိန်ထိ နေသစ်က အိပ်ကောင်းဆဲ။ အအိပ်အရမ်းဆော့တာ မဟုတ်ပေမဲ့ နေသစ်လက်တွေကအကျင့်ပါနေသလို သူ့လည်ပင်းတွေဆီ ရောက်လာလိုက် ၊ တစ်ခါတလေ ခါးတွေဆီ ဆွဲဖက် ပွက်သပ်လျက်…

သူတစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘူး။ အိပ်မပျော်မဲ့ အတူတူ နေသစ်ပုံပေါင်းများစွာကို သူရိုက်ယူထားလိုက်တယ်။ အိပ်ရာနိုးလို့ နေသစ်မမှတ်မိရင်လည်း ပြရတာပေ့ါ။

မနက်စောစောမှာပဲ ရေချိုး အသင့်ထည့်လာတဲ့ အဝတ်အစားလဲပြီးသည်အထိ နေသစ်က မနိုး။ ပုံမှန် ဘယ်နှစ်နာရီမှ အိပ်ရာထတာလဲ။

ပွယောင်းယောင်းဖြစ်နေတဲ့ နေသစ်ဆံပင်တွေကို ဖွဖွသပ်တင်ဖိပြားပေး ၊ လုံးကြေနေတဲ့ သူ့ရှပ်ကို အပေါ်က ပြန်လွှားပေးပြီးမှ ဟိုတယ်စားသောက်ခန်းမှာ မနက်စာဆင်းယူလိုက်တယ်။ ဒီဟိုတယ်ကို သူ မေ‌မေနဲ့ရော ဖေဖေ ပြန်လာရင်ရော ခဏခဏ ‌ရောက်ဖူးတယ်။ ဒီ ဟိုတယ်က မနက်စာ ဒင်းဆန်းက အရမ်းကောင်းတယ်။ နေသစ်ကို ကျွေးချင်နေခဲ့တာ။ နေသစ်က ကန်င်တင်းထိုင်ရင် ကန်င်တင်းက မိုင်လို အအေးနဲ့ သူလမ်းက ဝယ်လာတဲ့ ပေါက်စီတို့ ၊ အသားပေါင်းတို့ ၊ တစ်ခါတလေ ဒင်းဆန်းတို့ စားတတ်တယ်။ နေ့လယ်မှသာ ကန်င်တင်းက မလေးထမင်းကြော်စား ၊ တစ်ခါတလေ ထမင်းနဲ့ ဟင်းစား ၊ မပါမဖြစ်ကတော့ အရမ်းချိုတဲ့ အအေးတွေပဲ။ ဂျယ်လီဆို ရောင်စုံ မရိုးအောင်ကို နို့ဆီနဲ့ ဖျော်ပြီးကို သောက်တာ။ ချောကလက်တွေဆိုလည်း ကြိုက်မှာပဲ။

ဟင်…

အခန်းပြန်ရောက်တော့ ခုတင်ပေါ်မှာ အိပ်မောကျနေခဲ့တဲ့ နေသစ်ရော သူ့ရှပ်ရော မရှိတော့ဘူး။ ရေချိုးခန်းထဲ အပြေးအလွှား ဝင်ကြည့်တော့လည်း ဘယ်သူမှ မရှိ။ ခုတင်ဘေးက ခုံပေါ်မှာ တစ်သောင်းတန်တွေ တင်ထားခဲ့တယ်။

ထွက်သွားပြန်ပြီ။ သူ့ကို ထားသွားပြန်ပြီ ။ သူ့ကို မပြောမဆိုနဲ့ ဘာမှအရေးမပါသလို ပုံစံလုပ်ပြီး ထွက်သွားပြန်ပြီ။

ခုတင်အောက် ကြမ်းပြင်မှာပဲ ထိုင်ချပြီး နေသစ်အတွက် ယူလာပေးတဲ့ မနက်စာတွေကိုပဲ ဖြည်းဖြည်းချင်း စားနေလိုက်တယ်။ ခုံပေါ်က ပိုက်ဆံကို ရေကြည့်တော့ ငါးသောင်း ။ ငါးသောင်းက ဒီက တစ်ညစာတောင် မရှိပါဘူး။ နေသစ်က သူ့မှာ ရှိသလောက် အကုန်ပေးခဲ့ပုံပဲ။

ပြန်ပေးရမယ်။ နာရီကြည့်တော့ ကျောင်းသွားဖို့ မီသေးတယ်။ ကိုကိုကတော့ သူ ဒီနေ့ သူ့သူငယ်ချင်းကားနဲ့ အတူတူ သွားမယ် ဆိုပြီးစာပို့ထားတယ်။

တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရပေမဲ့ အပြန်ကျ ကိုကို သူများကားနဲ့ အိမ်ပြန်လာတာ မေမေသိရင် ဆူတော့မှာမို့ ကျောင်း‌တော့ရောက်အောင် သွားပြီး ကျောင်းကနေ ကိုကိုနဲ့ အတူတူ အိမ်ပြန်ရမယ်။

ဒါပေမဲ့ ခဏလောက် လှဲချင်သေးတယ်။ နေသစ် အိပ်သွားတဲ့ ဘက်ခြမ်းမှာပဲ ငြိမ်ငြိမ်လေး လှဲနေလိုက်တယ်။ မျက်လုံးတွေကို မှိတ်ထားပြီး ညက နေသစ် ကို ပြန်စိတ်ကူး ပုံဖော်ကြည့်နေလိုက်တယ်။

နေသစ်မှာ အရမ်းချောတဲ့ မျက်နှာလည်း ရှိတယ်။ အပြစ်အနာအဆာ ကင်းတဲ့ ခန္ဓာကိုယ်လည်း ရှိတယ်။ လက်ထိပ်ကလေးတွေကတော့ ဂီတာ တီးတာကြောင့် နည်းနည်းကြမ်းနေပေမဲ့ အရမ်းကြည့်ရမဆိုးဘူး။

ဒီလို ငါ့ကို ထားခဲ့ပုံမျိုးနဲ့ ဆိုရင်…အဲ့ ယောကျာ်း နဲ့ မင်းက မှားစရာကို မရှိတော့ဘူး။

မျက်လုံးတွေ မှိတ်ထားချိန်မှာပဲ သူမှန်းသိတတ်စအရွယ်တည်းက သူ့ကို အိပ်ရေးပျက်စေခဲ့တဲ့ အိပ်မက်တွေ အ‌တွေးထဲ ပုံရိပ်တွေအဖြစ်ရောက်လာပြန်တယ်။

တစ်ခါတလေ အသံတွေပါတယ်။ တစ်ခါတလေကျလည်း အသံတိတ် အဖြူအမည်း ရုပ်ရှင် အဟောင်းကြီးလိုပဲ။

ဘိုကပြားလေးကို အနိုင်ကျင့်တဲ့ ခပ်ထွားထွား ခပ်ကြမ်းကြမ်း ကောင်‌လေး နဲ့ သူက ကြီးပြင်းလာရတာ။ သူ ကျောင်းမှာ ရန်ဖြစ်တယ်ဆိုတာကလည်း အဲ့ကောင်လေး လုပ်သလိုပဲ။ လူကို အနောက်ကနေ တွန်းတယ်။ ကိုယ့်ထက် ခန္ဓာကိုယ်ကြီးနေရင် အဝေးကနေ ပြေးပြီး ခေါင်းနဲ့တိုက်တယ်။

အဲ့ ခပ်ဆိုးဆိုး ကောင်လေးကြောင့်ပဲ သူက မူလတန်းမှာ ဆရာမတွေရဲ့ အောကြောလန်ဖြစ်ခဲ့တာ။ စာတောင် သင်မရတဲ့ ခပ်ထူထူ ငတုံးလို့ ထင်ခဲ့ကြတာ။

ဖေဖေ့ဆီသွားလည်အပြီးမှ သူက ပတ်ဝန်းကျင်က ထင်သလို ထူနေ ပေနေတာ မဟုတ်ဘူး ဆိုတာ ပထမဆုံး စသိလာတာ။ ဖေဖေက တက္ကသိုလ်ကြီးတွေကို လိုက်ပို့ပေးတယ်။ သူ့ကြောင့်ပဲ ကိုကို နဲ့ သူက ဂီတ သင်ခဲ့တာ။ မူလတန်း တောက်လျောက် သူ့ကိုယ်သူ အိပ်မက်ထဲက ခပ်ဆိုးဆိုး ကောင်လေးလို့ ထင်နေမိခဲ့တာ။ အလယ်တန်း စတက်တော့ သူ့အိပ်မက်တွေကလည်း ထပ်ပြောင်းလာခဲ့တယ်။

အပြင်မှာ သူက ပိုငြိမ်လာသလို စာလည်း ပိုတော်လာခဲ့တယ်။ ဆရာမတွေ သတိထားမိရလောက်အောင် သူက အတန်းထဲက ထိပ်ဆုံးတွေမှာချည်း ရပ်တည်ခဲ့တယ်။ မေမေကလည်း သူ့ကို ရန်မဖြစ်ဖို့ စသတိပေးလာပြီး သူ့ကိုယ်သူလည်း ပိုထိန်းလာတယ်။ အိပ်မက်ထဲက ကောင်လေးကလည်း ရန်မဖြစ်တော့ဘူးလေ။ သူ့အိပ်မက်တွေမှာ အသံတွေ ပိုပိုတိတ်လာခဲ့တယ်။

တောင်ကုန်းလေးဆီ သွားတိုင်း သူ့စိတ်တွေ မောရပေမဲ့ တောင်ကုန်းလေးပေါ်မှာ ရှိနေတိုင်း သူ့စိတ်တွေ ငြိမ်သက်လာတယ်။ တစ်ခါတလေတော့လည်း ခေါင်းထဲ ပုံရိပ်တွေက အထပ်ထပ်အခါခါ ဖြစ်လိုက် ၊ ရုပ်ရှင်ကားကို နောက်ပြန်ရစ်ကြည့်သလို အကြောင်းအရာတွေ ထပ်နေလိုက်နဲ့….

သူက ခပ်ဆိုးဆိုးကောင်လေးလား။ အရမ်းငြိမ်ပြီး အေးစက်လွန်းတဲ့ ဘိုကပြားလေးလားဆိုတာ မသဲကွဲခဲ့ဖူးဘူး။

ဒါပေမဲ့…အဲ့ကျူရှင် စရောက်တဲ့ နေ့ ။ ကျူရှင်လှေကားကနေ ပြေးဆင်းလာတဲ့ နေသစ်နဲ့ တိုက်မိတဲ့ နေ့ကစလို့ သူ့ အိပ်မက်တွေက ပုံရိပ်အသစ်တွေ ထပ်ဖြစ်လာတယ်။ သူ ရှင်းလင်းသွားခဲ့တယ်။ ဘာလို့ဆို သူက ခပ်ကြမ်းကြမ်းကောင်လေး မဟုတ်ဘူး။

ပထမဆုံး နွေဦးလိုပူနွေးစိုစွတ်တဲ့ အိပ်မက်တွေမှာ သူက နေသစ်ရဲ့ ရင်ခွင်ထဲမှာ အပြင်းအထန် အချစ်ခံနေရတာကို မှတ်မိတယ်။ မှောင်မည်းပြီး အေးစိမ့်နေတဲ့ နေရာက ကြောက်စရာကောင်းပေမဲ့ သူဟာ နေသစ်နဲ့ အတူတူရှိနေခဲ့တယ်။ ခပ်ကြမ်းကြမ်းကောင်လေးက သူ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။

နေသစ်က ဘိုမလေး နဲ့ စကားပြောဆို ရယ်မောနေတော့လည်း သူ တွေဝေခဲ့ရပြန်တယ်။ သူက ဘိုရုပ်ကလေးနဲ့ ကောင်လေးမဟုတ်ဘူး။ သူက ဒီထူးဆန်းတဲ့ ဆက်ဆံရေးမှာ အပြင်လူ ဖြစ်နေတာ ထင်တယ် ဆိုတဲ့ အတွေးကလည်း သူ့ကို နာကျင်စေတယ်။

အဲ့ကျူရှင်က စာသင်ကောင်းလို့ မထွက်ချင်ပေမဲ့ မေမေထွက်ခိုင်းတော့ သူ လွယ်လွယ်လက်ခံလိုက်တာလည်း အဲ့အတွေးကြောင့်ပဲ။ သူရဲ့ဆယ်ကျော်သက် စာအသဲအသန်လုပ်နေရတဲ့ အရွယ် အပိုင်းအခြားမှာ သူက တစ်ယောက်ယောက်ရဲ့ သိမ်းသွင်းမှုကို မလွန်ဆန်နိုင်ဘဲ အကြိမ်ကြိမ် အခါခါ အချစ်ခံလိုက်ရလိုက် ၊ ဘူတာရုံက ရထားတွေဆီ ပြေးလိုက်လိုက် ၊ တောင်ကုန်းပေါ်မှာ တစ်စုံတစ်ယောက် နာမည်ကို လည်ချောင်းကွဲမတတ် အော်ခေါ်ရင်း ငိုလိုက်နဲ့… အပြင်ဘဝထက် ခက်ခဲနေခဲ့တာ။

အိပ်မက်တွေအကြောင်းဘယ်သူ့ကိုမှလည်း ပြောပြမရခဲ့တာ။ တစ်ချိန်ချိန်မှာတော့ နေသစ်က စိတ်ရှည်လက်ရှည် နားထောင် ပေးကောင်းပါရဲ့…

***














Comments

  1. အရာရာကို ရင်ထဲသိမ်းထားပြီး ထုံပေပေနဲ့ တိတ်တိတ်လေး ချစ်နေရတာမြင်တော့ ရင်တွေနာ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...