Skip to main content

68







အခန်း (၆၈) ကျွန်တော့်ကို ဒီနေရာလေးမှာလည်း လာပြီး ချော့ပေးဦးမလားဟင်


နောက်တစ်နေ့ ယွီနျန့် အောက်ထပ်သို့ ဆင်းလာသောအခါ၊ မုန့်ယွမ်သည် ကားပေါ်တွင် ထိုင်ကာ တက်ဘလက်တစ်လုံးကို အသည်းအသန် အသုံးပြုနေသည်။
"နျန့်နျန့်... တို့တွေ ဒီနေ အချိန်ဇယားကို ပြန်စစ်ကြည့်ရအောင်။ မနက် ၁၀ နာရီကျရင် ‘Let Me Sing’ အစီအစဉ်အတွက် ပရိုမိုးရှင်း ဗီဒီယိုရိုက်ကူးရေး ရှိတယ်။ မင်းအပြင် တခြား ဒိုင်လူကြီး သုံးယောက်လည်း ရှိပေမဲ့ ရိုက်ကူးမယ့်အချိန်တွေကိုတော့ အလှည့်ကျ ခွဲထားတာ။ နေ့လယ် ၂ နာရီခွဲကျရင်တော့ ‘Echo Radio’ ရိုက်ကူးရေးနေရာကို သွားပြီး ‘Elegant’ သီချင်းကို ဖျော်ဖြေရမယ်။ အဆင်ပြေရဲ့လား"

ယွီနျန့်သည် လက်ထဲက ဖုန်းဖြင့် ရှဲ့ယို့ထံသို့ မက်ဆေ့ချ် ပို့နေရင်းကပင် မုန့်ယွမ်၏ စကားကို ခေါင်းညိတ်ပြလိုက်သည်။

"အဆင်ပြေပါတယ်။ ဒါပေမဲ့ တခြား ဒိုင်လူကြီး သုံးယောက်ရဲ့ အချက်အလက်တွေကို ကျွန်တော့်ဆီ ပို့ပေးလို့ ရမလားဟင်။ ပြီးတော့ ‘Let Me Sing’ အတွက် ပရိုမိုးရှင်းတွေကော အဆင်သင့် ဖြစ်ပြီလား"

"ရတာပေါ့၊ အချက်အလက်တွေကို ငါသေသေချာချာ စုပြီး မင်းဆီ ပို့ပေးလိုက်မယ်၊"

မုန့်ယွမ် သဘောတူလိုက်သည်။

"ဟုတ်တယ်၊ အရင်တုန်းက တို့တွေ ကောလာဟလ နည်းနည်း ချပြပြီး လျှို့ဝှက်ဆန်းပြားတဲ့ အရှိန်အဝါတစ်ခုကို ဖန်တီးထားခဲ့တာလေ။ အခုဆို အခြေခံအဆင့်က ပြည့်စုံသလောက်ရှိပြီဆိုတော့ တကယ့် အဓိကအကြောင်းအရာကို ချပြရမယ့် အချိန်ရောက်ပြီ။ ဘာမှမပြဘဲ တစ်ချိန်လုံး လျှို့ဝှက်ထားနေရင်လည်း လူတွေ ငြီးငွေ့ကုန်လိမ့်မယ်"

ထိုသို့ပြောရင်း မုန့်ယွမ် ခေါင်းမော့ကြည့်လိုက်ရာ ယွီနျန့်၏ မျက်နှာထက်က အနည်းငယ် မှေးစင်းကာ ပြုံးနေသော အမူအရာကို သတိပြုမိသွားသည်။

"မင်း... ဒီနေ့ စိတ်အခြေအနေ တအားကောင်းနေပုံရတယ်နော်"

"ဟုတ်ကဲ့ စိတ်အခြေအနေ တအားကောင်းနေတာပါ၊"

ယွီနျန့်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ မုန့်ယွမ် တောက်နှစ်ချက် ခေါက်လိုက်ပြီး ဆက်ပြီးတော့ မမေးတော့ပေ။

"ဒါနဲ့... ဟွမ်ယွန်းကလည်း အန်ပေါင်းအကြီးကြီးတစ်ခု ပို့လိုက်တယ်ကွ။ ပြီးတော့ မင်းနဲ့ နောက်ထပ် သီချင်းတစ်ပုဒ် ထပ်ပြီး လက်တွဲချင်တယ်လို့လည်း ပြောလာတယ်"

ယွီနျန့် ထိုလူကို သတိရသွားသည်။

"သူက ‘Insincere’ သီချင်းကို ဝယ်ခဲ့တဲ့ အမျိုးသမီးအဆိုတော် မဟုတ်လားဟင်"

"ဟုတ်တယ်၊ သူပဲလေ။ သူ ပရိုမိုးရှင်း လုပ်တုန်းကဆိုရင် မင်းရဲ့ နာမည်ကိုပါ ထည့်ပြီး အမွှန်းတင်ခဲ့တာ။ သူ့ရဲ့ Single သီချင်း ထွက်ထွက်ချင်းမှာပဲ ဂီတဝေဖန်ရေးသမားတွေက ဒါဟာ သူမရဲ့ ဒီနှစ်ပိုင်းအတွင်း အကောင်းဆုံး လက်ရာတစ်ခုပဲလို့ တညီတညွတ်တည်း ချီးကျူးခဲ့ကြတာလေ။ အဲဒါကြောင့် သူ့အဖွဲ့က တို့တွေကို ဆက်သွယ်ပြီး နောက်တစ်ခေါက် ထပ်ပြီး လက်တွဲဖို့ လာကမ်းလှမ်းတာ၊ ဈေးကိုလည်း တအားမြင့်မြင့် ပေးထားတယ်"

ယွီနျန့် ခဏ စဉ်းစားကြည့်သည်။

"တို့တွေ ဒါကို စဉ်းစားရုံပဲ စဉ်းစားထားကြရအောင်။ ဘယ်သီချင်းပဲဖြစ်ဖြစ်... သီဆိုမယ့်သူရဲ့ အသံအခြေအနေနဲ့ စတိုင်နဲ့ လိုက်ဖက်မှု ရှိဖို့က အဓိကပဲလေ။ လောလောဆယ်တော့ ဇွတ်တရတ်ကြီး လက်မခံမိပါစေနဲ့ဦး"

"ငါလည်း အဲဒီအတိုင်းပဲ တွေးထားတာ။ မင်းရဲ့ သီချင်းတွေက အရမ်းကောင်းပေမဲ့ သီဆိုမယ့်သူဘက်က စိတ်မချရရင် တို့တွေကိုပါ ပြန်ပြီး ထိခိုက်လာနိုင်တယ်လေ"

မုန့်ယွမ်က သက်ပြင်းချရင်း

"ဒါပေမဲ့ နျန့်နျန့်... မင်းက တကယ်ကို ပိုက်ဆံနောက်တစ်ခုတည်းကိုပဲ လိုက်ပြီး အလျှော့ပေးမယ့်သူ မဟုတ်ဘူးပဲ!"

ယွီနျန့် တဟားဟား ရယ်မောလိုက်သည်။

"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲခင်ဗျာ။ ကျွန်တော်လည်း ပိုက်ဆံ လိုတာပေါ့၊ ဒါပေမဲ့ စံနှုန်းတွေနဲ့ စည်းမျဉ်းတွေကိုတော့ ဆက်ပြီး ထိန်းသိမ်းထားရမယ်လေ။ ဟိုရက်တုန်းက ကျွန်တော် သီချင်းတစ်ပုဒ် ရေးထားတာ ရှိတယ်။ အဲဒါက ကျွန်တော့်အစ်မနဲ့တော့ သိပ်မလိုက်ဖက်ပေမဲ့ ပိုင်ယန်နဲ့ဆိုရင်တော့ တကယ့်ကို ကွက်တိ ဖြစ်လိမ့်မယ်။ သူတို့ဘက်က စိတ်ဝင်စားမှု ရှိမရှိ သွားမေးကြည့်လို့ ရတယ်"

"ဒါပေါ့၊ သေချာတာပေါ့! ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းရေးပေးတဲ့ သီချင်းက သူ့ကို ချက်ချင်း ပြန်ပြီး နာမည်ကြီးသွားစေတာလေ။ အကျိုးသက်ရောက်မှုက တအားမြန်တာ။ ဒီကိစ္စကို ငါ့ကိုပဲ လွှဲထားလိုက်တော့။ ဒါနဲ့ စကားမစပ်... ပိုင်ယန်ကလည်း ‘Let Me Sing’ အစီအစဉ်ရဲ့ ဒိုင်လူကြီး သုံးယောက်ထဲက တစ်ယောက်ပဲကွ"

သူတို့ သတ်မှတ်ထားသည့် နေရာသို့ ရောက်ရှိသောအခါ၊ ယွီနျန့်နှင့် အဖွဲ့သားများသည် ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အပေါ်ထပ်သို့ တက်ခဲ့ကြသည်။ စင်္ကြံလမ်းတွင်အမျိုးသမီး အကူအဖွဲ့သားအချို့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။

မုန့်ယွမ် အခြေအနေတစ်ခုခု မှားယွင်းနေမှန်း ရိပ်မိသဖြင့် ဝန်ထမ်းများထံ သွားရောက် စပ်စုကြည့်သည်။ သူမ ပြန်လာသောအခါ ယွီနျန့်ကို

“ထန်ရှောက်ခဲ့ က အထဲမှာ ရိုက်ကူးရေး လုပ်နေတာကွ။ သူက သူ့ရဲ့ ကိုယ်ပိုင်အဖွဲ့ကို ခေါ်လာတာ။အခု ရိုက်ကူးနေတဲ့ ပရိုမိုးရှင်း ဗီဒီယိုရဲ့ စတိုင်က သူ့ရဲ့ ပုံမှန်ပုံရိပ်နဲ့ မကိုက်ညီဘူးဆိုပြီး ပြန်ပြင်ပေးဖို့ တောင်းဆိုနေတာလေ။ ဒါပေမဲ့ ဒီဘက်က စီစဉ်သူတွေကတော့ လုံးဝ ပြင်မပေးနိုင်ဘူး။ အစီအစဉ်ရဲ့ စတိုင်အတိုင်းပဲ သွားရမယ်လို့ ဇွတ်ငြင်းနေကြတာ။ အဲဒီအချက်ကြောင့်ပဲ ရိုက်ကူးရေး အချိန်တွေ နောက်ကျကုန်တာပေါ့။”

ရှီရို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တိုးတိုးလေး မေးသည်။

"ထန်ရှောက်ခဲ့ ဟုတ်လား သူက ဘယ်လိုဖြစ်ပြီး ဒိုင်လူကြီး လာလုပ်ရတာလဲ။ သူက နာမည်ကြီးချင်လို့ Lipsync ပဲ လုပ်တတ်တဲ့ အဆိုတော်တစ်ယောက် မဟုတ်ဘူးလား။ သူ့မှာ ဂီတဗဟုသုတ လုံးဝ မရှိတာကို... အင်တာနက်ပေါ်မှာ လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား မသိဘူး"

"သူ့မှာ ပိုက်ဆံရှိတာကိုး။ သူ့အဖေက အရင်တုန်းက ကျောက်မီးသွေးတွင်း ပိုင်ရှင်လေ။ နောက်ပိုင်းကျမှ အိမ်ခြံမြေလောကထဲ ဝင်လာတာ။ တကယ့်ကို ရုတ်တရက် ချမ်းသာလာတဲ့သူပေါ့။ ထန်ရှောက်ခဲ့ကတော့ ဘာမှအသုံးမကျတဲ့ သူဌေးသား မျိုးဆက်သစ်တစ်ယောက်ပဲ။ သူက ဖျော်ဖြေရေးလောကထဲကို ပျော်ချင်လို့ပဲ ဝင်လာတာ။ ဒီတစ်ခါလည်း သူ့မိသားစုက တို့အစီအစဉ်ထဲကို ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံပေးခဲ့တယ်လေ။ စည်းကမ်းချက်အနေနဲ့ကတော့ ထန်ရှောက်ခဲ့ကို ဒိုင်လူကြီးနေရာ ပေးရမယ်ဆိုတဲ့ အချက်ပဲပေါ့"

ရှီရို့ အံ့ဩလွန်း၍ မေးမိသည်။

"ကျွန်မတို့ကျတော့လည်း ဆင်းရဲလို့ ကန့်သတ်ခံချက်တွေများလိုက်တာဆိုတာ။ သူတို့ကျတော့လည်း ဒီလောက်အထိ အလိုလိုက်ခံရတာ တကယ့်ကို မယုံနိုင်စရာပဲ"

သိပ်မကြာမီ အခန်းတံခါး ပွင့်လာခဲ့ပြီး ထန်ရှောက်ခဲ့တစ်ယောက် ဦးထုပ်ကို ဆောင်းလျက် အပြင်သို့ ထွက်လာသည်။ သူက လက်နှစ်ဖက်ကို အင်္ကျီအိတ်ကပ်အပွကြီးထဲ ထည့်ထားပြီး၊ မျက်နှာတွင်လည်း အလွန်အမင်း မကျေမနပ်ဖြစ်နေသော အမူအရာ ရှိနေသည်။

သူ ယွီနျန့်၏ ဘေးကနေ ဖြတ်ကျော်သွားစဉ် ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်ကို ပင့်ကာ ပြုံးလိုက်သည်။

"တကယ့်ကို အားနာပါတယ်ဗျာ။ အထဲက လူတွေက ကျွန်တော့်ကို မင်းရဲ့ ရိုက်ကူးရေးအချိန်ကို နောက်ကျအောင် လုပ်မိတယ်လို့ ပြောနေကြလို့လေ။ အဲဒီတော့... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ မင်းက တအား ဆင်းရဲနေတာဆိုတော့... နစ်နာကြေးအနေနဲ့ ငါမင်းကို ယွမ်ငါးသိန်း ပေးမယ်။ မင်း လိုချင်လားဟင်"

ထိုစကားကြောင့် စင်္ကြံလမ်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားပြီး ဘေးနားရှိ ဝန်ထမ်းများအားလုံးက ထိုနေရာဆီသို့ လှည့်ကြည့်လိုက်ကြတော့သည်။

ယွီနျန့် ဘာမှထုတ်မပြောနိုင်ခင်မှာပင် ထန်ရှောက်ခဲ့က ပုခုံးတစ်ချက် တွန့်ပြလိုက်ပြီး

"တကယ်လို့ မင်းက ပိုက်ဆံကို ဒီအတိုင်း ယူရမှာ ရှက်နေတယ်ဆိုရင်လည်း... အမှတ်တရအနေနဲ့ သဘောထားလိုက်ပါ။ ငါကပဲ မင်းရဲ့ သီချင်းတစ်ပုဒ်ကို ဝယ်ပေးလိုက်မယ်လေ"

ယွီနျန့်က သူ၏ မေးလှလှလေးကို အသာအယာ မြှောက်လိုက်ပြီး တကယ့်ကို နားမလည်နိုင်ဖြစ်နေသော အမူအရာဖြင့် "မင်းက... ဘယ်သူလဲဟင်" ဟု မေးလိုက်သည်။

ထန်ရှောက်ခဲ့၏ မျက်နှာတစ်ခုလုံး ချက်ချင်း မည်းမှောင်သွားရသည်။

ဘေးနားတွင် တိတ်တဆိတ် စောင့်ကြည့်နေကြသော ဝန်ထမ်းအချို့မှာ မအောင့်နိုင်ဘဲ ခပ်တိုးတိုး ရယ်မောမိကြသော်လည်း၊ ချက်ချင်းပင် ပါးစပ်ကို ပြန်ပိတ်လိုက်ကြရသည်။

ယွီနျန့်သည် ဘေးတွင်ရပ်နေသော ရှီရို့၏ အနားသို့ တိုးကာ တိုးတိုးလေး ကပ်မေးသည်။

"သူက... ထန်ရှောက်ခဲ့ ဆိုတာလားဟင် ဒါပေမဲ့ ကြည့်ရတာ ဓာတ်ပုံတွေထဲကနဲ့ တအား ကွာနေသလိုပဲခင်ဗျာ!"

သူ ဆက်ပြီးတော့ ခဏမျှ စဉ်းစားကြည့်ပြီးမှ ပြုံးလျက် "ဪ... အဲဒီနာမည်ကိုတော့ ကျွန်တော် ကြားဖူးသလိုမျိုး ရှိပါတယ်ခင်ဗျာ" ဟု ဆိုသည်။

သူ ထန်ရှောက်ခဲ့ကို အေးစက်စူးရှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး တည်ငြိမ်လှသော လေသံဖြင့် ဆက်ပြောလိုက်သည်။

"မင်းတစ်နေ့ကျရင် autotunreတွေရော၊ lipsync တာတွေပါ မသုံးဘဲ စင်ပေါ်မှာ Live ရဲရဲဝံ့ဝံ့ သီဆိုနိုင်တဲ့ အချိန်ကျမှသာ... ကျွန်တော့်ရဲ့ သီချင်းကို ဝယ်ဖို့အတွက် အရည်အချင်း တစ်ဝက်လောက် ရှိလာမှာ။ ပိုက်ဆံနဲ့ ပတ်သက်လို့ကတော့ တကယ့်ကို အားနာပါတယ်... အဲဒီ ယွီငါးသိန်းဆိုတဲ့ ဂဏန်းအနောက်မှာ နောက်ထပ် သုညတစ်လုံး ထပ်တိုးပေးရင်တောင်မှ ကျွန်တော်ကတော့ နည်းနည်းလေးမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး"

ထိုသို့ပြောပြီးနောက် ယွီနျန့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ပြုံးလျက်

"ဒါဆိုရင်... မင်းက ကျွန်တော့်ရဲ့ ရိုက်ကူးရေးအချိန်ကို ဒီထက်မက ထပ်ပြီး နောက်ကျအောင် လုပ်ဖို့ ဘယ်လိုစိတ်ကူးထားသေးလဲခင်ဗျာ"

ထန်ရှောက်ခဲ့တစ်ယောက် မည်းမှောင်နေသော မျက်နှာပေးဖြင့် အလျင်အမြန် ထွက်ခွာသွားပြီးနောက် ယွီနျန့်က မုန့်ယွမ်ကို "အထဲမှာ ဘာတွေဖြစ်ခဲ့လို့လဲဟင်" ဟု မေးလိုက်သည်။

မုန့်ယွမ်က ရှင်းပြသည်။

“သူ အထဲမှာ ဒါရိုက်တာရဲ့ ဆူပူကြိမ်းမောင်းတာ ခံလိုက်ရတာလေ။ ထန်ရှောက်ခဲ့က ဒါရိုက်တာပြောတာကို နားမထောင်ဘဲ သူဖြစ်ချင်တဲ့ စိတ်ကူးအတိုင်းပဲ ဇွတ်ရိုက်ချင်နေတာ။ အဲဒါနဲ့ ဒါရိုက်တာ တအားစိတ်တိုသွားပြီး... တကယ်လို့ မင်းက ဒီလိုမျိုး ဆက်ပြီး မကူညီဘဲ နောက်လူရဲ့ ရိုက်ကူးရေးအချိန်ကိုပါ ထပ်ပြီး နောက်ကျအောင် လုပ်နေဦးမယ်ဆိုရင်တော့ လုံးဝ မရိုက်ဘဲ ထွက်သွားလိုက်တော့လို့ အော်ပစ်လိုက်တာလေ။ ငါ့အမြင်ကတော့ အဲဒီဒါရိုက်တာရဲ့ အမူအရာက အဲဒီသခင်လေးကို တအား ဒေါသထွက်သွားစေတာ။ အပြင်ရောက်လို့ မင်းကို မြင်တဲ့အချိန်မှာ မင်းအပေါ်ကို ဒေါသလာပုံချတာ ဖြစ်ရမယ်။”

ရှီရို့က မကျေမနပ်ဖြင့် အော်တော့သည်။

"နျန့်နျန့်အပေါ်ကို ဒေါသလာပုံချတာ တဲ့လား သူကတော့ အပြောခံရတာ တန်ပါတယ်!"

ယွီနျန့် သူ၏ဖုန်းကို ကိုင်ထားရင်း အေးအေးဆေးဆေးပင်

"ဒါကို စိတ်ထဲ ထည့်မနေပါနဲ့။ အထဲဝင်ပြီး ရိုက်ကူးရေးကို အမြန်ဆုံး ပြီးအောင် လုပ်ကြရအောင်"

ရိုက်ကူးရေးလုပ်ငန်းစဉ်မှာ စီမံချက်နှင့် ကင်မရာအလှည့်အပြောင်းများ ကောင်းမွန်လွန်းသဖြင့် အလွန်အမင်း ချောမွေ့စွာပင် ပြီးဆုံးသွားခဲ့သည်။ ရိုက်ကူးနေစဉ်အတွင်း ထုတ်လုပ်ရေးအဖွဲ့က ယွီနျန့်အား ပထမဆုံး အပိုင်းတွင် ထည့်သွင်းထုတ်လွှင့်မည့် အင်တာဗျူးတစ်ခုကိုပါ တစ်ဆက်တည်း ပြုလုပ်ခဲ့သည်။

ယွီနျန့်၏ နက်မှောင်သော ဆံပင်လေးများကို စတိုင်လစ်က အနည်းငယ် ဖရိုဖရဲပုံစံ ပြင်ဆင်ပေးထားပြီး သူ ဝတ်ဆင်ထားသည်မှာ အဖြူရောင် ပိုးသားရှပ်အင်္ကျီ ဖြစ်သည်။ မိတ်ကပ်ကိုလည်း အရောင်ဖျော့ဖျော့သာ လိမ်းခြယ်ထားသည်။

အင်တာဗျူးတွင်

"မင်းကို ဒီလောက်အထိ တောက်ပလှတဲ့ ရလဒ်ကောင်းတွေ ရရှိလာအောင်... ဘယ်လိုမျိုး ခံစားချက် ဒါမှမဟုတ် တွန်းအားတွေက လမ်းညွှန်ပေးခဲ့တာလဲခင်ဗျာ"

ကင်မရာကို မျက်နှာမူလျက်ယွီနျန့်၏ အမူအရာမှာ တည်ငြိမ်အလေးအနက် ရှိလှသည်။

"ကျွန်တော့်အဘွားက ကျွန်တော့်ကို အမြဲတမ်း ဆုံးမခဲ့ဖူးတယ်လေ။ တို့တွေ အသက်ရှူလိုက်တိုင်း၊ မျက်တောင်တစ်ချက် ခတ်လိုက်တိုင်းမှာ စက္ကန့်တွေက ကုန်ဆုံးသွားပြီး ကုန်ဆုံးသွားတဲ့ စက္ကန့်တိုင်းကို တို့တွေ ဘယ်တော့မှ ပြန်ပြီး အစက မစနိုင်တော့ဘူးတဲ့။ အဲဒါကြောင့် တို့တွေ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းကို နောင်တမရစေဖို့အတွက် စိတ်ရောကိုယ်ပါ အပြည့်အဝ အားထည့်ပြီး လုပ်ဆောင်ရမယ်လို့ ဆုံးမခဲ့တာပါ။

ကျွန်တော် စတင်ပွဲထွက်ကတည်းက... သီချင်းဆိုတာဖြစ်ဖြစ်၊ သရုပ်ဆောင်တာဖြစ်ဖြစ်၊ သီချင်းရေးတာပဲဖြစ်ဖြစ်၊ လူတိုင်းဆီကနေ အချစ်တွေ၊ လက်ခုပ်သံတွေနဲ့ အားပေးသံတွေကို အများကြီး လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ကျွန်တော်က အလကားရတာလို့ လုံးဝ သဘောမထားပါဘူး။ အဲဒါကြောင့်ပဲ အားလုံးရဲ့ အားပေးမှုနဲ့ ထိုက်တန်တဲ့သူ ဖြစ်လာအောင် ကျွန်တော် ပိုပြီးတော့တောင် ကြိုးစားအားထုတ်ချင်တာပါ။ ကျွန်တော့်ကို သဘောကျကြတဲ့သူတွေကို စိတ်ပျက်အောင် မလုပ်ချင်သလို... ‘သူတို့က ဘယ်လောက်တောင် အမြင်မရှိလို့ ဒီလိုလူမျိုးကို လာပြီး သဘောကျနေရတာလဲ’ ဆိုတဲ့ အပြောမျိုးလည်း လုံးဝ အဖြစ်မခံနိုင်ပါဘူးခင်ဗျာ"

"အခု မင်းက ဒိုင်လူကြီးတစ်ယောက် ဖြစ်လာပြီဆိုတော့... ဘာများ တွေးမိလဲဟင် တကယ်လို့ မင်းထက်တောင် ပါရမီပါပြီး တော်လွန်းတဲ့ ကျောင်းသားမျိုးနဲ့ ဆုံတွေ့ရရင် မင်းဘယ်လိုမျိုး ခံစားရမလဲခင်ဗျာ"

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ၊ ရှီရို့ မုန့်ယွမ်ကို လှမ်းကြည့်လိုက်မိပြီး တိုးတိုးလေး ညည်းတွားမိသည်။

"ထုတ်လုပ်ရေးအဖွဲ့က ဘာဖြစ်နေတာလဲ ဘာလို့ ဒီလိုမေးခွန်းမျိုးကို လာမေးရတာလဲ"

"အဆင်ပြေပါတယ်။ နျန့်နျန့် ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။"

ယွီနျန့် စက္ကန့်အနည်းငယ်မျှ စဉ်းစားကြည့်ပြီးမှ

"ဒိုင်လူကြီးတစ်ယောက်အနေနဲ့ကတော့... ကျွန်တော် ပိုပြီး ကြိုးစားအားထုတ်ရမယ်ပြီး ပိုပြီး အရည်အချင်းရှိတဲ့သူ ဖြစ်လာအောင် လုပ်ရမှာပါ။ မဟုတ်ရင်တော့ သူများကို ဝေဖန်ဖို့အတွက် ကျွန်တော့်မှာ အရည်အချင်း ရှိမှာ မဟုတ်တော့ဘူးလေ။ ပိုပြီး ပါရမီပါတဲ့သူတွေနဲ့ ဆုံတွေ့ရမယ့် ကိစ္စနဲ့ ပတ်သက်လို့ကတော့... လောကကြီးမှာ တကယ့်ကို ထူးချွန်လှတဲ့ ပါရမီရှင်တွေက မရေမတွက်နိုင်အောင် ရှိနေတာဖြစ်ပြီး၊ ကျွန်တော့်ထက် တော်တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ဒီအမှန်တရားကို ကိုယ်တိုင် သိမြင်ပြီး လက်ခံလိုက်ခြင်းကသာ ကျွန်တော့်ကို ပိုပြီး ကြိုးစားလာအောင် တွန်းအားပေးမယ့်အချက် ဖြစ်လာမှာပါ"

ရိုက်ကူးရေးပြီးဆုံးသွားသောအခါ လူစုသည် ကားပေါ်တွင်ပင် နေ့လယ်စာ စားသောက်ကြသည်။ မုန့်ယွမ်က သက်ပြင်းချရင်း

"စကားပြောရင် အကွေ့အကောက်မရှိဘဲ သေသေချာချာ ပြောတတ်တဲ့ အနုပညာရှင်မျိုး ရှိထားတာက တကယ့်ကို မန်နေဂျာတစ်ယောက်အတွက် ကံကောင်းခြင်းပဲဟေ့!" ဟု ဆိုသည်။

ယွီနျန့်က ပြုံးလျက် "ဒါက ပုံကြီးချဲ့လွန်းတာ မဟုတ်ဘူးလားဟင်"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝ ပုံကြီးချဲ့တာ မဟုတ်ဘူး။ အနုပညာရှင်တစ်ယောက်က စကားတစ်ခွန်း မှားလိုက်တာနဲ့တင်... အွန်လိုင်းပေါ်မှာ အဲဒါကို ပုံကြီးချဲ့ပြီး တစ်လောကလုံး သိအောင် လျှောက်ဖြန့်ကြတာလေ။ အဲဒါတွေကို လိုက်ဖြေရှင်းရတာ တကယ်ကို စိတ်ညစ်ဖို့ကောင်းတာကွ"

မုန့်ယွမ် သူ၏ဆံပင်ကို ညွှန်ပြရင်း "မင်းသိလား... ငါ့ဆံပင်တွေက ဘာလို့ ဒီလောက်တောင် နက်မှောင်ပြီး ထူထဲနေရတာလဲဆိုတာ ဘာလို့လဲဆိုတော့ ငါက အိုင်ကျူမြင့်လွန်းတဲ့ အနုပညာရှင်တစ်ယောက်ကို ကိုင်တွယ်နေရတာမို့ စိတ်အေးနေရလို့ပဲ"

ယွီနျန့် တဟားဟား ရယ်မောလိုက်ပြီး ရှီရို့ဘက် လှည့်ကာ

"အစ်မရို့ရို့... ကျွန်တော့်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားဖို့နဲ့ ဘဝင်မမြင့်လာအောင် ထိန်းထားဖို့က ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ အစ်မ သိတယ်မလားဟင်" ဟု စနောက်လိုက်သည်။

နေ့လယ်စာ စားပြီးနောက် မိနစ်သုံးဆယ်ခန့် မှေးလိုက်ကြသည်။ သူတို့ ‘Echo Radio’ ရိုက်ကူးရေးနေရာသို့ ရောက်ရှိသောအခါ အားလုံး နောက်ကွယ်က နားနေခန်းထဲသို့ ဝင်ခဲ့ကြသည်။

‘Echo Radio’ သည် ပြည်တွင်း၌ စံနှုန်းတစ်ခုအဖြစ် သတ်မှတ်ထားသော ဝါရင့် Live ဂီတအစီအစဉ်တစ်ခု ဖြစ်ပြီး အပတ်စဉ် စနေနေ့ ညနေ ၅ နာရီတိတိတွင် ထုတ်လွှင့်လေ့ရှိသည်။ ၎င်းသည် ဒီလောကထဲတွင် အလွန်အမင်း သြဇာညောင်းသော အစီအစဉ်တစ်ခုပင်။

အစမ်းလေ့ကျင့်မှုပြီးနောက် ယွီနျန့် မိတ်ကပ်လိမ်းပြီး ဖျော်ဖြေရေး ဝတ်စုံ လဲဝတ်လိုက်သည်။ မိတ်ကပ်ဆရာမက သူ၏မျက်လုံးကို ပြန်ပြင်ပေးနေစဉ် သူ ခေါင်းကိုအသာငုံ့ထားရင်း ဘေးက ရှီရို့ကို လှမ်းပြောသည်။

"ပြီးတာနဲ့ ကျွန်တော်အိမ်တန်းပြန်တော့မယ်နော်။ အစ်မရို့ရို့လည်း အလုပ်ပြီးရင် တန်းပြီး အိမ်ပြန်နားလိုက်တော့"

ရှီရို့ ခေါင်းညိတ်ပြသည်။

"မနက်တုန်းက ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ ဝက်နံရိုး တွေ ချန်ထားခဲ့တယ်လေ။ မင်း ဒီနေ့ည ကိုယ်တိုင် ဟင်းချက်ဖို့ စိတ်ကူးထားတာလား"

ယွီနျန့်က ပြုံးလျက် "ဟုတ်ကဲ့၊ ကျွန်တော် စွပ်ပြုတ်ချက်ဖို့ စီစဉ်ထားတာပါ"

မိတ်ကပ်ဆရာမ နောက်သို့ ဆုတ်သွားပြီးနောက် ယွီနျန့် ငွေပြာရောင် လက်အိတ်ဝတ်ဆင်ထားသော သူ၏လက်ကို အသာလှုပ်ခါလိုက်ပြီး "ကျွန်တော် အခု ဖျော်ဖြေဖို့ သွားတော့မယ်နော်" ဟု ဆိုလိုက်သည်။

စင်မြင့်ထက်တွင် spotlightများက ယွီနျန့်၏ ကိုယ်ပေါ်သို့ ဖြာကျနေသည်။ သူ ဝတ်ဆင်ထားသည်မှာ ကိုယ်ကျပ် အနက်ရောင် ကတ္တီပါဝတ်စုံ ဖြစ်သည်။ အတွင်းမှ အဖြူရောင် ရှပ်အင်္ကျီ၏ အပေါ်ကြယ်သီး သုံးလုံးကို ဖြုတ်ထားပြီး စတိုင်ကျလှသော ငွေရောင် သတ္တုကြိုးလေးတစ်ခုက အင်္ကျီပေါ်တွင် မီးရောင်များနှင့်အတူ တလက်လက် တောက်ပနေသည်။

မုန့်ယွမ် နံရံကိုမှီလျက် တိုးတိုးလေး ဆိုသည်။

"ရို့ရို့... ငါ့ရဲ့ မျက်စိက ဘယ်လောက်တောင် အမြင်စူးရှလို့ ယွီနျန့်ကို အမိအရ လှမ်းရှာတွေ့ခဲ့လဲဆိုတာ အခု မင်းသိပြီမလား"

ရှီရို့ ခဏမျှ ဆွံ့အသွားပြီးမှ "ဒါက... အစ်ကို့ဘဝရဲ့ အမြင်အစူးရှဆုံး အခိုက်အတန့် ဖြစ်မှာပါ" ဟု ချေပလိုက်သည်။

မုန့်ယွမ် သူ၏မေးစေ့ကို ပွတ်ရင်း "အဓိပ္ပာယ်ရှိတယ်" ။ ထို့နောက် သူ၏မျက်ဝန်းများ အလေးအနက် ဖြစ်သွားပြီး

"သူ့ရဲ့ အနာဂတ်ကိုတော့ နောက်ပြောင်စရာအဖြစ် သဘောမထားဖို့ မျှော်လင့်ရတာပဲ..." ဟု ခပ်တိုးတိုး ရေရွတ်မိသည်။

ရှီရို့ အနောက်က စကားလုံးကို သေချာမကြားလိုက်ရသဖြင့်

"အစ်ကိုမုန့်... ခုနက ဘာပြောလိုက်တာလဲဟင် ဘယ်သူ့ရဲ့ အနာဂတ်ကို နောက်ပြောင်တာလဲ"




"ဘာမှမဟုတ်ပါဘူး၊"




မုန့်ယွမ် စိတ်အာရုံ ပြန်စုစည်းလိုက်ပြီး




"မင်း ဖုန်းထဲကနေ Live ထုတ်လွှင့်မှုကို ကြည့်နေတာလား"




"ဟုတ်တယ်။ ကင်မရာဆရာက တကယ်ကို ယွီနျန့်ရဲ့ မျက်နှာကို ဦးစားပေးပြီး ရိုက်ပေးနေတာ။ အနီးကပ်ရိုက်ချက်တွေ တအားများတယ်လေ။ အမှန်အတိုင်း ပြောရရင်... ငါ နေ့တိုင်း ယွီနျန့်နောက်ကို လိုက်နေရတာတောင် ဒီပုံတွေကို မြင်ရင် စခရင်ရှော့ ထပ်ပြီး ရိုက်ထားချင်စိတ် ပေါက်လာတာပဲ! သူက တကယ်ကို တအား ရုပ်ချောလွန်းတယ်!"




[ကလေးလေး! မေမေ မင်းကို ချစ်တယ်! နားထောင်လို့ အရမ်းကောင်းလွန်းလို့ ငါ လုံးဝ ရပ်လို့မရတော့ဘူး!]

[ဝိုး... သူက တကယ့် ‘Echo Radio’ ပေါ် ရောက်နေတာပဲ! စင်ပေါ်က ခရစ္စတယ်သစ်ပင်ကြီးက တအားလှတာပဲ! ယွီနျန့်ရဲ့ ပါရမီက တကယ်ကို များလွန်းတယ်။ ဒီဖျော်ဖြေမှုကြောင့် ငါတော့ လုံးဝ ကြေမွသွားပြီ! ‘Elegant’ ကတော့ ဒီနှစ်အတွက် ငါအကြိုက်ဆုံး သီချင်းပဲ!]

[Live ဖျော်ဖြေမှုက စတူဒီယို အသံသွင်းတာထက်တောင် ပိုပြီး နားထောင်လို့ ကောင်းနေသေးတယ်! သူက ဘယ်လိုတောင် ပါရမီမျိုးကို ပိုင်ဆိုင်ထားတာလဲ။ သူက အသံပြင်စက်ကိုပဲ အားကိုးရတာပါလို့ ပြောနေတဲ့သူတွေ အကုန်လုံး ထွက်သွားကြစမ်း။ အဲဒီတော့... hater တွေ ဆက်ပြီးတော့ အပြစ်ရှာမနေကြနဲ့ဦး။ မင်းတို့တွေ ယွီနျန့်ရဲ့ ပါရမီကြောင့် ပါးရိုက်ခံရလိမ့်မယ်!]

ရှီရို့ မုန့်ယွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။




"အစ်ကိုမုန့်... အွန်လိုင်းပေါ်မှာ လူတွေ လာပြီး ဆဲမှာကို စိုးရိမ်နေတာလားဟင် စိတ်မပူပါနဲ့... ယွီနျန့်ရဲ့ Live ဖျော်ဖြေမှုက လုံးဝ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းပါတယ်!"

မုန့်ယွမ် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ဘာသာသူ "အင်း... ငါ ထပ်ပြီး တွေးမနေတော့ပါဘူး။ အရာအားလုံးကို သဘာဝအတိုင်းပဲ ဖြစ်ပျက်ပါစေတော့"




အစီအစဉ် ပြီးသွားပြီးနောက် ယွီနျန့် အိမ်သို့ ပြန်ရောက်ချိန်တွင် ညနေ ၆ နာရီ ရှိနေပြီ။ သူ ရှဲ့ယို့ထံသို့ ဖုန်းဆက်လိုက်သည်။




"ဗိုက်ဆာနေပြီလားဟင် ကျွန်တော် အခုတင် အိမ်ပြန်ရောက်တာဆိုတော့ ညစာက နည်းနည်း နောက်ကျလိမ့်မယ်နော်"




တစ်ဖက်မှ ရှဲ့ယို့၏အသံ ထွက်ပေါ်လာသည်။




"ငါ အစည်းအဝေး လုပ်နေလို့။ အေးအေးဆေးဆေးသာ လုပ်ပါ။ အလောတကြီး လုပ်စရာ မလိုပါဘူး"




"ဟုတ်ကဲ့၊ ဒါဆိုရင် အလုပ်ပြီးတာနဲ့ ဒီကို တန်းပြီး လာခဲ့ပါဦးနော်"




"အင်း... ငါ လာခဲ့ပါ့မယ်"




ဖုန်းချပြီးနောက် အစည်းအဝေးခန်းမတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားသည်။ ရှဲ့ယို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လက်ချောင်းများဖြင့် စားပွဲကို စည်းချက်ကျကျ ခေါက်ရင်း "ဆက်လုပ်ကြမယ်" ဟု အမိန့်ပေးလိုက်သည်။

မီးဖိုချောင်အတွင်း၌ မှိုဝက်နံရိုးစွပ်ပြုတ်၏ မွှေးပျံ့လှသော ရနံ့များ ပြည့်နှက်နေစဉ်၊ နောက်ဆုံး၌ ခြံရှေ့တံခါးဝကနေ တံခါးခေါက်သံ ထွက်ပေါ်လာတော့သည်။ ယွီနျန့် တံခါးကို အသာအယာ တွန်းဖွင့်လိုက်ရာ၊ ပထမဆုံး မြင်တွေ့လိုက်ရသည်ကတော့ လှပလှသော "ပန်းစည်း" ကြီးတစ်ခု ဖြစ်သည်။

ယွီနျန့်တစ်ယောက် အံ့ဩသွားမိသည် "ဒီပန်းတွေက..."




ရှဲ့ယို့၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပေါ်လွင်နေသည် ။




"မင်း... ဒါကို မကြိုက်ဘူးလားဟင်"




ယွီနျန့် ရှဲ့ယို့ကို အထဲသို့ အမြန်ခေါ်လိုက်ပြီး အလျင်အမြန် ရှင်းပြရှာသည်။




"မဟုတ်ပါဘူး။ ကျွန်တော် တကယ် သဘောကျတယ်။ ရုတ်တရက်ကြီးမို့လို့ နည်းနည်း အံ့ဩသွားရုံသက်သက်ပါ"




ရှဲ့ယို့ သူ၏လက်ထဲက စက္ကူဖြင့် သေသေချာချာ ခေါက်ထားသော နှင်းဆီပန်းစည်းကြီးကို ကိုင်ထားရင်း ရှင်းပြသည်။




"ပန်းအစစ်တွေက နွမ်းတတ်တယ်လေ။ ငါက အဲဒီပန်းတွေကို မနွမ်းစေချင်တာကြောင့်... စက္ကူနဲ့ နှင်းဆီပန်းတွေကို ကိုယ်တိုင်ခေါက်ပြီး ပန်းစည်းလုပ်လာခဲ့တာပါ။ ဒါပေမဲ့ သိပ်ပြီးတော့တော့ လက်ရာမကောင်းလှပါဘူး"




ယွီနျန့် ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရသည်။ သူ အမြဲတမ်း ရှဲ့ယို့၏ ရိုးရှင်းလှသော လုပ်ဆောင်ချက်လေးတွေအပေါ်မှာတင် လုံးဝ နစ်မြုပ်သွားရစမြဲ။




"ဒါကို မင်းကိုယ်တိုင် ခေါက်ထားတာလားဟင်"




ရှဲ့ယို့ အနည်းငယ် စိုးရိမ်တကြီးဖြင့် "အင်း... ဟုတ်တယ်" ဟု ပြန်ဖြေရှာသည်။




စာရွက်ပေါ်က လှပလှသော ရေစာအမှတ်အသား ပုံစံလေးတွေကို ကြည့်ရင်း ယွီနျန့် တစ်စုံတစ်ခုကို သတိရသွားပြီး ထပ်မံ အံ့ဩသွားရပြန်သည်။




"ဒီပန်းတွေကို ခေါက်ထားတဲ့ စာရွက်က... အမှတ်အသားပါတဲ့ ရှေးဟောင်း စာရွက်အမျိုးအစား မဟုတ်လားဟင်"




ရှဲ့ယို့ အလျင်အမြန် ခေါင်းညိတ်ပြသည်။




"ဟုတ်တယ်။ ငါ ပြီးခဲ့တဲ့နှစ်က လေလံပွဲတစ်ခုမှာ ဒီစာရွက်ကို တွေ့လို့ ငါးချပ်တိတိ ဝယ်ထားခဲ့တာလေ။ အခု ဒီနှင်းဆီပန်းတွေကို ခေါက်ဖို့အတွက် တကယ့်ကို အတော်ပဲ ဖြစ်သွားတယ်!"




ယွီနျန့် လက်လှမ်းကာ ထိုပန်းစည်းကြီးကို ယူလိုက်ပြီး အနီးကပ် သေသေချာချာ ကြည့်ရှုမိသည်။ ရှဲ့ယို့တစ်ယောက် စားပွဲရှေ့တွင် ထိုင်ကာ မျက်မှောင်လေးကြုတ်လျက် ဒီစာရွက်တွေကို အသည်းအသန် အာရုံစိုက်ခေါက်နေမည့် မြင်ကွင်းကို သူ၏စိတ်ထဲတွင် တိုက်ရိုက် ပုံဖော်ကြည့်နိုင်သည်။ သူ ပြုံးလျက်




"ကျွန်တော် မှတ်မိသလောက်တော့ ဒီလိုစာရွက်မျိုးက တကယ့်ကို ထူးခြားတဲ့ အသွင်အပြင်ရှိတာမို့လို့... စက္ကူပန်းခေါက်ရတာ တအား ခက်ခဲလိမ့်မယ် ထင်တယ်နော်" ဟု မေးလိုက်သည်။




ရှဲ့ယို့ သေသေချာချာ စဉ်းစားကြည့်ပြီးမှ "အဆင်ပြေပါတယ်၊ အဲဒီလောက်အထိတော့ မခက်ခဲပါဘူး"




ယွီနျန့်နောက်ကနေ မီးဖိုချောင်ထဲသို့ လိုက်ဝင်လာရင်း ရှဲ့ယို့ မသိစိတ်ဖြင့် ပန်းကန်ခွက်ယောက်များကို ကူညီထုတ်ပေးရန် ပြင်ဆင်လိုက်သည်။ ထို့နောက် သူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ယွီနျန့်၏ အနောက်တွင် မတ်မတ်ရပ်လိုက်သည်။




"နျန့်နျန့်..."




ယွီနျန့် စွပ်ပြုတ်အိုးအဖုံးကို လှမ်းဖွင့်ပြီး အခြေအနေကို စစ်ဆေးရန် ပြင်စဉ် ရှဲ့ယို့ ခေါ်သံကို ကြားလိုက်ရသဖြင့် "အင်း... ဘာဖြစ်လို့လဲဟင်" ဟု ပြန်လည်အသံပြုလိုက်သည်။




ရှဲ့ယို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်




"ငါ... ဒါက ငါ့ဘဝမှာ ပထမဆုံးအကြိမ် လူတစ်ယောက်ကို သဘာကျဖူးတာလေ။ အဲဒါကြောင့် ငါလုပ်တာတွေက မပြည့်စုံဘဲ ဖြစ်နေမှာကို တအား စိုးရိမ်မိတယ်၊ မင်းကိုလည်း ဒီအတိုင်း သာမန်ပါပဲ ဆိုတဲ့ ခံစားချက်မျိုး ခံစားရစေမှာကိုလည်း တကယ် ကြောက်မိလို့ပါ"




ရှဲ့ယို့၏ ရင်ထဲက စိုးရိမ်ပူပန်မှုများကို ယွီနျန့် ကောင်းကောင်းကြီး နားလည်သွားသည်။ သူ ဇွန်းလေးဖြင့် စွပ်ပြုတ်ပူပူလေးကို တစ်ဝက်ခန့် ခပ်ယူလိုက်ပြီး သေသေချာချာ မှုတ်ကာ အအေးခံလိုက်ပြီးမှ ရှဲ့ယို့၏ နှုတ်ခမ်းဝဆီသို့ အသာအယာ ကမ်းပေးလိုက်သည်။ ရှဲ့ယို့ ၎င်းကို သောက်လိုက်သည်ကို မြင်ရသောအခါမှ ယွီနျန့် ခေါင်းကိုအသာခါပြရင်း




"မဟုတ်ပါဘူး။ ကျွန်တော့်မှာ အဲဒီလို ခံစားချက်မျိုး နည်းနည်းလေးမှ မရှိခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့... အခု မင်းကို မြင်လိုက်ရရုံသက်သက်နဲ့တင် တစ်နေ့လုံး ပင်ပန်းသမျှ အရာအားလုံးက ချက်ချင်း ချက်ချင်း ပျောက်ကွယ်သွားရတာပါ"




ယွီနျန့် ငြင်ငြင်သာသာ ဆိုရင်း၊ ယွီနျန့် အနားသို့ တိုးကပ်လိုက်ပြီး ရှဲ့ယို့၏ နှုတ်ခမ်းထောင့်စွန်းလေးကို ကပ်၍ နမ်းရှုံ့လိုက်သည်။




"အခုရော... စိတ်ထဲ ပိုပြီး ပျော်ရွှင်သွားပြီလားဟင်"




ရှဲ့ယို့ မျက်တောင်မခတ်တမ်း ယွီနျန့်ကို စိုက်ကြည့်နေမိရင်း ရုတ်တရက် သူ၏နှုတ်ခမ်းလွှာ၏ အလယ်တည့်တည့်ကို လက်ညှိုးဖြင့် အသာအယာ ညွှန်ပြလိုက်ပါတော့သည်။




"နျန့်နျန့်... မင်း ကျွန်တော့်ကို ဒီနေရာလေးမှာလည်း လာပြီး ချော့ပေးဦးမလားဟင် အဆင်ပြေရဲ့လား..."


NEXT









Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...