Skip to main content

69







အခန်း (၆၉) မရဘူးလားဟင် ဒါပေါ့... ရတာပေါ့ခင်ဗျာ

ယွီနျန့် ဘာမှပြန်မပြောဘဲ ရှဲ့ယို့အနားသို့ ထပ်မံတိုးကပ်လိုက်ပြီး သူ၏နှုတ်ခမ်းလွှာ အလယ်တည့်တည့်ကို အသာအယာ နမ်းရှုံ့လိုက်သည်။ နမ်းပြီးနောက် သူ၏နားရွက်လေးများ အနည်းငယ် ပူထူးသွားရပြီး
"ဒီအပြင်ရော... တခြား ဘယ်နေရာလေးကို ထပ်ပြီး ချော့ပေးရဦးမလဲဟင်" ဟု မေးလိုက်သည်။




ရှဲ့ယို့ ခေါင်းညိတ်ပြချင်သော်လည်း အချစ်ရေးကို ဖြည်းဖြည်းချင်းပဲ သွားရမည်။ လောလို့မဖြစ်ဘူးဟု တွေသဖြင့် နှမြောတသစွာ ခေါင်းခါပြလျက်




"လောလောဆယ်တော့ မရှိတော့ပါဘူး"




မှိုဝက်နံရိုးစွပ်ပြုတ်ကို ပန်းကန်ထဲ ခပ်ထည့်ပြီးနောက်၊ ယွီနျန့် တစ်ခုခုလိုနေသလို ခံစားရသဖြင့် ရှဲ့ယို့ကို "မင်း ကြက်သွန်မြိတ် နံ့ကို အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။




"နည်းနည်းမှ စိတ်ထဲမရှိပါဘူး"




ထိုအခါ ယွီနျန့် ဝရန်တာဘက်သို့ ထွက်ကာ ကြက်သွန်မြိတ်အနည်းငယ် သွားနှုတ်ပြီး ယူလာခဲ့သည်။ ရှဲ့ယို့ ထိုကြက်သွန်မြိတ်များကို လှမ်းယူ၍ သေသေချာချာ ဆေးကြောပြီး ဓားဖြင့် အူကြောင်ကြောင်နိုင်စွာ ကူညီလှီးဖြတ်ကာ စွပ်ပြုတ်အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ယွီနျန့်ကို လှမ်းကြည့်၏။

ယွီနျန့်က ပြုံးလျက် "မင်း လှီးထားတာ တအားတော်တာပဲခင်ဗျာ!" ဟု အလိုက်သင့် ချီးကျူးလိုက်သည်။




ရှဲ့ယို့တစ်ယောက် ရင်ထဲတွင် ချက်ချင်းပင် အတိုင်းထက်အလွန် ကျေနပ်ပီတိ ဖြစ်သွားရရှာသည်။

ညစာစားပြီးနောက် ကျောက်တုံးကတ်ကြေးစက္ကူ နည်းလမ်းကို သုံးစရာပင်မလိုဘဲ ရှဲ့ယို့ ချက်ချင်းထကာ ပန်းကန်ခွက်ယောက်များကို အလျင်အမြန် သိမ်းဆည်းပြီး မီးဖိုချောင်ထဲသို့ ယူဆောင်သွားခဲ့သည်။ သူ ခန္ဓာကိုယ်တစ်ဝက်ကို အပြင်သို့ ပြန်ထုတ်ကာ ယွီနျန့်ကို အလေးအနက် တောင်းဆိုသည်။




"ငါပဲ ဆေးပါရစေ၊ ငါ့ဆီကနေ လာမလုနဲ့နော်"




ယွီနျန့် တဟားဟား ရယ်မောလိုက်ပြီး ဘေးနားရှိ ကြေးဝါ ပန်းညှပ်ကတ်ကြေးကို ညွှန်ပြလျက်




"ဟုတ်ကဲ့ပါ၊ ကျွန်တော် မလုပါဘူးခင်ဗျာ။ ကျွန်တော် ပန်းပင်လေးတွေ သွားညှပ်လိုက်ဦးမယ်"




ယွီနျန့် မလိုအပ်သော သစ်ကိုင်းခြောက်လေးများကို ညှပ်ထုတ်လိုက်တိုင်း ကလစ်... ကလစ် ခနဲ သာယာသော အသံလေးများ ထွက်ပေါ်လာသည်။ သူ ပန်းညှပ်ကတ်ကြေးကို ကိုင်ထားရင်း မီးဖိုချောင်ဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်မိသည်။ ဒီအိမ်ကြီးထဲမှာ သူတစ်ဦးတည်းသာ ရှိနေတာမဟုတ်တော့ဘူးဟူသော ခံစားချက်မျိုး မရရှိခဲ့တာ တော်တော်လေး ကြာမြင့်ခဲ့ပြီ။

အိမ်ထဲက လေထုလေးပင် အလိုလို ပိုပြီး နွေးထွေးလာသကဲ့သို့။




ပန်းကန်ဆေးပြီးနောက် ရှဲ့ယို့ မီးဖိုချောင်ထဲမှ ထွက်လာသည်။ ယွီနျန့်၏ အကြည့်များက သူ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။




"မင်းအင်္ကျီတွေ ဘာလို့ ရေစိုကုန်တာလဲဟင် နေလို့ အဆင်မပြေဖြစ်နေဦးမယ်။"




ထိုသို့ပြောရင်း ယွီနျန့် ထိုင်နေရာမှ ထလိုက်စဉ် ရှဲ့ယို့၏ အကြည့်များမှာ အနည်းငယ် ပျာယာခတ်လျက် ရှောင်လွှဲနေသည်ကို သူ သတိမပြုမိလိုက်ပေ။




"ကျွန်တော့်ရဲ့ အင်္ကျီတစ်ထည်လောက် ငှားဝတ်မလားဟင်"




ဒီလို ဂရုစိုက်ခံရမှုက ရှဲ့ယို့ ကြိုတင်စိတ်ကူးယဉ်ထားခဲ့တာထက်ပင် ပိုမိုကောင်းမွန်နေသည်။ သူ ခေါင်းညိတ်ပြလျက် "ဝတ်မယ်!" ဟု အမြန်ပြန်ဖြေလိုက်သည်။




ယွီနျန့် သူ၏ဗီရိုထဲမှ အနည်းငယ် ဆိုဒ်ကြီးသော တီရှပ်အဖြူတစ်ထည်ကို ထုတ်ယူကာ ရှဲ့ယို့ထံ ကမ်းပေးလိုက်သည်။

"မင်း ဘယ်မှာ သွားလဲ" ဟု မေးရန် ပြင်စဉ် နောက်ဆုံး စကားလုံးများ ပါးစပ်ဖျားမှ ထွက်မလာခင်မှာပင်... သူ့ရှေ့တွင် ရပ်နေသော ရှဲ့ယို့သည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရ၏။ သူ သူ၏အင်္ကျီအောက်နားစကို ဆွဲမလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အထက်ခန္ဓာကိုယ်တစ်ခုလုံးကို ထုတ်ဖော်ပြသလိုက်ပါလေရော။

ရှဲ့ယို့၏ အရေပြားမှာ ကျန်းမာသန်စွမ်းသော ဂျုံစပါးရောင်ရှိပြီး အထက်ခန္ဓာကိုယ် ကြွက်သားများမှာလည်း ထင်ထင်ရှားရှားနှင့် လှပစွာ ပုံပေါ်နေသည်။ ထို့ပြင် သူ၏ တည်ကြည်၍ဆွဲဆောင်မှုရှိသော မျက်နှာသွင်ပြင်၊ ထင်ရှားလှသော ဧဒင်ပန်းသီးတို့နှင့် ပေါင်းစပ်လိုက်သောအခါ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှသည်။ ထိုနေရာတွင် ဒီအတိုင်း ရပ်နေရုံသက်သက်ဖြင့်ပင် ယွီနျန့်၏ အာရုံအားလုံးကို အပိုင်စီး စိုးမိုးထားနိုင်သည်။

ယွီနျန့် သူ၏ဘဝတွင် ဘယ်သူ့အပေါ်ကိုမှ ဒီလောက်အထိ အရူးအမူး မဖြစ်ဖူးခဲ့သော်လည်း မျှော်လင့်မထားဘဲ ရှဲ့ယို့နှင့် ဆုံတွေ့ရသည့် အခါမှာတော့... တကယ့်ကို အချစ်အဆိပ်သင့်ပြီး စွဲလမ်းသွားရသကဲ့သို့ ပြန်လည်ရုန်းထွက်ရန် ဘယ်လိုမှ မစွမ်းသာတော့ပေ။

ယွီနျန့်၏ အကြည့်များက သူ့ထံမှာတင်ရပ်တန့်နေသည်ကို မြင်ရသောအခါမှသာ ရှဲ့ယို့၏ ရင်ထဲက ပထမဆုံး တင်းမာမှုကြီးမှာ လျော့ပါးသွားရတော့သည်။

သူ သူ၏စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားခဲ့သော အချစ်စကားလုံးကြီးကို ထုတ်ပြောလိုက်သည်။




"နျန့်နျန့်... မင်း အခုလို ကိုယ့်ကို တွေ့လိုက်တော့ စိတ်ကျေနပ်ရဲ့လားဟင်"




ရှဲ့ယို့ ဒါကို သေသေချာချာ မှတ်မိနေသည်။ လမ်းညွှန်စာအုပ်ထဲက မှတ်စုများအရဆိုလျှင် ချစ်သူ၏မျက်စိထဲတွင် ဆွဲဆောင်မှု ပိုမိုမြင့်တက်လာစေရန်အတွက် ကိုယ်ခန္ဓာအလှကို သင့်တော်သလို ထုတ်ပြရမည်ဟူ၍ ။

ထိုစကားကို ကြားလိုက်ရသောအခါ ယွီနျန့် ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်ထားလိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြန်ဖြေရပါတော့သည်။




"တကယ်ကို တအား ကျေနပ်ပါတယ်ခင်ဗျာ!"




ရှဲ့ယို့တစ်ယောက် သတိမမူမိခင်မှာပင် လက်လှမ်းကာ ရှဲ့ယို့၏ ဝမ်းဗိုက်ကြွက်သားများကို ခပ်သွက်သွက်လေး လှမ်း၍ တို့ထိလိုက်ပါတော့သည်။

ရှဲ့ယို့ ကိုယ်ပေါ်တွင် အစီရင်ခံစာ အမှားတစ်ခုခု လုပ်မိလိုက်သည့်အလား တောင့်တောင့်ကြီး ဖြစ်သွားပြီး သူ၏နားရွက်လေးများမှာ အလွန်အမင်း နီရဲလာသည်။ သူ ခပ်တိုးတိုးလေး ကန့်ကွက်ရှာသည်။




"နျန့်နျန့်... ကြည့်ရုံပဲ ကြည့်ရတာလေ မထိရဘူး"

ယွီနျန့် တမင်သက်သက် မျက်တောင်လေးများ စင်းချထားပြီး စိတ်ပျက်သွားဟန်ဖြင့် "နည်းနည်းလေးတောင်မှ လှမ်းထိလို့ မရဘူးလားဟင်" ဟု မေးလိုက်သည်။




စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်၊ ရှဲ့ယို့ မျက်နှာလွှဲလိုက်ပြီး ပျာပျာသလဲဖြင့်




"မင်း... ဒါပေါ့၊ မင်း ထိချင်ရင် ရတာပေါ့"




ထိုသို့ပြောပြီးသည်နှင့် ရှဲ့ယို့ ယွီနျန့် ပေးထားသော တီရှပ်အင်္ကျီကို အလျင်အမြန်ပင် ကောက်စွတ်လိုက်သည်။ ယွီနျန့်တစ်ယောက် စိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်သဖြင့် သူ ခေတ္တတုံ့ဆိုင်းပြီးမှ




"မင်း... မင်း ထပ်ပြီး ထိချင်သေးလားဟင်" ဟု မေးသည်။




သူ ပျာယာခတ်လျက် အမြန် ထပ်ဖြည့်ပြောရှာသည်။




"နှစ်ခေါက်ထက်မက... မဟုတ်ဘူး။ သုံးခေါက်အထိ ထိရင်တောင် ရပါတယ်"




ရှဲ့ယို့တစ်ယောက် ဒီလောက်အထိ အသည်းအသန် ဖြစ်နေသည့် ပုံစံလေးကို ကြည့်ရင်း ယွီနျန့် စိတ်ထဲမှ တဟားဟား ရယ်မောမိသည်။ သူ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး လက်ကို ရှဲ့ယို့၏ အင်္ကျီအောက်ထဲသို့ အသာအယာ လျှိုသွင်းကာ သူ၏ဝမ်းဗိုက်ကြွက်သားများကို သုံးကြိမ်တိတိ ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်သည်။ ထို့ပြင် ယွီနျန့်က




"ကြွက်သားတွေက တကယ်ကို တအားမိုက်တာပဲ!" ဟုပင် အကဲဖြတ်လိုက်သေးသည်။




ရှဲ့ယို့၏ မျက်ဝန်းထဲတွင် ဝမ်းသာသွားသော အရိပ်အယောင်လေးများ ပေါ်လာပြီး၊ အူကြောင်ကြောင်နိုင်စွာဖြင့် ဆက်ထိဖို့ဆွယ်၏။




"နျန့်နျန့်... မင်း ပိုပြီးတော့တောင် အားထည့်ပြီး ဖိလို့ရပါတယ်။ အခုလိုမျိုး တအား လျော့လွန်းတော့... ယားတယ်..."




ယွီနျန့် ရင်ထဲတွင် ရုတ်တရက် စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး ရှဲ့ယို့၏ အင်္ကျီအောက်စကို အသာပင့်တင်ကာ အောက်သို့အနည်းငယ် ငုံ့လျက် သူ၏ဝမ်းဗိုက်ကြွက်သားများကို တိုက်ရိုက် ကပ်၍ နမ်းရှုံ့လိုက်ပါတော့သည်။ သူတို့နှစ်ဦးစလုံး အတိုင်းသား ကြားလိုက်ရလောက်သည့် အနမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။




"အခုရော ယားသေးလားဟင်"




ရှဲ့ယို့ အသက်ရှူချက်များစွာ မှားယွင်းသွားပြီးမှ နောက်ဆုံးတွင် အသက်ကို ပြင်းပြင်းရှူကာ "နျန့်နျန့်..." ဟု တိုးတိုးလေး ခေါ်ရှာသည်။




ယွီနျန့် မိမိတစ်ယောက် ရှဲ့ယို့ကို တအား စနောက်မိသွားပြီမှန်း သတိပြုမိသဖြင့် အလျင်အမြန် ထရပ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။




"ဒါနဲ့... မင်း ဒီနေ့ည ပြည်ပက ဗီဒီယိုကွန်ဖရင့် လုပ်ဖို့ ရှိတယ်မလားဟင်။ အခုဆို အချိန် တော်တော်နောက်ကျနေပြီဆိုတော့... အရင်ပြန်နှင့်မလား"




ရှဲ့ယို့ စောနက အချစ်လှိုင်းဒဏ်ကနေ စိတ်အာရုံ မပြန်လည်နိုင်သေးပေ ။




"နျန့်နျန့်... ခုနတင် မင်းက..."




"ခုနတင် ဘာဖြစ်လို့လဲဟင်"




"ဘာမှမဟုတ်ပါဘူး။"




ရှဲ့ယို့၏ အကြည့်များက ယွီနျန့်၏ နှုတ်ခမ်းလွှာများဆီသို့ ခေတ္တကျရောက်သွားပြီးမှ ပြန်လည်လွှဲလိုက်သည်။




"ဒါဆိုရင်လည်း ငါ ပြန်တော့မယ်နော်။ မင်း မနက်ဖြန်ကျရင် ပဲရစ်ကို သွားရမှာ၊ ဟုတ်တယ်မလား"




"ဟုတ်တယ်ရယ်။ Hersey ရဲ့ Spring & Summer ဖက်ရှင်ပြပွဲက အဲဒီမှာ ကျင်းပမှာဆိုတော့ ကျွန်တော် သွားရမှာပါ။ ရက်အကြာကြီးမနေပါဘူး။ မြန်မြန်ပြန်လာခဲ့မှာပါ၊"

ယွီနျန့် ရက်စွဲကို တွက်ချက်ကြည့်သည်။




"မနက်ဖြန် နေ့လယ် ၃ နာရီ လေယာဉ်ဆိုတော့... အဲဒီကိုရောက်ဖို့ ၁၂ နာရီလောက် ကြာလိမ့်မယ်။ ရောက်တဲ့အချိန်ဆို အဲဒီဘက်မှာ ညဘက်ဖြစ်နေမှာဆိုတော့... ကျွန်တော် ခဏနား၊ နောက်တစ်နေ့ကျရင် ပြပွဲတက်၊ ပြပွဲပြီးတာနဲ့ ချက်ချင်း အိမ်ပြန်လာခဲ့မယ်လေ"




ရှဲ့ယို့ကို ခြံရှေ့တံခါးဝအထိ လိုက်ပို့ပေးရင်း ယွီနျန့် ရင်ထဲတွင် ရုတ်တရက် မခွဲခွာချင်စိတ်များ ပေါ်ပေါက်လာသဖြင့် ရှဲ့ယို့၏ အင်္ကျီလက်စကို အသာအယာ ဆွဲကိုင်မိသည်။




"တို့တွေ ဒီရက်ပိုင်း မတွေ့ရတော့ဘူးပေ့ါနော်"




ရှဲ့ယို့ ခေါင်းညိတ်ပြသည်။ သူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူ၏အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူကာ အနောက်ဘက်မျက်နှာပြင်ကို အပေါ်သို့ထားလျက် ယွီနျန့်ထံ ကမ်းပေးလိုက်သည်။




"ဒီဓာတ်ပုံကို မင်းနဲ့အတူ ပဲရစ်ကို ယူသွားပေးပါနော်။"




ရှဲ့ယို စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တံခါးကို ဆွဲဖွင့်ကာ အပြင်သို့ ထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားပါတော့သည်။




နောက်တစ်နေ့တွင် ယွီနျန့်တို့ အဖွဲ့ လေဆိပ်မှာ ဆုံတွေ့ကြသည်။ ရှီရို့က ဘေးနားရှိ အိတ်အကြီးကြီးကို ညွှန်ပြလျက်




"Ushaped ခေါင်းအုံးတွေရော မက်ခ်တွေကိုပါ ငါအကုန် ယူလာခဲ့တယ်နော်။ မင်း လိုချင်ရင် ငါ့ကို အချိန်မရွေး လှမ်းပြော။ အစ်ကိုမုန့်ကတော့ အခု အစည်းအဝေးလုပ်နေလို့ လေယာဉ်ကွင်းကျမှပဲ ဆုံမယ်လို့ ပြောတယ်"




ယွီနျန့် သူ၏အဖြူရောင် ဦးထုပ်လေးကို ချွတ်လိုက်ပြီး




"ဟုတ်ကဲ့ပါ၊ အဲဒီကျရင် ကျွန်တော် တောင်းပါ့မယ်"

ကားလေး စတင်ထွက်ခွာလာသောအခါ ယွီနျန့်သည် ပိုက်ဆံအိတ်တစ်ခုကို ထုတ်ယူကာ ဖွင့်ကြည့်နေသည်ကို ရှီရို့ သတိပြုမိသွားသည်။ သူမ စပ်စုချင်စိတ်ဖြင့်

"နျန့်နျန့်... မင်း ပုံမှန်ဆိုရင် ပိုက်ဆံအိတ် လုံးဝ မသုံးတတ်ဘူး မဟုတ်လားဟင်"




"အခုတော့ သုံးဖို့ လိုအပ်သွားပြီလေ"




ဘာလို့လဲဆိုတော့... တစ်စုံတစ်ယောက်က သူ့အတွက် သူတို့ရဲ့ ဓာတ်ပုံကို ပိုက်ဆံအိတ်ထဲထည့်ပြီး အမြဲတမ်း ကိုယ်နဲ့မကွာ ယူဆောင်သွားပေးပါဆိုပြီး ပေးခဲ့သည်လေ။

ရှီရို့ ဆက် မမေးတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။




"ဒါနဲ့ စကားမစပ်... ဟို စိတ်အနှောင့်အယှက်ပေးတတ်တဲ့ ထန်ရှောက်ခဲ့ကလည်း ‘Hersey’ ပြပွဲကို သွားလိမ့်မယ်လို့ သတင်းရထားတယ်။ သူက နေရာတိုင်းမှာကို ရှိနေတာပဲ!"




"သူလည်း သွားတာလားဟင်"




ယွီနျန့် သူကိုယ်တိုင်က ထိုဘရန်းဘက်ကနေ တရားဝင် ဖိတ်ကြားထားသော တစ်ဦးတည်းသော အမျိုးသားအနုပညာရှင် ဖြစ်မှန်း သိသဖြင့်




"ထန်ရှောက်ခဲ့က ဘယ်လိုမျိုး ဖိတ်စာအမျိုးအစားနဲ့ သွားတာလဲဟင်" ဟု မေးလိုက်သည်။




"ဘယ်လိုအမျိုးအစား ဖြစ်မလဲ သေချာပေါက် ပိုက်ဆံအများကြီးပေးပြီး ဝယ်ရတဲ့ ဖိတ်စာမျိုးပေါ့။ သူက တကယ်ကို ပိုက်ဆံတွေကို လျှောက်ဖြုန်းတတ်တာပဲ။ ငါ စုံစမ်းကြည့်သလောက်တော့... သူက မိသားစုမှာ တစ်ဦးတည်းသော သားဖြစ်ပြီး သူ့အဘွားက သူ့ကို အလွန်အမင်း အလိုလိုက်ထားတာတဲ့။ သူလိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးတာလေ။ သူ အသက် ၁၇ နှစ်တုန်းကဆိုရင် သူ့ပြိုင်ကားနဲ့ပဲ လူတစ်ယောက်ကို ဝင်တိုက်ခဲ့ဖူးတယ်။ အဲဒီတုန်းက သူ့မိသားစုက ပိုက်ဆံအများကြီးပေးပြီး ကိစ္စကို အပြတ်ရှင်းခဲ့တာ။ ထူးဆန်းတာက... အဲဒီအချိန်တုန်းက ဒဏ်ရာရတဲ့သူ အသက်ရှင်မရှင်ဆိုတာကို ဂရုမစိုက်ဘဲ၊ သူ့အဘွားက ထန်ရှောက်ခဲ့ကို ဖက်ပြီးတော့ ငါ့မြေးလေးတော့ တကယ် လန့်သွားရှာမှာပဲ ဆိုပြီး ငိုနေခဲ့တာတဲ့။ တောက်... ငါ အဲဒီအကြောင်း ကြားတုန်းကဆိုရင် စိတ်ဓာတ်တွေပါ လုံးဝ ပြိုလဲသွားရတယ်!"




ယွီနျန့် မျက်မှောင်ကြုတ်လိုက်သည်။




"အဲဒီနောက်ပိုင်းရော ဘာဆက်ဖြစ်လဲဟင်"

"သူတို့ ပိုက်ဆံပေးလိုက်တော့ ထန်ရှောက်ခဲ့က ဘာပြစ်ဒဏ်မှ မခံရဘဲ လုံးဝ လွတ်မြောက်သွားတာပေါ့၊"




ရှီရို့ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လျက် လက်သီးကို တင်းတင်းဆုပ်သည်။




"အဲဒါကြောင့်... သူက ဘယ်လိုမှ လူကောင်းတစ်ယောက် မဟုတ်တာ သေချာပါတယ်။ ယွီနျန့်... မင်း အဲဒီကိုရောက်လို့ သူ့ကို ထပ်တွေ့ရင် တို့တွေ သေချာပေါက် သူ့ကို ပြတ်ပြတ်သားသား ပြန်လည် တိုက်ခိုက်ရမယ်နော်!"




သူမ၏ မကျေမနပ်ဖြစ်နေသော မျက်နှာပေးကို ကြည့်ရင်း ယွီနျန့် ပြုံးလျက် ခေါင်းညိတ်ပြသည်။




"ဟုတ်ကဲ့ပါ၊ စိတ်ချပါခင်ဗျာ!"




၁၂ နာရီကြာအောင် လေယာဉ်စီးပြီးနောက် ယွီနျန့် ဘေးကင်းစွာ ပဲရစ်သို့ ဆင်းသက်နိုင်ခဲ့ပြီး စီစဉ်သူအဖွဲ့၏ ကားဖြင့် ဟိုတယ်သို့ တိုက်ရိုက်သွားရောက်ကာ အနားယူခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် ယွီနျန့် ရှဲ့ယို့ထံသို့ မိနစ်အနည်းငယ်ကြာအောင် ဗီဒီယိုကော ခေါ်ဆိုပြီးနောက် သူ၏ ပွဲတက်စတိုင်အတွက် ချက်ချင်း ပြင်ဆင်တော့သည်။

ရှီရို့ သူ၏ဖုန်းကို ထုတ်ကြည့်လိုက်စဉ် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။




"ယွီနျန့်... အင်တာနက်မှာ ဘာလို့ အဲဒီထန်ဆိုတဲ့လူရဲ့ ပုံတွေ ဒီလောက်တောင် များနေရတာလဲ"




"ထန်ရှောက်ခဲ့လားဟင်"

ယွီနျန့် မှန်ရှေ့တွင် ထိုင်နေပြီး စတိုင်လစ်က သူ၏ဆံပင်များကို ပြင်ဆင်ပေးနေသည်။ သူ ရှီရို့ကို




"ဘာဖြစ်လို့လဲဟင်" ဟု မေးလိုက်သည်။




"သူ ဘယ်ကနေ သတင်းရလဲတော့ မသိဘူး၊ မင်း ဒီနေ့ ဝတ်ဆင်မယ့် ဝတ်စုံနဲ့ တူညီတဲ့ ဝတ်စုံကို အတိအကျ သွားဝယ်ထားတာ။ မင်းနဲ့ အပြိုင်အဆိုင် လုပ်ဖို့အတွက်လေ!"

ရှီရို့ မျက်မှောင်ကြုတ်လျက်




"ဒီဝတ်စုံက စီစဉ်သူအဖွဲ့ဘက်က မင်းဝတ်ဖို့အတွက် သီးသန့် သတ်မှတ်ပေးထားတာလေ။ သူက တမင်တကာ ဝတ်စုံချင်း လာတိုက်ဆိုင်အောင်လုပ်တာလား"

ယွီနျန့် နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးလိုက်သည်။




"သူ့ကို ဂရုစိုက်မနေပါနဲ့ဦး။ တို့တွေက တို့ဝတ်စုံအတိုင်းပဲ ဝတ်ကြမယ်။ မင်းထင်တာ... ကျွန်တော် သူ့ဘေးမှာ သွားရပ်ရင် ရှုံးနိမ့်သွားလိမ့်မယ်လို့ ထင်လို့လားဟင်"




"ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ!"




ရှီရို့ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။




"ဝတ်စို့၊ ဝတ်စို့၊ ဝတ်စို့! ဝတ်စုံချင်း တိုက်ဆိုင်တာက ကြောက်စရာ မဟုတ်ပါဘူး။ ဘယ်သူ့ပုံစံက ပိုပြီး ကြည့်ရဆိုးလဲဆိုတဲ့သူကသာ အရှက်ရမှာလေ။ သူက တို့တွေကို တမင်တကာ လာပြီး ပြဿနာရှာချင်တာဆိုရင်... တို့တွေလည်း ထိပ်တိုက် ပြန်ရင်ဆိုင်လိုက်ရုံပဲ! တို့တွေဘက်က လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး"




"ဟုတ်တယ်။ အဲဒါကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့ဦးနော်။ ဒီအကြောင်းကို အစ်ကိုမုန့်ကိုလည်း လှမ်းပြောဖို့ သတိရဦး။ ထန်ရှောက်ခဲ့ရဲ့ အဖွဲ့ကတော့ သေချာပေါက် ကျွန်တော်တို့တွေကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထုတ်လိမ့်မယ်။ ကျွန်တော်တို့တွေဘက်ကလည်း ကြိုတင်ပြီး ပြင်ဆင်ထားရမယ်လေ"




ရှီရို့တစ်ယောက် တိုက်ပွဲဝင်စိတ်ဓာတ်များ ပြင်းပြလာသည်။




"အိုကေ၊ အဆင်ပြေပါတယ်!"




‘Hersey’ ပြပွဲ၏ ရိုက်ကွင်းပုံများ အွန်လိုင်းပေါ် ထွက်ပေါ်လာသောအခါ အမြင်စူးရှလှသော ဖန်များသည် အခြေအနေတစ်ခုခုကို ချက်ချင်း သတိပြုမိသွားကြသည်။




[ဘာတွေဖြစ်နေတာလဲ ပုံတွေကို ကြည့်လိုက်ကြဦး။ တို့တွေရဲ့ သခင်လေးထန် ဝတ်ထားတဲ့ ဝတ်စုံက ယွီနျန့်ဝတ်ထားတာနဲ့ တစ်ပုံစံတည်းပဲဟေ့! ဒီလိုမျိုး ကမ္ဘာ့အဆင့် ပွဲတော်ကြီးမှာ ဝတ်စုံချင်း အတူတူ လာဝတ်တာ... @ထန်ရှောက်ခဲ့ရဲ့_စတူဒီယို အဖွဲ့က အလုပ်မလုပ်ကြတော့ဘူးလား။ ကြိုတင်ပြီး ညှိနှိုင်းရမယ်ဆိုတာကို သူတို့ မသိကြဘူးလား]

[တောက်... ယွီနျန့်က Hersey ဘက်ကနေ တရားဝင် ဖိတ်ကြားထားတဲ့သူဖြစ်ပြီး ဒီဝတ်စုံကလည်း စီစဉ်သူတွေဘက်က သီးသန့် ရွေးချယ်ပေးထားတာလေ။ တို့ဘက်က တမင်လုပ်တာ လုံးဝ မဟုတ်ဘူး! ဒါဆိုရင်... ထန်ရှောက်ခဲ့က တမင်တကာ ဝတ်စုံချင်း တိုက်ဆိုင်အောင် စီစဉ်ခဲ့တာပေါ့ ပြဿနာလာရှာတာလား ယွီနျန့်ကို တကယ် သနားပါတယ်။ သူက ပျော်ပျော်ပါးပါးနဲ့ ပြပွဲလာကြည့်တာကို... အခုတော့ ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို လာပြီး ရင်ဆိုင်နေရတယ်!]

[ထန်ရှောက်ခဲ့ရဲ့ အဖွဲ့က ဝယ်ပြီး တင်ထားတဲ့ ဆောင်းပါးတွေကို ကြည့်လိုက်ဦး။ စာကြောင်းတိုင်းမှာ ယွီနျန့်ရဲ့ အရှိန်အဝါကို လိုက်ပြီး ဝေဖန်နေတာ ဒါမှမဟုတ် သူက ဟာဆေးဝတ်စုံတွေနဲ့ မလိုက်ဖက်ပါဘူးလို့ လိုက်ရေးနေကြတာ။ တကယ်ပဲ... ကျောက်မီးသွေးတွင်း သူဌေးသား မျိုးဆက်သစ်မှပဲ အဝတ်အစား ဝတ်ပိုင်ခွင့် ရှိတာလား ဒါပေမဲ့ နှိုင်းယှဉ်ပြထားတဲ့ ပုံတွေထဲမှာ ထန်ရှောက်ခဲ့ရဲ့ပုံက တအားပြင်ထားတာဖြစ်ပြီး ယွီနျန့်ရဲ့ပုံကတော့ ပုံလုံးဝ မပြင်ထားတဲ့ သဘာဝအတိုင်းဖြစ်နေတော့... သူတို့နှစ်ယောက်ရဲ့ အရှိန်အဝါနဲ့ ရုပ်ရည်က တအားကို ကွာခြားလွန်းတယ်။ သူက သူများကို ဝေဖန်ချင်ရင် အရင်ဆုံး ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်သင့်တယ်လို့ မထင်ကြဘူးလား]




သိပ်မကြာမီ အတင်းအဖျင်း ကြော်ငြာအကောင့်များစွာက ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ကြပြီး “ယွီနျန့် VS ထန်ရှောက်ခဲ့ ဟာဆေးပြပွဲရဲ့ ဝတ်စုံတိုက်ဆိုင်မှုမှာ ဘယ်သူက အနိုင်ရရှိသွားလဲ” ဟူသော ခေါင်းစဉ်များဖြင့် ပို့စ်များ တင်ကြပါတော့သည်။ ထို့ပြင် သူတို့က poll တစ်ခုကိုပါ တင်ခဲ့သဖြင့် ဝတ်စုံတိုက်ဆိုင်မှုက အရှိန်အဟုန်ဖြင့် Trending ဖြစ်လာပြီး နှစ်ဖက် ဖန်များအကြား အကြီးအကျယ် ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။

ရှီရို့ အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။ သူမ Weibo နဲ့ ဖိုရမ်တွေကို စစ်ဆေးပြီးနောက် ယွီနျန့်၏ ဘေးတွင်ရပ်ကာ တိုးတိုးလေး ဆိုသည်။




"ဖန်တွေက လူအတွေ မဟုတ်ဘူးလေ။ ထန်ရှောက်ခဲ့က တမင်တကာ ဝတ်စုံချင်း လာတိုက်ဆိုင်အောင် လုပ်မှန်း အားလုံး သိကြတယ်။ သူက ပြဿနာရှာချင်နေတာကတော့ လုံးဝ ထင်ရှားနေတာပဲ!"




ယွီနျန့် ခေါင်းညိတ်လျက် သဘောတူလိုက်ပြီး သူ၏ ရှပ်လက်ကြယ်သီးများကို ပြုံးလျက် ပြန်လည်ပြင်ဆင်ရင်း "ကျေးဇူးတင်ပါတယ် မမရို့ရို့" ဟု ဆိုသည်။




"ဒါက ငါလုပ်ရမယ့် အလုပ်ပဲဟာ။ ပြီးတော့ အဲဒီထန်ရှောက်ခဲ့က မျက်လုံးကို ကောင်းကင်ပေါ် ထားပြီး မောက်မာနေတာ။ တကယ့်ကို စက်ဆုပ်ဖို့ကောင်းတယ်!"

ထိုနေရာက အခြေအနေနှင့် မကိုက်ညီသဖြင့် ရှီရို့ အများကြီး ထပ်မပြောတော့ပေ။ သူမ ယွီနျန့်ကို လက်ဟန်ပြလိုက်သည်။




"ကံကောင်းပါစေနော်!"




"ကျေးဇူးတင်ပါတယ်ခင်ဗျာ"




ဖက်ရှင်ပြပွဲကြီးကတော့ အစပျိုးရုံသက်သက်သာ ရှိပါသေးသည်။ တကယ့် အဓိက အနှစ်သာရကတော့ ပြပွဲပြီးနောက် ကျင်းပမည့် ဂုဏ်ပြုညစာစားပွဲဖြစ်သည်။ ယွီနျန့် လင်းထိန်နေသော ပွဲခမ်းမအတွင်းသို့ လှမ်းဝင်လိုက်စဉ် ရင်းနှီးသော မျက်နှာအချို့ကို ချက်ချင်း မြင်တွေ့လိုက်ရပါတော့သည်။




"ယွီနျန့်!"




တစ်စုံတစ်ဦးက သူ၏နာမည်ကို ခေါ်သံကြားသဖြင့်၊ ယွီနျန့် ခေါင်းလှည့်ကြည့်လိုက်ရာ ထိုလူကို ချက်ချင်း မှတ်မိသွားသည်။ သူ လှပစွာ ပြုံးလိုက်ပြီး

"ဒါရိုက်တာ မေဆာ ၊ မတွေ့ရတာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။




မေဆာသည် ရှန်ပိန်ခွက်ကို ကိုင်ထားပြီး “ယွီနျန့်” ဟူသော နာမည်ကို အသံထွက်အမှန်ကန်ဆုံးဖြင့် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီးနောက် မေဆာက ပြုံးလျက်




"ငါက မင်းကို ဒီနေရာမှာ သီးသန့် စောင့်နေတာပါကွ!"

ယွီနျန့် အနည်းငယ် အံ့ဩသွားသည်။




"ကျွန်တော့်အတွက် တကယ် ဂုဏ်ယူစရာပါပဲခင်ဗျာ! ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လားဟင်"




"ဒါပေါ့၊ တကယ့်ကို အရေးကြီးလွန်းလှပါတယ်!" မေဆာ ယွီနျန့်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး




"ငါ့အမြင်ကတော့ ဒါဟာ မင်းအတွက် တကယ့် အံ့အားသင့်စရာ ဝမ်းမြောက်စရာ သတင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်တယ်!"

ယွီနျန့် စိတ်ထဲမှ အကြံတစ်ခု ရရှိသွားသည်။




"ဝမ်းမြောက်စရာ သတင်း ဟုတ်လားဟင် ကျွန်တော် တွေးနေတဲ့ အချက်လား မသိဘူးနော်"




မေဆာက တမင် လျှို့ဝှက်ချက်လုပ်ကာ "မင်း ငါ့နောက်ကို လိုက်ခဲ့ရင် ချက်ချင်း သိရမှာပေါ့!" ဟု ဆိုသည်။




သူတို့သည် တီးဝိုင်းအဖွဲ့နှင့် ပွဲခမ်းမအတွင်းရှိ လူအုပ်ကြီးကို ဖြတ်ကျော်ပြီးနောက် ညာဘက်ခြမ်းရှိ ဖွင့်လှစ်ထားသော သီးသန့်ခန်းအတွင်းသို့ ဝင်ခဲ့ကြသည်။ ထိုနေရာတွင် ခန့်ညားထည်ဝါလှသော ခရစ္စတယ် မီးဆိုင်းကြီးများ၊ ကတ္တီပါ နီရဲရဲ ကုလားထိုင်အချို့နှင့်အတူ စားပွဲပေါ်တွင် အရသာရှိလှသော မုန့်များ၊ အချိုရည်များနှင့် ပန်းကန်ခွက်ယောက်များကို လှပစွာ ပြင်ဆင်ထားသည်။

မုတ်ဆိတ်မွေးနှင့် တက်ကြွဖျတ်လတ်ပုံရသော အမျိုးသားတစ်ဦး ထရပ်လိုက်ပြီး မေဆာကို ကြည့်ကာ ပြုံးလျက် "သူက ယွီနျန့် ဆိုတာလား" ဟု မေးသည်။

မေဆာက အချင်းချင်း မိတ်ဆက်ပေးသည်။




"ဟုတ်တယ်၊ သူက ယွီနျန့်ပဲ။ ယွီနျန့်... သူကတော့ Hersey ရဲ့ အနုပညာဒါရိုက်တာ ဖြစ်တဲ့ မစ္စတာ စလီမိန်း ပါခင်ဗျာ။"




စလီမိန်းသည် အသက် ၆၀ ကျော် အရွယ်ရှိနေပြီဖြစ်ပြီး၊ ဖက်ရှင်လောကထဲတွင် ဘယ်သူမှ ယှဉ်ပြိုင်လို့မရအောင် မြင့်မားလှသော ထိပ်တန်းပညာရှင်ကြီးတစ်ဦး ဖြစ်သဖြင့် လူတိုင်း၏ လေးစားခြင်းကို ခံရသူ ဖြစ်သည်။ သို့သော်လည်း သူ၏စိတ်ထားမှာ အလွန် နူးညံ့ပျူငှာလှသည်။ သူ ယွီနျန့်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ပထမဆုံး မေးမြန်းလိုက်သည်ကတော့ "ပဲရစ်ရဲ့ ရာသီဥတုနဲ့ အဆင်ပြေရဲ့လားခင်ဗျာ" ဟူ၍ ဖြစ်သည်။




ယွီနျန့် ပြုံးလျက် အင်္ဂလိပ်ဘာသာစကားဖြင့်




"ဟုတ်ကဲ့၊ အဆင်ပြေပါတယ်ခင်ဗျာ။ မိုးရွာတဲ့ အချိန်ကလွဲရင်ပေါ့... မိုးရွာရင် လမ်းဘေးတစ်ဖက်တစ်ချက်စီက အဆောက်အအုံ ခေါင်မိုးတွေကို လှမ်းကြည့်ဖို့ ခေါင်းကို ပင့်လိုက်ရတော့ မိုးရေတွေက ကျွန်တော့်မျက်နှာပေါ်ကို ဖြန်းပက်ကုန်တာပဲလေ" ဟု ဟာသနှောကာ ပြန်လည်ဖြေကြားလိုက်သည်။

စလီမိန်း တဟားဟား ရယ်မောတော့သည်။

"မိုးရွာတာက တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပေမဲ့ တကယ့်ကို လှပပါတယ်။ ဟုတ်တယ်မလား"




"ဟုတ်ကဲ့ပါ၊ တကယ်ကို လှပပါတယ်ခင်ဗျာ"




ယွီနျန့်အပေါ် စလီမိန်း၏ ကောင်းမွန်လှသော အထင်အမြင်ကို မေဆာ သတိပြုမိသွားပြီး ဘေးမှ စကားထောက်လိုက်သည်။




"မစ္စတာ စလီမိန်းခင်ဗျာ... ကျွန်တော့်ရဲ့ အမြင်ကတော့ လုံးဝ မကျဆင်းသေးပါဘူးနော်။ ကျွန်တော် ဆရာ့ရှေ့ကို တကယ့် စံပြဖြစ်မယ့်သူတစ်ယောက်ကို ခေါ်လာပေးခဲ့တာ မဟုတ်ဘူးလားဟင်"




"အင်း..."




စလီမိန်း ခဏမျှ စဉ်းစားကြည့်ပြီး၊ လက်ထဲက ခရစ္စတယ်ဖန်ခွက်ကို မြှောက်ကာ ယွီနျန့်၏ ဖန်ခွက်နှင့် အသာအယာ ချင်းခတ်လိုက်ရင်း သဘောတူလိုက်သည်။




"ဟုတ်တယ်၊ ငါဝန်ခံရမှာပဲ မေဆာ၊ ဒီတစ်ခါတော့ မင်းရဲ့ အမြင်က တကယ်ကို စူးရှပြီး... ငါ့ရှေ့ကို တကယ့် စံပြဖြစ်မယ့်သူတစ်ယောက်ကို အရောက်ခေါ်လာပေးခဲ့တာပဲ"




သူတို့သုံးဦးစလုံး အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ စကားစမြည် ပြောဆိုခဲ့ကြသည်။ အချိန်အတိအကျ ရောက်ရှိလာသောအခါ၊ စလီမိန်း စင်ပေါ်သို့တက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ယွီနျန့် စင်အောက်သို့ ပြန်လည်ဆင်းသက်ခဲ့ပြီး သူ၏ ရှန်ပိန်ခွက်အလွတ်ကို လဲလှယ်လိုက်သည်။

ပွဲခမ်းမကြီး ပြီးဆုံးသွားပြီးနောက်၊ ဟိုတယ်သို့ ပြန်ရောက်သည့်အခါ မုန့်ယွမ် ယွီနျန့်ကို အလျင်အမြန်ပင် မေးတော့သည်။




"နျန့်နျန့်... အခြေအနေ ဘယ်လိုရှိလဲဟင် ငါ အွန်လိုင်းမှာ ကြည့်လိုက်တော့ မစ္စတာ စလီမိန်းက မင်းနဲ့အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ပြီးတော့... ဒါဟာ တကယ့် အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ညတစ်ညပါပဲလို့ ရေးထားတာကို တွေ့ရတယ်လေ။ ကဲ... ဘယ်လိုဖြစ်သွားလဲ။ ငါ ကြိုတင်ပြင်ဆင်ထားတဲ့ ကြေညာချက်ကို လက်ထဲမှာ ကိုင်ထားရင်းနဲ့ အပြင်ကို မထုတ်ရသေးဘဲ စောင့်နေတာကွ!"

မုန့်ယွမ်၏ စိုးရိမ်ပူပန်နေမှုကို ကြည့်ရင်း ယွီနျန့် သူ၏စိတ်ထဲက ယုံကြည်ချက်အပြည့်ဖြင့် လှပစွာ ပြုံးပြလိုက်ပါတော့သည်။




"အစ်ကိုမုန့်... အဲဒီစာသားကို အပြင်ကို ထုတ်ပြန်လိုက်လို့ ရပါပြီခင်ဗျာ။ ကျွန်တော်... Hersey ရဲ့ ဘရန်းသံတမန်အသစ် ဖြစ်သွားပါပြီ"


NEXT





















Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...