Skip to main content

71





အခန်း (၇၁) - ကျွန်တော့်ရဲ့ နျန့်နျန့်




Hersey ဖက်ရှင်ပြပွဲအပြင်ဘက်က ထန်ရှောက်ခဲ့၏ အင်တာဗျူးဗီဒီယိုတို ထွက်ပေါ်လာပြီးသည်နှင့် ချက်ချင်းဆိုသလို အကြိမ်ရေ ထောင်နဲ့ချီ share ခံလိုက်ရပါတော့သည်။




[ဒါက ငါ့မျက်စိမှားတာ မဟုတ်ဘူး! အတင်းအဖျင်းသတင်း အနံ့အသက်တွေ ရနေပြီဟေ့။ တမင်သက်သက် ယွီနျန့်နဲ့ ဝတ်စုံချင်းတူအောင် ဝတ်လာတဲ့အပြင် အင်တာဗျူးမှာပါ ယွီနျန့်က ဟာဆေးရဲ့ အဆင့်မြင့်ဝတ်စုံတွေကို မဝယ်နိုင်ပါဘူးလို့ တိုက်ရိုက်ပြောသွားတာကွ။ ဟာဆေးက ယွီနျန့်ကို ပွဲဖိတ်တာက အပေါ်ယံ ဟန်ပြသက်သက်ပဲလို့ပါ ထည့်ပြောသွားသေးတယ်။ နေဦး... ထန်ရှောက်ခဲ့နဲ့ ယွီနျန့်ကြားမှာ ဘာရန်ငြိုးတွေ ရှိနေလို့လဲ။ ဒီလောက်အထိ ပစ်မှတ်ထားတိုက်ခိုက်နေတာ တအား ထင်ရှားလွန်းတယ်!]




[ငါ တစ်ခုပဲ မေးချင်တယ်။ ထန်ရှောက်ခဲ့ဆိုတာ ဘယ်သူလဲ။ ယွီနျန့်ကို နင်းပြီး အပေါ်တက်ဖို့ ကြိုးစားနေတဲ့ C-list အဆင့် လူသစ်တစ်ယောက်လား။ ပထမတော့ ယွီနျန့်ရဲ့ ဝတ်စုံကို လိုက်ကူးချတယ်။ အခုကျတော့ ပြဿနာပါ လာရှာနေပြန်ပြီလား။ သူ့ဘာသာသူ အေးအေးဆေးဆေး နေပါစေတော့လား။ တို့တွေရဲ့ နျန့်နျန့်ကိုပဲ ဘေးခေါ်သွားကြစို့!]




[ထန်ရှောက်ခဲ့ကနာမည်ကြီးမှုကို အသုံးချနေတယ်လို့ ပြောနေတဲ့သူတွေက မျက်စိကန်းနေကြတာလား။ ထန်ရှောက်ခဲ့က ဒီလောကထဲကို ပျော်ချင်လို့ ဝင်လာတာကွ။ သူ အမှန်တရားကို ဖွင့်ပြောလိုက်တော့ ဘာဖြစ်လဲ။ ဒါကို နာမည်ကြီးမှု အသုံးချတယ်လို့ လာပြောနေကြတယ်။ တို့တွေ ထန်ရှောက်ခဲ့ရဲ့ ဖန်တွေက တအားချမ်းသာတာ။ တို့တွေ သုံးတဲ့ စက္ကူညှပ်ကလစ်တောင်မှ ဒေါ်လာနှစ်ရာတန် ဟာဆေးဘရန်းတွေ။ ဟို ယွီဆိုတဲ့လူက အဲဒါမျိုး ဝယ်နိုင်လို့လား။ ဆင်းရဲရင်လည်း ဟန်မဆောင်စမ်းပါနဲ့!]




[ယွီနျန့်က မဝယ်နိုင်ဘူးလို့ ပြောနေတဲ့ သူတို့ရဲ့ အမူအရာက တကယ် ကြည့်ရဆိုးတယ်။ သူတို့တွေ ယွီနျန့်ရဲ့ အယ်လ်ဘမ်ရောင်းအားကို အရင်သွားကြည့်ပြီး၊ ယွီနျန့် EP အခွေတစ်ခွေတည်းနဲ့တင် ပိုက်ဆံ ဘယ်လောက်အများကြီး ရှာနိုင်ခဲ့လဲဆိုတာ ဂဏန်းပေါင်းစက်နဲ့ ထိုင်တွက်ကြည့်သင့်တယ်။ သူက ပိုက်ဆံမရှိလို့ ဒါမှမဟုတ် မဝယ်နိုင်လို့ မဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်က ပိုက်ဆံထုတ်ကြွားဖို့နဲ့ ဇိမ်ခံပစ္စည်းတွေ ဝယ်ဖို့တစ်ခုတည်းပဲလို့ သတ်မှတ်ထားတဲ့ ဟို ရုတ်တရက်ချမ်းသာလာတဲ့သူတွေလို ပုံစံမျိုး မဟုတ်လို့ပဲဟေ့!]

ခေတ္တမျှအတွင်းမှာပင် နှစ်ဖက်ဖန်များကြား ပြင်းထန်လှသော ငြင်းခုံမှုများ ဖြစ်ပွားခဲ့ပြီး အွန်လိုင်းဖိုရမ်တစ်ခုလုံး အပူတပြင်း ဆွေးနွေးမှုများဖြင့် ပြည့်နှက်သွားတော့သည်။ သိပ်မကြာမီမှာပင်




Yi Entertainment ရဲ့ တရားဝင် Weibo အကောင့်ကနေ လက်ရှိ ရိုက်ကွင်းမှာ ရိုက်ကူးရေးလုပ်နေတဲ့ ယွီချင်းရဲ့ အင်တာဗျူးဗီဒီယိုတစ်ခုကို ထုတ်ပြန်လာခဲ့သည်။

သတင်းထောက်ကလည်း ကိစ္စကြီးလာအောင် တမင်ဆွပေးသည့်အလား ယွီချင်းကို မေးလိုက်သည်။




"ဟာဆေးရဲ့ Spring-Summer ပြပွဲတုန်းက ထန်ရှောက်ခဲ့က ယွီနျန့်နဲ့ ဝတ်စုံချင်း တူညီအောင် တမင်တကာ ဝတ်ဆင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့... မမယွီချင်းအနေနဲ့ ဘာများ ပြောချင်လဲဟင်"




ယွီချင်းက အပြာနုရောင် ပလတ်စတစ်ကုလားထိုင်ပေါ်တွင် ဘုရင်မတစ်ပါးကဲ့သို့ ခန့်ညားစွာ ထိုင်နေရင်း၊ နားမလည်နိုင်ဖြစ်နေသော မျက်နှာပေးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။




"တောင်းပန်ပါတယ်။ ထန်ရှောက်ခဲ့ဆိုတာ ဘယ်သူလဲဟင်။ သူ့မှာကော လူသိများတဲ့ လက်ရာ ဘာများ ရှိလို့လဲ"

သတင်းထောက်ကတိုက်ရိုက်ပင်




"သူက အခုတလော ရေပန်းစားနေတဲ့ အမျိုးသားအနုပညာရှင်တစ်ဦးပါ။ ဒါပေမဲ့ တကယ့် လက်ရာအကြီးကြီးတွေတော့ မရှိသေးပါဘူး။"




ယွီချင်း သူမ၏ ဆံနွယ်စလေးများကို လက်ချောင်းဖြင့် လှည့်ကစားရင်း




"ဆော်ရီးပါ။ တို့က အလုပ်အရမ်းများနေလို့ မသက်ဆိုင်တဲ့သူတွေရဲ့ နာမည်ကို လိုက်မှတ်ထားဖို့အတွက် အချိန်ပိုမရှိဘူးလေ။ အဲဒါကြောင့် အဲဒီလူကို မသိပါဘူး။ ဝတ်စုံချင်း တိုက်ဆိုင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့... ယွီနျန့်က ဒီလို အသေးအဖွဲလေးတွေကို စိတ်ထဲထားတတ်တဲ့သူ မဟုတ်သလို တို့ဘက်ကလည်း ဘာမှ ပြောစရာ အမြင်မရှိပါဘူး"




ထိုဗီဒီယိုအောက်ရှိ မှတ်ချက်ကဏ္ဍတွင်တော့ ပရိသတ်များ၏ ရယ်မောသံများဖြင့် ပြည့်နှက်သွားပါတော့သည်။




[ဟားဟားဟား... ယွီချင်းရဲ့ အမူအရာကို တကယ် သဘောကျတာကွ! ‘ဘယ်သူလဲ? လူသိများတဲ့ လက်ရာ ရှိလို့လား။’ တို့ကတော့ အလုပ်များလို့ မသိဘူးတဲ့။ ယွီစတိုင် တိုက်ကွက် သုံးချက်က ထန်ရှောက်ခဲ့ရဲ့ နှလုံးသားတည့်တည့်ကို ကွက်တိ မှန်သွားတာပဲ!]




[ဟားဟားဟား... တို့တွေရဲ့ အစ်မယွီက သူ့မောင်လေးကို တကယ် အသည်းစွဲ ချစ်ရှာတာ။ နောက်ဆုံး စာကြောင်းကတော့ တကယ့်ကို အမိုက်စားပဲ။ ထန်ရှောက်ခဲ့ကတော့ ရေဆိုးပက်သူတွေ သုံးလိုက်၊ Trending ဖြစ်အောင် လျှောက်လုပ်လိုက်နဲ့ ပြဿနာရှာဖို့ပဲ အာရုံစိုက်နေတာ။ ဒါပေမဲ့ အစ်မယွီ့ဆီ ရောက်တော့... ယွီနျန့်က စိတ်ထဲမထားရင် သူမလည်း ဘာအမြင်မှ မရှိဘူးတဲ့။ ဟားဟားဟား! ငါသာ ထန်ရှောက်ခဲ့နေရာမှာဆိုရင် ရင်ကွဲနာကျလိမ့်မယ်။ ကိုယ်လုပ်သမျှ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားတာကိုး!]




[ဟားဟားဟား... ဒါက အရင်တုန်းက အစ်မယွီ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သွားသတိရစေတယ်။ ‘ဘယ်သူက ငါနဲ့ ဇာတ်ကောင်လုဖို့ ကြိုးစားနေတာလဲ။ ကျန်းဝေဝေ။ သူက ဘယ်သူလဲ။ ငါ အလုပ်များလို့ သူ့ကို မသိဘူး’ တဲ့။ ဘုရင်မကြီးကတော့ ဧဝရက်တောင်ထိပ်ပေါ်ကနေ အောက်က အမှိုက်သရိုက်တွေကို အမြဲတမ်း ငုံ့ကြည့်ပြီး အထင်သေးတတ်တာပဲ!]




ယွီချင်း၏ အင်တာဗျူးဗီဒီယိုကို ကြည့်ပြီးနောက် ရှီရို့တစ်ယောက် ယွီနျန့်ကိုပါ ချက်ချင်း လှမ်းပြချင်စိတ် ပြင်းပြနေမိသည်။ သို့သော်လည်း ယွီနျန့်တစ်ယောက် မုန့်ယွမ်နှင့် အလေးအနက် စကားပြောနေသည်ကို မြင်လိုက်ရပြီး လေထုလေးကလည်း အနည်းငယ် ထူးခြားနေသဖြင့်... သူမ နောက်ထပ်တစ်ကြိမ် ပြန်စဉ်းစားကာ ထိုနေရာမှာတင် ငြိမ်ငြိမ်လေး ဆက်နေလိုက်တော့သည်။

မုန့်ယွမ်သည် ကော်ဖီခွက်တစ်ဝက်ခန့်ကို သောက်ထားပြီး မျက်ဝန်းထဲတွင် သွေးကြောမျှင်လေးများ ယှက်သန်းနေသည်ကို ကြည့်ခြင်းဖြင့် သူ မည်မျှ ပင်ပန်းနွမ်းနယ်နေသည်ကို သိနိုင်သည်။




"ငါ ဘာ ဆုံးဖြတ်ချက်ချလိုက်လဲဆိုတာ မင်း ငါ့ကို လာမမေးတော့ဘူးလား" ဟု စကားစလိုက်သည်။




"မကြာခင်ပဲ သိရတော့မှာ မဟုတ်ဘူးလားခင်ဗျာ"




“မင်းကလေ... အသက်က ငယ်ငယ်လေးရှိသေးတာကို တကယ့်ကို ပါးနပ်လွန်းတယ်”

မုန့်ယွမ်က ပြုံးလျက် သက်ပြင်းချရင်း




“မင်းက တိတ်တိတ်လေးနေပြီး အခြေအနေတစ်ခုလုံးကို မင်းရဲ့ လက်ခုပ်ထဲက ရေလိုမျိုး အပိုင်ကိုင်တွယ်သွားတာလေ။ ငါက မင်းထက် အသက် ၁၀ နှစ်၊ အနှစ် ၂၀ မက ကြီးတာကို... ဒီကိစ္စမှာ မင်းက ငါ့နှာခေါင်းကို ကြိုးကွင်းစွတ်ပြီး လျှောက်ဆွဲသွားသလို ဖြစ်သွားရတာပဲ!”




ယွီနျန့်၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် မပြောင်းလဲဘဲ

"အစ်ကိုမုန့်... အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း တကယ်ကို တအား ရင်ခုန်နေရတာပါ"

“မင်းပြောတဲ့ စကားက အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ်... ငါ့အတွက်တော့ တကယ် စိတ်သက်သာရာ ရစေပါတယ်”

မုန့်ယွမ် ကော်ဖီခွက်အလွတ်ကို ဘေးချရင်း လေသံကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။




“မနေ့ညက ငါ အကြာကြီး သေသေချာချာ စဉ်းစားခဲ့တယ်။ ငါသာ မင်းကို ဆက်ပြီး မကိုင်တွယ်တော့ဘူးဆိုရင်... ငါ ဘယ်သူ့ကို သွားပြီး ကိုင်တွယ်ရတော့မှာလဲ။ မင်းက ငါ့ရဲ့ စံနှုန်းတွေကို တအား မြင့်တက်သွားစေခဲ့တာလေ။ ငါ အနုပညာရှင် နာမည်တော်တော်များများကို စာရင်းပြုစုကြည့်ပေမဲ့... ဘယ်သူ့ကိုမှ မျက်စိထဲ မဝင်ခဲ့ဘူး။ လူသစ်တစ်ယောက်ကို အစကနေ ပြန်ပြီး လေ့ကျင့်ပေးဖို့ဆိုတာကလည်း တကယ့် မျိုးစေ့ကောင်းတစ်ခုကို ရှာတွေ့ဖို့ အလားအလာက တအားနည်းသလို စွန့်စားရမယ့် တန်ဖိုးကလည်း တအား မြင့်လွန်းတယ်။ အဲဒီလို ပါရမီပါတဲ့သူနဲ့ ထပ်ပြီး ဆုံတွေ့နိုင်ပါ့မလား ဒါမှမဟုတ် ပျိုးထောင်ပေးနိုင်ပါ့မလားဆိုတာ ငါကိုယ်တိုင်လည်း မသေချာဘူးလေ။”




ယွီနျန့် စိတ်ရှည်လက်ရှည်ပင် နားထောင်နေမိသည်။




“ပြီးတော့... မင်းရဲ့ ချစ်သူသက်တမ်းက မင်းရဲ့ career အပေါ် ဘယ်လောက်အထိ ထိခိုက်လာနိုင်မလဲဆိုတာ အဆိုးဆုံး အခြေအနေကိုပါ ငါ တွက်ချက်ကြည့်ပြီးပါပြီ။ မင်းရဲ့ အချစ်ရေးကြောင့် မင်းရဲ့ အလုပ်တွေက လုံးဝ အောက်ခြေအထိ ထိုးကျသွားတာဖြစ်ဖြစ် ဒါမှမဟုတ် ပိတ်ပင်ခံလိုက်ရရင်တောင်မှ... အနည်းဆုံးတော့ ငါက ဒီလောကထဲမှာ အသံပါရမီ အကောင်းဆုံးဖြစ်တဲ့ အနုပညာရှင်တစ်ယောက်နဲ့ အတူတူ လက်တွဲလုပ်ဆောင်ခွင့် ရခဲ့တာပဲလေ။ အဲဒီလိုဆိုရင်တော့ ငါ့ရဲ့ မန်နေဂျာသက်တမ်းတစ်လျှောက်မှာ ဘာနောင်တမှ ကျန်ရစ်မှာ မဟုတ်တော့ဘူး။”




သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသွားကြစဉ် ယွီနျန့် သူ၏ညာဘက်လက်ကို မုန့်ယွမ်ထံသို့ ညင်သာစွာ ကမ်းပေးလိုက်သည်။ သူ၏မျက်ဝန်းလေးများထဲတွင် အလင်းရောင်လေးများ တောက်ပနေသည်။




"ကျွန်တော်တို့ကြားထဲမှာ ဘာအာဃာတမှ မရှိဘဲ... ဒီအတိုင်း ဆက်ပြီး လက်တွဲလုပ်ဆောင်သွားနိုင်တဲ့အတွက် ကျွန်တော် တကယ်ပဲ အများကြီး ဝမ်းမြောက်မိပါတယ်ခင်ဗျာ"




ယခုတစ်ကြိမ်တွင်တော့ မုန့်ယွမ် တွန့်ဆုတ်မနေဘဲ ယွီနျန့် ကမ်းပေးလာသော လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါတော့သည်။

“အတူတူ လက်တွဲရတာ ဝမ်းမြောက်ပါတယ်ဟေ့!”




လက်ချင်း လွှတ်ပြီးနောက်တွင်မှ မုန့်ယွမ်က မအောင့်နိုင်ဘဲ ထပ်မံ သတိပေးမိသည်။




“ဒါပေမဲ့ နျန့်နျန့်... ငါ မင်းကို စေတနာနဲ့ အကြံပေးရဦးမယ်။ မင်း ဒီအချက်ကို သေသေချာချာ ထပ်ပြီး စဉ်းစားထားဖို့ လိုတယ်နော်။ လူထုရဲ့ အာရုံစိုက်ခြင်းခံရတဲ့ ပြည်သူ့အနုပညာရှင် တစ်ယောက်အနေနဲ့... မင်း ရှေ့ကို ပိုပြီး တိုးတက်လာလေလေ ပိုပြီး မြင့်မားတဲ့ နေရာကို ရောက်လာလေလေ၊ မင်းကို သဘောကျတဲ့သူတွေ ပိုပြီး များလာလိမ့်မယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ... မင်းကို စောင့်ကြည့်ပြီး ပြစ်တင်ဝေဖန်ချင်တဲ့သူတွေလည်း ပိုပြီး များလာမှာပဲ။ အဆုံးမဲ့တဲ့ ပင်လယ်ပြင်ကြီးလိုမျိုး တရစပ် ဝင်လာမယ့် စော်ကားမှုတွေ တိုက်ခိုက်မှုတွေနဲ့ မလိုမုန်းထားမှုတွေကို... မင်းဘက်က လုံးဝ မပြိုလဲဘဲ ကြံ့ကြံ့ခံနိုင်ပါ့မလား”




"ကျွန်တော် စတင်ပွဲထွက်တုန်းက... ဖန်အတုတွေက တမင်တကာ ကျွန်တော့်ရှေ့မှာ လာလဲကျပြီးတော့... အရင်က သဘောကျခဲ့ပေမဲ့ အခုတော့ anti-fan ဖြစ်သွားပါပြီဆိုပြီး လာပြောခဲ့ကြတာ ရှိတယ်ခင်ဗျာ။ အဲဒီတုန်းကတော့ ကျွန်တော် တကယ် စိတ်မကောင်းဖြစ်ခဲ့ရတာပေါ့။ ဒါပေမဲ့ အခုကျတော့ စိတ်က နည်းနည်း ပိုပြီး ရင့်ကျက်လာလို့ ဖြစ်မှာပါ... ကျွန်တော့်ရဲ့ လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ် ရှိတယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ကျွန်တော် ဂရုစိုက်ရတဲ့သူတွေကို ပျော်ရွှင်အောင်နဲ့ စိတ်ကျေနပ်မှု ရှိအောင် လုပ်ပေးနိုင်တာကတင်... ကျွန်တော့်အတွက်တော့ တကယ်ကို ဂုဏ်ယူစရာကောင်းလှတဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ။"




ယွီနျန့် တဟားဟား ရယ်မောလိုက်ရင်း ဆက်ပြောသည်။




"ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်အပေါ်ကို မျှော်လင့်ချက်တွေ အများကြီး မထားပါဘူးခင်ဗျာ။ ကျွန်တော့်အဘိုး ဆုံးမခဲ့ဖူးသလိုမျိုး... ‘ကောင်းကင်ကြီးကို မော့ကြည့်တဲ့အခါ ဘယ်သူ့အပေါ်မှာမှ အောက်ကျို့နေစရာ မလိုလောက်အောင် ဖြောင့်မတ်နေဖို့’... အဲဒီအချက် ရှိနေရင်ပဲ ကျွန်တော့်အတွက် လုံလောက်ပါပြီ"




ကားပြတင်းပေါက် အပြင်ဘက်တွင်တော့ ဟိုတယ်ကနေ လေယာဉ်ကွင်းဆီသို့ အသည်းအသန် မောင်းနှင်နေသဖြင့် လမ်းဘေးက အဆောက်အအုံများမှာ အနောက်ဘက်သို့ တရွေ့ရွေ့ ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။




ရှီရို့တစ်ယောက် စိတ်ထဲကနေ တိုးတိုးလေး ဆုတောင်းနေမိသည်။

"ထန်ရှောက်ခဲ့နဲ့တော့ မဆုံပါစေနဲ့။ ထန်ရှောက်ခဲ့နဲ့တော့ လုံးဝ မဆုံပါစေနဲ့..."




သို့သော်လည်း လက်တွေ့တွင်မူ ဆုတောင်းခြင်းက အရာမထင်ခဲ့ဘဲ နှစ်ဖက်အဖွဲ့သားများမှာ လေယာဉ်ကွင်း၌ ထိပ်တိုက် တိုးမိကြပါတော့သည်။ ထန်ရှောက်ခဲ့သည် လေယာဉ်ကွင်းဖက်ရှင်ပုံရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေပြီး အဝေးမှ လှမ်းမြင်လိုက်ရသော ရှီရို့မှာ လုံးဝ ကြောင်အသွားရသည်။




"သူဝတ်ထားတာကြီးက မျက်စိကျိန်းမတတ်ပဲ! အမလေး... ကြည့်ရတာ သူခုနတင် ဝယ်လာတဲ့ Hersey ထုတ်ကုန်အသစ်တွေ အကုန်လုံးကို သူ့ကိုယ်ပေါ်မှာတင် ပုံအောပြီး ကောက်စွတ်ထားတဲ့အတိုင်းပဲ!"




သိပ်မကြာမီ ရှီရို့သည် ထန်ရှောက်ခဲ့၏ စတူဒီယိုကနေ တရားဝင် ထုတ်ပြန်လိုက်သော လေယာဉ်ကွင်းပုံများကို အွန်လိုင်းပေါ်တွင် တွေ့ရှိသွားသည်။ မုန့်ယွမ်က ဒါကို သတိပြုမိသွားပြီး လှမ်းမေးသည်။




"သူတို့အဖွဲ့က အလုပ်လုပ်တာ ဒီလောက်တောင် မြန်တာလား။ ပုံတွေကို ချက်ချင်း ပြင်ဆင်ပြီး ပို့စ်တင်လိုက်ပြီပေါ့။"




ရှီရို့ ဖုန်းကြည့်ရင်း




"မြန်တာကတော့ တကယ်မြန်ပါတယ်။ ဒါပေမဲ့ မှတ်ချက်တွေကတော့ တကယ့်ကို ဖရိုဖရဲ ဖြစ်နေတာပဲ။ အဲဒီဖန်တွေက ထန်ရှောက်ခဲ့တစ်ယောက် Hersey ရဲ့ နောက်ဆုံးထွက်ပစ္စည်းတွေအကုန် ဝတ်ထားနိုင်တယ်ဆိုပြီး လာချီးကျူးနေကြတာ။ ပိုက်ဆံထုတ်ကြွားနေတာကတော့ လုံးဝ အထင်အရှားပဲ။ ပြီးတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ ယွီနျန့်ကိုပါ အတင်းဆွဲထည့်ပြီး... ယွီနျန့်က ဒါမျိုးတွေကို မဝယ်နိုင်ပါဘူးဆိုပြီး သရော်စာတွေ အရိပ်အမြွက်စကားတွေနဲ့ လာနှိမ်နေကြသေး။ ကြားထဲမှာ ကြော်ငြာအကောင့်တစ်ခုက ယွီနျန့်တစ်ယောက် မစ္စတာ စလီမိန်းနဲ့ အတူတူရိုက်ထားတဲ့ ဓာတ်ပုံအကြောင်း တင်ပြီးတော့... ဒါဟာ ဘရန်းသံတမန်စာချုပ်အတွက် အလားအလာ ရှိနေတာလားဆိုပြီး ခန့်မှန်းရေးသားထားတာကို ထန်ရှောက်ခဲ့ရဲ့ ဖန်တွေက အဲဒီအကောင့်ကို ဝိုင်းပြီး ဗုံးကြဲတိုက်ခိုက်နေကြတယ်လေ"




"ပြောစမ်းပါဦး... သူတို့က ဘယ်လိုမျိုး ဝိုင်းပြီး တိုက်ခိုက်နေကြတာလဲ"

"ဖော်လိုဝါသိန်းချီရှိတဲ့ နာမည်ကြီး အကောင့်တချို့ဆိုရင် မိုက်ခရိုဖုန်းကို တိုက်ရိုက်ဖွင့်ပြီးတော့... တကယ်လို့သာ စာချုပ်ကိစ္စ တိုးတက်မှုအစစ်အမှန် ရှိနေရင် ယွီနျန့်ရဲ့အဖွဲ့က ပိုက်ဆံပေးပြီး ကြော်ငြာဆောင်းပါးတွေ တရစပ် တင်နေလောက်ပြီတဲ့။ ဒါပေမဲ့ အခုအချိန်အထိ ကြက်ကလေး ငှက်ကလေးလို ငြိမ်သက်နေတာကို ကြည့်ရင်... ဒီတစ်ခေါက် ပဲရစ်ခရီးစဉ်က အလကားဖြစ်သွားပြီး ဘာစာချုပ်မှ မရခဲ့တာ သေချာပါတယ်တဲ့။ ထည့်ပြီးတော့တောင် ပြောသေးတယ်... Hersey က ယွီနျန့်ကို ဘရန်းသံတမန်အဖြစ် စာချုပ်ချုပ်ဖို့ဆိုတာက ကမ္ဘာမြေကြီးကို ကြယ်တံခွန်လာပြီး ဝင်တိုက်မယ့် ဖြစ်နိုင်ခြေထက်တောင် နည်းသေးတယ်လို့ လာပြောနေကြတာ"

မုန့်ယွမ် ပုံမှန်အတိုင်းပင် တွေးတောနေသည့် အမူအရာမျိုးဖြင့် သူမ၏မေးစေ့ကို အသာသပ်လိုက်သည်။

"ဟားဟား... သူတို့က တို့တွေဘက်က တမင်တကာ သတင်းမထုတ်ဘဲ လျှို့ဝှက်ချက်အနေနဲ့ နေပေးနေတာကို နားမလည်ကြတာပဲ!"




ယွီနျန့်ကလည်း ပြုံးလျက် ဝင်ပြောသည်။




"ကျွန်တော်တို့က အမှားအယွင်းတစ်ခုခု ဖြစ်သွားမှာကို တကယ် ကြောက်နေလို့ပါဗျာ"




ရှီရို့ တဟားဟား ရယ်မောတော့သည်။




"ဟားဟားဟား... အဲဒါတော့ အမှန်ပဲ ဒါပေမဲ့ ဟို ရူကူ ကတော့ တကယ့် စံပြသာဓကပဲလေ။ ‘Ancient Road’ ရုပ်ရှင်ရဲ့ ပရိုမိုးရှင်းတုန်းက ဖြစ်ခဲ့တာကို မှတ်မိသေးလား။ တို့တွေဘက်က အဲဒီတုန်းက လှောင်ပြောင်မှုတွေ အများကြီး ခံခဲ့ရတာဆိုတော့... ဒီတစ်ခါတော့ ကားထပ်ပြီး မမှောက်မိစေဖို့ တကယ် သတိထားရမယ်။"




Ancient Road အကြောင်း ပြောရင်းကပင် သူက




"ဒါနဲ့ ယွီနျန့်... ‘Ancient Road’ ရုပ်ရှင်က ရွှေတေးသံဆုတွေ ဘာတွေ ရဖို့ သတင်းကြားမိလား" ဟု မေးလိုက်သည်။




"ကျွန်တော်တို့ဘက်ကတော့ သတင်းအများကြီး မရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်အစ်မ ပြောတာတော့ တို့တွေ အနည်းဆုံး ဆုသုံးဆုလောက်တော့ ရနိုင်တယ်လို့ ပြောပါတယ်ခင်ဗျာ။"




ယွီနျန့် လက်ညှိုးသုံးချောင်းကို ထောင်ပြလိုက်သည်။

"ဒါရိုက်တာ ခရုရှန့်လန်က ဒီရုပ်ရှင်အတွက် တကယ့်ကို စိတ်ရောကိုယ်ပါ အပြည့်အဝ အားစိုက်ထုတ်ထားခဲ့တာလေ"




ထိုအခိုက် လေယာဉ်ကွင်း အသံချဲ့စက်မှတစ်ဆင့် လေယာဉ်ပျံသန်းမှု အခြေအနေမှာ မိနစ် ၉၀ ခန့် နောက်ကျလိမ့်မည်ဖြစ်ကြောင်း သတင်းကြေညာသံ ထွက်ပေါ်လာခဲ့သည်။ ရှီရို့ သူမ၏ရင်ဘတ်ကို ပုတ်ရင်း




"ကံကောင်းလို့ ငါ့ဖုန်းက ဘက်ထရီ အပြည့်အဝ ရှိနေတာ တော်ပါသေးတယ်"




သိပ်မကြာလိုက်မီမှာပင် ရှပ်အင်္ကျီနှင့် suit vest ဝတ်ဆင်ထားသော လူဖြူအမျိုးသားတစ်ဦးသည် လက်ထဲတွင် စတုရန်းပုံသေတ္တာတစ်လုံးကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာပြီး ယဉ်ကျေးပျူငှာစွာဖြင့် နှစ်မီတာခန့်အကွာတွင် ခြေလှမ်းရပ်လိုက်သည်။




"တောင်းပန်ပါတယ်၊ မစ္စတာ ယွီနျန့် ရှိပါသလားခင်ဗျာ"




ယွီနျန့်တစ်ယောက် ရှဲ့ယို့ထံသို့ လေယာဉ်ခရီးစဉ် နောက်ကျမည့်အကြောင်း မက်ဆေ့ချ် ပို့ပြီးခါစပင် ရှိသေးသည်။ သူ ထိုအသံကို ကြားလိုက်ရသဖြင့် မော့ကြည့်ကာ ပြုံးလျက်




"ဟုတ်ကဲ့... ကျွန်တော်ပါပဲခင်ဗျာ။ ဘာကိစ္စရှိလို့လဲဟင်" ဟု မေးလိုက်သည်။




ထိုအမျိုးသားက ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြပြီး သေတ္တာကို ယွီနျန့်ထံ ကမ်းပေးလိုက်သည်။




"ဒါက မစ္စတာရှဲ့ဆီကပါခင်ဗျာ။ လေယာဉ်စောင့်နေတဲ့ အချိန်အတွင်းမှာ အပျင်းပြေ ဆော့ကစားနိုင်အောင်လို့ လှမ်းပို့ပေးလိုက်တာပါ"




ထိုလူ ထွက်ခွာသွားသောအခါ မုန့်ယွမ် အံ့ဩတကြီး ရေရွတ်တော့သည် ။




"သူတို့က တို့တွေထက်တောင် လေယာဉ်နောက်ကျမယ့်အကြောင်းကို ကြိုသိနေကြတာလား။ ပြီးတော့ မင်းအပျင်းပြေ ဆော့ဖို့အတွက် ကစားစရာလေးတွေကိုပါ ကြိုတင်ပြင်ဆင်ပေးလိုက်သေးတယ်ပေါ့။"

ယွီနျန့် ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ထိုစတုရန်းပုံ သေတ္တာလေးကို အသာအယာ ဖွင့်ကြည့်လိုက်သည်။ အထဲက အရာဝတ္ထုကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ မအောင့်နိုင်ဘဲ တဟားဟား ရယ်မောမိပါတော့သည်။

ရှီရို့လည်း စပ်စုချင်စိတ်ဖြင့် ဘေးနားသို့ တိုးကပ်ကြည့်ကာ




"ဒါက... glass checkers လားဟင်"




"ဟုတ်တယ်။"




ယွီနျန့် အရင်တုန်းက သူငယ်စဉ်အခါက အဘွားဖြစ်သူနှင့်အတူ ကစားနည်းကို ဆော့ကစားခဲ့ဖူးကြောင်း ရှဲ့ယို့ကို စကားစပ်မိခဲ့သည်ကို ပြန်လည် သတိရမိသည်။

ရှဲ့ယို့တစ်ယောက် ထိုအကြောင်းကို အခုအချိန်အထိ မှတ်မိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

မုန့်ယွမ်၏ မျက်ဝန်းများ ချက်ချင်း ဝင်းခနဲ ဖြစ်သွားသည်။




"ရို့ရို့... သေသေချာချာ ထပ်ကြည့်ဦး။ ဒါတွေက ဖန်သားနဲ့ လုပ်ထားတာ မဟုတ်ဘူးကွ။ ဒါတွေအားလုံးက ထိပ်တန်းအဆင့် ခရစ္စတယ်တွေနဲ့ သီးသန့် လုပ်ထားတာဟေ့"




ရှီရို့ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။




“အလင်းပြန်တဲ့ ပုံစံကို ကြည့်ဦး။ ဒါတွေက သဘာဝ ခရစ္စတယ်တုံးတွေကို သေသေချာချာ ပြုပြင်မွမ်းမံထားတာ ဖြစ်ရမယ်။ ခရစ္စတယ်တွေကို အခုလိုမျိုး လုံးဝိုင်းနေတဲ့ အလုံးလေးတွေဖြစ်အောင် ထုလုပ်ဖို့ဆိုတာ တကယ် မလွယ်ကူဘူးလေ။ ဒါတွေကို ပွတ်တိုက်ပြီး အရောင်တင်ရတာဆိုတော့ ပုံမှန်ထက် ကုန်ကြမ်းပစ္စည်း ၄ ဆ၊ ၅ ဆမက ပိုပြီး ကုန်ဆုံးစေတယ်။ ပြီးတော့ နည်းနည်းလေး အမှားအယွင်း ဖြစ်သွားတာနဲ့တင် ခရစ္စတယ်က အက်သွားပြီး အရင်လုပ်ခဲ့သမျှတွေအကုန် သဲထဲရေသွန် ဖြစ်သွားတတ်တာ။ ပိုပြီးတော့ ဆန်းပြားတာက... ဒီအလုံးလေးတွေရဲ့ မျက်နှာပြင်ပေါ်မှာ ပုံရိပ်တွေကိုပါ သေသေချာချာ ထုဆစ်ထားသေးတယ်။ လိုင်းတစ်ခုချင်းစီက တကယ့်ကို ချောမွေ့လွန်းတာပဲ။ ပြီးတော့ silver paint တွေနဲ့ပါ လိုက်ပြီး အရောင်ခြယ်ထားသေးတယ်။ ဒါကို လုပ်ရတဲ့ အဆင့်ကတော့ တခြားအရာတွေနဲ့ လုံးဝကို ယှဉ်လို့မရဘူး!”




မုန့်ယွမ် တောက်တခေါက်ခေါက်ဖြင့် အံ့ဩမဆုံး ဖြစ်နေသည်။

“သူဌေးကြီးတွေရဲ့ ကမ္ဘာကတော့ တကယ့်ကို ငါ့ရဲ့ စိတ်ကူးဉာဏ်ထက်ကို ကျော်လွန်လွန်းလှပါတယ်။ ကစားစရာ ချက်စစ်အလုံးပေါင်း ၆၀ စလုံးကို ဒီလောက်အထိ လက်ရာပြောင်ပြောင်မြောက်မြောက် လုပ်ထားတဲ့အပြင်... ဒီချက်စစ်ခုံကြီးရဲ့ ဘေးပတ်ပတ်လည်မှာပါ အရောင်စုံ စိန်ပွင့် တွေကို သေသေချာချာ မြှုပ်နှံထားသေးတယ်ဗျာ”




"ဒါဆို... ဒါက ဘယ်လောက်တောင် တန်ဖိုးရှိမလဲဟင်"




“ငါ အနိမ့်ဆုံး စံနှုန်းနဲ့ ခန့်မှန်းကြည့်ရင်တောင်... အနည်းဆုံးတော့... ယွမ် ၃ သန်းလား။ ဒါမှမဟုတ် ၅ သန်းလား။ ငါကိုယ်တိုင်တောင် ဂဏန်းအတိအကျကို မခန့်မှန်းရဲတော့ဘူး!”




ရှီရို့တစ်ယောက် နောက်ပြန်လဲတော့မည့် အမူအရာမျိုး လုပ်ပြရင်း




"Hersey ရဲ့ ဒေါ်လာနှစ်ရာတန် စက္ကူညှပ်ကလစ်တွေဆိုတာ... ဒီပစ္စည်းနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ပါလား။ ဘာမှကို မဟုတ်တော့တာ!" ဟု တိုးတိုးလေး ရေရွတ်မိသည်။




ယွီနျန့် ချက်စစ်အလုံးလေး တစ်လုံးကို လက်ဖြင့် ကောက်ယူကာ မီးရောင်အောက်သို့ မြှောက်၍ အကဲခတ်ကြည့်လိုက်သည်။ ၎င်းပေါ်ရှိ ထုဆစ်ထားသော သပ်ရပ်လှပလှသည့် ပုံရိပ်လေးများမှာ မီးရောင်အောက်တွင် ဆန်းပြားလှသော အလင်းတန်းလေးများအဖြစ် ဖြာထွက်နေသဖြင့် သူ အသက်ရှူချက်ကို အသာအယာ ထိန်းချုပ်ရင်း အနီးကပ် စိုက်ကြည့်နေမိသည်။

သူ တစ်စုံတစ်ခုကို အာရုံစိုက်ကြည့်ရင်း ခေတ္တမျှ စဉ်းစားကြည့်သည်။ ယွီနျန့် ၎င်း၏ထောင့်ကို ဖြည်းဖြည်းချင်း ပြောင်းလဲကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် အရိပ်ကျရာ မျက်နှာပြင်ပေါ်တွင် ထိုပုံရိပ်လေးများမှာ သပ်ရပ်ပြတ်သားလှသော တရုတ်စာလုံးတစ်ခုအဖြစ် ပုံပေါ်လာခဲ့သည်။ ၎င်းစာလုံးမှာ နျန့် ဟူ၍ ဖြစ်ပြီး ရှဲ့ယို့ကိုယ်တိုင် ရေးသားထားသော လက်ရေးအစစ် ဖြစ်သည်။

ယွီနျန့်၏ နှလုံးသားလေးမှာ ရုတ်တရက်ဆိုသလို လှိုက်ခနဲ ခုန်မောသွားရတော့သည်။

သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရှဲ့ယို့ထံသို့




"ချက်စစ်ကစားစရာ သေတ္တာလေးကို အခုတင် လက်ခံရရှိပါတယ်ခင်ဗျာ" ဟု မက်ဆေ့ချ် ပို့လိုက်သည်။




ရှဲ့ယို့က စက္ကန့်ပိုင်းအတွင်း ချက်ချင်း ပြန်စာ ပို့လာသည် ။




"အင်း... မင်း သဘောကျရဲ့လားဟင်"

သူ၏ လက်ချောင်းထိပ်လေးများအထိပါ ပူနွေးလှသော ရင်ခုန်သံများ စိမ့်ဝင်သွားသကဲ့သို့ ခံစားရရင်း၊ ယွီနျန့် ပြုံးလျက် ပြန်စာ ပို့လိုက်သည်။




"တကယ့်ကို တအား သဘောကျတာ။ ဒါက ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှ အလှပဆုံး ကစားစရာလေးပါပဲ"




ထိုအခါ ရှဲ့ယို့က ပြန်လည်၍ စာသားတစ်ကြောင်း ပို့လာပါတော့သည်။




"ငါ့ရဲ့ နျန့်နျန့်လေးက... ကမ္ဘာပေါ်မှာ အကောင်းဆုံး အရာအားလုံးနဲ့ ထိုက်တန်ပါတယ်"


______________________________________________________________________

Comments

  1. ငါ့ရဲ့ နျန့်နျန့်မှာ ကျဆုံးးးးးး

    ReplyDelete
  2. ငါ့ရဲ့နျန့်နျန့်လေး ဟေးဟေးးးးးးးးး

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...