Skip to main content

22



အပိုင်း (၂၂)

ပိုင်ရှင်တွေက တတိယထပ်မှာ ရှိနေကြပေမဲ့ အောက်ထပ်က ဆူညံသံတွေက တော်တော်လေး ကျယ်လောင်တာကြောင့် သူတို့ မကြားဘဲနေမှာ မဟုတ်ပါဘူး။ တကယ်လို့ မကြားဘူးဆိုရင်တောင် ပထမထပ်မှာရှိတဲ့ သူတို့လူတွေက စာပို့ပြီး ချက်ချင်း အကြောင်းကြားမှာပါပဲ။ ဆိုင်ဖွင့်ပွဲနေ့မှာ ဒီလိုကိစ္စမျိုး ဖြစ်ပျက်သွားတာကြောင့် ပိုင်ရှင်တွေအနေနဲ့ ပွဲကြည့်ချင်စိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြင်ပန်းမှာတော့ အလိုက်သိတတ်တဲ့ပုံစံနဲ့ ပြန်ကြရမှာပဲ။

ချန်ကျန့် အောက်ထပ်ကို ပြန်ဆင်းလာတဲ့အခါ ဒေါသတွေက တောက်လောင်နေဆဲ။ ပိုင်ရှင်တွေက ဟူဖန်နဲ့ စကားပြောနေကြပြီး ပြန်ဖို့ ပြင်နေတာကို သူ တွေ့လိုက်ရသည်။

“မန်နေဂျာ…ပိုင်ရှင်တွေက...” ဟူဖန်က စကားစလာခဲ့သည်။

ပုံမှန်အခြေအနေမှာဆိုရင် ချန်ကျန့်က ဘာဖြစ်လို့လဲလို့ မေးမြန်းပြီး နေပါဦးလို့ ဟန်ဆောင်တားမြစ်ကာ သူတို့က အတင်းပြန်မယ်ဆိုမှ အားနာစရာကောင်းကြောင်း ယဉ်ယဉ်ကျေးကျေး ပြောရမှာပါ။ ဒါပေမဲ့ ဒီနေ့ဖြစ်ရပ်တွေက တကယ်ကို စိတ်တိုစရာကောင်းလှသလို အခုလေးတင် ရှန်ယွီက သူ့ကို ရုံးခန်းထဲကနေ မောင်းထုတ်လိုက်တာ မဟုတ်လား။ ဒါကြောင့် သူ သရုပ်ဆောင်ဖို့ စိတ်မပါတော့ဘူး။ ဒါကြောင့် သူက အလယ်က အပိုင်းတွေကို အကုန်ကျော်ပြီး နိဂုံးချုပ် စကားကိုပဲ တန်းပြောလိုက်တော့သည် ။

“ဒီနေ့ လာရောက်အားပေးကြတဲ့အတွက် ပိုင်ရှင်အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ဧည့်ဝတ်မကျေတာ ရှိရင်လည်း ခွင့်လွှတ်ပေးကြပါဦး”

“ရပါတယ်၊ ရပါတယ်” ဟယ်လျန်က ပြုံးပြီး ဆိုသည်။

“အခက်အခဲတွေ အားလုံး ပြီးသွားပြီဆိုတော့ နောင်ကျရင် အဆင်ပြေချောမွေ့သွားမှာပါ။ တာယွင် တည်းခိုခန်း ဖွင့်ပွဲ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”

မင်းတို့ပဲ အခက်အခဲတွေနဲ့ ကြုံရမှာပါ၊ မင်းတို့ဆိုင်တွေပဲ အဆင်မပြေဖြစ်မှာ။

ချန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း “ကျေးဇူးတင်ပါတယ်၊ သေချာပေါက် အောင်မြင်မှာပါ” ဟု ပြန်ပြောလိုက်သည်။ ပိုင်ရှင်တွေနဲ့ သူတို့ဝန်ထမ်းတွေကို ဝင်းအပြင်အထိ လိုက်ပို့ပြီးနောက် ချန်ကျန့် အထဲကို ပြန်ဝင်လာခဲ့သည်။ သူတို့လူတွေ အားလုံးက စားသောက်ခန်းထဲမှာ ထိုင်နေကြသည်။

ကျောက်ဖန်းဖန်းက ရှေးဦးသူနာပြုသေတ္တာကို ယူလာပြီး ချန်အာဟူရဲ့ မျက်လုံးနားက ဒဏ်ရာကို ပိုးသတ်ပေးနေသည်။ ချန်အာဟူရဲ့ ညာဘက်မျက်လုံးတင်မကဘဲ မျက်နှာ ညာဘက်တစ်ခြမ်းလုံး ဖောင်းအစ်နေပြီး၊ မျက်လုံးမှာ အပ်ပေါက်လောက်သာ ကျန်တော့ကာ မျက်ခွံပေါ်က ပြတ်ရှဒဏ်ရာထက်ပင် ပိုပြီး ကျဉ်းနေသလို ထင်ရသည်။

“ဘယ်လိုနေလဲ” ချန်ကျန့် စားသောက်ခန်းထဲ ဝင်လာရင်း မေးလိုက်သည်။

“မင်း မျက်စိနဲ့ မမြင်ဘူးလား” ချန်အာဟူက စိတ်မရှည်သလို ပြန်ဖြေသည်။

ချန်ကျန့်ရဲ့ ဒေါသက ချက်ချင်း ထပေါက်တော့သည်။ သူ စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး ချန်အာဟူရဲ့ နဖူးတည့်တည့်ကို လှမ်းပစ်လိုက်သည်။

“မင်းက ငါ့ကို ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်း လာပြောနေတာလဲ! ဒါက ငါ့အပြစ်မို့လို့လား၊ တောက်!”

လက်ဖက်ရည်ခွက်က ချန်အာဟူရဲ့ နဖူးနဲ့ ထိမှန်ပြီး ပြန်ကန်ထွက်သွားသည်။ ဒီတစ်ခါတော့ ဘယ်သူမှ လှမ်းမဖမ်းမိဘဲ ခွက်မှာ ကြမ်းပြင်ပေါ်ကျပြီး တစစီ ကွဲသွားတော့သည်။

“မန်နေဂျာ၊ မန်နေဂျာ...” ဆန်းပင်းက အမြန်ကြားဝင်တားသည်။

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့...”

“အို... ကွဲသွားတာက အေးချမ်းတာပဲ၊ ကွဲသွားတာက အေးချမ်းတာပဲ!”

ဟူဖန်က လက်ခုပ်တီးပြီး အော်ဟစ်ကာရန်ပွဲ ဆက်မဖြစ်အောင် ကြားဖြတ်လိုက်သည် “အေးချမ်းပါစေ။ကံကောင်းပါစေ။အောင်မြင်မှုနဲ့ စတင်လိုက်ပြီဟေ့။”

“ဘယ်မှာ အောင်မြင်တာလဲ” လောင်စစ်က မေးသည်။

“ဘော့စ်ချန်ရဲ့ မျက်နှာမှာ အနီရောင်တွေ ရှိနေတာပဲလေ၊ အနီရောင်ရှိရင် အောင်မြင်တာပဲပေါ့။” ဟူဖန်က ဆက်အော်နေသည်။

“ကဲ... တော်ကြတော့…ကံကောင်းခြင်းတွေ ရောက်လာတော့မှာ ရန်မဖြစ်ကြနဲ့တော့…”

“မအော်နဲ့တော့! ငါ့ခေါင်းကိုက်နေပြီ” ချန်အာဟူက မျက်လုံးစွေကြည့်ကာ တားသည်။

“ကျွန်မ ကြည့်ပြီးပြီ၊ ဆေးသေတ္တာထဲမှာ အကိုက်အခဲပျောက်ဆေး ပါတယ်၊ တစ်လုံးသောက်လိုက်”

ဟူဖန်က တံမြက်စည်းယူပြီး ကြမ်းပေါ်က ဖန်ကွဲစတွေကို ရှင်းလိုက်သည်။ ချန်ကျန့် ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်သည်။

“ဘော့စ်ရှန်ကော ဘယ်လိုလဲ ။ သူကတော့ စိတ်တိုနေတာပေါ့၊ တခြားဘာရှိဦးမှာလဲ။ ဒေါသထွက်လွန်းလို့ သေတောင် သေသွားမလား မသိဘူး”

“သူ အဆင်ပြေပါတယ် ။ ရုံးခန်းထဲမှာ နားနေတယ်”

ဆန်းပင်းမေးလာသည်ကို ချန်ကျန့်က ခပ်ပြတ်ပြတ်ပြန်ဖြေပေး၏။

“ဒီနေ့ ဒီလောက် ရှုပ်ပွသွားတာဆိုတော့..ညနေပိုင်းကျရင်ကော... ထမင်းစားပွဲ လုပ်ဦးမှာလား။ ဒါမှမဟုတ်...”

“စားမှာပေါ့၊ ဘာမှ မထိခိုက်ပါဘူး။ ငါတို့ ဒီနေ့ စီမံထားတာက ဗျောက်အိုးဖောက်မယ်၊ နေ့လယ်မှာ ငါတို့အဖွဲ့ အတူစားမယ်၊ ညနေကျရင် သိတဲ့လူတွေကို ဖိတ်ကျွေးမယ်။ အခုလည်း အဲ့ဒီအတိုင်းပဲ လုပ်မှာပဲ၊ ဘာမှ မထူးခြားဘူး”

“အင်း၊ မထူးခြားပါဘူး” ဆန်းပင်း ခေါင်းညိတ်သည်။

“ချန်ကျန့်” ချန်အာဟူရဲ့ မျက်နှာဒဏ်ရာကို ကျောက်ဖန်းဖန်းက ပတ်တီး စည်းပေးပြီးသွားပြီ။ သူ မတ်တတ်ထရပ်လိုက်သည်။

“ငါတို့ နှစ်ယောက်တည်း စကားပြောလို့ ရမလား”

ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ထရပ်ကာ ချန်အာဟူနဲ့အတူ စားသောက်ခန်းထဲကနေ နောက်ဖက်တံခါးကတစ်ဆင့် ထွက်လာပြီး နောက်ဖေးဝင်းထဲက စားပွဲအသေးလေးမှာ ထိုင်လိုက်ကြသည်။ ချန်အာဟူက ဆေးလိပ်တစ်လိပ် ညှိလိုက်ပြီး ဘေးက ဒန်းပေါ်မှာ ထိုင်ကာ အကြာကြီး ငိုင်နေလေသည်။ ချန်ကျန့်က စကားပြောဖို့ အတင်းမတိုက်တွန်းပါဘူး။ အမှန်အတိုင်း ပြောရရင် သူလည်း စကားမပြောချင်ဘူး။ သူ ခေါင်းထဲမှာ ရှန်ယွီရဲ့ “ထွက်သွားတော့” ဆိုတဲ့ စကားသံကပဲ ပြည့်နေတာလေ။

“ဒီနေ့ ငါ့အစ်ကိုနဲ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စပြီးရင်တော့ ငါတို့တွေ လုံးဝ ပြတ်စဲသွားပြီပဲ” ချန်အာဟူက ဆိုသည်။

ချန်ကျန့်က သူ့ကို တစ်ချက်ကြည့်လိုက်သည် ။

“သူက မင်းကို ငယ်ငယ်လေးကတည်းက သေအောင် ရိုက်လာတာလေ၊ အခုမှပဲ ပြတ်စဲဖို့ တွေးမိတာလား။ တကယ်လို့ ရှန်ယွီသာ သူ့ကို မေ့လဲအောင် မလုပ်လိုက်ရင်၊ မင်းက ပြတ်စဲဖို့တောင် အချိန်ရမှာ မဟုတ်ဘူး၊ နောက်ဆုံးနှုတ်ဆက်တာပဲ လုပ်ရတော့မှာ”

“တောက်! ချန်ကျန့်၊ မင်း စကားကို ကောင်းကောင်း ပြောလို့ မရဘူးလား!” ချန်အာဟူက ခေါင်းလှည့်ပြီး မျက်လုံးတစ်ဖက်တည်းနဲ့ သူ့ကို မျက်စောင်းထိုးကာ ဆဲလိုက်သည်။

“ငါသာ ဒီနေ့ အမှားမလုပ်ထားဘူးဆိုရင် အခု မင်းကို ငါ ထိုးပြီးပြီ”

“မင်း ချန်တာဟူကို ခေါ်လိုက်တာလား” ချန်ကျန့်က မေးသည်။

“ငါက ဘာလို့ ခေါ်ရမှာလဲ! တောက်! ငါက ဘာလို့ ခေါ်ရမှာလဲ!”

ချန်အာဟူ အသံကျယ်သွားပြီး၊ ခုနက ညှစ်ခံထားရလို့ နီနေတဲ့ သူ၏ လည်ပင်းမှာ ပိုပြီး နီရဲလာသည်။

“ဒါဆိုရင် မင်းက ဘာကို အမှားလုပ်မိတယ်လို့ ပြောနေတာလဲ” ချန်ကျန့် ပြန်မေးလိုက်၏။

“မင်းကငါနဲ့ ရန်ဖြစ်ချင်နေတာပေါ့၊ ဟုတ်လား” ချန်အာဟူက သူ့ကို ကြည့်လိုက်သည်။

“မင်းက ငါ့ကို နိုင်မှာမှ မဟုတ်တာ”

“တောက်! မင်းနဲ့ စကားပြောလို့ မရဘူး”

ချန်အာဟူ ဆေးလိပ်တိုကို မြေပြင်ပေါ် ပစ်ချပြီး ကိုယ်ကို လှည့်ကာ အထဲပြန်ဝင်ဖို့ ပြင်သည်။

ချန်ကျန့် သက်ပြင်းချလိုက်သည်။

“ဘော့စ်ချန်... ဘာပြောချင်တာလဲ၊ ပြောပါ။ ငါ နားထောင်ပေးမယ်”

ချန်အာဟူ မိနစ်ဝက်ခန့် ငြိမ်သက်စွာ ရပ်နေပြီးမှ ပြန်လျှောက်လာခဲ့သည်။

“ဆေးလိပ်တိုကို အမှိုက်ပုံးထဲ ထည့်လိုက်ပါဦး။ ဆန်းပင်းတို့က မနေ့ကမှ အကြာကြီး သန့်ရှင်းရေး လုပ်ထားတာလေ၊ သန့်သန့်ရှင်းရှင်း ထားပါ”

ချန်အာဟူ ဆေးလိပ်တိုကို ပြန်ကောက်ပြီး ပါးစပ်မှာ ပြန်ခဲလိုက်သည်။

“ခဏနေဦး၊ တစ်ဝက် ကျန်သေးတယ်... မင်းကတော့ တကယ့်ကို မန်နေဂျာ စစ်စစ်ပဲ...”

“သိပ်တော့ အရည်အချင်း မပြည့်ဝပါဘူး”

“အဲ့ဒီလိုတော့ ပြောလို့ မရဘူး၊ မင်းက အရည်အချင်း ရှိပါတယ်။ ငါတို့ကြားမှာ အဖုအထစ်တွေ ရှိပေမဲ့လည်း၊ ဒီကိစ္စမှာတော့ ငါ မင်းကို အသိအမှတ်ပြုတယ်”

ချန်အာဟူ၏ ပွင့်ပွင့်လင်းလင်း ချီးကျူးစကားကြောင့် ချန်ကျန့် ပြုံးလိုက်မိသည်။ ချန်အာဟူ ဒန်းပေါ်မှာ ခဏမျှ လွှဲနေပြီးမှ ရပ်လိုက်ကာ ချန်ကျန့်အနားသို့ တိုးကပ်လာသည် ။

“တစ်ခုလောက် မေးပါရစေဦး ။ ရှန်ယွီ... ဘော့စ်ရှန်က တကယ်ပဲ... ထောင်ကျဖူးတာလား”

“သူ့ကိုပဲ သွားမေးလေ”

“ငါက ဘယ်သူ့ကို သွားမေးရဲမှာလဲ!”

“ငါကော မေးရဲလို့လား” ချန်ကျန့် သက်ပြင်းချလိုက်သည်။

“...တောက်! ငါ ထင်တာတော့ အမှန်ပဲ ဖြစ်မှာ၊ သူကြည့်ရတာ တကယ်ပဲ အဲ့ဒီလို ပုံစံမျိုး။ လူရိုက်တာ တအား ပြင်းတာပဲ။ ငါ့အစ်ကို အဲ့ဒီလောက် တိတိကျကျ မေ့လဲသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ သူက လူသတ်မှုနဲ့ ကျတာတော့ မဟုတ်ဘူးမလား၊ လူကို ဒဏ်ရာရအောင် လုပ်လို့ ကျတာလား”

တကယ်တော့ မဟုတ်ဘူး၊ မင်း ထင်တာနဲ့ လုံးဝကို မနီးစပ်ဘူး။ မင်း ဘယ်လိုမှ ခန့်မှန်းမိမှာ မဟုတ်ဘူး။

“လူသတ်ရင် ထောင်က သုံးနှစ်ပဲ ကျတာလား” ချန်ကျန့် ပြန်မေးလိုက်သည်။

“မင်း ထင်တာတော့... တာယွင် ကော ဆက်သွားနိုင်ပါ့မလား ။ ငါကတော့ အခု ဒီမှာပဲ နေလို့ ရတော့မယ်။ တကယ်လို့ ဒီက ထွက်သွားရင် ချန်တာဟူက ငါ့ကို ချက်ချင်း သတ်မှာပဲ”

ချန်ကျန့် ဘာမှ ပြန်မပြောမိချေ။

“ပြီးတော့ ငါ ပြောပြဦးမယ်” ချန်အာဟူ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်သည်။

“ဟို ယွမ်တစ်သိန်း အစုရှယ်ယာ ဆိုတာကလေ၊ အဲ့ဒါ ဘာတွေလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ငါ့အစ်ကိုမှာ အဲ့ဒီလောက် ပိုက်ဆံ ဘယ်ရှိမလဲ။ ယွမ်တစ်သောင်းလို့ ပြောရင်တောင်၊ ငါ့အဖေကို ရိုက်ပြီး တောင်းရင် ရနိုင်ကောင်းရဲ့၊ ဒါပေမဲ့ တစ်သိန်းဆိုတာကတော့ လုံးဝ မဖြစ်နိုင်တာ”

ချန်ကျန့် သူ့ကို တစ်ချက် ကြည့်လိုက်သည်။

“မန်နေဂျာကပဲ ဒီအခြေအနေကို ဘော့စ်ရှန်ယွီကို ပြောပြပေးပါဦး”

“ပြောဖို့ လိုလို့လား။ မင်းအစ်ကို ကြည့်ရတာ တစ်သိန်းရှိမယ့် ပုံမှ မဟုတ်တာ။ ဒါဆို မင်းကိုယ်တိုင် ဘာလို့ မပြောတာလဲ” ချန်ကျန့်က မေးလိုက်သည်။

“ငါ ရှန်ယွီကို ရင်ဆိုင်ဖို့ မျက်နှာမရှိတော့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ အစ်ကို အရင်းလေ။ ဖွင့်ပွဲနေ့မှာ ဒီလောက်အထိ ရှုပ်အောင် လုပ်သွားတာကို”

ချန်အာဟူ ထရပ်လိုက်ပြီး ဘေးက အမှိုက်ပုံးဆီ သွားကာ ဆေးလိပ်ကို မီးသတ်ပြီး ပစ်ထည့်လိုက်သည်၊ ထို့နောက် စားသောက်ခန်းထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်သွားတော့သည်။ ချန်ကျန့် ထိုင်နေရာက မလှုပ်သေးဘဲ စားပွဲမှာ ဆက်ထိုင်နေမိသည်။

ဝင်းကြီးတစ်ခုလုံးကတော့ မနေ့ကမှ ပြင်ဆင် သန့်ရှင်းရေး လုပ်ထားတာ ပြီးသွားခဲ့တာပါ။ သူက အသေးစိတ်ကအစ အကုန်စစ်ဆေးခဲ့ပြီး၊ ပစ္စည်းတွေ အကုန် နေရာကျမကျ၊ ခိုင်ခန့်မှု ရှိမရှိ သေချာ စစ်ခဲ့ပေမဲ့၊ အခုလိုမျိုး အေးအေးဆေးဆေး ထိုင်ပြီး ခံစားကြည့်တာ ဒါ ပထမဆုံးပါပဲ။

အခုမှ ကုလားထိုင်ပေါ် မှီထိုင်ရင်း၊ အနီးကနေ အဝေးအထိ ဖြည်းဖြည်းချင်း ကြည့်လိုက်တဲ့အခါမှ သည်နေရာလေးက တကယ်ကို လှပပြီး သက်သောင့်သက်သာ ရှိမှန်း သူ သိလိုက်ရသည်။ ဒီမှာထိုင်ပြီး စကားပြောတာ၊ သောက်တာ စားတာက တကယ့်ကို ပျော်စရာ ကောင်းမှာပါ။

ချန်ကျန့် သက်ပြင်းအသာအယာ ချလိုက်မိသည်။ အိတ်ထဲက ဖုန်းက တုန်ခါလာသဖြင့် ထုတ်ကြည့်ပြီး ဖုန်းကိုင်လိုက်သည်။

“ရှောင်ချန်” တစ်ဖက်က ရွာထဲက စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ညနေပိုင်း ထမင်းစားပွဲကို တည်းခိုခန်းမှာပဲ လုပ်မှာဖြစ်ပြီး၊ ကျောက်ဖန်းဖန်း တစ်ယောက်တည်း ဟင်းတွေအကုန် မချက်နိုင်မှာ စိုးတာကြောင့် ကျန်းအိုကြီးရဲ့ စားသောက်ဆိုင်ကနေ ဟင်းအချို့ မှာထားခြင်း ဖြစ်သည်။

“ငါ မင်းအတွက် ငါးတွေကို ရွေးထားပြီးပြီ။ ကြက်သားကတော့ နှစ်မျိုး ချက်ရမှာ မဟုတ်လား”

“ဟုတ်ကဲ့” ချန်ကျန့်က ဆိုသည်။

“ညနေ ၃ နာရီ ၄ နာရီလောက်ဆိုရင် ရပြီ။ အဲ့ဒီအချိန်ကျရင် လာယူလိုက်ဦးနော်။ ငါကတော့ လာပို့ပေးဖို့ အချိန်မရှိလို့ပါ”

“ဟုတ်ကဲ့ ကျွန်တော် လာယူလိုက်ပါ့မယ်။ ကျေးဇူးပါ ဘော့စ်ကျန်း”

ဖုန်းချပြီးနောက် သူ ဖုန်းကို စိုက်ကြည့်နေမိသည်။ ညစာစားမည့် လူဦးရေကို အခုထိ အတည်မပြုရသေးပါဘူး။ သူတို့ ဝန်ထမ်းတွေအပြင် ဝန်ထမ်းတွေ ခေါ်လာမယ့် သူငယ်ချင်းတွေ၊ မိသားစုဝင်တွေလည်း ရှိဦးမှာဖြစ်သလို၊ ရှန်ယွီက တခြား ဘယ်သူတွေကို ဖိတ်ချင်သေးလဲဆိုတာ သူ မသိရသေးပါဘူး။

ရှန်ယွီဆီ ဖုန်းဆက်ပြီး မေးရမလား။ဒါမှမဟုတ် ရုံးခန်းကို သွားပြီး မေးရမလား။ ချန်ကျန့် ဝေခွဲမရ ဖြစ်နေသည်။

သူ အကြာကြီး စဉ်းစားပြီးမှ ရုံးခန်းကို သွားဖို့ ဆုံးဖြတ်လိုက်သည်။ စောစောက ရှန်ယွီ စိတ်တိုနေတာကြောင့် အနည်းငယ် လန့်နေမိသော်လည်း၊ ဒီလို အချိန်မျိုးမှာပဲ တစ်ဖက်လူရဲ့ မျက်နှာအမူအရာနဲ့ အကြည့်ကို သူ မြင်ချင်၊ ခံစားချင်နေမိသည်။ မဟုတ်ရင် သူ ပိုပြီး စိတ်မအေး ဖြစ်နေမိမှာမလို့ပါ။

ရှန်ယွီက စားပွဲနောက်မှာ ကုလားထိုင်ပေါ် မှီထိုင်နေပြီး ခြေထောက်တွေကို စားပွဲပေါ် တင်ထားသည်။ ဤပုံစံက ခုနက အားစိုက်လိုက်လို့ နာကျင်ပြီး ဖောင်းအစ်နေတဲ့ သူ၏ ခြေထောက်တွေအတွက် အသက်သာဆုံး ဖြစ်ပေလိမ့်မည်။ ကိုလာကတော့ ကုန်သွားပြီ၊ ဒါပေမဲ့ သူ ရေသောက်ချင်နေတုန်းပဲ။ နောက်တစ်ဗူး ထပ်သောက်ချင်ပေမဲ့ သူ မလှုပ်ချင်တော့ဘူး။

အကြာကြီး ငြိမ်နေပြီးမှ သူ စားပွဲပေါ်က ဖုန်းကို လှမ်းယူပြီးContactsတွေကို ကြည့်လိုက်သည်။ မှတ်ထားတဲ့ နံပါတ်က သုံးခုတည်း ရှိ၏။ ပထမဆုံးက ချန်ကျန့်၊ ဒုတိယက လျူဝူ။

သူ နောက်ဆုံးမှာရှိတဲ့ ယွဲ့လန် ရဲ့ နံပါတ်ကို နှိပ်လိုက်သည်။ဖုန်းက တစ်စက္ကန့်လောက်ပဲ မြည်ပြီး ချက်ချင်း ကိုင်လိုက်သည်။

“ဟေး…ငါ့ဖုန်းကို စောင့်နေတာလား၊ ဒီလောက်တောင် မြန်မြန် ကိုင်ရအောင်”

ယွဲ့လန်က ပြန်ဖြေပြီးမှ ခဏရပ်သွားသည်။

“ဂိမ်းကစားနေတာလေ…ရှန်ယွီလား”

“အင်း” ရှန်ယွီ ပြန်ထူးလိုက်သည်။

“တောက်! မင်း သေသွားပြီလို့တောင် ထင်နေတာ ။ မင်း အခု ဘယ်မှာလဲ”

“နာကျင်မှုတွေနဲ့ ပြည့်နေတဲ့ တံတားပေါ်မှာ ဖြတ်ဖို့ စောင့်နေတာပေါ့” (TN// ဘဝကူးတံတားကို ပြောချင်တာပါ)

“ခဏနေဦး၊ ငါ အခန်းပြောင်းလိုက်ဦးမယ်။ ငါ့အမေ အိမ်မှာမလို့” 

ယွဲ့လန်ဘက်က ဆူညံသံတွေ တော်တော်ကျယ်နေသည်။ စက္ကန့်အနည်းငယ် ကြာမှ တိတ်ဆိတ်သွားသည်။

“ဘာကိစ္စရှိလို့လဲ ရှန်ယွီ”

“ငါ ချန်းယွီကို ရှာဖို့ လိုတယ် ။ မြန်နိုင်သမျှ မြန်မြန်ရှာရမယ်။ မင်းရော သူ့သတင်း ဘာကြားသေးလဲ”

“ငါ စုံစမ်းကြည့်လိုက်ဦးမယ်။ သူ ပြန်ရောက်လာကတည်းက ဘယ်သူမှ မတွေ့ကြသေးဘူး။ သူ့လူတွေ ပြောတာကတော့ မင်းတို့ တည်းခိုခန်း လွှဲပြောင်းတဲ့ ကိစ္စတွေ အကုန် ပြီးသွားပြီဆို။ မင်း အဲ့ဒါတွေကို အကုန် မစစ်ဆေးခဲ့ဘူးလား”

ရှန်ယွီ လက်ချောင်းတွေကို ချိုးလိုက်ရင်း

“စာရွက်စာတမ်းတွေကတော့ အကုန် အဆင်ပြေပါတယ်။ ဒီတည်းခိုခန်းက အခု ငါ့ဟာ ဖြစ်သွားပြီ။ ဒါပေမဲ့ သူ့ကို ရှာရမယ့် တခြားကိစ္စ တစ်ခု ရှိသေးတယ်”

ထိုအချိန်မှာ ရုံးခန်းတံခါးကို ခေါက်သံ ကြားလိုက်ရသည်။ သုံးချက်။ ဒါက ချန်ကျန့်ရဲ့ အကျင့်ပါပဲ။ ပုံမှန်ဆိုရင် တခြား ဘယ်သူမှ လာမှာ မဟုတ်ပါဘူး။

“ဝင်ခဲ့ပါ” ရှန်ယွီ အထဲကနေ လှမ်းထူးလိုက်သည်။

ချန်ကျန့် ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည် “ကျွန်တော်...” ရှန်ယွီ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ သူ ဖုန်းပြောနေတာကို ချန်ကျန့် မြင်သွားပြီး အမြန် ပြန်ဆုတ်ဖို့ ပြင်သည် ။

“ခဏနေမှ ပြန်လာခဲ့မယ်”

ရှန်ယွီက ဆိုဖာဘက်ကို လက်ညှိုးညွှန်ပြလိုက်သည်။ ချန်ကျန့် ရပ်သွားပြီး ခဏမျှ တုံ့ဆိုင်းနေကာမှ ရုံးခန်းထဲ ဝင်လာပြီး တံခါးပိတ်ကာ ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။

“တည်းခိုခန်းကို ငါ့ဆီ လွှဲပေးလိုက်ရုံနဲ့ အကြွေးတွေ ကျေသွားပြီလို့ သူ မထင်သင့်ဘူး။ သူ ပိုက်ဆံမရှိလို့ ညည်းတွားနေတာကို နားညည်းလွန်းလို့ ငါ ဒါကို ယူဖို့ သဘောတူခဲ့တာ။ ငါ သူ့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ သူက အမိအရ မဆုပ်ကိုင်ခဲ့ဘဲ ငါ့အတွက် ပြဿနာတွေပဲ ထားခဲ့တယ်။ သူ လွတ်မှာ မဟုတ်ပါဘူး...”

ချန်ကျန့် စားပွဲပေါ်က ကိုလာဗူး အလွတ်ကို ကြည့်ရင်း အနေရခက်နေမိသည်။ ရှန်ယွီက သူ ဖုန်းပြောတာကို ချန်ကျန့် ကြားတာကို ဂရုမစိုက်ပေမဲ့လည်း၊ ကိစ္စက သူနဲ့ ဘာမှမဆိုင်တဲ့အတွက် သူများစကားကို ခိုးနားထောင်နေရသလိုမျိုး စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားနေရသည်။

“သူ့ဘာသာသူ ငါ့ဆီကို ဆက်သွယ်လာတာက ပိုကောင်းလိမ့်မယ်၊ ငါ သွားရှာတဲ့အထိတော့ မစောင့်ခိုင်းနဲ့” ရှန်ယွီရဲ့ လေသံက အေးဆေးလွန်းလှသည်။

“ငါ သူ့ကို ရှာတွေ့တဲ့နေ့ကျရင် သူ ဆေးရုံကနေ ကိုယ့်ခြေထောက်နဲ့ကိုယ် ပြန်ထွက်လာနိုင်ဖို့ ငါ အာမမခံနိုင်ဘူး။ ခြေတစ်ဖက်တည်း ကျန်မလား၊ လက်တစ်ဖက် ပြတ်သွားမလားဆိုတာ ငါ ဂရုမစိုက်ဘူး... ဘာကိစ္စရှိလို့လဲ”

ချန်ကျန့်မှာ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးမှ ရှန်ယွီ ဖုန်းချလိုက်ပြီမှန်း သတိရကာ မော့ကြည့်လိုက်သည်။ နောက်ဆုံး စကားလုံးက သူ့ကို မေးလိုက်ခြင်း ဖြစ်သည်။ ချန်ကျန့် ထိုင်နေရာမှ ထရပ်မိသည်။

“ညနေစာအတွက် ဘော့စ်ကျန်းဆီမှာ ဟင်းတွေ မှာထားတယ်လေ ။ လူဦးရေ ဘယ်လောက်ရှိမလဲဆိုတာ အတည်ပြုချင်လို့ပါ၊ အဲ့ဒါမှ သူက ဟင်းပမာဏကို သေသေချာချာ စီစဉ်ပေးလို့ ရမှာမလို့”

“ကိုလာတစ်ဗူး ပေးပါဦး ။ ဖန်ခွက် တစ်လုံးပါ ယူခဲ့”

ချန်ကျန့် ရေခဲသေတ္တာလေးဆီ သွားကာ ကိုလာတစ်ဗူး ထုတ်ယူလိုက်သည်။ ထို့နောက် စင်ပေါ်က ဖန်ခွက်အသစ် တစ်လုံးကို ယူပြီး သေချာ စစ်ဆေးလိုက်သည်။ ၎င်းမှာ ကျောက်ဖန်းဖန်း ယူလာပေးတဲ့ ခွက်အသစ်ဖြစ်ပြီး တကယ်ကို သန့်ရှင်းနေသည်။

သူ ဖန်ခွက်နဲ့ ကိုလာကို စားပွဲပေါ် တင်ပေးလိုက်သည်။

“ကျွန်တော် ဝန်ထမ်း အရေအတွက်ကိုတော့ တွက်ပြီးပါပြီ။ မင်းဘက်ကကော တခြား ဘယ်သူတွေကို...”

“လျူဝူကိုပါ ခေါ်လိုက်ပါ” ဟု ရှန်ယွီက ဆိုသည်။

“ဟင်” ချန်ကျန့် အံ့အားသင့်သွားရသည်။

“သူ့ကို မဖိတ်ရင် ငါ တခြား ဘယ်သူ့ကို ဖိတ်ရမှာလဲ”

ရှန်ယွီ ကိုလာဗူးကို ဖွင့်ကာ ဖန်ခွက်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။

ချန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ကိစ္စတွေကို သေသေချာချာ မပြောပြဘဲနဲ့၊ တစ်ခုခု ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ”

ရှန်ယွီ မော့ကြည့်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်သည်။

“မင်းက တော်တော်လေး စိတ်ကြီးတာပဲနော်”

ဘယ်သူလဲ

“မဟုတ်ပါဘူး” ချန်ကျန့် ပြန်ငြင်းလိုက်သည်။

“အချို့ကိစ္စတွေက အဲ့ဒီလိုပဲ မတရားသလို ဖြစ်တတ်တယ်။ တကယ်လို့ ချန်တာဟူသာ ပြဿနာလာမရှာခဲ့ရင်၊ မင်း ဘာမှ မပြောခဲ့ရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ချန်တာဟူက ရောက်လာပြီး ဒီလောက်အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လေ။ အဲ့ဒီတော့ ငါ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဘာဖြစ်မယ် ထင်လဲ”

ချန်ကျန့် ဘာမှ ပြန်မပြောမိချေ။

“မင်း ဘာမှ မပြောခဲ့ဘူး ဆိုတာပဲပေါ့” ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။

“အင်း”

“ဒါပဲလား” ရှန်ယွီက မေးသည်။

ချန်ကျန့် ခဏမျှ ငြိမ်သက်သွားပြီး သူ့ကို ကြည့်ကာ

“ဟုတ် ။ ဒါပါပဲ”

“တကယ်ပဲ ဒါပဲလား ။ တကယ်လို့ ဒါပဲဆိုရင်တော့ မင်း ဝန်ခံလိုက်ပြီလို့ ငါ သတ်မှတ်လိုက်မယ်နော်”

“ဘာကို ဝန်ခံရမှာလဲ” ချန်ကျန့် မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဒါဆိုလည်း ပြောပြလေ”

“ဘော့စ်မလာခင်ကတည်းက ကျွန်တော်က ကြုံရာကျပန်း အလုပ်တွေပဲ လုပ်ခဲ့တာ။ ဘာကိစ္စပဲပေါ်လာပေါ်လာ ကျွန်တော် လုပ်ပေးခဲ့တာပဲ ။ မင်း ဘာကို ဂရုစိုက်လဲဆိုတာ ကျွန်တော် မသိသလို၊ မင်း လိုချင်တဲ့ လက်ထောက် ဒါမှမဟုတ် မန်နေဂျာ ဆိုတာက ဘယ်လိုမျိုးလဲဆိုတာလည်း ကျွန်တော် မသိဘူး။ မင်းကိုယ်တိုင်လည်း ဘာမှ မပြောခဲ့ဘူးလေ။ အကြိမ်များစွာမှာ ကျွန်တော်က ကိုယ့်ဘောင်ကို ကျော်မိမှ၊ အမှားလုပ်မိမှသာ မင်း ဘာကို လိုချင်လဲဆိုတာ သိခဲ့ရတာ...”

ချန်ကျန့် စကားရပ်သွားသည်၊ သူပြောနေတာတွေက ချန်တာဟူ ကိစ္စနဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာကို သူ ရုတ်တရက် သတိပြုမိသွားလို့ပါ။ သူ စကားလမ်းကြောင်း လွဲသွားခဲ့ပြီ။

“ဟင်” ရှန်ယွီက စကားထောက်ပေးသလို လုပ်လာသည်။

“ဒါပါပဲ။ ဒီကိစ္စက ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ”

လှည့်ပတ်ပြောပြီးမှ သူ ပြန်ဝန်ခံလိုက်ခြင်း ဖြစ်ပေသည်။

ရှန်ယွီ ကုလားထိုင်ပေါ် မှီထိုင်ရင်း သူ့ကို ခဏမျှ စိုက်ကြည့်နေပြီး ဘာမှ ထပ်မပြောတော့ချေ။ သူသည် တစ်ဝက်ခန့် လောင်းထားသော ကိုလာဗူးကို ကမ်းပေးလိုက်သည် ။

“သောက်မလား”

“မသောက်တော့ပါဘူး” ချန်ကျန့်က ဆိုသော်လည်း ကိုလာဗူးကိုတော့ လှမ်းယူလိုက်သည်။

“မင်းရဲ့ ဒဏ်ရာကို သွားကြည့်ပါဦးလို့ ငါ မပြောခဲ့ဘူးလား” ရှန်ယွီက မေးသည်။

“မေ့သွားလို့ပါ”

“ဘယ်လိုဖြစ်ပြီး ဒဏ်ရာရတာလဲ” ရှန်ယွီက မေးသည်။

“ဒီနေ့ ရတာ မဟုတ်ပါဘူး ။ မနေ့က ဝင်းထဲမှာ ပန်းစင် ပြင်ရင်းနဲ့ ရခဲ့တာပါ၊ ဒီနေ့ကျမှ ပြန်ပွင့်သွားတာ”

“အဲ့ဒီလိုလား”

ရှန်ယွီ ခေတ္တမျှ တန့်သွားပြီး၊ စားပွဲပေါ်က ခြေထောက်တွေကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။ သူ မတ်တတ်ရပ်ကာ ဖန်ခွက်ကို ကိုင်ပြီး၊ ချန်ကျန့် လက်ထဲက ကိုလာဗူးကို အသာအယာ တိုက်လိုက်သည်။

“ဒီရက်ပိုင်းတွေမှာ မင်း တကယ်ပဲ ပင်ပန်းသွားပြီနော်”

ချန်ကျန့် ဘာမှ ပြန်မပြောမိပါဘူး၊ သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ရုတ်တရက် ဝေ့သီလာသလို ခံစားလိုက်ရသည်။

တောက်! ငါ ဘာဖြစ်နေတာလဲ!

သူ အကြည့်ကို အမြန်လွှဲလိုက်ရသည်။

တကယ်လည်း ပင်ပန်းခဲ့တာပါ။ နေ့တိုင်း နိုးလာတာနဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် အလုပ်တွေက အပုံလိုက်ကြီး၊ ဖုန်းဆက်ရတာ၊ မြို့ဟောင်းကို ပြေးရတာ၊ အလုပ်သမားတွေကို ကြီးကြပ်ရတာ၊ ပြဿနာတွေအတွက် နည်းလမ်းရှာရတာ၊ တစ်ခါတစ်လေ လူတွေနဲ့ ရန်ဖြစ်ရတာတွေပေါ့။ ဘော့စ်ကလည်း ဘာမှ သိပ်မကူညီနိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ အဲ့ဒါက ဘာမှမဟုတ်ပါဘူး၊ အရင်ကလည်း သူ ဒီထက် ပိုပြီး ပင်ပန်းခဲ့တာပဲ။ အရင်က ဘော့စ်တွေက မကူညီနိုင်တဲ့အပြင် လစာလည်း အခုလောက် မပေးခဲ့ကြပါဘူး။ ဒီတစ်ခါတော့ ဘာကြောင့်လဲ မသိဘူး၊ ပိုက်ဆံ ပိုရလို့လား၊ ဒါမှမဟုတ် ဒီဘော့စ်က အရင်လူတွေနဲ့ မတူလို့လားတော့ မသိ၊ သူ၏ ကြိုးစားအားထုတ်မှုအပေါ် ရှန်ယွီက ဂရုတစိုက် ပြောလိုက်တဲ့အပေါ် သူ တကယ်ကို စိတ်လှုပ်ရှားသွားမိသည်။

အခုလေးတင် ဘော့စ်ရဲ့ အပြောအဆို ခံထားရလို့လည်း ဖြစ်နိုင်ပါသည်...။

တကယ်တမ်းတော့ ဆူတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဆူတာထက်တောင် ပိုပြီး ခံစားရခက်စေတာပဲလေ။ သူ အနည်းငယ် ဝမ်းနည်းသွားမိတာပါ။ အရင်ကတော့ သူ ဒါတွေကို ဂရုမစိုက်ခဲ့ပေမဲ့၊ အခုတော့ ဂရုစိုက်မိသွားပြီ။

ဒီ “မင်း ပင်ပန်းသွားပြီ” ဆိုတဲ့ စကားက ရုတ်တရက်ကြီး ထွက်လာတာကြောင့်၊ သူ ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ စိတ်ခံစားချက်တွေက ထိန်းမရအောင် ဖြစ်သွားရခြင်း ဖြစ်သည်။

“ဟင်။”

ရှန်ယွီ ကိုလာကို တစ်ငုံသောက်ရင်း ချန်ကျန့်ရဲ့ ခေါင်းနောက်ဘက်ကို ကြည့်ကာ မေးလိုက်သည်

“ဘာဖြစ်လို့လဲ”

ချန်ကျန့် ဘာမှ ပြန်မပြောချေ။ ရှန်ယွီ အနားသို့ တိုးလာပြီး သူ၏ မျက်နှာကို ကြည့်ရန် ကြိုးစားသည်။ သူ နီးလာသည့်အခါ ချန်ကျန့်က ခေါင်းကို တခြားတစ်ဖက်သို့ အမြန် လွှဲလိုက်ပြန်သည်။

သို့သော် သူ လှည့်နေစဉ်မှာတင် ရှန်ယွီရဲ့ လက်က တခြားတစ်ဖက်ကနေ လှမ်းပိတ်လိုက်ပြီး သူ၏ လက်ချောင်းများဖြင့် ချန်ကျန့်ရဲ့ မျက်နှာကို ဖိထားလိုက်သည်။ ချန်ကျန့် ရှန်ယွီရဲ့ လက်ကို တွန်းဖယ်လိုက်သည့်အခါ၊ ရှန်ယွီက ချန်ကျန့်ရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို မြင်သွားပြီး ခေတ္တမျှ တန့်သွားသည် ။

“အာ့ ဒုက္ခပဲ”

ချန်ကျန့် သူ့ကို စိုက်ကြည့်နေပြီး ဘာမှ မပြောချေ။

“ငိုနေတာလား” ရှန်ယွီက မေးသည်။

“မဟုတ်ပါဘူး” ချန်ကျန့် သူ့ကို စိုက်ကြည့်နေဆဲပင်။

“စိတ်တိုနေတာလား” ရှန်ယွီက ထပ်မေးသည်။

“မဟုတ်ပါဘူးလို့ ပြောနေတယ်လေ” ချန်ကျန့် အသံမာသွားလားတောင်မသိ။

“တကယ်လို့ လျူဝူသာ ဆိုရင်တော့၊ စိတ်တိုလွန်းလို့ မျက်ရည်တွေက ရေပိုက်ခေါင်း ဖွင့်ထားသလို ကျနေလောက်ပြီ” ဟု ရှန်ယွီက ဆိုသည်။

“ကျွန်တော်က လျူဝူ မဟုတ်ဘူးလေ”

ရှန်ယွီ တစ်ရှူးတစ်ရွက် ထုတ်ပြီး သူ့ကို ကမ်းပေးလိုက်သည်။

ချန်ကျန့် ယူလိုက်သော်လည်း မသုံးခဲ့ချေ။ ရှန်ယွီ သူ့ကို ထပ်ကြည့်လိုက်တဲ့အခါ၊ ချန်ကျန့်မှာ အရင်လို မဟုတ်တော့ဘဲ ပုံမှန် ပြန်ဖြစ်သွားပြီ ဖြစ်သည်။ မျက်လုံးတွေကတော့ အနည်းငယ် နီနေတုန်းပဲ၊ ဒါပေမဲ့ စိတ်ခံစားချက်တွေကိုတော့ သူ သေသေချာချာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ရှန်ယွီ သက်ပြင်းချလိုက်သည်။

“ဒါဆိုရင်လည်း ပြီးတာပဲလေ”

“ဒါဆို ကျွန်တော် အောက်ဆင်းတော့မယ်” ချန်ကျန့် ပြောကာ တံခါးဘက်သို့ လှည့်ထွက်လာခဲ့သည်။ နှစ်လှမ်းခန့် လျှောက်ပြီးမှ သူ ထပ်မံ ရပ်လိုက်သည် ။

“သြော် နောက်ထပ် တစ်ခု ရှိသေးတယ်”

“ပြောလေ” ရှန်ယွီ စားပွဲကို မှီရင်း ဆိုသည်။

“ချန်အာဟူ ပြောတာတော့၊ ချန်တာဟူမှာ ယွမ်တစ်သိန်း ရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးတဲ့”

ချန်ကျန့် ကိုယ်ကို ပြန်လှည့်လိုက်သည်။ သူ ရုံးခန်းထဲကနေ အမြန်ထွက်ပြီး လူမရှိတဲ့ နေရာမှာ စိတ်ကို ပြန်ထိန်းချုပ်ချင်နေသော်လည်း၊ ချန်အာဟူရဲ့ ကိစ္စကိုတော့ ပြောပြခဲ့ရဦးမည် မဟုတ်လား။

“အဲ့ဒီ အစုရှယ်ယာ ဆိုတာက ချန်းယွီက သူ့ကို လိမ်ထားတာပဲ ဖြစ်မှာပါ”

“ငါ ခန့်မှန်းလို့ ရပါတယ်”

“ဒီကိစ္စကို သူကိုယ်တိုင် ဘော့စ် ကို ပြောပြဖို့ အားနာနေလို့ပါ”

အနှီစကား နှစ်ခွန်း ပြောနေစဉ်အတွင်းမှာပင် သူသည် ပုံမှန် အခြေအနေသို့ လုံးဝ ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။

“နားလည်ပါပြီ”

ချန်ကျန့်  ရုံးခန်းထဲကနေ ထွက်လာခဲ့သည်။

“ချန်ကျန့်” ရှန်ယွီ တစ်ခုခုကို စဉ်းစားမိပြီး သူ့ကို လှမ်းခေါ်သည်။

ချန်ကျန့် ခေါင်းလှည့်ကြည့်လိုက်သည်။

“ဒီအလုပ်မှာ နောင်ကျရင်လည်း မင်း မတရား ခံစားရတာမျိုးတွေ မလွဲမသွေ ရှိလာဦးမှာပဲ။ တကယ်လို့ အောင့်မထားချင်ရင်လည်း မအောင့်ထားနဲ့။ တကယ်လို့ ငါက မှားနေတယ်လို့ မင်း ထင်ရင် ငါ့ကို ဆဲချင်လည်း ဆဲ၊ ရန်ဖြစ်ချင်လည်း ဖြစ်လို့ ရတယ်နော်”

“ဘော့စ် ကို ဘယ်သူကများ ဆဲလို့ရမှာလဲ။”

ချန်ကျန့် ပြောကာ လှေကားမှ အမြန် ပြေးဆင်းသွားတော့သည်။
_______________________________________________________________

TN // အား….မြေခွေးအိုကြီး…ကလေးလေးကို စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်နေတာ။ ခြောက်လိုက်ချော့လိုက်နဲ့… အမြှီးကိုးချောင်းနဲ့ မြေခွေးအိုကြီး

Comments

  1. တို့ ချန်ကျန့်လေး သနားပါတယ်

    ReplyDelete
  2. ဒါက google translate လားဟင်
    ဖတ်ရတာ google translate လိုပဲ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...