အပိုင်း (၁၁၅)
ရှန်ယွီ ၏ အခန်းကို သွားလည်ရမည်မှာ ချန်ကျန့် အလွန်မျှော်လင့်နေခဲ့သော အရာဖြစ်သည်။ သို့သော် ယခုတွင်မူ ရှန်ယွီ၏ အစပျိုးပုံကြီးကြောင့် သူ၏အခန်းကို သွားလည်ရခြင်းမှာ တစ်ခုခုမှားနေသလို ခံစားနေရသည်။ ချန်ကျန့်မှာ လက်တစ်ဖက်ဖြင့် ဘားကောင်တာကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ကိုကာကိုလာဖန်ခွက်ကို ကိုင်ထားလျက် မလှုပ်မယှက် ရပ်နေမိသည်။
"ဟေး" ရှန်ယွီက သူ့ကို ကြည့်လိုက်သည်။
"ဟင်" ချန်ကျန့် ကိုကာကိုလာတစ်ငုံ သောက်လိုက်သည်။
"မင်းကို အထဲအထိ ပွေ့ခေါ်သွားအောင် မလုပ်နဲ့နော်" ဟု ရှန်ယွီက ဆိုသည်။
"မဟုတ်ပါဘူး" ချန်ကျန့် ဖန်ခွက်ကို ပြန်ချလိုက်ပြီး သူ့ကို လှည့်ကြည့်သည်။
"ဒါက တကယ့်ကို ထူးဆန်းနေတာပဲ။ ခိုးစားနေရတဲ့ ခံစားချက်မျိုးကြီး ဖြစ်နေတယ်။"
"ကိုယ့်အိမ် ကိုယ်ပိုင်အိပ်ခန်းထဲမှာ ချစ်သူတွေလို နေတာကို ဘာလို့ ခိုးစားနေရတ"
ရှန်ယွီ စကားကို တဝက်မှာတင် ရပ်လိုက်ပြီး တောက်တစ်ချက် ခေါက်လိုက်သည်။
"ဘာလဲ... မင်း အရင်က အဲ့လိုမျိုး လုပ်ဖူးလို့လား"
"ကျွန်တော့်ကို လာပြီး မစွပ်စွဲနဲ့နော်" ချန်ကျန့်က ပြောရင်း မနေနိုင်ဘဲ ရယ်မိသွားသည်။
"သွားကြစို့" ရှန်ယွီက ချန်ကျန့်၏ မျက်နှာကို လက်ဖြင့် အသာတို့ကာ ဖန်ခွက်ကိုယူပြီး စင်္ကြံလမ်းဘက်သို့ လှည့်ထွက်သွားသည်။
"ဧည့်ခန်းထဲမှာပဲ ဒီတိုင်း အချိန်ဖြုန်းနေလို့ မဖြစ်ဘူးလေ။"
ချန်ကျန့် ကိုကာကိုလာကို နောက်ထပ် အားရပါးရ တစ်ငုံသောက်လိုက်ပြီး ကျန်တာကို သူ့ဖန်ခွက်ထဲ လောင်းထည့်ကာ ကိုင်လာခဲ့သည်။ ရှန်ယွီ သောက်လို့ မကုန်သေးသည့် ဘူးတစ်ဝက်ကိုပင် သူ ယူလာခဲ့သေးသည်။
သူ ဘာကြောင့် ဒီလိုတွေ လုပ်နေမိမှန်း သူကိုယ်တိုင်ပင် မသိပါ။ အိမ်ကြီးက အရမ်းကျယ်လွန်းနေသဖြင့် လိုအပ်တာအားလုံးကို တစ်ခါတည်း ယူသွားရမည်။ သို့မှသာ ဟိုပြေးဒီပြေး လုပ်ရလို့ ခြေထောက်မပင်ပန်းမှာ။ ရှန်ယွီကတော့ အခုအချိန်မှာ တော်တော်လေး ဟန်ဆောင်ကောင်းနေပြီး ဧည့်ခန်းမှာပဲ ထာဝရ နေနေလို့လည်း မဖြစ်ပေ။ မဟုတ်လျှင် ဥက္ကဋ္ဌလျိုတို့ ပြန်လာချိန်တွင် သူ ထွက်ပြေးစရာ နေရာရှိမှာ မဟုတ်တော့။ ထမင်းစားခန်းကို ဖြတ်သွားစဉ် ချန်ကျန့် လှမ်းကြည့်လိုက်ရာ ထမင်းစားခန်းမှာလည်း အလွန်ကျယ်ဝန်းနေသည်ကို တွေ့ရပြီး မီးဖိုချောင် နှစ်ခုပင် ရှိနေသည်။ မီးဖိုချောင်သုံး ပစ္စည်းများကို ကြည့်ခြင်းအားဖြင့် တစ်ခုမှာ တရုတ်စတိုင်နှင့် တစ်ခုမှာ အနောက်တိုင်းစတိုင် ဖြစ်ဟန်တူသည်။ ပါဆယ်မှာစားလေ့ရှိသည့် လူနှစ်ယောက်တည်းရှိသော မိသားစုက မီးဖိုချောင် နှစ်ခုလုံးကို ပိုင်ဆိုင်ထားကြသည်။ ရှေ့သို့ ဆက်သွားလျှင် နေရာဖြုန်းတီးထားသလို ခံစားရသော ရှည်လျားသည့် စင်္ကြံလမ်းကြီး ရှိသည်။ လမ်းဆုံး ဘယ်ဘက်က တံခါးမှာ ရှန်ယွီ၏ အခန်းဖြစ်ပုံရသည်။
"ဘယ်ဘက်က ဥက္ကဋ္ဌလျိုတို့ အခန်းလား" ချန်ကျန့်က ရှန်ယွီ၏ နောက်မှနေ၍ မေးလိုက်သည်။
"မဟုတ်ဘူး၊ အဲ့ဒါက ဧည့်သည်နားနေခန်း"
ရှန်ယွီက ဧည့်ခန်းနှင့် မျက်နှာချင်းဆိုင် ထောင့်ဘက်ကို ပြန်ညွှန်ပြသည်။
"သူတို့အခန်းက ဟိုဘက်မှာ။"
"ခုနက ကျွန်တော် မတွေ့မိလိုက်ဘူး"
"ထမင်းစားခန်းရဲ့ တခြားတစ်ဖက်မှာလည်း အခန်းတွေ ရှိသေးတယ်လေ။ငါက ဒီဘက်ခြမ်းမှာ နေပြီး သူတို့က ဟိုဘက်ခြမ်းမှာ နေတာ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်မိမှာ..."
ထမင်းစားခန်းရဲ့ တခြားတစ်ဖက်မှာ အခန်းတွေ ထပ်ရှိနေသေးမှန်း ချန်ကျန့် လုံးဝမသိခဲ့သဖြင့် မနေနိုင်ဘဲ မေးလိုက်မိသည်။
"ဘော့စ်ရှန်တို့အိမ်က ဘယ်လောက်တောင် ကျယ်တာလဲ"
"စတုရန်းမီတာ ၃၀၀ မပြည့်ပါဘူး"
ရှန်ယွီက ပြောရင်း သူ့အခန်းတံခါးကို ဖွင့်ကာ 'ကြွပါ' ဟူသော အမူအရာဖြင့် ဖိတ်ခေါ်လိုက်သည်။
"ဒါဆိုရင်တော့... တာ့ယွင်က ရုံးခန်းလေးထဲမှာ နေရတာ မင်းအတွက် တော်တော်လေး ကျပ်ညပ်နေမှာပဲ"
ချန်ကျန့် သူ့အခန်းထဲသို့ လှမ်းဝင်ရင်း ပြောလိုက်သည်။ အခန်းမှာ အလွန်ကျယ်ဝန်းသော အိပ်ခန်းကြီးဖြစ်ပြီး အပြင်ဘက်က ခေတ်မီစတိုင်နှင့် မတူပေ။ ရှန်ယွီ၏ အိပ်ခန်းမှာ သစ်သားနံရံကပ်များဖြင့် အလွန်သက်သောင့်သက်သာရှိသော အမေရိကန်စတိုင်အပြင်အဆင်မျိုး ဖြစ်သည်။
အခန်းထဲတွင် ထူးဆန်းသော အလှဆင်ပစ္စည်းလေးများ၊ ပုလင်းများ၊ အိုးများ၊ ဖယောင်းတိုင်များစွာ ရှိနေပြီး နံရံတစ်ခုလုံးမှာလည်း အရွယ်အစားစုံ ဓာတ်ပုံဘောင်များဖြင့် ပြည့်နှက်နေသည်။ သို့သော် ပုံမှန်ဓာတ်ပုံများ မဟုတ်ဘဲ ပန်းများ၊ ကောင်းကင်၊ အိမ်၏ ထောင့်တစ်နေရာတို့ကို ဝေဝါးဝါး ရိုက်ထားသည့် ပုံများဖြစ်ကာ အများစုမှာ မဂ္ဂဇင်း သို့မဟုတ် အခြားနေရာများမှ ဖြတ်တောက်ထားသည့် ပုံရိပ်များ ဖြစ်ကြသည်။ ပစ္စည်းများစွာ ရှိနေသော်လည်း လုံးဝရှုပ်ပွနေပုံမရဘဲ စနစ်တကျ ရှိလှသည်။ ထိုအခန်းထဲတွင် ရှိနေရခြင်းက အပြည့်အဝ လုံခြုံမှုကို ပေးစွမ်းပြီး အလွန်ပင် သက်သောင့်သက်သာ ရှိလျက်။ ပြီးတော့ အခန်းထဲမှာ နောက်ထပ် တံခါးတစ်ချပ်လည်း ရှိနေသေးသည်။
"အထဲမှာက ရတနာသိုက် လား" ချန်ကျန့် က မေးလိုက်သည်။
"အင်း" ရှန်ယွီ က သွား၍ တံခါးကို တွန်းဖွင့်ကာ မီးဖွင့်လိုက်သည်။
၎င်းမှာ စာကြည့်ခန်းတစ်ခု ဖြစ်သည်။ စားပွဲ၊ ကုလားထိုင်တစ်စုံနှင့် ဆိုဖာအပုတစ်လုံးမှအပ ကျန်သည့်နေရာအားလုံးမှာ စာအုပ်များဖြင့်သာ ပြည့်နေသည်။ စာရေးစားပွဲပေါ်မှာရော၊ စာအုပ်စင်ပေါ်မှာရော၊ ကြမ်းပြင်ပေါ်မှာပါ...
ဒါက တကယ့်ကို ရတနာသိုက်ပါပဲ။ ဒီစာအုပ်တွေကို ကြည့်ခြင်းအားဖြင့် ရှန်ယွီက လုကျွင်း နဲ့ စကားပြောတုန်းက "တစ်နေရာရာမှာ တွေ့ဖူးသလိုလို" လို့ ပြောခဲ့တာတွေက တကယ်တော့ သူ့ရဲ့ ဒီရတနာသိုက်ထဲမှာ ဖတ်ဖူးတာ ဖြစ်ပါလိမ့်မည်။
"ဒါမျိုးကို ကျွန်တော် အိပ်မက်တောင် မမက်ရဲဘူး"
"အခုတော့ ဒါက အိပ်မက်မဟုတ်တော့ဘူးလေ"
ရှန်ယွီက ချန်ကျန့်ကို လက်မောင်းများဖြင့် သိုင်းဖက်ရင်း ဆိုသည်။ ချန်ကျန့် ဘာမှပြန်မပြောဘဲ စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို အမှတ်မထင် ဆွဲထုတ်လိုက်သည်။ အံ့သြစရာကောင်းသည်မှာ ၎င်းမှာ ဟင်းချက်နည်းစာအုပ်တစ်အုပ် ဖြစ်နေခြင်းပင်။ သူ ခဏမျှ မှင်တက်သွားပြီး တကယ်ပင် အံ့အားသင့်သွားရသည်။
"မင်း ဒါမျိုး မမျှော်လင့်ထားဘူး မဟုတ်လား" ရှန်ယွီက ပြုံးလိုက်သည်။
"အင်း" ချန်ကျန့် စာအုပ်ကို လှန်ကြည့်လိုက်သည်။
တကယ်ပင် ဟင်းချက်နည်းစာအုပ် ဖြစ်နေသည်။
"ခင်ဗျား ဒါတွေလည်း ဖတ်တာလား ခင်ဗျား ဟင်းချက်တတ်လို့လား မဖြစ်နိုင်တာ၊ လုံးဝ မဖြစ်နိုင်ဘူး..."
"ငါက အပျော်ဖတ်တာပါ။ ဖတ်ပြီးရင် ဟင်းတော့ မချက်တတ်ဘူး။ ဒါပေမဲ့ တခြားသူတွေ ချက်တာကိုတော့ ဝေဖန်တတ်တယ်လေ။"
"အလုပ်မလုပ်တဲ့သူမှာ ဝေဖန်ပိုင်ခွင့် မရှိဘူးဗျ"
"အခြေအနေပေါ် မူတည်တာပေါ့။ သူများက ငါ့ကို လာမပတ်သက်ရင် ငါလည်း ဘာမှမပြောပါဘူး။"
ချန်ကျန့် ရယ်မောလိုက်မိသည်။
"ရေချိုးခန်းကိုရော သွားလည်ချင်သေးလား" ရှန်ယွီက မေးသည်။
"အင်း၊ မျက်နှာသစ်ချင်လို့ …လျိုဝူ က ထမင်းစားတုန်းက အဲ့ဒီ သိုးနံရိုးကို ပြောင်အောင် ကိုက်မယ်ဆိုပြီး အားထည့်လိုက်တာ... အရိုးက ကျွန်တော့်မျက်နှာကို လာထိုးမိတယ်..."
"လာလေ၊ သွား မျက်နှာသစ်ရအောင်"
ရှန်ယွီက ချန်ကျန့်ကို ဖက်ကာ အပြင်သို့ ခေါ်လာခဲ့သည်။ သူသည် အိပ်ခန်းတံခါးနောက်က နံရံနှင့် တစ်သားတည်း ဖြစ်နေသော တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။ အထဲတွင် အလွန်ကျယ်ဝန်းသော ရေချိုးခန်းကြီးတစ်ခု ရှိနေသည်။ သို့သော် ဗီရိုတန်းကြီးနှင့် ရေချိုးခန်းထဲတွင် ဆောင်းနားထိုင်ခုံပင် ရှိနေသည့် ထိုရေချိုးခန်းကြီးတွင် ရေချိုးကန်တစ်ခုမျှ မရှိချေ။
"ဘာလို့ ရေချိုးကန် မရှိတာလဲ"
ချန်ကျန့်က ဘေစင်ဆီသို့ လျှောက်သွားကာ ရေပိုက်ဖွင့်၍ မျက်နှာသစ်ရင်း မေးလိုက်သည်။
"ငါ ကြောက်လို့"
ရှန်ယွီက ဘေးက ဗီရိုကိုဖွင့်ကာ ချန်ကျန့်အတွက် တဘက်တစ်ထည် ထုတ်ပေးရင်း ဆိုသည်။
"ကြောက်လို့"
ချန်ကျန့် ခဏမျှ ကြောင်သွားပြီး တဘက်ကို လှမ်းယူလိုက်သည်။
"အင်း၊ ရေချိုးကန်က ငါ့ကို လုံခြုံမှုမရှိသလို ခံစားရစေတယ်" ရှန်ယွီက ရေချိုးခန်းထဲသို့ လျှောက်ဝင်သွားပြီး ဘေးဘက် ပြတင်းပေါက်ရှေ့မှာ ရပ်ကာ လက်ယပ်ခေါ်လိုက်သည်။
"လာကြည့်ဦး။"
"ဘာကြည့်ရမှာလဲ"
ချန်ကျန့် တဘက်ကို ပြန်ချလိုက်ပြီး စပ်စုချင်စိတ်ဖြင့် လျှောက်ဝင်သွားသည်။ ဘေးဘက် ပြတင်းပေါက်မှာ လိုက်ကာ မရှိသဖြင့် အပြင်ဘက်က ညမြင်ကွင်းကို အတိုင်းသား မြင်နေရသည်။ ဒီမှာ ရေချိုးရတာက တောင်ထိပ်ပေါ်မှာ ရပ်နေရသလိုမျိုးပဲ... အပြင်မှာ ဘာတွေရှိလဲဆိုတာ ချန်ကျန့် သေသေချာချာ မမြင်ရသေးခင်မှာပဲ ရေချိုးခန်းတံခါးက ပိတ်သွားသည်။ သူ ခေါင်းအလှည့်တွင် ရှန်ယွီက သူ့လက်မောင်းကို ဆွဲကာ နံရံဘက်သို့ တွန်းကပ်လိုက်သည်။
"မင်း..."
ချန်ကျန့် နံရံနှင့် ဆောင့်မိသွားပြီး ခေါင်းက နောက်သို့ လန်သွားရာ ရှန်ယွီက သူ့ခေါင်းကို မနာအောင် လက်ဖြင့် လှမ်းခံပေးထားသည်။ ထို့နောက် ရှန်ယွီက သူ့ကို နမ်းလိုက်တော့သည်။
ချန်ကျန့် မှာ လန့်ဖျပ်သွားသော်လည်း ထိုသို့လန့်သွားသည့်ကြားမှပင် သူ၏လက်များက ရှန်ယွီ ကို ချက်ချင်းပင် သိုင်းဖက်လိုက်ပြီး ရှန်ယွီ၏ အင်္ကျီထဲသို့ လက်လျှိုဝင်ကာ တင်းတင်းကြပ်ကြပ် ဆွဲဖက်ထားမိသည်။ သို့သော် ထိုလန့်သွားသည့် ခံစားချက်မဆုံးသေးခင်မှာပင် နောက်ထပ် အံ့အားသင့်စရာတစ်ခု ထပ်မံရောက်ရှိလာသည်။
သူတို့ခေါင်းပေါ်က ရေပန်းခေါင်းမှ ရေများရုတ်တရက် ပန်းထွက်လာခြင်းပင်။ နွေးထွေးသော ရေစက်များ သူ့မျက်နှာပေါ်သို့ ကျလာသည့်အခါ သူသည် ခဏမျှ မိုးရွာနေသည်ဟုပင် ထင်မှတ်သွားမိသည်။ ထို့နောက် ရေအပူချိန်က ချက်ချင်းမြင့်တက်လာပြီး ပူနွေးသောအငွေ့များနှင့်အတူ ရေစက်များက သူ့နှုတ်ခမ်းပေါ်သို့ စီးကျလာသည်... အဆင့်မြင့်ရေပန်းခေါင်းပီပီ ထွက်လာသည့်ရေက တန်းပြီး ပူနေတော့သည်...
တောက်... ဒုက္ခပဲ!ငါ အင်္ကျီတွေ ဝတ်ထားတုန်းပဲလေ! အင်္ကျီအပြည့်အစုံနဲ့ကြီး! ဒါက ဘာကြီးလဲ
သူ ရုန်းကန်ချင်စိတ်ဖြစ်ပေါ်လာသည်။ ဥပမာအားဖြင့် ရှန်ယွီကို တွန်းထုတ်ပစ်ရန်ဖြစ်သည်။ သို့သော် သူ မလှုပ်ရှားခဲ့ပါ။ စက္ကန့်ပိုင်းအတွင်း သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသော နွေးထွေးသည့် ရေစက်များနှင့် အဖြူရောင်ရေနွေးငွေ့များကြားတွင် သူသည် ရှန်ယွီ၏ အင်္ကျီကိုပင် ဆွဲဖွင့်လိုက်မိသေးသည်။
ရှန်ယွီက သူ့ကိုလွှတ်လိုက်ပြီး အင်္ကျီများကို ချွတ်ကာ ပြန်လည်ပွေ့ဖက်လိုက်သည်။ ရေစိုစိုနှင့် အနမ်းများက နှုတ်ခမ်းမှတစ်ဆင့် နားရွက်၊ လည်ပင်း၊ ပုခုံးများဆီသို့ တရွေ့ရွေ့ ဆင်းသက်လာသည်...
သူ့နှလုံးသားထဲတွင် ထိတ်လန့်မှု အစအနလေး ရှိနေသော်လည်း ချန်ကျန့်မှာ တစ်စက္ကန့်မျှပင် တွန့်ဆုတ်မနေခဲ့ပါ။ သူသည် အရင်ကထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် သူ့အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။ သူက ရှန်ယွီ၏ ဘောင်းဘီဆီသို့ လက်လှမ်းလိုက်ချိန်တွင် ရှန်ယွီက သူ့လက်ကို ဖမ်းကိုင်လိုက်ပြီး အိတ်ကပ်ထဲမှ တစ်ခုခုကို စမ်းနေသည်။
ဖုန်းလား ဟာ... ဖုန်းလား အော်... ဖုန်းက အပြင်မှာ ချွတ်ခဲ့တဲ့ ကုတ်အင်္ကျီအိတ်ထဲမှာလေ... ဒါဆို ရှန်ယွီ့ဖုန်းလား။
ရှန်ယွီက အိတ်ကပ်ထဲမှ ထုတ်လိုက်သော အရာကို ဘေးက စင်ပေါ်သို့ လွှင့်တင်လိုက်ပြီးနောက် ဘောင်းဘီကိုလည်း ဘေးသို့ ကျွမ်းကျင်စွာပင် ပစ်ချလိုက်သည်။ ရေချိုးခန်းတစ်ခုလုံးမှာ ရေနွေးငွေ့များနှင့် ရေစက်များဖြင့် ပြည့်နှက်နေပြီး အရာအားလုံးက ဝေဝါးနေသည်။ သို့သော် ချန်ကျန့်မှာ ပုံရိပ်ကိုကြည့်ရုံနှင့် ၎င်းမှာ ဘာလဲဆိုသည်ကို ခန့်မှန်းနိုင်သည်။
ရူးတော့တာပဲ။ သူက ခရီးထွက်လာတာတောင် ဒါကြီးကို ယူလာဖို့ မမေ့ဘူးပေါ့! ပြီးတော့ အိတ်ကပ်ထဲမှာတောင် အဆင်သင့် ထည့်ထားသေးတယ်... သူ ဘယ်အချိန်တုန်းက အိတ်ကပ်ထဲ ထည့်ထားတာလဲ။
သို့သော် သူ့ခန္ဓာကိုယ်က ဆက်လက်စဉ်းစားနေရန် အချိန်မပေးတော့ပါ။ ရှန်ယွီက သူ့ကို ထပ်မံဖိကပ်လိုက်သည့်အခါ နူးညံ့သော ရေစက်လေးများမှာ သူ့တစ်ကိုယ်လုံးကို ပွတ်သပ်နေသည့် လက်ချောင်းလေးများအလား ခံစားရပြီး သူတို့နှစ်ဦးကြားကကွက်လပ်အားလုံးကို ဖြည့်ဆည်းပေးလိုက်သည်။ သူ့၏ အသက်ရှူသံများထဲတွင်ပင် ရေပန်းမှ ရေကျသံများဖြင့် ပြည့်နှက်နေတော့သည်။ ရှန်ယွီက သူ့ပုခုံးကို ကိုင်ကာ နောက်သို့ လှည့်လိုက်သည်။ ချန်ကျန့်က နံရံကို အားပြုကာ စကားပြောရန် ခေါင်းလှည့်လိုက်သော်လည်း ရှန်ယွီ၏ လက်က လှမ်းလာပြီး သူ့ပါးစပ်ကို ပိတ်လိုက်သည်။
ထိုခဏချင်းမှာပင် ရေစက်လေးများမှာ အလေးချိန် ရှိလာသလို ခံစားလိုက်ရသည်။ သူ့အရေပြားပေါ်သို့ ကျလာသည့် ရေစက်တိုင်းမှာ ထိတွေ့ရာမှ စီးကျသွားသည်အထိ ထင်ရှားသော လမ်းကြောင်းကိုယ်စီ ရှိနေပြီး ၎င်းမှာ သူ့နှလုံးခုန်သံ စည်းချက်အတိုင်း လိုက်ပါနေသည်။
ရေချိုးခန်းက တော်တော်လေး ကျယ်သော်လည်း ရေနွေးငွေ့များနှင့် အသက်ရှူသံများက တစ်ခန်းလုံးကို ပြည့်နှက်နေဆဲပင်။
ချန်ကျန့် ရဲ့ နဖူးက နံရံကို မှီကပ်ထားသည်။ မျက်နှာပေါ်မှာလည်း ရေစက်တွေက တစိမ့်စိမ့် စီးကျနေဆဲ။ ပြင်းထန်ပြီး မတည်ငြိမ်သေးသည့် သူ့ရဲ့ အသက်ရှူသံတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေသယောင် ထင်ယောင်ထင်မှား ဖြစ်စေသည်။
“ရေ... ရေပိတ်လိုက်ပါဦး ။ ကျွန်တော် ရေမွန်းတော့မယ်။”
ရှန်ယွီ က ပြုံးလိုက်ပြီး ခေါင်းပေါ်က ရေပန်းကြီးကို ပိတ်ကာ ဘေးဘက်က ရေပန်းလေးကိုပဲ ဖွင့်ထားပေးလိုက်သည်။
ချက်ချင်းဆိုသလို ရေစီးနှုန်းက ပိုပြီး ငြင်သာသွားပြီး ခန္ဓာကိုယ်ကို နှိပ်နယ်ပေးနေသလို သက်သောင့်သက်သာ ခံစားချက်မျိုး ပေးစွမ်းသည်။ ချန်ကျန့် သက်ပြင်းတစ်ချက်ချကာ လှည့်ကြည့်လိုက်ပြီး နံရံကို မှီလျက် ရှန်ယွီကို စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ ရေကူးကျွမ်းကျင်မှုကလည်း သိပ်တော့ မဟုတ်သေးဘူးပဲ"
ရှန်ယွီက ချန်ကျန့်ရဲ့ မေးစေ့ကို ဆွဲကိုင်ရင်း ဆိုသည်။
“ဒါကြီးက ကျွန်တော့်ဆီ တည့်တည့်ကြီး ပန်းနေတာလေ"
ချန်ကျန့် မော့ကြည့်လိုက်တော့မှ ၎င်းမှာ စတုရန်းပုံစံ ရေပန်းခေါင်း အကြီးကြီး ဖြစ်နေမှန်း သတိထားမိသည်။ သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက် ရွှဲနစ်သွားစေနိုင်လောက်အောင်ပင် ကြီးမားလှသည်။
“ငါတောင် ခုနက နည်းနည်း ရေမွန်းသွားတယ်"
ရှန်ယွီက ချန်ကျန့်ကို ဖိကပ်လိုက်ပြီး သူ့ပုခုံးပေါ် မေးတင်လိုက်သည်။
“အဲ့ဒါက မင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ ထိခိုက်ပုံမရပါဘူး"
“ဟား ဟား ဒီလိုအချိန်မျိုးမှာတော့ ငါ့ကို ဓားနဲ့ထိုးထားလို့ ချက်ချင်းမသေရင်တောင် ငါ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်မှာ မဟုတ်ဘူး"
“ဘာတွေ လျှောက်ပြောနေတာလဲ!”
ချန်ကျန့်က သူ့ကျောကို ပုတ်လိုက်သည်။ ရှန်ယွီက ပြုံးပြီး ချန်ကျန့်ရဲ့ မျက်နှာကို လက်နဲ့အသာကိုင်ကာ ကြည့်ပြီး နောက်တစ်ကြိမ် နမ်းလိုက်သည်။
“သွား... ရေချိုးလိုက်တော့။ သူတို့တွေ ခဏနေရင် ပြန်လာတော့မှာ အဲ့ကျရင် စကားခဏလောက် ထိုင်ပြောရဦးမယ်။”
ရေနွေးငွေ့တွေ ပြည့်နေတဲ့ ရေချိုးခန်းထဲမှာ ရှိနေပြီး ခန္ဓာကိုယ်ထဲက အပူရှိန်တွေ မကျသေးပေမယ့်လည်း ဒီစကားက ချန်ကျန့်ကို ငါးစက္ကန့်လောက် ငြိမ်ကျသွားစေသည်။
“တောက်... မြန်မြန်လုပ်ရအောင်"
ချန်ကျန့် ပြောရင်း ဘေးက စင်ကို လှည့်ကြည့်လိုက်သည်။
“ဘယ်ဟာက ခေါင်းလျှော်ရည်လဲ”
“ဒါလေ"
ရှန်ယွီက ပုလင်းတစ်လုံးကို ယူကာ သူ့လက်ထဲ အနည်းငယ် ညှစ်ထည့်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ပွတ်ကာ ချန်ကျန့်ရဲ့ ဆံပင်တွေကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးလိုက်သည်။
“မင်းက ဘာတွေ အဲ့လောက် ရင်တုန်နေတာလဲ”
“သူတို့ ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့က ရေချိုးခန်းထဲမှာပဲ ရှိနေဦးမယ်ဆိုရင်...”
ချန်ကျန့် မျက်လုံးမှိတ်ပြီး ခေါင်းငုံ့ထားလိုက်သည်။
“ပြန်လာတော့ရော ဘာဖြစ်လဲ။ သူတို့က ဒီဘက်စင်္ကြံလမ်းကိုတောင် လာမှာမဟုတ်ဘူး။ ငါ့အခန်းထဲ ဆိုရင်တော့ ဝေးသေး။”
“ဒါပေမဲ့ ကျွန်တော်တို့ ချက်ချင်း ထွက်မလာရင် သူတို့ ခန့်မှန်းမိသွားမှာပေါ့...”
ချန်ကျန့် စကားကို ဆုံးအောင် မပြောနိုင်ခဲ့။
“သူတို့က ခန့်မှန်းနေဖို့တောင် လိုလို့လား ။ ငါတို့ ဘာမှမလုပ်ဘဲ နေကြမယ်လို့ ထင်နေတာလား”
“နှာဗူးရယ်... ဒါကြီးကို ပေါ်တင်ပြီး လာမပြောနဲ့လေ"
ချန်ကျန့် မော့ကြည့်လိုက်သည်။
“ပြီးတော့ တခြားနေရာမှာ လုပ်တာနဲ့ အိမ်မှာလုပ်တာက ခံစားချက်ချင်း မတူဘူးလေ၊ ဟုတ်တယ်မလား”
“ဪ...” ရှန်ယွီ့ရဲ့ နှုတ်ခမ်းတွေ ပြုံးယောင်သန်းသွားသည်။
မြန်မြန်ချိုးမယ်လို့သာ ပြောနေကြတာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီပွတ်သပ်ပေးနေကြတာကြောင့် အရှိန်က လုံးဝတက်မလာခဲ့ပေ။ ပုံမှန်ဆို ငါးမိနစ်လောက်ပဲ ကြာမယ့် ရေချိုးချိန်က နာရီဝက်နီးပါး ကြာသွားခဲ့သည်။
“ကျွန်တော့်အဝတ်အစားတွေက အိတ်ထဲမှာ အိတ်က ဧည့်ခန်းထဲမှာ ကျန်ခဲ့တယ်"
ချန်ကျန့် ရေချိုးခန်းထဲမှာ ရပ်ရင်း ပြောလိုက်သည်။
“လောလောဆယ် ငါ့ဟာပဲ ဝတ်ထားလိုက်ဦး"
ရှန်ယွီက ရေချိုးခန်းဗီရိုကိုဖွင့်ပြီး Bathrobe တစ်ခု ထုတ်ပေးလိုက်သည်။
“အပြင်က ဗီရိုထဲမှာ တစ်ခုခုရှာဝတ်လို့ ရပါတယ်။ ငါ ခဏနေရင် သွားယူပေးမယ်။”
“အင်း"
ချန်ကျန့် ဝတ်ရုံကို ဝတ်လိုက်ပြီး တံခါးနားသွားကာ အပြင်က အသံကို နားစွင့်ကြည့်လိုက်သည်။
“မင်းကို ဒီထဲမှာ သီချင်းနှစ်ပိုဒ်လောက် ဟစ်ခိုင်းလိုက်ရင်တောင် အပြင်ကနေ ဘာသံမှ ကြားရမှာ မဟုတ်ဘူး။ ငါ တောင်းပန်ပါတယ် ပေါင်ပေ့ရယ်… စိတ်ကို လျှော့စမ်းပါ...”
ချန်ကျန့် ရယ်လိုက်မိပြီး တံခါးဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ဒါပေမဲ့လည်း အပြင်က အသံတွေကို နားစွင့်နေမိတုန်းပင်။ တကယ်တော့ ဘာသံမှ မကြားရပါ။
ရှန်ယွီ ဝတ်ရုံဝတ်လျက် ထွက်လာပြီး အခန်းထဲမှာ နှစ်ပတ်လောက် ပတ်လျှောက်ကာ အတွင်းခန်းက စာအုပ်စင်ပေါ်မှာ သူ့ဖုန်းကို နောက်ဆုံးတော့ ရှာတွေ့သွားသည်။ သူ ဖုန်းကိုဖွင့်ကြည့်လိုက်သည်။
“သူတို့ မပြန်လာသေးဘူး။ မားက ကုမ္ပဏီကို သွားလိုက်ပြီ။”
“ဪ…"
ချန်ကျန့် ချက်ချင်းပင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ရှန်ယွီ့ရဲ့ ကုတင်ပေါ် လှဲချလိုက်သည်။
“တောက်... ဒီမွေ့ရာက တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ။”
သူ ခဏစဉ်းစားလိုက်ပြီးမှ ပြန်ထိုင်လိုက်သည်။
“ဒီလောက် ညဉ့်နက်နေတာကို ကုမ္ပဏီသွားတယ် ဟုတ်လား”
“အင်း၊ အလုပ်အရူးတွေက အဲ့လိုပဲလေ။ တစ်ခုခု ထပ်စဉ်းစားမိလို့ ဖြစ်မှာပေါ့။ ပါးကတော့ ငါးဖမ်းပစ္စည်းဆိုင်ကို သွားတယ်...”
“ဗျာ” ချန်ကျန့် အံ့ဩသွားသည်။
“ခုနက ငါတို့ ကွေ့ဝင်လာတဲ့ လမ်းဆုံမှာ ဆိုင်အကြီးကြီး တစ်ဆိုင်ရှိတယ်၊ ငါးဖမ်းဝါသနာရှင်တွေက အဲ့ဒီမှာ စုပြီး စကားပြောလေ့ရှိကြတာ။ အဖေက အဲ့ဒီကို သွားရတာ တအားဝါသနာပါတယ်။”
“အားလုံးက ငါးမမိတဲ့သူတွေပဲလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ" ရှန်ယွီ ရယ်လိုက်သည်။
“ဒါဆို ပရော်ဖက်ဆာရှန်လို ငါးစာပဲ ကျွေးတတ်တဲ့သူက အဲ့ဒီလူတွေနဲ့ ဘာတွေသွားပြောတာလဲ”
ချန်ကျန့် နည်းနည်း ဇဝေဇဝါ ဖြစ်သွားသည်။
“မင်း မသိပါဘူး။ ပါးက ဘာမှမပြောရင် အဲ့ဒီလူတွေက သူတို့အချင်းချင်းစကားပြောရင်းနဲ့ အငြင်းပွားနိုင်ကြတယ်လေ။ ပါးက ပါးစပ်ဟလိုက်တာနဲ့ အားလုံးက ချက်ချင်း စည်းလုံးသွားပြီး ပါးကို ဆရာကြီးလုပ်ပြီး ဝိုင်းသင်ပေးကြတော့တာပဲ။ သိတယ်မလား... သူက ငြိမ်းချမ်းရေးချိုးငှက်လေးလေ။”
ချန်ကျန့် ကုတင်ပေါ်မှာ လှဲရင်း အကြာကြီး ရယ်မောနေမိသည်။
ရှန်ယွီက ဗီရိုထဲက ညအိပ်ဝတ်စုံတစ်စုံကို ထုတ်ပြီး ချန်ကျန့်ဆီ ပစ်ပေးလိုက်သည်။
“ဒါပဲ ဝတ်ထားလိုက်ဦး။”
“အင်း" ချန်ကျန့် ထပြီး အင်္ကျီလဲလိုက်သည်။
ချန်ကျန့် အင်္ကျီပေါ်က ဝက်ဝံရုပ်လေးကို ငုံ့ကြည့်လိုက်ရင်း
“မင်းက ဒီလို ချစ်စရာကောင်းတဲ့ အိပ်ယာဝင်အင်္ကျီတွေကို ဝတ်တာလား” ဟု မေးလိုက်သည်။
“အမေ ဝယ်ပေးထားတာလေ"
ရှန်ယွီက နောက်ထပ် တစ်စုံကို ထပ်ထုတ်လိုက်သည်။ ဒီတစ်ခါတော့ ဝက်ကလေးပုံနဲ့…
“အမေ့စိတ်ထဲမှာတော့ ငါက ဘယ်တော့မှ ကြီးမလာဘူးလို့ ထင်နေပုံရတယ်။ ငါ့အတွက် ဝယ်ပေးတဲ့ အိပ်ယာဝင်အင်္ကျီတွေက အမြဲတမ်း ဒီလို စတိုင်တွေချည်းပဲ။”
“အနည်းဆုံးတော့ ဆိုဒ်ကတော့ တော်သားပဲ"
“ငါက အလယ်တန်းကတည်းက အရပ်မရှည်တော့ဘူးလေ ။ တစ်ခါတည်းနဲ့ အပြတ်ရှည်သွားတာ။”
ချန်ကျန့် ကုတင်စောင်းမှာ ထိုင်ပြီး ဝက်ကလေးပုံ အင်္ကျီဝတ်ထားတဲ့ ရှန်ယွီကို ကြည့်နေသည်။
“မင်း... ဒါကြီးဝတ်ထားတော့ တော်တော်လေး လိမ္မာတဲ့ပုံ ပေါက်နေတာပဲ"
“ငါက ပုံမှန်ဆိုရင် မလိမ္မာလို့လား”
ရှန်ယွီ ချန်ကျန့်အနားကို လျှောက်လာပြီး သူ့မေးစေ့ကို မကာ ငုံ့ကြည့်လိုက်သည်။
“မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ဦး။ မင်းရဲ့ ဒီလို အမူအရာနဲ့ ဘယ်လိုလုပ် လိမ္မာတဲ့ပုံ ပေါက်မှာလဲ”
ရှန်ယွီ ရယ်မောလိုက်ပြီး သူ့လက်ချောင်းတွေနဲ့ ချန်ကျန့်ရဲ့ နှုတ်ခမ်းကို အသာအယာ ဖိလိုက်သည်။
“အိပ်ချင်နေပြီလား အိပ်ချင်ရင် အိပ်နှင့်လေ။”
“နည်းနည်းတော့ အိပ်ချင်တယ် ။ ဒါပေမဲ့ မအိပ်သေးပါဘူး။ ဥက္ကဋ္ဌလျိုတို့ ပြန်လာတာကို စောင့်ဦးမယ်။”
“သူတို့က အတူတူဆိုရင်တော့ စောင့်လို့ရတာပေါ့။ အခုက တစ်ယောက်က ကုမ္ပဏီမှာ၊ နောက်တစ်ယောက်က ငါးဖမ်းပစ္စည်းဆိုင်မှာ။ ဘယ်အချိန်ပြန်လာမလဲ မသိနိုင်ဘူး ။ စောင့်မနေပါနဲ့တော့။”
ချန်ကျန့် ရှန်ယွီကို မှီလိုက်ပြီး သူ့ခါးကို ဖက်ထားလိုက်သည်။
ခဏကြာတော့…
“ကျွန်တော် ထင်တာတော့ ဥက္ကဋ္ဌလျိုနဲ့ ပရော်ဖက်ဆာရှန်တို့ကလေ... သူတို့ အတူတူရှိလာတာ ကြာလွန်းလို့လား မသိဘူးနော်။ ဒါကြောင့်... ဘယ်လိုပြောရမလဲ... သူတို့က အမြဲတမ်းကြီး တပူးပူးတတွဲတွဲ မရှိကြတာလား”
“အရင်ကတည်းက အဲ့လိုပါပဲ။ သူတို့က ကိုယ့်အလုပ်နဲ့ကိုယ် အမြဲ အလုပ်ရှုပ်နေကြတာ"
ရှန်ယွီက ရှင်းပြသည်။
“သူတို့ ရည်းစားဘဝတုန်းကတောင် တစ်ပတ်မှာ တစ်ခါပဲ တွေ့ကြတာတဲ့။”
“ဗျာ”
ချန်ကျန့် အနည်းငယ် အံ့အားသင့်သွားသည်။
“ဒါက သူတို့ရဲ့ ပင်ကိုယ်စရိုက်ပဲလေ။ တခြားသူဆိုရင်တော့ အတူတူ ဆက်ရှိနေနိုင်မှာ မဟုတ်ဘူး"
“ဒါက မျိုးရိုးလိုက်တာလား”
“မင်းကော ဘယ်လိုထင်လဲ” ရှန်ယွီက ပြန်မေးသည်။
“အစတုန်းကတော့ နည်းနည်း တူသလိုပဲ ။ အခုတော့ သိပ်မတူတော့ပါဘူး။ အရင်တုန်းကတော့ မင်းမှာ စည်းတွေ ရှိခဲ့တာကိုး။”
“ဘာတွေ လျှောက်ပြောနေတာလဲ"
“နောင်တစ်ချိန် ခင်ဗျား ကံကောင်းထောက်မလို့ ဆုံးပါးသွားတဲ့အခါ ခင်ဗျားရဲ့ အုတ်ဂူပေါ်မှာ နေရောင်ခြည်စွမ်းအင်သုံး ဒစ်ဂျစ်တယ် ဆိုင်းဘုတ်လေးတစ်ခု တပ်ပေးမယ်"
ချန်ကျန့်က စနောက်လိုက်သည်။
“အဲ့ဒီပေါ်မှာ ‘စည်းမကျော်ပါနဲ့’ ဆိုတဲ့ စာလုံး သုံးလုံး ရေးထားပေးမယ်။ ပြီးတော့ တစ်မီတာအကွာမှာ စည်းလေးတစ်ကြောင်း တားပေးထားမယ်။ ကျေးဇူးပြုပြီး စည်းအပြင်ကနေပဲ အမျှဝေပေးကြပါလို့...”
ရှန်ယွီ ရယ်မောလိုက်သည်။
“မင်းက ဒါကို ဘယ်တော့မှ ရပ်မှာမဟုတ်ဘူးလား”
ချန်ကျန့် ခဏလောက် ရယ်နေပြီးမှ ရုတ်တရက် ရပ်လိုက်သည်။ သူ မတ်မတ်ထိုင်ကာ ရှန်ယွီကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး၊ သူ့မျက်နှာကို ရှန်ယွီရဲ့ လည်ပင်းကြားထဲ အတင်းဖိကပ်ထားကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည် ။
“မင်းကလေ ကျွန်တော့်ထက် နောက်မှ သေရမယ်နော်။”
“ဘာတွေ ပြောနေတာလဲ" ရှန်ယွီက ချန်ကျန့်ရဲ့ ခေါင်းကို ပွတ်ပေးရင်း ဆိုသည်။
“ငါက မင်းထက် ၆ နှစ်ပဲ ကြီးတာပါ၊ ၆၀ မဟုတ်ဘူး။ ငါက ဘယ်လောက်တောင် စောစော သေမှာမလို့လဲ။”
“ဘာပဲဖြစ်ဖြစ် မင်းက နောက်မှ သေရမယ်။ ကျွန်တော့်ကို စောင့်နေပေး"
“ကောင်းပါပြီ၊ ငါ မင်းကို စောင့်နေပါ့မယ်။ ငါ အခုကတည်းက အသက်အောင့်တဲ့ကျင့်စဉ်ကို လေ့ကျင့်ထားမယ်။ အဲ့ဒီအချိန်ရောက်ရင် ငါ အသက်အောင့်ထားပြီး မသေဘဲ စောင့်နေမယ်လေ။”
ချန်ကျန့် ဘာမှပြန်မပြောဘဲ ရယ်မောနေမိသည်။
“သေမင်းက ငါ့ကိုလာခေါ်ရင်တောင် ငါ့ဘေးမှာ ရပ်စောင့်နေခိုင်းပြီး ငါ့ရဲ့ ကိုယ်ရံတော်အဖြစ် နှစ်အနည်းငယ်လောက် ခိုင်းထားဦးမှာ"
ချန်ကျန့် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး
သူ့နာမည်ကို ခေါ်လိုက်သည် ။
“ရှန်ယွီ။”
“အင်း”
“ကျွန်တော်လေ မင်းကို ချစ်တယ်"
ချန်ကျန့်ရဲ့ ခေါင်းကို အသာအယာ ပွတ်ပေးနေတဲ့ ရှန်ယွီရဲ့ လက်ကလေးက နှစ်စက္ကန့်လောက် ငြိမ်ကျသွားသည်။ ထို့နောက် သူ့လက်မောင်းတွေက ပိုပြီး တင်းကျပ်သွားကာ
“ငါလည်း မင်းကို ချစ်တယ်"
________________________________________________________________________
ငါလည်း မင်းတို့ကို ချစ်တယ်
ReplyDelete(ဘယ်သူ့မှ ပြောစရာမရှိလို့ပါ)