Skip to main content

121





အပိုင်း (၁၂၁)




ရှန်ယွီ၏ အတွေးမှာ ရယ်စရာကောင်းလှသော်လည်း ဖခင်ဖြစ်သူ၏ မမျှော်လင့်ထားသော တုံ့ပြန်မှုကြောင့် ချန်ကျန့်မှာ တစ်ဖက်တွင်လည်း မဖြစ်နိုင်ဟု တွေးမိသည်။ သူ၏ဖခင်မှာ တစ်သက်လုံး မည်သူ့ကိုမျှ လက်ဖျားနှင့်ပင် မတို့ခဲ့ဖူးသူဖြစ်ပြီး စိတ်လည်းရိုးရှင်းသူပင်။ သို့သော် အခြားတစ်ဖက်တွင်မူ ရှန်ယွီ ပြောသလိုမျိုး လုံးဝမဖြစ်နိုင်ဟုလည်း တထပ်တည်း မပြောနိုင်ပြန်...။

သူသည် မြို့ငယ်လေးဆီသို့ တိတ်ဆိတ်စွာ ကားမောင်းလာစဉ်တွင် ရှန်ယွီကို ရိုက်နှက်ဖို့ လူခေါ်လာသလိုမျိုးပင် ထင်ယောင်ထင်မှား ဖြစ်နေမိသည်။

သို့သော် အဖေမှာမူ အလွန်အေးချမ်းပြီး မေတ္တာအပြည့်ရှိနေပုံရသည်။ ဘာမှမပြောသော်လည်း ယနေ့ ဝယ်ယူခဲ့သည့် ပစ္စည်းများ၏ ပြေစာများကိုသာ တမြည့်မြည့် ကြည့်နေလေသည်။ လက်ဖက်ရည်ဆိုင်မှ ပြေစာကိုပင် အကြိမ်ကြိမ် ပြန်ကြည့်နေပြီး အန်ကယ်ကျုံး ထံသို့ WeChat မှတစ်ဆင့် မက်ဆေ့ချ်များ ပို့နေလေသည်။

"မင်းရဲ့သားကိုလည်း အဲဒီကို လိုက်ပို့ခိုင်းလိုက်ဦး။ အစားအသောက်က တကယ့်ကို ကောင်းတာဟေ့"

ဖခင်ဖြစ်သူက အသံမက်ဆေ့ချ်ပင် ပို့လိုက်သေးသည်။

"ပါး တမင်သက်သက် သူ့ကို ဒေါသထွက်အောင် လုပ်နေတာလား"

"မဟုတ်ပါဘူး။ ကျုံးအဖိုးကြီးက လက်တွေ့သမားလေ။ ဒီနေ့ပြေစာကို ဓာတ်ပုံရိုက်ပို့ခိုင်းနေတာ သူ့သားကို ပြချင်လို့တဲ့။"

"ဒါကို သူ့သားကိုပြတော့ ဘာထူးမှာမို့လို့လဲ"

"တစ်ယောက်ယောက်က သူ့ကို ကျွေးမွေးပြုစုတယ်ဆိုတာ ပြချင်လို့ပေါ့"

ဖခင်ဖြစ်သူက တဟီးဟီး ရယ်တော့သည်။

"သူ့သားက အသက်မွေးဝမ်းကျောင်းဆင်းပြီးကတည်းက အိမ်မှာပဲ အောင်းနေတာလေ။ အလုပ်လည်း မလုပ်ချင်ဘူး။ တစ်နေကုန် အိပ်ရာပေါ်မှာ ဂိမ်းပဲ ဆော့နေတာ။ အဖိုးကြီးကျုံးခမျာ ဒေါသထွက်လွန်းလို့ သေတော့မယ်။"

"သူ့သားက ကျွန်တော့်ထက် ငယ်တယ် မဟုတ်လား"

"အသက်တူတူပါပဲ။ ဒါပေမဲ့ မင်းလို ကလေးမျိုးက ရှားတယ်လို့ ကျုံးအဖိုးကြီး ကိုယ်တိုင်လည်း ပြောရှာပါတယ်။"

ချန်ကျန့်က ပြုံးလိုက်ရင်း

"ပါးလည်း နည်းနည်းတော့ ထိန်းဦးနော်။ အန်ကယ်ကျုံးက စိတ်ထားကောင်းတဲ့သူပါ။ ပါးတို့ နှစ်ယောက်ကလည်း ဆက်ဆံရေးကောင်းကြတာပဲ။ ပါးက ကိုယ့်သားအကြောင်း လိုက်ကြွားရင်းနဲ့ အဲဒီဆက်ဆံရေးကို မပျက်စီးပါစေနဲ့ဦး။"

"အဖေ သိပါတယ်။ ဒီနှစ်ရက်လောက်ပဲ ကြွားမှာပါ။ ပြီးရင် အဆင်ပြေသွားမှာပါ"

ချန်ကျန့်က ခေါင်းညိတ်ပြလိုက်သည်။

သူ၏ဖခင်မှာ တကယ်ပင် ပင်ပန်းနေပုံရသည်။ ကားပေါ်တက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။ မိမိသားနှင့် ပတ်သက်သည့် ကြီးမားသော သတင်းစကားကို ကြားပြီး တစ်နာရီပင် မပြည့်သေးမီ အိပ်ပျော်သွားနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူသည် အမှန်တကယ်ပင် ပင်ပန်းနွမ်းလျနေမှန်းသိသိသာသာ။

ချန်ကျန့် ခံစားရသည်မှာ... အကယ်၍ သူတို့၏ အိမ်ဟောင်းလေးကိုသာ ပြန်ရခဲ့လျှင် ဖခင်ဖြစ်သူကို အိမ်ပြန်နားခိုင်းဖို့ စဉ်းစားရမည်။ လွန်ခဲ့သည့် ဆယ်နှစ်ပတ်လုံး သူစိမ်းမြေမှာ ပင်ပန်းဆင်းရဲခဲ့ရသည်မှာ များလှပြီလေ။

တာ့ယွင် သို့ ရောက်သည့်တိုင်အောင် အဖေက အိပ်ပျော်နေဆဲပင်။

ရှန်ယွီမှာမူ ထူးထူးခြားခြားပင် တံခါးဝတွင် စောင့်နေသည်။ ကားရပ်လိုက်သည်နှင့် သူ ချက်ချင်းပင် လျှောက်လာခဲ့သည်။ သူသည် တံခါးဘေးတွင် ရပ်လိုက်ပြီး ချန်ကျန့်ကိုပင် မျက်လုံးချင်း မဆုံဘဲ ကားတံခါးကို တိုက်ရိုက် ဆွဲဖွင့်လိုက်လေသည်။

သူ၏ဖခင်မှာ နိုးမလာသေးပေ။

ရှန်ယွီ ခေတ္တမျှ မှင်သက်သွားပြီးနောက် ချန်ကျန့်ဘက်သို့ လှည့်ကြည့်သည်။

"လမ်းတစ်လျှောက်လုံး အိပ်လာတာ"

ချန်ကျန့်က တိုးတိုးလေး ပြောလိုက်သည်။

"သူ့ရဲ့ စိတ်ကတော့ တကယ့်ကို အေးချမ်းတာပဲ"

ရှန်ယွီကလည်း လေသံတိုးတိုးဖြင့် ဆိုသည်။ချန်ကျန့် ပြုံးလိုက်မိသည်။

အမှန်အတိုင်း ပြောရလျှင် အကယ်၍ အခြေအနေက ပြောင်းပြန်သာ ဖြစ်နေမည်ဆိုပါက ချန်ကျန့်အနေဖြင့် ရှန်ယွီ၏ မိဘများအတွက် ကားတံခါးကို သွားရောက်ဖွင့်ပေးရန် သတ္တိရှိလိမ့်မည် မဟုတ်ဟု ခံစားရသည်။ ယခုမူ သူသည် သူ၏ဖခင်နှင့် အဆင်ပြေပြေ စကားပြောဆိုနိုင်ခဲ့ပြီးဖြစ်ကာ၊ ရှန်ယွီကလည်း ဤကဲ့သို့ တာဝန်ယူ ကိုင်တွယ်ပေးလိုက်ခြင်းက သူ့အတွက် အလွန်ခိုင်မာသော ထောက်ပံ့မှုတစ်ခု ဖြစ်စေခဲ့သည်။

သူသည် ရှန်ယွီနှင့် တကယ်ကို မတူပေ။

ချန်ကျန့်က သူ၏ဖခင်ကို တွန်းနှိုးလိုက်သည်။

"ရောက်ပြီပါး"

ဖခင်ဖြစ်သူသည် စက္ကန့်အနည်းငယ်ခန့် မျက်စိမှိတ်နေပြီးမှ နိုးလာသည်။ ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ဘေးတွင် ရပ်နေသော ရှန်ယွီကို မြင်သောအခါ ချက်ချင်းပင် မတ်မတ်ထိုင်လိုက်သည်။

"ငါ အိမ်မက်မက်နေတာပဲ။"

"ဦးလေးချန် အလုပ်တွေ အရမ်းပင်ပန်းနေလားခင်ဗျာ"

ရှန်ယွီက ပြုံးလျက် တံခါးဝမှ အနည်းငယ် ဖယ်ပေးလိုက်သည်။

"အခုတလော အော်ဒါတွေ များနေလို့လေ"

ဖခင်ဖြစ်သူက ကားပေါ်မှ ဆင်းရင်း ပြောသည်။

"ဒီနေ့တော့ အနားယူဖို့ ခွင့်တစ်ရက် ယူထားလိုက်တယ်။"

"ချန်ကျန့်နဲ့အတူ အပြင်မှာ ကောင်းကောင်းသွားစားခဲ့ကြတယ် မဟုတ်လား"

"ဟုတ်တယ် ။ ဒီလို ကောင်းကောင်းမွန်မွန် မစားရတာ ကြာပြီ။"

"ဦးလေး!" ဟူဖန်က ပြေးလာသည်။

"မတွေ့ရတာ ကြာပြီနော်။ ဦးလေးကြည့်ရတာ တော်တော်လေး ကျန်းမာသွက်လက်နေတာပဲ!"

"မင်းလည်း အတူတူပါပဲ" ဖခင်ဖြစ်သူက ပြုံးပြီး ဟူဖန်ကို ကြည့်ကာ "ဆံပင်ညှပ်လိုက်တာလား"

"ဟုတ်ကဲ့"

ဟူဖန်က သူမ၏ဆံပင်ကို ကိုင်ပြရင်း အထဲသို့ ပြန်ပြေးသွားကာ

"အရမ်းရှည်နေလို့ ကိုယ့်ဘာသာကိုယ် ညှပ်လိုက်တာ။ ဦးလေး၊ အထဲကို ကြွပါဦး။"

"ကောင်းပြီ၊ ကောင်းပြီ"

ဖခင်ဖြစ်သူက ပြုံးလျက် သူမနောက်သို့ ခြေလှမ်းအနည်းငယ် လိုက်သွားပြီးမှ ရှန်ယွီဘက်သို့ ပြန်လှည့်ကြည့်သည်။

"ဘော့စ်ရှန်၊ အခုတစ်ခေါက် ကိစ္စအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်..."

"ဦးလေး။ ကျွန်တော့်ကို ရှန်ယွီပဲဖြစ်ဖြစ် ၊ ရှောင်ယွီ လို့ပဲဖြစ်ဖြစ် ခေါ်ပါ။ ကျွန်တော့် မိဘတွေကလည်း အဲဒီလိုပဲ ခေါ်ကြတာပါ။"

"အေး... ကောင်းပြီ၊ ကောင်းပြီ"

ဖခင်ဖြစ်သူက ခေါင်းညိတ်ပြပြီး အိမ်ထဲသို့ လျှောက်သွားလေတော့သည်။ ချန်ကျန့်သည် ဖခင်ဖြစ်သူ၏ အနောက်မှ လိုက်သွားရင်း ရှန်ယွီကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"လမ်းမှာ အခြေအနေ ဘယ်လိုလဲ"

ရှန်ယွီက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"အဆင်ပြေပါတယ်" ချန်ကျန့်ကလည်း လေသံတိုးတိုးဖြင့်ပင် ပြန်ဖြေသည်။

"အင်း"

ရှန်ယွီက တုံ့ပြန်လိုက်ပြီး ခြေလှမ်းကို အနည်းငယ်သွက်ကာ ရှေ့သို့ လိုက်သွားသည်။

"ဦးလေး၊ ကျွန်တော့်ရုံးခန်းကို အရင်သွားကြရအောင်။ ဆွန်းနာနာလည်း ခဏနေ ရောက်လာလိမ့်မယ်။ အသေးစိတ် အချက်အလက်တွေကို သူ့ကိုပဲ ဦးလေးကို ထပ်ပြီး ရှင်းပြခိုင်းလိုက်မယ်လေ။"

ချန်ကျန့်က ဓာတ်လှေကားခလုတ်ကို သွားနှိပ်ပေးသည်။ ဓာတ်လှေကားထဲသို့ သူတို့ သုံးယောက်သား ဝင်လိုက်ကြသည့်အခါ ကျဉ်းမြောင်းသော နေရာလေးထဲတွင် သူတို့ သုံးဦးတည်းသာ ကျန်ရှိတော့သဖြင့် လေထုမှာ ရုတ်တရက် အနည်းငယ် အနေရခက်စရာဖြစ်သွားသည်။

သူတို့ သုံးဦးစလုံး စကားမပြောဖြစ်ကြပေ။ ချန်ကျန့်က ရှန်ယွီကို ကြည့်လိုက်ရာ ရှန်ယွီကလည်း သူ့ကို ပြန်ကြည့်နေသည်။ ထို့နောက်တွင်တော့ ရှန်ယွီက ရုတ်တရက် ပြုံးလိုက်လေသည်။ ချန်ကျန့် မှင်သက်သွားသည်။

ဘာကို ရယ်နေတာလဲ။ တစ်ခုခု ပြောပါဦးဘော့စ်ကြီးရယ်။ အေးခဲနေတဲ့ ဒီလေထုကို တစ်ခုခုပြောပြီး ဖြိုခွင်းလိုက်ပါဦး။ ဒါက ခင်ဗျားရဲ့ အားသာချက် မဟုတ်ဘူးလား

ဪ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ အားသာချက်က အနေရခက်တဲ့ အခြေအနေတွေကို ဖန်တီးပြီး အဲဒီထဲမှာပဲ အေးဆေးနေတတ်တာလေ။ ငါ့ကိုယ်ငါပဲ အားကိုးရတော့မယ်။

ချန်ကျန့် ဘာပြောရမလဲဟု စဉ်းစားနေမိသည်။

ခဏအကြာတွင် ဓာတ်လှေကားတံခါး ပွင့်သွားသောအခါမှ သူ ပြောစရာစကားကို နောက်ဆုံးတွင် ရှာတွေ့သွားတော့သည်။

"ရောက်ပါပြီ။"

သူ၏ဖခင်က ဓာတ်လှေကားထဲမှ အရင်ထွက်သွားပြီး ရှန်ယွီက ကပ်လျက်လိုက်သွားကာ ချန်ကျန့်ကတော့ အနောက်ဆုံးမှ လျှောက်လာခဲ့သည်။ ရှန်ယွီ၏ ရုံးခန်းထဲသို့ သူတို့ ဝင်လိုက်ကြသည်နှင့် ရှန်ယွီက

"ဆွန်းနာနာ အဆောင်ကို ပြန်ရောက်ပြီလားဆိုတာ သွားကြည့်လိုက်ဦး"

ဟု ချန်ကျန့်ကို ပြောလိုက်လေသည်။

ဒီလောက်တောင် ပြတ်သားတာလား တစ်ယောက်ချင်း ရှင်းကြတော့မလို့လား

"ဦးလေး၊ ခဏလောက် ထိုင်ပါဦးခင်ဗျာ။ လက်ဖက်ရည် သောက်မလား"

"ရပါတယ်။ ရိုးရိုးလက်ဖက်ရည်ဆို ရပါပြီ။ ဦးလေးက ဒါမျိုးကို သိပ်ပြီး နားလည်တာ မဟုတ်ဘူး။ လက်ဖက်ရည်ကောင်းဆိုလည်း ကောင်းတာပေါ့လေ"

ခေါင်းညိတ်ပြရင်း ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်သည်။

"အဲလောက်ကြီး အဆင့်မြင့်တာတော့ မဟုတ်ပါဘူး။ အခုမှထွက်တဲ့ လက်ဖက်စိမ်းအသစ်လေးပါ"

ရှန်ယွီက ခွက်ကိုယူရင်း ပြောသည်။

"တစ်ယောက်ယောက်က လက်ဆောင်ပေးထားတာ။ ကျွန်တော်လည်း အကောင်းအညံ့ သိပ်မခွဲခြားတတ်ဘူး။"

ချန်ကျန့်ရဲ့ဖခင်က တဟီးဟီးရယ်ရုံသာ ရယ်ပြီး ဘာမှပြန်မပြောပေ။

"နောင်ကျရင် ဒီရုံးခန်းကို ချန်ကျန့်ကပဲ အဓိက သုံးမှာပါ"

ရှန်ယွီက လက်ဖက်ရည်ကို အဖေ့ရှေ့မှာ ချပေးလိုက်ပြီး ဘေးနားက ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

"ဒါက တာ့ယွင် ရဲ့ မန်နေဂျာရုံးခန်း ဖြစ်လာမှာလေ။"

"ရုံးခန်းက တော်တော်လေး လှတာပဲ" ချန်ကျန့်အဖေက ပတ်ပတ်လည်ကို လှည့်ကြည့်သည်။

"မင်းက မသုံးတော့ဘူးလား"

"ဟုတ်ကဲ့။ ကုမ္ပဏီနဲ့ တည်းခိုခန်းကို သီးခြားစီ ခွဲထားတာမို့လို့ပါ။"

ရှန်ယွီက ပြုံးလျက် ဆိုသည်။ ချန်ကျန့်အဖေက စိတ်လှုပ်ရှားနေသည်မှာ သိသာသည်။

ချန်ကျန့်ပြောခဲ့သလိုပဲ သူ့အဖေမှာ ထွေထွေထူးထူး တုံ့ပြန်မှု မရှိတာ အမှန်ပဲ။ အခုကြည့်ရတာ ချန်ကျန့်အဖေက အနည်းငယ် အနေရခက်သလို ရှိပေမဲ့ သိသိသာသာ ဒေါသထွက်နေတာ ဒါမှမဟုတ် မပျော်မရွှင်ဖြစ်နေတာမျိုး လုံးဝမတွေ့ရဘူး။

တကယ့်ကို ထူးဆန်းလှပါတယ်။

"ဦးလေး"

ရှန်ယွီက စကားကို ကွေ့ပတ်မနေတော့ဘဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ တိုက်ရိုက်ပင် အဓိကအချက်ကို ပြောလိုက်တော့သည်။

"ချန်ကျန့်က ဦးလေးကို ပြောပြပြီးပြီ မဟုတ်လား ကျွန်တော်နဲ့ သူ့အကြောင်းကိုလေ။"

"အင်း"

ချန်ကျန့်အဖေက လက်ဖက်ရည်ခွက်ကို ယူကာ အခိုးအငွေ့တွေကို မှုတ်လိုက်ပြီး ပြန်ချထားလိုက်သည်။

"ဦးလေးမှာ... တကယ်တော့ ဘာအတွေးမှ မရှိပါဘူး။ မင်းလည်း စိတ်ထဲမှာ အရမ်းကြီး ဖိအားမထားပါနဲ့။"

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေး။ ဒါက တကယ်တော့... တော်တော်လေးကို မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုမျိုးပါ။"

"မင်းရဲ့ မိဘတွေကရော... သူတို့ မင်းအကြောင်း စသိတုန်းက..."

ချန်ကျန့်အဖေက ဘယ်လိုပြောရမှန်း မသိသလိုဖြင့် ခက်ခက်ခဲခဲ စကားစသည်။

"ဒါက... ဒီလိုပဲ ဖြစ်မှာပါပဲ၊ မဟုတ်ဘူးလား"

ရှန်ယွီ ပြုံးလိုက်သည်။

"သူတို့က ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို သိပ်ပြီး ဝင်မစွက်ဖက်ကြပါဘူး။"

"အဲဒီလို ဖြစ်မယ်လို့ ဦးလေး ထင်သားပဲ။ သူတို့က သဘောထားကြီးတဲ့ မိဘတွေပဲလေ"

ချန်ကျန့်အဖေက ခေါင်းညိတ်သည်။

"ပြီးတော့ သူတို့က ပညာတတ်တွေ၊ ဗဟုသုတရှိတဲ့သူတွေဆိုတော့... ဦးလေးလည်း ချန်ကျန့်ကို အခက်အခဲ မဖြစ်စေချင်ပါဘူး..."

ရှန်ယွီ ဘာမှပြန်မပြောမိပေ။ ထိုခဏ၌ ရှန်ယွီ တကယ့်ကို စိတ်လှုပ်ရှားသွားရသည်။ ချန်ကျန့်ရဲ့ဖခင်မှာ ရှုပ်ထွေးတဲ့ အတွေးတွေ သိပ်မရှိဘူးဆိုတာ သိသာလှသည်။ သူကဘော့စ်လျိုနဲ့ ပရော်ဖက်ဆာရှန် ကို အထင်ကြီးလေးစားသလို၊ သူ့သားကိုလည်း အဲဒီလိုမျိုး စွက်ဖက်မှုမရှိဘဲ လွတ်လပ်ခွင့် ပေးချင်နေတာပါ။

ဒါက တကယ့်ကို ရိုးရှင်းပေမဲ့ လုပ်ရခက်တဲ့ အရာမျိုးပါ။

"ဦးလေးက ဒီနှစ်တွေတစ်လျှောက် အပြင်မှာ ကျင်လည်ခဲ့တာ။ ကြီးကြီးမားမားတွေ မလုပ်ခဲ့ရဘူး၊ ထူးထူးခြားခြား လူတွေနဲ့ မဆုံခဲ့ရဘူး ဆိုပေမဲ့လည်း"

ချန်ကျန့်အဖေက ဖြည်းဖြည်းချင်း ပြောသည်။

"လူအမျိုးမျိုးကို တွေ့ခဲ့ဖူးတယ်။ အဖြစ်အပျက်တွေ အများကြီးကိုလည်း ကြုံခဲ့ဖူးတယ်။ အချို့သော အမှန်တရားတွေကို ဦးလေးက ရှင်းမပြတတ်ပေမဲ့ စိတ်ထဲမှာတော့ နားလည်နေပါတယ်။"

"ကျေးဇူးတင်ပါတယ် ဦးလေး။ တကယ်ကို... ကျေးဇူးတင်ပါတယ်ခင်ဗျာ။"

"ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ"

ချန်ကျန့်အဖေက ရှန်ယွီကို ကြည့်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"မင်းက ချန်ကျန့်ရဲ့ ကျေးဇူးရှင်ပဲ။ သူ့ကို မင်း အများကြီး ကူညီပေးခဲ့တယ်၊ ငါတို့ မိသားစုကိုလည်း အများကြီး ကူညီပေးခဲ့တာပဲ..."

"ကျွန်တော်လည်း ကူညီသင့်တာပေါ့ ဦးလေးရာ"

ရှန်ယွီက ပြောပြီးနောက် ခေတ္တစဉ်းစားကာ

"ဒီပတ်သက်မှုမျိုး မရှိဘူးဆိုရင်တောင် ကျွန်တော်ကတော့ သေချာပေါက် ကူညီမှာပါ။ ချန်ကျန့်က တာ့ယွင် အတွက် အရမ်းကို အရေးပါတဲ့သူလေ" ဟု ဖြည့်စွက်ပြောလိုက်သည်။

"ဦးလေး သိပါတယ်"

ထိုစဉ် ရုံးခန်းတံခါးကို ခေါက်သံကြားလိုက်ရသည်။ ဆွန်းနာနာ ဖြစ်ပုံရသည်။

"ဝင်ခဲ့ပါ" ရှန်ယွီက ပြန်ထူးလိုက်သည်။

တံခါးပွင့်လာပြီး ဆွန်းနာနာသည် ဖိုင်တွဲတစ်ခုကို ကိုင်ကာ လျှောက်ဝင်လာသည်။ သူမနောက်တွင် ချန်ကျန့်လည်း ပါလာသည်။ ချန်ကျန့်သည် အထဲရောက်သည်နှင့် ပထမဆုံးလုပ်သည့်အလုပ်မှာ ရှန်ယွီကို လှမ်းကြည့်ခြင်းပင်။

ရှန်ယွီက မတ်တပ်ထရပ်လိုက်ပြီး ဆွန်းနာနာကို ထိုင်ခုံပေးလိုက်သည်။

"ဦးလေး"

ဆွန်းနာနာက ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး ဖိုင်တွဲကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။

"အိမ်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ ပြောပြပါ့မယ်။ အရင်ဆုံး အသေးစိတ် အချက်အလက်အချို့ကို သုံးသပ်ကြည့်ရအောင်။ ဒါမှ ညနေပိုင်း ချန်တာရှန်း နဲ့ သဘောတူညီမှုစာချုပ် ချုပ်တဲ့အခါ ကျွန်မတို့မှာ ခိုင်မာတဲ့ အခြေခံတစ်ခု ရှိနေမှာပါ။"

"ကောင်းပြီ၊ ကောင်းပြီ။ ပင်ပန်းသွားရှာပြီ သမီးရယ်။"

"မပင်ပန်းပါဘူး၊ ဒါက ကျွန်မရဲ့ အလုပ်ပဲလေ"

ရှန်ယွီသည် ရေခဲသေတ္တာထဲမှ ကိုကာကိုလာတစ်ပုလင်းကို ထုတ်ယူကာ ချန်ကျန့်ကို လှမ်းပေးလိုက်သည်။ ရှန်ယွီက ကြည့်ရသည်မှာ အလွန်အေးဆေးနေသဖြင့် စကားပြောဆိုမှုမှာ အဆင်ပြေခဲ့သည်ဟု ယူဆရသည်။

ဘော့စ်ရှန် ဆိုတာ တကယ် မခေဘူးပဲ။

ချန်ကျန့်သည် ကိုကာကိုလာပုလင်းကို လှမ်းယူလိုက်သည်။ သူ၏ဖခင်နှင့် စကားပြောပြီးကတည်းက သူ၏ အာရုံကြောများမှာ အစွမ်းကုန် တင်းမာနေခဲ့ခြင်းဖြစ်သည်။ ယခုလည်း တင်းမာနေဆဲဖြစ်သဖြင့် ကိုကာကိုလာ သောက်ချင်စိတ်ပင် မရှိပေ။

သူ့ဖခင်က ဆွန်းနာနာနှင့် အေးအေးဆေးဆေး စကားပြောနေသည်ကို ကြားလိုက်ရတော့မှသာ ပုလင်းအဖုံးကို လှည့်ဖွင့်ပြီး တစ်ငုံသောက်လိုက်တော့သည်။ လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲအထိ အေးမြပြီး စူးရှရှဖြစ်သွားသော ခံစားချက်က သူ့ကို လန်းဆန်းသွားစေသည်။

"ခဏနေရင် မင်းတစ်ယောက်ယောက်ကို ဆက်သွယ်ပေးဖို့ လိုမယ်"

ရှန်ယွီက ခေါင်းတစ်ဖက်ကို စောင်းကာ စားပွဲဆီသို့ လျှောက်သွားရင်း ချန်ကျန့်ကို သူ၏တင်းမာမှု အရင်းအမြစ်မှ ဝေးရာသို့ ခေါ်ဆောင်သွားသည်။

"အင်း"

ချန်ကျန့်က စားပွဲဆီသို့ ရှန်ယွီနောက်မှ လိုက်သွားသည်။

"ထိုင်လေ"

ရှန်ယွီက ထိုင်ခုံကို ကြည့်ရင်း လေသံတိုးတိုးဖြင့် ဆိုသည်။ ချန်ကျန့်သည် စက္ကန့်အနည်းငယ်ခန့် ဝေခွဲမရဖြစ်သွားပြီးမှ စားပွဲနောက်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

သူ့အဖေက ဒီဘက်ကို မော့ကြည့်လာသည်။ ချန်ကျန့်က သူ့အဖေကို ပြုံးပြလိုက်သည်။ သူ့အဖေက သူ့ကို သဲ့သဲ့လေး ခေါင်းညိတ်ပြသည်။ ထိုအမူအရာလေးမှာ ဂုဏ်ယူမှုနှင့် အားပေးမှုများ သိသိသာသာ ပါဝင်နေလေသည်။

"ဘာကိစ္စလဲ"

ချန်ကျန့်က သူ၏အာရုံကို ပြန်စုစည်းကာ ရှန်ယွီကို မေးလိုက်သည်။ ရှန်ယွီက စားပွဲကို မှီရပ်လိုက်ပြီး သူ့ဖုန်းကို ချန်ကျန့်ရှေ့မှာ ချလိုက်သည်။

"ဒီနံပါတ်ကို မှတ်ထားလိုက်။ ဒါကဘော့စ်ဟယ် တို့နဲ့ ပူးပေါင်းနေတဲ့ အပြင်ဘက်အဖွဲ့ ရဲ့ နံပါတ်ပဲ။"

"အင်း"

ချန်ကျန့်က ဖုန်းစခရင်ကို ကြည့်လိုက်သည်။ ရှန်ယွီ၏ဖုန်းထဲတွင်ဘော့စ်ဟယ်နှင့် ပြောဆိုထားသော စာတိုမှတ်တမ်းများ ပေါ်နေပြီး၊ဘော့စ်ဟယ်က ဖုန်းနံပါတ်တစ်ခု ပို့ထားခြင်းဖြစ်သည်။ သူသည်လည်း သူ၏ဖုန်းကို ထုတ်ကာ ထိုနံပါတ်ကို သိမ်းလိုက်သည်။

"ဒီ မစ္စတာဟောင် ဆိုတာက တာဝန်ခံလား"

"သူက အဖွဲ့ခေါင်းဆောင်လေ။ သူဌေးဟယ် ပြောထားတာတွေကို ကြည့်ပြီး ပူးပေါင်းဆောင်ရွက်လိုက်ဦး။"

ချန်ကျန့်သည် စကားပြောမှတ်တမ်းများကို အပေါ်သို့ ဆွဲတင်ကာ ဖတ်ကြည့်လိုက်သည်။ ယေဘုယျအားဖြင့်တော့ ၎င်းမှာ တောင်တက်ခြင်းနှင့် စက်ဘီးစီးခြင်းကဲ့သို့သော လှုပ်ရှားမှုများကို လုပ်ဆောင်သည့် ကျွမ်းကျင်အဖွဲ့တစ်ခုအကြောင်း ဖြစ်သည်။ ဤအဖွဲ့ခေါင်းဆောင် ဟောင် ကိုဘော့စ်ဟယ်က တောင်တက်ခရီးစဉ်လမ်းညွှန်တစ်ခု ပြုစုရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

"တောင်တက်ခရီးစဉ်လမ်းညွှန်ဆိုတာ ဘာလဲ"

ချန်ကျန့်က မေးလိုက်သည်။

"အဲဒါက လမ်းကြောင်းပြမြေပုံပေါ့"

ရှန်ယွီက သူ၏ဖုန်းထဲရှိ အပြင်ဘက်လှုပ်ရှားမှုဆိုင်ရာ application တစ်ခုကို ဖွင့်ပြသည်။

"စမှတ်နဲ့ ဆုံးမှတ်၊ သွားလာရေးအခြေအနေ၊ လိုအပ်တဲ့ ကိရိယာတွေအပြင်... မြေပြင်အနေအထားက မြေပြန့်လား၊ တောင်ပတ်လမ်းလား၊ လမ်းအမျိုးအစားအလိုက် ဘယ်လောက်ကွာဝေးသလဲ။သွားသင့်တဲ့ အရှိန်နှုန်း စတာတွေကို အသေးစိတ် ဖော်ပြထားတဲ့ လမ်းကြောင်းမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အချက်အလက်တွေ အများကြီးပဲ..."

ချန်ကျန့်က ခေါင်းညိတ်သည်။

"နားလည်ပြီ။ ကျွန်တော်တို့က ဧည့်ခံဖို့နဲ့ အခြေအနေတွေကို မိတ်ဆက်ပေးဖို့ တာဝန်ယူရမှာပေါ့။ ဒါမှ သူ လမ်းကြောင်းတွေသွားရှာတဲ့အခါ ယေဘုယျသဘော နားလည်ထားမှာ။"

"မှန်တယ်"

"ဒါဆို ကျွန်တော်..."

ချန်ကျန့်က သူ့အဖေရှိရာဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"သွားလေ။ သူတို့ကတော့ ဒီမှာ ကြာဦးမှာ။"

ချန်ကျန့်သည် ပထမထပ်ရှိ ဧည့်ကြိုဌာနသို့ ပြန်ဆင်းလာပြီး သူ၏ မှတ်စုစာအုပ်လေးကို ထုတ်လိုက်သည်။ ထိုစာအုပ်ထဲတွင် သူယခင်က မှတ်သားထားသော တောင်ပေါ်လမ်းကြောင်းအချို့ ရှိသည်။ အချို့မှာ သူကိုယ်တိုင် လျှောက်ဖူးခြင်းဖြစ်ပြီး အများစုမှာ ဆန်းပင်း တို့ ပေးထားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဆန်းပင်းတို့အဖွဲ့က သူ့ထက်စာရင် တောင်ပေါ်မှာ အချိန်ပိုကုန်ဆုံးပြီး ပြေးလွှားနေကြသူတွေ မဟုတ်လား။

သူသည် မှတ်စုစာအုပ်ကို လှန်ကြည့်ရင်း ထိုနံပါတ်ကို ခေါ်လိုက်သည်။

တစ်ဖက်မှ ဖုန်းကို ချက်ချင်းပင် ကိုင်လိုက်သည်။

"ဟယ်လို၊ ဘယ်သူပါလဲခင်ဗျာ"

"ဟယ်လို၊ အဖွဲ့ခေါင်းဆောင် ဟော့ရန် လားခင်ဗျာ" ချန်ကျန့်က မေးလိုက်သည်။

"ဟုတ်ပါတယ်"

"နေကောင်းပါသလား အဖွဲ့ခေါင်းဆောင်ဟော့။ ကျွန်တော်က ဟုန်ယဲ့ မြို့က တာ့ယွင် တည်းခိုခန်းရဲ့ မန်နေဂျာ ချန်ကျန့်ပါ။သူဌေးဟယ်က..."

"အော်၊ ဟုတ်ကဲ့ သိပါပြီ။ အခုလို ဆက်သွယ်ပေးတာ ကျေးဇူးတင်ပါတယ်။ဘော့စ်ဟယ်က ပြောတယ်။ ခင်ဗျားတို့ တည်းခိုခန်းမှာ ဒေသခံတွေ ပိုများတော့ အခြေအနေတွေကို ပိုပြီးနှံ့စပ်တယ်ဆိုတာလေ။"

"ဟုတ်ကဲ့ပါ၊ အဖွဲ့ခေါင်းဆောင်ဟော့ သိချင်တာရှိရင် ကျွန်တော့်ကို မေးလို့ရပါတယ်ခင်ဗျာ"

"တွေ့တဲ့အခါမှပဲ အသေးစိတ် ပြောကြတာပေါ့။ အခုလောလောဆယ် ကျွန်တော် အပြင်ရောက်နေလို့ပါ"

အဖွဲ့ခေါင်းဆောင်ဟော့၏ စကားပြောပုံမှာ အလွန်တည့်တိုးဆန်ပြီး အပိုအားနာစကားများ သိပ်မပြောပေ။

"အဆင်ပြေမယ်ဆိုရင် ကျွန်တော် အရင်ဆုံး သိချင်တာက..."

"ဒါက ဘာကြီးလဲ"

အဖွဲ့ခေါင်းဆောင်ဟော့၏ ဘေးနားမှ အမျိုးသားတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒါလား တော်တော်လေး ဆော့လို့ကောင်းမယ့်ပုံပဲ။"

"ဓာတ်ငွေ့မီးအိမ် လေ"

အဖွဲ့ခေါင်းဆောင်ဟော့က တစ်ဖက်ကို အရင်ဖြေပေးပြီးမှ ချန်ကျန့်ဘက်ကို စကားပြန်ဆက်သည်။

"ကျွန်တော် အရင်ဆုံး သိချင်တာက လက်ရှိ ဒေသခံရွာသားတွေ..."

"မီးအိမ်လား ကြည့်ရတာ ဟော့ပေါ့အိုးနဲ့တူတယ်..."

ထိုအမျိုးသားက သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေသည်။

"ဒါက ရှေးဟောင်းဒီဇိုင်းလေ…ပုံမှန်အားဖြင့် ဒေသခံရွာသားတွေ တောင်ပေါ်တက်ရင် သုံးလေ့ရှိတဲ့ လမ်းကြောင်း ဘယ်နှခုလောက်..."

အဖွဲ့ခေါင်းဆောင်ဟော့သည် စကားပြောနေရင်း တစ်ဝက်မှာပင် အသံကို ရုတ်တရက် နှိမ့်လိုက်သည်။

"ဒါ မဟုတ်ဘူး! ပြန်ထားလိုက်စမ်း။"

"ငါတို့ မီးအိမ် မလိုဘူးလား"

တစ်ဖက်အမျိုးသားအသံက ဝင်ရောက်လာပြန်သည်။

"ဒါကြီးကို သယ်သွားမယ့်အစား ဟော့ပေါ့အိုးတစ်လုံးကိုပဲ တောင်ပေါ်သယ်သွားလိုက်တာ ပိုကောင်းမယ်"

အဖွဲ့ခေါင်းဆောင်ဟော့က ပြောလိုက်ပြီး အသံအရ သူသည် ဘေးသို့ ခေတ္တဖယ်ထွက်သွားပုံရသည်။

"တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်ထဲ ရောက်နေလို့ပါ။"

ကျွမ်းကျင်အဖွဲ့ရဲ့ ခေါင်းဆောင်ရယ်၊ သူ့နောက်က ကပ်လိုက်နေတဲ့ သူငယ်ချင်းရယ်ပေါ့။

"ရပါတယ်ခင်ဗျာ။ အဖွဲ့ခေါင်းဆောင် အားတဲ့အချိန်မှပဲ..."

"အခု စကားအနည်းငယ်ပြောဖို့ အဆင်ပြေပါတယ်။ ဒေသခံရွာသားတွေ ပုံမှန် တောင်ပေါ်တက်ရင် သုံးလေ့ရှိတဲ့ လမ်းကြောင်းတွေအကြောင်း အရင် သိချင်လို့ပါ။ အကြမ်းဖျင်း ဘယ်နှခုလောက် ရှိမလဲ ဒါမှ ကျွန်တော် ကြိုတင်ပြီး စီစဉ်လို့ရမှာပါ။"

"အသုံးများတဲ့ လမ်းကြောင်းက လေးခုရှိပါတယ်"

ချန်ကျန့်က မှတ်စုစာအုပ်ကို ကြည့်ရင်း ဆက်တိုက်ပြောပြလိုက်သည်။

"အသုံးသိပ်မများတဲ့ လမ်းကြောင်းအချို့လည်း ရှိပါသေးတယ်။ များသောအားဖြင့် ရေခပ်သွားတာ ဒါမှမဟုတ် မှိုရှာသွားတဲ့ လမ်းတွေပေါ့။ အဲဒါတွေကတော့ တော်တော်များပါတယ်။"

"အိုကေ၊ နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လူငါးယောက်လောက် ခေါ်လာခဲ့မယ်။ သောကြာကနေ တနင်္ဂနွေအထိ သုံးရက်ကြာမှာပါ။"

"ဟုတ်ကဲ့ပါ၊ အခန်း ဘယ်နှခန်း ကြိုတင်စာရင်းသွင်းပေးရမလဲခင်ဗျာ"

ချန်ကျန့်က မေးလိုက်သည်။

"ရိုးရိုး အိပ်ခန်းနှစ်ယောက်တွဲ သုံးခန်းဆို ရပါပြီ။ ရှုခင်းကြည့်အခန်းတွေ မလိုပါဘူး၊ တခြား ထူးထူးခြားခြား တောင်းဆိုချက်လည်း မရှိပါဘူး။ အဆင်ပြေသလိုသာ စီစဉ်ပေးလိုက်ပါ။"

"ကောင်းပါပြီ"

ချန်ကျန့်က မှတ်စုစာအုပ်ထဲတွင် မှတ်သားလိုက်သည်။

"တခြား လိုအပ်တာရှိရင်လည်း ဒီနံပါတ်ကိုပဲ ဖုန်းဆက်ပြီး ကျွန်တော့်ကို မေးလို့ရပါတယ်ခင်ဗျာ။"

"မန်နေဂျာချန်... ဟုတ်တယ်မဟုတ်လား"

"ဟုတ်ပါတယ်၊ ကျွန်တော့်နာမည်က ချန်ကျန့် ပါ။ 'ရှန်းကျန့်' တောင်ကျစမ်းချောင်း ထဲက 'ကျန့်' ပါ" ဟု

"နာမည်လေးက လှသားပဲ ။ ဒါဆို ကျွန်တော်တို့ သောကြာနေ့မှ တွေ့ကြတာပေါ့။"

"သောကြာနေ့မှ တွေ့ကြမယ်ခင်ဗျာ"

ဆန်းပင်း က ဧည့်ကြိုစားပွဲကို မှီရပ်ရင်း "စူးစမ်းလေ့လာရေးအဖွဲ့ လာမှာလား" ဟု လှမ်းမေးသည်။

"ဘာ စူးစမ်းလေ့လာရေးအဖွဲ့လဲ ဒီမှာ လေ့လာစရာ ဘာရှိလို့လဲ"

"ဘော့စ်ရှန်က အဲဒီလို ပြောတာလေ"

"သူပြောသမျှ အကုန်ယုံနေတာလား"

ချန်ကျန့်က သူ့ကို တစ်ချက်ကြည့်ကာ

"စားပွဲကို မမှီနဲ့လေ။"

ဆန်းပင်းက မတ်မတ်ရပ်လိုက်ပြီးနောက် ခေတ္တစဉ်းစားကာ ဧည့်ကြိုစားပွဲပေါ်သို့ တံတောင်ဆစ်များ ထောက်လိုက်ပြန်ရင်း

"ဒါနဲ့... ဖန်ဖန် ပြောတာတော့ မင်းအဖေ ရောက်နေတယ်ဆို"

"ဒီလစာထဲက ယွမ်နှစ်ဆယ် ဖြတ်ရလိမ့်မယ်"

ချန်ကျန့်က ဆန်းပင်းရဲ့ တံတောင်ဆစ်တွေကို ကြည့်ရင်း ပြောလိုက်သည်။

"ပြီးတာပဲဗျာ၊ ပြီးတာပါပဲ"

ဆန်းပင်းက ခေတ္တမျှ ကြောင်သွားပြီးမှ ပြန်ပြီး မတ်မတ်ရပ်လိုက်သည်။

"မန်နေဂျာကတော့ တကယ့်ကို အားကိုးရတာပဲ။"

"လျှောက်မပြောပါနဲ့ ။ ငါ့အဖေက ငါတို့အိမ်ကိစ္စအတွက် လာတာပါ..."

"ဒါဆို ဦးလေးချန်က ရွာကို ပြန်လာတော့မှာလား"

ဆန်းပင်းက ချက်ချင်းဆိုသလို မေးလိုက်သည်။

"အဲဒါတော့ မသိသေးဘူး"

"သူ ပြန်လာနိုင်ရင် ပြန်လာခိုင်းလိုက်ပါကွာ။ အခုဆို မင်းလည်း တော်တော်လေး အဆင်ပြေနေပြီပဲ။ သူ မြို့ထဲမှာ ဒီလောက်ကြီး ပင်ပန်းခံနေစရာ မလိုတော့ပါဘူး။ ငါ့အဖွားတောင် ငါ့အဖေကို ပြန်လာစေချင်နေတာ။ အဘွားကြီးကတောင် ငါတို့နယ်မြေက နောင်ကျရင် အကျိုးအမြတ်တွေ အများကြီး ရလာတော့မယ်ဆိုတာ သိနေတယ်လေ။"

ချန်ကျန့် ဆန်းပင်းကို ကြည့်လိုက်သည်။

"ဒါနဲ့... မင်းကရော အပြင်ထွက်ဖို့ မစဉ်းစားတော့ဘူးလား"

"လောလောဆယ်တော့ ဒီမှာပဲ နေဦးမှာပါ။ ဘယ်ကိုပဲသွားသွား ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်၊ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ရမယ်လေ။ လောင်ဝူ ကို ကြည့်ဦး။ တင်းတင်း ထွက်သွားတာနဲ့ သူက နိုးကြားလာသလိုပဲ။ တော်တော်လေးလည်း ကြိုးစားနေတယ်။ နောက်ပြီး မြို့ငယ်လေးရဲ့ အင်တာနက်ဆယ်လီ တာ့ယွင် ရဲ့ မင်းသားကြီး ဖြစ်ဖို့တောင် စိတ်ကူးနေတာလေ။"

ချန်ကျန့် တဟားဟား ရယ်မောမိတော့သည်။ ထိုစဉ် ဆွန်းနာနာသည် ဖိုင်တွဲကို ကိုင်ကာ ဓာတ်လှေကားထဲမှ ထွက်လာသည်။

"စကားပြောလို့ ပြီးပြီလား" ချန်ကျန့် မေးလိုက်သည်။

"အင်း။ ယေဘုယျအားဖြင့်တော့ ပြဿနာ မရှိတော့ပါဘူး။ အခု ဦးလေးတင် ဆီ သွားဦးမယ်။"

"ညစာစားဖို့ ပြန်လာမှာလား"

လောင်စစ်က နောက်ဖေးခြံထဲမှ ဝင်လာပြီး အမှတ်မထင် မေးလိုက်သည်။

"လာမှာပေါ့၊ နာရီဝက်နေရင် ပြန်လာခဲ့မယ်။ ဦးလေးချန်နဲ့အတူ ရွာဘက်ကို သွားစရာရှိသေးလို့။ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး၊ ရွာသွားမယ်လို့ ပြောတာကြားလို့ပါ" ဟု လောင်စစ်က ပြောသည်။

"အခုတလော နင့်ကို သိပ်မတွေ့ရဘူး။ တစ်ခါသွားရင်ကို ရက်တော်တော်ကြာ ပျောက်နေတာလေ။"

"ငါ့ကို လွမ်းနေတာလား"

ဆွန်းနာနာက ပြုံးစစဖြင့် မေးလိုက်သည်။

"ဒါက ခံစားချက်တစ်ခုပါပဲ"

လောင်စစ်က ဧည့်ကြိုစားပွဲကို မှီရပ်ရင်း အဝေးတစ်နေရာကို ငေးကြည့်ကာ ဆိုသည်။

"ဒီမှာ လူတွေအများကြီးနဲ့ နေသားကျနေပြီဆိုတော့... တစ်ယောက်ယောက် မရှိရင် ဖော်ပြလို့မရတဲ့ ခံစားချက်ကြီး ဖြစ်နေလို့လေ။ လွမ်းတာလား တမ်းတတာလား"

"ယွမ်နှစ်ဆယ်!"

ဆန်းပင်းက လောင်စစ်ရဲ့လက်ကို လက်ညှိုးထိုးပြပြီး ချန်ကျန့်ကို လှမ်းကြည့်ကာ

"ယွမ်နှစ်ဆယ်! ဒါ ယွမ်နှစ်ဆယ် ဖြတ်ရမှာ မဟုတ်လား မန်နေဂျာ"

"အရင်ဆုံး သတိပေးချက်ပဲ ပေးလိုက်ဦးမယ်။ ဧည့်ကြိုစားပွဲကို မမှီရဘူး"

ချန်ကျန့်က ပြောရင်း ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။ အပေါ်ထပ် ရုံးခန်းထဲမှာ သူ့အဖေနဲ့ ရှန်ယွီ နှစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့ သူ အမြန်သွားဖို့ လိုအပ်နေသည်။

"ဘာမှီတာလဲ" လောင်စစ်က စားပွဲကို ဆက်မှီထားရင်း မေးသည်။

"ဘယ်သူမှီလို့လဲ"

"စားပွဲကို မမှီပါနဲ့ဆို"

ချန်ကျန့်က လမ်းလျှောက်ရင်း လှမ်းပြောသည်။

"ငါ့ရင်ဘတ်ကိုပဲ မှီလိုက်စမ်းပါ!"

လောင်စစ်က သူ့ရင်ဘတ်ကို သူပုတ်ပြလိုက်သည်။ ဒါက သူတို့ရိုက်နေတဲ့ ဇာတ်ညွှန်းထဲက ဘယ်သူ့စကားလဲတော့ မသိပေ။

"ယွမ်နှစ်ဆယ်!" ဆန်းပင်းက အော်သည်။

"နှစ်ဆယ် ဖြတ်လိုက်ပြီ" ချန်ကျန့် ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်။

ဓာတ်လှေကားတံခါး ပိတ်သွားစဉ်မှာပင် ဆန်းပင်း၏ ပျော်ရွှင်စွာ ရယ်မောသံနှင့် လောင်စစ်၏ ခုခံငြင်းခုံသံများကို သူ ကြားလိုက်ရသေးသည်။ ရုံးခန်းတံခါးမှာ အနည်းငယ် ဟနေပြီး အထဲမှ ဖခင်ဖြစ်သူ၏ အသံကို ကြားနေရသည်။ ချန်ကျန့် လက်ကို မြှောက်လိုက်သော်လည်း တံခါးမခေါက်ဘဲ တံခါးကို မှီကာ အသာလေး နားစွင့်နေမိသည်။

"ချန်ကျန့်က တကယ့်ကို အားကိုးရတဲ့သူပါ။ ငါ့သားမို့လို့ ကြွားနေတာ မဟုတ်ပါဘူး။ ဒီကလေးက ငယ်ငယ်ကတည်းက အားကိုးထိုက်တဲ့သူ ဖြစ်ခဲ့တာ..."

ခုထိ ကြွားနေတုန်းပဲလား။ လမ်းတစ်လျှောက်လုံး ကြွားလာတာလေ။

အန်ကယ်ကျုံးကို ကြွားပြီးတော့ အခု ရှန်ယွီကို ထပ်ကြွားနေပြန်ပြီ။

"ကျွန်တော် မြင်နိုင်ပါတယ်ခင်ဗျာ"

တော်တော်လေးကို လိုက်လျောညီထွေဖြစ်အောင် ပြောပေးနေတာပဲ။

"အခု သူက ဒီလိုမျိုး ဖြစ်နေပြီဆိုတော့...ငါ့မှာ ဘာနောင်တမှ မရှိတော့ဘူး။ ဘာမှမရှိတော့ဘူး။ ငါ့ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး အေးအေးဆေးဆေး နေနိုင်သွားပြီ..."

"အဲဒီလို မပြောပါနဲ့ ဦးလေးရာ။ အဲဒါက ကြားရတာ တစ်မျိုးကြီး..."

ပါးစပ်ပိတ်ထားစမ်း!

ချန်ကျန့် တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။

နားထောင်ရတာက သေတမ်းစာကြီးလို ဖြစ်နေတာမှန်ပေမဲ့ အဲဒါကို အပြင်ထုတ်ပြောလို့ မဖြစ်ဘူးလေဘော့စ်ရဲ့!

"ပါး…ပါး ကလည်း..."

"မင်း အလုပ်ရှုပ်နေတာ မဟုတ်လား" ဖခင်ဖြစ်သူက မေးသည်။

"ဟုတ်ကဲ့။ခုနက ဖုန်းတစ်ချက် ဆက်နေလို့ပါ။"

"အဖေ မင်းရဲ့အဆောင်မှာ ခဏသွားနားလိုက်ဦးမယ်။ မန်နေဂျာဆွန်းက ခဏနေရင် ရွာကို အတူတူသွားမယ် ပြောထားလို့လေ။"

"ဟုတ်ကဲ့"

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

"အိပ်ပျော်ရင် ခဏလောက် မှေးလိုက်ဦးနော်။ အဖေ ကြည့်ရတာ တော်တော်လေး ပင်ပန်းနေပုံရလို့။"

"အေးပါ၊ အေးပါ"

ဖခင်ဖြစ်သူက ပြောရင်း ရုံးခန်းထဲမှ ထွက်သွားလေသည်။

ချန်ကျန့်သည် တံခါးအဟလေးမှတစ်ဆင့် ဖခင်ဖြစ်သူ အဆောင်ထဲဝင်သွားသည်အထိ စောင့်ကြည့်နေမိသည်။ ထို့နောက် တံခါးကို အသာအယာ ပြန်ပိတ်လိုက်ပြီးမှ ရှန်ယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဘာလဲ" ရှန်ယွီက စားပွဲကို မှီရပ်ရင်း သူ့ကို ပြန်ကြည့်ကာ မေးသည်။

ယွမ်နှစ်ဆယ် ဖြတ်ရမယ်။

"ဘယ်လို ခံစားရလဲ ဘော့စ်ရှန်"

"ငါ့ခံစားချက်လား"

"အင်း"

"အရမ်း... ပျော်တယ် ။ ပြီးတော့ အရမ်းကို စိတ်အေးလက်အေး ရှိသွားသလိုပဲ။ မင်းရော ဘယ်လိုလဲ"

"ကျွန်တော်လည်း မသိတော့ဘူး။ အခုထိ သတိတောင် ကောင်းကောင်း ပြန်မဝင်သေးသလိုပဲ။ အခု စိတ်လှုပ်ရှားနေသလိုလို၊ ရင်တုန်နေသလိုလိုနဲ့..."

"အခုထိ ရင်တုန်နေတုန်းလား"

"အင်း" ချန်ကျန့်က တံခါးဘက်ကို လှမ်းကြည့်ရင်း …

"ပြီးတော့ ပါးကို မြင်ရတာ တစ်မျိုးကြီး အနေရခက်သလို ခံစားနေရလို့။"

"ဒီကိုလာဦး" ရှန်ယွီက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

"အနေရခက်နေတဲ့ လုံးလုံးလေး ကို ဖက်ပေးမလို့။"

ချန်ကျန့် ပြုံးလိုက်ပြီး ရှန်ယွီအနားသို့ လျှောက်သွားကာ ဖက်လိုက်သည်။ ရှန်ယွီက သူ့ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားပြီး ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

"ငါလည်း တကယ်ကို အံ့သြမိပါတယ်။"

“ဒါက ဖြစ်သင့်တဲ့အတိုင်း ဖြစ်လာတာပါပဲ။ ပြီးတော့ ငါ မင်းကို အရမ်းချစ်တယ်"

ရှန်ယွီက တိုးတိုးလေး ဆိုသည်။

"အဲဒီအတိုင်းပဲ ဆက်ချစ်ပေးရမယ်နော်"

ချန်ကျန့်က ဆက်ပြီး ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်လည်း အတူတူပါပဲ။ မင်းကို အရမ်းချစ်တယ်။"
__________________________________________________________________________


TN // ဓား မရှိတော့ ခွေးသွေးလည်းသောက်စရာမလိုဘဲ အေးအေးချမ်းချမ်းလေး နဲ့ နှုတ်ဆက်ရတော့မယ်။

NEXT

Comments

  1. နှစ်ယောက်သား ချစ်ကြောင်းဖွင့်ဟကြရင် ကြည်နူးဖို့သိပ်ကောင်းတာပဲ

    ReplyDelete
  2. မခွဲချင်သေးဘူး ဆက်မဖတ်ပဲ ရပ်ထားလိုက်တော့မယ်

    ReplyDelete
  3. ဟော့ရန် က ခို့ချန်ရဲ့ ဟော့ရန်ထင်တယ် ။

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...