Skip to main content

16






အခန်း (၁၆) ငါ့ကို ခြေကုပ်အဖြစ် အသုံးချနေတာပဲ


မုန့်ယွမ်က လျှောက်လမ်းအတိုင်း တစ်စုံတစ်ယောက် ထွက်ခွာသွားသည်ကို လှမ်းမြင်လိုက်သဖြင့် အမှတ်မထင် မေးလိုက်မိသည် ။

"စောစောက ဘယ်သူလဲ"

"ရှဲ့ယို့ပါ ။ သူ တစ်ခုခုကိစ္စရှိလို့ လာပုံရတယ်။ ကျွန်တော်နဲ့ အမှတ်မထင် ဆုံမိတာရယ်"

ယွီနျန့်က မုန့်ယွမ်၏ အပြေးအလွှား ရောက်လာသော ပုံစံကို ကြည့်ပြီး

"ဘာဖြစ်လို့လဲ အစ်ကိုမုန့်" ဟု ထပ်မေးသည်။

မုန့်ယွမ်က ဒေါသတကြီးဖြင့် "နောက်ဆုံးတော့ ငါ သိလိုက်ရပြီကွာ၊ တောက်..."

သူက အသံကို နှိမ့်လိုက်ပြီး

"ဒီအပိုင်းမှာ အစားထိုးရောက်လာမယ့် အဆိုတော်ရှိတယ်မလား။ အဲဒီကောင် ရှေ့မှာ လောင်ဟဲနဲ့ ပြဿနာတက်နေတယ်။ အစီအစဉ်အဖွဲ့က စီစဉ်ပေးတဲ့ ဧည့်သည်အဆိုတော်က နာမည်မကြီးလို့ဆိုပြီး သူက ငြင်းနေတာလေ။ နာမည်မကြီးဘူး ဟုတ်လား။ အဲဒီဧည့်သည်အဆိုတော်က မင်းသားကြီးအဆင့်ရှိတာတောင် သူ့အတွက် မလောက်သေးဘူးလား။ သူကရော ဘယ်အဆင့်မို့လို့လဲ!"

ယွီနျန့် သဘောပေါက်သွားပြီ။

"ကျွန်တော်နဲ့ ရှမင်းရှီးကြောင့်လား"

မုန့်ယွမ်က နှာခေါင်းရှုံ့လိုက်ရင်း

"အဲဒါတင်မကဘူး။ မင်းက ယွီချင်းကို ဖိတ်ထားတယ်။ ရှမင်းရှီးက ဆယ်စုနှစ်တစ်ခုကျော် နာမည်ကြီးနေတဲ့ စွန်းလင်ကို ဖိတ်ထားတယ်။ ရွှီရွှမ်ရဲ့ကုမ္ပဏီကလည်း သူမကို မိန်းကလေးအဖွဲ့ကို တင်ချင်နေတာဆိုတော့ နာမည်ကြီးနေတဲ့ စီနီယာအစ်မတစ်ယောက်ကို အထူးတလည် အကူအညီတောင်းပြီး လွှတ်ပေးလိုက်တယ်။ တစ်ဖက်လူကလည်း အယ်လ်ဘမ်အသစ် ထွက်ထားခါစဆိုတော့ ဒီကိုလာပြီး ကြော်ငြာရတာကို သဘောတူတာပေါ့။”

အစီအစဉ်အဖွဲ့ကလည်း သူတို့ကို မတရားမလုပ်ပါဘူး။ ပိုက်ဆံအများကြီးအကုန်ခံပြီး ဝါရင့်အဆိုတော် နှစ်ယောက်ကို ဖိတ်ပေးထားတာပဲ။ သူတို့က လက်ရှိမှာ မင်းတို့သုံးယောက်လောက် လူပြောမများပေမဲ့ တကယ့်ကို အရည်အချင်းရှိတဲ့သူတွေပဲလေ။"

ယွီနျန့်သည် ကွယ်ရာတွင် အတင်းပြောရသည်ကို မနှစ်သက်မှန်း မုန့်ယွမ် သိသဖြင့်

"ငါ သတိပေးရုံတင်ပါ၊ ဒီ အိုရန်ယွီ ဆိုတဲ့ကောင်က ပြဿနာရှာတတ်တဲ့သူမျိုး။ သူ ရောက်လာရင်တော့ ငြိမ်နေမှာ မဟုတ်ဘူး။"

မုန့်ယွမ်သည် အိုရန်ယွီက ဟဲချိုးပိုင်ကို ပြဿနာရှာပြီး

"ဘာလို့ ယွီနျန့်ကျတော့ ယွီချင်းနဲ့ တွဲခွင့်ရပြီး ငါကျမှ နာမည်ကျတော့မယ့် အဆိုတော်နဲ့ တွဲရတာလဲ"

ဟု မေးခွန်းထုတ်နေသည်ကို ကြားခဲ့သော်လည်း ယွီနျန့် စိတ်ဖိစီးသွားမည်စိုးသဖြင့် ထိုအကြောင်းကို ထည့်မပြောခဲ့ပေ။

"အစ်ကိုမုန့် စိတ်မပူပါနဲ့။ ကျွန်တော် သတိထားပါ့မယ်။"

ယွီနျန့် မုန့်ဗူးလေးတွေကို ကိုင်ပြီး မိတ်ကပ်ပြင်ခန်းကို ပြန်ရောက်လာတဲ့အချိန်မှာပဲ အစမ်းလေ့ကျင့်မှု ပြီးသွားတဲ့ ရှမင်းရှီးက အပြေးအလွှား ရောက်လာပြီး ယွီနျန့်ကို အတင်းဆွဲကာ အတင်းအဖျင်းတွေ ပြောပါတော့သည်။

"ဒီရှိုးကို လာဖို့ ရွေးချယ်ခဲ့တာ တကယ်ကို မှန်သွားပြီဆိုတာ ငါ အခုမှ သိတော့တယ်!"

ယွီနျန့်က မင်းရှီး၏ တောက်တောက်ပပ မျက်လုံးတွေကို ကြည့်ပြီး ရယ်ချင်သွားကာ

"နေရာတိုင်းမှာ အတင်းအဖျင်းတွေ ရှိနေလို့လား" ဟု မေးပေးလိုက်သည်။

"အဲဒါပေါ့! ဒါက အတင်းအဖျင်းတွေ စီးဆင်းနေတဲ့ စမ်းရေတွင်းကြီးအတိုင်းပဲ!"

ရှမင်းရှီးက စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြောသည်။

"အရင်က ဖန်းဟွ ၊ အခု အိုရန်ယွီ ရောက်လာပြန်ပြီ။ ငါကြည့်ရသလောက်တော့ ဒါရိုက်တာဟဲ တစ်ယောက် ဆံပင်တွေ အကုန်ကျွတ်တော့မယ် ထင်တယ်"

ယွီနျန့်က နားမလည်သလိုနဲ့

"ဒါနဲ့... ငါ ခုနက ရှာကြည့်တော့ အိုရန်ယွီက သရုပ်ဆောင်ဘက်ကို သွားနေတာ မဟုတ်ဘူးလား"

"သရုပ်ဆောင်တာပဲလေ။ သူက အခု နာမည်ကြီး အိုင်ဒေါဒရမ်မာတစ်ခုမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားတာ။ အခုလည်း Cyan Love ဆိုတဲ့ ဝက်ဘ်ဒရမ်မာ လွှင့်နေတယ်လေ။ သူ့ကုမ္ပဏီက သူ့ကို အစွမ်းကုန် ပံ့ပိုးပေးဖို့ ပြင်နေတာနေမှာ။ လူသိများအောင် သီချင်းဆိုခိုင်းတာပေါ့။"

ရှမင်းရှီးက နှုတ်ခမ်းဆူလိုက်ပြီး

"သူ့ရဲ့ ပရိသတ်တွေက တကယ့် ငစွာတွေ။ တအား ပြင်းထန်ကြတာ။ သူကသာ ဘေးကနေ တစ်ခုခု မြှောက်ပင့်ပေးလိုက်ရင် ဒီရှိုးရဲ့ တရားဝင်ပေ့ချ်တော့ ၈၀ ရာခိုင်နှုန်းလောက် ပေါက်ကွဲသွားမှာ အသေအချာပဲ။"

မင်းရှီးကျေးဇူးနဲ့ ယွီနျန့် လက်ရှိအနေအထားကို သေချာ သဘောပေါက်သွားပြီ။

"ဒါပေမဲ့ အစီအစဉ်အဖွဲ့ကတော့ အလျှော့ပေးမှာ မဟုတ်ဘူး။ မဟုတ်ရင် တခြားဧည့်သည်တွေကို အားနာစရာ ဖြစ်ကုန်မှာပေါ့။"

"ဟုတ်တယ်။ ဒါကြောင့် ငါ့မှာ အာရုံတစ်ခု ရနေတာ... အိုရန်ယွီ တစ်ခုခုတော့ လုပ်တော့မယ်ဆိုတာ"

နာရီဝက်ခန့်အကြာတွင် အိုရန်ယွီသည် လက်ထောက်နှစ်ဦးနှင့်အတူ မိတ်ကပ်ပြင်ခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။ သူသည် ယွီနျန့်ကို ခြေဆုံးခေါင်းဆုံး တမင်တကာ စိုက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မဟပေ။

ယွီနျန့်ကတော့ တစ်ဖက်လူ၏ အမူအရာကို ဂရုမစိုက်ပါ။ သူသည် ရှဲ့ယို့ ပေးပို့လိုက်သော သစ်သားမုန့်ဗူးလေးကို ဖွင့်ကာ ဗိုက်စာသက်သာအောင် မုန့်စားရန် ပြင်ဆင်နေသည်။

ရှမင်းရှီးက အနားသို့ ရောက်လာပြီး မုန့်ဗူးပေါ်တွင် ရိုက်နှိပ်ထားသော စာလုံးများကို မြင်လိုက်ရသောအခါ အကြီးအကျယ် အံ့ဩလျက်

"ချင်းဟဲလမ်းက အဲဒီဆိုင်ရဲ့ မုန့်တွေလား ။ အခု အဲဒီဆိုင်ရှင်က အသက်ကြီးနေပြီလေ။ တစ်နေ့ကို မုန့် ဆယ်ဗူးပဲ လုပ်တာ။ ဝယ်ဖို့ တကယ်ကို ခက်ခဲလွန်းတာ!"

ယွီနျန့်က လက်တွန့်သွားပြီး

"ဝယ်ဖို့ အဲဒီလောက်တောင် ခက်နေပြီလား"

ဒီမုန့်ဆိုင်လေးက သူ့အိမ်နဲ့ အရမ်းနီး၏။ သူငယ်ငယ်ကတည်းက စားရတာကို အလွန်ကြိုက်ခဲ့တာ။ မုန့်ဆိုင်ပိုင်ရှင် အဘိုးကြီးက ရက်အနည်းငယ်ခြားတိုင်း မုန့်တစ်ဗူး ပို့ပေးလေ့ရှိပြီး ယွီနျန့် ပျော်ရွှင်စေရန်အတွက် မုန့်လေးများကို တိရစ္ဆာန်ပုံစံလေးများ အထူးတလည် လုပ်ပေးတတ်ခဲ့သည်။

ဒါပေမဲ့ ရှဲ့ယို့က သူ ဒီဆိုင်ကမုန့်တွေကို ကြိုက်မှန်း ဘယ်လိုသိသွားတာလဲ ဒါမှမဟုတ်... တိုက်ဆိုင်မှုသက်သက်ပဲလား။

"ဟုတ်တယ်။ ငါ့မားမားဆိုရင် အရင်က အဲဒီမုန့်ကို အရမ်းကြိုက်တာ။ ဝလာမှာကို ကြောက်တဲ့ကြားထဲကနေတောင် လက်ထောက်အစ်မကို အတင်းတန်းစီခိုင်းတာလေ။ သုံးရက်တိတိ တန်းစီပြီးမှ ဝယ်လို့ရခဲ့တာ!"

ရှမင်းရှီးက မျက်မှောင်ကြုတ်ပြီး မုန့်ဗူးကို ကြည့်လိုက်သည်။

"ငါလည်း လွန်ခဲ့တဲ့ နှစ်ရက်ကတင် သုံးပေါင်တောင် တက်သွားတာ! ကွတ်ကီးတွေအကုန် အသိမ်းခံလိုက်ရတယ်! တကယ်လို့ ငါ့မန်နေဂျာသာ ငါအချိုတွေစားနေတာ သိသွားရင်တော့ အသက်အန္တရာယ်တောင် စိုးရိမ်ရမယ့် ကိစ္စပဲ!"

ယွီနျန့်က မုန့်ဗူးအဖုံးကို ပြန်ပိတ်လိုက်ရင်း

"အိုကေ... ငါ မင်းကို မဆွတော့ပါဘူး။ အိမ်ကျမှပဲ ဖြည်းဖြည်းချင်း စားတော့မယ်။"

ရှဲ့ယို့၏ အပြန်အလှန်လက်ဆောင်က တကယ်ကို အသေးစိတ်ဂရုစိုက်လွန်းတာကြောင့် သူပေးခဲ့သည့် သကြားလုံးကို ရှဲ့ယို့ တကယ်ကြိုက်ပုံရတယ်လို့ ယွီနျန့် တွေးမိသွားသည်။ အိမ်ပြန်ရောက်ရင် သကြားလုံး အမျိုးအစားအသစ်တွေ ထပ်စမ်းလုပ်ကြည့်ရမည်။ နောက်တစ်ခါ ရှဲ့ယို့နဲ့ ထပ်ဆုံရင် သူ့ကို မြည်းစမ်းကြည့်ဖို့ ထပ်ပေးနိုင်တာပေါ့။

မုန့်ယွမ်နဲ့ ရှမင်းရှီးတို့ရဲ့ ခန့်မှန်းချက်တွေကတော့ မှန်ကန်သွားခဲ့ပါပြီ။

ယွီနျန့်က လက်ကားစျေးက ဝယ်ထားသည့် ပွပွယောင်းယောင်း တီရှပ်အဖြူလေးကို ဝတ်ထားပြီး ပုခုံးပေါ်မှာ တာဝါအဖြူလေး တင်ထားသည်။ သူက နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ရင်း ဖုန်းကို ကောက်ကိုင်လိုက်တဲ့အချိန်မှာပဲ WeChat ကနေ အသိပေးချက်တွေ တောက်လျှောက် တက်လာတော့သည်။ ဝင်ကြည့်လိုက်တော့ ရှမင်းရှီးက လင့်ခ်တွေနဲ့ Screenshot တွေ အများကြီး ပို့ထားပေးသည်ကို တွေ့လိုက်ရသည်။

သူ လင့်ခ်တစ်ခုကို နှိပ်ကြည့်လိုက်တဲ့အခါမှာတော့

"အိုရန်ယွီက သူ့နာမည်အရင်းကို သုံးပြီး အစီအစဉ်အဖွဲ့ရဲ့ မမျှတတဲ့ လုပ်ရပ်တွေနဲ့ နောက်ကွယ်က အမှောင်ဘက်ခြမ်းတွေကို ထုတ်ဖော်လိုက်ပြီ။ သူဟာ မတရား ဆက်ဆံခံရပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတယ်လို့ ဆို" ဆိုသည့် ပို့စ်တစ်ခုကို တွေ့လိုက်ရပါတော့သည်။

ခေါင်းစဉ်ရှည်ကြီးရဲ့ အနောက်မှာတော့ "Boom" ဆိုတဲ့ စာလုံးကြီးက အထင်းသား ပေါ်နေသည်။ ယွီနျန့်လည်း အဲဒီထဲကို နှိပ်ကြည့်လိုက်မိသည်။

[အိုရန်ယွီလား နာမည်က ရင်းနှီးနေသလိုပဲ။ ဟိုဝက်ဘ်ဒရမ်မာထဲက ခေါင်းဆောင်မင်းသားလား။ သူက တကယ်ကြည့်ကောင်းတာပဲ! ဒါပေမဲ့ သူက ဘာလို့ သီချင်းဆိုတာလဲ]

[အစ်ကိုက တကယ်သတ္တိရှိတာပဲ! သူက နာမည်သိပ်မကြီးသေးတဲ့ အနုပညာရှင်အသစ်လေး ဖြစ်ပေမဲ့ အစီအစဉ်အဖွဲ့ရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေကြောင့် ပြိုင်ပွဲကနေ ထွက်လိုက်ရတာပေါ့။ အခုလို အမှန်တရားကို ထုတ်ဖော်ပြောရဲတာ တကယ်ကို မလွယ်ကူပါဘူး!]

[ဒီလိုမျိုး ရှုံးနိမ့်သွားတာကို မကျေနပ်နိုင်ဘူးလား။ ပြိုင်ပွဲက ထွက်လိုက်ရပြီးမှ အစီအစဉ်အဖွဲ့က မရိုးသားဘူးလို့ စွပ်စွဲနေတာလား။ ရှက်တတ်ရင် ကောင်းမှာပဲ။ ပြီးတော့ အစီအစဉ်က ထုတ်တောင်မလွှင့်ရသေးဘူး၊ သူ့ရဲ့အဆင့်ကို ကြိုပြောပြနေပြီ။ ဒီလိုအပြုအမူက တကယ်ကော ဟုတ်ရဲ့လား]

[ဒီမှာ တစ်ခုခုတော့ မရိုးသားတာ အမှန်ပဲ။ ရှမင်းရှီးအကြောင်းကိုတော့ မပြောတော့ပါဘူး၊ ငါတို့က အနုပညာမျိုးဆက်သခင်လေးတွေကို သွားပြီးတော့ မရန်စရဲဘူးလေ! ၁၈ ဆင့်လောက်ရှိတဲ့ မိန်းကလေးအဖွဲ့က ရွှီရွှမ်တောင်မှ နာမည်ကြီးတဲ့သူကို ဖိတ်ခေါ်နိုင်ခဲ့သေးတာပဲ! ယွီနျန့်ဆိုတဲ့တစ်ယောက်ကတော့ ပိုတောင်လွန်သေးတယ်။ သူက လုံးဝလူသစ်ဖြစ်နေတာတောင် ယွီချင်းကို ဖိတ်ပြီး အတူတူ ဖျော်ဖြေခိုင်းနိုင်တယ်တဲ့! ဘာမှမရိုးသားတာ မရှိဘူးလို့ ခင်ဗျားတို့က တကယ်ပဲ ယုံနေတာလား]

[နျန့်နျန့်ကို ဆွဲမထည့်ပါနဲ့။ မင်းတို့မိသားစုနဲ့ အစီအစဉ်အဖွဲ့ ဘယ်လိုပဲ ပြဿနာတက်တက်၊ ငါတို့ နျန့်နျန့်ကိုတော့ လာမပတ်သက်ပါနဲ့။ ငါတို့ နျန့်နျန့်က သီချင်းကောင်းကောင်းဆိုဖို့ပဲ စိတ်ဝင်စားတာပါ!]

[သီချင်းကောင်းကောင်းပဲ ဆိုချင်တာ ဟုတ်လား။ အပြစ်ကင်းစင်ဟန် ဆောင်နေတာလား။ စတုတ္ထမြောက်အပိုင်းတောင် မလွှင့်ရသေးဘူး၊ အဆင့်သတ်မှတ်ချက်တွေလည်း မထွက်သေးဘူးမလား။ ဒါပေမဲ့ ပထမနေရာကိုတော့ ကြိုသတ်မှတ်ထားပြီးသား ဖြစ်မှာပဲ၊ ယုံလား မယုံလား]

[နျန့်နျန့်က ပထမနေရာနဲ့ ထိုက်တန်ပါတယ်! မျက်စိမပါဘူးလား။ သူ့ရဲ့ သီချင်းဆိုစွမ်းရည်နဲ့ ကကွက်တွေကို မမြင်ဘူးလား။ မရိုးသားတဲ့ အပေးအယူတွေဆိုတဲ့ သတင်းတွေက ဘယ်ကနေ ဒီလောက်တောင် ထွက်လာရတာလဲ]

ယွီနျန့်က ဒါကို မြင်လိုက်ရတဲ့အခါ စာမျက်နှာကို ပိတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ရှမင်းရှီးကို စာပြန်လိုက်သည်။

[အိုရန်ယွီက လူတိုင်းကို ရေထဲဆွဲချဖို့ ကြိုးစားနေတာလား]

ရှမင်းရှီးက ချက်ချင်းပဲ အသံဖိုင်ပို့လာ၏။ သူ့လေသံက လုံးဝမတည်ငြိမ်ဘူး ။

"ဘယ်က လူတိုင်းကို ဆွဲချတာလဲ။ သူက မင်းတစ်ယောက်တည်းကိုပဲ ဆွဲချနေတာ! ငါ့ကိုတော့ သူ မထိရဲဘူး။ ရွှီရွှမ်ကလည်း မိန်းကလေးဖြစ်နေတော့ သိပ်ပြီး အရာမထင်ဘူး။ မင်းက အခု လက်ရှိမှာ အပြောအများဆုံး ဖြစ်နေပြီး အရှိန်အဟုန်ကလည်း မြင့်နေတာလေ။ သူဝယ်ထားတဲ့ ရေဆိုးပက်တဲ့အကောင့်တွေနဲ့ သူ့ပရိသတ်တွေ ဦးတည်နေတဲ့ လမ်းကြောင်းကို သေချာကြည့်ဦး။ သူက အစီအစဉ်အဖွဲ့ရဲ့ မရိုးသားမှု ဆိုတဲ့ အိုးမည်းကြီးကို မင်းခေါင်းပေါ် ပုံချချင်နေတာ!"

ယွီနျန့်က ရေတစ်ငုံသောက်ပြီး အာခြောက်တာကို ဖြေဖျောက်ရင်း

"ဒါဆို ငါက အစီအစဉ်အဖွဲ့ရဲ့ မရိုးသားတဲ့ အပေးအယူတွေကြားမှာ အကျိုးအမြတ် အများဆုံးရတဲ့သူ ဖြစ်သွားပြီး သူကတော့ သားကောင် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ သူက အခု ပြိုင်ပွဲက ထွက်သွားရပြီလေ။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

ယွီနျန့်ရဲ့ တည်ငြိမ်တဲ့လေသံကြောင့် ရှမင်းရှီးရဲ့ စကားပြောနှုန်းလည်း တဖြည်းဖြည်း နှေးကျသွားပြီး…

"ငါကြားတာတော့ သူ့မန်နေဂျာမှာ အဆက်အသွယ်တွေရှိလို့ သူ့ကို နာမည်ကြီးတဲ့ Variety show တစ်ခုထဲ ထည့်ချင်နေတာတဲ့။ 'သဘာဝတရား၏ အသံ' က သူ့အတွက် ခြေကုပ်တစ်ခုပဲလေ။ ဒါပေမဲ့ သူက အရည်အချင်းမမီတော့ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် အခုလိုမျိုး သူ့ဘာသာသူ အရှိန်မြှင့်တင်ဖို့ လုပ်နေတာပေါ့။"

မီးရှီး ရှင်းပြမှပဲ ယွီနျန့်က သူဟာ ခြေကုပ်တစ်ခုအဖြစ် အသုံးချခံနေရပြီဆိုတာကို သဘောပေါက်သွားရတော့သည်။

"နျန့်နျန့်…ဒီလိုအခြေအနေမျိုးမှာ Weibo ပေါ်က ကွန်မန့်တွေကို သွားမဖတ်နဲ့ဦးနော်။ တော်တော်လေး ဆိုးနေမှာ အသေအချာပဲ။"

ယွီနျန့်က တစ်ဖက်လူ သူ့အပေါ် စိုးရိမ်ပေးတာကို သိတာကြောင့်

"အိုကေ၊ ကျေးဇူးပါ မင်းရှီး။" ဟုသာ ကျေးဇူးတင်စကားကို လေးလေးနက်နက်ပြောလိုက်သည်။

မုန့်ယွမ်ကလည်း နေ့လယ်စာစားနေရင်း ဒီကိစ္စကို ပြောလာသည်။

"အိုရန်ယွီရဲ့ ရည်မှန်းချက်က မသေးဘူးဟ။ ဒါပေမဲ့ သူက အမြင်စူးရှလို့ မင်းကို ပစ်မှတ်ထားတာပဲ။"

ယွီနျန့်က သူ့ရဲ့တူကို ချလိုက်ပြီး ပြုံးလျက်

"အစ်ကိုမုန့်... ကျွန်တော့်ကို ချီးကျူးနေတာလား"

"ချီးကျူးတာပေါ့!"

တကယ်တော့ မုန့်ယွမ်က ဒီကိစ္စကို သိပြီးကတည်းက ဒေါသတွေ ထွက်နေခဲ့တာ၊ ဒါပေမဲ့ ယွီနျန့်ကို ကြည့်လိုက်တဲ့အခါ စိတ်အခြေအနေက တော်တော်လေး ပြန်ကောင်းသွားရသည်။

"မင်းက တကယ်ကို တော်လို့ လေးပွဲဆက်တိုက် ပထမရခဲ့တာလေ။ ဒီအပိုင်း ထုတ်လွှင့်တာကိုသာ စောင့်ကြည့်လိုက် ပြပြီးတာနဲ့ Hot Search တွေကို မင်းပဲ သိမ်းပိုက်တော့မှာ! ပရိသတ် ၈၀ ရာခိုင်နှုန်းလောက်ကတော့ မင်းကို ဝိုင်းဝန်းအားပေးကြတော့မှာပဲ။"

ယွီနျန့်က ရိုက်ကူးထားတာတွေကို အကုန်ပြန်မကြည့်ရသေးတာကြောင့်

"ကျွန်တော် ကနေတုန်းက ယွီချင်းက ကျွန်တော့်ကို အရမ်းငယ်လွန်းသေးတယ်ဆိုပြီး ညည်းနေသေးတာ။"

"တော်ပါတော့ကွာ။ ငါလိုချင်တာက အဲဒီလိုမျိုး လူငယ်တစ်ယောက်ဆီကနေ မသိစိတ်ထဲက ထွက်ပေါ်လာတဲ့ ဆွဲဆောင်မှုမျိုးပဲ!"

မုန့်ယွမ်က ယွီနျန့်ရဲ့ မျက်နှာသွင်ပြင်ကို စိုက်ကြည့်ရင်း ပြုံးကာ

"မင်းမျက်နှာကို ကြည့်ရတာနဲ့တင် မင်းအစ်ကိုမုန့် ငါ ထမင်းနှစ်ပန်းကန်လောက် ပိုစားနိုင်တယ်!"

သူက ယွီနျန့်ကို ထပ်ပြောလိုက်လေသည်။

"ဒီတစ်ခါတော့ အိုရန်ယွီကို နှစ်ရက်လောက် ကခုန်ခွင့်ပေးထားလိုက်ပါဦး။ ရှိုးအစီအစဉ် ထွက်လာတဲ့အခါကျရင်တော့ အဲဒီ တစ်ဖက်ပိတ်တွေ အကုန် မြင်ကြရမှာပါ။ မင်းသာ ပထမ မရရင် ဘယ်သူက ရနိုင်ဦးမှာလဲ!"

***

ရုံးခန်းတွင်း




ရှဲ့ယို့က ဗီဒီယိုကွန်ဖရင့်ကို အဆုံးသတ်လိုက်ပြီးနောက် ကိုယ်အနေအထားကို အနည်းငယ် လျှော့လိုက်သည်။ ထို့နောက် ခေါင်းကိုစောင်းကာ ချွိရှောက်ရန်ကို မေးလိုက်သည် ။

"ယွီနျန့် ဘာဖြစ်နေတာလဲ"

ချွိရှောက်ရန်မှာ ဆိုဖာပေါ်တွင် ပျော့ဖလက်‌စွာ လဲလျောင်းနေရာမှ ရှဲ့ယို့ အလုပ်ပြီးသွားသည်ကို မြင်သောအခါ ချက်ချင်းပင် ထထိုင်လိုက်ပြီး အမှတ်ယူသည့်လေသံဖြင့်

"ဒီသူငယ်ချင်းက တကယ်ကို သစ္စာရှိတယ်မလား။ မင်းရဲ့ မိသားစုဝင် ဆီမှာ တစ်ခုခုဖြစ်နေပြီဆိုတာ သိတာနဲ့ ငါ မင်းဆီကို အပြေးအလွှား လာခဲ့တာလေ!"

ရှဲ့ယို့မှာ မနက်ပိုင်းတွင် နိုင်ငံတကာ ဗီဒီယိုကွန်ဖရင့် သုံးခုကို ဆက်တိုက် လုပ်ဆောင်ခဲ့ရသဖြင့် ယွီနျန့်၏ သတင်းများကို ဂရုစိုက်ရန် အချိန်မရခဲ့ပေ။ သူ အနည်းငယ် စိုးရိမ်သွားကာ မျက်မှောင်ကြုတ်လျက် ချွိရှောက်ရန်ကို ထပ်မေးသည်။

"သူ့မှာ ဘာဖြ‌စ်နေလို့လဲ"

ချွိရှောက်ရန်က အကြောင်းစုံကို အစီအစဉ်တကျ ပြန်ပြောပြရသည်။

"ဒရာမာတွေရိုက်နေတဲ့ အိုင်ဒေါတစ်ယောက်အကြောင်းလေ။ သူက ရှိုးကနေ ထွက်လိုက်ရတော့ အခု အစီအစဉ်အဖွဲ့မှာ မရိုးသားတဲ့ အပေးအယူတွေ ရှိနေတယ်ဆိုပြီး လျှောက်ပြောနေတာ။ ရှေ့ပွဲတွေမှာ ယွီနျန့် ပထမ ရခဲ့တာကလည်း အဆက်အသွယ်တွေကြောင့်ပါဆိုပြီး အခု အင်တာနက်ပေါ်မှာ ဟိုးဟိုးကျော်အောင် လုပ်နေကြတာပေါ့။"

ရှဲ့ယို့က အဓိကအချက်ကို တည့်တည့်ပင် မေးလိုက်သည်။

"အဲဒီလူရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ"

"ငါ အခုလေးတင် နောက်ဆုံးရသတင်း ရထားတာကတော့... အခု ပြဿနာရှာနေတဲ့ အိုရန်ယွီက ဒီလိုမျိုး နာမည်ကြီးအောင် လုပ်လိုက်လို့ နောက်ထပ် လူကြိုက်များတဲ့ ရှိုးတစ်ခုမှာ ပါဝင်ခွင့်ရတော့မယ်တဲ့။ အခု သီးချင်းဆိုတဲ့ အစီအစဉ်က သူ့အတွက် ခြေကုပ်သက်သက်ပဲ။"

ရှဲ့ယို့ ခဏလောက် စဉ်းစားပြီးမှ ထပ်မေးသည်။

"အခုလို နာမည်ကြီးအောင် လုပ်လိုက်လို့ ရလာတဲ့ အရှိန်နဲ့ပေါ့ ဟုတ်လား"

ချွိရှောက်ရန်က ခေါင်းညိတ်ပြသည်။

"အေးလေ၊ ဟုတ်တာပေါ့!"

သူက ရှဲ့ယို့ နားလည်သွားအောင် ထပ်ရှင်းပြသည်။

"ဒါက ဒီလိုကွ... မင်းရဲ့ ယွီနျန့်က အယ်လ်ဘမ်တစ်ခုကို အလေးအနက် ရိုက်ကူးချင်တယ်။ ဖျော်ဖြေပွဲ လုပ်ချင်တယ်။ သီချင်းဆိုတာလည်း အရမ်းကောင်းပြီး အရည်အသွေးလည်း မြင့်တယ်ဆိုပါစို့။ ဒါပေမဲ့ ဝယ်မယ့်သူတော့ ရှိရမယ်မလား။ ကြားရတာ ဝမ်းနည်းစရာ ကောင်းပေမဲ့ ဒါက လက်ရှိ အခြေအနေပဲ။ လူတွေက မင်းကို တကယ် လှည့်ကြည့်ဖို့ မင်းသီချင်းကို နားထောင်ဖို့နဲ့ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုဖို့ဆိုရင် အရှိန်တစ်ခုတော့ ရှိနေမှ ဖြစ်မှာ။"

ရှဲ့ယို့၏ စိတ်ထဲမှာ တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သလို လှုပ်ခတ်သွားသည်။

သူ ယွီနျန့် သီချင်းဆိုနေတုန်းက ပုံစံကို ပြန်သတိရမိသည်။ အဲ့ဒီအချိန်မှာ ယွီနျန့်ရဲ့ မျက်ဝန်းတွေက ကြယ်ရောင်တွေ ပြည့်နေသလိုပဲ ။ ယွီနျန့်က သီချင်းဆိုရတာကို တကယ်ကို မြတ်နိုးနေတာ။

"ဒါပေမဲ့ ဒီ အိုရန်ယွီက ရှိုးမပြခင်လေးမှာပဲ ယွီနျန့်ကို နာမည်ဖျက်ရဲတာ။ ယွီနျန့်က တကယ်ကို တော်တာကွ! ငါတို့ဘက်က မရိုးသားတဲ့ အပေးအယူတွေလုပ်ချင်ရင်တောင် အခွင့်အရေး မရှိဘူး! မုန့်ယွမ်က သူ့ကို ဘယ်ကနေ တူးဖော်လာတယ် မသိပေမဲ့ သူက တကယ့်ကို သူ့အရည်အချင်းနဲ့သူ ပထမရနေတာ။ ဒါတော့ ငါလိုလူတောင်သိတယ်။ ငါ မုန့်ယွမ်ကို မေးကြည့်တော့ ဒီအပိုင်းမှာ ယွီချင်းနဲ့ တွဲဖက်ဖျော်ဖြေတာကလည်း တကယ်ကို အံ့ဩစရာ ကောင်းတယ်တဲ့။ ရှိုးလည်း ထွက်လာရော အရှိန်လည်း ရလာရောဆိုရင် အခြေအနေက ပြောင်းပြန်လှန်သွားပြီး Hot Search တွေကို သိမ်းပိုက်တော့မှာပဲ!"

"ယွီချင်း" ဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါ ရှဲ့ယို့က အကလေ့ကျင့်တုန်းက မြင်ခဲ့ရသည့် မြင်ကွင်းကို သတိရသွားပြီး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားရသည်။ ချွိရှောက်ရန်ကတော့ ရှဲ့ယို့ရဲ့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားတာကို သတိမထားမိဘဲ လေချွန်လိုက်ရင်း

"ဒီသခင်လေးကတော့ ပါးရိုက်ခံရဖို့ပဲ စောင့်နေလိုက်တော့! မရိုးသားတဲ့ အပေးအယူဆိုတာ ဘာလဲဆိုတာ ပြလိုက်ရမှာပေါ့!"



TN // ကိုယ့် အိုင်‌ဒေါလ်များ မိန်းကလေးနဲ့ တွဲရင်ကို မျက်နှာလေးတွေ ငယ်ကျသွားရတာ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဂျယ်လီတွေစားပြီး ‌‌ဒေါသစိတ်ကလေး 360မိနစ်လည်း ဖြစ်ရသေးတာ

Comments

  1. မိန်းကလေးနဲ့ မြင်ရရင်ကို တကယ် တကယ် ဘာမှဖြည့်မတွေးချင်တော့ပဲ စိတ်ကနေမကောင်းချင်လာတာ။

    ReplyDelete
  2. ဟုတ်တယ်နော် မိန်းကလေးနဲ့ကို တွဲမမြင်ချင်တာ (သွေ့ပချီ)😅

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...