Skip to main content

34





အပိုင်း (၃၄)

သန်းခေါင်ယံအချိန်။

ချန်အာဟူနှင့် ဆန်းပင်းတို့၏ အော်ဟစ်သံများမှာ စူးရှလွန်းလှသဖြင့် နှစ်မိုင်အကွာအထိပင် ကြားနိုင်လိမ့်မည်ဟု ထင်ရသည်။ အသံများမှာ ပဲ့တင်ထပ်ကာ ပြန့်နှံ့နေသဖြင့် သူတို့ ဘယ်နေရာမှာ ရှိနေသည်ကို ချန်ကျန့် အတိအကျ မသိနိုင်သေးချေ။ ဧည့်ခန်းမဆောင်ထဲသို့ သူ ပြေးဝင်လာသည့်အခါမှသာ အော်မေးလိုက်ရသည်။

“ဘယ်မှာလဲ”

“ရှေ့တံခါးဘက်ကို ပြေးသွားပြီ”

ဆန်းပင်းက ပြန်အော်သည်။ ယခုတစ်ကြိမ်တွင်မူ ရှင်းလင်းသွားပြီဖြစ်သည်။ အသံမှာ ပန်းခြံဘက်မှ လာခြင်းဖြစ်ပြီး တစ်စုံတစ်ယောက် ကဖေးဆိုင်ထဲသို့ ရောက်နေခြင်းပင်။

ကဖေးဆိုင်မှ ဝင်းတံခါးအထိမှာ အကွာအဝေးတစ်ခု ရှိသေးသည်။ ပန်းခြံကို ဖြတ်ရမည်ဖြစ်သည်။ အလွယ်ဆုံး ထွက်ပြေးနိုင်သည့် လမ်းမှာ ဝင်းနံရံကို ကျော်တက်ခြင်းပင်။ သို့သော် ထိုသူမှာ နံရံကို မကျော်ခဲ့ချေ။ ကြည့်ရသည်မှာ တစ်ခုခုကို ကိုင်ထားသဖြင့် သက်လုံမကောင်းခြင်း သို့မဟုတ် လက်ထဲတွင် ပစ္စည်းပါနေခြင်း ဖြစ်ရမည်။ ကဖေးဆိုင်ထဲက ပုလင်းမှာ အရမ်းကြီး မကြီးလှသော်လည်း အိတ်ကပ်ထဲ ထည့်သွားလို့ရသည့် အရာမျိုးတော့ မဟုတ်ချေ။ ပြီးတော့ ၎င်းမှာ ကွဲလွယ်သည့် ပစ္စည်းဖြစ်သဖြင့် သယ်သွားမည်ဆိုလျှင် အိတ်တစ်လုံးဖြင့် ထည့်၍ ပြေးရမည် ဖြစ်သည်။

ရှန်ယွီကို ဘာလုပ်ရမည်နည်းဟု မေးနေရန် အချိန်မရှိတော့ချေ။ ၎င်းပြင် ရှန်ယွီသည် သူ၏ အစီအစဉ်ကို ချန်ကျန့်အား တမင်တကာ မပြောပြထားခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် ချန်ကျန့်အနေဖြင့် ရှန်ယွီ ဘာကို လိုချင်သလဲဆိုသည်ကို ခန့်မှန်းနေစရာ မလိုတော့ပါဘဲ “ဆိုင်ထဲကို သူခိုးဝင်သည်” ဟူသော သာမန် လုပ်ထုံးလုပ်နည်းအတိုင်းသာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်ကျန့်သည် ဧည့်ကြိုကောင်တာဘေးတွင် ထားလေ့ရှိသော ဘေ့စ်ဘောတုတ်ကို ဆွဲယူကာ ရှေ့တံခါးဆီသို့ အပြေးထွက်လာခဲ့သည်။ ဝင်းတံခါးအပြင်ဘက်သို့ အရိပ်တစ်ခု ဝုန်းခနဲ ပြေးထွက်သွားသည်ကို အချိန်မီ မြင်လိုက်ရသည်။ နောက်ဘက်ရှိ လှေကားထစ်များမှလည်း ပြေးဆင်းလာသံများ ကြားရလေသည်။ မအိပ်သေးသော “ပျော်ရွှင်ခြင်း အဖွဲ့သား” တစ်ယောက်ကလည်း လိုက်အော်နေသည်။

“ဘာဖြစ်တာလဲ။ သူခိုးလား”

သူတို့တွေသာ မနက်ပိုင်း လူစစ်တဲ့အချိန်မှာ ဒီလောက် မြန်မြန်နိုးကြရင်တော့ လျူဝူတစ်ယောက် ဝမ်းသာလွန်းလို့ ငိုမိမှာ သေချာသည်။ ဟူဖန်ကတော့ အထဲကနေ အော်ပြောနေသည်။

“အပြင်မထွက်နဲ့.... အထဲမှာပဲ နေကြ။ ကျွန်မ ရဲကို ဖုန်းဆက်ပြီးပြီ”

မည်သို့ပင်ဖြစ်စေ သူတို့တွေ အမှီလိုက်နိုင်မှာ မဟုတ်ပါဘူး။ ချန်ကျန့် ဝင်းတံခါးအပြင်သို့ ပြေးထွက်လာသည့်အခါ သူ၏ မျက်လုံးထောင့်မှနေ၍ ချန်အာဟူနှင့် ဆန်းပင်းတို့ ဝင်းနံရံကို ကျော်တက်ကာ နောက်မှ လိုက်လာသည်ကို မြင်လိုက်ရသည်။ ရှေ့က အရိပ်မှာမူ အသားကုန် ပြေးနေဆဲပင်။ ဤလူကို အမှီလိုက်ရန်မှာ အရင်တစ်ခါ ချန်အာဟူကို လိုက်ဖမ်းစဉ်ကထက် အများကြီး ပို၍ ခက်ခဲပေလိမ့်မည်။

သို့သော် ယနေ့တွင် ချန်အာဟူ၏ ပြေးနှုန်းမှာလည်း အံ့အားသင့်စရာ ကောင်းလှသည်။ အဆိပ်ရှိသော မှိုတစ်မျိုးကို စားထားသလားပင် ထင်ရသည်။ ခဏမျှ လိုက်ဖမ်းပြီးနောက်တွင် ရှေ့ကလူမှာ ချန်တာဟူ ဖြစ်ကြောင်း ချန်ကျန့် သိလိုက်ရသည်။ သူသည် ချန်အာဟူထက် ကိုယ်လုံးကိုယ်ဖန် ပိုကြီးသလို အရပ်လည်း ပိုရှည်သည်။ သူမှန်း သိလိုက်ရသည့် အခိုက်အတန့်တွင် စိတ်မကောင်းစရာ ခံစားချက်တစ်ခု ဝင်လာခဲ့သည်။ ချန်အာဟူဆိုလျှင် ပို၍ ခံစားရမှာ။ ထို့ကြောင့်လည်း ချန်အာဟူက ရူးသွပ်သူတစ်ယောက်ပမာ အသည်းအသန် လိုက်နေခြင်း ဖြစ်ရမည်။

ချန်တာဟူသည် လမ်းဆုံကို ဖြတ်ကျော်ကာ လူသူကင်းမဲ့သော လမ်းမပေါ်သို့ ရောက်ရှိသွားသည်။ လမ်းခွတွင် လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး ရပ်စောင့်နေသည်ကို တွေ့ရ၏။ အကယ်၍ သူသာ ဆိုင်ကယ်ပေါ် တက်နိုင်သွားလျှင် သူတို့ မျက်ခြေပြတ်သွားတော့မည်။ ပုလင်းထဲတွင် Tracker ပါသည်ကို ချန်ကျန့် သိသော်လည်း ၎င်းမှာ တကယ် အလုပ်လုပ်မလုပ် သို့မဟုတ် ရှန်ယွီက ဟန်ပြပဲ ထည့်ထားသလားဆိုတာကို သူ မသိချေ။ အရေးမကြီးပါဘူး။ သူ သိထားသည်မှာ သူခိုးဖမ်းလျှင် လူရော ပစ္စည်းပါ မိမှရမည် ဖြစ်သည်။

“ချန်ကျန့်.... ချန်.... ကျန့်.... ငါ့ကို.... ငါ့ကိုပဲ လိုက်ဖမ်းခွင့်ပေးပါ”

ချန်အာဟူ နောက်ကနေ အမောတကော လိုက်ရင်း အသက်လုကာ ပြောနေသည်။ ချန်ကျန့် အရှိန်ကို အနည်းငယ် လျှော့လိုက်မိသည်။ သူ၏ ထင်ယောင်ထင်မှားလားတော့ မသိ၊ ချန်အာဟူ၏ ပြတ်တောင်းပြတ်တောင်း စကားလုံးများထဲတွင် ငိုသံပါနေသလို ခံစားရသည်။ ချန်အာဟူက အတင်း ညည်းတွားပြောဆိုနေပြန်သည်။

“ငါ့ကိုပဲ.... ပေးဖမ်းပါ.... တောင်းပန်ပါတယ်”

ချန်ကျန့် ခြေလှမ်းကို ထပ်မံ လျှော့ချလိုက်သည်။ နောက်ကနေ ပို၍ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။ ကျောင်းသားများလည်း လိုက်ပါလာကြပြီဖြစ်ရာ လူအယောက် ၃၀ ထဲမှ အနည်းဆုံး လူငယ် ၁၀ ယောက်ခန့်မှာ သူတို့နောက်ကပ်လျက် ရှိနေကြပြီ ဖြစ်သည်။ ချန်တာဟူအနေဖြင့် တည်းခိုခန်းတစ်ခုထဲမှာ ဒီလောက်အထိ တက်ကြွလှတဲ့ လူငယ်တွေ ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်ထားခဲ့မည် မဟုတ်ပေ။

ချန်ကျန့် အရှိန်လျှော့လိုက်သည့်အခါ ချန်အာဟူမှာ သူ့ကို ကျော်တက်သွားသည်။ သို့သော် သူ အမှီလိုက်နိုင်မည် မဟုတ်မှန်း သိသာလှသည်။ သူ အနားမရောက်ခင်မှာတင် ချန်တာဟူမှာ ဆိုင်ကယ်ပေါ် ရောက်သွားတော့မည် မဟုတ်လား။ ချန်ကျန့် ရပ်လိုက်ကာ ကိုယ်ကိုကိုင်း၍ ချိန်ရွယ်ပြီး လက်ထဲက ဘေ့စ်ဘောတုတ်ကို လှမ်းပစ်လိုက်တော့သည်။

သူ့မှာ ရှန်ယွီကဲ့သို့ အထာကျလှသော နည်းပညာတွေ မရှိသော်လည်း ပစ်မှတ်ကိုတော့ တိကျအောင် ပစ်နိုင်ပါသည်။ ဘေ့စ်ဘောတုတ်မှာ ချန်အာဟူ၏ ခြေထောက်ဘေးကနေ ဝှေ့ယမ်း ပျံသန်းသွားပြီး ချန်တာဟူ ဆိုင်ကယ်နောက်ထိုင်ခုံပေါ် ခုန်တက်လိုက်သည့် အခိုက်အတန့်မှာပင် ဆိုင်ကယ်၏ နောက်ဘီးနှင့် ပြင်းထန်စွာ ရိုက်မိသွားတော့သည်။ ထို့နောက် အရှိန်နှင့်အတူ တစ်ပတ်လည်ကာ ဘီးကန့်တိုင်များကြားထဲသို့ ညပ်ဝင်သွားလေသည်။

ဆိုင်ကယ်မှာ ရှေ့သို့ စတင် ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ဘေးတိုက် ယိုင်သွားပြီး လမ်းပေါ်တွင် ဝုန်းခနဲ လဲကျသွားတော့သည်။ ချန်တာဟူမှာ ထိုင်ခုံပေါ်တွင် နေရာပင် မယူရသေးမီ လွင့်စင်ထွက်သွားကာ လူသွားလမ်းပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ ဆိုင်ကယ်မောင်းသူမှာမူ ခြေထောက်ဖြင့် ခံလိုက်သဖြင့် သိပ်မထိခိုက်ဘဲ ဆိုင်ကယ်ကို အမြန်ဆွဲထူကာ လီဗာကို အသားကုန်ဆွဲ၍ ချန်တာဟူကို ပစ်ထားခဲ့ပြီး ထွက်ပြေးသွားတော့သည်။

“မပြေးနဲ့”

ချန်အာဟူ နောက်ဆုံးတွင် သူ၏အစ်ကိုအနားသို့ ရောက်ရှိသွားပြီး လုံးထွေး သတ်ပုတ်ကြတော့သည်။ ချန်တာဟူမှာ လဲကျနေရာမှ ပက်လက်လှန်ကာ သူ၏လက်မောင်းကို လှမ်းဆွဲနေသော ချန်အာဟူ၏ မျက်နှာတည့်တည့်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ နှာတံကို တည့်တည့် ထိမှန်သွားခြင်း ဖြစ်သည်။ ၎င်းမှာ ပြင်းထန်သော ကန်ချက်ဖြစ်ရာ နှာရိုးပင် ကျိုးသွားနိုင်လောက်သည်။ ချန်အာဟူမှာ အော်ဟစ်ရင်း မျက်နှာကို လက်ဖြင့် အုပ်လိုက်ရလေသည်။ ချန်ကျန့်ကို အံ့အားသင့်စေသည်မှာ ချန်အာဟူသည် ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ့ကို ကန်လိုက်သော ခြေထောက်ကို မလွှတ်တမ်း မြဲမြဲဆုပ်ကိုင်ထားခြင်းပင်။

ခြေကျင်းဝတ်ကို အဖမ်းခံထားရသဖြင့် ချန်တာဟူမှာ မတ်တတ်ထ၍ မရတော့ဘဲ ချန်အာဟူ၏ လက်ကို အားပြုကာ ကျန်ခြေထောက်တစ်ဖက်ဖြင့် ချန်အာဟူ၏ မျက်နှာကို ဆက်တိုက် ကန်တော့သည်။ ချန်ကျန့်မှာ ချက်ချင်းပင် ကြားထဲသို့ ဝင်ရောက်ကာ ချန်အာဟူကို နောက်သို့ ဆွဲထုတ်ပြီး ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် ချန်တာဟူ၏ မျက်နှာကို အားပါပါနှင့် ပြန်ကန်လိုက်တော့သည်။ သူ အံကြိတ်ကာ ပြောလိုက်သည်။

“မင်းက မင်းညီကိုတောင် ရိုက်ရဲသေးတယ်ပေါ့၊ ယုတ်မာလှချည်လား”

သူ အစပိုင်းတွင် ဤမျှလောက်အထိ ဒေါသမထွက်ခဲ့ပါ။ ဤသည်မှာ ရှန်ယွီက ချန်တာဟူအတွက် ဆင်ထားသော ထောင်ချောက်မှန်း သူ သိထားပြီးသားဖြစ်ကာ ချန်တာဟူ အဖမ်းခံရရုံနှင့်ပင် လုံလောက်ပြီဟု ယူဆခဲ့သည်။ သို့သော် အပြစ်တစ်ခုကို တားဆီးရန် ကြိုးစားနေသော မိမိ၏ ညီအရင်းအပေါ် ယခုကဲ့သို့ ရက်စက်စွာ ပြုမူသည်ကို မြင်လိုက်ရသည့်အခါ ချန်ကျန့်၏ ဒေါသမှာ ထိန်းမရတော့ချေ။ ချန်တာဟူ၏ ဝမ်းဗိုက်ကို ထပ်မံ၍ ကန်လိုက်ပြန်သည်။

ချန်တာဟူက သူ၏ လက်ထဲက အိတ်ဖြင့် ချန်ကျန့်၏ ခြေထောက်ကို လှမ်းထုသည်။ အမှန်အတိုင်း ပြောရလျှင် ထိုဒဏ်မှာ ဘာမှ မဟုတ်ပါဘူး။ ဤမျှလောက် ဒေါသထွက်နေသည့် အချိန်တွင် သံတုံးနှင့် ထုလျှင်ပင် ခံစားမိမှာ မဟုတ်ချေ။ ပန်းအိုးတစ်လုံးဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပါဘူး။ ဟုတ်ပါသည်၊ ၎င်းမှာ ကဖေးဆိုင်မှ ပန်းအိုးဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်မှာတင် ယွမ် တစ်သောင်းကျော်တန်သော ယင်းပန်းအိုးမှာ တစစီ ကွဲကြေသွားတော့သည်။

“အစ်ကို.... အခု မရပ်ရင် နောက်ပြန်လှည့်ဖို့ လမ်းရှိမှာ မဟုတ်တော့ဘူး”

ချန်အာဟူမှာ သူ၏ မျက်နှာကို အုပ်ထားရင်း ဆန်းပင်း၏ လက်ထဲမှ ရုန်းထွက်ကာ ထပ်မံ တိုးဝင်လာပြန်သည်။ ချန်ကျန့်က ချန်အာဟူ၏ လက်မောင်းကို ဆွဲကာ နောက်သို့ ပြန်ဆွဲထုတ်လိုက်ရပြန်သည်။ ချန်အာဟူမှာ ဆန်းပင်း၏ ကိုယ်ပေါ်သို့ လဲကျသွားပြီး နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။

“တောက်”

ချန်တာဟူ သူ၏ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်သည်။ ချန်ကျန့်မှာ သူ ပစ်ထားခဲ့သော ဘေ့စ်ဘောတုတ်ဆီသို့ တစ်လှမ်းတည်းနှင့် ပြေးသွားကာ ကောက်ယူလိုက်ပြီး ချန်တာဟူဘက်သို့ လွှဲလိုက်သည်။ ချန်တာဟူ ဓားကို ဆွဲထုတ်လိုက်သည့် အချိန်မှာပင် သူ၏ လက်ဖျံကို တုတ်နှင့် ရိုက်ချလိုက်ခြင်း ဖြစ်သည်။ ဓားမှာ မြေပြင်ပေါ်သို့ ချွင်ခနဲ ကျသွားတော့သည်။

ချန်ကျန့် ဓားကို ခြေထောက်နှင့် ကန်ထုတ်ပစ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံ လွှဲရိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သိပ်အားမထည့်ဘဲ ချန်တာဟူ၏ ဒူးခေါင်းကိုသာ ရိုက်လိုက်ရာ ချန်တာဟူမှာ လမ်းပေါ်တွင် ဝုန်းခနဲ ဒူးထောက် လဲကျသွားတော့သည်။

“ဖမ်းထားကြစမ်း”

ကျောင်းသားအဖွဲ့ကြီး ရောက်ရှိလာပြီး အော်ဟစ်လိုက်ကြသည်။ လူငယ်တစ်အုပ်မှာ ချန်တာဟူ၏ အပေါ်သို့ အုပ်စုလိုက် ဝိုင်းအုံကာ ဖိထားလိုက်ကြတော့သည်။ လျူဝူ၏ အသံမှာ အထဲတစ်နေရာမှ ထွက်ပေါ်လာသည်။

“မရိုက်နဲ့နော်.... ဖမ်းရုံပဲ ဖမ်းထားကြ”

ငါတော့ ရိုက်ပြီးသွားပြီ ညီလေးရာ။ လူအုပ်ကြီးကြားထဲတွင် ချန်ကျန့်မှာ လျူဝူကို လိုက်ရှာသော်လည်း မတွေ့ရချေ။ လူငယ်အချို့မှာ အင်္ကျီပင် မပါကြသလို အချို့မှာလည်း တစ်ဝက်တစ်ပျက်သာ ဝတ်ထားကြသည်။ အိပ်ရာကနေ တန်းပြေးလာကြသည်မှာ ထင်ရှားလှသည်။

***

ရှန်ယွီသည် သူ၏ ဝှီးချဲပေါ်တွင် ထိုင်နေရင်း ကဖေးဆိုင်ထဲသို့ လှမ်းကြည့်လိုက်သည်။ ပုလင်းရှိခဲ့သော နေရာမှာ ယခုအခါ ဗလာဖြစ်နေလေပြီ။ အပြင်က ဆူညံသံများ တဖြည်းဖြည်း ပြန်လည် နီးကပ်လာသည်ကို ကြည့်ရတာ ကျောင်းသားတွေ အောင်ပွဲခံပြီး ပြန်လာကြပြီ ဖြစ်ဟန်ရှိသည်။ ဤကဲ့သို့ ရုတ်ရုတ်သဲသဲ အခြေအနေမျိုးတွင် ပန်းအိုးမှာ သေချာပေါက် ကွဲသွားပြီမှန်း သူ သိလိုက်ရသည်။ ချန်တာဟူက ခိုးယူထားတဲ့ ပစ္စည်းကို ပြန်ပေးချင်လျှင်ပင် အချိန်နှောင်းသွားပြီ ဖြစ်သည်။ ဤအချိန်အခါမှာ သူ့ကို ထောင်ထဲ ပို့ရန်အတွက် တမင် ရွေးချယ်ထားသော အခိုက်အတန့်ပင် မဟုတ်ပါလား။

“မိပြီ.... မိပြီ.... ဘော့စ်.... သူတို့ မိသွားပြီ.... ဘယ်သူမှ ဒဏ်ရာ မရပါဘူး”

ဟူဖန် ဝင်းတံခါးကနေ အပြေးဝင်လာရင်း သတင်းပေးသည်။ ရှန်ယွီ ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်မိသည်။

“အင်း။ ဘော့စ်ရှန်ကို ဖမ်းရတာကတော့ တော်တော်လေး လွယ်တာပဲ”

လျူဝူသာ မပါခဲ့လျှင် ဒီလောက်အထိ လူငယ်တွေ အများကြီး ပြေးထွက်သွားကြတာ တစ်ယောက်ယောက် ဒဏ်ရာရဖို့ကတော့ မခက်ပါဘူး။ အထူးသဖြင့် ချန်ကျန့် ရှိနေသည် မဟုတ်လား။ တကယ်လို့ တစ်ယောက်ယောက် ထိခိုက်ခဲ့ရင်လည်း အဲ့ဒါ ချန်ကျန့်ပဲ ဖြစ်မှာပါ။ သို့သော် လူအုပ်ကြီးက ချန်တာဟူကို ဝင်းထဲသို့ ပြန်ခေါ်လာသည့်အခါမှသာ ရှန်ယွီ သူ၏ ခန့်မှန်းချက် မှားသွားကြောင်း သိလိုက်ရသည်။ တစ်ဦးတည်းသော ဒဏ်ရာရသူမှာ ချန်အာဟူ ဖြစ်နေသောကြောင့်တည်း။ သူ၏ မျက်လုံးနှစ်ဖက်စလုံး ဖောင်းအစ်နေပြီး နှာတံမှာလည်း သိသိသာသာ စောင်းနေကာ နှုတ်ခမ်းများလည်း ဖူးရောင်နေလေသည်။ ရှန်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

“ရဲတွေကတော့ အဲ့ဒီလောက် မြန်မြန် ရောက်လာမှာ မဟုတ်ဘူး။ မနေ့ညက ရွာထဲမှာ ရန်ပွဲတစ်ခု ဖြစ်နေလို့ သူတို့ အဲ့ဒီမှာ ရောက်နေတာ၊ အခုမှ ပြန်လာနေတုန်းတဲ့”

ဟူဖန်က ဆိုသည်။ ချန်ကျန့်ကတော့ ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“သူ့ကို ကြိုးနဲ့တုတ်ပြီး ဂိုဒေါင်ထဲမှာ ခဏ ပိတ်ထားလိုက်။ လက်ကို ပိုက်လိုင်းမှာ အသေချည်ထားလိုက်.... မရုန်းနိုင်အောင်လို့။ ဖန်ဖန်.... မင်းသွားပြီး ဧည့်သည်တွေကို စိတ်အေးအောင် ချော့လိုက်ပါဦး”

“ဟုတ်ကဲ့”

ဟူဖန် ခေါင်းညိတ်ပြသည်။ ကျောက်ဖန်းဖန်း အမြန်ပြေးလာပြီး ချန်ကျန့်ထံသို့ ဂိုဒေါင်သော့ကို လှမ်းပေးလိုက်သည်။

“ကျွန်မ ဆေးသေတ္တာ သွားယူလိုက်ဦးမယ်။ အာဟူရဲ့ မျက်နှာကို အမြန် ဆေးထည့်ပေးဖို့ လိုမယ်”

“အင်း”

ချန်ကျန့် ပြန်ထူးလိုက်သည်။ အမျိုးသား ဧည့်သည်အချို့ အောက်ထပ်သို့ ဆင်းလာကြသလို အချို့မှာလည်း လှေကား လက်ရန်းပေါ်ကနေ ငုံ့ကြည့်နေကြသည်။ လျူဝူကလည်း ဝင်ပြောသည်။

“အဲ့ဒီအိတ်ကို မဖွင့်နဲ့ဦး၊ မရွှေ့နဲ့.... ဟိုဓားကိုလည်း ဒီအတိုင်း ထားလိုက်။ အဲ့ဒါတွေက ခိုးယူထားတဲ့ ပစ္စည်းတွေနဲ့ သက်သေတွေလေ။ ကဖေးဆိုင်ကိုလည်း ကုလားထိုင်တွေနဲ့ ပိတ်ထားလိုက်.... ဘယ်သူမှ အခင်းဖြစ်တဲ့နေရာကို မဖျက်ဆီးပါစေနဲ့”

ချန်ကျန့်က လျူဝူကို တိုးတိုးလေး ပြောလိုက်သည်။

“မင်းရဲ့ သူငယ်ချင်းတွေကို အခန်းထဲ ပြန်ခေါ်သွားလိုက်ပါ။ ဒီမှာ ဝိုင်းအုံမနေစေနဲ့။ မနက်ဖြန်ကျမှ ငါ သူတို့ကို သေသေချာချာ ကျေးဇူးတင်စကား ပြောပါ့မယ်”

မနက်ဖြန်ကျရင် မင်းရဲ့ အစ်ကိုက မင်းကို သေချာပေါက် ဆဲတော့မှာပါ။ လျူဝူ သူ၏ မျက်နှာကို တည်ငြိမ်အောင် ထိန်းထားသော်လည်း စိတ်လှုပ်ရှားမှုများကတော့ ဖုံးမရချေ။ သူသည် သူငယ်ချင်းများကို လက်ဝှေ့ယမ်းပြပြီး အသံနှိမ့်၍ ပြောလိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး.... ကျွန်တော်တို့က နည်းနည်းပဲ ကူညီလိုက်တာပါ။ သွားကြစို့၊ အခန်းထဲ ပြန်ကြရအောင်၊ တခြားဧည့်သည်တွေကို မလန့်စေနဲ့”

ခေတ္တမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက်တွင် ပထမထပ်မှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။ ချန်တာဟူကို ဂိုဒေါင်ထဲရှိ ပိုက်လိုင်းတွင်သော့ဖြင့် တွဲကာချည်ထားလိုက်သည်။ ရှန်ယွီသည် ဝှီးချဲကို စားသောက်ခန်းဘက်သို့ လှည့်လိုက်ရာ ကျန်တဲ့လူများလည်း လိုက်လာကြသည်။ ဆန်းပင်းက မျက်စိမမြင်တော့သော ချန်အာဟူကို ကုလားထိုင်တွင် တွဲ၍ ထိုင်ခိုင်းလိုက်သည်။

“အရင်ဆုံး ပိုးသတ်လိုက်ဦး။ မနက်ဖြန်ကျရင် ဆေးခန်းကို သွားပြဦး.... ဒီနှာရိုးကတော့ ကျိုးနေတာ သေချာသလောက်ပဲ”

ကျောက်ကျဲက ဆိုသည်။ ဆန်းပင်းက မျက်နှာကြီး ရှုံ့မဲ့ကာ ဝင်ပြောသည်။

“ဟိုပန်းအိုးကတော့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက် ကွဲသွားပြီ ထင်တယ်”

“ကွဲသွားပြီ”

ချန်ကျန့်က အတည်ပြုသည်။ ရှန်ယွီ သူ့ကို လှည့်ကြည့်လိုက်သည်။

“မင်း ထိခိုက်သွားသေးလား”

“မထိပါဘူး”

ချန်ကျန့် ခေါင်းခါပြရင်း ချန်အာဟူကို ကြည့်လိုက်သည်။

“သူက အရင်ဆုံး ပြေးဝင်သွားတာလေ”

“ဘော့စ်ရှန်.... အားနာပါတယ် ဘော့စ်”

ကျောက်ကျဲက ဆေးထည့်ပေးနေစဉ် ချန်အာဟူက ခေါင်းကို နောက်လှန်ထားရင်း လှမ်းခေါ်လိုက်သည်။ သူ၏ မျက်နှာတွင် ပြတ်ရှဒဏ်ရာ သိပ်မရှိသော်လည်း တစ်ပြင်လုံး ဖောင်းအစ်နေပြီး နှာတံမှာလည်း စောင်းနေသဖြင့် သူမှန်းပင် သိနိုင်ရန် ခက်ခဲလှသည်။ ရှန်ယွီက ပြန်ဖြေသည်။

“မင်းက ဘာမှ မှားတာ မလုပ်ပါဘူး။ ပြီးတော့ မင်းအစ်ကိုအတွက်လည်း လာပြီး တောင်းပန်မနေနဲ့။ သူကတော့ နောင်တရမယ့်လူ မဟုတ်ဘူး။ သူက သူ၊ မင်းက မင်းပဲ”

ချန်အာဟူ ခေတ္တမျှ တန့်သွားပြီးနောက် ရုတ်တရက် ရှိုက်ကြီးတငင်နှင့် ငိုချလိုက်တော့သည်။ ဖောင်းအစ်နေသော မျက်လုံးများကြားမှ မျက်ရည်များ စီးကျလာလေသည်။

“မငိုနဲ့လေ ကလေးရာ။ ငိုရင် မျက်လုံးတွေ ပိုနာကုန်လိမ့်မယ်”

ကျောက်ကျဲက သူ၏ ခေါင်းကို ပုတ်ပေးရင်း ချော့ရှာသည်။ ရှန်ယွီက မေးစေ့ဖြင့် အချက်ပြသည်။

“ဆန်းပင်း.... အာဟူကို အိပ်ဆောင်ထဲ ခေါ်သွားလိုက်ပါဦး”

“မသွားဘူး”

ချန်အာဟူ အံကြိတ်ကာ ဆိုသည်။

“ကျွန်တော် ဒီမှာပဲ ရဲတွေကို စောင့်မယ်။ ကျွန်တော်က သက်သေလေ”

အားလုံး တိတ်ဆိတ်သွားကြလေသည်။ ဟူဖန်၏ အသံမှာ ဧည့်ကြိုကောင်တာဘက်မှ ထွက်ပေါ်လာသည်။

“လူကြီးမင်း.... အခန်းထဲ ပြန်နားပါဦးရှင်။ အခု အားလုံး အဆင်ပြေသွားပါပြီ။ အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်နော်”

အသံလာရာသို့ ကြည့်လိုက်သည့်အခါ အခန်း ၁၀၂ က ဧည့်သည်မှာ အခန်းတံခါးဝတွင် ရပ်နေသည်ကို ချန်ကျန့် တွေ့လိုက်ရသည်။ နှစ်ရက်ရှိပြီဖြစ်သော်လည်း သူ အပြင်ထွက်လာတာ ဒါ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ချန်ကျန့် အနားသို့ လျှောက်သွားလိုက်သည်။

“တောင်းပန်ပါတယ် ခင်ဗျာ။ သောက်စရာ တစ်ခုခုဖြစ်ဖြစ်၊ ညလယ်စာဖြစ်ဖြစ် လိုချင်ပါသလား”

“မလိုပါဘူး၊ အဆင်ပြေပါတယ်”

ထိုသူက စားသောက်ခန်းဘက်သို့ လှမ်းကြည့်ရင်း ဖုန်းကို လက်မဖြင့် ကိုင်ထားလေသည်။

“ကျွန်တော်က.... ကျွန်တော့်ရဲ့ ခရီးသွားမှတ်တမ်းကို ရေးနေလို့ပါ”

မင်းသာ ငါတို့ဆိုင်ကို မကောင်းကြောင်းတွေ အွန်လိုင်းမှာ တင်ကြည့်စမ်းပါ၊ ငါတော့....

ချန်ကျန့် သူ့ကို စိုက်ကြည့်နေမိသည်။

“နားလည်ပါပြီ။ သူခိုးကိစ္စကြောင့် လူကြီးမင်းကို အနှောင့်အယှက် မဖြစ်စေဖို့ မျှော်လင့်ပါတယ်”

“မဖြစ်ပါဘူး.... တကယ်တော့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”

ထိုသူက အခန်းထဲသို့ ပြန်ဝင်ရန် ပြင်ဆင်လိုက်သည်။

“ဒီနေရာက တကယ်ကို ဘေးကင်းတယ်ဆိုတာ သိလိုက်ရတာပေါ့.... လုံခြုံရေးတွေကလည်း တုံ့ပြန်မှု မြန်သားပဲ၊ ဟန်ပြတင် မဟုတ်ဘူးပဲ”

“ကျွန်မတို့ရဲ့ အလုပ်ကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”

ဟူဖန်က ဘေးမှနေ၍ ချက်ချင်းပင် စကားထောက်ပေးလိုက်သည်။ အားလပ်ရက်များတွင် မြို့နယ်ရဲစခန်းမှာ အလွန်ပင် အလုပ်ရှုပ်နေပြီး လူအင်အားလည်း နည်းပါးလှသည်။ ရွာထဲက ရန်ပွဲကို ဖြေရှင်းပြီးနောက် တည်းခိုခန်းသို့ တိုက်ရိုက် မောင်းလာခဲ့ကြသော်လည်း တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ဆန်းပင်းနှင့် ချန်အာဟူတို့မှာ အခင်းဖြစ်ပွားစဉ်တစ်လျှောက်လုံး ရှိနေခဲ့သော မျက်မြင်သက်သေများအဖြစ် အစည်းအဝေးခန်းထဲတွင် ထွက်ဆိုချက် ပေးနေကြရသည်။

“ဒီ ချန်တာဟူ ကတော့.... တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာ ငါတို့ သိပြီးသားပါ....”

ရဲအရာရှိများကလည်း သူ့ကို ကောင်းစွာ သိထားကြပုံရသည်။

“သူ့ကို အရင်ဆုံး ခေါ်သွားလိုက်မယ်။ ခင်ဗျားတို့လည်း စခန်းကို လိုက်ခဲ့ပြီး ထွက်ဆိုချက် ပေးပေးကြပါဦး။ ခိုးယူခံရတဲ့ ပစ္စည်းရဲ့ တန်ဖိုးကို သက်သေပြနိုင်မယ့် ဘောင်ချာတွေ ရှိရင်လည်း တစ်ခါတည်း ယူလာခဲ့ပါ”

ချန်ကျန့် ရှန်ယွီနောက်မှ ရုံးခန်းထဲသို့ လိုက်ဝင်ခဲ့သည်။ ရှန်ယွီက ပုလင်း၏ ဘောင်ချာနှင့် လက်မှတ်များကို ထုတ်ပေးလိုက်သည်။

“သူ ဒီတစ်ခါတော့ ထောင်ကျတော့မှာ မဟုတ်လား”

“လုယက်မှု မြောက်သွားနိုင်တယ်”

ရှန်ယွီက ဆိုသည်။

“ဒါပေမဲ့ အာဟူက ဖမ်းပေးတဲ့အထဲမှာ ပါဝင်နေတာကြောင့် ပြစ်ဒဏ်ကတော့ နည်းနည်း လျော့သွားနိုင်တာပေါ့”

“အင်း”

ချန်ကျန့် ရှန်ယွီကို ကြည့်လိုက်သည်။

“ဒါက မင်းရဲ့ အစီအစဉ်အတိုင်းပဲလား”

“လူအုပ်ကြီးနဲ့ ပြေးထွက်ပြီး သူခိုးဖမ်းတာကတော့ ငါ့အစီအစဉ်ထဲမှာ မပါပါဘူး”

ရှန်ယွီက ပြန်ဖြေသည်။

“ချန်အာဟူကလေ.... သူက သူ့အစ်ကိုအတွက် လျှော့ပေါ့ပေးဖို့ တောင်းဆိုမှာလား”

“မတောင်းဆိုတော့ပါဘူး။ လူအတစ်ယောက်ရဲ့ နှလုံးသားတောင်မှ အခုလိုအချိန်မှာတော့ ကျိုးပဲ့သွားနိုင်တာပဲလေ”

“ကျွန်တော် အောက်ဆင်းတော့မယ်။ မင်းလည်း နားလိုက်ပါဦး။ တစ်ခုခုရှိရင် ကျွန်တော် ဖုန်းဆက်လိုက်မယ်”

“နားလို့ ဘယ်ရမှာလဲ”

ရှန်ယွီက ပြန်ပြောသည်။

“မင်းရဲ့ တည်းခိုခန်းထဲ ဝင်ခိုးခံရတာလေ။ အရင်ဆုံး အိပ်လိုက်ပါ။ ထွက်ဆိုချက်ပေးတာကတော့ ပြဿနာ မရှိပါဘူး။ ကျွန်တော် ဖုန်းမဆက်မိအောင် ကြိုးစားပါ့မယ်”

ရှန်ယွီ ပြုံးလိုက်သည်။

“ဒါဆိုလည်း သွားတော့လေ.... ရဲတွေကို အကြာကြီး စောင့်မခိုင်းနဲ့ဦး”

ထွက်ဆိုချက်ပေးရသည်မှာ မခက်ခဲသော်လည်း အချိန်တော့ တော်တော်ကုန်သည်။ စခန်းကနေ ထွက်လာသည့်အခါ မိုးပင် လင်းနေပြီ ဖြစ်သည်။

“အမဲသားခေါက်ဆွဲ အချို့ သွားဝယ်လိုက်ပါဦး။ စခန်းက ရဲတွေကို သွားပေးလိုက်ပါ၊ သူတို့တွေလည်း ငါတို့အမှုအတွက် တစ်ညလုံး မအိပ်ခဲ့ရဘူး မဟုတ်လား။ ငါကတော့ အာဟူကို ဆေးခန်း လိုက်ပို့ပေးလိုက်မယ်”

ချန်ကျန့်က ဆန်းပင်းကို မှာကြားလိုက်သည်။

“ဟုတ်ကဲ့။ သူတို့က လက်မခံရင် ဘယ်လိုလုပ်မလဲ”

“ချထားခဲ့ပြီး ပြေးခဲ့ပေါ့။ သူတို့ လက်ခံတာကို စောင့်နေဖို့ ဘယ်သူက ပြောလို့လဲ”

“အိုကေ”

ဆန်းပင်း ဆိုင်ကယ်ပေါ် တက်လိုက်သည်။

“အာဟူ.... ဆေးခန်းကို အရင် သွားနှင့်လိုက်နော်”

ချန်အာဟူ ဘာမှ ပြန်မပြောဘဲ လက်ပြလိုက်ရုံသာ ရှိသည်။ ချန်ကျန့် သူ၏ ဆိုင်ကယ်ကို နှိုးလိုက်ပြီး ချန်အာဟူကို ခေါ်လိုက်သည်။

“တက်လေ”

“ချန်ကျန့်.... တစ်ခုလောက် မေးပါရစေဦး”

ချန်အာဟူ ဆိုင်ကယ်နောက်သို့ တက်လိုက်သည်၊ မျက်နှာ ဖောင်းအစ်နေသဖြင့် စကားပြောရန် ခက်ခဲနေဟန် ရှိသည်။ ချန်ကျန့် ဆိုင်ကယ်စထွက်လိုက်ရင်း မေးသည်။

“မေးလေ”

“ဒါတွေ အကုန်လုံးက ရှန်ယွီ ဆင်ထားတဲ့ အကွက်တွေလား”

ချန်ကျန့်၏ လက်မှာ လီဗာပေါ်တွင် တောင့်တင်းသွားရသည်။ သူ အံ့အားသင့်စွာဖြင့် မှန်ထဲကနေ ချန်အာဟူကို လှမ်းကြည့်လိုက်မိသည်။

“ကျွန်တော်လည်း မသိပါဘူး။ မင်းကော အဲ့ဒီလို ထင်လို့လား”

“တိုက်ဆိုင်လွန်းနေတယ်လို့ ငါ ခံစားရလို့ပါ”

ချန်အာဟူက ဆိုသည်။

“ဘာလို့ သူ့ကို တိုက်ရိုက် မမေးကြည့်တာလဲ”

ချန်ကျန့် အမေးဖြင့်သာ တုံ့ပြန်လိုက်သည်။ ဘယ်လို ပြန်ဖြေရမှန်း တကယ် မသိပါဘူး။

“မမေးပါဘူး”

ချန်အာဟူ၏ အသံမှာ တိုးလွန်းလှသည်။

“တကယ်လို့ အဲ့ဒါက သူသာ ဆိုရင်တောင်မှ.... ငါ သူ့ကို ကျေးဇူးပဲ တင်မိမှာပါ။ သူ ငါ့ကို ကယ်လိုက်တာလေ”

“ချန်တာဟူကတော့ တစ်နေ့နေ့မှာ ထောင်ကျဖို့ သေချာနေတဲ့လူပဲ”

ချန်ကျန့်က ဆိုကာ ဆိုင်ကယ်ကို ဆေးခန်းရှိရာသို့ လှည့်လိုက်သည်။

“သူ ထောင်က မထွက်ခင်အထိ ငါ ကြိုးစားရမယ်။ လုပ်ငန်းအတွေ့အကြုံတွေ ရအောင် ယူမယ်။ ပြီးရင် ဒီနေရာကနေ ထွက်သွားနိုင်အောင် ကြိုးစားမယ်”

ချန်အာဟူက ဆိုသည်။ ချန်ကျန့် မျက်တောင်ခတ်မိသွားသည်။

“မင်းကလား”

“အင်း။ မင်းတို့အားလုံးလည်း တစ်နေ့နေ့မှာ ထွက်သွားကြမှာ မဟုတ်လား”

ငါတို့ကော ထွက်သွားကြမှာလား။ တကယ်လား။ ဆေးခန်းကနေ ချန်အာဟူ ပြန်ထွက်လာသည့်အခါ သူ၏ ခေါင်းမှာ ပေါက်စီအကြီးကြီး တစ်လုံးကဲ့သို့ ပတ်တီးများဖြင့် ပြည့်နှက်နေလေသည်။

“နှာတံကတော့ ကျိုးသွားတာ သေချာတယ်။ သူ ဒဏ်ရာ အခြေအနေ စစ်ဆေးဖို့အတွက် မြို့ပေါ်ကို သွားဖို့ လိုလိမ့်မယ်။ ကျွန်တော် သူ့ကို ခွင့်ပေးလိုက်ပြီ”

ချန်ကျန့်က စခန်းက ပေးလိုက်တဲ့ ဘောင်ချာကို စားပွဲပေါ် တင်လိုက်ရင်း ရှန်ယွီကို ပြောပြသည်။ ရှန်ယွီက မေးသည်။

“အဲ့ဒါက သူ့အကြံလား၊ ဒါမှမဟုတ် စခန်းက ပြောတာလား”

“သူ့ဘာသာသူ တောင်းဆိုတာပါ”

ရှန်ယွီ သက်ပြင်း ခပ်သဲ့သဲ့ ချလိုက်မိသည်။ ချန်ကျန့်က မေးလိုက်သည်။

“မနက်စာ စားမလား”

“မင်းကတော့ အစား တော်တော် စားနိုင်တာပဲ.... ဒီလောက်တွေ ဖြစ်ထားတာတောင် မနက်စာ စားဖို့ စဉ်းစားနိုင်သေးတယ်ပေါ့”

ရှန်ယွီ သူ့ကို ကြည့်လိုက်သည်။

“ဒါတွေ ဖြစ်ထားလို့ပဲ ဗိုက်ဆာတာပေါ့”

ရှန်ယွီ ရယ်မောလိုက်သည်။

“ခဏနေရင် အတူတူ ထွက်ကြတာပေါ့.... ပြီးရင် ချန်အဘိုးကြီးဆီ သွားကြမယ်”

“ဆိတ်သား ခေါက်ဆွဲဟင်းရည်လား”

“အဲ့ဒါ တကယ်ဝယ်လာရင် မင်းကို အလုပ်ထုတ်လိုက်ပြီ”

ရှန်ယွီ ရုံးခန်းထဲကနေ ထွက်သွားတော့သည်။ သူတို့ အပြင်ထွက်လာသည့် အခိုက်အတန့်မှာပင် လူသွားလမ်းထဲတွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ အခန်း ၁၀၂ က ဧည့်သည် ဖြစ်လေသည်။

“အယ်”

ချန်ကျန့် တိုးတိုးလေး ရေရွတ်လိုက်သည်။

“စိတ်ရှုပ်စရာပဲ။ သူ ဘာလို့ ဒီကို ရောက်နေတာလဲ”

သူ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားကာ အသံကို မြှင့်၍ မေးလိုက်သည်။

“လူကြီးမင်း.... ဘာများ ကူညီပေးရမလဲ ခင်ဗျာ”

ထိုသူက လှည့်ကြည့်လာသည်။

“ဒီအခန်းလား”

“ဗျာ”

ချန်ကျန့် မျက်တောင်ခတ်ရင်း ကြည့်နေမိသည်။

“လူတစ်ယောက် သေခဲ့တဲ့ အခန်းလေ”

ချန်ကျန့် ဆဲရေးမိတော့မည့် စိတ်ကို အတင်း ထိန်းလိုက်ရလေသည်။

“ဘာကိစ္စရှိလို့လဲ ခင်ဗျာ”

“ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့လူ ရှိခဲ့တဲ့ အခန်းကို ရှာနေတာပါ”

“လူကြီးမင်းကော ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ပလန်ဆွဲနေလို့လား ခင်ဗျာ”

ရှန်ယွီက ယဉ်ကျေးစွာဖြင့် ဝင်မေးလိုက်လေသည်။ ချန်ကျန့် ဝုန်းခနဲ ခေါင်းလှည့်ကြည့်လိုက်မိသည်။

ဘော့စ်ရယ်။ လူတွေကို အဲ့ဒီလိုမျိုး သွားပြောလို့ ဘယ်ရမှာလဲ။
____________________________________________________________________

TN // ဒီအခန်းက မိမိအတွက် တကယ် အီမိုရတဲ့အခန်းပဲ ။ ချန်အာဟူကြီးအတွက် တကယ်စိတ်မကောင်းဘူး။ စိတ်တွေ ကျိုးကြေနာကျင်ရမှာ…အစ်ကိုအရင်းက…ဒီလိုကြီးဖြစ်တော့






Comments

  1. သူကိုယ်တိုင်ဖမ်းမယ်ဆိုတာမှာ တအားသနား😭

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...