Skip to main content

39





အပိုင်း (၃၉)

သူတို့နှစ်ဦးကြားက နားလည်မှုကတော့ ငြင်းပယ်လို့မရအောင်ကို ပြည့်စုံလွန်းလှသည်၊ သို့သော် ဘေးလူအမြင်မှာတော့ အနည်းငယ် ဆွံ့အသွားစေမည့် အမျိုးအစားမျိုးပေါ့။

မည်သို့ပင်ဆိုစေ “ချန်ယွီလော့ယန့်” က “လပုန်း ပန်းရှက်” ကို မှန်အောင်ခန့်မှန်းပေးနိုင်ခဲ့လို့ တာယွင်ဝန်ထမ်းအဖွဲ့ အမှတ်ရသွားခဲ့သည်။ ချန်ကျန့်နှင့် ရှန်ယွီတို့၏ တာဝန်မှာလည်း ပြီးဆုံးသွားပြီ။ ချန်ကျန့်သည် ဆူညံသံများကြားမှ ဆိုဖာထောင့်သို့ ပြန်လာထိုင်လိုက်သည်။ ကိုလာနှစ်ငုံခန့် သောက်ပြီးမှ ရှန်ယွီ တစ်ယောက် သူနှင့်အတူ ပြန်မထိုင်သည်ကို သတိထားမိတော့သည်။ မော့ကြည့်လိုက်တော့ ရှန်ယွီက တံခါးဝမှာရပ်ပြီး သူ့ကို စောင့်ကြည့်နေလေသည်။

ရှန်ယွီက ခေါင်းတစ်ချက်စောင်းကာ ပါးစပ်လှုပ်ရုံဖြင့် “သွားကြစို့” ဟု ဆိုသည်။

ချန်ကျန့်သည် အမြန်ထကာ စောစောက တစ်ယောက်ယောက် သူ့လက်ထဲထိုးထည့်ပေးခဲ့သော အာလူးကြော်ထုပ်ကို ဆွဲယူပြီး တံခါးဘက်သို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်ရောက်မှ ဘယ်သူမှ သူတို့ကို သတိမထားမိသည်ကို သိလိုက်ရသဖြင့် ခြေလှမ်းကို သွက်သွက်လှမ်းလိုက်တော့သည်။

တံခါးပိတ်သွားသည့်အခါ အထဲက ဆူညံသံများမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ထိုမြင်ကွင်းကြီးတစ်ခုလုံး အဝေးသို့ ပါသွားသလို ခံစားရသည်။ သူသည် လက်မောင်းများကို ဆန့်ထုတ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ခုနက အထဲမှာရပ်နေခဲ့ရသည့် မိနစ်အနည်းငယ်အတွင်း သူ၏တစ်ကိုယ်လုံးမှာ တောင့်တင်းနေခဲ့သည် မဟုတ်လား။

“ပျော်ရဲ့လား”

ရှန်ယွီက သူ့ကို ပြန်ကြည့်ကာ မေးသည်။

“အင်း။ သူများတွေ ကစားတာ ထိုင်ကြည့်ရတာက ပိုပျော်ဖို့ကောင်းတယ်”

“လူတွေ အများကြီး စိုက်ကြည့်တာကို အကျင့်မဖြစ်သေးဘူးလား”

“ဟုတ်တယ်၊ သိပ်တော့ အဆင်မပြေဘူး”

“ဆံပင်ကောက်ကောက်နဲ့ လူချောလေးရယ်... မင်းက ငယ်ငယ်ကတည်းက အကြည့်ခံလာရတာ မဟုတ်လား။ အခုထိ အကျင့်မရသေးဘူးလား”

ရှန်ယွီက သူ၏ချိုင်းထောက်ကို ဝုန်းခနဲ ဖြန့်လိုက်သည်။ ချန်ကျန့်ကတော့ သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေမိသည်။

“မင်းကိုယ်တိုင်ပဲ ခွင့်ပြုခဲ့တာလေ၊ ငါ မင်းကို ‘ကောက်ကောက်’ လို့ ခေါ်လို့ရတယ်ဆိုတာ”

ရှန်ယွီက ပြုံးစိစိနှင့် ဆိုသည်။

“ဒီချိုင်းထောက်မပါဘဲ လမ်းလျှောက်နိုင်နေပြီ ထင်တာ”

ချန်ကျန့်က ချိုင်းထောက်ကို တစ်ချက်ကြည့်ရင်း ဆိုလိုက်သည်။ သူ ဆက်ပြီး ငြင်းမနေတော့ပါ၊ ရှန်ယွီ၏ ပါးစပ်ကို သူ သိထားပြီးသား ဖြစ်သည်။ အကယ်၍ နာမည်ပြောင်တစ်ခုကို ပိတ်ပင်လိုက်လျှင် ရှန်ယွီက သူ့ကို “ငန်းလေး” ဟု ပြောင်းခေါ်မှာ သေချာသည်။

“ဒီချိုင်းထောက်က ငါ့ဆီမှာ ကြာကြာရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ဆုံးရက်လေးတွေကို ဂုဏ်ပြုပေးတဲ့သဘောပါ”

ချန်ကျန့် ဧည့်ကြိုကောင်တာဘက်သို့ လှမ်းကြည့်လိုက်သည်။ အာဟူ မရှိတော့ဘဲ ကျောက်ဖန်းဖန်း၏ သမီးနှင့်အတူ ဘားကောင်တာတွင် ထိုင်နေသည်ကို တွေ့ရသည်။

“စားစရာ ဘာရှိလဲ”

ရှန်ယွီက မေးလိုက်သည်။

“မုန့်လုံးဟင်းချိုရှိတယ်”

ကျောက်ဖန်းဖန်းက ဘားနောက်မှ ပြူထွက်လာပြီး လက်လှမ်းပြသည် ။ “ကစားရတာ ဗိုက်ဆာနေပြီလား။ လာစားကြလေ!”

“ကြက်ဥ ပါလား”

“ပါတာပေါ့။ တစ်လုံး ထည့်ပေးရမလား။ မန်နေဂျာချန်... မင်းကော”

“ဟုတ်ကဲ့၊ ထည့်ပေးပါ”

ချန်ကျန့် သဘောတူလိုက်သည်။ သူ ငြိမ်ငြိမ်ထိုင်ပြီး အတွေးနယ်ချဲ့နေလျက်နဲ့ ဘာမှ အပင်ပန်းခံမလုပ်ခဲ့ရသော်လည်း ၊ သူ၏ ဝမ်းဗိုက်မှာ ထူးဆန်းစွာ ဟာနေပြီး အတွေးများနေခြင်းက ကယ်လိုရီတွေကို တကယ်ပဲ လောင်ကျွမ်းစေခဲ့သလားပင်။

“ဒါနဲ့ ကျောက်ကျဲ... ဒီည အစည်းအဝေးခန်းကို သန့်ရှင်းရေး လုပ်စရာမလိုတော့ဘူးနော်”

ရှန်ယွီက ဘားကုလားထိုင်ပေါ်တွင် ဝင်ထိုင်ရင်း ဆိုသည် ။

“ဘယ်သူမှလည်း သုံးမှာမဟုတ်တော့ဘူး။ မနက်ဖြန်ကျမှ ဆန်းပင်းတို့ကိုပဲ လုပ်ခိုင်းလိုက်တော့မယ်”

“လျူဝူကတော့ သူတို့ဘာသာ လုပ်သွားမယ် ပြောတယ်”

ကျောက်ဖန်းဖန်းက ပြန်ဖြေသည် ။

“ကျွန်မကို အလုပ်မရှုပ်စေနဲ့လို့ သေသေချာချာ မှာသွားတယ်လေ”

“ဒါဆိုလည်း သူတို့ဘာသာ လုပ်ပါစေပေါ့”

“ဒီတက္ကသိုလ်ကျောင်းသားလေးတွေက တော်တော်လေး လိမ္မာကြပါတယ်၊ အခန်းတွေကို သပ်သပ်ရပ်ရပ် ထားကြတယ်။ ဒီနေ့ အခန်းအပ်သွားတဲ့ စုံတွဲတစ်တွဲနဲ့တော့ လုံးဝမတူဘူး ။ အခန်းထဲမှာ တစ်ရှူးတွေတောင် အမှိုက်ပုံးထဲ မထည့်ဘဲ ပရမ်းပတာ ထားခဲ့တာလေ။”

“ကျောက်ကျဲ! ကျောက်ကျဲ! ကျောက်ကျဲ!”

ရှန်ယွီက နားကို လက်နှင့်ပိတ်ကာ အမူအရာအပြည့်ဖြင့် တောင်းပန်နေသည် ။

“ကျွန်တော့်ရဲ့ အစားအသောက်ကို မပျက်စီးပါစေနဲ့တော့”

“ဟဲဟဲ၊ ထမင်းစားချိန်ဆိုရင်တော့ မင်းက ဘယ်တော့မှ အစားအသောက် ပျက်တာ မဟုတ်ပါဘူး”

ကျောက်ဖန်းဖန်းက စနောက်လိုက်သည်။

“အဲ့ဒါက အစားအသောက်လေ။ အမှိုက်ပုံးထဲက အညစ်အကြေးတွေမှ မဟုတ်တာ”

အာဟူက ကြားထဲက ဝင်ပြောသည်။

“အား...”

ရှန်ယွီမှာ လက်မှိုင်ချကာ ဘားကောင်တာပေါ် မှောက်ကျသွားတော့သည်။

“မင်းကတော့ တကယ့်ကို အရှက်မရှိတာပဲ ။ သူ ဒါမျိုးတွေ မခံနိုင်မှန်း သိလျက်နဲ့ စနေသေးတယ်”

ကျောက်ဖန်းဖန်းက အာဟူကို လှမ်းရိုက်လိုက်သည်။ ပတ်ဝန်းကျင်မှာ နွေးထွေးနေပြီး သူတို့၏ ကိုယ်ပိုင်ကမ္ဘာလေးထဲ ပြန်ရောက်နေသလို ခံစားရသည်။ ကျောက်ကျဲက မုန့်လုံးပြုတ်နေစဉ် ချန်ကျန့်က ဘားမှာ ထိုင်နေမိသည်။ ဝန်ထမ်းများက စကားပြောရင်း မုန့်စားနေကြသလို၊ နောက်ကျမှ ပြန်ရောက်လာသည့် ဧည့်သည်အချို့ကလည်း မနက်ဖြန် တောင်တက်မည့် လမ်းကြောင်းများအကြောင်း ချန်ကျန့်ကို လာမေးနေကြသည်။ ချန်ကျန့်မှာ အိပ်ချင်နေသော်လည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးနေရသည်။ ပင်ပန်းသော်လည်း၊ တစ်ခါတစ်ရံ စိတ်ရှုပ်စရာ ကောင်းသော်လည်း ဤဘဝက တည်ငြိမ်မှုတော့ ရှိသည်။

ည ၁၁ နာရီတွင် မိတ်ဆုံပွဲ ပြီးဆုံးသွားသည်။ ကျောင်းသားများမှာ အစည်းအဝေးခန်းထဲမှ ထွက်လာကြရာ အသံကို ထိန်းပြောနေကြသော်လည်း ရယ်မောသံများကတော့ ပါလာဆဲပင်။

“အမှိုက်တွေကို တံခါးဝက အမှိုက်ပုံးကြီးထဲ အကုန်ထည့်ကြနော်”

လျူဝူက ညွှန်ကြားနေသည် ။

“တစ်ယောက်ယောက်က စားပွဲသုတ်၊ ကြမ်းတိုက်လိုက်ကြဦး”

“မနက်ဖြန်မှ လုပ်လည်း ရပါတယ်”

ချန်ကျန့်က ဝင်ပြောလိုက်သည်။

“မနက်စောစော ပြန်ကြမှာလေ”

လျူဝူက နှမြောတသဟန်ဖြင့် ဆိုသည် ။

“အချိန်တွေက မြန်လွန်းတယ်၊ ရောက်ကာစပဲ ရှိသေးတယ် ထင်နေတာ... ကျောက်ကျဲ... အဝတ်စုတ် ရှိလား”

“သူ့ကို အန်တီ လို့ ခေါ်စမ်းပါ!”

ဟူဖန်က အဝတ်စုတ်နှစ်ခု လှမ်းပစ်ပေးလိုက်သည်။

“သူ့သမီးကတောင် ငါ့ကို ‘အစ်ကို’ လို့ ခေါ်တာကို”

လျူဝူက ကန့်ကွက်နေလေသည်။

“သူက ရှင့်ကို ဦးဦးလို့ ခေါ်ရင်တောင် ရှင်က သူ့အမေကို ‘ကျဲ’ လို့ပဲ ခေါ်ရမှာပဲ”

ဟူဖန်က ပြန်ပက်လိုက်သည်။ ကျောက်ဖန်းဖန်းမှာ အားရပါးရ ရယ်မောနေတော့သည် ။

“ဘာခေါ်ခေါ် ရပါတယ်၊ မင်းတို့က ကလေးတွေပဲဟာ”

“ကျောက်ကျဲက အသက် ၃၀ ကျော်ပဲ ရှိသေးတာ၊ ငါ့အစ်ကိုနဲ့ အသက်တူတူပဲလေ”

ဟူဖန်က ဆိုသည်။ လျူဝူကတော့ ရယ်ကျဲကျဲဖြင့် ဘားကောင်တာကို လိုက်သုတ်နေလေသည်။

“မင်းက အစည်းအဝေးခန်း သန့်ရှင်းရေး လုပ်ရမှာ မဟုတ်ဘူးလား”

ရှန်ယွီက အေးအေးဆေးဆေး မေးလိုက်သည်။

“လုပ်မှာပါ”

လျူဝူက ခေါင်းညိတ်ပြသည်။

“မနက်ဖြန် မနက်မှလား”

ရှန်ယွီက မျက်ခုံးပင့်လိုက်သည်။

“ဟင့်အင်း၊ အခုပဲ!”

လျူဝူက အဝတ်စုတ်ကို လွှဲရမ်းကာ ထွက်သွားတော့သည်။ ကျောင်းသားအချို့လည်း သူ့နောက်မှ လိုက်သွားကြသည်။ ချန်ကျန့် စားပြီးနောက် လိုက်ကူရန် ပြင်လိုက်သည်။ သူ ကုလားထိုင်ကို နောက်ဆုတ်လိုက်စဉ်မှာပင် ရှန်ယွီက ခြေထောက်တစ်ဖက်ဖြင့် လှမ်းဖိထားလိုက်သည်။

“ဘယ်သွားမလို့လဲ”

ရှန်ယွီက တိုးတိုးလေး မေးသည်။

“သွားကူမလို့လေ”

“သူတို့ဘာသာ လုပ်မယ် ပြောထားတာပဲ။ လုပ်ပါစေပေါ့”

“ရေပုံးတောင် မယူသွားကြဘူး။ ဘယ်လိုလုပ်ရမလဲ သိကြတာ မဟုတ်ဘူး”

“ဒါဆိုလည်း သူတို့ဘာသာ အဝတ်စုတ်တွေ လိုက်လျှော်ရင်း ဟိုပြေးဒီပြေး လုပ်ပါစေပေါ့။ ဘာလို့ စိတ်ပူနေတာလဲ။ သူတို့က မင်းနဲ့ သက်တူရွယ်တူတွေပဲလေ”

ချန်ကျန့် ခေတ္တမျှ တန့်သွားပြီးနောက် ငြိမ်နေလိုက်သည်။

“ထိုင်ပြီး ဆက်စားစမ်းပါ”

ရှန်ယွီက သူ၏ခြေထောက်ကို ပြန်ရုပ်လိုက်သည်။

“...စားလို့ ပြီးပြီလေ”

ချန်ကျန့်က ပန်းကန်အလွတ်ကို ပြလိုက်သည်။

“ကျောက်ကျဲ... သူ့ကို ထပ်ထည့်ပေးလိုက်ပါဦး။ သူ ဗိုက်မဝသေးဘူး ထင်တယ်”

“လာပြီ၊ လာပြီ”

ကျောက်ကျဲက မုန့်လုံးအချို့ ထပ်ထည့်ပေးလိုက်သည် ။ “ကြက်ဥရော ထပ်လိုလား”

“မလိုတော့ပါဘူး၊ တော်ပါပြီ”

ချန်ကျန့် အလျင်အမြန် လက်ကာပြလိုက်သည်။ တကယ်ကို ပြည့်အင့်နေပြီ မဟုတ်လား။

ညဉ့်နက်စာ စားပြီးနောက် ကျောင်းသားများမှာ သန့်ရှင်းရေးလုပ်ပြီး ပြန်ရန် အဆင်သင့်ဖြစ်စေရန် စောစော အိပ်ကြလေသည်။ ဝန်ထမ်းများမှာလည်း မိမိတို့၏ တာဝန်များအလိုက် နားသူနား၊ ဂျူတီကျသူက ကျနှင့် နေရာယူကြသည်။ အာဟူက ဧည့်ကြိုကောင်တာမှာ နေချင်သည်ဟု ဇွတ်ပြောနေသဖြင့် ချန်ကျန့်လည်း မငြင်းတော့ပါ။

တကယ်လို့ သန်းခေါင်ယံမှာ တစ်ယောက်ယောက် အခန်းလာတည်းမယ်ဆိုရင်တော့ အာဟူရဲ့ ပတ်တီးအဖွေးသား ခေါင်းကြီးကို မြင်တာနဲ့တင် လန့်ပြေးကြမှာ သေချာသည်။ တစ်ခုခု ကောလာဟလတွေ ထွက်လာရင်လည်း ဘော့စ်ရှန်က နောက်ထပ် ဇာတ်လမ်းတစ်ခု ဖန်တီးပြီး ဖုံးကွယ်လိုက်မှာပေါ့။

ချန်ကျန့် ၊ ရှန်ယွီနောက်မှ ရုံးခန်းထဲသို့ လိုက်ဝင်ခဲ့သည်။ ခြေထောက် ပိုးသတ်ရန် ကျန်နေသေးသည် မဟုတ်လား။ ရှန်ယွီသည် ဆိုဖာပေါ်တွင် လှဲနေလိုက်သည်။ ချန်ကျန့် ဆေးသေတ္တာကို ယူလာစဉ် စားပွဲအောက်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည် ။ အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး အချို့သာ ရှိသည်။ အခန်း ၁၀၂ က ဧည့်သည် သောက်သည့် ဆေးမျိုး လုံးဝ မတွေ့ရချေ။

“နောက်နှစ်ရက်ဆို စီးပွားရေးက ပြန်အေးသွားမှာပါ”

ရှန်ယွီက ဆိုသည် ။

“အချိန်ပိုလုပ်အားခတွေကို တွက်ချက်ထားလိုက်ပါ။ ဂျူတီဇယားကိုလည်း နည်းနည်း လျှော့ပေးလို့ ရပါတယ်”

“အင်း”

ချန်ကျန့် ခေါင်းညိတ်ပြရင်း ဂွမ်းတံဖြင့် ပိုးသတ်ပေးနေသည်။

“ဒီနေ့ နေ့လယ်က ပြဿနာတစ်ခု တက်ခဲ့တယ်လို့ ဆန်းပင်း ပြောပြတယ်”

“ပုံမှန်ပါပဲ။ အားလပ်ရက်မှာ ပြဿနာမတက်တာကမှ ထူးဆန်းတာပေါ့။ ဘာဖြစ်လို့လဲ”

“ကျွန်တော်တို့ရဲ့ နည်းပညာမြင့် ဧည့်သည်နဲ့ ပတ်သက်တဲ့ ကိစ္စလေ... တိုင်ကြားစာတွေ တက်လာတယ်လို့ ကြားတယ်။ ရေပူမထွက်တာ၊ အိမ်သာ မသန့်ရှင်းတာ၊ ဝန်ထမ်းတွေ ရိုင်းတာ စသဖြင့်ပေါ့။ သူတို့တွေ ရန်ဖြစ်ပြီး ပစ္စည်းတွေနဲ့ပါ ပေါက်ကြတယ်တဲ့”

“ဟင်း... နားညည်းစရာတွေပဲ”

ရှန်ယွီ သက်ပြင်းချလိုက်သည်။

“တစ်ခုခု ဖြစ်လာရင် ဘော့စ် ဝင်မပါနဲ့ဦးနော်”

ချန်ကျန့်က သတိပေးလိုက်သည်။

“ငါက ဧည့်သည်တွေကို လိုက်ရိုက်မှာ မဟုတ်ပါဘူး”

ရှန်ယွီက လှောင်ပြုံးပြုံးရင်း ဆိုသည်။

“မင်း ရောက်လာလို့ သူတို့တွေ တည်းခိုခန်းကို ဖျက်ဆီးပစ်မှာ စိုးရိမ်နေတာပါ”

ချန်ကျန့်က ဆိုလိုက်သည်။

“မင်းက ငါ့အကြောင်းကို တကယ် မသိသေးတာပဲ”

ရှန်ယွီက မျက်လုံးမှိတ်ပြီး ပျင်းရိစွာ ပြုံးနေလေသည်။

ချန်ကျန့် ခပ်တိုးတိုး ရယ်မိသည်။ မည်သို့ပင်ဖြစ်စေ သူတို့ အခန်းအပ်သွားလျှင် အခန်းတွေကို အသေးစိတ် ပြန်စစ်ဆေးရမည် ဖြစ်သည်။ တိုင်ကြားစရာ အကြောင်းရင်း မရှိစေရန်အတွက်ပေါ့။

“အာဟူရဲ့ အဖွဲ့ကိုပဲ စစ်ခိုင်းလိုက်ပါ။ သူ့ကို တမင် ဖယ်ထားတယ်လို့ မခံစားရစေနဲ့”

“ကျွန်တော်ပဲ စောင့်ကြည့်ပေးလိုက်ပါ့မယ်”

“မန်နေဂျာရာ... အရာရာကို မင်းကိုယ်တိုင် လိုက်လုပ်နေလို့ ဘယ်ရမှာလဲ။ ကိုယ့်ကိုယ်ကိုယ် သေအောင် အလုပ်ခိုင်းနေသလို ဖြစ်နေမှာပေါ့။ အဲ့ဒီကျရင် မင်းရဲ့ ‘ချန်ယွီလော့ယန့်’ ဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်မှာ ကျန်တော့မှာလဲ”

“အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ”

ချန်ကျန့် သက်ပြင်းချလိုက်မိသည်။

“တကယ် မေးတာပါ၊ ဘာလို့ အဲ့ဒီနာမည်ကို ပေးခဲ့တာလဲ”

ရှန်ယွီက မျက်လုံးတစ်ဖက် ဖွင့်ကြည့်ကာ မေးသည်။

“အပျော်ပေးတာပါ။ ကျွန်တော့်ရဲ့ ဖုန်းထဲက လူနာမည်တွေ အကုန်လုံးက အဲ့ဒီလို ထူးထူးဆန်းဆန်းတွေချည်းပဲ”

ချန်ကျန့် ဂွမ်းတံကို လဲလိုက်ရင်း တုံ့ဆိုင်းစွာ မေးလိုက်သည် ။

“မင်း အခု WeChat မသုံးတော့တာလား၊ ဒါမှမဟုတ် တစ်ခါမှ မသုံးခဲ့ဖူးတာလား”

“ထောင်က ထွက်လာကတည်းက မသုံးတော့တာ”

“အရင်က ဘယ်နာမည် သုံးခဲ့လဲ”

“လပုန်း ပန်းရှက် လေ”

“ကောင်းပါပြီဗျာ၊ လပုန်းပန်းပွင့်လေး ရေ”

ချန်ကျန့်က ဆေးထည့်ပေးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ရှန်ယွီသည် ခပ်တိုးတိုး ရယ်မောရင်း သက်ပြင်းချကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ခြေထောက်ကိရိယာနှင့် ဒဏ်ရာများကို သန့်ရှင်းရေးလုပ်ပေးရင်း ဒဏ်ရာမှာ တော်တော်လေး ကျက်နေပြီမှန်း ချန်ကျန့် သတိထားမိလိုက်သည်။ ကိရိယာကို ဖြုတ်လို့ရမည့်အချိန် နီးလာပြီပေါ့။

ပြန်ပြီး ပြေးနိုင်တော့မည့် ဘော့စ်တစ်ယောက်ဆိုတာ တည်းခိုခန်းအတွက်တော့ တကယ်ကို အန္တရာယ်ရှိတဲ့ အရာတစ်ခုပါပဲ။

“ပြီးပါပြီ။ ဒီကိရိယာကတော့။”

ချန်ကျန့် စကားပြောနေရင်းမှ ရှန်ယွီမှာ မလှုပ်မယှက် ရှိနေသည်ကို သတိပြုမိသွားသည်။ ခေါင်းမှာ ဆိုဖာမှီခုံဘက်သို့ မှီချပြီး၊ လက်တစ်ဖက်က နဖူးကို အသာအယာ အုပ်ထားသည်။ အသက်ရှူသံက မှန်မှန်ရှိနေပြီး ကိုယ်နေဟန်ထားကလည်း လုံးဝ လျော့ရဲနေလေသည်။

“အိပ်ပျော်သွားတာလား”

ချန်ကျန့် တိုးတိုးလေး မေးလိုက်သည်။

ယခုတစ်ကြိမ်မှာတော့ ရှန်ယွီ တကယ် အိပ်ပျော်သွားခြင်း ဖြစ်သည်။ ရှန်ယွီ တစ်ခါတစ်ရံ ကစားတတ်သော ဟန်ဆောင် အိပ်စက်ခြင်းမျိုး မဟုတ်ပါဘူး။ သူ၏ မာန်မာနများ ပျောက်ကွယ်နေပြီး ငြိမ်သက်နေလေသည်။ ထိုငြိမ်သက်မှုက ရှန်ယွီ ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေတတ်သည့် ပုံစံနှင့် ဆင်တူသော်လည်း ပို၍ နူးညံ့နေသလို ခံစားရသည်။ သူ၏ တခြားတစ်ဖက်ကို မြင်တွေ့လိုက်ရသလိုမျိုးပေါ့။

သူသည် ဆေးသေတ္တာကို သေသေချာချာ သိမ်းဆည်း၊ မီးများကို ပိတ်ပေးပြီးနောက် အပြင်သို့ ထွက်လာခဲ့တော့သည်။

အားလပ်ရက်၏ အလုပ်အရှုပ်ဆုံး အချိန်များ ကုန်ဆုံးသွားသည့်အခါ တည်းခိုခန်းမှာ ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် အခန်းအပ်ကာ ပြန်သွားကြသည်။ ချန်းယွီ လက်ထက်ကကဲ့သို့ ခြောက်ကပ်နေခြင်းမျိုး မဟုတ်ဘဲ၊ ပိတ်ရက်များတွင် သစ်ရွက်နီကြည့်မည့် ခရီးသည်များ ရှိနေဆဲပင် ဖြစ်သည်။ မကြာခင် ဆီးနှင်းများ ကျလာလျှင်လည်း ခရီးသည်များ ထပ်မံ ရောက်ရှိလာကြဦးမည် မဟုတ်လား။

ဧည့်ကြိုကောင်တာတွင် ဧည့်သည်များက မှတ်တမ်းစာအုပ်ထဲမှာဖြစ်စေ၊ ပန်းခြံထဲက သတင်းပေးဘုတ်ပြားပေါ်မှာဖြစ်စေ မှတ်ချက်များ ရေးခဲ့ကြသည်။ မူလက ထိုနေရာတွင် ပန်းအိုးများ ထားခဲ့သော်လည်း ဂရုစိုက်ရ ခက်သဖြင့် ချန်ကျန့်က ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ကျောင်းသားများ ရှိနေစဉ်က သူတို့က မှတ်စုစာရွက်လေးများကပ်ထားသော ဘုတ်ပြားတစ်ခုကို အလှပြပစ္စည်းအဖြစ် ထားခဲ့ရာမှ၊ ယခုအခါ ၎င်းမှာ တကယ့် မှတ်ချက်ပေးနံရံတစ်ခု ဖြစ်လာခဲ့သည်။

ချန်ကျန့်သည် အားလပ်သည့် အချိန်တိုင်း ထိုမှတ်ချက်များကို ဖတ်လေ့ရှိသည် ။ ခံစားချက်များ၊ ရင်ဖွင့်သံများ၊ အကြံပြုချက်များပေါ့။ သူသည် ထိုအချက်များကို စနစ်တကျ မှတ်သားကာ တည်းခိုခန်း တိုးတက်ဖို့အတွက် စီစဉ်နေမိသည်။ အလုပ်လေးတွေနှင့် အချိန်ကုန်ရခြင်းက သူ့ကို စိတ်အေးချမ်းစေသည်။

တစ်ခုတည်းသော မပြေလည်သေးသည့်အရာမှာ အခန်း ၁၀၂ က ဧည့်သည်ပင် ဖြစ်သည်။ သူသည် တစ်လပြည့်အောင် နေထိုင်လာခဲ့ပြီး ပြန်မည့် အရိပ်အယောင် လုံးဝ မပြသေးချေ။ များသောအားဖြင့် အခန်းထဲမှာပဲ အောင်းနေတတ်ပြီး၊ တစ်ခါတစ်ရံ လမ်းလျှောက်ထွက်ကာ၊ အချိန်မှန် ထမင်းစားတတ်သည်။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ နေဦးမလဲဆိုတာ မေးဖို့ရာ ခက်ခဲနေသည်။

“ဖန်ဖန်... ခဏနေရင် ၁၀၂ ကို မေးကြည့်ပါဦး”

ချန်ကျန့်က မှတ်တမ်းများကို ကြည့်ရင်း တိုးတိုးလေး ဆိုသည် ။

“သူ နေတာ တစ်လ ရှိပြီလေ။ ဆက်နေချင်သေးတယ်ဆိုရင် လစဉ်ငှားတဲ့ နှုန်းထားနဲ့ ပြောင်းပေးမယ်လို့ ပြောကြည့်လိုက်ပေါ့။ သူ ဘာပြောမလဲ ကြည့်ရအောင်”

“ဟုတ်ကဲ့၊ သူ ဒီမနက် အပြေးလေ့ကျင့်နေတယ်၊ ပြန်လာရင် မေးလိုက်ပါ့မယ်”

ဟူဖန်က ခေါင်းညိတ်ပြသည်။

“အင်း”

ချန်ကျန့် ဂျယ်လီတစ်တုံးကို အိတ်ကပ်ထဲ ထည့်ကာ လမ်းလျှောက်ထွက်ရန် ပြင်လိုက်သည်။

“မန်နေဂျာ...”

ဟူဖန်က ကဖေးဆိုင်ထဲမှ လှမ်းခေါ်လိုက်သည် ။ “ခဏနေရင် အားလား”

“အားပါတယ်၊ ဘာလို့လဲ”

“မင်းရဲ့ ဆံပင်ကို ကျွန်မ ပြန်ကောက်ပေးမလို့လေ။ ဆေးတွေ ရောက်ပြီ။ ကျွန်မဆံပင်ကိုလည်း လုပ်မလို့”

“ကျွန်တော့် ဆံပင်ကိုလား”

ချန်ကျန့် မျက်တောင်ခတ်မိသွားသည်။ ဟူဖန်က သူမ၏ ကျစ်ဆံမြီးများကို ဖြည်လိုက်ပြီး အခုဆိုလျှင် မြင်းမြီးပုံစံလေး ထားထားသည်မှာ တော်တော်လေး ကြည့်ကောင်းလှသည်။

“Afro ပုံစံ လုပ်ပေးမလို့လေ။ မင်းကိုလည်း ကူညီပေးမယ်”

“ကျွန်တော့်ကိုလား။ Afro။”

သူ့ခေါင်းက ဒန်ဒီလီယွန် ပန်းပွင့်ကြီးလို ဖွာလန်ကြဲနေမည့် ပုံရိပ်ကို သူ မြင်ယောင်လိုက်မိသည်။

“မင်းဆံပင်က သဘာဝအတိုင်း ကောက်နေတာပဲကို ။ ငါက ပုံသွင်းပြီး ပြန်ပြင်ပေးမလို့ပါ။ မင်းရဲ့ ရုပ်လေးနဲ့ ဒီလို ဆံပင်ကောက်အညံ့စားတွေနဲ့က မလိုက်ဖက်ဘူးလေ”

“ငါ့ကိုလည်း လုပ်ပေးဦးလေ!”

ဆန်းပင်းက ကဖေးဆိုင် တံခါးဝကနေ ခေါင်းပြူထွက်လာသည် ။ “ရမလား”

“တန်းစီကြစမ်းပါ”

ဟူဖန်က ဆိုသည် ။ “ဒီနေ့တော့ ခေါင်းသုံးလုံးစာပဲ လုပ်ပေးနိုင်မယ်”

“ကျွန်တော်ကတော့...”

ချန်ကျန့်က ပုံမှန်အားဖြင့် သူ့ဆံပင်ကို ဒီအတိုင်းပဲ ထားလေ့ရှိသဖြင့် တစ်ယောက်ယောက်ကို အပ်ဖို့ရာ ဝန်လေးနေမိသည်။

“သူတို့ နှစ်ယောက်ကို အရင်လုပ်ပေးလိုက်ပါ။ မန်နေဂျာကတော့ ခဏ စောင့်ရလိမ့်မယ်”

ရှန်ယွီသည် ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။

“သူက ဒီနေ့ ငါနဲ့အတူ အလုပ်ကိစ္စ ခရီးစဉ် လိုက်ရမှာမလို့”

“Business trip။”

ချန်ကျန့် မျက်တောင်ခတ်ရင်း ကြည့်နေမိသည် ။

“ဘော့စ် ကျွန်တော့်ကို မပြောရသေးဘူးလေ”

“ဆေးရုံကို သွားမှာလေ”

အဲ့ဒါက ‘မြို့ထဲသွားတယ်’ လို့ပဲ ခေါ်တာပါ။

“ဆေးပြန်စစ်မလို့လား”

ရှန်ယွီသည် ယခုအခါ ချိုင်းထောက်မပါဘဲ လမ်းလျှောက်နေပြီး၊ ဖိုင်တွဲတစ်ခုကိုသာ ကိုင်ထားသည်ကို ချန်ကျန့် သတိပြုမိလိုက်သည်။

“ကိရိယာ ဖြုတ်မလို့”

ရှန်ယွီက အပြင်သို့ တန်းလျှောက်သွားတော့သည်။

“ဆရာဝန်ပြောတာ သေသေချာချာ နားထောင်နော်”

ဟူဖန်က နောက်ပြောင်သလို လှမ်းအော်သည်။

“တကယ်လို့ သူတို့တွေ ဒါကြီးကို မဖြုတ်ပေးဘူးဆိုရင်၊ ငါပဲ ဆေးရုံတစ်ခုလုံးကို ဖြုတ်ပစ်လိုက်တော့မယ်”

ရှန်ယွီက ပြန်အော်လိုက်လေသည်။

“သူကတော့ ဒါကြီးကို တကယ် မုန်းနေတာပဲနော်”

ဆန်းပင်းက သက်ပြင်းချရင်း ဆိုသည်။

“အမျိုးသားနေ့ ကတည်းက သူ ဒါကြီးကို ဖြုတ်ချင်နေတာလေ”

ချန်ကျန့်က ဆိုလိုက်သည်။

“ချန်ကျန့်!”

အပြင်ဘက်မှ ရှန်ယွီ၏ အော်သံ ထွက်ပေါ်လာသည်။

“လာပြီ!”

ချန်ကျန့် သူ့နောက်သို့ အပြေးလိုက်သွားတော့သည်။ ကားထဲသို့ ရောက်သည့်အခါ ရှန်ယွီက ဖိုင်တွဲကို ဘေးထိုင်ခုံပေါ်သို့ ပစ်တင်လိုက်သည်။ ချန်ကျန့် ထိုင်ခုံခါးပတ် ပတ်ရင်း ဖိုင်တွဲကို တစ်ချက်ကြည့်လိုက်ရာ ။ ဆေးရုံမှာ ဤမြို့မှ မဟုတ်သည်ကို တွေ့လိုက်ရသည်။

“မင်း အရင်ပြခဲ့တဲ့ ဆေးရုံကို ပြန်သွားမှာလား”

“မဟုတ်ပါဘူး။ မြို့ပေါ်က ဆေးရုံတစ်ခုခုပေါ့”

“အရင် ဆေးရုံ မဟုတ်ရင်ကော... တစ်ခုခု အမှားအယွင်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ။”

“ဘာမှ မဖြစ်ပါဘူး”

ရှန်ယွီက GPS ကို ပြင်ဆင်လိုက်သည်။ လမ်းညွှန်သံ ထွက်ပေါ်လာသည် ။

“လမ်းကြောင်း အဆင်သင့်ဖြစ်ပါပြီ၊ စုစုပေါင်း အကွာအဝေး ၅၂၇ ကီလိုမီတာ ဖြစ်ပါတယ်”

ချန်ကျန့် လမ်းညွှန်သံကို ချက်ချင်း ပိတ်လိုက်သည်။

“စိတ်ပြောင်းသွားပြီလား”

ရှန်ယွီက လှောင်ပြုံးပြုံးရင်း ဆိုသည်။

“ဒီနားတင်လို့ ထင်နေတာလေ”

ချန်ကျန့် တိုးတိုးလေး ရေရွတ်လိုက်သည်။

“မင်း... ခရီးတစ်ခါမှ မထွက်ဖူးဘူးလား”

ရှန်ယွီက မျက်ခုံးပင့်ကာ မေးသည်။

“မထွက်ဖူးပါဘူး။ အဝေးဆုံး ရောက်ဖူးတာ မြို့ပေါ်ပဲလေ။ ကျောင်းပြီးတော့လည်း ချက်ချင်း ပြန်လာတာပဲ”

“နောက်တစ်ခါ အလုပ်ကိစ္စ ခရီးထွက်ရင် မင်းကို အဝေးကြီး ခေါ်သွားပေးမယ်”

ဟု ရှန်ယွီက ဆိုလေသည်။

“ငါတို့က တည်းခိုခန်း ဖွင့်ထားတာလေ။ ဘာ အလုပ်ကိစ္စ ခရီးစဉ်တွေ ရှိလို့လဲ”

ချန်ကျန့် မျက်လုံးလှန်လိုက်မိသည်။ အခုထိတော့ ‘ခရီးစဉ်’ နှစ်ခါမှာ တစ်ခါက ဈေးဝယ်တာ၊ နောက်တစ်ခါက ဆေးရုံသွားတာပဲ ရှိသေးသည် မဟုတ်လား။

“တခြား တည်းခိုခန်းတွေကို သွားလည်တာပေါ့။ သူတို့ ဘယ်လို လည်ပတ်နေလဲဆိုတာ ပညာယူရမယ်လေ။ သင်ယူစရာတွေ အများကြီး ရှိပါတယ်”

ရှန်ယွီက ဆိုသည်။

ဒါဆို အခု ခရီးစဉ်က မင်းခြေထောက်အတွက် ‘ကွင်းဆင်း လေ့လာရေး’ ပေါ့ ဟုတ်လား

ဆေးရုံတံခါးဝသို့ ရောက်သည့်အခါ ချန်ကျန့်မှာ အံ့သြသွားရသည် ။ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က ဝှီးချဲတစ်လုံးနှင့် စောင့်နေသောကြောင့် ဖြစ်သည်။ ရှန်ယွီက ကြိုတင် လူငှားထားခြင်း ဖြစ်သည်။

“ကျွန်မနောက်ကို လိုက်ခဲ့ပါ”

ထိုအမျိုးသမီးက ကျွမ်းကျင်စွာဖြင့် ရှန်ယွီကို အထဲသို့ တွန်းခေါ်သွားသည် ။

“ဒီနေရာကို ကျွန်မ ကောင်းကောင်း သိပါတယ်”

“ဟုတ်ကဲ့ပါ”

ချန်ကျန့် ခေါင်းညိတ်ပြလိုက်သည်။

သူမက တကယ်ပဲ သိတာပါ။ မှတ်ပုံတင်တာ၊ ဓာတ်မှန်ရိုက်တာ၊ ရလဒ်စောင့်တာတွေ အကုန်လုံးမှာ အရမ်း မြန်ဆန်လှသည်။ ချန်ကျန့်အနေဖြင့် ပိုက်ဆံပေးရတာကလွဲလို့ ကျန်တာ ဘာမှ မလုပ်ခဲ့ရပါဘူး။ သူ ဝှီးချဲတောင် တွန်းပေးစရာ မလိုခဲ့ချေ။

နောက်ဆုံးတွင် ရှန်ယွီ၏ ခြေထောက်မှာ ပြန်ကောင်းလာသည့်အတွက်၊ ဆေးရုံမှာ ရှန်ယွီ၏ လက်ချက်ဖြင့် “တစစီ ဖြုတ်ခြင်း” မခံရဘဲ ဘေးကင်းသွားတော့သည် ။ ကိရိယာကို ဖြုတ်လို့ရပြီလေ။

“နာမှာလား”

ရှန်ယွီက ဆရာဝန် ပြင်ဆင်နေစဉ် မေးလိုက်သည်။

“နည်းနည်းတော့ နာမှာပေါ့။ အဓိကကတော့ အကြောတွေ တောင့်တင်းနေတာမျိုးပေါ့။ သည်းခံနိုင်တဲ့ အတိုင်းအတာပါပဲ။ တကယ်လို့ နာကျင်တာကို အရမ်း ကြောက်တယ်ဆိုရင်တော့ ထုံဆေး ပေးလို့ ရပါတယ်”

“မလိုပါဘူး။ အလုပ်ရှုပ်တယ်”

ရှန်ယွီက ငြင်းလိုက်သည်။ ချန်ကျန့်ကတော့ သူ၏ ဘော့စ်က တကယ်ပဲ နာကျင်မှုကို သည်းခံနိုင်ပါ့မလားဟု သံသယဖြစ်နေမိသည် ။ လွန်ခဲ့တဲ့ တစ်ခါက လည်ပင်းကို အသာအယာ နှိပ်ပေးတာတောင်မှ ပြိုလဲတော့မတတ် အော်ခဲ့တာ မဟုတ်လား။

ဒါပေမဲ့ ရှန်ယွီကတော့ အလျင်လိုနေလေပြီ။ တစ်မိနစ်တောင် ထပ်မစောင့်နိုင်တော့ပါဘူး။ ဆရာဝန်က စဖြုတ်တော့၏။ ပထမဆုံး အဆင့်က ဝက်အူတွေကို ဖြုတ်တာပါ ။ ဒါကတော့ မနာပါဘူး။ ရှန်ယွီ အေးအေးဆေးဆေး ထိုင်နေသည်။ နောက်တစ်ဆင့်ကတော့ အရိုးထဲအထိ စိုက်ဝင်နေတဲ့ တိုင်တွေကို ဖြုတ်ရတာ။ ဆရာဝန်က ပထမဆုံး တစ်ခုကို စတင် လှည့်လိုက်သည် ။အသားထဲကနေ စတင် ထွက်လာသည့် အခိုက်အတန့်မှာတင်၊ ရှန်ယွီက ချန်ကျန့်၏ ညာဘက်လက်ကို အတင်း ဆွဲညှစ်လိုက်တော့သည်။

ထုံဆေး ယူလိုက်ရင် မင်း သေသွားမှာမလို့လား!

ချန်ကျန့်မှာ နာလွန်းသဖြင့် အော်မိတော့မတတ် ဖြစ်သွားရသည်။

“နာလို့လား”

ဆရာဝန်က မေးသည်။

“သိပ်တော့ မနာပါဘူး”

ရှန်ယွီ အံကြိတ်ကာ ဆိုသည် ။

“ကြည့်ရတာ ရွံဖို့ကောင်းလို့ပါ”

“ဒါဆိုလည်း မကြည့်နဲ့လေ!”

ချန်ကျန့်က အံကြိတ်ရင်း ပြန်ပြောလိုက်သည်။

“မရဘူးလေ။ အာရုံက အဲ့ဒီကိုပဲ ရောက်နေတာကို”

ရှန်ယွီက တိုးတိုးလေး ရေရွတ်သည်။ ဒုတိယမြောက် တိုင်ကို ဖြုတ်သည့်အခါ သူ၏ လက်များမှာ တုန်ယင်လာလေသည် ။ နာလို့လား၊ ဒါမှမဟုတ် ကြောက်လို့လား မသိချေ။ မိမိ၏ လက်မကျိုးစေရန်အတွက် ချန်ကျန့်သည် သူ့ ဘယ်ဘက်လက်ဝါးဖြင့် ရှန်ယွီ၏ မျက်လုံးများကို အုပ်ပေးထားလိုက်ရလေတော့သည်။

______________________________________________________________________

TN // ဒီလိုကျလည်း အမြီးကိုးချောင်းနဲ့ မြေခွေးအိုကြီးက အိမ်တော်သခင်မ မမလေး လို ပုံစံနော် ။ ဟိ

Comments

  1. မမလေးရှန် 😆

    ReplyDelete
  2. အမှန်ပဲ မမလေးရှန်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...