Skip to main content

44



အပိုင်း (၄၄)

ချန်ကျန့်သည် တည်းခိုခန်းအပြင်ဘက်ရှိ နားနေဆောင်လေးတွင် ဆောင့်ကြောင့်ထိုင်လျက် ကျိုးလဲ့ချန်၏ ပို့စ်ကို ဖုန်းဖြင့် ဖတ်နေမိသည်။

ထိုပို့စ်မှာ လွန်ခဲ့သော လဝက်ခန့်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကပင် ကျိုးလဲ့ချန်၏ ရောဂါမှာ အရိုးထဲအထိ ပျံ့နှံ့နေပြီ ဖြစ်သည်။ ရောဂါကို နောက်ကျမှ သိရှိခဲ့ရသဖြင့် ကုသရန် နည်းလမ်းလည်း သိပ်မရှိတော့ချေ။ ကျိုးလဲ့ချန်သည် အသက်ရှင်သန်နိုင်ခြေ အလွန်နည်းပါးပြီး နာကျင်လှသော ကုသမှုများကို ဆက်မလုပ်တော့ဘဲ လက်လျှော့ရန် ဆုံးဖြတ်ခဲ့သည်။

“နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော် အနားယူဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ မနေခဲ့ရသေးတဲ့ ဘဝကို အမှန်တကယ် ခံစားကြည့်ဖို့၊ မမြင်ဖူးသေးတဲ့ လောကကြီးကို သွားကြည့်ဖို့ပေါ့....”

“လူ့လောကကြီးကို နောက်တစ်ခေါက်လောက် ပြန်ကြည့်ချင်သေးတယ်”

ထိုပို့စ်မှာ အလွန်ပင် လူကြိုက်များလှသည်။ လူအများအပြားမှာ သူ၏နေ့စဉ် အပ်ဒိတ်များကို စောင့်မျှော်နေကြပြီး၊ သူ ပို့စ်တင်တာ နောက်ကျလျှင်ပင် သူ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်ပေးကြသည်။ ချန်ကျန့်မှာမူ ထိုပို့စ်ကို သေသေချာချာ မဖတ်ရဲပါဘူး။ ဘာလို့လဲဆိုတော့ ထိုပို့စ်က သူ၏ အတိတ်က အမှတ်တရများကို ပြန်လည် တူးဆွပေးနေသောကြောင့် ဖြစ်သည်။

သူ၏ အမေ နောက်ဆုံးအချိန်များက ဝေဝါးနေသော အမှတ်တရများပေါ့။ သူ၏ အမေမှာ ဤနေရာမှ လွဲ၍ မည်သည့်နေရာကိုမျှ မရောက်ဖူးခဲ့သလို၊ ပိုမိုကျယ်ပြန့်သော လောကကြီးကိုလည်း မမြင်ဖူးခဲ့ချေ။ သူမ၏ နောက်ဆုံးနေ့ရက်များမှာ ခန္ဓာကိုယ်၏ နာကျင်မှုနှင့်အတူ တစ်နေ့တခြား တိုးလာနေသော အကြွေးများ၏ ဒဏ်ကိုသာ ခံစားသွားခဲ့ရရှာသည်။

ကျိုးလဲ့ချန်၏ အရေးအသားမှာ ရိုးရှင်းလှပြီး ခံစားချက်များကို အလွန်အကျွံ ဖော်ပြမထားဘဲ ပွင့်လင်းရိုးသားသော ဖော်ပြချက်များသာ ဖြစ်သည်။

“ပင်လယ်ရေနဲ့ ပင်လယ်လေက စေးကပ်နေတာပဲ၊ နွေရာသီနဲ့ တအားတူတာပဲ။ ကျွန်တော် သဲသောင်ပြင်မှာ ကျင်းတစ်ခု တူးလိုက်တော့ ကလေးလေးတစ်ယောက်က ကျွန်တော့်ကို သဲနဲ့ လာဖုံးပေးတယ်။ မိနစ်နှစ်ဆယ်လောက် လှဲနေပြီးမှ ကျွန်တော် ပြန်ရှင်လာခဲ့ပေမဲ့၊ သုံးရက်မြောက်တဲ့နေ့အထိ ကျွန်တော့်ကိုယ်ပေါ်မှာ သဲတွေ ရှိနေတုန်းပဲ....”

“ကားဆရာ ညွှန်းတဲ့ စားသောက်ဆိုင်ကတော့ တကယ်ကို ဆိုးတာပဲ။ နှစ်လုပ် သုံးလုပ် စားပြီး ပါဆယ် ထုတ်လာခဲ့တယ်။ ဟိုတယ်ပြန်ရောက်တော့ ရေနဲ့ နှစ်ခါလောက် ဆေးပြီး လမ်းဘေးခွေးလေးကို ကျွေးကြည့်ပေမဲ့ သူလည်း မစားဘူး....”

“မိုးရွာနေလို့ ဒီနေ့ အပြင်မထွက်ရဲဘူး။ အခုဆို အအေးမိဖို့က တအား လွယ်နေပြီလေ။ စိတ်ကတော့ အထက်ကို ပျံချင်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အောက်ကို ဆင်းနေပြီ။ ဒါက တကယ့်ကို အားကိုးရာမဲ့တဲ့ ခံစားချက်မျိုးပဲ.... မနေ့က ဆေးတွေ ရောက်လာတယ်။ ခန္ဓာကိုယ်ကြီးကို ရုတ်တရက် စွန့်လွှတ်ချင်စိတ် မပေါ်လာအောင် ဆေးကို အချိန်မှန် သောက်ဖို့ ဆုံးဖြတ်လိုက်တယ်....”

ချန်ကျန့် ခန့်မှန်းကြည့်ရလျှင် ထို “ဆေး” မှာ စိတ်ကျရောဂါပျောက်ဆေး ဖြစ်ရမည်။ သူ၏ နာကျင်မှုများကို ဤတည်ငြိမ်လှသော စကားလုံးများအောက်တွင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။

စာမျက်နှာများစွာကို လှန်ဖတ်ပြီးနောက် ကျိုးလဲ့ချန်သည် ဤမြို့ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။

“နှစ်ပေါင်းတစ်ရာ သမိုင်းဝင် မြို့ငယ်လေးတဲ့၊ အမှန်တော့ ဆယ်နှစ်တောင် မပြည့်သေးတဲ့ လူလုပ်မြို့လေးပါ။ ကျွန်တော်သာ ရောဂါနဲ့ မသေဘူးဆိုရင်တောင်၊ ဒီမြို့လေး နာမည်နဲ့လိုက်အောင် နှစ်တစ်ရာ ပြည့်ဖို့အထိတော့ စောင့်နိုင်မှာ မဟုတ်ပါဘူး....”

ချန်ကျန့် ပြုံးလိုက်မိသည်။

“တကယ့်ကို စိတ်ဝင်စားစရာပဲ၊ ဒီတည်းခိုခန်းက ဓားပြဂိုဏ်း စခန်းတစ်ခုနဲ့တောင် တူနေသေးတယ်....”

ဘာလဲဟ။

ချန်ကျန့် ကျိုးလဲ့ချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“လုံခြုံရေးဝန်ထမ်းလို့ ထင်ရတဲ့၊ တကယ်လည်း လုံခြုံရေးဝန်ထမ်း ဖြစ်နေတဲ့လူက လူမိုက်တစ်ယောက်နဲ့ တူတယ်။ သိုင်းပညာ သိပ်မတတ်ပေမဲ့ ရန်ဖြစ်ဖို့တော့ ဝန်မလေးတဲ့ ပုံစံမျိုး.... မန်နေဂျာကတော့ တကယ့်ကို သန်မာပြီး အနိုင်ကျင့်လို့တော့ လုံးဝမရဘူးနော် ဆိုတဲ့ မျက်နှာထား တင်းတင်းနဲ့ .... ဧည့်ကြိုကောင်တာက ကျစ်ဆံမြီးနဲ့ မိန်းကလေးကတော့ အားအကိုးရဆုံးပုံစံ ရှိပေမဲ့ သူကလည်း လက်မောင်းမှာတက်တူးတွေနဲ့....”

ချန်ကျန့် ယခင်က ဤအချက်များကို သတိမထားမိခဲ့ပါဘူး။ ဒါပေမဲ့ ကျိုးလဲ့ချန်၏ ဖော်ပြချက်ကို ဖတ်ပြီးသည့်နောက်တွင်တော့ သူကိုယ်တိုင်ပင်လျှင် ဤနေရာမှာ တရားဝင် စီးပွားရေး လုပ်နေတာကော ဟုတ်ရဲ့လားဟု သံသယ ဝင်လာမိသည်။

“စိတ်လှုပ်ရှားစရာပဲ သူငယ်ချင်းတို့ရေ။ ဒီနေ့ တည်းခိုခန်းကို သူခိုးဝင်တယ်။ ဝန်ထမ်းတွေ အကုန်လုံး သန်းခေါင်ယံမှာ နိုးလာကြသလို၊ ဧည့်သည် ဆယ်ယောက်ကျော်လောက်တောင် အပြင်ထွက်ပြီး ဝိုင်းဖမ်းကြတယ်.... ဒီလို စိတ်လှုပ်ရှားမှုမျိုး မခံစားရတာ ကြာပြီ.... ကျွန်တော့်မှာ သက်လုံမရှိလို့သာပေါ့၊ မဟုတ်ရင် ကျွန်တော်လည်း လိုက်မိမှာ သေချာတယ်....”

“ဒီနေ့ ဆိုင်ထဲမှာ လျှောက်သွားရင်း ဘော့စ်နဲ့ ဆုံခဲ့တယ်.... သူက ခြေထောက်မှာ ဒဏ်ရာနဲ့၊ ကြည့်ရတာ လောကကြီးကနေ အနားယူထားတဲ့ ဂိုဏ်းစတား ခေါင်းဆောင်ကြီး တစ်ယောက်လိုပဲ....”

ဤစာကြောင်းကို ဖတ်လိုက်ရသည့်အခါ ချန်ကျန့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအချိန်မှာ ကျိုးလဲ့ချန် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အခန်းလိုက်ရှာနေတုန်း သူနှင့် ရှန်ယွီတို့ မြင်လိုက်ရသည့် အချိန်ဖြစ်ရမည်။ အကယ်၍ ဤမျှလောက် နာမည်ကြီးနေသော ပို့စ်တွင် တာယွင်တည်းခိုခန်း၏ အခန်းတစ်ခု၌ လူနှစ်ယောက် သေခဲ့ဖူးသည်ဟူသော အချက်သာ ပါဝင်သွားခဲ့လျှင်၊ ရှန်ယွီအနေဖြင့် ထိုသတင်းကို ဖုံးကွယ်ရန် မည်မျှကြီးမားသော ကောလာဟလများကို ဖန်တီးရမည်နည်း။

သူ အမြန် လိုက်ဖတ်ကြည့်ရာ ကျိုးလဲ့ချန်က ထိုကိစ္စကို ထည့်မရေးထားမှန်း သိလိုက်ရသဖြင့် စိတ်အေးသွားရသည်။ အမှန်တော့ ကျိုးလဲ့ချန်သည် မည်သည့် တိကျသော သတင်းအချက်အလက်ကိုမျှ ထည့်မရေးခဲ့ပါဘူး။ ခရီးစဉ်တစ်ခုလုံးတွင် နေရာဒေသ အကြမ်းဖျင်းသာ ပါဝင်ပြီး သူစားခဲ့သော ဆိုင်များ သို့မဟုတ် တည်းခိုခဲ့သော နေရာများ၏ အမည်ကို လုံးဝ မဖော်ပြခဲ့ချေ။

“ကျွန်တော် ဘယ်ကို ရောက်နေလဲဆိုတာ ဘယ်သူမှ အတိအကျ မသိပါဘူး။ ကျွန်တော်က ဒီခရီးစဉ်ကို သူတပါးအတွက်တော့ သိပ်ပြီး လက်တွေ့မကျစေချင်သလို၊ ကျွန်တော့်အတွက်လည်း အိပ်မက်တစ်ခုလိုပဲ ဖြစ်နေစေချင်လို့ပါ”

ချန်ကျန့် ဘာမှ ပြန်မပြောမိပါဘူး။ ပို့စ်၏ အောက်ဘက်တွင်တော့ ထိုနေ့က ဖဲကစားခဲ့သည့် ကိစ္စ ပါရှိလေသည်။

“ဒီနေ့ တောင်တက်ပြီး ရှုခင်းသွားကြည့်တာ၊ အပေါ်ရောက်တော့ ပင်ပန်းလွန်းလို့ သေတော့မလို့ပဲ....လုံးဝ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်။ မျက်နှာထား တင်းတင်းနဲ့ မန်နေဂျာရယ်၊ သူ၏ လက်ရုံးနှစ်ယောက်ရယ်နဲ့ တောင်ပေါ်မှာ တစ်နာရီကျော်လောက် ဖဲထိုင်ကစားဖြစ်ခဲ့တယ်.... သူတို့တွေက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေမှာကို စိုးရိမ်နေကြပုံပဲ....”

ဆန်းပင်းနဲ့ လောင်ဝူကိုတောင် ‘လက်ရုံးနှစ်ယောက်’ တဲ့လား။

“ဒါပေမဲ့ အခု ခင်ဗျားတို့နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိပါတယ်။ အခု လူတွေက ဒီနေရာကို ပျော်စရာကောင်းတယ်၊ ရှုခင်းလှတယ်၊ ပြီးတော့ ဒီတည်းခိုခန်းက လူသားဆန်ပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်နေကြတယ်။ သူတို့က ဘယ်နေရာလဲဆိုတာ သိချင်နေကြတယ်”

“မင်းက သူတို့ကို ပြောပြမလို့လား” ချန်ကျန့်က မေးလိုက်သည်။

“ခင်ဗျားတို့ကို အရင် ခွင့်တောင်းတာပါ။ ဘာလို့လဲဆိုတော့ ဒါက သာမန် ခရီးသည်တွေကိုတင် ဆွဲဆောင်မှာ မဟုတ်လို့ပါ။ ခင်ဗျားတို့ သဘောတူမတူ သိချင်လို့ပါ”

“ကျေးဇူးပါပဲ ။ ခင်ဗျားက တကယ်ကို အလိုက်သိတတ်တာပဲ”

“ခင်ဗျားတို့ အချင်းချင်း အရင် ဆွေးနွေးကြည့်ကြပါ။ ကျွန်တော်ကတော့.... ကျွန်တော် မသေခင်မှာ ပြောပြဖို့ စဉ်းစားထားတာပါ။ အချိန်တော့ လိုပါသေးတယ်”

“ဒါဆို မင်းဆိုလိုတာက၊ တစ်နေ့နေ့မှာ ငါတို့ဆိုင် စီးပွားရေးတွေ ဝုန်းခနဲ ကောင်းလာပြီဆိုရင် အဲ့ဒါ ကျိုးလဲ့ချန် သေသွားပြီလို့ အဓိပ္ပာယ်ရတာပေါ့” ဟု ဆန်းပင်းက ဝင်ပြောသည်။

“အဲ့ဒီလိုလည်း ပြောလို့ရတာပေါ့”

ကျိုးလဲ့ချန် က ခပ်အေးအေးပဲ ပြန်ဖြေ၏။

သူတို့တတွေ ဝန်ထမ်းအိပ်ဆောင်ရှိ ဧည့်ခန်းလေးထဲတွင် ထိုင်ကာ ကျိုးလဲ့ချန်၏ ပို့စ်ကို အတူတူ ဖတ်ပြီးသွားကြသည်။ သူတို့အားလုံး၏ စိတ်နှလုံးမှာ မကြည်မလင် ဖြစ်နေကြသည်။

“ဒီလို တွေးကြည့်တော့ တကယ်ကို စိတ်မကောင်းစရာပဲနော်” ဟူဖန်က သက်ပြင်းသဲ့သဲ့ ချရင်း ဆိုသည်။

“ဟုတ်တယ်” ကျောက်ဖန်းဖန်းလည်း မျက်ရည်စကို သုတ်လိုက်သည် ။

“သူက တကယ်ကို လူကောင်းလေးပါ”

“လူကောင်းတွေကမှ ဒီလို ရောဂါတွေ၊ စိတ်ကျရောဂါတွေ ပိုဖြစ်တတ်တယ်လို့ ပြောကြတာပဲ” ဆန်းပင်းက ဆိုသည် ။

“တွေးလေလေ၊ စိတ်ကျလေလေပဲ”

“မင်းက ချန်ကျန့်ကို ပြောနေတာလား” လောင်ဝူက မေးလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ! မင်း ဦးနှောက်ထဲမှာ တစ်ခုခု ယိုစိမ့်နေလို့လား”

ဆန်းပင်းက လက်ထဲက မုန့်ထုပ်ကြီးနှင့် လောင်ဝူ၏ ခေါင်းကို လှမ်းရိုက်လိုက်သည် ။

“ တကယ် ဖြစ်နေတာလား မင်းက!”

“မရိုက်ပါနဲ့၊ မရိုက်ပါနဲ့” ဟူဖန်မှာ ရယ်လွန်းလို့ မနေနိုင်တော့ပါ ။

“သူက မန်နေဂျာကို လူကောင်းလို့ ချီးကျူးနေတာလေ”

“ဒါကို ခဏ ထားလိုက်ကြရအောင်၊ မလောပါဘူး”

ချန်ကျန့် ထရပ်ကာ စကားပြောစက်ကို ယူလိုက်သည် ။

“ထူးထူးခြားခြား ဘာမှ လုပ်နေဖို့ မလိုပါဘူး။ ငါတို့ သိသွားပြီဆိုတာကိုလည်း သူ သိနေတာပဲလေ။ ဘော့စ်ရှန် ပြန်လာတာကိုပဲ စောင့်ကြတာပေါ့”

“ဟုတ်ကဲ့” ဆန်းပင်း ခေါင်းညိတ်ပြပြီးမှ သက်ပြင်းချပြန်သည် ။

“သိတယ်မလား၊ ဒီလောက် လူကောင်းလေးကျတော့ နေမကောင်းဖြစ်ရတယ်၊ ဟိုဘက်က လူလိမ်စုံတွဲကျတော့ ဘာမှ မဖြစ်ဘူး....”

ဆန်းပင်းက သွားပြီး စုံစမ်းခဲ့တာလေ။ ဟိုဘက်မှာ တကယ်ပဲ ချစ်သူစုံတွဲတစ်တွဲ ရှိနေတာပါ။ တွေ့လိုက်တိုင်း နမ်းနေကြတဲ့ စုံတွဲမျိုးပေါ့။ ဒုတိယထပ်က အမျိုးသမီးကတော့ သူတို့ကို မြင်ပြီးလောက်ပါပြီ၊ ဒါပေမဲ့ ဘာမှ မလုပ်သေးတာကတော့ သက်သေ စုဆောင်းနေလို့ ဖြစ်မှာပါ။

ချန်ကျန့် အိပ်ဆောင်ထဲက ထွက်လာပြီး၊ ပထမထပ်ကို မသွားခင် နောက်ထပ် တစ်ပတ် ပတ်ကြည့်ရန် ပြင်ဆင်လိုက်သည်။ ဒီည သူ ဂျူတီကျသည် မဟုတ်လား။ အမှန်တော့ ဟူဖန် ဂျူတီဖြစ်သော်လည်း၊ တာယွင် ပြန်ဖွင့်ပြီးကတည်းက ဘော့စ်မရှိတာ ဒါ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ စိတ်မအေး ဖြစ်နေသောကြောင့် ဖြစ်သည်။ ကျိုးကြောင်းဆီလျော်အောင် တွေးကြည့်လျှင်တော့ ဘော့စ်က ဆိုင်မှာ ရှိနေရင်တောင် အခန်းထဲမှာ အိပ်ချင်ယောင်ဆောင်နေမှာဖြစ်ပြီး ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး....။

စင်္ကြံလမ်းအဆုံးက ရုံးခန်းကို မြင်လိုက်ရသည့်အခါ သူ ခြေလှမ်း ရပ်သွားသည်။ သူ လှေကားထိပ်တွင် ဆယ်စက္ကန့်ခန့် ရပ်နေပြီးမှ ရုံးခန်းဘက်သို့ လျှောက်သွားခဲ့သည်။ ရုံးခန်းမှာ သော့ခတ်မထားပါဘူး။ အထဲတွင် အရေးကြီးသည့်အရာ မရှိသဖြင့် ရှန်ယွီက များသောအားဖြင့် သော့ခတ်လေ့ မရှိချေ။

ချန်ကျန့် အခန်းထဲတွင် လှည့်ပတ်ကြည့်ရှုပြီး ပွင့်နေသော ပြတင်းပေါက်ကို ပိတ်လိုက်သည်။ ထို့နောက်မှ ဆိုဖာပေါ်တွင် ထိုင်ကာ ခဏမျှ ငေးနေမိသည်။ အမှန်အတိုင်း ပြောရလျှင် ယခု သူ စိတ်မကြည်မလင် ဖြစ်နေခြင်း ဖြစ်သည်။ ကျိုးလဲ့ချန်၏ ခရီးသွားမှတ်တမ်းကို ဖတ်လိုက်ရခြင်းက သူ့ကို စိတ်မကောင်းဖြစ်စေသလို အမှတ်တရများစွာကိုလည်း ပြန်လည် တူးဆွပေးခဲ့သည်။ ကျိုးလဲ့ချန်၏ အခြေအနေနှင့် တိုက်ရိုက် မပတ်သက်သော်လည်း၊ သူ ဘယ်တုန်းကမှ ပြန်မတွေးချင်ခဲ့သော အမှတ်တရများမှာ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ အရင်ကဆိုလျှင်တော့ သူ တောအုပ်ထဲတွင် တစ်ယောက်တည်း လမ်းလျှောက်ရင်း၊ လူသူကင်းမဲ့သော နေရာတစ်ခု၌ နာရီပေါင်းများစွာ နေထိုင်ကာ ထိုခံစားချက်များကို မျိုသိပ်ထားခဲ့မှာ ဖြစ်သည်။

ဒါပေမဲ့ ဒီနေ့မှာတော့ သူ ရှန်ယွီနှင့် တကယ်ကို စကားပြောချင်နေမိသည်။ အကယ်၍ ရှန်ယွီသာ ရှိနေလျှင်၊ ကျိုးလဲ့ချန်နှင့် စကားပြောပြီးပြီးချင်း သူ ဤနေရာသို့ အရင်ဆုံး လာခဲ့မှာဖြစ်ပြီး၊ ရှန်ယွီကို အကျိုးအကြောင်း ပြောပြကာ သူ၏ အမြင်ကို နားထောင်မိမှာ သေချာသည်။ သူ၏ ခံစားချက်များကို ထည့်မပြောဖြစ်လျှင်တောင်မှ သူ၏ ရင်ထဲမှာ ပိုပြီး စိတ်သက်သာရာ ရသွားလိမ့်မည် မဟုတ်လား။

ချန်ကျန့် ဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ အချိန်က တော်တော်လေး နောက်ကျနေပြီ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့် ကိစ္စတော့ မဟုတ်ပါဘူး။ ဘော့စ်ကတော့ အိပ်ဦးမှာ မဟုတ်ပေမဲ့၊ သူငယ်ချင်းတွေနဲ့ ရှိနေမှာ သေချာပါသည်....။

သူ သူငယ်ချင်းတွေနဲ့ ရှိနေမှာလား။

ရှန်ယွီ အကြောင်းကို အများကြီး မသိပါဘူး။ ရှန်ယွီက ဖန်းရွှီအကြောင်း ပြောပြခဲ့သည့်တိုင်အောင် သူ ရှန်ယွီကို မသိသေးပါဘူး။ သူ သိထားသည်မှာ၊ ရင်းနှီးနေသည်မှာ၊ အချို့သော အခြေအနေများတွင် ရှန်ယွီ ဘာပြောမလဲ၊ ဘာလုပ်မလဲဆိုတာကို ခန့်မှန်းနိုင်သည်မှာ ။ တာယွင်တည်းခိုခန်း၏ ဘော့စ် ရှန်ယွီကိုသာ ဖြစ်သည်။

ကီလိုမီတာ ငါးရာကျော် ဝေးကွာနေသော ရှန်ယွီကို မဟုတ်ပါဘူး။ သူ သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ကာ ရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။


“မင်း အိပ်တော့မှာလား၊ မအိပ်ဘူးလား!” ယွဲ့လန်က သူ၏ ခေါင်းအုံးနှင့် ရှန်ယွီကို လှမ်းပေါက်လိုက်သည်။

“အိပ်လို့ မရဘူးလေ” ရှန်ယွီက ကုတင်ခေါင်းရင်းကို မှီကာ လက်မောင်းပေါ် ခေါင်းတင်ပြီး ဖုန်းကို ကြည့်နေသည် ။

“ငါက နေရာသစ်ဆိုရင် အိပ်ရခက်တယ်၊ ပြီးတော့ မင်းဘေးမှာ အိပ်ရတာကလည်း ကျင့်သားမရသေးဘူး”

“ဒါဆိုလည်း ဆိုဖာပေါ် သွားအိပ်လေ” ယွဲ့လန်က ကိုယ်ကို စောင်းလိုက်သည် ။

“မဟုတ်ရင်လည်း ဖုန်းကိုပဲ တစ်ချိန်လုံး ဖွင့်ထားလိုက်၊ ခဏခဏ ဖွင့်လိုက် ပိတ်လိုက်နဲ့ မလုပ်နဲ့တော့”

“ဖုန်းအား ချွေတာနေတာပါ ။ မင်းကော ဘာလို့ ဆိုဖာပေါ် မသွားအိပ်တာလဲ”

“မင်းနဲ့ ဒီကုတင်အစုတ်လေးပေါ်မှာ အတူတူ တိုးဝှေ့အိပ်ချင်နေတယ် ထင်လို့လား။ ငါက ပုံမှန်ဆိုရင် ငါ့မိန်းမနဲ့အတူ စတုရန်းမီတာ နှစ်ရာကျော်တဲ့ ကုတင်ကြီးပေါ်မှာ အိပ်တာ....”

ယွဲ့လန်က ကြွားလုံးထုတ်နေလေသည်။

“သူက မင်းကို ပါးရိုက်ချင်ရင်တောင် နှစ်မိုင်လောက် အပြေး လာရိုက်ရမှာပေါ့ ဟုတ်လား”

ရှန်ယွီက ရယ်မောရင်း ဆိုသည်။

“အဲ့ဒါပေါ့ … ဒီ ဧည့်ခန်းက ဆိုဖာအစုတ်ကြီးက စောင်းနေတာလေ”

“ငါ သွားအိပ်ရင် အဲ့ဒါက ပြန်တည့်သွားမှာမလို့လား”

ရှန်ယွီသည် “ချန်လေး” ၏ Moments ကို ဖွင့်ကြည့်လိုက်သည်။ ထိုသူ၏ Moments မှာ ဘာမှမရှိဘဲ ဗလာဖြစ်နေသော်လည်း၊ Private chat ထဲမှာတော့ တော်တော်လေးကို သွက်လက်သူ ဖြစ်သည်။သူနှင့် အတူတူပါပဲ၊ အပြင်ပန်းကြည့်လျှင် ဘာမှ မသိနိုင်သော်လည်း အတွင်းစိတ်ထဲမှာတော့.... ရှန်ယွီ Chat box ထဲက တိုတိုတုတ်တုတ် စာပြန်တတ်တဲ့ “ချန်လေး” ကို ကြည့်နေမိသည်။

တောက်။ ငါနဲ့ကျတော့ Chat ထဲမှာတောင် သိပ်မသွက်ပါဘူး။

“မင်းကတော့ တကယ့်ကို ထူးဆန်းတဲ့လူပဲ “

“စောင်းနေတာကတော့ ပြန်တည့်သွားမှာပါ”

ရှန်ယွီလည်း လိုက်ရယ်မိရင်း ဖုန်းကို မွေ့ရာနှင့် ကုတင်ခေါင်းရင်း ကြားထဲသို့ ထိုးထည့်လိုက်ကာ လှဲအိပ်လိုက်တော့သည်။ အိပ်ပျော်ဖို့ ခက်ခဲသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ယွဲ့လန် အိပ်ပျော်သွားသည့်အခါ ထွက်လာသော အသက်ရှူသံ စည်းချက်များမှာ မှန်ကန်လှသည် ။ တစ်။နှစ်။သုံး။လေး၊ နှစ်။နှစ်။သုံး။လေး နှင့်ပေါ့။ ညတစ်ဝက်လောက် ထိုအသံကို နားထောင်ပြီးသည့်နောက်တွင်မှ ရှန်ယွီလည်း အိပ်ပျော်သွားတော့သည်။

***

သူတို့၏ ဘော့စ်က တစ်ယောက်တည်း လှုပ်ရှားပြီး ယွဲ့လန်ကလည်း တားနိုင်မှာမဟုတ်ဘူးဟု စိုးရိမ်နေကြသဖြင့် ရှောင်လုနှင့် တာ့ခန်းတို့မှာ မနက်စောစောကတည်းက မနက်စာများနှင့်အတူ ရောက်ရှိလာကြသည်။ ရှန်ယွီ နိုးလာသည့်အခါ အိပ်မက်မှာ စတင်ရုံသာ ရှိပါသေးသည်။

“ဘယ်နှစ်နာရီ ရှိပြီလဲ”

“ခုနစ်နာရီ ဆယ်မိနစ်” ယွဲ့လန်က အီကြာကွေး စားရင်း ပြန်ဖြေသည်။

“မင်းက ဘယ်လိုလုပ်ပြီး ဘယ်သူ့အကူအညီမှ မပါဘဲ ဒီလောက် စောစော ထနိုင်တာလဲ”

ရှန်ယွီ ကုတင်ပေါ်က ဆင်းရင်း မေးလိုက်သည်။

“ငါက ရှစ်နာရီခွဲ အလုပ်ဝင်ရမှာလေ၊ ကားပိတ်တာနဲ့ ဆဲဆိုတာနဲ့ဆို တစ်နာရီလောက် ကြာတာပေါ့…ငါက မင်းလို ဘော့စ်မှ မဟုတ်တာ”

ရှန်ယွီ သူ့ကို တစ်ချက်ကြည့်သည် ။

“ဒီနေ့ အလုပ် မသွားဘူးလား”

“ခွင့်ယူထားတယ်လေ” ယွဲ့လန်က ပြောသည်။

“တောက်!” ရှန်ယွီ ခေတ္တမျှ ကြောင်သွားသည် ။

“မင်း အိမ်ပြန်လို့ ရရဲ့လား”

“ငါ့မှာ ခွင့်ရက် ၁၅ ရက် ရှိတာလေ။ ငါ့မိန်းမက ၁၀ ရက်ဆို လောက်ပြီတဲ့၊ အကြာကြီးနေရင် ငါ့မျက်နှာကို မြင်တာနဲ့တင် စိတ်ကုန်ပြီး ကွာရှင်းချင်စိတ် ပေါ်လာလိမ့်မယ်တဲ့” ယွဲ့လန်က ဆိုသည်။

“မင်းကတော့လေ....” ရှန်ယွီ ထရပ်လိုက်သည်။

“သူ ပြန်ရောက်ပြီ!” ရှောင်လုက ဧည့်ခန်းထဲကနေ အသံနှိမ့်ပြီး လှမ်းအော်သည် ။

“အခုပဲ အထဲဝင်သွားတာ”

တာ့ခန်းက အိပ်ခန်းထဲကို ခေါင်းပြူကြည့်သည် ။

“ရှန်ယွီကော”

“သွားကြစို့” ရှန်ယွီ သူ၏ ဂျာကင်ကို ဝတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

“မနက်စာ အရင်စားလိုက်ဦးလေ” ယွဲ့လန်က ဆိုသည်။

ရှန်ယွီ စားပွဲပေါ်က မနက်စာကို တစ်ချက်ကြည့်ပြီး အီကြာကွေး တစ်ခုကို ဆွဲယူကာ ပါးစပ်မှာ ခဲထားရင်း အပြင်သို့ ထွက်လာခဲ့တော့သည်။ ယွဲ့လန် ဘာမှမပြောဘဲ ရှောင်လုနှင့် တာ့ခန်းကို မေးစေ့ဖြင့် အချက်ပြလိုက်ရာ၊ သူတို့နှစ်ဦး ရှန်ယွီနောက်မှ လိုက်သွားကြသည်။ ယွဲ့လန်သည်လည်း ပဲနို့တစ်ပုလင်း သွားယူပြီးမှ တံခါးပိတ်ကာ သူတို့နောက်မှ လိုက်ဆင်းလာခဲ့သည်။

ရှန်ယွီသည် ဤအိမ်ကို ကျွမ်းကျင်၏ ။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်တုန်းက အကြိမ်ပေါင်း ထောင်ချီ လာခဲ့ဖူးသည် မဟုတ်လား။

သူသည် တိုက်အဝင်ဝတွင် ခေတ္တမျှ ရပ်နေပြီး၊ မျက်နှာချင်းဆိုင် တတိယထပ်က ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်၊ ပါးစပ်ထဲက အီကြာကွေးကို ကုန်အောင်စားပြီး၊ ပြတင်းပေါက်မှာ လူမရှိမှန်း အတည်ပြုပြီးသည့်နောက်မှ တစ်ရှူးဖြင့် လက်ကိုသုတ်ကာ ထွက်လာခဲ့သည်။ ဤနေရာမှာ လူနေရပ်ကွက်ဟောင်း တစ်ခုဖြစ်ပြီး များသောအားဖြင့် သက်ကြီးရွယ်အိုများသာ နေထိုင်ကြသည်။ အိမ်ငှားနေသော လူငယ်အနည်းငယ်မှာလည်း အလုပ်သွားကြပြီ သို့မဟုတ် အိပ်ရာထဲတွင် ရှိနေကြဆဲ ဖြစ်သည်။ လူကြီးများမှာလည်း မနက်ခင်း အားကစားလုပ်ရာမှ ပြန်မရောက်ကြသေးသဖြင့် အလွန်ပင် တိတ်ဆိတ်နေလေသည်။

သူတို့တွေ မျက်နှာချင်းဆိုင် တိုက်ထဲသို့ ဝင်သွားသည့်အခါ အားလုံးက တစ်ပြိုင်နက်တည်း ခြေလှမ်းကို ဖွဖွလေး နင်းလိုက်ကြသည်။ တတိယထပ်က တံခါးမှာ ပိတ်နေသည်။ ဤအိမ်မှာ လူမနေတာ ကြာပြီဖြစ်သဖြင့် လုံခြုံရေးတံခါးတောင် မရှိပါဘူး၊ ရှေးဟောင်း သစ်သားတံခါး တစ်ချပ်သာ ရှိလေသည်။ ဘယ်သူမှ တံခါးမခေါက်ကြပါဘူး။ ရှောင်လုက သူ၏ အိတ်ကပ်ထဲမှ သံချောင်းအသေးလေး တစ်ခုကို ထုတ်လိုက်သည်။

ရှန်ယွီက ဘေးကို ဖယ်ရန် အချက်ပြလိုက်သည်။

ရှောင်လု ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဘေးသို့ ဖယ်ပေးလိုက်သည်။ သစ်သားတံခါးမှာ သော့ဖွင့်ရတာ လွယ်ကူသလို၊ ကန်ချလိုက်လျှင်လည်း အသံသိပ်မထွက်ဘူး။ ရှန်ယွီ သူ၏ ညာဘက်ခြေထောက်ကို မြှောက်ကာ သော့နေရာကို ကန်ချလိုက်သည်။ တံခါးမှာ “ဗုန်း” ခနဲ အသံထွက်ကာ အထဲသို့ ပွင့်သွားတော့သည်။

အထဲတွင် ရပ်နေသော လူမှာ တုံ့ပြန်ဖို့ အချိန်မရလိုက်ပါဘူး၊ ထိတ်လန့်တုန်လှုပ်သွားဟန်ဖြင့် တံခါးဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ မျက်လုံးချင်း ဆုံမိသည့် အခိုက်အတန့်တွင် ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ရှောင်လုနှင့် တာ့ခန်းတို့မှာ တံခါးပွင့်သွားသည်နှင့် အထဲသို့ ဝုန်းခနဲ ပြေးဝင်သွားကြလေပြီ။

ထိုအခါမှသာ ဖန်းရွှီမှာ ထွက်ပြေးဖို့ စဉ်းစားမိတော့သည်။ သူ ကိုယ်ကိုလှည့်ကာ ပြတင်းပေါက်ဘက်သို့ ပြေးသွားသည်။ တာ့ခန်းက သူ၏ လက်မောင်းကို ဆွဲကာ နောက်သို့ ပြန်ဆွဲထုတ်လိုက်သည်။ ရှောင်လုကလည်း နောက်တစ်ဖက်မှ ဝိုင်းဖမ်းထားပြီး သူ့ကို အနားရှိ ကုလားထိုင်ပေါ်သို့ အတင်း ဖိချထားလိုက်ကြတော့သည်။

ရှန်ယွီသည် အေးအေးဆေးဆေးပင် အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ ယွဲ့လန်က သူ၏နောက်မှ တံခါးပိတ်လိုက်ပြီး ဖိနပ်ချွတ်ခုံလေးဖြင့် တံခါးကို ပိတ်ဆို့ထားလိုက်သည်။ တံခါးကန်ချလိုက်သည့် အချိန်မှစ၍ ယခုအထိ ဘယ်သူမှ စကားတစ်လုံးမှ မပြောကြသေးပါဘူး။ ဖန်းရွှီ၏ အသည်းအသန် ရုန်းကန်သံများပင်လျှင် တိတ်ဆိတ်နေလေသည်။ တံခါးပိတ်သွားပြီးနောက်တွင် အခန်းထဲမှာ လုံးဝ တိတ်ဆိတ်သွားတော့သည် ။ ဖန်းရွှီ၏ အနည်းငယ် ပြင်းထန်နေသော အသက်ရှူသံမှလွဲ၍ပေါ့။

“မစ္စတာဖန်း” ရှန်ယွီ သူ၏အနားသို့ သွားကာ ရပ်လိုက်သည်။

ဖန်းရွှီ သူ့ကို မော့ကြည့်ပြီးမှ၊ ယွဲ့လန်ဘက်သို့ လှည့်ကာ ဒေါသတကြီးဖြင့် မေးလိုက်သည် ။

“မင်း ငါ့နောက်ကို လိုက်နေတာလား!”

“စကားတွေကို လျှောက်မပြောပါနဲ့…ငါက အလုပ်များနေတဲ့ လူကုံထံ တစ်ယောက်လေ၊ မင်းရဲ့ အမှိုက်လို ကိစ္စတွေကို ဝင်ပါဖို့ အချိန်မရှိပါဘူး”

ယွဲ့လန်က ချိုးချိုးနှိမ်နှိမ်ကို ပြောလိုက်၏။ ဖန်းရွှီ ရှန်ယွီဘက်သို့ ပြန်လှည့်ကြည့်ပြီး ခဏမျှ တိတ်ဆိတ်သွားသည် ။

“ရှန်ယွီ... မင်း ဒါ ဘာလုပ်တာလဲ”

“မင်း ဘယ်လို ထင်လို့လဲ ။ မိတ်ဟောင်း ဆွေဟောင်းတွေ ပြန်တွေ့ကြတာလေ”

“အပိုတွေ ပြောမနေနဲ့…ငါ မင်းအိမ်ကို သွားခဲ့လို့ မဟုတ်လား။”

သူ စကားမဆုံးသေးခင်မှာပင် ရှန်ယွီက ဖန်းရွှီ၏ ပါးကို ဝုန်းခနဲ ရိုက်လိုက်တော့သည်။

ထိုပါးရိုက်ချက်မှာ ပြင်းထန်လှသည်။ ဖန်းရွှီမှာ ဘေးသို့ ယိုင်သွားရသည်။ ရှောင်လုနှင့် တာ့ခန်းသာ ဖမ်းမထားလျှင် မြေပေါ်သို့ လဲကျသွားမှာ သေချာသည်။

“မင်းလည်း သိသားပဲ၊ ဘာလို့ မေးနေသေးတာလဲ”

ရှန်ယွီ သူ၏ လက်ကောက်ဝတ်ကို ပွတ်ရင်း တည်ငြိမ်သော လေသံဖြင့် ဆိုသည် ။

“ငါတို့တွေက ဒီလောက် ရင်းနှီးနေတာကို၊ ဘာလို့ ဟန်ဆောင်နေမှာလဲ”

“ငါက တောင်းပန်ဖို့ သွားတာပါဆို” ဖန်းရွှီ မြေပေါ်သို့ တံတွေး လှမ်းထွေးလိုက်သည်၊ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစအချို့ ထွက်လာလေသည်။

“ဘာအတွက် တောင်းပန်တာလဲ။ ငါ သုံးနှစ်လောက် ထောင်ကျသွားခဲ့တာ အတွက်လား၊ ဒါမှမဟုတ် ငါ့ခြေထောက် အတွက်လား”

“မင်းခြေထောက်အကြောင်း ငါ မသိဘူး!” ဖန်းရွှီက ဆိုသည် ။

“မင်းခြေထောက် ဒဏ်ရာရတုန်းက ငါ အထဲမှာ ရှိနေတုန်းပဲလေ!”

“အဲ့ဒါတော့ ဟုတ်သားပဲ” ရှန်ယွီ ပြုံးလိုက်သည်။

“ရှန်ယွီ... ငါတို့ကိစ္စမှာ တခြားလူတွေကို ထည့်မပြောပါနဲ့” ဖန်းရွှီက ရှောင်လုနှင့် တာ့ခန်းကို ကြည့်ကာ ဆိုသည် ။

“မင်း အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား၊ အားလုံးကို လမ်းမှန်ပေါ် လျှောက်စေချင်တယ် ဆိုတာလေ....”

“ငါ မေ့တော့မလို့ပဲ” ရှန်ယွီက ရှောင်လုတို့ လူစုကို မေးစေ့ဖြင့် အချက်ပြလိုက်သည်။

ရှောင်လုနှင့် တာ့ခန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တုံ့ဆိုင်းနေကြသည်။

“လွှတ်ပေးလိုက်ပါ” ယွဲ့လန်က ဘေးမှနေ၍ ဝင်ပြောသည်။

ထိုနှစ်ယောက်သည် ဖန်းရွှီ၏ လက်မောင်းများကို လွှတ်ပေးလိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်ကြသည်။ ဖန်းရွှီ လက်မြှောက်ကာ သူ၏ပါးကို ပွတ်လိုက်သည်။ သူ စကားပြောရန် ပြင်စဉ်မှာပင် ရှန်ယွီက သူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်လိုက်တော့သည်။ သူနှင့် ကုလားထိုင်မှာ အနောက်သို့ လွင့်စင်သွားပြီး နံရံနှင့် သွားတိုက်မိတော့သည်။

“မင်း ဘာလုပ်တာလဲ!” ဖန်းရွှီ ဗိုက်ကို ဖိထားရင်း အော်ဟစ်လိုက်သည်။

“အခုတော့ ငါတို့ နှစ်ယောက်တည်းပဲ ရှိတော့တယ်။ ထလိုက်စမ်းပါ” ရှန်ယွီ၏ လေသံမှာ ပို၍ လေးနက်သွားသည် ။

“ငါ မင်းကို ခြေထောက်တစ်ဖက် အကြောပေးထားမယ်”

ဖန်းရွှီ ဘာမှပြန်မပြောဘဲ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်၊ နံရံကိုမှီကာ အသက်ကို ခဏမျှ ခပ်ပြင်းပြင်း ရှူလိုက်ပြီးမှ၊ ရုတ်တရက် ကိုယ်ကိုလှည့်ကာ အိပ်ခန်းထဲသို့ ပြေးဝင်သွားတော့သည်။ ရှန်ယွီ ကုလားထိုင်ကို ဆွဲမကာ သူ့နောက်သို့ လှမ်းပေါက်လိုက်သည်။ ကုလားထိုင်မှာ ဖန်းရွှီ၏ ကျောကုန်းကို တည့်တည့် ထိမှန်သွားသဖြင့်၊ သူသည် အိပ်ခန်းထဲသို့ လွင့်စင်ကျသွားကာ မြေပေါ်တွင် လဲကျသွားတော့သည်။

ရှန်ယွီ သူ့နောက်မှ လိုက်ဝင်သွားခဲ့သည်။ ဖန်းရွှီ အတင်း ထရန် ကြိုးစားနေစဉ်မှာပင် ရှန်ယွီက သူ၏ ကျောကုန်းကို ခြေထောက်ဖြင့် နင်းကာ မြေပြင်ပေါ်သို့ ပြန်ဖိချထားလိုက်သည်။

“ရှန်ယွီ!” ဖန်းရွှီ ခြေထောက်အောက်မှ ရုန်းထွက်ရန် ကြိုးစားရင်း၊ လက်တစ်ဖက်က သူ၏ ဘောင်းဘီအိတ်ကပ်ထဲသို့ နှိုက်ရန် ပြင်နေသည်။ ရှန်ယွီ ဘာမှမပြောဘဲ သူ၏ လက်ကောက်ဝတ်ကို ထပ်မံ နင်းချလိုက်ပြီး၊ သူ၏ အိတ်ကပ်ထဲက ဓားကို ကျွမ်းကျင်စွာဖြင့် ဆွဲထုတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်နှင့် သူ၏ လည်ပင်းကို ဖိထားကာ၊ ကျန်လက်တစ်ဖက်နှင့် ကုတင်ပေါ်က စောင်ကို ဆွဲယူလိုက်ပြီး၊ ဖန်းရွှီ၏ အသည်းအသန် ရုန်းကန်နေမှုများကြားမှာပင် သူ့ကို စောင်နှင့် အုပ်ကာ မြေပေါ်သို့ ဖိထားလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင်မူ သူသည် ဒူးဖြင့် ဖန်းရွှီ၏ ကျောကို ဖိထားရင်း၊ လက်ထဲက ဓားကို ကိုင်ကာ မဆိုင်းမတွဘဲ အောက်သို့ ထိုးစိုက်ချလိုက်လေတော့သည်။

“တောက်!” ယွဲ့လန် အပြေးအလွှား ဝင်လာခဲ့တော့သည်။

Comments

  1. ကြမ်းထော်နေတာပဲ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...