Skip to main content

63



အပိုင်း (၆၃)


“အိမ်တွင်းအကြမ်းဖက်မှု ဟုတ်လား။”

ချန်ကျန့်သည် ဆွန်နာနာကို ကြည့်ရင်း သူမစကားကို ယုံရမည်လား မသေချာသလို ခံစားလိုက်ရသည်။

ဆွန်နာနာ၏ ဝမ်းနည်းပူဆွေးမှုမှာ အနည်းငယ် ချဲ့ကားထားသလိုမျိုး ဖြစ်နေသည်။ သူမ၏ ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်နှင့် မော်ဒယ်လ်တစ်ယောက်လို လမ်းလျှောက်ဟန်တို့နှင့် ပေါင်းစပ်လိုက်သည့်အခါ တကယ်တမ်း အိမ်တွင်းအကြမ်းဖက်မှုသာ ရှိခဲ့လျှင် ဆွန်နာနာကိုယ်တိုင်က ကျူးလွန်သူ ဖြစ်နေမလားဟုပင် ချန်ကျန့် သံသယဝင်လာမိသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ သူ မှင်သက်သွားရတော့သည်။

ဆွန်နာနာက ခေါင်းလှည့်ပြလိုက်သည့်အခါ သူမ၏ ဘယ်ဘက်နားရွက်ဘေး၊ ဆံပင်များကြားမှ ပေါ်ထွက်လာသည်မှာ ညိုမည်းစွဲနေသော သွေးခြေဥဒဏ်ရာကြီး ဖြစ်လေသည်။ အောက်ဘက် မေးရိုးနားတွင်လည်း အလားတူ အညိုအမည်းစွဲနေသော အကွက်တစ်ခု ရှိနေသည်။ အမှန်အတိုင်း ပြောရလျှင် ရှန်ယွီက ချန်တာဟူကို ချိုင်းထောက်နှင့် ရိုက်တုန်းကတောင် ဤမျှလောက်အထိ ဆိုးရွားသော ဒဏ်ရာမျိုး မကျန်ခဲ့ပါဘူး။

“နားရွက်ကော အဆင်ပြေရဲ့လား။”

ချန်ကျန့်က မသိစိတ်က စိုးရိမ်စိတ်အပြည့်ဖြင့် မအောင့်နိုင်ဘဲ မေးလိုက်မိသည်။ ဆွန်နာနာက ပြန်မဖြေဘဲ ချန်ကျန့်ကိုသာ စိုက်ကြည့်နေသည်။

သေပြီ၊ သူ နားလေးသွားတာလား မသိဘူး။

ချန်ကျန့်သည်လည်း သူမကို ပြန်ကြည့်ရင်း စကားကို ဖြည်းဖြည်းချင်း ထပ်မေးလိုက်သည်။

“နားကို ထိသွားတာလား။ အဆင်ပြေရဲ့လားလို့။”

“ရပါတယ်။”

ဆွန်နာနာက ဆိုကာ ခေါင်းကို အတင်း ပြန်လှည့်လိုက်သည်။ သူမသည် လက်ချောင်းဖြင့် မျက်တောင်ကို ဖိကာ အသက်ပြင်းပြင်းရှူပြီးနောက် အားရပါးရ သက်ပြင်းချလိုက်သည်။ သူမ၏ အမူအရာမှာ အခုထိတော့ တတိယတန်းစား မင်းသမီးတစ်ယောက်၏ သရုပ်ဆောင်ချက်နှင့် တူနေဆဲပင်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ချန်ကျန့် သူမ၏ “သရုပ်ဆောင်မှု” ကို ကြည့်ရသည့် ခံစားချက်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“ဒီရက်ပိုင်းအတွင်းမှာ...ရှင်က ကျွန်မ အဆင်ပြေရဲ့လားလို့ ပထမဆုံး မေးတဲ့လူပဲ။”

“ဒါကလည်း... တခြားလူတွေက မင်းရဲ့ဒဏ်ရာကို မမြင်လို့ ဖြစ်မှာပါ။”

ချန်ကျန့်က အလိုက်သင့်လေး နှစ်သိမ့်ပေးလိုက်သည်။

“ကျွန်မက လူအများကြီးနဲ့ ဆုံခဲ့တာမှ မဟုတ်တာ။”

ဆွန်နာနာက သူမရှေ့တွင် လက်ကို အသာအယာ ဝှေ့ယမ်းပြသည်။

“အာ”

ချန်ကျန့် ခုနက စကားကို ပြန်ရုပ်သိမ်းချင်သွားတော့သည်။

“ကျွန်မ နာမည်က ဆွန်နာနာ ပါ၊ အားလုံးက နာနာ လို့ပဲ ခေါ်ကြတယ်။ အသက် ၂၈ နှစ်၊ ကွာရှင်းဖို့ ပြင်နေတာ၊ ဒါပေမဲ့ မကွာရသေးဘူး။ ရှင် တခြား သိချင်တာ ရှိသေးလား။”

“မလိုပါဘူး၊ အကြမ်းဖျင်း သိချင်လို့ မေးတာပါ။ မှတ်တမ်းတင်ထားဖို့အတွက် မင်းရဲ့ မှတ်ပုံတင် မိတ္တူတော့ လိုလိမ့်မယ်။”

ဆွန်နာနာ ထရပ်လိုက်ပြီး သူမ၏ သေတ္တာဘေးအိတ်ထဲမှ ရွှေရောင် တလက်လက်တောက်နေသော အိတ်ကလေးတစ်လုံးကို ထုတ်လိုက်သည်။ ထိုထဲမှ မှတ်ပုံတင်ကို ထုတ်ကာ ချန်ကျန့်ဆီ ကမ်းပေးလိုက်သည်။

“မိတ္တူကူးပြီးရင် ပြန်ပေးပါ့မယ်။”

ချန်ကျန့် ထရပ်လိုက်ပြီး အမျိုးသမီး အိပ်ဆောင် တံခါးကို ညွှန်ပြသည်။

“အရင်ဆုံး နေရာချလိုက်ဦးပေါ့။ အခုတော့ ဟူဖန် တစ်ယောက်တည်းပဲ ရှိတာ၊ တစ်ခါတစ်လေတော့လည်း ကျောက်ကျဲ တည်းတတ်တယ်လေ။ ကျောက်ကျဲ ဆိုတာကတော့...”

“မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အစ်မကြီး မဟုတ်လား။”

ဆွန်နာနာက သူမ၏ သေတ္တာကို အတွင်းခန်းထဲသို့ တရွတ်တိုက် ဆွဲသွားရင်း ဆိုသည်။

“ရှင် အောက်ဆင်းနှင့်တော့လေ။ မိတ္တူကူးပြီးရင် ကျွန်မဆီ လာပေးစရာ မလိုပါဘူး၊ ကျွန်မဘာသာ လာယူလိုက်မယ်။”

“ကောင်းပါပြီ။”

ချန်ကျန့် ခေါင်းညိတ်ပြသည်။ စိတ်ချရအောင် သူ ထွက်ခါနီးတွင် ထပ်မံ မှာကြားလိုက်သည်။

“မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတော့ ကျွန်တော် လျှို့ဝှက်ပေးထားပါ့မယ်။”

“ရပါတယ်။ဒါက လူမမြင်ရမယ့် ကိစ္စမှ မဟုတ်တာ။”

နာနာက တံခါးကို မှီရပ်ရင်းမှ ခပ်အေးအေး ပြန်ပြော၏။ ချန်ကျန့် ခေါင်းညိတ်ပြကာ အိပ်ဆောင်ထဲမှ ထွက်လာခဲ့တော့သည်။

သူသည် စင်္ကြံလမ်းတွင် စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးမှ ဓာတ်လှေကားထဲ ဝင်ခဲ့သည်။ သူမကို ဘော့စ်၏ တစ်ဝမ်းကွဲ အစ်မလို့ ပြောမည့်အစား တစ်ဝမ်းကွဲ ညီမလို့ပဲ ပြောလိုက်တာက ပိုအဆင်ပြေမည်ဟု သူ တွေးလိုက်မိသည်။ ဘော့စ်ရှန်ကတော့ မုန့်တစ်ဖက်စားဖို့တောင် ဆင်ခြေပေးနေရသော်လည်း၊ ဘော့စ်ဆွန် (နာနာ) ကတော့ သူမဘာသာ နေစရာကိုတောင် စီစဉ်ပြီးသွားခဲ့လေပြီ။

“အိမ်တွင်းအကြမ်းဖက်မှု ဟုတ်လား။” ဟူဖန်မှာ မှတ်ပုံတင် မိတ္တူကူးရင်း အသံကို နှိမ့်၍ အံ့သြတကြီး မေးသည်။

“ဘယ်သူက ရိုက်တာလဲ။ သူ့မိဘတွေလား၊ ဒါမှမဟုတ် သူ့ယောကျ်ားလား.... အော်၊ ၂၈ နှစ်ဆိုတော့ အိမ်ထောင်ရှိမှာပေါ့....”

“သူကတော့ ဘယ်သူသိသိ ကိစ္စမရှိဘူး ပြောပေမဲ့ ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စပဲလေ။”

ချန်ကျန့်က တိုးတိုးလေး သတိပေးလိုက်ရသည်။

“ငါတို့နှစ်ယောက် သိထားရင် ရပါပြီ။ သူဘာသာ မပြောသရွေ့တော့ လျှောက်မပြောကြနဲ့ပေါ့။”

“စိတ်ချပါ၊ ကျွန်မက ဘယ်သူလဲ။ဒါနဲ့ ငါတို့နှစ်ယောက်တည်းပဲ သိတာဆိုတာ သေချာလား။”

“အင်း၊ ဘာဖြစ်လို့လဲ။”

“ဘော့စ်ရှန် ကော မပါဘူးလား။ သူက ဒီနေရာရဲ့ ပိုင်ရှင်ပဲဟာကို။”

ချန်ကျန့် ရယ်မောလိုက်မိသည် ။

“ဟုတ်သားပဲ၊ သူလည်း ပါတာပေါ့။”

အားလုံးကတော့ ကိုယ့်ဘာသာ ထမင်းစားပြီးကြပြီ ဖြစ်သည်။ ဘော့စ်နှင့် မန်နေဂျာအတွက် ထမင်းဘူး နှစ်ဘူး ကျန်နေလေသည်။ အိတ်တစ်လုံးထဲတွင် သကြားမပါသော ကိုလာ တစ်ပုလင်းပါ ပါသေးသည်။ အားလုံးက ဘော့စ်အပေါ် တော်တော်လေး သိတတ်လာကြသည်။

ချန်ကျန့် ထမင်းဘူးတွေကို ယူကာ အပေါ်တက်ရန် ပြင်စဉ်မှာပင် ဆွန်နာနာ လှေကားမှ ဆင်းလာခဲ့သည်။ သူမသည် အမွေးပွ အင်္ကျီအစား တလက်လက်တောက်နေသော အားကစား ဂျာကင်ကို လဲဝတ်ထားသဖြင့် ကြည့်ရတာ ပိုပြီး သွက်လက်နေပုံရသည်။ ဒေါက်ဖိနပ်ကတော့ မလဲသေးပါဘူး။

“မှတ်ပုံတင်လေ။ ဖိနပ် မလဲဘူးလား။ မပင်ပန်းဘူးလား။”

မှတ်ပုံတင် ကမ်းပေးရင်းမှ ချန်ကျန့် မေးလိုက်၏။

“ကျွန်မက ဖိနပ်အပြားနဲ့ လမ်းမလျှောက်တတ်ဘူးလေ။”

ဆွန်နာနာက စားသောက်ဆိုင်ဘက်သို့ သွက်သွက်လေး လျှောက်သွားရင်း ဆိုသည် ။

“ဖိနပ်အပြားနဲ့ဆိုရင် ကျွန်မက အမြဲ နောက်ကို လန်နေသလိုပဲ။”

“အမလေး။ မော်ဒယ်လ် စတိုင်လ်ကြီးနဲ့။”

ဟူဖန်က ဧည့်ကြိုကောင်တာမှာ ကျန်ရစ်ရင်း ရယ်မောတော့သည် ။

***

ရုံးခန်းထဲသို့ ထမင်းဘူးများ ရောက်ရှိသွားသည့် အခါတွင်တော့ ရှန်ယွီသည် အားကစားဝတ်စုံ လဲပြီးသား ဖြစ်နေသည်။ သူသည် စားပွဲနောက်တွင် ခြေထောက်နှစ်ဖက်ကို စားပွဲပေါ် တင်လျက် ကွန်ပျူတာကို မော့ကြည့်နေလေသည်။ ဓာတ်ပုံတွေကိုပဲ ဆက်ကြည့်နေပုံရသည်။

“ဓာတ်ပုံတွေ ကြည့်နေတာလား။”

ချန်ကျန့် ထမင်းဘူးတွေကို စားပွဲပေါ်တင်ကာ အနားသို့ လျှောက်သွားလိုက်သည်။

“အင်း။”

ရှန်ယွီ ခေါင်းညိတ်ပြရင်း သူ၏ ဘယ်ဘက်လက်ကို ကုလားထိုင်လက်တန်းပေါ်မှ ဖယ်ပေးလိုက်သည်။

“ကြည့်မလား။”

“ဟုတ်ကဲ့။”

ချန်ကျန့် စက္ကန့်ဝက်ခန့် တုံ့ဆိုင်းနေပြီးမှ လက်တန်းပေါ်တွင် ဝင်ထိုင်လိုက်သည်၊ ခြေထောက်တစ်ဖက်က မြေပြင်ပေါ်မှာရှိပြီး ကိုယ်ကိုတော့ ကုလားထိုင်မှီခုံမှာ အားပြုထားလေသည်။

ရှန်ယွီ၏ လက်က ချန်ကျန့်၏ နောက်ကျောကို ပတ်ကာ ခါးပေါ်သို့ ရောက်ရှိလာခဲ့သည်။ ချန်ကျန့် ငုံ့ကြည့်လိုက်မိသည်။

“ဟင်။”

ရှန်ယွီ၏ လက်ချောင်းထိပ်လေးများက ချန်ကျန့်၏ အင်္ကျီအောက်သို့ လျှောဝင်သွားပြီး သူ၏ ဝမ်းဗိုက်ပေါ်တွင် အသာအယာ တို့လိုက်မိသည်။

“ဘာမှ မဟုတ်ပါဘူး။”

ချန်ကျန့် ကွန်ပျူတာမျက်နှာပြင်ဆီသို့သာ အကြည့်ကို အမြန် လွှဲလိုက်ရသည်။ မျက်နှာပြင်ပေါ်တွင်တော့ လရောင်အောက်က ငွေရောင်သစ်တောများ ဝန်းရံထားသော ရွာဟောင်း၏ ပုံရိပ် ရှိနေလေသည်။ ဟိုတစ်ကွက် ဒီတစ်ကွက် လင်းနေသော မီးရောင်များကြောင့် ပုံပြင်ထဲက ရွာကလေးတစ်ရွာနှင့် တူလှသည်။

“တာယွင် ရဲ့ ‘ဘီလူး’ တွေကို ကြည့်ဦးလေ။”

ရှန်ယွီက ဆိုကာ ပုံအချို့ကို နောက်ပြန် လှန်ပြသည်။ သံပုံးထဲမှ ဟုန်းဟုန်းတောက်နေသော မီးလျှံများ၊ ထိုမီးများဘေးတွင် ကခုန်နေကြသော လူအုပ်ကြီး၊ လူတိုင်း၏ မျက်နှာပေါ်တွင် မီးရောင်များ ကျရောက်နေသဖြင့် နွေးထွေးပြီး တက်ကြွနေပုံ ပေါက်နေသည်။ အားလုံးက အားရပါးရ ပြုံးနေကြသဖြင့် ချန်ကျန့်မှာ ကျောက်ကျဲကိုသာ အမြန်မှတ်မိပြီး၊ ဟူဖန်နှင့် ဆန်းပင်းကိုတော့ ဆံပင်ပုံစံကို ကြည့်မှသာ ခွဲခြားနိုင်တော့သည်။

“ဒီလောက်အထိ အမူအရာပျက်အောင် ပြုံးနေကြတာလား။”

ချန်ကျန့် မရယ်ဘဲ မနေနိုင်တော့ပါဘူး။

“ဘယ်သူသိမှာလဲ။” ရှန်ယွီ၏ လက်ချောင်းလေးများက ချန်ကျန့်၏ ဝမ်းဗိုက်ပေါ်တွင် အသာအယာ ဝေ့ဝဲနေဆဲပင် ဖြစ်သည် ။

“ဒီပုံကတော့ မဆိုးပါဘူး၊ သုံးလို့ ရတယ်။”

ဤပုံမှာ အားလုံး အားရပါးရ မရယ်ကြခင်၊ ရယ်ဖို့ ပြင်နေကြသည့် အနေအထား ဖြစ်သည်။ အနောက်ဘက်တွင် ချန်ကျန့်နှင့် ရှန်ယွီတို့ နှစ်ဦး ကုလားထိုင် တစ်ခုတည်းမှာ အတူတူ ထိုင်နေသည်ကိုလည်း မြင်နေရလေသည်။

“ဟုတ်ကဲ့။”

ချန်ကျန့် ပြန်ဖြေလိုက်သော်လည်း သူ၏ အာရုံများက ဓာတ်ပုံပေါ်မှာ မရှိတော့ပါဘူး။ သူ၏ ဝမ်းဗိုက်ပေါ်သို့သာ အာရုံရောက်နေတော့သည်။ ရှန်ယွီ၏ လက်ဆီသို့ပေါ့။

“ဒီပုံလည်း မဆိုးဘူး။” ရှန်ယွီက နောက်တစ်ပုံကို ထပ်ပြပြန်သည်။

“တချို့ အမူအရာတွေက တအားကို ချဲ့ကားထားသလိုပဲ။ ဒါတွေကို ထုတ်ပြီး ဓာတ်ပုံနံရံ တစ်ခု လုပ်လိုက်ရင် မကောင်းဘူးလား၊ ချန်းယွီ ချိတ်ထားတဲ့ အဲ့ဒီ ပန်းချီကား အတုတွေထက် အများကြီး ပိုကောင်းမှာပေါ့။”

“ဟုတ်ကဲ့။”

ချန်ကျန့် ခေါင်းညိတ်ပြသော်လည်း ရှန်ယွီ ဘာတွေ ပြောနေမှန်း သူ လုံးဝ မကြားတော့ပါဘူး။ ဘော့စ်က အလုပ်ကိစ္စတွေ မှာကြားနေချိန်မှာ သူ အခုလိုမျိုး အာရုံလွင့်ဖူးတာ ဒါ ပထမဆုံးပင် ဖြစ်သည်။

“ဘာဖြစ်လို့လဲ။” ရှန်ယွီ၏ လက်က ရပ်တန့်သွားသည်။

“မင်း ဘယ်လို ထင်လို့လဲ။” ချန်ကျန့်က ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်သည်။

ရှန်ယွီ ဘာမှ ပြန်မပြောဘဲ ကုလားထိုင်ပေါ် မှီထိုင်ရင်း သူ့ကို စိုက်ကြည့်နေသည်။ စက္ကန့်အနည်းငယ် ကြာသည့်အခါ ရှန်ယွီ၏ နှုတ်ခမ်းထောင့်တွင် မပီပြင်လှသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ချန်ကျန့် ခဏမျှ တန့်သွားပြီးမှ၊ ရှန်ယွီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ကိုယ်ကို လှည့်ကာ ကုလားထိုင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လျက်၊ ကုလားထိုင်မှီခုံကို အားပြုကာ ရှန်ယွီကို လှမ်းနမ်းလိုက်တော့သည်။ ဤအနမ်းတွင် ရှန်ယွီက သူ့ကို တမင် စနေသည့်အပေါ် စိတ်တိုနေသည့် အရိပ်အယောင်လေး ပါဝင်နေသလို၊ တိုက်ခိုက်မှု တစ်ခုပမာ ပြင်းထန်လှသည်။

ရှန်ယွီမှာလည်း ၎င်းကို စောင့်နေခဲ့ပုံရသည်။ သူသည်လည်း ချန်ကျန့်ကို ချက်ချင်းပင် ပြန်လည် တုံ့ပြန်လိုက်တော့သည်။ သူ ကိုယ်ကို လှည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ လက်က ချန်ကျန့်၏ ခါးမှတစ်ဆင့် ကျောဘက်သို့ လျှောတက်သွားခဲ့သည်။ နွေးထွေးလှသော လက်ဖဝါးဆီမှ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်သွားသလိုပင်။

ကုလားထိုင်မှာ အနောက်သို့ လန်သွားခဲ့သည်၊ ဘေးက လီဗာကို မဆွဲထားသော်လည်း လူနှစ်ဦး၏ အားကြောင့် အနောက်သို့ အရှိန်ပြင်းစွာ စောင်းသွားခြင်း ဖြစ်သည်။ ကုလားထိုင်အောက်မှ “ဂျွတ် ဂျွတ်” ဟူသော အသံများမှာ သူတို့၏ နှလုံးခုန်သံ စည်းချက်များနှင့်အတူ ထွက်ပေါ်နေလေသည်။

ရှန်ယွီ၏ ခါးဘေးက ဒဏ်ရာရာဇဝင်ဟောင်းမှာ ချန်ကျန့်၏ လက်ဖဝါးအောက်တွင် လျှောတိုက်သွားခဲ့သည်၊ ထိုထိတွေ့မှုက သူ၏ အာရုံကြောများကို လာပြီး တို့ထိနေသလိုပင်။ ထို့နောက်တွင်မူ သူတို့နှစ်ဦး၏ အသက်ရှူသံများမှာ နားနားတွင် တိုက်ခတ်နေသော လေပြင်းများပမာ ဖြစ်လာပြီး၊ ဦးနှောက်ထဲက နောက်ခံတေးဂီတသံများကိုပင် ဖုံးလွှမ်းသွားတော့သည်။

အာရုံခံစားမှု အားလုံးမှာ မုန်တိုင်းတစ်ခုလို ရောက်ရှိလာခဲ့သည်။ ကြားရသမျှ၊ မြင်ရသမျှနှင့် ထိတွေ့ရသမျှ အရာအားလုံးမှာ တကယ့်ကို ပြင်းထန်လွန်းလှသဖြင့် သူတို့နှစ်ဦးစလုံး အသက်ရှူရန်ပင် ခက်ခဲလာတော့သည်....။

***

မုန်တိုင်းက တဖြည်းဖြည်း ငြိမ်သက်သွားသည့် အခါတွင်မှ ချန်ကျန့်၏ အသက်ရှူသံများမှာ ပုံမှန် စည်းချက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်သည့်အခါ ကိုယ်ခန္ဓာအတွင်းမှ အောက်ဆီဂျင် ပြတ်လပ်နေသော ရှုပ်ထွေးမှုများမှာ ထိုအသက်ရှူသံနှင့်အတူ ဖြည်းဖြည်းချင်း လွင့်ပါးသွားလေခဲ့ပြီ။

ကုလားထိုင်ပေါ်တွင် ထောက်ထားသော သူ၏ ခြေထောက်မှာ လုံးဝ ထုံကျင်နေပြီ ဖြစ်သလို၊ သူ၏ ကိုယ်တစ်ဝက်မှာလည်း ရှန်ယွီပေါ်တွင် မှောက်လျက်သား ရှိနေသည်၊ သို့သော် သူ မလှုပ်ချင်သေးပါဘူး။

“မင်းလက်ကော...” ချန်ကျန့် ခေါင်းကို အနည်းငယ် စောင်းကာ အက်ကွဲနေသော လေသံဖြင့် မေးလိုက်သည်။ သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ရှန်ယွီ၏ ညာဘက်လက်ကို လှမ်းစမ်းကြည့်သည်။

“အဖိခံထားရလား။”

“ဟင့်အင်း။”

ရှန်ယွီ၏ အသံမှာ မူမမှန်သေး။ ချန်ကျန့် ကုလားထိုင်မှီခုံကို အားပြုကာ အရင် ထရန် ပြင်လိုက်သည်။

“မလှုပ်နဲ့ဦး။” ရှန်ယွီက ဆိုသည်။

“ဟင်။” ချန်ကျန့် တန့်သွားသည်။

“ကုလားထိုင်က မှောက်တော့မှာလေ။”

ရှန်ယွီက ချန်ကျန့်ကို မော့ကြည့်ရင်း ဆိုသည်။

ချန်ကျန့် လိုက်ကြည့်လိုက်သည့်အခါ ကုလားထိုင်မှာ အနောက်သို့ လန်ရုံတင်မကဘဲ၊ ဘေးသို့ပါ စောင်းနေသည်ကို တွေ့ရသည်။ ကုလားထိုင်မှီခုံ၏ အနားစတစ်ခုမှာ အနောက်က ဗီဒိုတံခါးမှာ သွားညပ်နေခြင်း ဖြစ်သည်၊ ထိုအရာကသာ သူတို့ကို မြေပေါ်သို့ ပြုတ်မကျအောင် ထိန်းထားပေးခြင်း ဖြစ်လေသည်။

“တောက်! ဗီဒိုတံခါးတော့ ပျက်ပြီ။”

ချန်ကျန့်က အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ သူသည် ဗီဒိုပေါ်က အံဆွဲလက်ကိုင်ကို အမြန် လှမ်းကိုင်လိုက်ရသည်၊ သူ ထလိုက်သည့်အခါ ဗီဒိုတံခါးက ပွင့်ထွက်သွားပြီး နှစ်ယောက်စလုံး မြေပေါ်သို့ လိမ့်ကျမှာ စိုးသောကြောင့် ဖြစ်သည်။

“ဗီဒိုတံခါးဖိုးကိုတော့ မင်းလစာထဲက နှုတ်ရမှာပေါ့။”

ချန်ကျန့် သူ့ကို လှမ်းကြည့်သော်လည်း ဘာမှ ပြန်မပြောအားဘူး။ သူသည် ထုံကျင်နေသော ခြေထောက်ကို အရင်ပြန်ချလိုက်ပြီး ခဏ ငြိမ်နေရသည်၊ ထို့နောက်မှ မတ်မတ်ရပ်ကာ ရှန်ယွီနှင့်အတူ ကုလားထိုင်ကို ပြန်တည့်လိုက်ရတော့သည်။

“ဒီကုလားထိုင်လည်း ပျက်ပြီ ထင်တယ်” ရှန်ယွီ ထရပ်ကာ သူ၏ ဘောင်းဘီခါးပတ်ကို ပြန်ပြင်ရင်း ဆိုသည်။

ချန်ကျန့် အကြည့်ကို အောက်သို့ အနည်းငယ် လျှောချလိုက်မိသည်။

“ကြည့်ချင်နေတုန်းလား။”

“ကျွန်တော် တကယ်ကို...”

ချန်ကျန့် သက်ပြင်းသာ ချလိုက်မိတော့သည်။ ရှန်ယွီ ပြုံးလျက် ချန်ကျန့်၏ နှုတ်ခမ်းထောင့်ကို တစ်ချက် နမ်းလိုက်ပြီးမှ ရေချိုးခန်းဘက်သို့ လှည့်ထွက်သွားသည် ။

“ငါ အရင် သွားလိုက်မယ်။”

“ဒါဆို ကျွန်တော်လည်း အိပ်ဆောင် ပြန်လိုက်ဦးမယ်...”

ချန်ကျန့် ရုံးခန်းတံခါးဘက်သို့ လှည့်ကြည့်လိုက်သည်၊ အခုချိန်မှာ အိပ်ဆောင်မှာ လူရှိမရှိ သူ မသေချာပါဘူး။ ရှိမှာ မဟုတ်ပါဘူး၊ အားလုံး အလုပ်ရှုပ်နေကြတာပဲဟာ။

အားလုံး အလုပ်ရှုပ်နေကြတာကို၊ မန်နေဂျာနဲ့ ဘော့စ်ကတော့ ဒီမှာ ဘာတွေ လုပ်နေကြတာလဲ....

“ဘာလို့လဲ။”

ရှန်ယွီ ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီး သူ့ကို ကြည့်သည်။

“ရုတ်တရက်ကြီး ဒီလောက်အထိ အလိုက်သိသွားတာလား။”

“ကျွန်တော် ဘောင်းဘီ လဲရမှာမလို့ပါ။”

“ငါ့ဟာပဲ ဝတ်လိုက်လေ။”

“အဲ့ဒါက ပိုပြီး အလိုက်သိရာ မကျဘူးလား။”

ရှန်ယွီ ရယ်မောလိုက်သည် ။

“အသစ်တစ်ထည် ပြောင်းဝတ်လိုက်ပေါ့။ ဟို ဆိုဖာပေါ်မှာ ရှိတယ်လေ။”

“ဟုတ်ကဲ့။” 

ချန်ကျန့်၏ ခေါင်းထဲတွင် အခုထိ တစီစီ မြည်နေဆဲဖြစ်သဖြင့် တခြားလည်း မစဉ်းစားနိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်ရလေသည်။

***

ရှန်ယွီ ရေချိုးခန်းထဲမှ အဝတ်အစားလဲပြီး ပြန်ထွက်လာသည့်အခါ၊ ချန်ကျန့်မှာ စားပွဲကို မှီရပ်ရင်း ကြောင်တောင်တောင် ဖြစ်နေဆဲပင်။

“အဆင်ပြေရဲ့လား။”

ရှန်ယွီ အနားသို့ လျှောက်လာပြီး ချန်ကျန့်၏ မျက်နှာကို ကိုင်ကြည့်သည်။

“ပြေပါတယ်”

ချန်ကျန့် ရှန်ယွီ၏ လက်ကို လှမ်းကိုင်ကာ သူ၏ နှုတ်ခမ်းမှာ ဖိကပ်လိုက်သည်။

“အဓိကကတော့.... နည်းနည်းလောက် စိတ်လှုပ်ရှားသွားလို့ပါ၊ သတိပြန်မဝင်နိုင်သေးဘူး ဖြစ်နေတာ။”

ရှန်ယွီ သူ့ကို လှမ်းဖက်လိုက်သည်။ သူသည်လည်း ရှန်ယွီကို ပြန်ဖက်ကာ ရှန်ယွီ၏ လည်ပင်းကြားသို့ မျက်နှာဝှက်လျက် မျက်လုံးမှိတ်ထားလိုက်မိသည်။ အရင်အတိုင်းပင် လန်းဆန်းအေးချမ်းလှသော ပင်လယ်ရနံ့ သင်းသင်းလေးကို သူ ရရှိနေဆဲ ဖြစ်သည်။

ဘယ်လောက်ကြာကြာ ဖက်ထားမိလဲ သူ မသိပါဘူး၊ ချန်ကျန့်အနေဖြင့် နောက်ဆုံးတွင်တော့ အရာရာကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု ခံစားလိုက်ရသည်။ သူ မျက်လုံးဖွင့်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည် ။

“မင်း ရေမွှေး သုံးထားတာလား။”

“ရေချိုးဆပ်ပြာရော၊ ရေမွှေးရောက ဒီအနံ့ချည်းပဲလေ။”

“မွှေးတာပဲ။ မင်းဆီကို ငါ ခြံစည်းရိုးကျော်ပြီး စတွေ့တဲ့ညကလည်း မင်းဆီက ဒီအနံ့ ရခဲ့တာ။”

“ငါ မင်းကို တစ်စုံ ပေးမယ်လေ။”

“ကျွန်တော် သုံးရင်တော့ ဒီအနံ့မျိုး ထွက်မှာ မဟုတ်ဘူး ထင်တယ်”

ချန်ကျန့်က ရှန်ယွီ၏ လည်ပင်းနားသို့ နှာခေါင်းဖြင့် တိုးဝှေ့ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

“ဒီထဲမှာ မင်းရဲ့ ကိုယ်နံ့ပါ ပါနေတာကိုး။”

“ဒါဆိုလည်း ငါ့အသားကို တစ်ဖဲ့လောက် ဖြတ်ပေးရမှာပေါ့”

“မင်းတော့ တကယ်ကို ရူးနေတာပဲ။”

ချန်ကျန့် ရယ်မောလိုက်မိသည်။ ရှန်ယွီ၏ ရေချိုးခန်း တစ်ခုလုံးတွင်လည်း ထိုရနံ့များဖြင့် ပြည့်နှက်နေသဖြင့် တကယ်ကို စိတ်လက်ပေါ့ပါးစေသည်။ ချန်ကျန့် အရာရာကို ပြင်ဆင်ပြီးသည့်နောက်တွင် ရှန်ယွီ ဝယ်လာသည့် ဘောင်းဘီအသစ်ကို လဲဝတ်လိုက်သည်။ ၎င်းမှာ အိတ်ကပ်များစွာပါသော ကာဂိုပန့် ဖြစ်ပြီး သူနှင့် အတော်လေးကို အံကိုက် ဖြစ်နေလေသည်။ သူတို့နှစ်ဦးမှာ ကိုယ်လုံးကိုယ်ဖန်ချင်း တူညီနေပုံရသည်။

သူ ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ ရှန်ယွီမှာ စားပွဲပေါ်တွင် ထမင်းဘူးများကို ဖွင့်လျက် စောင့်နေလေသည်။ ဟင်းနံ့ ရလိုက်သည့် အခိုက်အတန့်မှာတင် ချန်ကျန့်၏ ဗိုက်ထဲမှ အသံထွက်ပေါ်လာတော့သည်။

“ဗိုက်ဆာလိုက်တာ။” ချန်ကျန့် လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

“စားပြီးရင် အသားကင်ဆိုင်တွေဘက်ကို ခဏ သွားကြရအောင်။”

ရှန်ယွီက ချန်ကျန့်အတွက် ဝေစုကို ရှေ့သို့ တွန်းပေးရင်း သူ၏ ကလေးသုံး ထမင်းစားတုတ်ကို ကိုင်လိုက်သည် ။

“အခြေအနေ ဘယ်လိုရှိလဲ သွားကြည့်တာပေါ့။”

“ဒီည အစည်းအဝေး ရှိတယ်လေ၊ မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်းလေ။အသားကင်ဆိုင်တွေဘက်ကိုတော့ ကျွန်တော် မှာခဲ့ပြီးပါပြီ။ တစ်ခုခုဆိုရင် မင်းဆီ ဖုန်းဆက်လိမ့်မယ်။”

“အော်... ဟုတ်သားပဲ၊ ဆရာကြီး အာဟူ ရဲ့ သင်တန်းပေါ့။” ရှန်ယွီ ခေါင်းညိတ်ပြသည်။ စက္ကန့်အနည်းငယ် ကြာမှ သူ ချန်ကျန့်ကို လှည့်ကြည့်သည်။

“တစ်ခုခုဆိုရင် ငါ့ဆီ ဖုန်းဆက်လိမ့်မယ် ဟုတ်လား။”

“နေ့လယ်က မှာခဲ့တာလေ။ ကျွန်တော် ကားမောင်းလေ့ကျင့်နေတုန်း ဖုန်းမကိုင်နိုင်မှာ စိုးလို့ပါ”

“အခုပဲ သွားပြီး ပြန်မှာလိုက်တော့။ မင်းဆီကိုပဲ ဖုန်းဆက်ခိုင်းလိုက်”

“နာနာ က ကြည့်ရတာ မင်းထက်တောင် ဘော့စ် ပိုဆန်နေသေးတယ်”

“မင်းက နာနာ လို့တောင် ရင်းရင်းနှီးနှီး ခေါ်နေပြီပေါ့။”

“ဆွန်နာနာ လေ၊ အင်္ဂလိပ်နာမည်က နာနာ တဲ့။”

“တော်တော်လေးကို ခေတ်မီတာပဲ။”

“ဟုတ်တယ်၊ ကျွန်တော် နည်းနည်း မေးကြည့်လိုက်တော့ သူက အိမ်တွင်းအကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတာတဲ့။ အခုလောလောဆယ်တော့ အလုပ်ခန့်ထားပြီး အခြေအနေကို စောင့်ကြည့်ရမှာပေါ့။”

“ဒီဆိုင်ကတော့လေ....”

ရှန်ယွီ ထမင်းတစ်လုပ်ကို ဖြည်းဖြည်းချင်း ဝါးရင်း ဆိုသည်။

“ချွင်းချက်အနေနဲ့ ထားလိုက်ပါဦးဗျာ။” ချန်ကျန့်က စိတ်မရှည်သလို ဆိုသည်။

“ဒီဆိုင်က ဘာဖြစ်လို့လဲ။”

ရှန်ယွီ ထမင်းကို မျိုချပြီးမှ ပြန်ဖြေသည် ။

“အောက်လမ်းနည်းနဲ့ အတိုက်ခံထားရတာ ထင်တယ်”

ချန်ကျန့် ရယ်မောလိုက်မိပြီး ရှန်ယွီကို အကြာကြီး စိုက်ကြည့်နေပြီးမှ ကိုယ်အစ်ကိုင်းကာ ရှန်ယွီ၏ ပါးကို တစ်ချက် နမ်းလိုက်လေတော့သည်။

“ငါ့မျက်နှာမှာ ဆီတွေ ပေကုန်ပြီ။”

ရှန်ယွီက ဆိုသော်လည်း သူ၏ နှုတ်ခမ်းထောင့်လေးတွေကတော့ လှုပ်ခါသွားခဲ့သည်။

ချန်ကျန့် ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ ထမင်းကို ဆက်စားနေလိုက်သည်။

***

ဆရာကြီး ချန်အာဟူမှာမူ မန်နေဂျာနှင့် ဘော့စ်တို့ ထမင်းစားတာ တအား ကြာနေသဖြင့် သင်တန်းစရမည့် အချိန်ကို နောက်ကျစေသည့်အပေါ် အလွန် မကျေမနပ် ဖြစ်နေလေသည်။ သူသည် စက်ထဲမှနေ၍ တိုက်ရိုက်ပင် လှမ်းအော်တော့သည်။

“ချန်ကျန့်! ဒီည သင်တန်းရှိတယ်လို့ ငါ ပြောထားတယ် မဟုတ်လား!”

“အခုလာပြီ၊ အခုလာပြီ။” ချန်ကျန့် စက်အစ်ကိုင်ကာ ပြန်ဖြေလိုက်သည်။

“ရှန်ယွီ့ ကိုကော ပြောပြီးပြီလား။” အာဟူက မေးသည်။ ချန်ကျန့် မဖြေရသေးခင်မှာပင် ၎င်းမှာ ဖုန်းမဟုတ်ဘဲ စက်ဖြစ်မှန်း သတိရသွားပုံရသည် ။

“ဘော့စ်ရှန် ကိုကော အကြောင်းကြားပြီးပြီလား!”

ရှန်ယွီ စက်ကို လှမ်းယူလိုက်သည် ။

“အကြောင်းကြားပြီးပါပြီ။ အခု ဆင်းလာပါပြီ။”

တစ်ဖက်မှ ဘာအသံမှ ထွက်မလာတော့ပါဘူး။ ချန်ကျန့် စားပွဲပေါ်က ထမင်းဘူးခွံတွေကို သိမ်းဆည်းလိုက်သည် ။

“ကျွန်တော် အရင် ဆင်းနှင့်မယ်နော်။”

“အင်း။”

ရှန်ယွီ ဆိုဖာပေါ် မှီထိုင်ရင်း ကိုယ်ကို ဆန့်လိုက်သည်။

“မင်းမျက်နှာလေ… သုတ်လိုက်ဦး။”

“အိုကေ။”

ရှန်ယွီ ပြုံးလျက် ခေါင်းညိတ်ပြသည်။ စားသောက်ဆိုင်ထဲက ဧည့်သည်တွေ အကုန် ထွက်သွားကြပြီ ဖြစ်သလို၊ အခုအချိန်မှာ အသစ်ရောက်လာတဲ့ ဧည့်သည်လည်း မရှိပါဘူး။ ပထမထပ်မှာတော့ ခေတ္တမျှ တိတ်ဆိတ်အေးချမ်းနေလေသည်။ အားလုံးက ဆရာကြီး ချန်အာဟူ၏ အနောက်မှ လိုက်၍ အစည်းအဝေးခန်းထဲသို့ ဝင်ခဲ့ကြသည်။

“အားလုံး စုံပြီလား။” အာဟူက မှတ်စုစာအုပ်ကို ကိုင်ကာ မေးသည်။

“အားလုံး ကြိုက်တဲ့နေရာမှာ ထိုင်ကြပါ”

“စုံပါပြီဗျာ။”

ဆန်းပင်းကတော့ သူ၏ ဘော့စ်ကို အမြဲတမ်း ထောက်ခံနေကျ လူစားမျိုး မဟုတ်ပါလား။

မှိုလေးသည်လည်း အပြင်မှာ လူမရှိတော့သဖြင့် သူတို့နောက်သို့ လိုက်ဝင်လာခဲ့ပြီး ချန်ကျန့်၏ ခြေရင်းတွင် လှဲအိပ်နေလေသည်။ ရှန်ယွီသည် ချန်ကျန့်၏ ဘေးတွင် ထိုင်ကာ သူ၏ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး၊ ခြေဖျားဖြင့် မှိုလေးကို လှမ်းစနေလေသည်။

“အလေးအနက် ထားစမ်းပါ”

အာဟူက ရှန်ယွီကို ကြည့်ကာ ဆူလိုက်သည်။

“ဟွင်း...”

ရှန်ယွီ အံ့သြဟန်ပြုရင်း ခြေထောက်ကို ပြန်ရုပ်လိုက်ရလေသည်။ ချန်ကျန့် မျက်နှာလွှဲကာ ရယ်ချင်စိတ်ကို အတင်း အောင့်ထားလိုက်ရသည်။

“ဒီသင်တန်း... မီးဘေးအန္တရာယ် ကာကွယ်ရေး သင်တန်း မစခင်မှာ…ကျွန်တော် အရင်ဆုံး အပြင်စကား နည်းနည်း ပြောချင်ပါတယ်”

၎င်းမှာ ချန်ကျန့်ကို အနည်းငယ် စပ်စုချင်စိတ် ပေါ်လာစေသည်။ အာဟူသည် သင်တန်းအကြောင်းကိုတောင် ရှင်းရှင်းလင်းလင်း ပြောနိုင်ပါ့မလားလို့ သူ စိုးရိမ်နေရတာ မဟုတ်ပါလား။ အခုတော့ အပြင်စကားတွေပါ ပြောဦးမည်တဲ့လား။

“တာယွင် က လူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အပေါ် ယုံကြည်ပေးတဲ့ မန်နေဂျာနဲ့ ဘော့စ်ကိုလည်း ကျေးဇူးတင်ပါတယ်” အာဟူ၏ စကားလုံးများမှာ အပြင်စကား ပြောရသည့် အခါတွင်တော့ သွက်လက်နေလေသည် ။

“ကျွန်တော့်ကို ဒီလိုအလုပ်မျိုး လုပ်ခွင့်ပေးတဲ့အတွက်....”

ရှန်ယွီက လက်ခုပ် နှစ်ချက် တီးလိုက်သည်။

“ဘော့စ်ရှန်... ကျွန်တော် ပြောလို့ မပြီးသေးဘူးလေ။”

ချန်ကျန့် ရှန်ယွီ၏ လက်ကို လှမ်းဖိထားလိုက်ရလေသည်။

“ကျွန်တော့်မှာ ပညာအရည်အချင်း အများကြီး မရှိသလို.... အရင်ကလည်း အလုပ်ကောင်းကောင်း မလုပ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ အားလုံးက ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့ကြတာပါ။ ကျေးဇူးအများကြီး တင်ပါတယ်”

“ကျွန်မတို့အားလုံးလည်း အတူတူပါပဲ” ဟူဖန်က ဝင်ပြောသည်။

“ဟုတ်တယ် ။ ဒါကြောင့် တာယွင် က ကျွန်တော့်အတွက်တော့ ဒုတိယအိမ်ပါပဲ! ဒီအိမ်မှာ မီးဘေးကိစ္စက တအား အရေးကြီးပါတယ်။ ကျွန်တော့် မိသားစုဝင်တွေ ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ ကြိုတင်ကာကွယ်မှုတွေ၊ မီးဘေး အသိပညာတွေနဲ့ အရေးပေါ် တုံ့ပြန်နိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက်....”

ဘာကြောင့်လဲတော့ မသိပါဘူး၊ အာဟူ၏ ထစ်ထစ်ငေါ့ငေါ့နှင့် ကျေးဇူးတင်စကားများက ချန်ကျန့်ကို ထူးဆန်းစွာ စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူ ရှန်ယွီကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။

ရှန်ယွီမှာလည်း အာဟူကို အလွန် အလေးအနက်ထားကာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။ ချန်ကျန့် ရှန်ယွီ အရင်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရသွားသည်။

ငါက ဒီလူတွေကို လက်တစ်ကမ်း ကူညီပေးမယ်၊ ဒီလူတွေကလည်း ငါ့ကို ပြန်ပြီး လက်တစ်ကမ်း ကူညီနိုင်ကြရင်တော့ အကောင်းဆုံးပေါ့။
__________________________________________________________________________-
TN // ရုံးခန်းထဲ ဘာလုပ်ကြတာလဲဆိုရင် ကားမောင်းတာ မဟုတ်ပါဘူး။ ကားစက်နှိုးရုံပါပဲ။ Just TMI 😂

Comments

  1. ကားစက်ကနိုးရောနိုးရဲ့လားပဲ 🤣

    ReplyDelete
  2. ဆူညံလွန်းလို့ ဆယ်ဘီးကား‌ဖြတ်တာ မှတ်နေတာ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...