Skip to main content

97





အပိုင်း (၉၇)

နှစ်သစ်ကူး ပထမဆုံးနေ့တွင် ချန်ကျန့်သည် ကော်ဖီဆိုင်ရှိ ဆိုဖာပေါ်တွင် နိုးလာခဲ့သည်။

သူ၏ဘေးတွင် အဖေဖြစ်သူ အပါအဝင် တာ့ယွင်၏ အမျိုးသားဝန်ထမ်းများ အားလုံး စုပြုံပြီး အိပ်ပျော်နေကြလေသည်။ ဘော့စ်ရှန်ယွီ တစ်ယောက်သာ ထိုအုပ်စုထဲတွင် မပါဝင်ပါ။ ဟူဖန်နှင့် ဆွန်နာနာတို့ကတော့ ကောင်တာနောက်ဘက်က အခန်းလေးထဲတွင် အိပ်နေကြသည်။

သူ နိုးလာသည်ဆိုသည်ထက် အိပ်ချိန် သိပ်မရလိုက်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။ မနက် ၅ နာရီမှ အိပ်ပျော်သွားပြီး ၆ နာရီမှာတင် မီးရှူးမီးပန်းသံများကြောင့် ပြန်နိုးလာခဲ့ရခြင်း ဖြစ်သည်။ နှစ်သစ်ကူးအကြိုညမှာ အိပ်ကြသူ သိပ်မရှိပါချေ။ ညစာစားပြီးနောက် အားလုံး အပြင်ထွက် ဆော့ကြသည်။ အရင်ကဆိုလျှင် ချန်အာဟူတို့ လူစုမှာ မြို့ဟောင်းဘက်သို့ သွားတတ်ကြသော်လည်း ယခုနှစ်တွင်တော့ တည်းခိုခန်းမှာပင် တစ်ညလုံး ဆူညံအောင် ကစားခဲ့ကြသည်။

ပထမဆုံး မြို့ထဲ ပတ်လျှောက်ကြသည်။ ယခုနှစ်တွင် ခရီးသည်များပြားသဖြင့် ဆိုင်အတော်များများ ဖွင့်ထားကြရာ တာ့ဝမ်ပါး ရဲ့ အကင်ဆိုင်ကိုပင် တံခါးခေါက်ပြီး အကင်လုပ်ခိုင်းလို့ ရသေးသည်။ ထို့နောက် မီးရှူးမီးပန်းများ လွှတ်ကြသည်။ ရှန်ယွီ ဝယ်လာသော မီးရှူးမီးပန်းများမှာ သောင်းချီတန်သဖြင့် တကယ့်ကို ခမ်းနားလှသည်။ ရွာသားများနှင့် ခရီးသည်များပါ လာရောက်ကြည့်ရှုကြသဖြင့် တကယ့်ကို ပျော်စရာကောင်းသော ညတစ်ည ဖြစ်ခဲ့သည်။

မီးရှူးမီးပန်းများ လွှတ်ပြီးမှ တည်းခိုခန်းသို့ ပြန်လာကြပြီး ချန်ကျန့်အဖေ လုပ်ပေးသော အကင်များကို စားကြသည်။ ချန်ကျန့်အတွက်တော့ ဤကဲ့သို့ နှစ်သစ်ကူးမျိုးမှာ တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးပင်။ သူသည် အမြဲတမ်း အချိန်မှန် အိပ်တတ်သူ ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာမူ မနက် ၅ နာရီအထိ မအိပ်ဘဲ နေခဲ့ခြင်း ဖြစ်သည်။ ၄ နာရီလောက်မှာ ဖဲကစားရန် ပြင်ကြစဉ် သူ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ကာ ရှန်ယွီ ဘယ်ရောက်သွားသလဲဆိုတာတောင် သူ မသိလိုက်ပါချေ။

ဘာပဲဖြစ်ဖြစ် ရှန်ယွီကတော့ အိပ်ပျော်နေမှာ မဟုတ်ပါဘူး။ နာတာရှည် အိပ်မပျော်ရောဂါ ရှိသူပီပီ....။

ချန်ကျန့်သည် ဓာတ်လှေကားထဲတွင် ရပ်နေရင်း ဗိုက်ပြန်ဆာလာသလို ခံစားလိုက်ရသည်။ တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်နေဆဲဖြစ်ကာ ဝန်ထမ်းရော ဧည့်သည်ပါ အိပ်ပျော်နေကြတုန်းပင်။ အခုလောလောဆယ် နိုးနေသည်မှာ သူနှင့် ဝင်းထဲက ဟင်းသီးဟင်းရွက်ခင်းထဲမှာ အညစ်အကြေး စွန့်နေသော မှိုလေးတို့သာ ရှိသည်။

စတုတ္ထထပ်က ရုံးခန်းတံခါးမှာ ပိတ်ထားသော်လည်း ဂျက်ထိုးမထားသဖြင့် သူ လှည့်ဖွင့်လိုက်သည်။ အထဲတွင် ရှန်ယွီကို မတွေ့ရသဖြင့် အိပ်ခန်းဘက်ကို ကြည့်ရာ အိပ်ခန်းတံခါးလည်း ပွင့်နေပြီး လူမရှိပါချေ။

"ရှန်ယွီ" ချန်ကျန့် လှမ်းခေါ်ရင်း ဖုန်းထုတ်လိုက်သည်။

ဖုန်းဖြေလိုက်သည့်အခါ ဟိုဘက်မှ လေတိုက်သံများကို ကြားနေရသဖြင့် အပြင်ရောက်နေမှန်း သူ သိလိုက်သည်။

"နိုးပြီလား" ရှန်ယွီက မေးသည်။

"ဘယ်သွားနေတာလဲ"

"ရှုခင်းကြည့်စင်မှာ... နေထွက်တာ စောင့်ကြည့်နေတာ"

"မင်း တစ်ညလုံး မအိပ်ဘူးလား" ချန်ကျန့် လှည့်ထွက်လာရင်း မေးလိုက်သည်။

"အချိန်တစ်ခု ကျော်သွားရင် အိပ်လို့ မရတော့ဘူးလေ။ လာမလား။ နေထွက်တာ ကြည့်ပြီးရင် ပြန်ပြီးဟုန်ပေါင်းတွေ ဝေရအောင်"

"အခု လာခဲ့မယ်။ ဗိုက်ဆာနေလား။ နို့တစ်ဘူးနဲ့ ဘီစကစ် ယူလာပေးရမလား"

"ယူလာခဲ့လေ" ရှန်ယွီက သဘောတူလိုက်သည်။

ချန်ကျန့် ပထမထပ်ကို ပြန်ဆင်းပြီး စားစရာများ ယူလိုက်သည်။ မီးဖိုချောင်ထဲက ဖက်ထုပ် အေးအေးလေး အချို့ကို အမြန်စားလိုက်ပြီးနောက် အပြင်သို့ ပြေးထွက်ခဲ့တော့သည်။

အပြင်မှာ ကောင်းကင်ကြီးက လင်းစပြုနေပြီ ဖြစ်သည်။ မြို့လေးတစ်မြို့လုံးနှင့် တောင်တန်းများမှာ မြူနှင်းများနှင့် မီးရှူးမီးပန်း ယမ်းငွေ့များကြားတွင် မြုပ်နေလေသည်။ အသက်ပြင်းပြင်း ရှူလိုက်တိုင်း မီးရှူးမီးပန်းနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာပြီး နှစ်သစ်ကူး အငွေ့အသက်ကို အပြည့်အဝ ပေးစွမ်းနေသည်။

ဝင်းထဲမှာ ခွေးစာစားနေတဲ့ မှိုလေး က သူ့ကို မြင်သည်နှင့် အစာကို ပစ်ထားခဲ့ကာ နောက်ကနေ မြူးတူးစွာ လိုက်လာခဲ့သည်။ သူတို့ တောင်ပေါ်လမ်းအတိုင်း အတူတူ ပြေးတက်လာကြသည်။ ရှုခင်းကြည့်စင်သို့ ရောက်ခါနီးတွင် မှိုလေး’ က စိတ်လှုပ်ရှားစွာဖြင့် အရှေ့ကနေ အရှိန်ပြင်းပြင်း ပြေးသွားခဲ့သည်။

ရှုခင်းကြည့်စင်ဘက်မှ လေချွန်သံ ခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာသည်။ မှိုလေး က ချက်ချင်း ရပ်တန့်သွားပြီး အမြီးနံ့ကာ ပြန်ပြေးသွားလေသည်။ ချန်ကျန့် လိုက်သွားကြည့်ရာ ကျောက်တုံးပေါ်တွင် ထိုင်နေသော ရှန်ယွီကို တွေ့လိုက်ရသည်။ သူ၏အနောက်တွင် ဧည့်သည် ၇ ယောက်၊ ၈ ယောက်ခန့်မှာလည်း ဖုန်းကိုယ်စီဖြင့် နေထွက်ချိန်ကို ရိုက်ရန် စောင့်နေကြသည်။

"မင်းရဲ့ လေချွန်သံက တော်တော်လေး အသုံးဝင်တာပဲ" ချန်ကျန့်က အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"နှုတ်ဆက်တဲ့ သဘောပါ"

"ငါက မှိုလေး နဲ့ အဆင့်တူနေတာလား"

ချန်ကျန့်က အိတ်ကပ်ထဲမှ နို့ဘူးကို ထုတ်ပေးရင်း ရွဲ့လိုက်သည်။

"ဟိုတုန်းက ကားပေါ်မှာ ငါ့ကို လေချွန်ပြတုန်းက လက်သီးနဲ့ ထိုးခဲ့သင့်တာ"

"ဘာလို့ မထိုးခဲ့တာလဲ"

"ရွေ့ကော ရဲ့ ဆိုင်မှာ မို့လို့လေ။ စီးပွားရေးလုပ်နေတဲ့ နေရာမှာ ပြဿနာ မရှာချင်လို့ပေါ့"

ရှန်ယွီက ပြုံးလိုက်ပြီး သူ၏ လက်ချောင်းလေးဖြင့် တို့ထိလိုက်သည် ။

"ချန်ကျန့်ကော က တကယ့်ကို အမြော်အမြင် ရှိတာပဲ"

"ဘီစကစ် စားဦးမလား"

"စားမယ်၊ ဗိုက်တအား ဆာနေတာ။ ခုနတင် တခြားလူဆီက ပေါင်မုန့်ကို လုစားထားတာ"

"အပြင်မထွက်ခင် တစ်ခုခု စားခဲ့ပါလား။ မီးဖိုချောင်မှာ ဖက်ထုပ်တွေနဲ့ အကင်တွေ အများကြီး ကျန်သေးတာပဲကို"

"ပျင်းလို့ပါ" ရှန်ယွီက နို့သောက်ရင်း ပြန်ပြောသည်။

သူတို့နှစ်ယောက် ကျောက်တုံးပေါ်မှာ ဘေးချင်းယှဉ်ထိုင်ရင်း ရိုးရှင်းတဲ့ မနက်စာကို စားနေကြသည်။ ဘေးပတ်ဝန်းကျင်မှာ ငှက်သံလေးတွေနဲ့ ဧည့်သည်တွေရဲ့ တိုးတိုးလေး စကားပြောသံတွေကလွဲရင် တိတ်ဆိတ်နေလေသည်။ မှိုလေး ကလည်း သူတို့ခြေရင်းက သစ်ရွက်ခြောက်တွေပေါ်မှာ အိပ်ပျော်နေပြီ။

ရှန်ယွီက သူ၏ လက်အေးအေးလေးကို ချန်ကျန့်၏ အနွေးထည် အိတ်ကပ်ထဲသို့ ထည့်ကာ ချန်ကျန့်၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ဤတောင်ပေါ်က အေးမြပြီး တိတ်ဆိတ်သော အချိန်လေးက မြို့ပြက ဆူညံမှုတွေနဲ့ တကယ်ကို ကွာခြားလျက်…

ခေတ္တအကြာတွင် "နေထွက်လာပြီဟေ့!" ဟု တစ်ယောက်က အော်လိုက်သဖြင့် ချန်ကျန့်က ရှန်ယွီကိုပါ ဆွဲထူကာ လက်ရန်းနားသို့ သွားလိုက်ကြသည်။ ချန်ကျန့်က ဖုန်းဖြင့် ဗီဒီယို ရိုက်နေစဉ် ရှန်ယွီကတော့ ဓာတ်ပုံအချို့ ရိုက်ပြီး နေထွက်လာပုံကို ငြိမ်သက်စွာ ကြည့်နေလေသည်။

ချန်ကျန့်သည် နှစ်သစ်ကူးရဲ့ ပထမဆုံး နေထွက်ချိန်ကို ကျိုးလဲ့ချန်ဆီသို့ ပို့ပေးချင်ပုံရသည်။ ရှန်ယွီကတော့ အလိုက်တသိဖြင့် ဘာမှမမေးချေ။ ကျိုးလဲ့ချန်က ချန်ကျန့်အတွက်တော့ သူ၏ ကွယ်လွန်သွားသော မိခင်ကို သတိရစေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်နေသည်လေ။

နေရောင်ခြည်က တဖြည်းဖြည်း လင်းထိန်လာပြီး တောင်ပေါ်မြူတွေလည်း ပါးသွားခဲ့သည်။

"ငါ့ရဲ့ ရိုက်ချက် ဘယ်လိုလဲ" ချန်ကျန့်က မေးသည်။

"ပညာရှင် အဆင့်ပဲ" ရှန်ယွီက နောက်ပြောင်လိုက်သည်။

"ယောင်ယီ တောင် မင်းဆီမှာ လာသင်ရဦးမယ်"

သူတို့ တောင်ပေါ်ကနေ ပြန်ဆင်းလာကြသည်။ လမ်းမှာ ရှန်ယွီက ချန်ကျန့်ကို အနီရောင်စာအိတ် တစ်ခု ကမ်းပေးလိုက်သည်။

"ရော့... နှစ်သစ်ကူး မုန့်ဖိုး"

ချန်ကျန့် အံ့သြသွားသည်။

"နေပါဦး။ တို့တွေက မျိုးဆက်မတူဘူးလား"

"ငါက မင်းထက် ရာသီခွင်တစ်ဝက်စာ ကြီးတာလေ"

ချန်ကျန့် စာအိတ်ကို ကြည့်လိုက်ရာ အတော်လေး ထူနေသဖြင့် ဖွင့်ကြည့်လိုက်ရာ ငွေရှစ်ထောင် ဖြစ်နေသည်။

"ဘယ်သူက မုန့်ဖိုးကို ရှစ်ထောင် ပေးလို့လဲ" ချန်ကျန့်က မေးသည်။

"ဖက်ထုပ် လုပ်ရတာ လက်တွေ ညောင်းနေမှာပေါ့။ အဲ့ဒီထဲမှာ မင်းအဖေရဲ့ လစာလည်း ပါတယ်နော်။ သေချာ တွက်ပြီး သူ့ကို ပေးလိုက်ဦး"

ချန်ကျန့်က ရှန်ယွီကို လှမ်းဖက်လိုက်ပြီး သူ၏ လည်ပင်းကို ခပ်နာနာလေး တစ်ချက် ကိုက်လိုက်သည်။

"အာ့! ချန်ကျန့်! မင်းက ခွေးလား" ရှန်ယွီက ဆဲလိုက်သည်။

"မင်းက မှိုလေးရဲ့ ဝမ်းကွဲလေ" ချန်ကျန့်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

သူတို့နှစ်ယောက် လမ်းမှာ ဆော့ကစားရင်း တည်းခိုခန်းသို့ ပြန်ရောက်လာကြသည်။ အားလုံး နိုးနေကြပြီဖြစ်ကာ ဝန်ထမ်းတွေကလည်း ဟုန်ပေါင်းတွေ ရဖို့ စောင့်နေကြသည်။ ချန်ကျန့်က ဟူဖန်နှင့် ဆွန်နာနာကို ဧည့်သည်တွေအတွက် မုန့်ဖိုးစာအိတ်တွေ ဝေခိုင်းလိုက်သည်။

ချန်ကျန့် မီးဖိုချောင်သို့ သွားကာ အဖေဖြစ်သူကို မုန့်ဖိုးနှင့် လစာငွေ သုံးထောင် ပေးလိုက်သည်။

"အဖေ... ဒါက မုန့်ဖိုးနဲ့ ဒီရက်ပိုင်းအတွက် လစာနော်"

"ဒီလောက်တောင် များတာလား" အဖေဖြစ်သူက ပြုံးလျက် ဆိုသည်။

"ရှန်ယွီ က တကယ့်ကို ရက်ရောတာပဲ"

"ယူထား ပါး ။ ပါး က နှစ်သစ်ကူးမှာ အလုပ်လာဆင်းပေးတာပဲကို"

အဖေဖြစ်သူက ပြုံးရွှင်စွာဖြင့် ငွေကို သိမ်းလိုက်ပြီး…

"အေးအေး... ဒါနဲ့ မနက်ဖြန်အတွက် ဟင်းချက်နည်းတွေ ကူကြည့်ပေးဦး။ ရှန်ယွီရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေ လာကြမှာဆိုတော့ ဟင်းတွေက ကောင်းဖို့ လိုတယ်လေ။ ငါ ရေးထားတဲ့ စာရင်း ကို ကြည့်ဦး...."

ချန်ကျန့် ရုတ်တရက် ထိတ်လန့်သွားကာ စားပွဲခုံကို လှမ်းကိုင်လိုက်မိသည်။

အာ့! မနက်ဖြန်က နှစ်ဆန်း ၂ ရက်နေ့ပဲ! ရှန်ယွီရဲ့ မိဘတွေ မနက်ဖြန် လာကြတော့မှာပဲ!
__________________________________________________________________________
TN // ချမ်းသာတဲ့ ရည်းစားရှိတာ ကောင်းလိုက်တာ။ ဟုန်ပေါင်းတောင် ယွမ် ၅ထောင်ရတာ။

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...