Skip to main content

စီမံကိန်းအသေးစားလေးတစ်ခု





ပီဇာ (Pizza)

အဆွေ့ မှာ အပြစ်အနာအဆာကင်းတဲ့ အသားအရေ ရှိနေလို့ ကောင်းကင်ကြီးက ပိုလှသွားမှာ မဟုတ်ပါဘူး။ 
အဆွေ့ မှာ Six-pack တွေ ရှိနေလို့ ဂီတက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာမှာ မဟုတ်ပါဘူး။ 
အဆေွ  ကျော်ကြားနေလို့ ခွေးလေးတွေက  ပိုပြီး အဖော်မွန်ကောင်း ပီသပေးမှာလည်း မဟုတ်ပါဘူး။

ပီဇာရဲ့ အရသာဟာ အဆေွ ဘယ် ရာထူးအဆင့်အတန်းမှာပဲ ဖြစ်ဖြစ် အရသာ ရှိနေမှာပါပဲ။ 
ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေဟာ ကျွန်တော်တို့ကို လိုချင်တပ်မက်အောင် ဝိုင်းဝန်းတွန်းအားပေးခံနေရတဲ့ အရာတွေရဲ့ အလွန်မှာပဲ တည်ရှိနေတာ ဖြစ်ပါတယ်။
_________________________________________________________________________

စီမံကိန်းအသေးစားလေးတစ်ခု

စူးစမ်းလေ့လာလိုစိတ် ရှိပါ။ အပြင်ထွက်ပါ။ အိပ်ရာဝင်ချိန် မှန်ပါစေ။ ရေများများသောက်ပါ။ ဝမ်းဗိုက်ကနေ အသက်ရှူပါ။ ပျော်ပျော်ရွှင်ရွှင် စားသောက်ပါ။ ကိုယ့်အတွက် လွတ်လပ်မှုအပြည့်ရှိတဲ့ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်တဲ့ နေ့စဉ်ဘဝပုံစံတစ်ခုကို သတ်မှတ်ထားပါ။ ကြင်နာတတ်ပါစေ။ လူတိုင်းက သင့်ကို ကြိုက်မှာမဟုတ်ဘူးဆိုတာကို လက်ခံပါ။ အဆွေ့ ကို တကယ်နှစ်သက်တဲ့သူတွေကို တန်ဖိုးထားပါ။ တခြားသူတွေရဲ့ သတ်မှတ်ချက်တွေထဲမှာ ပိတ်မိမနေပါနဲ့။ အမှားအယွင်းတွေကို ခွင့်ပြုပေးပါ။ ကိုယ့်ဆီမှာ ရှိပြီးသားအရာတွေကိုပဲ မြတ်နိုးတန်ဖိုးထားပါ။ ဘဝကို အနှောင့်အယှက်ပေးမယ့် အရာတွေကို "ဟင့်အင်း၊ နိုး" လို့ ငြင်းပယ်တတ်အောင် သင်ယူပါ။ ပြီးတော့ တကယ်ရှင်သန်စေမယ့် အရာတွေကိုတော့ "ရက်စ်" ဆိုပြီး လက်ခံလိုက်ပါ။

___________________________________________________________________________


လှေကားများ

ကျွန်တော်တို့ဟာ ဘဝကို အမြဲတမ်း အထက်ကို တက်လှမ်းနေရတဲ့ ခရီးတစ်ခုလို မြင်အောင် တွန်းအားပေးခံနေကြရပါတယ်။ "လှေကား" ဆိုတဲ့ စကားလုံးကို သတိမထားမိဘဲ သုံးနှုန်းနေကြတာပါ။ အသက်မွေးဝမ်းကျောင်း လှေကား၊ အိမ်ခြံမြေ ပိုင်ဆိုင်မှု လှေကား... စသဖြင့်ပေါ့။ လှေကားရဲ့ အမြင့်ဆုံးအဆင့်မှာ ရှိနေတာ ဒါမှမဟုတ် အောက်ဆုံးအဆင့်မှာ ရှိနေတာ စတာတွေကို ပြောကြတယ်။ လှေကားအတိုင်း တက်လှမ်းခြင်း၊ မြင့်တက်လာခြင်း၊ တောင်တက်ရသလို ခက်ခဲတဲ့ ရုန်းကန်မှုတွေအကြောင်း ကျွန်တော်တို့ ပြောကြတယ်။


အဲ့ဒီလို ပြောဆိုနေထိုင်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဘဝကို "အထက်တက်ပွဲ" တစ်ခုလို မြင်ယောင်လာကြပါတယ်။ တိမ်တိုက်တွေကို လှမ်းကိုင်ဖို့ ကြိုးစားနေတဲ့ လူသားမိုးမျှော်တိုက်ကြီးတွေလိုပေါ့။ အဲ့ဒီအခါမှာ ကျွန်တော်တို့ဟာ အနာဂတ်ဆိုတဲ့ အပေါ်ဘက်ကိုပဲ ကြည့်မိတာ ဒါမှမဟုတ် အတိတ်ဆိုတဲ့ အောက်ဘက်ကိုပဲ ငုံ့ကြည့်မိတာမျိုး ဖြစ်လာပြီး... ကျွန်တော်တို့ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ အတိုင်းအဆမရှိ ကျယ်ပြောလှတဲ့ "ပစ္စုပ္ပန်" ဆိုတဲ့ မြေပြင်ကျယ်ကြီးကိုတော့ ဘယ်တော့မှ ငဲ့မကြည့်ဖြစ်ကြတော့ဘူး။ 

လှေကားတွေရဲ့ ဒုက္ခက... သူတို့မှာ သင့်အတွက် ဘေးဘက်ကို ရွေ့လျားဖို့ နေရာလပ် မရှိတာပါပဲ။ ပြုတ်ကျဖို့အတွက်ပဲ နေရာရှိတာပါ။


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...