ဘဝဆိုတာ...
တက်လှမ်းရမယ့် လှေကားတစ်စင်း မဟုတ်သလို၊
ဖြေရှင်းရမယ့် ပဟေဠိတစ်ခုလည်း မဟုတ်ပါဘူး။
လိုက်ရှာနေရမယ့် သော့တစ်ချောင်း မဟုတ်သလို၊
အရောက်သွားရမယ့် ပန်းတိုင်တစ်ခုလည်း မဟုတ်ပါဘူး။
ပြင်ဆင်ရမယ့် ပြဿနာတစ်ခုလည်း မဟုတ်ပါဘူး။
________________________________________________
ဘဝဆိုတာ...
"နောက်ကြောင်းပြန်ကြည့်မှသာ နားလည်နိုင်တဲ့အရာ ဖြစ်ပြီး၊ ရှေ့သို့ဆက်လှမ်းရင်းသာ ရှင်သန်ရမယ့်အရာ ဖြစ်ပါတယ်။"
Søren Kierkegaard
___________________________________________________________________
"လူသားတစ်ယောက်ရဲ့ ကြီးမြတ်မှုအတွက် ကျွန်တော့်ရဲ့ ပုံသေနည်းကတော့ Amor Fati (မိမိ၏ ကံကြမ္မာကို ချစ်မြတ်နိုးခြင်း) ပါပဲ။ အဲ့ဒါကတော့... အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေ၊ အတိတ်က ဖြစ်ပျက်ခဲ့တာတွေ အပါအဝင် ထာဝရကာလပတ်လုံးမှာ ဘာတစ်ခုကိုမှ လက်ရှိထက် ထူးခြားပြောင်းလဲသွားဖို့ မတောင့်တတော့တာပဲ ။ မလွှဲမရှောင်သာ ကြုံတွေ့ရတဲ့အရာတွေကို အောင့်အည်းသည်းခံနေတာ မဟုတ်ဘဲ၊ ဖုံးကွယ်ထားဖို့ ကြိုးစားနေတာမျိုးလည်း မဟုတ်ဘဲ... အဲ့ဒီအရာအားလုံးရဲ့ အဆိုးရော အကောင်းပါချစ်မြတ်နိုးလိုက်ခြင်းပါပဲ။"
Friedrich Nietzsche
Comments
Post a Comment