အခန်းသစ်
သင်တကယ်လိုအပ်နေတဲ့ အချိန်တုန်းက မရရှိခဲ့တဲ့ "အချစ်" မျိုးကို ပြန်ရဖို့အတွက် ဘဝတစ်ခုလုံးကို ပေးဆပ်ပြီး ကြိုးစားနေစရာ အကြောင်းမရှိဘူးရယ်။ တစ်ခါတလေမှာတော့ သင်ဟာ အရင်က ပုံပြင်ဟောင်းကြီးကို လက်လွှတ်လိုက်ပြီး ကိုယ်ပိုင်ပုံပြင်အသစ်တစ်ခုကို စတင်လိုက်ဖို့ပဲ လိုအပ်တာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းမေတ္တာအချို့ ပေးလိုက်ပါ။ မိတ်ဆွေဟာ အတိတ်ကို ပြောင်းလဲလို့မရသလို၊ တခြားလူတွေကိုလည်း ပြောင်းလဲလို့ မရပါဘူး။
ဒါပေမဲ့... သင်ဟာ "သင့်ကိုယ်သင်" ကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ဒီဘဝပုံပြင်ကို ပြောပြနေသူဟာ မိတ်ဆွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခန်းသစ်တစ်ခုကို စတင်ပြီး ရေးသားလိုက်ပါ။
_______________________________________________________________________
အခန်း
ကိုယ့်ကိုယ်ကိုယ် အလုံးစုံ ခွင့်လွှတ်လိုက်တယ်လို့ စိတ်ကူးကြည့်ပါ။ မိတ်ဆွေ မရောက်ရှိနိုင်ခဲ့တဲ့ ပန်းတိုင်တွေ၊ မှားယွင်းခဲ့တဲ့ အမှားတွေ... အားလုံးကိုပေါ့။ အဲ့ဒီ အားနည်းချက်တွေကို အဆွေ့ ရဲ့ ဖြစ်တည်မှုအဖြစ် သတ်မှတ်ပြီး အထပ်ထပ်အခါခါ မှားနေဖို့အတွက် အတွင်းစိတ်ထဲမှာ ပိတ်လှောင်မထားပါနဲ့။ အဲ့ဒီအစား အဆွေ့ ရဲ့ အတိတ်တွေကို အခုလက်ရှိ ပစ္စုပ္ပန်ထဲကနေတစ်ဆင့် ပြတင်းပေါက်ကနေ တိုက်ခတ်သွားတဲ့ လေညင်းတွေလိုမျိုး အဝေးကို လွင့်ပါးသွားခွင့်ပေးလိုက်တာကို စိတ်ကူးကြည့်ပါ။ အဲ့ဒီလေက အခန်းတစ်ခန်းလုံးကို လတ်ဆတ်သွားစေသလိုမျိုးပေါ့။ အဲ့ဒီလိုလေး ဖြစ်သွားတာကို တစ်ချက်လောက် စိတ်ကူးကြည့်လိုက်စမ်းပါ။
Comments
Post a Comment